Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Wednesday, April 6, 2011

စားလို့ရတဲ့ အလေ့ကျပေါက်ပင်များ(အညာမြေ)

အခု ကျွန်တော်ရေးမဲ့ အပင်တွေက လူတွေ တကူးတက စိုက်ပျိုးစရာမလိုပဲ အလေ့ကျပေါက်ရောက်
တာပါ...။ အလေ့ကျ ပေါက်တယ် ဆိုပြီးတော့ အထင်တော့ မသေးလိုက်နဲ့အုံး...။    အပင်တွေက စား
လို့ရတဲ့ အပင်တွေကြည့်ပဲနော်...။

မြူပင်

မြူရွက်
မြူရွက် ဆိုတာ ချက်စားလို့ရတဲ့ အပင်မျိုးပါ..။ မြူရွက်က ကျွန်းထဲ ဒေသတွေမှာ အပေါက်များပါတယ်။
ကျွန်တော်တို့ ကုန်းပေါ်မှာပေါ့ မိုးတွင်းအချိန်ခါမှာ ပေါက်ပါတယ်။ ကြက်သွန်ခင်းတွေထဲလည်း ပေါက်
ရောက်ပြီး၊ နုန်းမြေထဲမှာဆို ပိုပြီးသန်မာထွားကျိုင်းပါတယ်။ မြူရွက်ကို ဟင်းချိုလည်း ချက်သောက်သ
လို၊ သုပ်လည်းစားပါတယ်။ သုပ်စားတာကတော့ ပိုပြီးကြိုက်တယ်ဗျ..။  မြူရွက်လေးကို ခူး၊ ရေစင်အေ
ာင်ဆေးပြီး ပြုတ်၊ ပြီးရင်တော့ ကတ်ကြေးနဲ့  နုတ်နုတ်လေးကိုက်ထားလိုက်ပါ။   မြူရွက်သုပ်ဖို့ အတွက်
လိုအပ်တဲ့ ပစ္စည်းတွေကတော့  ကြက်သွန်ဆီချက်၊  မြေပဲလှော်ထောင်း၊  ဆား၊ အချိုမှုန့်၊  ဆီ တို့ဖြစ်ပါ
တယ်။ ဘာအရွက်ပဲ သုပ်သုပ် ဆားက နည်းနည်းပဲ ထည့်ရတယ်ဗျ...။ ပြီးရင်တော့ သုပ်စားလိုက်တေ
ာ့ပေါ့...။ အရမ်းကောင်းတဲ့ မြူရွက်သုပ်လေးပါ...။  ပြီးခဲ့တဲ့ နွေရာသီတုန်းကတောင်   သုပ်စားဖြစ်သေး
တယ်...။ သစ်တောထဲမှာ အလေ့ကျပေါက်နေလို့ သွားနှုတ်ပြီး သုပ်စားတာ။    မစားဖူးတဲ့ သူငယ်ချင်း
တွေကဆို ကောင်းလွန်းလို့တဲ့...။:)

 ဆူးပန်းရွက်


ဆူးပန်းရွက်ကလည်း မြူရွက်လိုပါပဲ...။ ကျွန်းထဲ ဒေသတွေမှာ အပေါက်မြားပါတယ်..။ အရွက်ကသေး
ချွန်ချွန်လေးပါ..။ ဆူးပန်းရွက်ကိုတော့  ဟင်းချို ချက်သောက်လေ့ရှိပါတယ်။  ကျွန်းပေါ်ကို သွားပြီး အ
လုပ်လုပ်ရင် ပြန်ခါကျ ခူးလာခဲ့တာပဲ...။ ဆူးပန်းရွက် ဟင်းချိုကလည်း ကောင်းတယ်နော်..။

ဟင်းကလုံးရွက်
ဟင်းကလုံးပင်ကတော့ ကျွန်တော်တို့ ဒေသမှာ အတော်ပေါတာဗျာ...။အပင်ပုံစံက သေးသေးလေးပါ။
ဟင်းကလုံးရွက်ကိုတော့   ဟင်းချိုချက်သောက်လို့ ရပါတယ်...။   မိုးရာသီမှာ   ပေါက်ရောက်တာပါ...။
ရွာက အစ်မကြီး တစ်ယောက်က အပျိုကြီးဗျ...။  သူက ဘယ်သူ့မှကို  စိတ်မ၀င်စားပါဘူး..။ သူ့ကို စိတ်
ဝင်စားနေတဲ့သူက ရှိပါတယ်။ အဲဒီလူ သူ့ကြိုက်   နေမှန်းသိတော့ သူကပြန်ပြောလိုက်တယ်တဲ့...။ ကြို
က်လို့ ရပါတယ်တဲ့...။ ဟင်းကလုံးရွက် စားနိုင်ရင်တဲ့လေ..။  နေ့ဟင်းကလုံး၊ ညဟင်းကလုံး ချက်ကျွေး
မယ်ဆိုပဲ...။   အဲလောက်တောင်  ဟင်းကလုံးရွက်ပေါတာပါ..။          ဟင်းကလုံးရွက်ဟင်းချိုကလည်း အတော်ကောင်းသဗျ...။ ဘာလို့လဲ ဆိုတော့ ရာသီလိုက်ပေါက်တာဆိုတော့ ပေါက်တုန်း စားရလို့ကေ
ာင်းတာပေါ့...။

ဟင်းညိုနထောင်း
ဟင်းညိုနထောင်းကလည်း မိုးရာသီမှာပေါက်ရောက်တာပါ...။ အဲဒီ အပင်ကိုတော့ ၀က်လည်းကြိုက်တ
ယ်လေ...။ လူတွေကတော့ ညိုနထောင်း ရွက်ကို သုပ်စားကြပါတယ်...။ အရွက်ရဲ့ အရသာက   ချိုတော့
သုပ်စားတဲ့ အခါမှာ တော်တော် ကောင်းပါတယ်။ သုပ်နည်းကတော့ မြူရွက်လိုပါပဲ..။  အဲဒါကြောင့် မေ
ရးတော့ဘူးနော်...။
....................................................................................................................................................................

ဆူးကြီးအစိမ်း(တာလဘော)

ဆူးကြီးရွက်(တာလဘော)
ဆူးကြီးရွက်က အစိမ်းရွက်နဲ့ နဲနဲ အစိမ်းရောင်မသမ်းနဲ့  အပင်ဆိုမျိုး နှစ်မျိုးရှိတယ်လေ...။  ဆူးကြီး ဆို
တဲ့ အတိုင်း ဆူးတွေတော့ပါတယ်။ ဆူးကြီးရွက်ကိုတော့ ကြက်သွန်ဖြူလေး အုပ်ပြီး ကြော်စားတာ များ
ပါတယ်။ အရသာကတော့ နည်းနည်း သက်တယ်...။ ဒါပေမယ့် ကြိုက်တယ်။:)

ဆူးကြီးခရမ်း(တာလဘော)
...............................................................................................................................................................
ဟင်းဂလာပင်
ဟင်းဂလာပင်က အယဉ်နဲ့ အရိုင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အနံ့ချင်းတူတယ်။ ဒါပေမယ့် အပွင့်ကွာသွား
ပါတယ်။ အယဉ်ပင်က အပွင့်အဖြူ၊ အရိုင်းပင်က အပွင့်အ၀ါ ပွင့်ပါတယ်။   အရိုင်းပင်ကိုတော့ နွားတွေ
တအား ကြိုက်ပါတယ်။ ဟင်းဂလာယဉ်ပင်ကိုတော့ အချဉ်တည်ပြီး သုပ်စားကြပါတယ်။  ဟင်းဂလာချ
ဉ်သုပ်က ကောင်းတယ်...။ ဟင်းဂလာရွက်လေးကို ကတ်ကြေးနဲ့ကိုက်၊ ပြီးရင်တော့   ငရုတ်သီးစိမ်း၊ကြ
က်သွန်နီစိမ်းနဲ့ သုပ်ပါတယ်။ ဟင်းဂလာပင်က မြေဆွေး စုပုံနေတဲ့ နေရာမျိုးတွေပါ ပိုပြီးပေါက်တတ်ပါ
တယ်...။
ဟင်းဂလာပင်
.............................................................................................................................................................

တောမြင်းခွါရွက်
မြင်းခွါပင်ကနှစ်မျိုးရှိပါတယ်။ ဆေးမြင်းခွါနဲ့ တောမြင်းခွါဆိုပြီးလေ...။   ဆေးမြင်းခွါကိုတော့ မြို့ကိုရော
က်မှ သိတာပါ။ တောမြင်းခွါကတော့ ပေါသလားမမေးနဲ့ ...။ မြင်းခွါပင်က မိုးရာသီမှာ ပေါက်ရောက်ပါ
တယ်။ တောမြင်းခွါက အရွက်သေးသေးလေးနဲ့ အမြှစ်တွယ်သလောက် သွားတဲ့ အပင်မျိုးပါ...။ ငရုတ်
စိုက်ပြီးလို့ ပေါင်းသင်းတဲ့ အချိန်ဆို သူတို့က ထိပ်ဆုံးက ပေါက်တာ။ စားလို့ကောင်းတယ်၊   မြင်းခွါရွက်
ကိုတော့ သုပ်စားတာလေ...။ ဆေးမြင်းခွါသုပ်စားသလိုမျိုးပေါ့...။ တောမြင်းခွါရွက်ကို  အခြောက်လှမ်း
ပြီး လ္ဘက်ခြောက် လုပ်ကြပါတယ်။ မြင်းခွါရွက်က ဥာဏ်ကောင်းသတဲ့လေ..။ ဥာဏ်ကောင်းချင်လို့တေ
ာ့ မဟုတ်ပါဘူး...။ စား ကောင်းလို့ ကြိုက်တယ်...။
တောမြင်းခွါ

..........................................................................................................................................................
ပင်စိမ်း

ပင်စိမ်းပင်ကတော့ လူတိုင်းသိမယ် ထင်ပါတယ်...။ အညာဒေသမှာတော့ ပင်စိမ်းရွက်က  ဟင်းခတ်အ
မွှေး အကြိုင်ပဲလေ...။ ငါးပိရည် ကျိုရင်တော့ ပင်စိမ်းရွက်ကိုထည့်ပါတယ်။ ပင်စိမ်းရွက်က  မွှေးတာကိုး
။ ငါးလေး အိုးကပ်ချက်ရင်လည်း ထည့်လိုက်တာပဲ...။ ဖရဲသီး အစိမ်းချက်လည်းထည့်လိုက်တာပဲ၊ အချ
ဉ်ချက်လည်း ထည့်လိုက်တာပဲ..။ ပင်စိမ်းရွက်ကို တော်တော် များများသုံးပါတယ်...။ ပင်စိမ်းပင်ကြီးတွေ
ဆို အကြီးကြီးတွေပဲ ပေါမှပေါ...။

.............................................................................................................................................................
ဂုံပင် နှင့် ကျီးအာပင်
ဂုံ ပင် ဆိုတာ နွယ်ပင်မျိုးပါ...။    ဂုံရွက်က ကြော်စားလို့ ကောင်းသလို၊ ဟင်းချိုချက်  သောက်ရင်လည်
း ကောင်းပါတယ်။   ဂုံပင်ကတော့ ကျွန်တော်တို့ရွာ ချောင်းရိုးထဲမှာ ပေါမှပေါ့..။ ကျီးအာပင်ကို မမြင်ဖူး
ဘူး ဆိုရင်တောင် ပြောသံတော့ ကြားဖူးကြမယ်ထင်ပါတယ်။“အပြင်ကလှသလောက် အတွင်းက ပုတ်
ပွနေတာ ကျီးအာသီးလို လူမျိုးတွေ” လို့လေ..။ ကျီးအာရွက်ကလည်း ချဉ်ရည်  ချက်သောက်ရင် ကော
င်းသဗျ...။

ကင်းပုံပင်

ကင်းပုံပင်နှင့် ဆူးပုတ်
ကင်းပုံပင်တွေကလည်း တောထဲက ချုံတွေပေါ်မှာဆို ပေါမှပေါ...။ အလေ့ကျ ပေါက်တာလေ..။   ကင်း
ပုံသီး အမှည့်ကို ပစ်ထားလိုက်ရင် သူ့ဟာသူ အလိုလို အပင်ပေါက်လာတာလေ..။ ကင်းပုံရွက် ဟင်းချို
တော့ လူတိုင်းသိမှာပါ...။ သူ့ရဲ့ အတွဲက ဆူးပုတ်ပင်ပေါ့...။     ဆူးပုတ်ပင်က အလေ့ကျ ပေါက်တာပါ..။
အခု နောက်ပိုင်းတော့ လူတွေက အပင်ပေါက်လေးတွေကို    တူးပြီး အိမ်ဝိုင်းတွေထဲ ရွှေ့စိုက်ထားကြေ
တာ့ အလေ့ကျ ပေါက်ပင်မဟုတ်ဘူးဆိုရင်လည်း မမှားပါဘူး..။   အမှန်တော့ အလေ့ကျ ပေါက်ပင်ပါ..။
ဆူးပုတ်ရွက်ကို ကင်းပုံရွက်နဲ့ ပဲလေးထည့်ပြီး ချက်သောက်ရင် အရမ်းကောင်းတာဗျ...။  ကျွန်တော်အ
ခု စားချင်နေတာက ငရုတ်သီးထောင်း၊ ငါးပိကင်၊ ဆူးပုတ်ရွက် ဟင်းချို၊ ပဲဟင်းချက်၊ ဖရဲချဉ် ချက်လေ
းနဲ့ စားချင်နေမိတယ်...။ ဒါပေမယ့် :(
ဆူးပုတ်ကြီး
.......................................................................................................................................................
မှို
မှိုကလည်း မိုးရာသီရောက်မှ ပေါက်တာလေ...။ ကျွန်တော်တို့ဆီမှာ ပေါက်တဲ့မှိုတွေကတော့ မှိုနီ၊ မှိုဥ
နက်၊ မှိုဥ၊ မှိုကြက်တောင် စတာတွေပေါ့ဗျာ...။ မှိုက ချက်စားရင် အရမ်းချိုတယ်။ ကျွန်တော်ကတော့
ကြိုက်တယ်။

မှိုဥ

ခတတ်ပင်နှင့် ကြက်တက်ပင်
အဲဒီ အကြောင်းတော့ မရေးတော့ဘူးနော်... ရေးထားတာ မကြာသေးလို့...:)

အဲဒါတွေကတော့ အလေ့ကျ ပေါက်ရောက်တဲ့ အပင်လေးတွေပါပဲ...။ အဲဒီ အပင်တွေ အားလုံးက စား
လို့ရတယ်နော်...။ ကျွန်တော် မေ့နေတဲ့ အပင်တွေ ရှိနိုင်ပါသေးတယ်...။ သတိရတဲ့ သူရှိရင် ပြောပေး
သွားကြအုံးနော်...။

ရာဇာ(ကျေးလက်သားလေး)
6.4.2011




6 comments:

Angelhlaing(May everybody be happy and healthy! said...

မြူရွက်နဲ့ ဆူးကြိးအစိမ်းကို အခုမှပဲ သိတော့တယ်။။
ကျေးဇူးပါအကိုရေ...
ကောင်းသောနေ့လေးဖြစ်ပါစေ။

ညိမ်းနိုင် said...

မြူသုတ်စားချင်တယ်....၊အမေသုတ်ကျွေးဖူးတာ သတိရမိတယ်....:(((

Unknown said...

မြူရွက် အကြောင်းရေးတော့ ငါတို့ ဆီကို သတိမရဘူးလား ရာရာ။ ရာရာ သုတ်ကျွေးတာလေ မှတ်မိလား

yar zar said...

မှတ်မိတယ် ကိုဖြိုးရေ... ကုစ်မြို့လေးကိုရော၊ သူငယ်ချင်းတွေရော
အားလုံးသတိရတယ်...။ အဲဒီအချိန်တွေက အမှတ်ရစရာတွေပါ..
ဒွေးနဲ့ ကော်နီ ဆိုထားတဲ့ သီချင်းလိုပေါ့...
ဟိုအရင်ချိန်တွေ တမ်းတမက်မော ပြန်လိုချင်တယ် အခုလေ...
ဆိုတာလေ..။
အမြဲသတိရနေပါတယ်..

ရွှေညာသား said...

မြူရွက်တွေ စားတာလဲ စားပေါ့နော် အလွန်အကျွံမစားပါနဲ့ အပင်ထဲမှာ မြူရွက်က ခဲဓာတ်ပါဝင်မှု့ များတယ်တဲ့ သူ့ကိုအများကြီးစားရင် ခဲဆိပ်သင့်တတ်တယ်လို့ ဆရာမတစ်ယောက်ကပြောဖူးတယ်။ တိုက်ဆိုင်တာလား မသိဘူး မနှစ်က လမ်းလျှောက်ထွက်ရင်း မြူရွက်တွေတွေ့လို့ ခူးလာပြီး အဆောင်ရောက်တော့ သုပ်စားဖို့ပြုတ်ထားတာ သူငယ်ချင်းတစ်ယောက်က ခရမ်းချဉ်သီးချက်နဲ့ တို့စားရော မသုပ်ရသေးခင် သူကအရင်စားတာ နောက်တော့ အံနေလို့ သုပ်နေတဲ့ပန်းကန်လေးပါ သွန်ပစ်ရတယ်ဗျာ။မြေကြီး မတူလို့လား မပြောတတ်ဘူး။ မြန်မာပြည်တုန်းကတော့ စားခဲ့ပါတယ်။ ဘာမှမဖြစ်ဘူး။ သတိထားနိုင်အောင်လို့ပါနော်...တန်ဆေးလွန်ဘေးတဲ့...:P

Unknown said...

ဗဟုသုတ ရပါသည်

Post a Comment