Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, February 15, 2011

ဘလော့ဂ် မိတ်ဆက်


ကျွန်တော်ကျေးလက်သားလေး ဘလော့ဂ် ကို ရေးရတဲ့ အကြောင်းအရင်း နဲ့ ရည်ရွယ်ချက်များရှိပါသည်။ ကျွန်တော်သည်
ကျေးလက်မှာမွေး ၊ ကျေးလက်မှာ ကြီးပြင်း ခဲ့သော ကျေးတောသားလေးတစ်ယောက်ဖြစ်ပါသည်။ ဒီဘလော့ဂ်ကို ရေးရတဲ့အ
ကြောင်းအရင်းကတော့ ကျေးလက် တောသူ၊တောင်သား တို့၏ သဘာဝ၊ ဓလေ့ စရိုက်များ ။ရိုးရာ ပွဲတော်များ ၊ ဘာသာရေး
များ ၊ ကျေးလက်ပုံပြင်များ ၊ ဗဟုသုတများ ၊ ကျေးလက်ဟာသများ ၊ ကျေးလက်နေ ကလေးငယ်တို့၏ သဘာဝများ ကို သရုပ်
ဖော်ပြသဖို့ ရန်နှင့် ကျေးလက်ကိုမရောက်ဖူးသော ၊ ကျေးလက်နှင့်အလှမ်းဝေးသော မိတ်ဆွေအပေါင်း အသင်းတို့ကို ကျေးလက်၏
စရိုက်အစုံကို သိစေရန်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။ အညာသား များသည် အသားမဲ ၊ သွားကျဲ ပေမဲ့လည်း အရမ်းကိုဖော်ရွှေ ကြောင်းနှင့် စိတ်သဘောထား ပြည့်ဝကြောင်း သိစေဖို့အတွက် အညာကိုလာလည်ဖို့ရန် အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား...။ (မှတ်ချက် = စာရေးဆရာမဟုတ်ပါ ၊ အပျော်တမ်း ရေးသားခြင်းသာ ဖြစ်ပါသည်)

1 comments:

littletaster said...

ကျနော်လည်းကျေးလက်တွေကို အရမ်းသဘောကျတယ်...အသားမဲ ပေမယ့် သဘောကောင်းတယ်ဆိုတယ် သိပါ့ဗျာ..နောင်လည်းလာလည်ပါဦးမယ်...

Post a Comment