Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, February 15, 2011

မွေးနေ့ အမှတ်တရ ( အသိကို သတိနဲ့ ကပ်နိုင်ပါစေ)



တမြန်နေ့က ဖေဖော်ဝါရီလ(၁၂)ရက် မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေအားလုံးချစ်ကြည်ရေးလက်မှတ်ထိုးခဲ့တဲ့ ပြည်
ထောင်စုနေ့၊ မနေ့ကတော့ ဖေဖော်ဝါရီလ (၁၃) ရက် တစ်နိုင်ငံလုံး သူ့ ကျွန်ဘ၀မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကယ်
တင်ဆောင်ရွက်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့၊ ဒီကနေ့က ဖေဖော်ဝါရီလ(၁၄) ရက် ဘယ်အချိန်က
ကျွန်တော်တို့မြန်မာနိုင်ငံကို ရောက်ရှိလာမှန်းမသိတဲ့ တစ်ခြားနိုင်ငံရဲ့ ယဉ်ကျေးမှု တစ်ခုဖြစ်တဲ့ ချစ်သူများနေ့တဲ့(Valentine' Day) ။အဲဒီရက် သုံးရက်လုံးဟာ ကျွန်တော်အမြဲတမ်း မမေ့တဲ့ရက်တွေပေါ့...။
ညကတည်းက ကျွန်တော်သတိရလိုက်တာက ဒီနေ့ဟာ ကျွန်တော်သူငယ်ချင်းရဲ့မွေးနေ့ ဆိုတာပါပဲ..။ကျွန်တော့်ရဲ့ သူငယ်ချင်းက (Valentine' Day) နေ့မှာမွေးတာပါ ... အဲဒါကြောင့် ပြည်ထောင်စုနေ့ရယ် ၊ ဗိုလ်ချုပ်မွေးနေ့ရယ်၊ ချစ်သူများနေ့ဖြစ်တဲ့(သူငယ်ချင်းရဲ့မွေးနေ့) ကို တစ်ဆက်တည်း မှတ်မိနေတာပေါ့...။ သူငယ်ချင်းရဲ့မွေးနေ့ ဆိုတော့ ကျွန်တော်ဘာလက်ဆောင်ပေးရရင် ကောင်းမလဲလို့ စဉ်းစားမိပါတယ်။ ဒါပေမဲ့ ဘာပေးရမယ်ဆိုတာကို တော်တော်နဲ့ စဉ်းစားလို့မရခဲ့ပါဘူး။ စဉ်းစားရင်းနဲ့ပဲအိပ်ပျော်သွားခဲ့ပါတယ်... ..။ အိပ်ယာကနိုးတဲ့အချိန်မှာတော့ဦးဏှောက်ထဲမှာအိပ်မက်လိုလို တကယ်လိုလိုနဲ့ သူငယ်ချင်းကိုမွေးနေ့လက်ဆောင်ပေးနေတာကို တရိပ်ရိပ်နဲ့ သတိရလာပါတယ်... နောက်တော့ ပုံရိပ်တွေက ကြင်လင်ပြတ်သားပြီး ပုံရိပ်ပေါ်လာပါတော့တယ်...။


"ရာဇာ မင်း ငါ့မွေးနေ့မှာ ဘာလက်ဆောင်ပေးမှာတုန်းတဲ့ ကျွန်တော့်သူငယ်ချင်းမွေးနေ့ရှင် မောင်မျိုးလွင်ရဲ့ ပြောလိုက်တဲ့စကားသံပါ" ကျွန်တော်လည်း ပြန်ပြီးပြောလိုက်ပါတယ် " အေးယောက်ဖ မင်းကို ငါဘာလက်ဆောင်ပေးရင် ကောင်းမတုန်းစဉ်းစားနေတာ"လို့ပြန်ဖြေလိုက်ပါတယ်...။"အေးပါငါကစတာပါယောက်ဖရမင်းတို့ဆီကဘာလက်ဆောင်မှမမျှော်လင့်ပါဘူးကွာ ၊မင်းတို့ ငါ့ရဲ့မွေးနေ့ကို သတိရပေးတာနဲ့တင်ကို ကျေးဇူးအရမ်းတင်နေပါပြီ" ။ "အင်း ဒါပေမဲ့ ငါမင်းကို အမှတ်တရအဖြစ်လက်ဆောင်တစ်ခုတော့ပေးမှာပါ" ၊ "ရပါတယ် အဆင်ပြေသလိုလုပ်ပါ မင်းမပေးလည်း ငါတို့က တစ်ယောက်ကိုတစ်ယောက်နားလည်နေတဲ့ သူငယ်ချင်းတွေပဲ စိတ်မကောင်းလည်းမဖြစ်ဘူး ၊ စိတ်လည်းမဆိုးဘူး။ အေး ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့ မင်းက အမှတ်တရအနေနဲ့ ပေးမယ်ဆိုရင်တော့ ငါ့အနေနဲ့ အတိုင်းမသိ ၀မ်းသာနေမှာပါ ယောက်ဖရာ"။
"ယောက်ဖ မင်းအတွက်မွေးနေ့လက်ဆောင် " ကျွန်တော်လက်ထဲမှ ဖဲကြိုးလေးနဲ့ ချည်ထားသော ပါကင်ဗူး လေးကို လှမ်းပေးလိုက်သည်။ " ကျွန်တော်ကမ်းပေးသော ဗူးလေးကို ယူလိုက်ပြီး ၀မ်းသာလိုက်တာ ယောက်ဖရာဆိုပြီး ပုခုံးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပါတယ်။ မင်းပေးတဲ့ လက်ဆောင် ဘာဆိုတာကို ငါစိတ်မ၀င်စားပါဘူး ၊မင်း အခုလို အမှတ်တရရှိပြီး ပေးတာကိုတော့အတိုင်းမသိ ကျေနပ်မိတယ်ကွာ။ အေးပါကွာ ငါပေးတဲ့လက်ဆောင်က မင်းအတွက် အသုံးဝင်မယ်လို့ ငါထင်တယ်ကွ၊ မင်းပြီးရင် ကြည့်ကြည့်လိုက်ပေါ့ ။ အေးပါ ငါ ပြီးမှပဲကြည့်လိုက်တော့မယ် ။ ယောက်ဖ မင်းဘာစားမလဲ ။ရပါတယ် အဆင်ပြေရာတစ်ခုခုပေါ့ ၊ အဲဒီနောက်တော့ သင်းပျံ့မွှေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက်နဲ့ မုန့်တွေအများကြီး လာချပေးပါတယ် ။ စားသောက်ပြီး ဗိုက်ဝတော့ သူငယ်ချင်းတွေ တက္ကသိုလ်တုန်းကကြုံတွေ့ခဲ့ကြတာတွေကို စားမြုံ့ပြန်ပြီး ၀မ်းသာအားရပြောနေလိုက်တာ မိုးတောင်ချုပ်သွားတယ်။ ဟာ စကားကောင်းနေလိုက်တာ မိုးတောင်ချုပ်သွားပြီ ၊ ယောက်ဖ ငါပြန်တော့မယ်နော်၊ အေးအေး ကောင်းကောင်းပြန်နော် ၊ အိမ်ရောက်ရင် အွန်လိုင်းတက်ခဲ့အုံး ။ အေးပါ စိတ်ချပါ ငါတက်ခဲ့ပါမယ် ၊ ဘိုင့်ဘိုင် ယောက်ဖ ။အဲဒီနောက် ကျွန်တော် အိမ်ကိုပြန်ရောက်ခဲ့ပါတယ်...။
" ယောက်ဖ ငါ့ကို ဘာလက်ဆောင်များ ပေးတာပါလိမ့်ဆိုပြီး ပါကင်ဗူးလေးကိုကောက်ဖောက်လိုက်ပါတယ်။ ဗူးလေးထဲက စာရွက်ကလေး ကိုမြင်ပြီး အံ့သြခြင်း ၊ မယုံကြည်ခြင်း များစွာဖြင့် မျက်လုံးကိုအကြိမ်ကြိမ် ပွတ်သက်ကြည့်မိပါတယ်၊ နောက်တော့ စိတ်ဝင်တစားနဲ့ စာရွက်လေးကို ကိုင်ပြီး ဖတ်ကြည့်မိလိုက်ပါသည်။"
အသိ ကို သတိ နဲ့ ကပ်ပါ ယောက်ဖဆို တဲ့ စာရွက်ဖြူဖြူပေါ်မှာ လက်ရေးသေသေသပ်သပ်နဲ့ ရေးထားတဲ့ ခေါင်း စဉ်လေးကို တွေ့ရပါတယ် ။ ခေါင်းစဉ်လေးကိုမြင်ပြီး ပိုပြီး စိတ်ဝင်စားသွားရပါတယ်။
"ယောက်ဖရေ မင်းသေသေချာချာစဉ်းစားကြည့်ပါအုံး ၊ ငါတို့ အသက်တွေက 25 ကျော်လို့ 30 အတွင်းမှာရောက်နေပြီလေ ၊ ငါတို့ ဘ၀ကို လေးလေးနက်နက် ဖြတ်သန်းကြပါစို့လား။ ငါတို့က ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေလေ ... ငါတို့ မြန်မာလူမျိုး ဖြစ်ရတာ ဘယ်လောက်ဝမ်းသာဖို့ကောင်းလဲ ။ မြန်မာလူမျိုး ထဲမှာမှ တို့က ဗုဒ္ဓဘာသာလေ ဘယ်လောက် ဂုဏ်ယူဖို့ကောင်းလဲ။ ဗုဒ္ဓ ဘာသာဆိုတဲ့ အဓိပ္ပါယ်ကိုတော့ မင်းသေချာ နားလည်လိမ့်မယ်လို့ထင်တယ်ကွာ။ မင်းကို မေးခွန်းလေးနဲနဲ မေးမယ်နော်ဗုဒ္ဓဘာသာဆိုတာ ဘာလဲ? ဘုရားကို ဘာလို့ ရှိခိုးရတာလဲ? ဘုရားကို ဘာလို့ယုံကြည်တာလဲ? အဲဒါလေးတွေကို မင်းသေချာဖြေကြည့်ထားပါနော်။ နောက်ပြီး နဲနဲလောက်ပိုပြီးတွေးကြည့်ပါလား ငါတို့ ကမ္ဘာမှာ ပွင့်တော်မူပြီးတဲ့ ဘုရားတွေ က ဂင်္ဂါ ၀ါဠု သဲစုမ
ကတောင်ပွင့်ပြီသွားပြီလေ.. ဘုရားတစ်ဆူပွင့်ပြီးသွားရင် ကျွတ်တမ်းဝင်တဲ့ နတ် ၊ လူ ၊ ဗြဟ္မာ သတ္တ၀ါ တွေကလည်း မနည်းဘူးဆိုတာ မင်းသိမှာပါ ... အဲဒီထဲမှာ မင်းလည်း ပါမသွားဘူး ၊ ငါလည်းပါမသွားဘူးလေ ..အဲဒါဘာကြောင့်လဲ ဆိုတာကို တွေးကြည့်သင့်တယ် ၊ စဉ်းစားသင့်တယ်နော်..။ မြတ်စွာဘုရားက ဟောခဲ့ဖူးတယ် ယောက်ဖရ သတ္တ၀ါတွေ သံသရာ ရှည်နေတာဟာ ပဋိစ္စ သမုဒ်ကို နားမလည်လို့ တဲ့ ၊ နားလည်ခဲ့တယ်ဆိုရင်တောင် မကျင့်ကြံခဲ့လို့တဲ့ ။ အဲဒီတော့ငါတို့တွေ သံသရာပြတ်ဖို့ဆိုရင် ပဋိစ္စ သမုဒ်ကို နားလည်အောင်လုပ်ရမှာပေါ့ ...။ ငါအနည်းငယ်တော့ သိတယ်လေ ခန္ဓာဆိုတာ ရလာရင် သတ္တ၀ါတွေမှာ နာမ် နဲ့ ရုပ် ပဲရှိတယ်တဲ့ ။ ငါ ၊ သူ တစ်ပါး၊ ယောက်ျား ၊ မိန်းမ ဆိုတာ မရှိဘူး အဲဒါတွေက ပြယုဂ် တစ်ခုပဲတဲ့ ။ ခန္ဓာ ဆိုတာရလာရင် ဆင်းရဲမယ်ပူလောင်မှုတွေရှိတယ် ၊ လောဘ ၊ ဒေါသ ၊ မောဟ တွေ ဖုံးလွှမ်းနေတယ်။အဲတော့ အဲဒီပူလောင်မှုတွေ၊ လောဘ၊ ဒေါသ၊ မောဟ တွေကို အေးချမ်းစေတာကတော့ လူ ၊နတ် ၊ ဗြဟ္မာ ၊ သတ္တ၀ါ တို့ရဲ့ ဆရာသခင် မြတ်စွာဘုရားရဲ့ ဓမ္မ ကသာ အေးချမ်းမှုကိုပေးနိုင်တယ်လေ ... အဲဒီ ဓမ္မကပဲ သံသရာကို ပြတ်စေတယ်လေ ။ အဲတော့ နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် သစ္စာလေးပါးကို မြင်အောင်ရှုပြီး ၊ ၀ိပဿနာတရားကိုပွားများအားထုတ်ပါ... ။ ငါ၊ သူတစ်ပါး ၊ ယောက်ျား၊ မိန်းမ တွေကိုအရှိထင်ပြီး အဲဒါတွေကို ဦးညွှ
တ်နေမယ်ဆိုရင် ငါတို့ ဘ၀ ၊ မင်းဘ၀ ဘယ်တော့မှ သံသရာက လွတ်မှာမဟုတ်တော့ဘူး။ လျော့နိုင်သမျှ လျော့အောင် တရား
အားထုတ်ပါလို့ မင်းရဲ့ မွေးနေ့ လက်ဆောင်အဖြစ် ငါရေးပေးလိုက်ပါတယ် ... ငါပေးတဲ့ မွေးနေ့ လက်ဆောင်က မင်းအတွက်အ
သုံးဝင်မယ်ထင်ပါတယ် ...ပျော်ရွှင်ပါစေ ...လုပ်သမျှ အားလုံး အသိ ကို သတိနဲ့ ကပ်နိုင်ပါစေ ယောက်ဖ"။
စာဖတ်ပြီးတဲ့အချိန်မှာတော့ အလင်းတန်းတစ်ခု ဦးဏှောက်ထဲ ၀င်သွားသလိုခံစားလိုက်ရပါတယ် ယောက်ဖရေ မင်းရဲ့လက်ဆောင်က ငါ့အတွက် အဖိုးဖြတ်လို့ မရပါဘူးကွာ...။ မင်းကိုကျေးဇူးအများကြီးတင်ပါတယ်.....။
အခုချိန်မှာတော့ကျွန်တော်သဘောပေါက်လိုက်မိပါတယ်၊ မွေးနေ့လက်ဆောင်ပေးဖို့ စဉ်းစားပြီးအိပ်ရာကအိပ်မက်ထဲမှာ
လက်ဆောင်ပေးခဲ့တာပါလားဆိုတာကိုပါ။ အဲဒီနောက် မျက်နှာထသစ်ပြီး ကျွန်တော် အိပ်မက်ထဲက မွေးနေ့လက်ဆောင်အကြော
င်းလေးကို အခုလို စာစီပြီး ... သူငယ်ချင်းရဲ့ (၂၆) နှစ်မြောက် မွေးနေ့အတွက် မွေးနေ့လက်ဆောင်ပေးလိုက်ရခြင်းပါ ...။အိမ်မက်ထဲက မင်းပြောခဲ့တဲ့ ..မင်းပေးတဲ့ မွေးနေ့လက်ဆောင်က ငါ့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး ဆိုတဲ့ စကားကိုတော့ ကြားရမလား မကြားရဘူးလားဆိုတာကိုတော့ ကျွန်တော်အသေအချာမသိပါ။

သူငယ်ချင်း မွေးနေ့မှာပျော်ရွှင်နိုင်ပြီး တရားထူး ၊ တရားမြတ်များလည်း ကျင့်ကြံ အားထုတ်နိုင်ပါစေ....


ရာဇာ(ကျေးတောသားလေး)
14.2.2011

0 comments:

Post a Comment