Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, February 28, 2011

ဇီးပင်၏အသုံးဝင်ပုံများ


အညာအရပ်ဆိုတာရာသီဥတုပူပြင်းပြီး ခြောက်သွေ့တဲ့အရပ်ဆိုတာလူတိုင်းသိကြပါတယ်။မိုးဘယ်လောက်
ခေါင်ခေါင်၊ရေဘယ်လောက်ရှားရှားသစ္စာရှိရှိနဲ့ အမြဲတမ်းပွင့်ပေး၊ သီးပေးတဲ့အပင်ကတော့ဆူးတွေကာရန်
ထားတဲ့ဇီးပင်ပဲပေါ့။ကိုင်း...ဇီးပင်အကြောင်းကိုမသိသေးတဲ့သူတွေသိရအောင် ကျွန်တော်ပြောပြပေးပါ
မယ်..။သိချင်တယ်ဆိုရင်တော့ နဲနဲလောက်ဆက်ဖတ်ကြည့်လိုက်နော်..။

ဇီးပင်ကတော့ ပူပြင်းခြောက်သွေ့တဲ့အရပ်တွေမှာအပေါက်များတယ်ဗျ...။ဇီးပင်ကို သာမန်အားဖြင့်တော့
(၂)မျိုးပဲခွဲခြားထားပါတယ်။တရုတ်ဇီးသီးလို့ခေါ်တဲ့ ထိုင်ဝမ်ဇီးသီးပင်နှင့်ရိုးရိုးသာမန်ပင်ဆိုပြီးနှစ်မျိုးရှိတာ
လေ..။ထိုင်ဝမ်ဇီးသီးကိုတော့ ကျွန်တော်တို့အညာဒေသတော်တော်များများမှာသိပ်မစိုက်ပါဘူး။ကျောက်
ဆည်နဲ့စဥ့်ကိုင်မြို့နယ်တွေမှာ အတွေ့များပါတယ်..။သူကကိုင်းဆက်နည်းနဲ့လုပ်ထားတဲ့ဇီးပင်ပေါ့။ဇီးသီး
ပုံစံက အရွယ်အစားတော်တော်ကြီးပါတယ်..။အရောင်ကအစိမ်းရောင်နဲ့အ၀ါရောင်လေးသန်းနေတာပါ...။
အရသာက အရမ်းချိုပါတယ်.. အရည်ကရွှမ်းတယ်..။စီးပွားရေးဈေးကွက်အရဆိုရင်တော့အကောင်းဆုံးအ
သီးတွေကို နိုင်ငံခြားကိုတင်ပို့ပါတယ်...။
ဆီးပင်(ဇီးပင်)

ကျွန်တော်တို့အညာမှာပေါက်တဲ့ဇီးပင်ကတော့ ရိုးရိုးအပင်ပေါ့။ အဲဒီရိုးရိုးအပင်ကိုမှ (၃)မျိုးထပ်ခွဲပါတယ်..။
အချိုပင်၊ အချဉ်ပင်နဲ့ မောင်းချောက်ပင်ဆိုပြီးတော့ပေါ့။ဇီးပင်တွေက မိုးလယ်လောက်မှာစပွင့်ပါတယ်...။
ဇီးပွင့်နံ့ ကနည်းနည်းတော့နံတယ်ဗျ...။ဒါပေမဲ့ ဇီးပင်ပွင့်တဲ့အချိန်မှာ ပျားအုံတွေအရမ်းပေါတယ်ဗျာ..။ဇီးပ
န်းကိုစုပ်ယူပြီး အုံဖွဲ့တာလေ။အဲဒီအချိန်မှာ ပျားဖွတ်သမားတွေအရမ်းပေါတယ်...။အဲတော့ ပျားရည်ဈေးချို
တယ်။ရိုးရိုးအပင်ကနေခွဲထွက်တဲ့ (၃) မျိုးစလုံးက အဲဒီအချိန်မှာပန်းပွင့်တာ။တော်သလင်းလရောက်ရင်တေ
ာ့ ဇီးသီးအကင်းလေးတွေစသီးတယ်။စာဆိုနှဲ့ဗျ...“ တော်သလင်းဇီးကင်း” တဲ့။ အဲဒီဇီးကင်းတဲ့အချိန်ကတော့
အရမ်းပူတဲ့တော်သလင်းလလေ။ တော်သလင်းလနေပူပုံကိုလည်း စကားပုံလေးနဲ့ပဲလေ...“တော်သလင်းေ
န ပုဇွန်သေတဲ့” ။တော်သလင်းလက ဘယ်လောက်တောင်ပူလည်းဆိုရင် ရေထဲမှာရှိတဲ့ပုဇွန်တောင်သေတ
ယ်တဲ့ အဲလောက်တောင်ပူတာနော်...။ဒါပေမဲ့..အဲဒီနေကို အံတုပြီး ဇီးသီးနုလေးတွေ စသီးတဲ့ ဇီးပင်ကိုတေ
ာ့ ဂုဏ်တောင်ယူသင့်တယ်ဗျ...။ဇီးသီးက ဆောင်းတွင်းပိုင်းရောက်ရင်တော့ မှည့်ပြီလေ..။ဇီးပင်ရဲ့ အသုံးဝင်
ပုံလေးတွေကို ရှင်းပြမယ်နော်...။
ဆီးပင်(ဇီးပင်)

(၁)ဇီးရွက်=ဇီးရွက်ကိုစုကျုံးထားပြီးမြေဆွေးလုပ်လို့ရပါတယ်...အဲဒီမြေဆွေးကသစ်ပင်ကိုအရမ်းဖြစ်ထွန်းေ
စပါတယ်...။
(၂)ဇီးပျား=ဇီးပျားဆိုတာ ဇီးပွင့်တွေရဲ့ဝတ်မှုန်တွေကိုစုပ်ပြီး ဇီးပင်တွေပေါ်မှာ အုံဖွဲ့ထားတဲ့ပျားအုံးမှအရည်
အရမ်းချိုတယ်၊ ဆေးသုံးကျတယ်။
(၃)ဆီးအခေါက်= ဆီးခေါက်ကို ယားနာဖြစ်တဲ့အခါမှာ တမာခေါက်၊မန်ကျည်းခေါက်၊ဇီးခေါက်တို့ကိုရောပြီး
ရေနွေးနဲ့ကြိုပေးပါ ရလာတဲ့အရည်ကို ယားနာရှိတဲ့နေရာမှာ ပွတ်သတ်လိမ်းပေးပါ။ယားနာကိုပျောက်ကင်း
စေပါတယ်။
(၄)ဇီးအသား=ဇီးသားကို ယောင်းမလုပ်တဲ့နေရာတွေမှာ အသုံးပြုတယ်၊ နောက်ပြီး ဇီးသားကမီးအရမ်းတေ
ာက်တဲ့အတွက် မီးခိုးမအူဘူး...အဲဒီအတွက် ထမင်း၊ ဟင်းချက်ရာမှာအသုံးပြုပါတယ်။
(၅)ဇီးချဉ်သီး=ဇီးချဉ်သီးကို ကောက်ယူပြီးအခြောက်လှန်းပါတယ်..ခြောက်ပြီဆိုရင် ပွဲစားကိုရောင်းပါတယ်။
ဇီးယိုကျိုဖို့အတွက်တော့ အိမ်မှာစားလောက်အောင်ချန်ထားပါတယ်။ သင်္ကြန်ကျပြီဆိုရင် ဇီးယို၊ ဖရုံယို၊
ကျောက်ဖရုံယိုတွေလုပ်ပြီး မြတ်စွာဘုရားအား ဆွမ်းကပ်တဲ့အလေ့အထရှိပါတယ်။
(၆)ဇီးချိုသီး=ဇီးချိုသီးကိုတော့ အခြောက်လှမ်းပြီး ခြောက်ပြီဆိုရင်တော့ ဗန်းနဲ့ပြာခတ်ပြီး အိုးတွေထဲထ
ည့်ထားတတ်ပါတယ်။ ဇီးချဉ်ပင်(၁၀)ပင်ရှိတယ်ဆိုရင် ဇီးချိုပင် တစ်ပင်ပါဖို့ခဲယဉ်းလို့ပါ။ ဇီးချိုသီးကရေ
လေးဆေးပြီးဒီတိုင်းစားရုံပါပဲ။
(၇)မောင်းချောက်သီး= မောင်းချောက်သီးကတော့ စသီးကထဲက အလုံးပုံစံက ရှည်ရှည်ချွန်ချွန်လေးတွေပါ
...။မှည့်ပြီဆိုရင်တော့ အရမ်းစားလို့ကောင်းပါတယ်။ မောင်းချောက်သီးကဇီးချိုသီးထက်တောင်ပိုရှားပါး
သေးတယ်။
(၈)ဇီးခက်=ဇီးခက်ကိုတော့ ယာခင်းထဲ ကျွဲ၊ နွား၊ တိရစ္ဆာန်များမ၀င်အောင်ကာကွယ်တဲ့နေရာမှာသုံးပါတယ်။
(၉)ဇီးစေ့ နဲ့ ဇီးသီးအဖတ်=ဇီးစေ့ကိုတော့ တစ်ဗူးကိုဘယ်လောက်ဆိုပြီးရောင်းရပါတယ်...။ဇီးစေ့ကို ခွဲခြမ်း
ပြီး ဇီးစေ့အခြမ်းကို ဇီးမှုန့်နဲ့ရောပြီး ဇီးခြမ်းရောင်းတယ်လေ။ဇီးသီးအဖတ်ကိုတော့ စက်တွေနဲ့ကြိတ်ပြီး ဇီး
မှုန့်လုပ်ပြီးရောင်းကြပါတယ်...။
(၁၀)ဇီးထန်းလျက်=ဇီးသီးကိုအမှုန့်ထောင် ထန်းလျက်ကြိုတဲ့ထဲထည့်ပြီး ဇီးထန်းလျက်လည်းလုပ်ပါသေး
တယ်။
ကလေးငယ်များ ဆီးသီး(ဇီးသီး)ကောက်နေပုံ

ဇီးချဉ်သီးကိုတော့ နွေရာသီကျောင်းပိတ်ရက်နေပူပူမှာ ဒန်အိုးထဲကို ဇီးသီးထည့် ရေဆေးပြီး စိမ်လိုက်ပါ
တယ်။ဇီးသီးထဲရေ၀င်ပြီးဖောင်းလာပြီဆိုမှ အပေါ်ကဆားသင့်တင့်ရုံထည့်လိုက်ပါတယ်...တစ်အောင့်လော
က်နေရင်တော့ ဇီးသီးအတွင်းထဲမှာဆားရေ၀င်သွားပြီး စားလို့အရမ်းကောင်းတဲ့ ဇီးသီးဆားရေစိမ်ကို ရပါတ
ယ်။ ဇီးသီးကကျန်းမာရေးအတွက်အထောက်ကူပြုပါတယ်..။ နှလုံးသမားတွေနဲ့ သည်းခြေငြိမ်ဖို့အတွက်
တော်တော်အသုံးဝင်ပါတယ်...။လူတွေပြောလေ့ပြောထရှိတဲ့ “ငွေကသည်းခြေကြိုက်” သည်းခြေမခိုင်လို့
စိတ်မထိန်းနိုင်တော့ဘူးဆိုရင်တော့ ရူးတာပါပဲ..။အဲလိုမျိုး ရူးကြောင်ကြောင်ဖြစ်နေတဲ့သူတွေကို ဇီးယိုကျွေ
းရပါတယ်။ဇီးယိုက သီးခြေငြိမ်တယ်တဲ့။ ကျွန်တော်တို့ရွာမှာတော့ ဧည့်သည်တစ်ယောက်ယောက်လာလို့
ရှိရင် “စားပါအုံး ဇီးယိုက သည်းခြေငြိမ်တယ်” တဲ့။နောက်ပြီး ဇီးသီးရဲ့ အစေ့ထဲမှာပါတဲ့ ဇီးအဆန်က နှလုံး
ရောဂါသည်တွေအတွက်ကောင်းတယ်တဲ့။ ဇီးသီးကို အများကြီးစားရင်တော့ ရင်ပြည့်တတ်ပါတယ်...။

အညာမှာအလေ့ကျပေါက်တဲ့ ဇီးပင်တွေက လူတွေအတွက် ဘယ်လောက်တောင် အကျိုးပြုတယ်ဆိုတာသိ
ကြရောပေါ့။ ကျွန်တော်တို့ ဆို ဇီးသီး သွားကောက်ရတာ အရမ်းပျော်တာ...။ဇီးသီးသွားကောက်ရင် လှည်း
နဲ့သွားရတာလေ...။ပြန်ခါဆိုရင် ဇီးသီးတွေကို ဆာလာအိတ်ထဲထည့်ပြီး လှည်းနဲ့သယ်ရတာပါ...။ကျွန်တေ
ာ်တို့အိမ်မှာတော့ ဇီးပင်ကအရမ်းပေါတာဗျာ...။ အဲလောက်ပေါတာတောင်မှ ဆီးချိုပင်က တစ်ပင်ပဲရှိတာဗျ
....။
(ဒီပို့စ်ကလေးကိုဖတ်လိုက်လို့ ဗဟုသုတအနည်းငယ်ရသွားတယ်ဆိုရင်တော့ အပျော်ဆုံးလူက ကျွန်တော်ပဲ
ဖြစ်မှာပါ)
အဆိုး အကောင်း ၊ အကျိုး အကြောင်းလေးတွေကို ဝေဖန်အကြံပေးချင်တယ်ဆိုရင်တော့ စီဘောက်(သို့)
မဟုတ် ကွန်မန့်မှာ အော်သွားကြပါအုံးဗျာ...။
သူငယ်ချင်းတို့ရဲ့ အားပေးမှုက ကျွန်တော်ရှေ့ဆက်ဖို့ရန်အတွက် အားဆေးပဲဖြစ်ပါတယ်...။
အားလုံးကိုကျေးဇူးတင်ပါတယ်................
ရာဇာ(ကျေးတောသားလေး)
28.2..2011



Sunday, February 27, 2011

သံသရာခရီးသည်


“မနုဿတဘာဝေါဒုလ္လဘော”ဆိုတဲ့ ငါဠိစာသားလေးကို သိကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်...။“မနု
ဿတဘာဝေါဒုလ္လဘော”ဆိုတာမြန်မာလိုကတော့လူ့ဘ၀သည်ရခဲ၏တဲ့။လူ့ပြည်ကအပ်တစ်စင်းကိုထောင်
ထား ဗြဟ္မာပြည်က ကျလာတဲ့အပ်တစ်စင်းရဲ့ထိပ်နဲ့ ထိပ်ချင်း ထိရင်ထိလိမ့်မယ် လူ့ဘ၀ရဖို့ဆိုတာ အဲဒီအပ်
နှစ်စင်း ထိပ်ချင်းထိသလောက်မလွယ်ဘူးလို့ မြတ်စွာဘုရားဟောကြားခဲ့ဖူးပါတယ်။လူ့ဘ၀ဆိုတာ သမုဒ္ဒရာ
ထက်တက်တဲ့ရေပွတ်ပမာလို ခဏပဲဆိုတာကိုလည်း ဟောကြားခဲ့ဖူးပါတယ်။ အဲဒီတော့ ရခဲလှတဲ့ လူ့ဘဝ
လေးမှာ သာသနာနဲ့ကလည်းကြုံတုန်း၊ မြတ်စွာဘုရားရဲ့အဆုံးအမတွေကို ဟောပြောပေးနေတဲ့ သံမုတိသံ
ဃာထေရ်မဟာ တွေလည်းရှိတုန်းမှာ ကျွန်တော်တို့တစ်တွေဘာလုပ်သင့်ပါသလဲ။ကိုင်း နည်းနည်းလောက်
ပြောကြည့်ကြရအောင်လားဗျာ။
သံသရာလည်ပုံပြစက်ဝိုင်း

ကျွန်တော်တို့တစ်တွေ ပင်ပန်းဆင်းရဲနေကြရတာဟာ ခန္ဓာကိုယ်ကြီးရှိနေလို့ပါပဲ။ အမိဝမ်းကထွက်လာက
တည်းကနေ မြေကြီးထဲ ခေါင်းချတဲ့အချိန်အထိ ငိုကြွေးခြင်းဆိုတဲ့ ပူလောင်မှုနဲ့စပြီး ပူလောင်မှုတွေနဲ့ပဲအဆုံ
းသတ်သွားကြရတာများပါတယ်ဗျာ။အမိဝမ်းထဲကထွက်လာတဲ့ ကလေးလေးမှာတောင်လောဘ၊ဒေါသ၊မော
ဟတွေရှိနေတာပဲလေ...။နို့စာလို့နို့ဆို့ချင်တာက လောဘ၊နို့စာလို့ နို့မဆိုရရင်ငိုတာက ဒေါသ၊ အဲဒီနှစ်ခုလုံး
ကင်းနေတဲ့အချိန်မှာ လုပ်သမျှကိုသတိနဲ့ မကပ်နိုင်တာကမောဟ။ ကလေးငယ်လေးတစ်ယောက်မှာတော
င် လောဘတွေ၊ဒေါသတွေရှိနေရင် ကျွန်တော်တို့လို လူကြီးတွေအတွက်ကတော့ လောဘ၊ ဒေါသ၊မောဟ
တွေအချိန်တိုင်းလွှမ်းမိုးနေမယ်ဆိုတာ မြေကြီးကိုလက်နဲ့ပုတ်လိုက်တာကမှ လွဲချင်လွဲအုံးမယ်...“လော၊ဒေါ
၊မော” တွေကတော့ရှိနေနိုင်တာ ကျိန်းသေပါတယ်...။ လောဘဖြစ်ရင် ပူလောင်တယ် ရုပ်ကိုလောဘဖြစ်
နေတာလာပြတယ်။ ဒေါသဖြစ်နေရင်လည်း ပူလောင်တယ် ရုပ်ကိုဒေါသဖြစ်နေတာလာပြတယ်။မောဟက
တော့ ရုပ်ကိုလာမပြပါဘူး အတွင်းစိတ်မှာပဲဖြစ်နေတာပါ။ လူတစ်ယောက်မှာ လောဘ၊ ဒေါသ ဖြစ်နေတဲ့အ
ချိန်ထက် မောဟ ဖြစ်နေတဲ့အချိန်က ပိုများပါတယ်။လောဘ ဆိုတာဖြစ်ရင်လည်းခဏ၊ ဒေါသဆိုတာကလ
ည်း ဖြစ်ပြီးရင်ခဏ ၊ မောဟကတော့ “လောဘ၊ ဒေါသ” မဖြစ်တဲ့အချိန်တွေမှာဖြစ်တာဆိုတော့ ပိုများတာ
ပေါ့...။အဲတော့ အချိန်တိုင်း အများဆုံးဖြစ်နေတဲ့မောဟကို ကျွန်တော်တို့တစ်တွေက သတိဆိုတဲ့တရားကို
လက်ကိုင်ထားပြီး နာရင် နာတယ်၊ မောရင် မောတယ်၊ ဖြစ်ရင်ဖြစ်တယ် ၊ ပျက်ရင်ပျက်တယ်ဆိုတဲ့သဘေ
ာတရားတွေကို စိတ်နဲ့လိုက်ပြီး သတိကပ်နေနိုင်ရင် မောဟဖြစ်တာနည်းသွားပါလိမ့်မယ်။

တရားဦးနာနေပုံ


လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်နေရင်တော့ ငရဲအိုးကို သွားရမှာ ကျိန်းသေပါပဲ။ကျွန်တော်တို့တစ်တွေက
ပုထုဇဉ် လူသားတွေဖြစ်နေတဲ့အတွက်တော့ “လော၊ဒေါ၊ မော” တွေကရှိနေမှာပါပဲ။အဲဒီရှိနေတဲ့စိတ်တွေန
ည်းနိုင်သမျှ နည်းအောင် ၀ိပဿနာဆိုတဲ့ အကျင့်ကိုကျင့်ရမှာပေါ့နော်။ မြတ်စွာဘုရား ဘုရားမဖြစ်ခင် မြက်
ထမ်းသမားလှူလိုက်တဲ့ မြက်ရှစ်ဆုပ်ကို ကြဲတော်မူလိုက်တဲ့အခါမှာ ဗောဓိညောင်ပင်အောက်မှာ အပရာဇိ
တပလ္လင်ပေါ်တော်မူလာပါတယ်။ အဲဒီပလ္လင်ပေါ်မှာပဲ မြတ်စွာဘုရားက လက်ယာဖွဲ့ခွေနေထိုင်တော်မူပြီး ဘု
ရားမဖြစ်သမျှ ငါမထလို့ ဆိုပြီး အဓိဌာန်ပြုပြီး ကျင့်ကြံအားထုတ်ပါတော့တယ်...။ ကျင့်ကြံအားထုတ်နေတာ
က လူ့ခန္ဓာကိုယ်ကိုကြည့်ပြီး တရားရှုနေတာပါ...။ပါရမီတွေဖြည့်ကျင့်ခဲ့ရတာကမနည်းတော့ တရားထူးရေ
တ်ာမူပြီး သုံးလောက ထွဋ်ထား မြတ်စွာဘုရားအဖြစ်သို့ရောက်ရှိတော်မူပါတယ်...။မြတ်စွာဘုရားဖြစ်ပြီးတ
ရားဦးဟောတော်မူခဲ့တာကတော့ ပဉ္စ၀ဂ္ဂီ(၅) ဦးကို ပါပဲ။အဲဒီတရားကတော့ဓမ္မစက္ကပ၀တ္တနသုတ်လို့ခေါ်တဲ့
ဓမ္မစင်္ကြာ တရားပါပဲ။အဲဒီတရားတော်ထဲမှာတော့ ခန္ဓာကိုယ်ရလို့ ပူလောင်ရတယ် ၊ဆင်းရဲရတယ်၊ သံသရာ
ရှည်နေတယ်လို့ ဟောတော်မူထားပါတယ်...။ လူတစ်ယောက်မှာ ယောက်ျား၊ မိန်းမ၊ ငါ၊ သူတစ်ပါး ဘာမှမ
ရှိ ရုပ်နဲ့ နာမ်သာရှိတယ်လို့ ဟောကြားတော်မူထားပါတယ်။ရုပ်ဆိုတာ ပျက်စီးခြင်းသဘောရှိပါတယ်...။
“စိတ်သာရှင်စော ဘုရားဟော”ဆိုတာကိုကြားဖူးမှာပေါ့။ လူတစ်ယောက်မှာ အရာရာအားလုံးကိုစိတ်ကဦး
ဆောင်နေတာပါ။ စိတ်ရဲ့ ခိုင်းစေမှုကြောင့်သာ ရုပ်ကလိုက်လုပ်နေကြခြင်းပါ။ ကောင်းတာနဲ့ မကောင်းတာ
ဆို မကောင်းတာကို လုပ်ချင်တာကလည်း စိတ်ပါပဲ။ အဲဒီမကောင်းတာလုပ်ချင်တဲ့စိတ်တွေကို ထိန်းချုပ်နိုင်
လို့လည်း အသိဥာဏ်ရှိတဲ့ “ လူ ” လို့ခေါ်တာပေါ့။ ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တိုင်း၊ လူတွေလိုသွားလာ
နေထိုင်တိုင်း “ လူ ” လို့ခေါ်တာမဟုတ်တာတော့သေချာပါတယ်။ အဲဒီမကောင်းတဲ့စိတ်တွေကို ထိန်းနိုင်တ
ာက ၀ိပဿနာပါပဲ။ ၀ိပဿနာကျင့်တယ်ဆိုတာ သွားရင်းနဲ့လည်း ကျင့်နိုင်ပါတယ်၊ အိပ်ရင်းနဲ့လည်း ကျင့်
နိုင်ပါတယ်၊ ထိုင်ရင်းနဲ့လည်း ကျင့်နိုင်ပါတယ်။ တစ်ချို့ ဆုတောင်းတာတွေ ကျွန်တော်ကြားဖူးပါတယ်.....
အရိမေတ္တေယျ မြတ်စွာဘုရားအား ဖူးရပါလို၏ တဲ့။ ဖူးချင်တယ်ဆိုပြီး ပါးစပ်ကနေ ဆုတောင်းနေရုံနဲ့တော့
ပြည့်နိုင်မယ်မထင်ပါဘူး။ အရိမေတ္တေယျမြတ်စွာဘုရားမပွင့်မချင်း လူ့ဘ၀ရနေဖို့လိုပါတယ်။ အဲဒီအတွက်
ကောင်းမှုကုသိုလ်တွေလုပ် ၊ သူတော်စင်တို့ရဲ့အကျင့်အတိုင်း ကျင့်ကြံအားထုတ်နေမှသာ လူ့ဘ၀ကိုရနေမှ
ာပါ။တကယ်လို့များ မြတ်စွာဘုရားပွင့်တဲ့အချိန်မှာ ငရဲမှာရောက်နေမယ်ဆိုရင် ဘယ်လိုလုပ်ကြပါ့မလဲ။
စဉ်းစားကြည့်ရင် အရမ်းကြောက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့တွေက လောကီအလုပ်ကိုလုပ်နေတဲ့သူ
တွေများပါတယ်။ အဲတော့ “လော ၊ ဒေါ ၊ မော ” တွေတော့ရှိနေမှာပါပဲ။ လောကီအလုပ်တွေလုပ်ရင်း တစ်
ဖက်တစ်လမ်းကလည်း လောကုတ္တရာ အကျင့်ကို ကျင့်ကြံ အားထုတ်မှသာလျှင် သံသရာအတွက်စိတ်အေး
ချမ်းနိုင်မှာပါ။ ကျွန်တော်တို့က လူပြည်ကိုလာတဲ့ သံသရာခရီးသည်တွေပါ။ နောက်ဘ၀တွေ အထုံပါဖို့ မိတ်
ဆွေတွေအားလုံး အခုချိန်ကစပြီး ကောင်းတဲ့အလုပ်လေးတွေ ပိုပြီးလုပ်လိုက်ကြရအောင်လားဗျာ...။
(ကျွန်တော်ကိုယ်တိုင်လည်း ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတဲ့ လူဖြစ်ပေမဲ့... လူမပီသသေးဘူးဆိုတာ
ကိုဝန်ခံပါတယ်ဗျာ...။ ဒီပို့စ်ကလေးကိုရေးလိုက်လို့ အမှားတစ်စုံတစ်ရာပါသွားတယ်ဆိုရင် ကျွန်တော့်ရဲ့ညံ့
ဖျင်းမှုသာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်ခင်ဗျာ။)
မိတ်ဆွေတွေအားလုံး တရားအလုပ်ကိုလုပ်နိုင်ကြပါစေဗျာ....။
အတွေးပါးပါးလေး.........
အားလုံးကိုကျေးဇူးတင်ပါတယ်...............
ရာဇာ(ကျေးတောသားလေး)
28.2.2011





မွေးရပ်မြေက“အ”သုံးလုံး



မြန်မာနိုင်ငံစာမတတ်သူပပျောက်ရေး“အသုံးလုံး“ သင်တန်းကို ကျွန်တော်တို့မမွေးခင်ကပေါ်ပေါက်ခဲ့တာဖြ
စ်ပါတယ်...။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကျေးရွာတိုင်းကိုသွားပြီး စာမတတ်တဲ့လူတွေအားလုံးကိုစာသင်ပေး
တာပါ...။စာသင်ပေးတဲ့သူတွေကပိုက်ဆံမရပါဘူး...။ဒါပေမဲ့ စေတနာကိုအရင်းခံပြီးဘယ်လောက်ပဲဝေးလံ
ခေါင်သီနေပါစေ..မရောက်ရောက်အောင်သွားပြီးသင်ပေးခဲ့တဲ့ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ဆရာမတွေ
ကိုကျေးဇူးအထူးတင်ရမှာပါ...။အဲဒီအချိန်က ကျွန်တော်တို့ရွာကိုလည်း လုပ်အားပေးအဖွဲ့တွေရောက်လာပါ
တယ်တဲ့...။လူကြီးတွေ စုံမိတဲ့အခါ လသာသာ တလင်းပြင်မှာရေနွေးကြမ်းအိုးနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ
ပြန်ပြန်ပြောတာကို ကျွန်တော်ငယ်ငယ်ကကြားခဲ့ဖူးလို့ အခုလို”အသုံးလုံး” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးရခြင်းဖြစ်
ပါတယ်...။

ကျွန်တော်တို့ရွာကလေးက မြင်းခြံမြောက်လက်၊ ဆီမီးခုံတိုက်နယ်ထဲက ရွာလေးတစ်ရွာပါ...။ ကျွန်
တော်တို့ရွာလေးက မြို့နဲ့အလှမ်းဝေးတယ်လေ..။အလုပ်အကိုင်ကတော့ တောင်သူလယ် သမားတွေကြည့်
ပါပဲ...။တစ်ရက်တော့ “အသုံးလုံး“သင်ဖို့အတွက်ရွာလူကြီးအိမ်ကို မြို့ကလူတွေရောက်လာတယ်။သူကြီးက
လည်း ရွာထဲကစာမတတ်တဲ့သူတွေလိုက်စုတာပေါ့။စာမတတ်တာက လူကြီးတွေများတယ်လေ..။ကလေး
တွေဆိုရင်စည်းရုံးရတာလွယ်ကူသေးတယ်..။အခုကလူကြီးတွေဆိုတော့စည်းရုံးရတာတော်တော်ခက်တယ်
...သွားပြီပြောပြန်တော့လည်း အလုပ်တွေရှုပ်လို့..ဘာဖြစ်လို့ညာဖြစ်လို့နဲ့“ဘူးတစ်လုံးဆောင်အိုတောင်မ
ဆင်းရဲ”ဆိုတဲ့စကားပုံကိုလက်ကိုင်သုံးထားကြပါတယ်။ တော်တော်လေးပြောနိုင်မှ တော်ကာကျတာလေ..။
ဗျည်းအက္ခရာ(၃၃)လုံး

အဘိုး၊ အဘွားတွေက ကြီးမှစာသင်ရတာကို ရှက်တာလည်းဖြစ်ပါလိမ့်မယ်..။အဲဒီအထဲကမှ ဒေါ်ပုမဆိုတဲ့အ
ဘွားကြီးက သွက်သွက်လက်လက်ရှိလှပါတယ်...။ ကျန်တဲ့ အဘိုး၊ အဘွားတွေကတော့ ပုံမှန်ပဲပေါ့...။
“ကိုင်း ..အဘိုး၊ အဘွား၊ ဦးဦး၊ ဒေါ်ဒေါ်တို့လူစုံပြီလား၊ ဟုတ်ကဲ့ဆရာမလေး..ကိုလွန်းမောင်နဲ့ ဒေါ်မြ နှစ်
ယောက်ကျန်သေးတယ်တော့....ဒေါ်ပုမက အာသွက်သွက်နဲ့ ၀င်ပြောလိုက်ပါသည်...။ဆရာမလေး ဟိုမှာ
သူတို့နှစ်ယောက်လာပြီ..။ ဒေါ်ဘုမ ဘေးမှာထိုင်နေတဲ့ ဦးခိုက လှမ်းပြောလိုက်ပါသည်...။ “ဆရာမလေး၊
ကျုပ်ဆိုင်ဈေးဝယ်လာနေလို့နောက်ကျသွားတာအဘွားမြကလှမ်းပြောလိုက်ပါသည်.။ဘိုးလွန်းမောင်ကလည်း
မ၀ံ့မရဲနဲ့ ဆရာမလေး ကျုပ်လည်း အိမ်မှာလူမရှိလို့ ခဏစောင့်နေလို့နောက်ကျသွားတာ ခွင့်လွှတ်ပါ ဆရာ
မလေးရယ်...။ ရပါတယ် ဦးကြီးနဲ့ ဒေါ်ကြီးရယ်...ထိုင်ကြပါ“။ ကိုင်း...ဦးကြီးတို့၊ဒေါ်ကြီးတို့ဒီနေ့ကပထမဆုံး
ရက်ဆိုတော့ တစ်ယောက်ချင်းဆီရဲ့နာမည်ကိုပြောပြကြပါမယ်။ ပထမဆုံး ကျွန်မကပဲ စပြောပါမယ်...။
ကျွန်မရဲ့နာမည်က ခင်နွဲ့မူလို့ခေါ်ပါတယ်ရှင်...။ ဦးကြီးတို့၊ ဒေါ်ကြီးတို့နာမည်တွေပြောကြပါ....။ ကျုပ်နာမ
ည်က ဒေါ်ပုမလို့ခေါ်ပါတယ်...“။အကုန်လုံးမိတ်ဆက်သွားတာ လူက(၁၂)ယောက်တောင်ရှိပါတယ်....။
ကိုင်း ဦးကြီးတို့ ၊ ဒေါ်ကြီးတို့ ဒီနေ့က စပြီးစာသင်ပါမယ်...စာမသင်ခင် ပထမဆုံး ကျွန်မတစ်ခုလောက်ပြေ
ာပြချင်ပါတယ်...။ကြီးမှ စာသင်တာ ရှက်စရာမဟုတ်ပါဘူး...။“ပညာလိုအိုသည်မရှိ“၊ “ပညာရွှေအိုးလူမခိုး“၊
“ပညာမရှိသူ၏၀န်ထမ်းတဲ့“...။ တစ်ခါတုန်းက အသက်(၆၀) ကျော် ဘုန်းကြီးအိုကြီးတစ်ပါးရှိတယ်တဲ့...။
တစ်ရက်မှာတော့ ဘုရင်ကြီးက စာမတတ်တာကိုပြောတာပေါ့...။အဲတော့ ဘုန်းကြီးအိုကြီးလည်း စာတတ်
အောင်သင်မယ်ဆိုပြီး နန်းတော်ထဲကနေ ထွက်လာခဲ့တာပေါ့...။ ဘုန်းကြီးအိုကြီးက မခံချင်စိတ်နဲ့ စာ
သင်ပေမဲ့လည်း စာကမတတ်သေးဘူး...။ဘုန်းကြီးကြီးလည်းအရမ်းစိတ်ညစ်သွားတာပေါ့...။တစ္ရက္မွာေ
တော့ ဘုန်းကြီးကြီးက မျက်နှာသစ်ရင်း သွားတိုက်တာပေါ့ အခုခေတ်လိုသွားပွတ်တံနဲ့မဟုတ်ဘူးလေ...
တံပူလို့ခေါ်တဲ့ဒုတ်တွေနဲ့တိုက်ရတာပေါ့...။ သူသွားတိုက်ပြီးတိုင်းပစ်ချထားတဲ့ တံပူပုံကတော်တော်မြင့်နေ
တာကိုမြင်ပြီး ဘုန်းကြီးအိုကြီး ဥာဏ်တစ်ခုဝင်သွားတယ်လေ...။တစ်နေ့ တစ်ချောင်းတိုက်တဲ့ တံပူတွေတေ
ာင် တစ်ရက်ဒီလောက်များလာသေးတာပဲ...ငါလည်းတစ်နေ့ ကျမ်းဂန်ကို တတ်မြောက်ရမယ်ဆိုပြီး စာတွေ
လုပ်လိုက်တာ...တစ်ရက်မှာတော့ စာတတ်ပုဂ္ဂိုလ် ရဟန်းကြီးဖြစ်သွားပါတယ်...။ရဟန်းအိုကြီးလည်း ငရု
တ်ကျည်ပွေ့ကိုပန်းခက်ချည်ပြီး“။ ဆရာမလေးမောလို့တံတွေးမျိုချတဲ့အချိန်မှာ။“ နန်းတော်ကိုသွားတာလား
ဘုရင်ကြီး ဘယ်နဲ့ရှိသေးတုန်း ဘုန်းကြီးများ သွားပြီးအထင်သေးလို့ ။နေပါအုံး မိပုရ ဆရာမလေးပြောမှာ
ပေါ့ နင်ကဘာလို့ဖြတ်ပြောရတာတုန်း...။ဘုရင်ကြီးကို စိတ်တိုလွန်းလို့ပါ ကိုလွန်းမောင်ရယ်။ ကိုင်းကိုင်း
ဆက်ပြောမယ်နော်...ဒေါ်ကြီးပုပြောသလိုပဲ နန်းတော်ထဲကိုဝင်သွားတာပေါ့...။ဘုရင်ကြီးကကြည့်ပြီးဒီဘုန်း
ကြီးဘယ်နဲ့များဖြစ်လာပါလိမ့်လို့ပြောလိုက်တော့ ဘုန်းကြီးအိုကြီးက ကျည်ပွေ့ အတက်ပေါက်လာတာပါလို့
ပြန်ပြောလိုက်သတဲ့...။ ကျွန်မ ဦးကြီးတို့၊ ဒေါ်ကြီးတို့ကိုပြောချင်တာက အသက်ကြီးမှ ပညာသင်တဲ့ ဘုန်း
ကြီးအိုကြီးတောင် တတ်ရင် ဦးကြီးတို့၊ ဒေါ်ကြီးတို့ မတတ်စရာအကြောင်းရှိလား...။မရှိပါဘူး ဆရာမလေး
ပြိုင်တူ အော်လိုက်ကြပါသည်”။
စာသင်ကြားနေပုံ



“ကိုင်း စာ စသင်မယ်နော် ဦးကြီးတို့၊ ဒေါ်ကြီးတို့ ။ အင်းပါ ဆရာမလေးရယ်သင်ပါ...။ မြန်မာစာတတ်ဖို့ဆို
ရင် မြန်မာအက္ခရာတွေဖြစ်တဲ့ ဗျည်းနဲ့ သရကိုတော့ သိရမှာပေါ့ရှင်...။အဲဒီအထဲကမှ အဓိကကျတဲ့ အက္ခရာ
(၅)လုံးနဲ့ စသင်မယ်နော်...။ ကျွန်မ ဒီဘောပေါ်မှာရေးလိုက်မယ်နော်...။***၀၊ ထ၊ က၊ လ၊ သ*** အဲဒီ ငါး
လုံးကိုသေချာသိပြီဆိုရင် ဦးကြီးတို့ ၊ ဒေါ်ကြီးတို့ အားလုံးစာတတ်ကြမှာဖြစ်ပါတယ်...။ ကိုင်း...အားလုံး....
ကျွန်မ ချပေးတာကို လိုက်ဆိုကြပါ...။ ၀၊ ထ၊ က၊ လ၊ သ အားလုံးဆိုပါ...။ ၀၊ ထ၊ က၊ လ၊ သ ကလေးငယ်
လေးတွေလိုပဲ သွက်သွက်လက်လက်နဲ့ အော်နေကြပါတယ်...။ ကိုင်း အဲဒီ(၅) လုံးကို သိကြပြီလား၊ အလွတ်
ရကြပြီလား...။ရပါပြီ ဆရာမလေး...။ အဲဒါဆိုရင် ဦးကြီးလွန်းမောင် ဆိုကြည့်ပါအုံး...။ ၀၊ ထ၊ က၊ လ၊ သ
ဟာ......အရမ်းတော်တာပဲ ဦးကြီးလွန်းမောင်က”။ သူ့ကို အဲလိုလေး ချီးမွန်းလိုက်တော့ ကြိုးနေတဲ့ သွား
လေးတွေပေါ်အောင်ရယ်နေပါတယ်...။ “ကိုင်း..ဒေါ်ကြီးပုရော ရရဲ့လား ဆိုကြည့်ပါအုံး...။ ရပါတော် ကျုပ်
ဆိုပြပါမယ်...ထ ၊ သ၊ လ၊ ၀၊ က။ ဟား...ဟား... ကျန်တဲ့ အဘိုးကြီး ၊ အဘွားကြီးတွေ ၀ိုင်းရယ်ကြပါသ
ည်။ တော်တို့က ကျုပ်ကိုလှောင်တာလား ကျုပ်လွဲသွားတာ ပြန်ဆိုပြမယ်...။ဝ၊ ထ၊ က၊လ၊ သ ဒေါ်ကြီးပုက
အရမ်းတော်တာပဲ။ ပြောင်းဖူးဖက်လိပ်ကြီး ကိုက်ရင်း ရှက်ပြုံးလေးပြုံးနေပါသည်”...။ အဲလိုနဲ့ သူတို့ကို တစ်
ဆင့်ချင်း သင်ပေးပါတယ်...။
ကားအိုလေး (ထော်လာဂျီ)

“ကိုင်း...အားလုံးပြန်လို့ရပါပြီ.. ဒီနေ့ သင်တဲ့စာတွေကို မှတ်မိအောင်ကြည့်ခဲ့ကြပါ။ အင်းပါတော်ဆရာမလေး
ကျုပ်တို့ ကြည့်ခဲ့ပါမယ်”..။ နောက်တစ်ရက်မှာတော့ စာသင်တဲ့နေရာမှာ ဆရာမလေးမရှိသေးပါဘူး.. အဲဒီ
အချိန်မှာ အဘွားပု နဲ့ ဘိုးလွန်းမောင်တို့ ငြင်းခုန်နေကြပါသည်...။ မပု..။တော်..မောင်လွန်းမောင် နင်ဒါကို
မှတ်မိလား ။ ဘယ်ဟာတုန်းတော့။ ဒါလေဆိုပြီး “ထ” ကိုရေးပြပါသည်...။သိတာပေါ့တော့ ၀ပူးလေတော်..
ဟာ ဟုတ်လို့လား ထထင်ထူး လို့ ဆရာမလေးသင်ထားပါတယ်...။ မဟုတ်ပါဘူးတော် ဒီမှာလေ ၀ ၊ ဒီဟာ
ကလည်း ၀ ၀နှစ်လုံးပူးလိုက်တော့ ၀ပူးပေါ့တော့ဆိုပြီး ငြင်းခုန်နေကြပါသည်။ ဆရာမလေးရောက်လာတေ
ာ့ ဘာဖြစ်နေကြတာလဲ ဦးကြီးတို့ ၊ ဒေါ်ကြီးတို့ ။ ဆရာမလေး ဒါကို ထထင်ထူးလို့ခေါ်တာမလားဟင်...မပု
ကဒါကို ၀ပူးလို့ပြောနေလို့...။ သြော်...ဒီလိုပါ...ဦးကြီးတို့၊ ဒေါ်ကြီးတို့ရယ် ၀ပူးလို့တော့မဟုတ်ပါဘူး ကျွန်မ
သင်ထားတာက ၀နှစ်လုံးပူးရင် ထထင်ထူး လို့ပြောထားတာပါ...။ ဒေါ်ကြီးပုက နောက်ကဟာကိုဆက်မပြေ
ာလို့ ရှုပ်ကုန်တာပါ..။ အခု အားလုံးရှင်းကြပြီလား..။ ရှင်းပါပြီဆရာမလေး။ ကိုင်းဒါဆိုရင် မနေ့ကသင်လိုက်
တဲ့ဟာကို မေးပါမယ်ရှင်...။ ကကြီးရေ က၊ ကကြီးရေးချာ ဆိုတော့ ကာပါဆရာမ...။ ကိုင်းဒါဆိုရင် ဒေါ်ကြီ
းပု ဖြေပါအုံး... ကကြီး ရေးချာ ၀စ်စာနှလုံးပေါက်တော့ ဘာခေါ်လဲ...” အဘွားပု ဆေးလိပ်ကို ကိုက်ပြီးစဉ်း
စားနေလိုက်ပါတယ်...။ “ဟဲ့ မပုရဲ့ နင်ဒါတောင်မသိဘူးလား ဘိုးလွန်းမောင်က၀င်ပြောလိုက်ပါသည်...။ သိ
ပါတယ် ကိုလွန်းမောင်းရယ် သိပါတယ် ကျုပ်မေ့နေလို့တော့...။ ဒါဆိုဒေါ်ကြီးပု တို့ အိမ်ခေါင်းရင်းက နေ့တို
င်းမြင်းခြံကိုသွားတာ ဘာကြီးတုန်းလို့.. ဆရာမလေးကမေးလိုက်တော့ ခေါင်းလေးမော့ပြီးစဉ်းစားနေပါတယ်
...မိပုရာ နင်ကလည်းမေ့ရန်ကော.. နင်တို့အိမ်အရှေ့ဘက်က ခေါင်းဝါကြီးနဲ့သွားသွားနေတာဟာ...လို့ဆို
လိုက်မှ...။ သိပြီ..သိပြီ...ဆရာမလေးရေ အဲဒါ ဘော်ဘော်ကြီးလေ...။အဲလိုပြောလိုက်တော့ ဆရာမလေး
ကလည်း အူတက်မတက်ရယ်၊ အားလုံးလည်းဝိုင်းရယ်ကြတာပေါ့...။ သူ့ကိုရယ်တော့ မျက်နှာငယ်လေးနဲ့
ကြည့်နေပါတယ်...။ ငိုမဲ့မဲ့နဲ့ သိပြီ အဲဒါ ကား တဲ့ ။ ကိုင်းဘယ်လောက်ဆိုးလိုက်လည်း။ ဒေါ်ကြီးပု ဖြေတာမှ
န်ပါတယ် ကကြီးရေးချာ ၀စ်စနှစ်လုံးပေါက်တော့ ကား ပါ...။ ကိုင်း ဒီတစ်ခါ ဘယ်သူ့ကိုမေးရင် ကောင်းမ
လဲ ။အဘွားပုက ထပြောလိုက်ပါတယ်... အဲဒီမောင်လွန်းမောင်ကိုမေးတော့ သူများအလှည့်ကြရင် သူက
ရှေ့ကနေ တကဲကဲ နဲ့။ ကိုင်းဒါဆို ဦးကြီးလွန်းမောင်ကိုမေးမယ်နော်... ။ဟုတ်မေးပါ ဆရာမလေး...။ဒါကို
ဘာလို့ ခေါ်တုန်း ၀ လုံးကိုရေးပြလိုက်ပါတယ်...။ အဲလိုမေးလိုက်တော့ ဘိုးလွန်းမောင် ပူထူပြီး မေ့သွားပါ
တယ်...။ သူစဉ်းစားလိုက်ပါတယ်..ဒါပေမဲ့ သတိကမရပါဘူး။ မောင်လွန်းမောင်ရယ် ဒါလေးတောင်မသိဘူး
လား တော့...တော် ဟင်းကောင်းနဲ့ ထမင်းစားပြီးရင် ဘာဖြစ်သွားတုန်း။ အီသွားတာပေါ့ဟ...။ အားလုံးဝိုင်း
ရယ်ကြပါသည်။ ကိုင်း..ဒါဆို ဖွားကလေးမ အဲဒါကို ဘာလို့ခေါ်တုန်း ဖွားကလေးမလည်း စဉ်းစားနေလိုက်
ပါတယ်..။ မကလေးမကလည်းတော် ရွာလယ်က မဘုတ်ဆုံက အသားဖြူလား၊ ညိုလား ။ ဒါတော့သိတာ
ပေါ့ မပုရဲ့ ညိုတယ်လေ...။အဲဒါဆိုရင် သူ ၀လား ၊ ပိန်လား ။ အဲလိုမေးလိုက်တော့ ဒေါ်ကလေးမလည်း သိ
ပြီဆိုတဲ့အထာနဲ့ ပြောလိုက်တာက သူ့ခန္ဓာကိုယ်က တော်တော်ကြီးတာပဲတဲ့...။အဲလောက်တောင် ရိုးသား
ကြတဲ့ တောသူ၊ တောင်သားတွေပါ..။ အဲဒါ အဘိုးကြီး ၊ အဘွားကြီးတွေကို စိတ်ရှည်ရှည်နဲ့ စာသင်ပေးခဲ့တဲ့
ဆရာစိတ်ဓါတ်ရှိတဲ့ ဆရာ၊ ဆရာမလေးတွေကို အထူးကျေးဇူးတင်ကြရမှာပါ...။ အဲဒီသင်တန်းတွေပြီးသွား
တဲ့အချိန်မှာတော့ တစ်ရွာလုံး စာအုပ်တွေဖတ်ကြ၊ ဗဟုသုတရစရာစာအုပ်တွေဖတ်ကြ၊ တရားစာအုပ်တွေ
ဖတ်နဲ့ တစ်ရွာလုံးစာတတ်မြောက်သွားပါတော့တယ်...။ ကျွန်တော်တို့ရဲ့ အဘိုးတွေ၊ အဘွားတွေ စာတတ်
ခဲ့ကြလို့သာ ကျွန်တော်တို့လို ကလေးတွေကို သူတို့လို စာမတတ်ခင်က သိတဲ့အသိနဲ့ ၊စာတတ်ပြီးသိတဲ့အ
သိ မတူပုံကို သေချာရှင်းပြ ၊ဗဟုသုတတွေပြောပြနဲ့ ကျွန်တော်တို့တွေ အသိအလိမ္မာတိုးပြီး ကျောင်းနေနို
င်ခဲ့ကြတာပေါ့။ ကျောင်းတွေနေနိုင်ခဲ့ကြလို့ အခုလို ကျွန်တော် စာရေးတတ် ၊ ဖတ်တတ်နေတာပါ။
(ဒီပို့စ်ကလေးထဲက ဗဟုသုတအနည်းငယ်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခုပဲဖြစ်ဖြစ် ရရှိသွားကြတယ်ဆိုရင်တော့ အ
ပျော်ဆုံးလူက ကျွန်တော်ပဲဖြစ်မှာပါ။)
(အဆိုး အကောင်း၊ အကျိုး အကြောင်းတွေကိုပြောပေးချင်တယ်ဆိုရင်တော့ စီဘောက်မှာပဲဖြစ်ဖြစ်၊ကွန်မန့်
မှာပဲဖြစ်ဖြစ် အော်သွားကြပါအုံးလို့ ။)
အားလုံးကိုကျေးဇူးတင်ပါတယ်....
ရာဇာ(ကျေးတောသားလေး)
28.2.2011





ကျေးလက်ရဲ့ အရုဏ်အလှ


“အောက်...အီး..အီး...အွတ်“ ၊“ဖလန်း...ဖလန်း...ဖလန်း..အောက်...အီး..အီး...အွတ်“၊အရီးမှုန်တို့အိမ်က
ကြက်ဖကြီးက တောင်ပံခတ်ပြီးတွန်လိုက်တော့ တစ်ရွာလုံးရှိကြက်တွေကလည်း လိုက်ပြီးတွန်လိုက်ပါသည်
။တစ်ရွာလုံးကိုဆူညံသွားတာပါပဲ။ ရွာဦးဘုန်းကြီးကျောင်းကလည်း အုန်းမောင်းခေါက်ပါတော့သည်..။ ”တုံ...
တုံ...တုံ....။ဟဲ့...လှပုံ...သမီး ထထ၊ ရွာဦးကျောင်းကတုန်း ခေါက်ပြီ...ဆွမ်းဟင်းချက်ရအောင်။ ဟုတ်အမေ
...။ဟဲ့...ငအေး...ငအေး...။ ဗျာ..အမေ..။ထထ ငါ့သား နွားလေးတွေကျွေးတော့...ဒီနေ့အရှေ့တောနွားထွန်
ရမှာ...။ဟုတ်..အမေ...“။ ဒေါ်ဘုံလည်း မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး သောက်တော်ရေ၊ဆီမီးတို့ကိုမြ
တ်စွာဘုရားကပ်လှူပူဇော်ပါတယ်...။ လှပုံလည်း မျက်နှာသစ်ပြီး...မီးမွှေးပါတယ်...ပြီးတော့ရေနွေးအိုးလေး
အရင်တည်ပြီးမှ ထမင်းအိုး ဆန်ဆေးပြီး မီးဖိုနားချထားပါတယ်...။ ရေနွေးအိုးပွက်မှ ထမင်းအိုးလေးကောက်
တင်လိုက်ပါတယ်...။ ဒေါ်ဘုံကတော့ အိမ်ဝိုင်းထဲ တံမြက်စည်းလှည်း ပြီးတော့ ရဟန်းသံဃာတွေ ၊ လူအများ
သွားလာတဲ့ လမ်းဖက်ကိုထွက်ပြီး သန့်ရှင်းရေးလုပ်ပါတယ်...။ ဒေါ်ဘုံတံမြက်စည်းလှည်းပြီး အဆုံးသတ်ထား
တဲ့နေရာကို ၊ဟိုဘက်အိမ်ကဒေါ်သန်းကဆက်ပြီးလှည်းပါတယ်...အဲလို..အဲလို...လှည်းလှည်း သွားကြတာတ
စ်ရွာလုံးကိုသန့်ရှင်းနေတာပါပဲ...။ “ငအေး...နွားတွေကျွေးဖို့ နွားစာမလောက်လောက်ဘူးနွားစာ ထက်စဉ်းအုံ
းလေ..။အေးပါ...မကြီးလှပုံရာ..“။ ငအေးလည်း နွားစာစဉ်းလိုက်ပါတယ်...။ဂျွက်...ဂျွက်..ဂျွက်..။“ငအေးရေ
နွားလေးတွေမော့နေပြီ (မော့တယ်ဆိုတာ အစာကုန်လို့ မစားပဲမော့ကြည့်နေတာ ကိုဆိုလိုတာပါ) နွားစာထ
ည့်အုံးလေ...။ဟုတ်..အမေ...“။ လှပုံကတော့ မီးခွက်ရောင်မှိန်မှိန်လေးအောက်မှာ ဟင်းချက်ဖို့ ကြက်သွန်လှီး
နေပါတယ်...။ဟဲ့...သမီး...ညီးဘာချက်မလို့တုန်း။ အမေ...ဒီနေ့...ငါးချက်လိုက်မယ်..။မနေ့က၀ယ်ထားတဲ့
ဝယ်ထားတဲ့ငါးလား သမီး...။ ဟုတ်တယ် အမေ..။အေးအေး..။ အရန်ဟင်းကတော့ ပြောင်းဖူးနုလေးကိုလှီးပြီး
ကြော်မယ်..၊ မန်ချည်းရွက်လေးကို မန်ကျည်းရွက်ငါးပိချက် ချက်မယ်တော်..၊ နောက်တစ်ခုက ပဲစိုလေးပြုတ်
မယ်...၊ ဟင်းချိုကတော့ ဗူးရွက်လေးကိုချက်လိုက်မယ်....။ အနောက်ဘက် အရီးမြတို့အိမ်ကတော့ ငရုတ်
ဆုံထောင်းနေတဲ့အသံထွက်နေပါတယ်...။ ဟဲ့..လှဘုံ...ငါ ငရုတ်သီးနဲ့ ငါးပိကြော်မလို့ ညှော်နံအုံးမယ်....။
ညီးအမေကြီးကို စောင်သေချာသွားပြီး ခြုံပေးလိုက်အုံး...။ ဟုတ်..အရီးမြ။ တောင်ဘက်အိမ်က ဘိုးသင်က
တော့ကြေးစည်လေး ထုပြီး သတ္တ၀ါတွေကို မေတ္တာပို့နေပါတယ်...။ ကြားရသူ ရင်ထဲမှာတော့ ဘိုးသင်ရဲ့
မေတ္တာ ပို့သံက တစ်ရွာလုံးကို လွှမ်းခြုံနေပါတော့တယ်...။ ဒေါ်ဘုံကတော့ ဘိုးသင်ပို့လိုက်တဲ့ မေတ္တာပို့သံ
နဲ့အတူ သာဓုခေါ်နေပါတော့တယ်...။
အိပ်တန်းထငှက်လေးများ

ကျေးငှက်သာရကာလေးတွေကလည်း ကျွိ..ကျွိ..ကျွိ..ကျွိ ဆိုတဲ့အသံလေးတွေနဲ့ အတူအိပ်တန်းမှနိုးထပြီး အစာရှာဖို့ပြင်နေပါတော့တယ်...။ “စောစောထတဲ့ငှက်၊အစာစောစောစားရ“ ဆိုသလိုနေမှာပေါ့။ အဲဒီအချိန်
မှာ လှပုံရဲ့အဖေ ဦးလူအေးက အိပ်ယာကထ မျက်နှာသစ်ပြီး ရေနွေးကြမ်းလေးနဲ့ ကျန်တဲ့ထမင်းကြမ်းလေး
ကို ဆီဆမ်းပြီး အကြော်ပူပူလေးနဲ့ သားအဖနှစ်ယောက် တောမသွားခင် အစာပြေ စားနေကြပါတယ်...။ ထ
မင်းကြမ်းစားပြီးတဲ့ အချိန်မှာတော့..“ကိုင်း..ငအေး..ငါ့သား လှည်းကောက်ကွာ စောစောသွားရအောင်ပြန်ခါ
နွားလေးတွေနေပူနေမယ်ကွ...။ဟုတ်..အဖေ“..ပြောပြောဆိုဆိုပဲ..ငအေး နွားသဂျင်း(နွားကျွေးတဲ့ခွက်) မှနွ
ားနှစ်ကောင်ကို ဆွဲပြီး..လှည်းကောက်လိုက်ပါတယ်..။“အဖေ..သွားမယ်လေ..လှည်းကောက်ပြီးပြီ...။အေး
အေး..လာပြီ။ ကိုငအေး...ရော့..ဒီမှာ့..တော့ခမောက်...နေကအရမ်းပူတယ်တော့ တောရောက်ရင်ခမောက်
စောင်းထား။အေးပါကွာ..“။ဦးလူအေးတို့ သားအဖလည်း လှည်းမောင်းပြီးထွက်သွားကြပါတယ်..။ သူတို့အိမ်
ကခွေးကလေး မောင်မဲကလည်း လှည်းနောက်က လိုက်သွားပါတယ်..။ “ဟဲ့..ငအေး..ရေဗူးယူသွားအုံးလေ
...။ သြော်...ဟုတ် အမေ..မေ့သွားတာဗျ...ရေဗူးက ထည့်ပြီးသားရယ်..။အေး..အဲဒါကိုတွေ့လို့လိုက်ပေး
တာဟဲ့..။ တစ်ရွာလုံးက တောင်သူလယ်သမားတွေလည်း ကိုယ်စီ လှည်းလေးတွေမောင်းလို့ သူတို့ဆိုင်ရာ
တောတွေကိုသွားနေကြပါတယ်.။ “ကျွီ...ကျွီ..ကျွီ..“ ဦးလေးသာရင် လှည်းမောင်းလာပါသည်..။“ကိုရင်သ
ာရင် တော့လှည်းက မြည်လှချည်လားတော့...။အေးဟာ...ဟုတ်တယ်..မဘုံရေ...ငါလှည်းကောက်တော့လှ
ည်းဝင်ရိုးကို ရေတော့ပက်ခဲ့တယ်ဟ...။ဒါပေမဲ့...မြည်တုန်းဟ..။ ကိုရင်သာရင်ကလည်းတော်.မုရိုးရွက်မထ
ည့်ဘူးလားတော့...။အေး..ငါဒီနေ့ တောကပြန်မှမုရိုးရွက်ခူးပြီးထည့်ခဲ့ပါအုံးမယ်ဟာ..“။ ဒီလိုနဲ့မနက်အရုဏ်
တက်ချိန်လေးမှာ ဈေးသည်တွေကဈေးရောင်း၊ တောင်သူလယ်သမားတွေက နွားနဲ့ဖက်ပြီး ယာထဲ၊ လယ်ထဲ
ကိုဆင်းအဲလိုနဲ့ပဲ နေ့စဉ်ဖြတ်သန်းနေကြတာပါ...။
မနက်လင်းအရုဏ်ဦး

မနက်လင်းအရုဏ် ရောင်ခြည်လာတော့ ဘုန်းကြီးကျောင်းက ဘုန်းကြီးကျောင်းသားလေးတွေ ဆွမ်းအုပ်(
ဆွမ်းချိုင့်)ယူရောက်လာကြပါတယ်...။“ဒေါ်ကြီးဘုံ...ဆွမ်းအုပ်ရပြီလားဗျို့..။အေးရပြီ..လာကြ..လာကြ..
အိမ်ထဲကိုဝင်ခဲ့ကြ...။ခွေးကြည့်အုံးလေ...။ခွေးချည်ထားပါတယ်ဟယ်..နင်တို့ကလည်း..“။လှပုံလေးကတေ
ာ့ဆွမ်းအုပ်ထဲမှာ ဆွမ်းတွေခူးထည့်၊ဟင်းခွက်တွေထဲကိုလည်း ဟင်းတွေ အစီအစဉ်တကျ ထည့်ပြီး... ချိုင့်
ထဲမှာတော့ ဗူးရွက်ဟင်းချိုရည်လေး ထည့်ပေးပြီး...။“ရပြီ ဆွမ်းအုပ်ကို ကောင်းကောင်းရွက်ကြနော်...မှေ
ာက်ကျအုံးမယ်...။ဟုတ်ကဲ့ပါ...မလှပုံ...“။ကျောင်းသားလေးတွေလည်းဆွမ်းအုပ်ကလေးကိုရွက်ပြီးထွက်သွ
ားကြပါတော့တယ်...။လှပုံလည်း သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုရဲ့အဖို့ဘာကကိုအာရုဏ်ပြုပြီး အမျှ အတ
န်းပေးဝေနေပါတယ်.။ “ဟဲ့...လှပုံ...။တော်...အမေ့။ ဆွမ်းလောင်းဖို့ရော ဆွမ်းခူးထားပြီလား။ဟုတ်အမေ
..ခူးပြီး အပေါ်မှာတင်ထားတယ်တော့..။အေးအေး...။ အမေ ကျုပ်လည်းခဏနေရင် မိအုံးတို့အဖွဲ့နဲ့ နွားစာ မြတ်သွားရိတ်မလို့အမေ...။အေးအေး...သွားရင် ပိုးမွှားတိရစ္ဆာန်ကိုတော့ကြည့်ရိတ်နော်...။ ဟုတ်ကဲ့
ပါအမေရဲ့...“။(မိဘကပြောတဲ့စကားက တကယ်ဖြစ်တတ်လို့ မကျိန်ရ၊မဆဲရဘူးဆိုတာ သိကြမှာပါ..အဲလိုပဲ
မိဘက ကောင်းကောင်းဂရုစိုက်ဖို့ မြွေပါး၊ကင်းပါးကို သတိထားဖို့ပြောလိုက်ရင် မြွေနဲ့ တွေ့ရင်တောင် မိဘ
ရဲ့ မေတ္တာကြောင့် ရန်မပြုပဲ ရှောင်သွားရပါတယ်တဲ့) ။ဒီလိုနဲ့ မိအုံးတို့အုပ်စုနဲ့ လှပုံ မြတ်သွားရိတ်ပါတော့တ
ယ်...။
ရွာထဲဆွမ်းခံဝင်နေစဉ်
ဆင်းရဲပေမဲ့လည်း အလှူရေစက်လက်နဲ့မကွာ

နဲနဲ လေးအရုဏ်မြင့်လာပြီဆိုရင်တော့ ရွာဦးကျောင်းက ဦးဇင်းတွေနဲ့ ကိုရင် တွေဆွမ်းခံကြသလို၊ အခြား
ရွာကျောင်းက ဦးဇင်းတွေ ကိုရင်တွေလည်းဆွမ်းခံလာပါတယ်...။အဲလိုအချိန် မှာတော့ ရွာထဲက ရွာသူ၊ရွာ
သားတွေ ဆွမ်းလောင်းဖို့တန်းစီနေပါတယ်။ “တဝေ...ဝေ... ဆွမ်းတော်ဗျို့...“။ရွာအ၀င်လမ်းက ဒေါ်နု
ကထွက်လာပြီးဆွမ်းလောင်း၊ ဟင်းရာခွက်လောင်းပါတယ်...။ နောက်တစ်အိမ်က အရမ်းဆင်းရဲတဲ့ ဒေါ်မိတု
တ်တို့အိမ်ပါ...သူတို့ ဘယ်လောက်ပဲဆင်းရဲနေပါစေ..။ဆွမ်းတော်ဗျို့လို့ အော်လိုက်တာနဲ့ ဆွမ်းတော်ခွက်
လေးကို ကိုင်ပြီး ထွက်လောင်းပြီးသား...။ဘယ်လောက်ပဲဆင်းရဲနုံခြာပါစေ...သိဏ္ဍပတ်ဆွမ်းကတော့လော
င်းပြီးသားပါ။တစ်ရွာလုံးကြွလာတဲ့ ဦးဇင်း၊ ကိုရင်အားလုံးကို ဆွမ်းလောင်း၊ ဟင်းရာခွက်တက်နိုင်တဲ့လူတွေ
ကလည်း ဆွမ်းနဲ့ဟင်းကို လောင်းလှူကြပါတယ်...။ကျောင်းတွေမှာတော့ ဆွမ်းနဲ့ကွမ်းက အလျှံပယ်ပါပဲလ
ာသမျှ ဧည့်သည်တွေကိုလည်း ရွာထဲကခံထားတဲ့ဆွမ်းနဲ့ကွမ်းကိုပဲကျွေးတာပါ...အဲလောက်တောင် ဆွမ်း ၊
ကွမ်းပေါတာပါ...။ကျေးလက်တောသူ၊ တောင်သားတွေက ဆင်းရဲနွမ်းပါးပြီး စကားသာကြမ်းကြမ်းတမ်းတ
မ်းတွေပြောချင်ပြောကြမယ်...ဧည့်ဝတ်ကျေပွန်မှုနဲ့ စေတနာတွေကတော့ သူတို့တွေရဲ့ စိတ်သဏ္ဍာန်မှာအ
မြဲကိန်းအောင်းနေတာပါ...။

(ဒီပို့စ်လေးကိုရေးရတဲ့ရည်ရွယ်ချက်ကတော့ တောသူတောင်သားတွေရဲ့ မနက်အရုက် အတက်မှာ လုပ်လေ့
လုပ်ထရှိတဲ့ ရွာဦးကျောင်းကအုန်းမောင်းခေါက်သံကြားတာနဲ့ ဆွမ်း၊ဟင်းချက်ကြပုံ....တောသွားဖို့ ပြင်ဆင်
ကြပုံ...တစ်ရွာလုံး အိမ်ဝိုင်းအတွင်းအပြင်မှာသန့်ရှင်းရေးလုပ်ပုံ....စောစောစီးစီး မေတ္တာပို့ အမျှဝေပုံ....
ကျေးငှက်သာရကာလေးတွေရဲ့ အိပ်တန်းထပုံ၊ သိဏ္ဍပတ်ဆွမ်းလောင်းလှူပုံတို့ကိုသိစေချင်သောရည်ရွယ်ချက်
ဖြင့်ရေးသားခြင်းဖြစ်ပါသည်...။ ဒီပို့စ်ကလေးကို ဖတ်လိုက်လို့ ဗဟုသုတအနည်းငယ်ပဲဖြစ်ဖြစ်..ရသတစ်ခု
ခုရသွားတယ်ဆိုရင်ဖြစ်ဖြစ် အပျော်ဆုံးလူကကျွန်တော်ပဲဖြစ်မှာပါ....။)
သူငယ်ချင်းတို့ရဲ့အားပေးမှုက ကျွန်တော် ရှေ့ဆက်ဖို့ရန်အတွက် အားဆေးတစ်ခုဖြစ်ပါတယ်...။ အဆိုး
အကောင်း၊ အကျိုး အကြောင်း ဝေဖန်အကြံပေးချင်တယ်ဆိုရင်တော့ စီဘောက်မှာပဲဖြစ်ဖြစ်၊ ကွန်မန့်မှာပဲဖြစ်
ဖြစ် အော်သွားကြပါအုံးဗျာ.....
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်...

(ကျွန်တော်ကိုယ်တိုင်မနက်စောစောမှာ ဆွမ်းချက်ပြီး ဘုန်းကြီး၊ဦးဇင်း၊ကိုရင်တွေကို သိဏ္ဍပတ်ဆွမ်းလော
င်းဖူးပါတယ်...မနက်စော အာရုဏ်ကျင်း အလင်းမှာဆွမ်းလောင်းရတဲ့ ပီတိဟာ အရမ်းကိုမှ ၀မ်းမြောက်ပြီး
အေးချမ်းရပါတယ်...။မနက်စောစောဆွမ်းမလောင်းဖူးသေးရင်ထပြီးလောင်းကြည့်ပါလား စိတ်ရဲ့အေးချမ်း
မှုကို မလွဲမသွေတွေ့ကြရမှာပါ)။
ရာဇာ(ကျေးတောသားလေး)
27.2.2011








Saturday, February 26, 2011

တော်မ၀င်တဲ့ သီးပင်


ဒီတစ်ခါတော့ကျွန်တော့်ရဲ့မွေးရပ်အညာကသီးပင်လေးနဲ့မိတ်ဆက်ပေးမယ်ဗျာ...။ သီးပင်ကလည်းလူသား
တွေအတွက်တော်တော်အကြိုးပြုပါတယ်...။ဒါပေမဲ့...တော်ဝင်တဲ့သီးပင်တော့မဖြစ်ခဲ့ပါဘူး...။သီးပင်ကအ
ပင်ကြီးအမျိုးအစားမှာပါပါတယ်..။သီးပင်က သနပ်ခါးပင်နဲ့တော်တော်တူတယ်။ ကွဲပြားသွားတာကသူတို့သီ
းတဲ့အသီးပဲကွဲသွားတာပါ...။သနပ်ခါးသီးကသေးတယ် စားလို့မရဘူး၊ သီးသီးကကျတော့အလုံးကြီးတယ်စ
ားလို့ရတယ်..။သနပ်ခါးကတော့ တော်ဝင်တဲ့အပင်ဖြစ်ခဲ့တယ်လေ...။ရွှေဘိုသနပ်ခါး၊ရှင်မတောင်သနပ်ခါး
ဆိုလိုက်တာနဲ့လူတိုင်းသိတယ်လေ...။သီးပင်ကတော့ လူတိုင်းမသိတဲ့အပင်လေးပေါ့...။အသုံးဝင်တာချင်း
ကတော့သိပ်ပြီးမကွာခြားလှပါဘူး။
သီးပင်

သီးပင်ကနှစ်မျိုးရှိပါတယ်...အစိမ်းစားပင်နဲ့ ရိုးရိုးပင်ဆိုပြီးတော့လေ။သီးပင်ရဲ့အသုံးဝင်ပုံကိုကျွန်တော်နဲနဲ
လောက်ဖောက်သည်ချအုံးမယ်ဗျာ...။သီးတစ်ပင်လုံးလိုရာသုံးလို့တောင်ပြောလို့ရပါတယ်..။
(၁)သီးခေါက်=သီးခေါက်ကိုကျေးလက်အညာမှာသနပ်ခါးလုပ်ပြီးလိမ်းကျပါတယ်...။သီးခေါက်ကထွက်လာ
တဲ့အနှစ်က နဲနဲညိုပါတယ်..(ရိုးရိုးသနပ်ခါးဆိုရင်တော့ ၀ါဝင်းနေတာပေါ့...)။သီးခေါက်ကမျက်နှာအေး
တယ်၊၀က်ခြံကိုပျောက်စေပါတယ်။တင်းတိတ်စွဲနေတဲ့သူတွေဆိုရင်သီးခေါက်ကိုများများလိမ်ပေးပါတ
တယ်။(ကျွန်တော်တို့ဆီမှာတော့ အယူတစ်ခုတစ်ခုရှိပါတယ်...သောက်ရေအိုးထဲကရေကိုယူပြီးသနပ်
ခါးလိမ်းရင်တင်းတိတ်စွဲတယ်တဲ့ဗျာ...ပြောကြတာပဲ)။နွေရာသီပူတဲ့အချိန်မှာမိတ်တွေထွက်ရင်တော့သ
နပ်ခါးတုံးနဲ့သီးခေါက်ကိုရောသွေး ရတဲ့အနှစ်ကို ဆားလေးနည်းနည်းထဲ့ပြီးလိမ်းရင်ပျောက်ပါတယ်...။
(၂)သီးညွန့်=သီးညွန့်ကိုတော့ ဗေဒင်တွေမေးတဲ့အခါမှာ ယတြာအဖြစ်ပြုလုပ်ဖို့ပေးတဲ့နေရာမှာအသုံးပြုပါ
တယ်။နောက်တစ်ခုကသင်္ကြန်ရောက်ရင်တာအိုးထဲမှာထည့်ပြီး တမာပန်း၊သီးညွန့်၊ ဂျောင်ဂျမ်းညွန့်တို့နဲ့
ရောပြီး ဘုရားအိုးထိုးတဲ့ နေရာမှာလည်းအသုံးပြုပါတယ်..။နောက်တစ်ခုက ကလေး၊လူကြီး အညှော်(
ကျွန်တော်တို့ဆီက ညှော်လို့ပဲခေါ်တယ်)၀င်တဲ့အခါမှာ သီးရွက်ရယ်၊သနပ်ခါးရွက်ရယ်ကိုထောင်းပြီးရ
လာတဲ့အရည်ကိုတိုက်တဲ့နေရာမှာလည်းအသုံးပါတယ်...။
(၃)သီးသီး=သီးပင်ကသီးတဲ့သီးသီးကိုတော့ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။စိမ်းစားပင်ကသီးတဲ့စိမ်
းစားသီးကတော့ နည်းနည်းလေးရင့်လာရင်ကိုစားလို့ရပါတယ်...တော်တော်အရသာကောင်းပါတယ်...။
ရိုးရိုးပင်ကသီးတဲ့အသီးကတော့တော်တော်နင်ပါတယ်...။အဲဒီအသီးတွေကိုတော့ရင့်လာပြီဆိုရင်ခူးပြီးအ
ချဉ်ပေါင်းလုပ်တဲ့သူတွေဆီကိုရောင်းလိုက်တာပါ...။တကယ်လို့မရောင်းဘူးဆိုရင်လည်းမှည့်တဲ့အခါမှာ
သီးသီးကိုခွဲ အသားကို ဇွန်းနဲ့ခြစ်ပြီး ပန်းကန်ထဲထည့် ပြီးရင် ထန်းချက်နဲ့ပေါက်စားရင် အရမ်းစားလို့ကေ
ကောင်းပါတယ်...။သီးသီးမှည့်တဲ့အချိန်ဆိုရင်တော့ သီးသီးနံ့ကမွှေးပျံ့နေပြီး စားချင်စိတ်ကိုနှိုးဆွပေး
နေသလိုပါပဲ။

သီးပင်အကြောင်းရေးတော့ ငယ်ငယ်ကအကြောင်းလေးကိုသတိရမိပါတယ်။နဲနဲလောက်ပြန်ပြောပြအုံးမယ်
ဗျာ...။ကျွန်တော်တို့ရွာက လမ်းကွေ့တွေနဲ့လမ်းဆုံတွေအရမ်းပေါတာ...ကျွန်တော်တို့အိမ်နဲ့သိပ်မဝေးတဲ့လ
မ်းဆုံမှာလည်းသီးပင်နှစ်ပင်ကအလေ့ကျပေါက်နေပါတယ်...ပိုင်ရှင်မရှိပါဘူး..။အဲဒီသီးပင်နှစ်ပင်မှာ တစ်ပင်
ကအစိမ်းစားပင်၊ တစ်ပင်ကရိုးရိုးပင်ပေါ့။သီးပင်တွေသီးတဲ့အချိန်ရောက်ပြီဆိုရင်တော့ပျော်နေကြတာကက
လေးတွေပေါ့...။သီးပင်သီးသီးရင့်မဲ့အချိန်(မှည့်မဲ့အချိန်)ကိုပဲမျက်စောင်းထိုးနေကြတာပါ...။သီးပင်ကအသီး
တွေရင့်မှည့်လို့အနံ့ကမွှေးနေပြီဆိုရင်တော့ကလေးတွေကတရုန်းရုန်း၊ လူကြီးတွေကတပြုံးပြုံးနဲ့ပေါ့...။
စည်းကမ်းတော့ရှိကြတယ်ဗျ...အပင်ပေါ်ကအသီးကိုပစ်ချတာတို့၊ ချူချတာတို့တော့မရှိဘူး။လေတိုက်လို့
ကြွေကျတဲ့အသီးမှကောက်ကျတာပါ..။တစ်ရက်မှာတော့ တစ်ခြားရွာက ကောင်လေးတစ်ယောက်သူ့အမျိုး
တွေအိမ်ကိုလာလည်ပါတယ်။ သူကလည်းသီးပင်ရှိတဲ့နေရာကိုလိုက်လိုက်လာတာပေါ့...။ကျွန်တော်တို့က
လည်းရွာခံတွေဆိုတော့ စွာတာပေါ့ဗျာ...။အဲ....ကျွန်တော်တို့စွာတယ်ဆိုတာ သူကရယ်တောင်ရယ်အုံးမယ်
သူက သူတို့ရွာကလူမိုက်ကလေးတဲ့လေ...။တစ်ရက်တော့သီးသီးကြွေတာကိုလုကောက်ရင်း ကလေးတို့သ
ဘာဝရန်ဖြစ်တော့တာပေါ့....။မင်းတို့ကောင်တွေ တို့ရွာကိုအလည်လာရင်မင်းတို့ကိုပြန်ချမယ်တဲ့ ကျွန်တေ
ာ်တို့ကိုတောင်ပြောသွားပါသေးတယ်...။

သီးပင် သီးသီး သီးနေပုံ

သီးသီးမှည့်


တစ်ရက်မှာတော့လေတွေမိုးတွေကျလာတယ်...။သီးသီးတွေကလည်းကြွေတာပေါ့...။အဲတော့လုကောက်
ကျတာ ကျွန်တော်တို့အဖွဲ့တစ်လုံးမှမရဘူး...။အဲဒါနဲ့ အိမ်ကိုပြန်လာခဲ့ပြီး ကျွန်တော်တို့အဖွဲ့တိုင်ပင်ပါတယ်
...။ညကျရင်သွားပြီးကောက်မယ်...အဲဒီချိန်လာတဲ့သူကို သရဲလုပ်ပြီးခြောက်မယ်ဆိုပြီးတိုင်ပင်ခဲ့ကြတာပေါ့
။ညရောက်တော့လာတဲ့သူတွေမှန်သမျှကိုအမျိုးမျိုးဒုက္ခပေးတော့တာပဲ...။ လာတဲ့သူတွေမှန်သမျှထွက်ထွ
က်ပြေးကြပါတယ်...။ကျွန်တော်တို့အဖွဲ့ကတော့သီးသီးတွေကိုအများကြီးရတာဗျာ...။လေငြိမ်သွားတော့မှ
အိမ်ကိုပြန်လာပြီး သီးသီးတွေ ခွဲယူကျတာပေါ့...။ကျွန်တော်တို့ သီးသီးသွားကောက်တာကိုအိမ်ကသိတော့
ရိုက်လိုက်တဲ့ဖြစ်ခြင်း..ပြန်တောင်မပြောချင်တော့ပါဘူး...။သီးသီးရဖို့အတွက်အဲလောက်တောင်ဇွဲကြီးခဲ့တဲ့
ကျွန်တော့်ကိုကျွန်တော် အခုပြန်စဉ်းစားမိတိုင်း ခေါင်းနားပန်းကြီးကြီးသွားရပါတယ်...။အဲဒီနားကသရဲခြော
က်တယ်ဆိုတာကို လူကြီးတွေပြောပြမှသိရတာပါ...။ဘာပဲဖြစ်ဖြစ်လေ အဲဒီအချိန်လေးက အခုစဉ်းစားကြ
ည့်ရင် အခုဖြစ်ခဲ့သလိုပါပဲ.။သြော်...အရာရာတိုင်းက ပြီးခဲ့ပါပြီလေ..။ဘာပဲဖြစ်ဖြစ် မွေးရပ်အညာနဲ့ သီးသီ
းသုပ်လေးကိုတော့ အခုချိန်ထိလွမ်းနေပါတယ်ဗျာ...။သီးပင်လေးကတော်မ၀င်ပေမဲ့ ကျွန်တော်တို့လိုအညာ
သူ၊အညာသားတွေအတွက်တော့ တော်ဝင်တဲ့သီးပင်လေးပါပဲ...။
(ဒီပို့စ်ကလေးထဲက ဗဟုသုတ အနည်းငယ်ရသွားမယ်ဆိုရင် အပျော်ဆုံးလူက ကျွန်တော်ပဲဖြစ်မှာပါ..)
ဆွေးနွေး အကြံပြုချင်တယ်ဆိုရင်တော့ စီဘောက်မှာအော်ခဲ့ကြပါအုံးဗျာ...။
အားလုံးကိုကျေးဇူးတင်ပါတယ်.....
ရာဇာ(ကျေးတောသားလေး)
27.2.2011

ခွေးမလေးမိဖြူနှင့် ခွေးကလေးဂျောင်ဘို


ကျွန်တော်တို့အိမ်က ကြောင်ကိုမမွေးဘူး...သိပ်မချစ်ကြဘူးဗျ...။ ကြောင်ကိုမချစ်သလောက်ခွေးလေးတွေ
ကိုကျတော့ဆန့်ကျင်ဘက်ပါပဲ...။အရမ်းချစ်ကြတာလေ...။ ကြောင်ကိုဘာလို့မချစ်ကြတာတုန်းဆိုတော့အ
ယူအဆ၊အစွဲအလန်းတွေကြောင့်ပါ...။ ကြောင်တွေကအိမ်တစ်အိမ်မှာနေမကောင်းရင် အဲအိမ်ကိုမနေကြေ
တော့ပဲထွက်သွားတယ်ဆိုတဲ့အယူအဆပါ...။ ခွေးကကြအဲလိုမဟုတ်ဘူးလေ...သခင်တွေကိုချစ်တတ်တယ်
...။သခင်တွေရဲ့အပေါ်မှာ သစ္စာရှိတယ်...။ကိုယ့်သခင်ရဲ့အိမ်ကလွဲပြီး ဘယ်ကိုမှမသွားဘူးလေ..။အဲဒါကြော
င့်ခွေးလေးတွေကိုမွေးတာများတာလေ။

တစ်ရက်မှာတော့ကျွန်တော့်အဖေကမြောက်ဘက်ရွာကနေခွေးမလေးတစ်ကောင်ကို တောင်းလာပါတယ်..။
ခွေးမလေးအိမ်ကိုရောက်လာတော့အိမ်ကလူတွေကချစ်လိုက်ကြတာ။ ကျွန်တော့်ညီမလေးကအဆိုးဆုံးပေါ့
...။ခွေးကလေးက အခုမှစပြီးခေါ်လာတာဆိုတော့ နာမည်မရှိဘူးလေ...အဲတော့နာမည်ပေးဖို့စဉ်းစားရတာ
ပေါ့...။ထူးခြားတာက အဲဒီခွေးမလေးက တစ်ကိုယ်လုံးဖြူစွတ်နေတာပါပဲ...။အဲဒါကိုအစွဲပြုပြီးမိဖြူလို့ခေါ်ကြ
တာလေ...။အိမ်မှာသူ့အရင်ရောက်နေတဲ့ခွေးလေးက ဂျောင်ဘို (အိမ်နားနီးခြင်းခွေးတွေပဲနိုင်နာမို့ခေါ်တာပါ
)တဲ့ သူကငပျင်းလေ...အိပ်လိုက်၊ စားလိုက် ဟောင်ဖော်တောင်မရဘူး။ခွေးမလေးမိဖြူရောက်လာတော့ သူ
ကလူတွေကိုလိုက်ဟောင်၊ လိုက်ဆွဲနဲ့ သူကဖားတတ်တယ်ဗျ...။ နောက်ပြီး ခွေးမလေးမိဖြူ အိမ်ရောက်လာ
တာကိုမကြိုက်သလိုပဲ...အမြဲတမ်း ဟိန်းဟောက်မာန်ဖီနေတာပဲ။ သူကငါအရင်ရောက်တာငါ့ကိုကျော်ဖို့မစ
ဉ်းစားနဲ့ဆိုတဲ့အထာနဲ့ပေါ့...။အဲတော့ အိမ်ကလူတွေကလည်း သူတို့နှစ်ကောင်ကို နေရာခွဲထားပြီး ကျွေးမွေ
းရတာပေါ့။ အိမ်မှာလူတွေမရှိဘူးဆိုရင် မိဖြူနားကိုသွားပြီး မိဖြူလေးကိုကိုက်တော့တာပါပဲ...။မိဖြူလေးက
အကြီးနဲ့အငယ်လည်းဖြစ်၊ ခွေးထီးနဲ့ ခွေးမကလည်းဖြစ်တော့ အမြဲတမ်းအရှုံးပေးရတာပါပဲ...။အဲလိုမိဖြူလေ
းကိုအနိုင်ကျင့်နေတဲ့အချိန် ညီမလေးအလည်သွားလို့ပဲဖြစ်ဖြစ်၊ ဘယ်ကပြန်လာတာပဲဖြစ်ဖြစ်တွေ့သွားရင်ေ
တာ့ ဂျောင်ဘိုလေးကို လူတစ်ယောက်လိုဆူတော့တာပါပဲ..။ သူတို့ကလေးတွေရန်ဖြစ်နေသလိုပါပဲ...။နော
က်တစ်ခါ မိဖြူကိုအနိုင်ကျင့်ရင် မင်းကိုရိုက်မယ်ကြားလား။ အဲလိုပြောနေတာကို ဂျောင်ဘိုလေးရော၊မိဖြူရေ
ာ နားရွက်လေးတွေထောင်ပြီး နားလည်သလိုနဲ့မျက်လုံးလေးတွေဖွင့်လိုက်၊ ပိတ်လိုက်နဲ့ကြည့်နေကြပါတယ်
...။အဲဒီလိုဖြစ်တိုင်း ညီမလေးကပြောပြောနေတော့ ခွေးလေးတွေလည်းနားလည်လာတာလားမသိပါဘူး...
အဲဒီအချိန်ကစပြီး ရန်မဖြစ်ကြတော့ပါဘူး။

အိမ်ကလူတွေအပြင်သွားလို့ပဲဖြစ်ဖြစ်၊ တောကပြန်လာလို့ပဲဖြစ်ဖြစ် အိမ်ကိုပြန်ရောက်လာပြီး အသံကြား
တာနဲ့တစ်ပြိုင်နက်မိဖြူလေးနဲ့ဂျောင်ဘိုတို့ကအမြီးလေးတွေယမ်းပြီး ခရီးဦးကြိုတော့တာပါပဲ...။ လူတွေပေါ်
တွယ်တက် ပျာပျာ...ပျာပျာ..နဲ့အရမ်းအလိုက်သိပြီး လိမ္မာတဲ့ခွေးလေးနှစ်ကောင်ရယ်ပါ...။ကျွန်တော်အဖေ
ကသူတို့နှစ်ကောင်ကိုအမြဲတမ်းလိမ္မာအောင်သင်ပေးတယ်...။ မိဖြူလေးလို့ခေါ်လိုက်တာနဲ့အဖေ့ကိုတိုးခွေ့
ပြီးအမြီးလေးတနှံ့နှံ့နဲ့ ကပ်နေတာလေ...။ မိဖြူလက်ပေးဆိုရင် ပေးပြီးသားပဲ...။ထန်းလျက်ခဲကိုသူနဲ့တော်ေ
တ်ာဝေးဝေးကိုသွားချထားပြီး မိဖြူဒီကိုလာ ၀ပ်လာခဲ့..။ ၀ပ်မလာတက်သေးဘူးဆိုရင် ကျောကိုဖိပေးပြီးသင်
ပေး၊ကြာတော့တက်သွားတာလေ...။မိဖြူ လာ..၀ပ်လာဆိုရင်လာပြီးသား အရမ်းလိမ္မာတဲ့ခွေးမလေးပါပဲ...။
ဂျောင်ဘိုကတော့ ပျင်းချက်ကမ်းကုန်ပဲ...။တစ်ခါတစ်လေသူတို့ အစာကျွေးရင်တောင်.. မိဖြူရေဒီကိုလာစား
ဆိုမိဖြူကနားထောင်တယ်...။ ဂျောင်ဘိုဒီကိုလာဆိုရင်မလာဘူး...အိပ်မြဲအိပ်နေတာ..။ သနားလို့
သူ့ခွက်ကလေးကို သူနားချပေးမှ ထစားတာ.. အဲလိုပျင်းတဲ့အကောင်..။အဖေက၀ပ်ပြီးသွားတတ်အောင်လို့
သင်ပေးတာ..အဲဒါကိုငပျင်းကမသွားဘူးလေ...။အဖေကစိတ်ရှည်ရှည်နဲ့သင်ပေးတော့သူလည်းလိမ္မာလာတ
ာပေါ့...။ဒါပေမဲ့ အဖေမရှိတဲ့အချိန် သူ့ကိုကြိုက်သလောက်လုပ်ခိုင်း၊ ထန်းလျက်မကလို့ ဘာပဲကျွေးကျွေးလုံ
းဝတောင်ဂရုမစိုက်တဲ့ကောင်...။တဖြည်းဖြည်းနဲ့သူတို့လည်းတော်တော်ကြီးလာပြီလေ...။
ခွေးကလေးဂျောင်ဘို

မိဖြူနဲ့ ဂျောင်ဘိုကို ခွေးမို့ ခွေးလို့သာသတ်မှတ်ထားရတယ် လူလောက်နီးနီးနားလည်တယ်..။ဟိုနားချထားတဲ့ခ
မောက်လေးကိုယူချည်ဆိုရင် ပါးစပ်နဲ့ကိုက်ပြီးယူလာတတ်ပါတယ်...။ သူတို့နှစ်ကောင်က လျှင်မြန်ပါးလှပ်
မှုပါလည်း ကျွမ်းကျင်ကြတယ်...။အဖေများ မျက်နှာမကောင်းဘူး ၊ စိတ်တိုနေတဲ့ပုံစံပေါက်နေရင် ဝေးဝေး
ကနေသွားပြီးချောင်းကြည့်နေကြတာ...အဲလောက်တောင်အလိုက်သိတဲ့အကောင်တွေပါ...။အိမ်ကလူတွေ
တောသွားမလို့လှည်းကောက်ရင် (လှည်းကောက်တယ်ဆိုတာနွားနှစ်ကောင်ကိုလှည်းမှာတပ်တာကိုပြောတ
ာပါ)သူတို့ကရှေ့ကနေပြီး အမြီးလေးနံ့ပြီးလိုက်ဖို့ပြင်ပြီးသား...။ တစ်ရက်တော့ကျွန်တော်တို့တောကိုသွားဖို့
လှည်းကောက်တော့ သူတို့လည်းအရင်လိုပဲပေါ့...။ ဒီနေ့မှာတော့ လုံးဝကို မလိုက်ခိုင်းဘူး မလိုက်
နဲ့နော် နှစ်ကောင်လုံး...ဒီနေ့သွားမှာကအရှေ့တော(ရွာအရှေ့မှာရှိတဲ့ ယာတောကိုဆိုလိုတာပါ) ရွာလယ်က
ဖြတ်ရမှာလိုက်လာရင်အကိုက်ခံရလိမ့်မယ်ကြားလား။ခွေးဆိုးရှိတယ်... (ခွေးဆိုးဆိုတာအရမ်းဆိုးလို့ပေးထာ
းနဲ့နာမည်ပါ)ညီမလေးကမိဖြူနဲ့ဂျောင်ဘိုကို မှာနေတာပါ..။ခွေးလေးနှစ်ကောင်လည်း ညီမ ပြောနေတာကို
သိသည့်အလား မျက်နှာလေးတွေကိုအောက်ချပြီးနေကြပါတယ်...။ဒါနဲ့လှည်းထွက်သွားတာပေါ့...သူတို့လ
ည်းမလိုက်ပဲ ၀ပ်နေကြပါတယ်...။ ကျွန်တော်တို့တောကိုရောက်တဲ့အချိန်မှာတော့ မိဖြူနဲ့ဂျောင်ဘိုကအမြီး
လေးတနှံ့နှံ့နဲ့ ဆီးကြိုနေပါသည်။သူတို့ဘယ်လိုရောက်လာတယ်တော့ ကျွန်တော်တို့မသိပါ...။ရောက်လာပြီ
းမှတော့ ရိုက်လို့လည်းမထူး ၊ ငေါက်လို့လည်းမထူးဆိုတော့ ဒီအတိုင်းပဲထားလိုက်ပါသည်...။သူတို့လည်းေ
တာထဲမှာပျော်နေကြပုံပေါ်ပါသည်...။ကြွက်လိုက်လိုက်၊ ပုဒက် လိုက်လိုက်နဲ၊့ ပုတ်သင်ညိုတွေ့တော့ဟော
င် တစ်တောလုံးကိုဆူညံနေတာပါပဲ...။ ဂျောင်ဘိုက နေပူတာနဲ့တစ်ပြိုင်နက်ဘာမှကိုမလုပ်တော့ဘူးလှည်း
အရိပ်အောက်မှာသွားအိပ်ပြီးစောင့်နေတာလေ..။ မိဖြူကတော့ စွာတေးမ။ သိတဲ့အတိုင်းပဲဆူညံနေတာတွေ့
တဲ့အကောင်ကိုဟောင်နေတော့တာပဲ...။ အားလုံးပြီးလို့ပြန်တဲ့အချိန်မှာတော့ ရွာထဲကဖြတ်ရင် အကိုက်ခံရမှ
ာဆိုးလို့ လှည်းပေါ်တင်ခေါ်ပါတယ်..မလိုက်ကြဘူးလေ..။အောက်ကပဲသွားတယ်...ရွာထဲ ခွေးဆိုးရှိတဲ့နားေ
ရာက်တော့ သူတို့လည်းခပ်တည်တည်သွားနေကြပါတယ်..။ကျွန်တော်တို့ကလည်း စိတ်ပူနေတာပေါ့...။ထ
င်တဲ့အတိုင်းပဲလေ..ခွေးဆိုးကထွက်လာပြီးကိုက်တော့တာပါပဲ...။ ဂျောင်ဘိုက ကိုက်မလို့ပြင်တုန်း နောက်
ကမိဖြူက၀င်ခဲတော့တာပဲ...ခွေးဆိုးက မိဖြူဆီ အာရုံရောက်နေတုန်း ...ဂျောင်ဘိုက လည်ပင်းကိုဝင်ခဲမိဖြူ
ကကိုက်နဲ့ခွေးဆိုးတော်တော်ခံလိုက်ရတယ်...။ကျွန်တော်တို့လည်း ကိုယ့်ခွေးကိုနိုင်စေချင်တာပေါ့...ကိုယ့်
ခွေးနိုင်တော့ပျော်တာလေ...။ခွေးဆိုးကြီးကတော့ နောက်ကျွန်တော်တို့လှည်းလာရင်ကို ထွက်မလာရဲတော့
ပါဘူး...။အိမ်ရောက်တော့ ညီမလေးက တော်လိုက်တာ ဂျောင်ဘိုရယ်..အရင်တုန်းကနင်ကဂျောင်မှာပဲဗိုလ်
လုပ်ရဲတာ အခုတော့ရွာထဲကအကြီးဆုံးခွေးကြီးကိုနိုင်လိုက်ပြီ...မင်းကိုရွာဘိုလို့ပြောင်းမယ်...။အဲဒီနေ့ကစ
ပြီးရွာဘိုလို့ခေါ်တော့တာ...။ဒါပေမဲ့ ရွာဘိုလို့ခေါ်ရင် လှည့်တောင်မကြည့်ဘူး...။ဂျောင်ဘိုဆိုမှ အမြီးလေးနှံ့
နံ့ပြတာလေ...။
ခွေးမလေးမိဖြူ

စိတ်မကောင်းစရာတစ်ရက်ကတော့မိဖြူလေးသေတဲ့နေ့ပေါ့ဗျာ..။ ကျွန်တော်ရယ်၊ ကျွန်တော့်ညီမလေးရယ်
ဖရဲခင်းသွားစောင့်တာလေ...။ ကျွန်တော်တို့နောက်ကိုမိဖြူလေးပါလာတာမသိဘူး...အိမ်မှာနေခဲ့တာပဲထင်
တာ။သူက ကျွန်တော်တို့မသိအောင်ပုန်းလိုက်လာတာ...။တောရောက်မှသိတာ...။ကျွန်တော်တို့မောင်နှစ်မ
လည်း တဲ ထည်းမှာပဲစာဖတ်လိုက် ၊ လူတွေလာရင်ထကြည့်လိုက်နဲ့ တော်တော်အချိန်ကုန်သွားတယ်...။
နေ့လည်(၂)နာရီခွဲ(၃)နာရီလောက်မှာ မြောက်ဘက် ရွာထဲကခွေးရူး၊ ခွေးရူး ဆိုတဲ့အသံ ကျွန်တော်ကြားလို
က်ပါတယ်။(ကျွန်တော်တို့တောက သူတို့ရွာနဲ့သိပ်မဝေးဘူးဗျ)။ အဲဒါနဲ့ကျွန်တော်လည်း ဟုတ်မဟုတ် သစ်ပ
င်ပေါ်ကနေတက်ကြည့်တော့ မိဖြူနဲ့တစ်ပုံစံတည်း ခွေးဖြူတစ်ကောင် ကျွန်တော်တို့ဆီကို ဦးတည်ပြေးလာ
နေပါတယ်...။အဲဒီမှ ကျွန်တော်လည်းညီမလေးကိုသစ်ပင်ပေါ်တင်ပေးလိုက်ပါတယ်...။ ကျွန်တော်ကတော့
အောက်မှာပဲဗျ...ခွေးကအနီးအနားရောက်တဲ့အချိန်ထိကိုကြောက်လန့်ပြီးမတက်နိုင်ပဲရှိနေပါတယ်...။ ညီမ
လေးကတော့ ကြောက်လန့်ပြီးငိုနေတာ..။ ခွေးရူးက ကျနော်ကိုတိုက်မိပြီး ကိုက်မယ်လုပ်မှ မိဖြူကဘယ်က
ထွက်လာမှန်းမသိပဲ...။လုံးထွေးပြီးကိုက်တော့တာပဲ...။ကျွန်တော်လည်းသစ်ပင်ပေါ်တက်ပြေးတာပေါ့....။
ခွေးရူးကို မိဖြူကိုက်လိုက်တာ လည်ပင်းကြီးစုတ်ပြဲပြီး မပြေးနိုင်တော့ပါဘူး...။မိဖြူလေးလည်း အကိုက်ခံလို
က်ရပါတယ်..။နဲနဲပါ။ ခွေးရူးလိုက်သတ်တဲ့လူတွေရောက်လာမှ မပြေးနိုင်တဲ့ခွေးရူးကိုသတ်လိုက်တာပေါ့...
။တော်သေးတယ် ဒီကလေးတွေ သူတို့ခွေးလေးသာပါမလာရင် ဟောဒီကောင်လေးခွေးရူးကိုက်ခံရပြီ...မင်း
ခွေးလေးကိုကျေးဇူးတင်ကြားလား...။ကျွန်တော်တို့လည်းမိုးချုပ်တော့ အိမ်ကိုပြန်ခဲ့ကြတာပေါ့...။မိဖြူလေး
အရင်လိုမတက်ကြွတော့ပါဘူး...ခေါင်းလေး ငိုက်စိုက်စိုက်နဲ့ လိုက်လာပါတယ်...။အိမ်ကိုရောက်တော့ကျွန်
တော်တို့မောင်နှစ်မလည်း ငိုပြီးပြောတော့တာပေါ့...။အဲဒီကျမှ မိဘတွေကစိုးရိမ်သွားပြီ မိဖြူလေးနားကိုမ
ကပ်ခိုင်းတော့ပါဘူး..။သူ့အခြေအနေကိုစောင့်ကြည့်နေကြတာ...အဲဒီအချိန်ထိ မိဖြူလေး ဟန်မပျက်ပါပဲ...
အဲဒီတော့မှ ကျွန်တော်တို့အားလုံးအိပ်ကြတာပေါ့...။ မနက်အိပ်ယာကနိုးတဲ့အချိန်မှာတော့ မိဖြူလေးအိမ်မှ
ာမတွေ့ရတော့ပါဘူး...။အိမ်ကလူတွေကိုလည်းဒုက္ခပေးမသွားပါဘူး...။မိဖြူလေးက ကျွန်တော်ခွေးရူးအကို
က်မခံရအောင်ကာကွယ်ပေးခဲ့တယ်ဆိုရင်လည်း မမှားပါဘူး..။ တစ်အိမ်လုံး စိတ်မကောင်းဖြစ်ကုန်တော့တ
ာပေါ့ဗျာ...။အဲဒီအချိန်ကစပြီးမိဖြူလေးကိုမတွေ့ရတော့တာပါ..။ ဂျောင်ဘိုလေးလည်း အဖော်ပျောက်ပြီးတ
မှိုင်မှိုင်နဲ့ အိမ်မှာပဲအမြဲနေတော့တယ်...။တောကိုလည်းမလိုက်တော့ပါဘူး...။ မိဖြူလေးက အိမ်ကို(၂)နှစ်
လောက်နေသွားတဲ့ ဧည့်သည်လိုပါပဲ...။ကျွန်တော်တို့မောင်နှစ်မ စိတ်မကောင်းဖြစ်ပြီး အမြဲငိုနေတော့ အဖေ
ကဆုံးမပါတယ်...။ သားနဲ့သမီး လူ့ဘ၀ဆိုတာဒီလိုပဲ တွေ့ကြုံဆုံကွဲတဲ့....နောက်ဆိုရင် လူပဲဖြစ်ဖြစ်၊ တိ
ရစ္ဆာန်ပဲဖြစ်ဖြစ် အဲလောက်သံယောဇဉ်မထားနဲ့အခုသားတို့ သမီးတို့ခံစားနေရပြီလေ...။ ဟုတ်ပါတယ်အဖေ
ဒါပေမဲ့ မိဖြူလေးက အိမ်ကိုခဏလာတဲ့ ဧည့်သည်လိုပဲနော်...။ ငါ့သားကြီးလာရင်သိမှာ လူတွေအားလုံးက
လည်းလူ့ပြည်ကိုခဏလာတဲ့ဧည့်သည်တွေကြည့်ပဲကွ...။ဟုတ်ကဲ့ပါအဖေရာလို့သာပြောလိုက်ရတယ်... ကျွ
န်တော်ဘာမှနားမလည်လိုက်ဘူးလေ..။ အခုမှကျွန်တော့် အဖေပြောတဲ့စကားတွေကို သဘောပေါက်ပါေ
တာ့တယ်...။ အခုချိန်ထိတော့ မိဖြူနဲ့ ဂျောင်ဘိုလို လိမ္မာတဲ့ခွေးလေးတွေ တစ်ခါမှမတွေ့ရတော့ပါဘူး..။
သြော်...အခုတော့လည်း အရာရာတိုင်းက အသစ်တွေလိုကြည့်ပါပဲလားဗျာ...။
(ဒီပို့စ်ကလေးကို ကျွန်တော်သတိရလို့ ရေးမိတာပါ...ဗဟုသုတရမယ်လို့တော့မထင်မိပါဘူး...။ဤပို့စ်လေး
ကိုဖတ်ပြီး ရသ တစ်ခုခု ရင်ထဲမှာကျန်ခဲ့မယ်ဆိုရင်တော့ အပျော်ဆုံးလူက ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်..။)
သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ...
အကောင်းအဆိုး ၊ အကြောင်းအကျိုး တွေကိုဝေဖန် အကြံပြုချင်တယ်ဆိုရင်တော့ စီဘောက်မှာအော်ခဲ့အုံး
နော်...။
ရာဇာ(ကျေးတောသားလေး)
26.2.2011






Friday, February 25, 2011

လက်ပံပင်တမ်းချင်း


ကျွန်တော်တို့အညာဒေသမှာလက်ပံပင်ကရွာတိုင်းနီးပါးရှိကြတယ်ဗျ...။အခုလိုချိန်ဆိုရင်တော့လက်ပံပွင့်ေ
တွနီရဲနေအောင်ပွင့်နေတဲ့အချိန်ပေါ့...။ရွာထဲမှာတော့လက်ပံပင်ကိုစိုက်ပျိုးထားတာတစ်ခါမှကျွန်တော်မေ
တွေ့ဖူးပါဘူး...။လက်ပံပင်တွေက ရွာအပြင်တွေမှာပဲရှိတာပါ...။လက်ပံပင်က အပင်ကြီးအမျိုးအစားဗျ...ေ
တ်ာတော်မြင့်တယ်...ပင်စည်ကတုတ်တယ်...အကိုင်းအခက်အလက်တွေများတယ်ကွေ့ကောက်နေတာပဲ။

အညာဒေသမှာအဲလိုမျိုးလက်ပံပင်တွေပေါများပေမဲ့ ကျွန်တော်တို့ရွာလေးကတော့ ချွင်းချက်အနေနဲ့လက်ပံ
ပင်ရှားတယ်ဗျ...။ကျွန်တော်တို့ရွာရဲ့ တောင်ဘက်ခပ်လှမ်းလှမ်းမှာ တစ်ပင်၊ မြောက်ဘက်ခပ်လှမ်းလှမ်းမှာ
တစ်ပင်၊ အရှေ့တောင်ရပ် ခပ်လှမ်းလှမ်းမှာတစ်ပင် အားလုံးပေါင်းသုံးပင်ပဲရှိတာဗျ...။
ရွာ့အပြင်ထွက်လို့တောင်ဘက်ဆီကိုမျှော်ကြည့်လိုက်ရင်နီနီရဲရဲလက်ပံပင်ကြီးကိုမြင်ရပါတယ်...။မြောက်
ဘက်ကိုမျှော်ကြည့်လိုက်ပြန်ရင်လည်းလက်ပံပင်ကြီးနီရဲနေတာကိုတွေ့ရပြန်ပါတယ်။အညာဒေသရဲ့ဒေသ
ဆောင်းသရုပ်က ခြောက်ခြောက်ခမ်းခမ်းနိုင်လှပါတယ်...။ရဲရဲနီနေတဲ့လက်ပံပင်တွေကိုမြင်ရရင်တော့အရမ်
းပျော်ရတာပေါ့...။ဘာလို့ပျော်တာလဲဆိုရင် ဆောင်းကုန်လို့ ပွင့်လင်းရာသီနွေကိုကူးတော့မယ်လေ...။နော
က်ပြီး ကလေးတွေလည်း ပျော်ကြတယ်လေ...။ဘာလို့လဲဆိုတော့ သူတို့တစ်နှစ်တာကျက်မှတ်ထားရတဲ့စာ
တွေစစ်ဆေးတော့မဲ့အချိန်ရောက်လို့ပါပဲ။အဲဒါဖြေပြီးရင်တော့သူတို့တွေလည်းနွေရာသီကျောင်းပိတ်ရက် ကို
ရောက်ပြီလေ...။လက်ပံပွင့် ကြွေကျတာကို မပျော်တဲ့သူများကတော့ ခွေးလေးတွေပါပဲ...။ဘာလို့လည်း
ဆိုတော့ ခွေးတွေက လက်ပံပွင့်ကိုစားရင် ရူးတယ်လို့ပြောကြပါတယ်...။ကျွန်တော်တို့ကလေးဘ၀ကဆိုရ
င်တော့လက်ပံတွေပွင့်ပြီဆိုတာနဲ့ “ လက်ပံပွင့်ချိန် ခွေးရူးချိန်“ဆိုပြီး အော်အော်ပြေးကြပါတယ်...။လူၾကီးေ
တွကလည်းမှာထားတာဗျ...။ အမြီးကုတ်ပြီး လျှာတန်း နဲ့ခွေးတွေ့ရင်ရှောင်နေတဲ့ဗျ...အဲဒါခွေးရူးမို့တဲ့...။
အဲလိုပြောထားတော့ ကျွန်တော်တို့လည်း ခွေးမြင်ရင်ကြောက်လန့်နေရတာပါ...။ခွေးကောင်းလား၊ ခွေးရူး
လား ဆိုတာအဝေးကနေပြီး လှမ်းသုံးသတ်ပြီးမှသွားရတာပါ...။







လက်ပံပွင့်ကြွေချိန်ရောက်ပြီဆိုရင်တော့ရွာမှာရှိတဲ့အပျိုတွေ၊အအိုတွေလက်ပံပွင့်ကောက်သွားဖို့ပြင်ဆင်နေ
ကြပါတယ်...။ဘယ်သူရေ...ဘယ်ဝါ...ရေလက်ပံပွင့်သွားကောက်မလို့...လိုက်ကြအုံးမလားဆိုပြီးအော်ဟစ်
နေကြပါသည်...။
“လာဟေ့ဒွါး
သွားကောက်ချည်စို့
ပွင့်ခြောက်ကယ်အနားလန်
ပင်လက်ပန်ကြွေချိန်ကြပြီမို့“ ဆိုတဲ့ကဗျာလေးအတိုင်းပါပဲ...။ ထန်းခေါက်တောင်းလေးတွေ ချိုင်းကြားညှပ်
ပြီးသူတို့လက်ပံသွားကောက်မယ်ဆိုတာကို လိုက်ပြီးအဖော်ဆပ်နေကြပါတယ်...။

သူငယ်ချင်းတို့လက်ပံပွင့်ကြွေတာမြင်ဖူးချင်မှမြင်ဖူးကြပါလိမ့်မည်...မြင်ဖူးချင်လည်းမြင်ဖူးပါလိမ့်မည်...။မမြင်
ဖူးသေးတဲ့သူငယ်ချင်းတို့အတွက် အနည်းငယ်ဖောက်သည်ချအုံးမယ်နော်...။ လက်ပံပွင့်က ကြွေတဲ့အ
ခါမှာအရမ်းလှတာဗျ...။အပေါ်ကနေပြုတ်ကျလာတဲ့ အပွင့်လေးက မြေပေါ်ကိုမရောက်မချင်းစင်္ကြာလေးလ
ည်နေသလို လည်ခါလည်ခါနဲ့ကြတာဗျ...။ကျွန်တော်တို့ကလေးတွေကတော့အပင်ပေါ်ကကျလာတဲ့လက်ပံ
ပွင့်လေးကိုမြေပေါ်မရောက်ခင်..အလုအယက်လိုက်ဖမ်းတာ..။ပျော်စရာအရမ်းကောင်းတယ်ဗျ...။
လက်ပံပွင့်ရဲရဲလေးတွေ

ပိုးအိစံ ဆိုထားတဲ့
“လက်ပံပွင့်တွေxxx လေတိုက်ကြွေလိုက်တဲ့အခါxxx တ၀ဲတ၀ဲလွင့်ကြွေနေသည်မပါ....သြော်xxxချစ်စရာ
ချစ်စရာ မြင်ရပါလေဦးတော့မည်...ရိုးတံတွေကျဲ နေပူထဲလည်း xxxရွှေညာသူပျိုဖြူချော“ဆိုတဲ့သီချင်းလေး
က နေပူပူမှာကြွေကျလာတဲ့လက်ပံပွင့်ရဲ့အလှနဲ့အညာကအပျိုလေးတွေရဲ့အလှအပလေးတွေကိုခံစားပုံဖေ
ာ်ထားတာပါ...။


“လက်ပံပင် ဆက်ရက်ကျ“ ဆိုတဲ့ပုံခိုင်းလေးကိုကြားဖူးကြမှာပေါ့...အဲဒီအဓိပ္ပါယ်က...လက်ပံပင်ကြီးကအ
ရမ်းကြီးတော့လက်ပံပင်ပေါ်မှာ ငှက်ကျေးသာရကာ တွေကများတော့ သဘာဝအရ ငှက်ကလေးတွေရဲ့အေ
ာ်သံတွေစုပေါင်းသွားတော့ ညံနေတာလေ...။အဲဒါကို လက်ပံပင် ဆက်ရက်ကျတယ်လို့ပြောတာပါ...။
“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားရ“တယ်ဆိုတဲ့စကားအရ လက်ပံပင်က သစ်ပင်ကောင်းလို့ငှက်ေ
တွလာနားတာဖြစ်မှာ...။ကျွန်တော်ကတော့ လက်ပံပင်ပေါ်ကဆူနေတဲ့ငှက်ကလေးတွေးကို နားငြီးတယ်လို့
မထင်မိသလို မုန်းလည်းမမုန်းမိပါဘူး...။ဘာလို့လည်းဆိုတော့ သူတို့က သတို့နားခိုနေတဲ့နေရာက ပျော်ရွှ
င်စရာကောင်းလို့ သူတို့ဘာသာဘာဝ သီချင်းသီဆို တွန်ကျူးနေတဲ့အသံလို့ပဲထင်မိတယ်...။

ကျွန်တော်တို့အညာမှာတော့လက်ပံပွင့်ကိုဟင်းချက်စားကြတာဗျ...။လက်ပံပွင့်က ပွင့်ဖတ်လေးတွေကိုချွေ
ပစ်ပြီးအူတိုင်(အရိုး) ကိုဟင်းချက်စားတာပါ...။ ပုန်းရည်ကြီး၊၀က်သားနဲ့ လက်ပံခေါင်းချက်ထားရင် အရမ်းစ
ားလို့ကောင်းပါတယ်...။အခြောက်ခံထားပြီး မိုးတွင်းစာအဖြစ်လည်းအိုးတွေထဲထည့်ပြီးသိမ်းဆည်းထားကြပါ
သေးတယ်...။နောက်တစ်ခုက လက်ပံသီးကရတဲ့ လက်ပံမှို့ကို ခေါင်းအုံးထဲမှာထည့်ပြီး ခေါင်းအုံးချုပ်ကြပါ
သေးတယ်...။နောက်ပြီး လဲမှို့ကိုလည်း အုံးပြုကြပါတယ်...။ခေါင်းအုံးချုပ်တဲ့နေရာမှာတော့အယူတစ်ခုရှိတ
ယ်ဗျ...။အပျိုလေးတွေနဲ့ သွေးမဆုံးသေးတဲ့ မိန်းမတွေကမချုပ်ရပါဘူး...ကလေးမရဘူးလို့အယူရှိလို့ပါ....
အဲဒါကြောင့်အဖွားကြီးတွေကချုပ်ကြပါတယ်...။နောက်တစ်ခုက(ဗဟုသုတအနေနဲ့ပါ...ကျွန်တော်တို့ဆီမှာ
ထမင်းအိုးမွှေတဲ့ယောင်းမကို လူပျို ၊လူလတ်တွေ လုပ်လို့မရပါဘူး...။ယောင်းမလုပ်ချင်တယ်ဆိုရင်အသက်
အရွယ်ကြီးတဲ့ အဖိုးကြီးတွေပဲခုတ်ကြတာပါ...)။ အဲဒီမှို့နဲ့ လုပ်ထားတဲ့ခေါင်းအုံးက အိစပ်ညှပ်ညောပြီးအသုံး
ပြုရတာ အရမ်းကောင်းပါတယ်...။ အခုခေတ်မှာတော့ အလွယ်တကူ (Ready Made) တွေကိုအသုံးပြုနေ
ကြပါပြီ...။ဓလေ့တစ်ခု ပျောက်သွားမှာကိုတော့ ကျွန်တော်အရမ်းနှမြော မိပါတယ်ဗျာ...။လက္ပံ္ပြင့္နီနီရဲရဲေ
လးတွေ၊ လက်ပံပွင့်ဟင်းလေးတွေ၊ လက်ပံပင်ပေါ်က ဆက်ရက် (ငှက်ကျေးလေးတွေ
ရဲ့တီတီတာတာသီချင်းဆိုသံလေးတွေ)အသံလေးတွေကိုမကြားရ၊မမြင်ရ၊ မတွေ့ရတာ တော်တော်ကြာလှ
ပါပြီ...။ လွမ်းလိုက်တာမွေးရပ်အညာရယ်.........................။
လက်ပံပင် ပို့စ်လေးကိုဖတ်လို့ ဗဟုသုတ အနည်းငယ်ရသွားမယ်ဆိုရင် အပျော်ဆုံးလူကကျွန်တော်ပဲဖြစ်
မှာပါ...။သူငယ်ချင်းတို့ရဲ့အားပေးမှုက ကျွန်တော်ရဲ့ရှေ့ဆက်ရမဲ့ အားဆေးပါပဲ....။
အဆိုး၊ အကောင်း အကျိုးအကြောင်းကို ဝေဖန် အကြံပေးချင်တယ်ဆိုရင်တော့ စီဘောက်မှာအော်သွားကြ
အုံးနော်...။
စာဖတ်ပရိတ်သတ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်...။
ရာဇာ(ကျေးတောသားလေး)
25.2.2011


ဆီးဖြူပင်(သို့)ဆီဖြူသီး၏အသုံးဝင်ပုံ


ကွမ်းတောင်ကိုင်နှင့်အညာအလှူဆိုတဲ့ပို့စ်ကတော်တော်ရှည်သွားပါတယ်... အဲဒီတော့သူငယ်ချင်းတို့လည်
းတော်တော်လေးအီသွားမယ်ထင်ပါတယ်...။အဲဒီတော့ အအီပြေသွားရအောင်ဆီးဖြူပင်နဲ့မိတ်ဆက်ပေးမယ်
ဗျာ...။ဖတ်ကြည့်ကြပါအုံး။
အသီးသီးနေတဲ့ဆီးဖြူပင်လေး

ဆီးဖြူပင်ကိုလူတိုင်းမြင်ဖူးကြလိမ့်မည်မဟုတ်ပေ...။ ဇီးဖြူပင်သည်အပင်မြင့်အမျိုးအစားတွင်ပါရှိသည်
...။ကျွန်တော်တို့အညာဒေသတွင် ဆီးဖြူပင်များကိုတွေ့ရှိရပေသည်..။ဆီးဖြူပင်၏အသီးသီးပုံမှာအဖျားအ
ကိုင်းများတွင်လိုက်၍သီးလေ့ရှိသည်..။ဆီးဖြူသီးများသည် သီတင်းကျွတ်၊တန်ဆောင်မုန်းလများတွင်ရင့်ေ
လ့ရှိပါသည်..။ကျွန်တော် ဆီးဖြူသီး၏အသုံးဝင်ပုံကို အနည်းငယ်ရှင်းပြချင်ပါသည်...။

ဆီးဖြူပင်အကြောင်းပြန်ပြောရမည်ဆိုလျှုင်...ကျွန်တော်ငယ်စဉ်ကဘုန်းကြီးကျောင်းတွင်ပညာသင်ကြား
ခဲ့တဲ့အချိန်ကပေါ့..။ကျွန်တော်တို့ ဘုန်းကြီးကျောင်းရဲ့ အနောက်စည်းရိုးမှာ ဆီးဖြူပင်သုံးပင် တန်းစီစိုက်ထ
ားပါတယ်..။အဲဒီဘေးမှာတော့ သစ်ချိုပင်နဲ့ဇီးပင် နှစ်ပင်လည်းရှိပါသေးတယ်...။ဆီးဖြူသီးငယ်လေးတွေသီး
တဲ့အချိန်ရောက်ပြီဆိုရင်တော့ ကျောင်းသားတွေအချင်းချင်းလက်တို့ပြီး ဆီးဖြူသီး သီးလာပြီ..ငါတို့စားရေ
တာ့မယ်မကြာတော့ဘူးကွ...။အေးဟုတ်တယ်ကွ..ငါတော့မြန်မြန်ကြီးစေချင်နေပြီ...။ကျွန်တော်တို့ကလေး
အဖွဲ့ကဆီးဖြူပင်ကိုပဲ မျက်စောင်းထိုးနေကျပါတယ်...။ ကျွန်တော်တို့ရဲ့ဘုန်းကြီးကအရမ်းကိုမှစည်းစနစ်က
ျလှပါတယ်...။ငဖြူ၊ငမဲ မခွဲပဲ အားလုံးကိုတန်းတူအုပ်ချုပ်ပါတယ်...။ကျွန်တော်တို့သွားတက်တဲ့ဘုန်းကြီးေ
ကျာင်းက ကျွန်တော်တို့ရွာရဲ့မြောက်ဘက်တစ်မိုင်သာသာလောက်မှာရှိတဲ့ နံ့သာမြိုင်ရွာကဘုန်းကြီးကျောင်
းပါ...။ဘုန်းတော်ကြီးသင် အစိုးရမူလတန်းကျောင်းပေါ့...။ကျွန်တော်တို့ရွာကအလယ်တန်းကျောင်းထိရှိပါ
တယ်...ဒါပေမဲ့ ကျွန်တော်တို့က ဘုန်းကြီးကျောင်းမှာလေးတန်းအောင်တဲ့အထိသွားတက်ခဲ့ပါတယ်။လောကီပ
ညာတွင်မဟုတ်ပဲ ၊ ဘုန်းကြီးက လောကုတ္တရာပညာဖြစ်တဲ့ သမ္မတဆယ်စောင်တွဲ၊ လောကနီတိပါ
ပါတယ်...။မနက်ဆိုရင်လည်း(၇)နာရီအရောက် ဘုန်းကြီးကျောင်းကိုသွားရပါတယ်...။ပထမဆုံး ဘုရားရှိခိုး
ရပါတယ်...။ဘုရားရှိခိုးပြီးပြီဆိုရင်တော့ ဘုန်းကြီးကျောင်းဝိုင်းနဲ့ ဘုန်းကြီးကျောင်းဘေးကလမ်းတွေရော၊ဘု
ရားဝိုင်းထဲပါ..သန့်ရှင်းရေးလုပ်ရပါတယ်...။နောက်ကျရင်ရိုက်တာပါ...။အဲလောက်တောင်စည်းကမ်းကြီးတဲ့
ဘုန်းကြီးပါ...။ကျောင်းဝိုင်းထဲစိုက်ထားတဲ့ သရက်ပင်တွေမှည့်ချိန်ဆို ကျောင်းသားအားလုံးတန်းစီခိုင်းပြီးတ
စ်ယောက်ကိုသုံးလုံစီဝေပါတယ်...။ ဘုန်းကြီးကျောင်းဝိုင်းထဲမှာရှိတဲ့ အပင်တွေ သပြေပင်၊ဇီးပင်၊စောင်းခါး
သီး(ဆန်းဝါးသီး) ၊ဆီးဖြူသီး၊ သစ်ချိုသီး စတဲ့အသီးတွေကို သင့်တော်သလိုတန်းစီပြီးဝေေ၀ပေးတာပါ...။
စည်းကမ်းတစ်ခုတော့ထုတ်တားတယ်လေ... သရက်သီးလေကြွေလို့ပဲဖြစ်ဖြစ် ၊ ရှဥ့်ကိုက်လို့ပဲဖြစ်ဖြစ် ကြွေ
ကြလို့သွားကောက်ရင် ကိုယ်တိုင်မယူရပါဘူး ..ဘုန်းကြီးကိုသွားအပ်ရတာပါ...။ဘုန်းကြီးကစွန့်မှယူရတာပါ
...။

တစ်ခါတော့ ဘုန်းကြီးက အမိန့်ထုတ်လိုက်ပါတယ်...။ဆီးဖြူပင်အောက်မသွားရဘူး..။သွားတဲ့သူ
အရိုက်ခံရမယ်ဆိုပြီးတော့ပေါ့...။တားရတဲ့အကြောင်းအရင်းကဒီလိုပါ... တစ်ရက်ကဘုန်းကြီးကျောင်းသား
လေးနှစ်ယောက် ဆီးဖြူသီးရင့်တဲ့အချိန်ဆိုတော့ ဆီးဖြူသီးကို အောက်ကနေ ခဲ တို့ ဒုတ် တို့နဲ့ပစ်ပါတယ်.
...တစ်ယောက်ကပစ်လိုက်တဲ့အသီးကို တစ်ယောက်ကသွားကောက်ပါတယ်...။ကောက်နေတုန်း နောက်
တစ်ခါထပ်ပစ်လိုက်တာ ကောက်နေတဲ့သူရဲ့ခေါင်းပေါ်ကိုကျတာ သုံးချက်တောင်သွားချုပ်လိုက်ရတယ်လေ
...။အဲဒါကြောင့် ကျောင်းသားတိုင်း ဆီးဖြူပင်အောက်မသွားရဘူးလို့ အမိန့်ထုတ်တာပါ...။ကျွန်တော်တို့က
လေးတွေဆိုတာ မလုပ်နဲ့ဆိုတာကို ပိုပြီးလုပ်ချင်ကျတာဆိုတော့...။ဘုန်းကြီးတားတဲ့ကြားထဲကနေပဲ ဘုန်း
ကြီးမသိအောင် ရွာထဲမုန့်ဝယ်သွားသလိုနဲ့ ကောင်လေးသူငယ်ချင်းနှစ်ယောက်၊ကောင်မလေးသူငယ်ချင်း
နှစ်ယောက် ကျွန်တော်တို့ ငါးယောက် ထွက်သွားကြပါတယ်...။ဆီးဖြူပင်နားရောက်တော့ ဘုန်းကြီးမှာတာ
တွေ ဂရုမစိုက်တော့ဘူးလေ...။ကျွန်တော်သူငယ်ချင်းနှစ်ယောက်က ဒုတ်နဲ့ပစ်တာ လက်ကလည်းတည့်ေ
တာ့ ဆီးဖြူသီးတွေ ကြွေကျလာပုံက ဖွားခနဲဆိုပြီးကျလာပါတယ်...ကျွန်တော်တို့ငါးယောက်လည်းအသ
ည်းအသန်ကောက်နေတုန်း...။ကိုရင်တစ်ပါးရောက်လာပြီး မင်းတို့ ငါးယောက်ဘုန်းကြီးကခေါ်ခိုင်းလို့လိုက်
ခဲ့ပါတဲ့...။ကျွန်တော်တို့လည်း ကောက်ပြီးသားဆီးဖြူသီးတွေယူပြီး..လိုက်သွားရတာပေါ့...။ဘုန်းကြီးရှေ့လ
ည်းရောက်ရော ဆီးဖြူသီးတွေ အားလုံးစုပုံတဲ့... ဘုန်းကြီးကပြောလိုက်တော့ ကျွန်တော်တို့လည်း စုပုံလိုက်
တာ (၄)ပြည်သားလောက်ရတယ်ဗျ...။ကိုင်း...မင်းတို့ကို ဘုန်းဘုန်းဘာပြောထားလဲ... ဆီးဖြူပင်နားကိုငါ
ကသွားခိုင်းလား...။မသွားခိုင်းပါဘူးဘုရား...။ဒါဆိုမင်းတို့ဘာလို့ငါပြောတာကိုနားမထောင်ရတာတုန်း...မင်း
တို့ကိုဘာကြောင့်မသွားခိုင်းတယ်ဆိုတာရောသိလား...။ကျွန်တော်သူငယ်ချင်း ခပ်ရွတ်ရွတ်တစ်ယောက်က
ဘုန်းဘုန်းက နှမြောလို့မသွားခိုင်းတာထင်ပါတယ်ဘုရား...ဘုန်းဘုန်းမျက်လုံးပြူးသွားပါတယ်...စိတ်လည်း
တော်တော် တိုသွားပုံရပါတယ်...။ကိုင်း...မင်းတို့ရော သိကြလား...မသိပါဘူး...ဘုရား...။အေး...မသိရင်အ
ကုန်လာ... ဒီနားမှာ ၀မ်းလျားမှောက်ဆိုပြီး ကျိန်တုတ် နဲ့ တစ်ယောက်နှစ်ချက်စီဆော်ပလော်တီးပါတယ်...
။ရိုက်ပြီးမှ မင်းတို့ကိုမသွားခိုင်းတာ ငါနှမြောလို့မဟုတ်ဘူး...။အန္တရာယ်များလို့ကွ သိပြီလား...။တင်းပါဘု
ရား...။အေး...ဒါဆိုသွားကြ...။နောက်ဆီးဖြူပင်အောက်သွားအုံးမလား...။မသွားတော့ပါဘူး ဘုရား...။အေး.
..ဒါဆို မင်းတို့ဆီးဖြူသီးတွေယူသွားကြ...အိမ်ရောက်ရင် အမေတို့ကိုပေးလိုက်ကြားလား...တင်းပါဘုရား
....။
ဆီးဖြူသီးများ

အိမ်ကိုရောက်တော့ “အမေ ဒီမှာဆီးဖြူသီးတွေပါတယ်ဗျ... အေးအေး...ထားလိုက်အဲနားပြီးမှပြုတ်တ
ာပေါ့...။“ ကျွန်တော်လည်းထားလိုက်ပါတယ်...။ညပိုင်းရောက်တော့ အမေဆီးဖြူသီးတွေပြုတ်ထားပါတယ်
...။အမေ ဆီးဖြူသီးတွေ ပြုတ်ပြီးဘာလုပ်မလို့တုန်း...။ အကုန်ပြုတ်လိုက်ပြီလား ကျုပ်အစိမ်းစားဖို့ချန်အုံးဗျ
...။အေးပါ...ကျန်တယ် အများကြီးပဲ...။အခုပြုတ်တာက ဆီးဖြူသီးသေနတ်လုပ်မလို့လေ...။ ဆီးဖြူသီးသေ
နတ်ဆိုတာ ဘယ်လိုဟာလဲအမေရ...။လုပ်ပြီးမှကျွေးမယ် ...အခုမမေးတော့နဲ့ငါဖြေလည်းမင်းသိမှာမဟုတ်
ဘူး...။သီးဖြူသီးအစိမ်းလိုစားမကောင်းရင်တော့နှမြောစရာကြီးအမေရာ...။နင်ဝေးဝေးသွားတော့...ကြာရင်
ရိုက်မိလိမ့်မယ်...သွား...ဝေး....ဝေး.....။ကျွန်တော်ထလိုက်လာပါတယ်...။အမေကတော့ဆီးဖြူသီးသေန
တ်လုပ်နေပါတယ်...။(ဆီးဖြူသီးသေနတ်ဆိုတာ ဆီးဖြူသီးကိုပြုတ် ...ပြုတ်လို့ အိသွားပြီဆိုရင် ..ရေအေး
နဲ့စိမ်...ပြီးရင် ဆီးဖြူသီးထဲမှာပါတဲ့အစေ့ကိုထုတ်...ပြီးရင်းတော့ ငရုတ်စုံနဲ့ထောင်း.. ဆားလေးနယ်ပြီး အင်
တုံသန့်သန့်လေးထဲမှာ ထည့်ပြီး ...ပြောင်းဖူးဖက်လေးအုပ်ထားပါ...။နပ်အိသွားပြီဆိုရင်တော့ ငရုတ်သီးစိမ်း
လေးကိုနုတ်နုတ်လှီး ၊ကြက်သွန်အစိမ်းကိုလည်း နုတ်နုတ်လှီး ပြီးသုပ်...ငါးပိကြော်နဲ့တွဲစား...။အရမ်းစား
လို့ကောင်းတဲ့ အရာပါပဲ...။(ဖက်ဆိုတာက ပြောင်းဖူးအပေါ်မှ အခွံကို အခြောက်ခံထားတဲ့ဟာ)။နောက်တစ်
မျိုးက ဆီးဖြူသီးအစိမ်းကို ဓါးနဲ့လှီးပြီး ၀က်သားနဲ့ချက်စားရင်လည်းကောင်းပါတယ်။ နောက်ထပ်အသုံးဝင်
တာတစ်ခုကတော့ ကျွန်တော်တို့လို တောင်သူ၊ လယ်သမားတွေအတွက် ပိုပြီးအသုံးဝင်ပါတယ်...။စပါးရိတ်မဲ့ အကွက်ကို ဆီးဖြူသီးအရင်ကြိုပြီး ပက်ထားရင် မြွေမရှိဘူးလို့ ပြောကြပါတယ်...။ကျွန်တော်တို့
အိမ်လည်း အခုချိန်ထိ..စပါးရိတ်တော့မယ်ဆိုရင် ဆီးဖြူသီးကို အရင်ရှားထားပြီး ရိတ်မဲ့မနက်မှာအစောဆုံး
ပက်ထားလိုက်ပါတယ်...။ ကျွန်တော်တို့ စပါးရိတ်တိုင်း ဘယ်တုန်းကမှ မြွေဆိုးမတွေ့ဖူးပါဘူး...။ကိုယ်တွေ့ပါ...။ယုံတယ်ဆိုရင်တော့ စမ်းလုပ်ကြည့်ကြပေါ့ဗျာ...။ ကျွန်တော်ငယ်ငယ်က အရိုက်ခံပြီး ရလာတဲ့ဆီးဖြူသီးကို အမေက ဆီးဖြူသီးသေနတ်လုပ်ပြီးကျွေးခဲ့တာပါ...။အဲဒီကတည်းကကြိုက်တာ အခုထိပါ
ပဲ...။ ငါးပိကြော်နဲ့ ဆီးဖြူသီးသေနတ် ဝေးနေတာကြာပါပြီဗျာ...။ အညာပြန်ရောက်ရင်တော့ အ၀တွယ်ပစ်
မယ်ဗျာ...။သူငယ်ချင်းတို့လည်း စားချင်ရင် လာခဲ့ကျဗျာ...။
ဒီ ဆီးဖြူပင် ပို့စ်ကလေးမှ ဗဟုသုတ အနည်းငယ်ရတယ်ဆိုရင်...အပျော်ဆုံးလူက ကျွန်တော်ပဲဖြစ်မှာပါဗျ
ာ...။သူငယ်ချင်းအားလုံး ဝေဖန် အကြံပေးချင်တော့ စီဘောက်မှာ အော်ခဲ့ကျနော်...။
အားလုံးကိုကျေးဇူးတင်ပါတယ်...။
ရာဇာ(ကျေးတောသားလေး)
25.2.2011

Thursday, February 24, 2011

ကွမ်းတောင်ကိုင် နှင့် အညာအလှူ(၇)


မနက်ရောက်တော့တစ်ရွာလုံးမှာရှိတဲ့ အမျိုးသမီးတွေပြင်ကြဆင်ကြနဲ့   ယောက်ယတ်ကိုခတ်နေတာပါပဲ။
“ဟဲ့...မိဆုံရေချိုးတော့လေ...သနပ်ခါးသွားလိမ်းရအောင်...။ ပြီးမှချိုးတော့မယ်အမေရယ်..အခု..ငွေမှုံပြင်
နေတယ်တော့...။သြော်..အေး..အဲဒါဆိုပြီးရင်ချိုးလိုက်...ချိုးပြီးတာနဲ့တစ်ခါတည်း  အလှည့်ဝတ်မဲ့အကျီကို
ဝတ်ထားဆံထုံးထုံးပြီးမှဆိုအဆင်မပြေဘူး...။အင်းပါအမေရယ်စိတ်ချပါ။  အခုရေမချိုးခင်ငွေမှုံကိုသွားကြ
ည့်လိုက်အုံးမယ်အမေ...။အေးအေး...သွားကြည့်...။ဟယ်...ငွေမှုံလှလိုက်တာအေ...မိဆုံပြောလိုက်ပါသည်..
.။ဒါနဲ့ညီးပြီးတော့မှာလား။အေးပြီးတော့မယ်အေ့...ဆံထုံးထုံးရုံပဲကျန်တော့တယ်။အေး..အဲဒါဆိုငါအိမ်ပြန်ပြီး
ရေချိုးတော့မယ်..ပြီးတာနဲ့အားလုံးယူပြီးလာခဲ့မယ်..။ငွေမှုံပြင်ဆင်ပြီးတော့ဆံထုံးကိုသေချာပြင်ပေးနေပါတ
ယ်...ပန်းကဘယ်နှစ်ပွင့်ပန်ချင်လည်းငွေမှုံ...       မိတ်ကပ်လိမ်းပေးတဲ့အစ်မက      မေးလိုက်ပါသည်...။
အမအဆင်ပြေသလိုလုပ်လိုက်ပါအမရယ်...။အေးဒါဆိုလှအောင်ပန်ပေးမယ်နော်။ဟုတ်ကဲ့ပါတော်။ငွေမှုံ       မှန်ကလေးကိုကြည့်ပြီးဆံထုံးလေးကိုကြည့်လိုက်..နှုတ်ခမ်းလေးကိုစူကြည့်လိုက်နဲ့..  သူ့ကိုယ်သူသဘော
ကျနေပါတော့သည်။မိဆုံလည်းရေမိုးချိုးပြီးအင်္ကျီလေးဝတ်ပြီးသနပ်ခါးလိမ်းပါတော့သည်...။ငွေမှုံ..ထမင်း
စားလေ..မစားတော့ပါဘူးအမေရာ..နှုတ်ခမ်းနီတွေပျက်ကုန်လိမ့်မယ်တော့..။ညီးမလည်းဒုက္ခအေ..။ခဏ
နေတော့ငွေမှုံအိပ်ချင်လာပါသည်...။ ဟဲ့...ငွေမှုံ...    ခေါ်သံကြားတော့ ငွေမှုံငိုက်ရင်းလန့်သွားပါသည်။ ငွေမှုံရယ် အလှူလေးတစ်ခါလှည့်မှာ ညီးမလည်း အိပ်ချင်တာကိုလည်းမအိပ်၊ စားချင်တာကိုလည်းမစား နဲ့အေ..။    အမေရယ် အိပ်လိုက်ရင် ဆံထုံးကြီးနဲ့ဘယ်ဖြစ်မတုန်းတော့...။       အေးပါအေ..အေးပါ...။
သူတို့သားအမိစကားပြောနေတဲ့ဆီကိုမိဆုံကရောက်လာပြီး...။ငွေမှုံငါအဆင်ပြေရဲ့လားကြည့်ပါအုံး...။
ဟယ်..မိဆုံရယ်....ညီးသိပ်လှတာပဲအေ..ညီးအိမ်ပြန်သွားရင်ညီးအမေတောင်သိမှာမဟုတ်ဘူး...။ဟုတ်
တယ်မိဆုံ ငွေမှုံပြောတာအမှန်ပဲဟဲ့...။  သားအမိနှစ်ယောက်   ၀ိုင်းပြီးချီးမွမ်းထောပနာပြုလိုက်တော့ မိဆုံလေးခဗျာရှက်ကိုးရှက်ကန်းလေးဖြစ်သွားပါတော့သည်။(မိတ်ကပ်တစ်ခါမှမလိမ်းဘူးတဲ့သူကမိတ်ကပ်
လိမ်းလိုက်ရင်အရမ်းလှတယ်၊  ရုပ်ထွက်တယ်လို့ပြောကြပါတယ်..)။       ကိုင်း..ငွေမှုံ..ငါအိမ်ပြန်လိုက်
အုံးမယ်အလှည့်က(၃)နာရီမှဆိုတော့လိုပါသေးတယ်အခုမှ(၁)နာရီပဲရှိသေးတယ်။  အားလုံးပြင်ဆင်ပြီး
မှပြန်လာခဲ့တော့မယ်နော်....။  တစ်ရွာလုံးမှာရှိတဲ့အပျိုတွေပြင်ဆင်နေလိုက်တာရုပ်ရှင်းမင်းသမီးတွေ
တောင်အရှုံးပေးရမလောက်ပါပဲ...။
ရှင်လောင်းလှည့်အဝေးမြင်ကွင်း

ရှင်လောင်းလှည့်အနီးမြင်ကွင်း
မောင်ရှင်လောင်း(မောင်ရင်လောင်း)

ညနေ(၂)ရီလောက်ကတည်းက ဦးလေးသံလုံး   မိုက်ကြီးနဲ့“ဂွေးပင်ကုန်းကျေးရွာအတွင်းမှာနေထိုင်ကြတဲ့ ကုမ္မာရီအမျိုးသမီးအပေါင်းနှင့်အလှည့်လိုက်ကြမဲ့      အမျိုးသားအားလုံးညနေ(၃)နာရီထိုးမှာစတင်ပြီးရှင်
လောင်းလှည့်မှာဖြစ်ပါတယ်...သို့ဖြစ်ပါသောကြောင့်အားလုံးပြင်ဆင်ပြီး     အလှူမင်္ဂလာမဏ္ဍာပ်သို့ကြွ
ရောက်စုဝေးကြပါရန်ကြေငြာအပ်ပါတယ်ခင်ဗျား“။ဦးလေးသံလုံးအခေါက်ခေါက်အခါအခါအော်နေပါသ
ည်...။ဟဲ့..ပြီးပြီလားလုံးတင်...မိယုလှမ်းမေးလိုက်ပါသည်..။အေး..ပြီးပြီ မိယုရေ...ညီးရော..။ပြီးပြီလေ...
။မိယုပြင်ဆင်ထားပုံကယဉ်ယဉ်လေးဆံထုံးလေးနဲ့ဆိုတော့ကြည့်လို့အရမ်းကောင်းနေပါသည်...။ကိုင်း.
..ကိုင်း...အားလုံးသွားရအောင်လေ...ပြီးကြပြီလား...အရီးပုလှမ်းအော်လိုက်ပါသည်...။ပြီးပြီ..ပြီးပြီ...။

”မြို့လယ်က၊ မဏ္ဍာပ်
အရပ်မှာတဲ့ ကုသိုလ်
ကျောင်းကြီးရယ်အို....“အလှူမဏ္ဍာပ်က ပျံ့လွင့်လာတဲ့ သီချင်းသံပါ...။
မသန်းမြအဖွဲ့ဖက်စိမ်းကွမ်းတောင်လေးတွေကိုင်ပြီးကျန်တဲ့သူတွေကလည်းတန်းပြီးလိုက်လာကြပါသည်
...။ဟေ့...ဖက်စိမ်းကွမ်းတောင်အဖွဲ့ရောက်လာပြီကွ...။ ကာလသားတွေဝိုင်းအော်လိုက်ကြပါသည်...။
“စာပုလွေရင်မှာပိုက်ပါလို့
စာပုလွေ...ရင်မှာပိုက်ပါလို့
ဒီစာကို ဘယ်နှစ်ဝါမောင်သင်မတုန်း
ဒီစာကို ဘယ်နှစ်ဝါမောင်သင်မတုန်း
ဒွေးမေလေးကို သံချိုနှောလို့
ဒွေးမေလေးကိုလေ သံချိုနှောလို့...ပြော...ဟော..ပြော.ဟော..ပြောလိုက်ပါအုံး“...။
ဟေ့...ကွမ်းတောင်ကိုင်ငွေမှုံတို့၊လုံးတင်တို့ရော...ပေါက်ပေါက်ပက်အဖွဲ့တွေရောရောက်လာပြီကွ...။
အလှူ့ဒကာနဲ့အလှူ့ဒကာမတို့ဒီကိုလာကြ...မောင်ရင်လောင်းရဲ့မိဘတွေကလည်းဒီကိုလာကြ..တန်းစီ
..တန်းစီ..။မြင်းသမားတွေကမောင်ရင်လောင်းလေးတွေကိုသေချာဂရုစိုက်ကြ..ရွှေထီးမိုးပေးမဲ့ကာလသာ
းတွေကလည်း သေချာလုပ်ကြ..။  ရှေ့ဆုံးမှာက ကလေးလေးတွေတန်းစီ၊     ကလေးတွေနောက်က ကွမ်းတောင်ကိုင်.. ။အဲဒီနောက်ကဖက်စိမ်းကွမ်းတောင်အဖွဲ့၊ အဲဒီအဖွဲ့ရဲ့နောက်က ပေါက်ပေါက်ပက်
အဖွဲ့၊အဲဒီနောက်ကတစ်ဖွဲ့ကအပျိုကြီးတွေဘုန်းကြီးလှူရန်တွေကိုင်တဲ့သူတွေ..နောက်ကညောင်ရေအိုး
ရွက်မဲ့အဖွဲ့တွေ...အဲဒီနောက်ကမှအလှူ့ဒကာသပိတ်လွယ်တွေနဲ့၊အလှူ့အမသင်္ကန်းပန်းကိုင်မဲ့သူတွေ..
.နောက်ကမှမောင်ရင်လောင်းအဖွဲ့၊အဲဒီနောက်ကမောင်ရွှေရိုး၊ဒေါ်မိုးအိုးစည်အဖွဲ့၊နောက်ဆုံးကမှနားရန်
လှည်းတွေလိုက်မယ်...။    အားလုံးရှင်းတယ်နော်...။         ဘိုးတင့်မိုက်နဲ့         အော်နေခြင်းပါ...။ ဘိုးတင့်ကျန်သေးတယ်လေတော်...။ဟာ..ဘာကျန်တာတုန်းဟ...။ရှေ့ဆုံးက မောင်း၊ကြေးစည်ထမ်းမဲ့
ကလေးတွေအဲနောက်ကမှစည်တော်ကြီးအဖွဲ့၊အဲဒီနောက်ကကန်တော့ပွဲရွက်မဲ့သူတွေတော်..အဲဒီနောက်
ကမှကလေးတွေ၊ကလေးတွေနောက်ကမှရွှေသင်္ကန်းကိုင်ရမဲ့အပျိုလေးကျန်သေးတယ်လေတော်..ကျန်
တာကတော့ဘိုးတင့်ပြောသလိုပဲလေ...အပျိုခေါင်းဒေါ်စောပြောလိုက်ခြင်းပါ..။သြော်..အေး..ဟုတ်တယ်
ဟုတ်တယ်...။ဘိုးတင့်ပြန်ပြီးအစအဆုံးကြေငြာလိုက်ပါတယ်...။  မစော ကျုပ်တို့အပိုင်းက   လုံးတင်ရောက်မလာသေးဘူးတော့...သူဖို့ကွမ်းတောင်တစ်ခုကျန်နေတယ်..။ဟုတ်လား...နောက်ကျနေ
ပြီ..ကောင်မလေးဘယ်သွားနေပါလိမ့်..။ပြောရင်း ဆိုရင်း ငွေမှုံနဲ့မိယုတို့ပြေးလာကြသည်...။  မစောဟို
မှာလာနေပြီတော့..။ဟောတော်..ဘေးမှာလည်းမိယုပါတယ်တော့...။ဟင်..!ဟုတ်လား..။ငါတို့မိယုကိုမေ့
ခဲ့တာတော့ ဘယ်လိုလုပ်ကြမလဲ...ကွမ်းတောင်ကတစ်ခုပဲကျန်တော့တယ်...။ အရီးလေးစော မိယုကို ကွမ်းတောင်ပေးလိုက်ပါကျုပ်ကျန်တဲ့အလှူရန်ပစ္စည်းကိုင်လိုက်မယ်...။ အားလုံး..အံအားသင့်နေကြပါ
သည်..။လုံးတင်ရဲ့ စိတ်ဓါတ်ကိုလည်းလေးစားသွားကြပါသည်..။(ဘာလို့လဲဆိုတော့ မိန်းကလေးတိုင်းက ကွမ်းတောင်ကိုင်ချင်ကြတာကြည့်ပဲလေ..။    အဲဒါကို သူငယ်ချင်းကို             ဦးစားပေးပြီး သူကကျ
န်တဲ့အလှူရန်ပစ္စည်းကိုင်မယ်ဆိုလို့ပါ)။        အဲဒီအချိန်မှာ အလှူဒကာမ မမိကြည်   ပျားယီးပျာယာနဲ့ အရီးလေးစောတို့မသန်းမြတို့လုပ်ကျအုံးတော်...အဓိကအရေးကြီးတာမှ မေ့နေကြတာလား..။ရွှေသင်္ကန်း ကိုင်မဲ့သူမရှိသေးဘူး...။ဟယ်..မိကြည်အဲဒါကိုညီးဖိတ်လိမ့်မယ်ထင်လို့ငါတို့ကစီစဉ်မထားတာ..ညီးအ
မျိုးလေးတွေကိုင်ခိုင်းချင်လားလို့ပါ။အဲဒါတွေထားလိုက်ပါတော့အရီးလေးစောရယ်..အခုဘယ်လိုလုပ်မ
လဲ...။ ဟယ်...ဟုတ်ပြီ...။    ဒီမှာ ...လုံးတင်လေးရှိတာပဲ...။          အေးဟုတ်တယ်ဟဲ့..ဟုတ်တယ်
အားလုံးဝမ်းသာသွားကြပါသည်..။    (ရွှေသင်္ကန်းကလည်း လူတိုင်းမကိုင်ရပါဘူး..များသောအားဖြင့် အလှူရှင်ရဲ့အမျိုးတွေကိုင်တာများတာပါ)။အဲဒါနဲ့ အားလုံးအဆင်ပြေသွားကြပါတော့တယ်...။ကိုင်း..ကိုင်း သွားကြရအောင်..သွားကြရအောင်..မိုက်နဲ့ဦးလေးသံလုံး သတိပေးနေခြင်းပါ...။ဒါနဲ့ မဏ္ဍာပ်ကနေစပြီး ရှင်လောင်းလှဲ့တဲ့လူတွေတန်းစီလိုက်တာမျက်စိတစ်ဆုံးပါပဲဗျာ...စည်လိုက်တာလည်းလွန်ပါရော...။အား
လုံးလည်းပျော်ရွှင်မြူးထူးနေလိုက်ကြတာ..မြင်ရသူတိုင်းသူတို့ရဲ့အပျော်တွေကူးစက်ကုန်ပါတယ်..။ရှေ့
ကနေပြီး..ရွှေကြိုးတားတဲ့သူကတား..ကကြခုန်ကြနဲ့ပျော်ဖို့ကောင်းလိုက်တဲ့ဖြစ်ခြင်း...။ဘုန်းကြီးကျောင်း
ကိုရောက်တော့တရားနာပြီးတော့ရှင်လောင်းလှည့်တဲ့သူတွေအားလုံးပြန်လာကြပါတယ်...။အလှူအိမ်မှာ
လည်းရုံဆန်း(ထမင်းရုံစပြီးကျွေးတာကိုဆိုလိုတာပါ...)ကလေး၊  လူကြီးမီးခိုးတိတ်စားကြသောက်ကြ...
ရပ်ဝေး၊ ရပ်နီးက မိတ်ဆွေတွေ အားလုံးလည်းစားကြသောက်ကြနဲ့...ပျော်ဖို့အရမ်းကောင်းတာပါ...။ ဟေ့...ရှင်လောင်းလှည့်တဲ့သူတွေပြန်လာပြီ ထမင်းဝိုင်းတွေပြင်ထားပြင်ထားနဲ့ ကာလသားခေါင်းလည်း အော်ပြီး အလုပ်တွေရှုပ်နေပါတယ်...။       ရှင်လောင်းလှဲ့တဲ့သူတွေပြန်ရောက်လာတော့ ပစ္စည်းတွေ
ကိုမဏ္ဍာပ်ထဲမှာထည့်ပြီးနှုတ်ခမ်းနီပျက်မှာလည်းမဆိုးနိုင်..အားလုံးထမင်းရုံကိုတန်းသွားပြီးစားကြတော့
တာပါပဲ...။”ဟေ့မိကြည်ဖိုးကောက်လေးရော..အလှူ့ဒကာဦးဖိုးမောင်လာမေးခြင်းပါ..။မသိဘူးတော့...။
ဒီမှာ..ဖိုးကောက်လေးကိုပြန်လိုချင်ရင်ပိုက်ဆံပေးရမယ်ဗျို့..။        ရှင်လောင်းဖွတ်ထားတဲ့အုပ်စုက အော်လိုက်ခြင်းဖြစ်ပါသည်...။ပေးမယ် ဖိုးကောက်ကိုခေါ်ခဲ့...။  အလှူ့ဒကာပိုက်ဆံတွေထုတ်ပေးမှ ဖိုးကောက်လေးက ထွက်လာပါသည်...။   အားလုံးပျော်မြူးနေကြတာ...ကြည့်လို့တောင်မ၀ပါဘူး..။

ဟဲ့မိတင်တို့ ညဆိုင်းနားထောင်သွားမယ်လေ...။   အေးငါ့ကိုလာခေါ်ပါ...။     ဒီလိုနဲ့ညရောက်တော့ စိန်ဗိုလ်သောင်းကလည်း   ဆိုင်းဝိုင်းနဲ့ဧည့်ခံဖျော်ဖြေပါတယ်...။         အခုလို ကြွရောက်လာကြတဲ့ ပရိတ်သတ်ကြီးကိုစိန်ဗိုလ်သောင်းအဖွဲ့ကအထူးကျေးဇူးတင်ပါတယ်...အခုဆိုရင်နာရီပြန်၂ချက်ထိုးနေ
ပါပြီ..မနက်ကျရင်အလှူ့မင်္ဂလာပွဲကိုဧည့်ခံရအုံးမှာဖြစ်ပါတယ်..ရွာသူ၊ရွာသားအားလုံးလည်းမိမိတို့တာ
ဝန်များရှိနေကြအုံးမှာပါ..အဲဒီအတွက် အခုချိန်ထိ ဇွဲကောင်းကောင်းနဲ့နားထောင်နေကြတဲ့ပရိတ်သတ်
ကြီးကို     ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါလို့ တောင်းဆိုပါတယ်...။ အဲလိုအော်လိုက်မှ...ဆိုင်းချစ်သူ ပရိတ်သတ်ကြီးလည်း သူတို့ပိုင်ဆိုင်ရာနေအိမ်ဆီသို့ပြန်သွားကြပါတော့တယ်...။
ဧည့်ခံဖျော်ဖြေနေသောဆိုင်းအဖွဲ့
ဦးရွှေရိုး နှင့် ဒေါ်မိုး
ဘိသိတ်သွန်းနေစဉ်
မောင်ရှင်လောင်းများ
နားထွင်းများ
ဘုန်းဘုန်း
ကိုရင်လေးများ

မနက်ရောက်တော့လည်းဖိတ်ထားတဲ့ဧည့်သည်တွေရော၊မဖိတ်ထားတဲ့ဧည့်သည်တွေရောစည်ကားလိုက်
တာ...။    ဧည့်ခံကျွေးမွေးရေးကလည်း  ဧည့်ဝတ်ကျေပွန်စေပါတယ်...လှစ်လပ်မှုလုံးဝမရှိအောင်ကိုစွမ်း
ဆောင်နိုင်ကြပါတယ်...။မဏ္ဍာပ်ပေါက်ထိုင်တဲ့အပျိုလေးတွေလည်းညကဆိုင်းပွဲကြောင့်ငိုက်နေကြပါတယ်
...။10နာရီလောက်ရောက်တော့လူတွေလည်းတဖြည်းဖြည်းရှင်းလာပါသည်...။မဏ္ဍာပ်ပေါက်ထိုင်အမျိုးသ
မီးလေးတွေလည်း   ထမင်းစားပြီးအိမ်ကိုပြန်ကြပါသည်..။     ခဏနေတော့         ရွှေမန်းသောင်းထီက
ဘိသိတ်သွန်းဖို့ပြင်နေပါပြီ...။တစ်ရွာလုံးရော၊ဧည့်သည်တွေရောဘိသိတ်သွန်းတာကိုလာကြည့်ကြပါသည်.
..။စိန်ဗိုလ်သောင်းနဲ့  ရွှေမန်းသောင်းထီတို့ကလည်း အပြိုင်အဆိုင်၊     ပရိတ်သတ်ကလည်း သူ့ထက်ငါ အပြိုင်အဆိုင်ကိုအားပေးနေကြပါသည်...။ဒီလိုနဲ့ညနေသုံးနာရီထိုးတော့ဘိသိတ်သွန်းပွဲအဆုံးသတ်လိုက်
ပါတယ်...။   အပျို၊လူပျို ကလေးတွေအားလုံးလည်းအိမ်ကိုပြန်ကြပါသည်..။     ညနေ(၄)နာရီထိုးတော့ ဦးလေးသံလုံးမိုက်ကိုကိုင်ပြီး...“ဂွေးပင်ကုန်းကျေးရွာအတွင်းမှာနေထိုင်ကြတဲ့သပ္ပုရိသအနွယ်ဝင်သူတော်
စင်အပေါင်းတို့ခင်ဗျား...ညနေ(၄)နာရီခွဲအချိန်မှာရေစက်ချပရိတ်တရားတော်မြတ်ကိုဟောကြားမှာဖြစ်တဲ့
အတွက် အလှူအိမ်သို့ ကြွရောက်ကြပါရန်..ဖိတ်ကြားအပ်ပါတယ်ခင်ဗျား...။         ညနေ(၄)နာရီခွဲတော့ မောင်ရင်လောင်းတဖြစ်လဲကိုရင်လေးများနဲ့ဘုန်းတော်ကြီးများအလှူအိမ်သို့ကြွရောက်လာပါတယ်...။အဲဒီ
အချိန်မှာတီးတဲ့ဗျောသံက..အထက်ဘ၀ဂ်၊အောက်အ၀ိစိထိတောင်ကြားရမယ်ထင်ပါတယ်...။အလွမ်းဓါတ်
ခံရှိတဲ့အလှူ့ရှင်တွေနဲ့အလှူ့ရှင်ရဲ့ဆွေမျိုးသားချင်းတွေကတော့ကွယ်လွန်ကုန်ပြီဖြစ်တဲ့အမျိုးတွေကိုသတိ
ရပြီး..ကြူကြူပါအောင်ငိုနေကြပါတော့တယ်...။ဘုန်းကြီးတွေသင်္ခါစင်ပေါ်ရောက်မှအားလုံးတိတ်ပြီးတရား
နာကြပါတော့တယ်...။ဒီအလှူလှူရတဲ့အကျိုးကြောင့်(၃၁)ပုံမှာရှိနေကြတဲ့ဝေနေယျသတ္တ၀ါအားလုံးကိုအ
မျှပေးဝေပါတယ်..။အားလုံးကြားကြားသမျှ
အမျှ..အမျှ..အမျှ
သာဓု..သာဓု..သာဓု
အမျှ..အမျှ..အမျှ
သာဓု..သာဓု..သာဓု
အမျှ..အမျှ..အမျှ
သာဓု..သာဓု..သာဓု
အားလုံးလည်းပြီးရော အောင်မင်္ဂလာဗျောစည်ကြီးကိုတီးပြီး..အလှူမင်္ဂလာပွဲအောင်မြင်စွာပြီးဆုံးပြီဆိုတာကိုသက်သေထူလိုက်ပါ
တော့တယ်...။
ကိုင်း...စာဖတ်ပရိတ်သတ်ကြီးလည်းတော်တော်ငြီးငွေ့သွားပြီထင်ပါတယ်...အခုလိုတကူးတကလာရောက်
ဖတ်ကြတဲ့စာဖတ်ချစ်ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း...။
အညာဒေသရဲ့ ဓလေ့ထုံးစံ အလှူပွဲလေး အကြောင်းပါ...ဗဟုသုတ ရမယ်ထင်ပါတယ်...။ဒီပို့စ်ကိုရေးရတဲ့အကြောင်းအရင်းက
တော့ အညာက တောသူတောင်သားတွေရဲ့ စိတ်နေသဘောထား၊ ကူညီရိုင်းပင်းပုံ၊ ဓလေ့ထုံးတမ်းစဉ်လာလေးတွေကို သိစေချင်
သောကြောင့် ပို့စ်အရှည်ခံပြီးရေးရခြင်းဖြစ်ပါသည်...။
အားလုံးဖတ်ပြီးလို့ ဗဟုသုတ အနည်းငယ်ရသွားတယ်ဆိုရင်တော့ အပျော်ဆုံးလူက ကျွန်တော်ပဲဖြစ်မှာပါ...။
ယဉ်ကျေးမှု ဓလေ့ထုံးစံလေးတွေမတူဘူးဆိုရင်တော့ ဗဟုသုတရစေရန်အတွက် စီဘောက်မှာအော်ခဲ့ကြပါအုံးဗျာ...။
သူငယ်ချင်းတို့ရဲ့ အားပေးမှုက ကျွန်တော့်အတွက် ရှေ့ဆက်ရမဲ့ အားဆေးပါ...။
ရာဇာ(ကျေးတောသားလေး)
25.2.2011

ကွမ်းတောင်ကိုင်နှင့်အညာအလှူ(၆)


မနက်ဖြန်အလှူအဖိတ်နေ့ရောက်တော့မယ်ဆိုတာနဲ့ ဒီနေ့လိုရက်ကတည်းကတစ်ရွာလုံးလှုပ်လှုပ်ရှားရှာ
းဖြစ်နေလိုက်တာပြောမဆုံးပေါင်တောသုံးတောင်ပါပဲ။အလှူအတွက် လိုအပ်တာတတွေပြင်ဆင်ကျ၊ဟိုသွားကြ
ဒီသွားကြနဲ့မောလို့မောရမှန်းတောင်မသိကြပါဘူး။“လုံးတင်ရေ ညီးမနက်ဖြန်အလှည့်အတွက်သစ်ခွပန်းမှာအုံးမ
လား…မြို့ကနေ၀ယ်ပြီးပြန်လာမဲ့သူရှိတယ်…။ဟုတ်လား…ငွေမှုံ..။အေး…ဟုတ်တယ်..လုံးတင်ရဲ့ ငါနဲ့ မိဆုံတော
င် မနက်ဖြန်အလှည့်အတွက် တစ်ယောက်ကို (၅) ပွင့်ဆီမှာထားတယ်အေ့။(၃)ပွင့်ကို မနက်ဖြန်ရှင်လောင်းလှ
ည့်မှာ ပန်းခြောက်နဲ့ ရောပြီးပန်မယ်..။ကျန်တဲ့(၂)ပွင့်ကိုတော့ အလှူကြီးနေ့ မနက်ပိုင်း မဏ္ဍာပ်ပေါက်ထိုင်နဲ့ ဘိ
သိတ်မြှောက်တုန်းပန်မယ်လို့ စိတ်ကူးထားတာပဲ…။လုံးတင် ညီးလည်း မဏ္ဍာပ်ပေါက်ထိုင်ဖိတ်ခံရတယ်မလား..။
အေး…ပါတယ် မိဆုံ..။အဲဒါဆိုရင် ညီးလည်းမှာလိုက်ပါအေ…ငါတို့တစ်ဖွဲ့လုံး မှာထားတယ်..။မိသော်တို့၊မိသော်
တို့၊မိဆင့်တို့ရောလေ..။ မိသက်နဲ့ မိုးခက် တို့လည်းမှာတယ်လို့ပြောတယ်မိဆင့်ရဲ့…ငွေမှုံကထောက်လိုက်ခြင်းဖြ
စ်ပါသည်။ အားလုံးမှာတာဆိုတော့ ညီးတစ်ယောက်ထဲ မပါဘူးဖြစ်နေမယ်…။ငါတို့ကစေတနာနဲ့ပြောတာနော်….
လုံးတင်…။အေးပါ…ငါနားလည်ပါတယ်…ငွေမှုံရယ်…။ငါအမေကိုပြောလိုက်အုံးမယ်ဟ…ငါ့ဖို့ အင်္ကျီတွေ၊ချိတ်ေ
တွဝယ်ပေးထားရတာမနည်းဘူးဟဲ့…။အမေ့ကိုသနားလို့ အမေခွင့်ပြုမှ ငါပန်မယ်အေ…။အေးဒါဆိုငါတို့ကူပြီးပြေ
ာပေးမယ် လုံးတင်…မပူနဲ့နော်။အေးပါ…။ဒေါ်ကြီးတင်…ဒေါ်ကြီးတင် ..။ဟေ……။ကောင်မလေးတွေ ဘာဖြစ်လာ
ကြတာတုန်း…။ဒီလို ဒေါ်ကြီးတင်ရဲ့ဆိုပြီး ရှင်းပြလိုက်ပါသည်…။သြော်…သူများတွေမှာရင်မှာရမှာပေါ့…ညီးတို့မှ
ာသလိုမျိုးမှာလိုက်အေ…။အင်း…ဒေါ်ကြီးတင် ဒါဆိုကျုပ်တို့ပြန်တော့မယ်တော့…လုံးတင် ငါတို့ပြန်ပြီနော်…မန
က်ဖြန်မှစုံမယ်…။အေးအေး….ငွေမှုံ“။

“လုံးတင် သမီး…။ တော်အမေ့။ အမေမြောက်ဘက်ရွာကို လက်ဝတ်လက်စားလေးတွေသွားယူအုံးမယ်.
..။ဟုတ်..အမေ။ ညီးအဖေပြန်လာရင် ပြောလိုက်အုံး အမေမြောက်ဘက်ရွာသွားတယ်ဆိုတာ..။အင်းပါတော်…..
စိတ်ချပါ အမေရဲ့။ ဒေါ်တင် တဘက်ကလေးခေါင်းပေါ်တင်ပြီး ထွက်သွားပါတယ်…။ ဟယ်…မိတင် ညီးဘယ်သွ
ားမလို့တုန်းဟဲ့…။မြောက်ဘက်ရွာသွားမလို့ပါ အရီးပုရယ်…။အေး အံကိုက်ပဲဟဲ့ ငါလည်း မြောက်ဘက်ရွာကိုသွာ
းမလို့ လက်ဝတ်လက်စားလေး အိမ်ကမြေးမဖို့ သွားငှားပေးမလို့။အင်း…ကျုပ်လည်းတူတူပဲ အရီးပုရဲ့…။စကား
တပြောပြောနဲ့သွားလိုက်ကြတာ…ဟိုဘက်ရွာကို ရောက်သွားပါတော့တယ်…။မတင်နင်ဘယ်သွားနေတုန်းဟ…
ဟောတော်…တော့သမီးကို ကျုပ်မှာခဲ့တယ်လေ…။ငါပြန်လာကတည်းက နင့်သမီးကိုမတွေ့ပါဘူးမိတင်ရာ……
သြော်..ဒီကလေးမ ဘယ်တွေသွားနေပါလိမ့်တုန်း။ လာပါပြီအမေရယ် မိယုလေ ကျုပ်ကိုလာပြောတယ်တော့အ
လှူအိမ်က သူ့ကိုမဖိတ်လို့တဲ့။ ဟယ်မဟုတ်လိုက်တာ အပျိုခေါင်းတွေ သေချာစာရင်းကောက်ပြီး ဖိတ်တာပါအေ့
…။အဲဒါတော့မသိဘူး အမေရယ်…သူစိတ်မကောင်းဖြစ်ပြီးငိုနေတယ်…။အေးဟယ်…သနားလိုက်တာ…။သူကေ
ပြောသေးတယ် အမေရဲ့သူတို့ကပိုက်ဆံမရှိလို့…သူကရုပ်ဆိုးလို့ မဖိတ်တာထင်တယ်တဲ့။ အေးဒါဆိုရီးလေးစော
ကိုသွားပြောမှဖြစ်မယ်အေ့…။မဖြစ်ပါဘူးအမေရယ်…သူကကျုပ်ကိုပြောတယ်တော့ ဒီအကြောင်းကိုဘယ်သူ့မှမ
ပြောပါနဲ့တဲ့…။အခုဟာတောင် ကျုပ်ကိုခင်လို့ပြောပြတာတဲ့တော့…။အေးအေ……….ဒါဆိုလည်းသူ့သဘောပေါ့
အေ…ဘယ်တတ်နိုင်ပါ့မလဲ“။
သစ်ခွပန်း
သစ်ခွပန်း


“မိယုရေ…မိယု….။သြော်…လုံးတင်..လာလေ။ မိယု ညီးအားလား။ အေးအားပါတယ်အေ…။ဒါဆိုငါနဲ့ေ
တောင်ဘက်ရွာကို ငါနဲ့ခဏလိုက်ခဲ့စမ်းပါအေ…။ ဘာလုပ်သွားမှာတုန်း လုံးတင်…ငါလိုက်ခဲ့မယ်လေ…။အေးငါ့
သူငယ်ချင်းမယ်ပုံက မနှစ်ကသူတို့ရွာ အလှူပွဲမှာ အလှည့်လိုက်ဖို့ ဇာအကျီ တစ်စုံချုပ်တယ်လေ…။အဲဒါငါသွား
ငှားမလို့ မနက်ဖြန်ဝတ်ဖို့လေ။ ဟယ်လုံးတင်…ညီးအလှူအတွက် အ၀တ်အစားချုပ်တယ်မလား။အေးအဲဒါကအ
ဆင်မပြေလို့ပါအေ.. ။အေးအေး…ဒါဆိုလည်းသွားကြရအောင် မိုးချုပ်နေလိမ့်မယ်ဟဲ့။ သူတို့သူငယ်ချင်းနှစ်ယေ
ာက် တောင်ဘက်ရွာကပြန်ရောက်တော့ မိုးချုပ်လို့ မှောင်မဲနေပါပြီ…။ မိယု မနက်ဖြန်ကျရင် ညီးကွမ်းတောင်ကို
င်ရမယ်နော်…။လုံးတင်ရယ် အလှူက ငါ့မှမဖိတ်တာ…။မဟုတ်ဘူးဟဲ့…ဖိတ်တယ်…ငါမနေ့ကရီးလေးစောစီသွား
ပြီး မလိမ့်တပတ်နဲ့ စာရင်းကြည့်ခဲ့တယ်…ညီးနာမည်ပါတယ်အေ့…။ အလှူဖိတ်တဲ့နေ့က ညီးတို့အိမ်လူမရှိလို့ဖြ
စ်ပါလိမ့်မယ်အေ…။အေး..ဒါဆိုလည်း လိုက်တာပေါ့…။ လုံးတင် ညီးကိုသနပ်ခါး ဘယ်သူလိမ်းပေးမှာတုန်း၊ဘီး
ဆံထုံးရော ရှိလား…။အေး …အမေအားလုံးစီစဉ်နေတယ်အေ့..။ ညီးရော…ငါတော့ဒီလိုလေးပဲလိမ်းလိုက်ပါမယ်
ဆံထုံးကတော့ ငါ့အမေ ငယ်ငယ်ထုံးက ဆံထုံးရှိတယ်အေ့…အမေသိမ်းထားတာ…။ အေးအေး…ဒါဆို အဆင်ေ
ပြေတာပေါ့“။ခဏနေတော့ ဦးလေးသံလုံးကမိုက်နဲ့ အော်ပါတော့တယ်…။“ နား…….ထောင်တော်မူကြပါတဲ့ဗျိုးးးး
ဒီကနေ့ကောဇာသက္ကရာဇ် ၁၃၅၆ခုနှစ်၊ တန်းခူးလဆန်း(၇)ရက်နေ့မှာ အလှူဒါယကာကြီး ဦးဖိုးမောင်နဲ့ အလှူ့
ဒါယကာမဒေါ်ကြည်တို့က နိဗ္ဗာန်ကိုရည်မှန်းပြီး ပုဗ္ဗမုဉ္စ ပရစေတနာ စေတနာသုံးတန်ပြတ်ထမ်းပြီး သားကိုရှင်ပြု
သမီးကိုနားသ အလှူတော်မင်္ဂလာပွဲကြီးပြုလုပ်မှာဖြစ်ပါသောကြောင့် လှည်းနေ၊လှေအောင်း မြင်းဇောင်းမကျန်
အားလုံးအလှူအိမ်သို့ကြွရောက်ပြီး နိဗ္ဗာန်တရားတော်မြတ်ကို အလှူ့ဒါယကာ၊ အလှူ့ဒါယကာမတို့နှင့်အတူတ
ကွ နာယူတော် မူကြပါရန် ဖိတ်ကြားအပ်ပါတယ် ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး“။ ဦးလေးသံလုံးဗျို့ဟစ်ပြီး
ဖိတ်ကြားလိုက်ပါသည်..။ဟဲ့…သံလုံး တောင်ဘက်ရွာကိုရော ဗျို့ဟစ်ပြီးပြီလား…။သူတို့ရွာကို ဗျိုး ဟစ်ဖို့ ကာလ
သားကောင်း ငပြည့်သွားပြောတယ်ဗျ…။သြော်…အေးအေး။အဲဒါဆိုပြီးတာပဲ…သံလုံးရယ်…။ငါတို့ရွာနဲ့သူတို့ရွာ
ကနှစ်ရွာစလုံး ဗျိုးမဟစ်နိုင်ရင် မလှူရဘူးလို့ ကတိပေးထားကြတာဟဲ့…။အဲဒါကြောင့်..အဲဒါကြောင့်..“။

“မိကြည် မနက်ဖြန် အလှူရှင်လောင်းလှည့်ဖို့ ဆန်ဘယ်လောက်ချက်မှာတုန်းဟ…ဘိုးတင့်ကမေးလိုက်
ပါသည်…။ ဖိုသူကြီး ဦးစိန်တို့အုပ်စု အားလုံးအပ်ထားတယ် ဘိုးတင့်ရေ…။သြော်..အေးအေး…။ဟေ့…မောင်စိန်
မင်းတို့မနက်ဖြန်အတွက် ဆန်ဘယ်နှစ်တင်းချက်မယ်စိတ်ကူးထားလည်း….အင်းအနည်းဆုံး (၁၀)တင်းတော့ချ
က်ရမှာပေါ့…မလောက်မှပဲထပ်ချက်မယ်လေ ဘိုးတင့်ရ …။အေးအေး…ကောင်းတယ် ကောင်းတယ်…“။ ကျွန်ေ
တ်ာတို့ဆီက အလှူပွဲတွေမှာ ဆန်တင်းပေါင်းမြောက်များစွာ…ဟင်းဒယ်ပေါင်းမြောက်များစွာ ချက်တဲ့သူတွေက
ဖိုသူကြီးလို့ခေါ်တဲ့ ယောက်ျားတွေပါပဲဗျာ…။မိန်းမတွေက လုံးဝမချက်ပြုတ်ကျပါဘူး…။ဖိုသူကြီးဦးစိန်တို့အဖွဲ့လ
ည်း ထမင်းချက်ဖို့ မြေကျင်းတွေတူး(မိုးပြဲဒယ်၊ထမင်းအိုးအကြီးစားတွေနှင့်ရေနွေးအိုးတွေတင်နိုင်ဖို့ရန်အတွက်
တူးသည်)နေကျပါသည်။ကာလသားလူငယ်တွေအဖွဲ့တွေကတော့ ရွာဘုံ ပုဂံပြား ၊ပုဂံလုံး မျိုးစုံ၊ယောက်ဂျို၊ဇွန်း၊
ရေနွေးခရား၊ရေနွေးသောက်ပုဂံလုံးနှင့်ဖျာများကိုသွားပြီးသယ်နေကျပါသည်…။မြောက်ဘက်ရွာမှသွားငှားသေ
ာအဖွဲ့လည်းပြန်လာကြပါပြီ…။သူတို့တွေလည်း ချွေးတွေကိုရွှဲလို့…။“ကိုင်းကိုင်း အားလုံးထမင်းစားကျ“။ကာလသ
ားတွေ၊ကာလသမီးတွေ မောလို့မောမှန်းတောင်သတိမရကြပါဘူး…။အားလုံးပျော်ရွှင်နေကြတာလေ…“။
“မမိကြည် ဖက်စိမ်းကွမ်းတောင်လာပို့တာဗျ…။သြော်…ငတုတ်..အဲဒါတွေကို အပျိုခေါင်း မသန်းမြအိမ်
ကိုသွားပို့ပေးပါအုံးကွယ်.. သူ့အပိုင်းနဲ့သူစုပြီးမှ လာကြမှာဆိုတော့ သူ့ဆီပဲသွားပို့လိုက်ပါကွယ်…။ဟုတ်…မမိကြ
ည်..။(ဖက်စိမ်းကွမ်းတောင်ဆိုတာ ကလပ်ပေါ်တွင် ငှက်ပြောဖက်နှင့် ပန်းတောင်ပုံစံဖြစ်အောင်လုပ်သည်..ဖက်
စိမ်းကွမ်းတောင် လုပ်ရာတွင် ကန်တော့ပွဲထိုးပြီးမှ လုပ်ရသည်)။ရီးလေးသန်းမြ…ရီးလေးသန်းမြ ..ခွေးကြည့်အုံး
ဗျ….။ခွေးက မကိုက်ပါဘူး ၀င်ခဲ့ပါကွယ်…။ဒီမှာ မမိကြည်က ဖက်စိမ်းကွမ်းတောင်တွေလာပို့ခိုင်းလို့ လာပို့တာ..
.။သြော်..အေးအး…ဒီလာ..ဒီလာ..ဒီမှာချ ငတုတ်..။ဟုတ် အရီးလေးသန်းမြ…။ အရီးလေးကျုပ်ပြန်အုံးမယ်ဗျ..
အိမ်မှာ အမေတစ်ယောက်ထဲမလို့…။သြော်..ပြန်..ပြန်..ငတုတ်…။ ငါ့အပိုင်းက ဖက်စိမ်းကွမ်းတောင်ကိုင်မှာက
ခင်တုတ်ရယ်၊ မိဝင်းရယ်၊မစောအပိုင်းက..တော်ပါပြီ မနက်ဖြန်ကျမှပဲလုပ်တော့မယ်…“။
ဆက်ပါဦးမည်....နောက်ဆုံးပိုင်း မျှော်......................
အညာဒေသရဲ့ ဓလေ့ထုံးစံ အလှူပွဲလေး အကြောင်းပါ...ဗဟုသုတ ရမယ်ထင်ပါတယ်...။
သူငယ်ချင်းတို့ရဲ့လက်ခုပ်သံက ကျွန်တော့်အတွက်အားဆေးတစ်ခုပါ...။
ရာဇာ(ကျေးတောသားလေး)
24.2.2011

Wednesday, February 23, 2011

ကွမ်းတောင်ကိုင်နဲ့အညာအလှူ(၅)


ငွေမှုံ့ အမေက ဖြစ်ပျက်သမျှအရာအားလုံး ဘာကိုမှမသိခဲ့ပါဘူး။ သူ့သမီးမူပျက်နေတာကိုကြ
ည့်ပြီး “ငွေမှုံ.. ညီး..ဘာဖြစ်နေတာတုန်း ငါ့ကိုမှန်မှန်ပြောစမ်း...။ ဘာမှမဖြစ်ပါဘူး အမေရယ်...ခေါင်းကိုက်
လို့ပါ..။အေးအေး...ဒါဆိုလည်းဆေးသောက်ပီးအိပ်လိုက်..။ ဟိုထဲမှာ မုဆိုးကျော်နဲ့ ဇာတိဝင်္ဂလေးရော ရေေ
နွးပူပူလေးနဲ့သောက် ပြီးရင်စောင်ခြုံအိပ်နေလိုက်“...။ ခဏနေတော့ ငွေမှုံ့  သူငယ်ချင်းမိဆုံရောက်လာပြီ
း..။“ငွေမှုံ ..ညီးဘာဖြစ်နေတာတုန်း..။ မျက်နှာမကောင်းပါလား...။အေး..ဟုတ်တယ်..မိဆုံ...။ငါ့မှာသူငယ်ချ
င်းဆိုလို့ နင်တစ်ယောက်ပဲရှိတာ...။ အဲတော့..ငါဖြစ်နေတာတွေ ညီးကိုပြောပြမှာပါအေ ဆိုပြီး.............ရှင်း
ပြလိုက်ပါတယ်...။ သြော်...ငွေမှုံရယ်..ဒါတွေကိုခေါင်းထဲထည့်မထားပါနဲ့။ မောင်နိုင်ရည်းစားရတာများ ဘာဖြစ်တုန်း...သူ့ထက်အရာရာပြည့်စုံတဲ့သူနဲ့တွေ့ချင်လို့လို့သဘောထားပြီးမေ့လိုက်ပါအေ... ငါတို့မိန်းကလေးတွေဆိုတာ အခုလိုမျိုးဖြစ်နေတာကိုက သိက္ခာကျနေပြီအေ့...။ အေးပါ..ငါသေချာစဉ်းစားကြည့်တော့
သိပ်ရှက်ဖို့ကောင်းတယ်ဟယ်...။ ငါလေ ..နောင်ဘ၀တွေမှာလူဖြစ်အုံးမယ်ဆိုရင်.. ဘ၀ဆက်တိုင်းဆက်တို
င်းတိုင်း တစ်ဖက်သတ် ချစ်ရတဲ့သူမဖြစ်ရပါလို၏လို့ ဆုတောင်းမယ်..။ အခုငါ ဖြစ်နေတာတွေအားလုံးကိုေ
မ့လိုက်ပြီ မိဆုံရယ် အရင်လိုပဲ သွက်သွက်လက်လက် ပေါ့ပေါ့ ပါးပါးလေးနေတော့မယ်...။ ကောင်းတယ်ငွေ
မှုံ ကောင်းတယ်..။ သြော်...ဒါနဲ့ ပြောရအုံးမယ်ငွေမှုံ... ဖိုးဇော်လေ ရွာကနေထွက်သွားပြီ..ဘာလို့ထွက်သွာ
းတယ်ဆိုတာ သူ့အမေတောင်မသိဘူးတဲ့...။ အခုမှငါသဘောပေါက်တော့တယ်..။ အေး..ငါလည်း စိတ်ဆိုးေ
နတော့ အော်လိုက်မိတာ စိတ်တော့မကောင်းပါဘူး...။ အခုလိုထွက်သွားတာ ကောင်းပါတယ်...သူ့အတွက်
ရော၊ငါ့အတွက်ရောပေါ့...။ အေးပါ...ဘာပဲဖြစ်ဖြစ် အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်နေဟာ နော် ငွေမှုံ...။အေး..
....ငါအရင်လိုပဲနေမှာပါ မိဆုံရယ်...။ မိဆုံ မနက်ဖြန် အလှူအိမ်ကြက်သွန်သင်သွားရင် ငါ့ကိုခေါ်အုံးနော်...
။အေး ..အခုမိုးချုပ်ပြီ ငါပြန်တော့မယ်...။အေးအေး...ကောင်းကောင်းပြန်မိဆုံ။“
နေ့လည်ဖက် ရောက်တော့ အလှူအိမ်မှာ အမျိုးသမီးတွေက ကြက်သွန်သင်၊ သင်ပြီးသားကြ
က်သွန်တွေကို လှီး...ဖျာအသစ်တွေပေါ်မှာ လှမ်း။ အမျိုးသားတွေကလည်း ငါးရောင်ခြောက်ကို ဓါးနဲ့ခုတ်နဲ့
အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ဆူညံနေတာပါပဲ..။ “ဟဲ့မိဆုံ နဲ့ ငွေမှုံ ညီးတို့နှစ်ယောက်က ဥငယ်
လေးတွေကိုပဲ ကိုင်ပြီးလှီးနေကြတာ ဥကြီးကိုကြောက်လို့လား ...။ မလှခင်လှမ်းပြီး အရွှမ်းဖောက်လိုက်လေ
သည်။ မိဆုံကလည်း အားကျမခံ ဟုတ်တယ် အရီးလေးလှခင်ရေ ကျုပ်တို့က ဥဆို သေးသေး၊ကြီးကြီး အကုန်ကြောက်တယ်တော့... အဲဒါကြောင့်ယောက်ျားလည်းမယူဘူး၊ ကြက်ဥလည်းမစားဘူးလို့ဆုံးဖြတ်ထာ
းတယ်တော်.....။ ၀ါး..... ဆိုပြီး အားလုံးဝိုင်းရယ် လိုက်ကြပါသည်။ ဟဲ့ကောင်မလေးတွေပေါက်ကရဘာေ
တွပြောနေတာတုန်း...လုပ်ကြဆိုပြီး... ဘိုးတင့်လှမ်းပြီး ဟန့် လိုက်မှ...ငြိမ်သွားပါတယ်...။ ဒီလိုနဲ့ တစ်ရွာ
လုံးအလှူအတွက် လုပ်လိုက်ကြ၊ ကိုင်လိုက်ကြတာ မြင်ရသူတိုင်း ပီတိဖြစ်စေပါတယ်..။

ကိုင်း...ကောင်လေးတွေရော၊ ကောင်မလေးတွေရော မနက်ဖြန် ဘုရားပင့်မယ်... အားလုံး
လိုက်ကြပါလို့... ဘိုးတင့်နှိုးဆော်လိုက်ပါသည်။ ဒူ.......................၀ူ................... ၀ူ...................။ တဝေ.........................ဝေ.....................
................။ဒူ.........၀ူ.............၀ူ...........။ တဝေ.........ဝေ...........။ ဟဲ့ လုံးတင်တို့ မိတင်တို့ ............ ညီးတို့
သားအမိ မပြီးကြသေးဘူးလား..။ မောင်းတွေ ၊ ကြေးစည်တွေကလည်း ထုကုန်ပြီဟဲ့...။ ပြီးပြီ အရီးပုရေ..ရေ
အိုးထဲရေထည့်နေလို့တော့..။ ဒီလိုနဲ့ အပျို ၊လူပျို ၊ကလေး၊ လူကြီးအားလုံး ဘုန်းကြီးကျောင်းဘုရားပင့်ကိုရေ
အိုး လေးတွေ ၊ ဆိုင်းထမ်းပုံးတွေ ကိုယ်စီနဲ့ သွားကြပါတယ်...။ ကျောင်းရောက်တော့ ဘုန်းကြီးကိုရှိခိုးပြီး...
ဘုရားကို ပါလာတဲ့ရေအိုးတွေနဲ့ ရေသပ္ပါယ်၊ ဆိုင်းထမ်းပုံးတွေကရေတွေကိုတော့ ဘုန်းကြီးကျောင်းက စဥ့်
အိုးတွေထဲမှာထည့်ပြီးလှူခဲ့ကြပါတယ်...။ အားလုံးလုပ်ပြီးတဲ့ အချိန်မှာတော့ ဘုရားပလ္လင်ကိုမပြီး ဘုရားပင့်
လာပါတယ်..။ ယောက်ျား လေး၊ ငါးယောက် ဘုရားပလ္လင်ကို တစ်လှည့်စီမ ဘေးက ယောက်ျားလေးယောက်
က ရွှေထီး၊ ငွေထီးတွေ မိုးပြီး လိုက်လာပါတယ်...။ နောက်က အပျို၊ လူပျို တွေကတန်းစီပြီး လိုက်လာကြပါ
တယ်..။ မောင်ရင်လောင်း လှည့်တဲ့အချိန်မှာ အသုံးပြုဖို့ ရွှေထီးတွေ ထမ်းတဲ့သူက ထမ်း၊ ဘုန်းကြီးကျောင်း
ကအလှပန်းအိုးတွေ ကိုင်တဲ့သူကကိုင်ပြီး လိုက်လာကြပါတယ်..။ နောက်ဆုံးမှာတော့ အားလုံးတန်းစီပြီးလို
က်လာကြပါသည်။ ရွာထဲရောက်တော့ ဘုရားပင့်လာတဲ့ လူတန်းကြီးကိုကြည့်ပြီး ပီတိဖြစ်နေကြတာကတေ
ာ့ မသွားနိုင်မလာနိုင်တဲ့ လူကြီးတွေနဲ့ ကျန်ရှိတဲ့ လူတွေအားလုံးပါပဲ...။ ဘုရားပင့်ပြီး မဏ္ဍာပ်ကိုရောက်တေ
ာ့ ဘုရားပလ္လင်ကိုချ သဲဖြူခင်း၊ ရာဇမတ်ကာ၊ ထီးဖြူ မိုးထားလိုက်ပါသည်။ ဘုရားရဲ့ရှေ့မှာတော့ ပန်းအိုးေ
တွ လှူဖွယ် ပစ္စည်းအားလုံးချထားပါတယ်..။ ဘုရားပင့်ပီးတဲ့အချိန်က စလို့ ရွာထဲက လူကြီး၊ ကလေးပါမက
ျန်အားလုံး အလှူမဏ္ဍာပ်ကိုလာပြီး ဘုရားဖူးကြပါတယ်...။ ပျော်ဖို့အရမ်းကောင်းပါတယ်...စုရုံးစုရုံးနဲ့ပေါ့..။
ဒီလိုနဲ့ အလှူအတွက် အားလုံးကြိုတင်ပြင်ဆင်ထားကြပါတယ်...။ အလှူရက်ရောက်ဖို့ (၄)ရက်လောက်လိုပြီ
ဆိုရင်တော့ ဓါတ်စက်စ၀င်ပါတယ်...။ (ဓါတ်စက်ဝင်တယ်ဆိုတာ ဓါတ်စက် စဖွင့်တာကိုပြောတာပါ)။ တော
အရပ်ဆိုတော့ ဓါတ်စက်က အလှူ၊ မင်္ဂလာ ပွဲလမ်းသဘင်ရှိမှပဲ ကြားရတာဆိုတော့ တစ်ရွာလုံးဝမ်းသာနေ
ကြတာပေါ့...။ အလှူမဏ္ဍာပ်နဲ့ အိမ် အမြဲမပြတ်ကူးနေကြပြီး.. လုပ်စရာရှိတာဝိုင်းကူလုပ်လိုက်... စားလိုက်
နဲ့ ပျော်လိုက်ကြတဲ့ဖြစ်ခြင်း..။ အပျော်ဆုံးရက်ကတော့ အလှူအဖိတ်နေ့နဲ့ အလှူ ကြီးနေ့ပေါ့...။

ဆက်ပါဦးမည်....အပိုင်း(၆)မျှော်......................
အညာဒေသရဲ့ ဓလေ့ထုံးစံ အလှူပွဲလေး အကြောင်းပါ...ဗဟုသုတ ရမယ်ထင်ပါတယ်...။
သူငယ်ချင်းတို့ရဲ့လက်ခုပ်သံက ကျွန်တော့်အတွက်အားဆေးတစ်ခုပါ...။
ရာဇာ(ကျေးတောသားလေး)
23.2.2011