Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, April 19, 2011

နွံထဲက ကြာတစ်ပွင့်


နယ်မြို့လေးတစ်မြို့ရဲ့ နေရာတစ်ခုမှာ ဦးအောင်ခင် နဲ့ ဒေါ်မြသိန်းတို့ မိသားစု နေထိုင်ကြပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးဆိုတော့ ကြည်နူးစရာ မြင်ကွင်းများနဲ့ မြစ်ပေါ်က တိုက်ခက်လာတဲ့လေနုေ
အးလေတွေရယ်၊ ငွေလှိုင်းရောင် ထနေတဲ့ လှိုင်းဂယက်လေးတွေဟာ ဦးအောင်ခင်တို့ မိသားစု သ
ဘောကျတဲ့ နေရာလေး တစ်ခုဖြစ်တာကြောင့် ဘယ်ကိုမှ ပြောင်းဖို့ စိတ်ကူးမရှိကြပေ...။

ဦးအောင်ခင်တို့ မိသားစုက (၇)ယောက်တောင် ရှိတယ်...။    သား၊ သမီးတွေက အောင်စိုး၊ အောင်
မျိုး၊ ဖြူနု၊ ဖြူဥ နဲ့ အငယ်ဆုံးကောင်လေး ဖြိုးအောင်.....။ အဲဒီ အထဲကမှ သားအကြီးကောင် အောင်
စိုးကိုတော့ ဒေါ်မြသိန်းရဲ့ မိဘတွေက မြေးဦးမို့ အချစ်ဆုံး...။ ဘာပဲလုပ်လုပ်၊ ဘာပဲဖြစ်ဖြစ် အလိုလို
က် အကြိုက်ဆောင် ထားလေတော့ အောင်စိုးက အဲဒီအိမ်မှာ အဆိုးဆုံးပေါ့...။မြေးငယ်လေးတွေကို
တော့ ဒေါ်ခင်မြတို့က မျက်နှာသာမပေး...မြေးချင်းအတူတူ အငယ်တွေက  မျက်နှာသာမရကြသူေ
တွလေ...။  အငယ်ဆုံးလေး ဖြိုးအောင်ကိုတော့ ပိုလို့တောင် မျက်နှာသာ မပေးကြ...။

အောင်စိုးကို အဘိုး၊ အဘွားတွေက အလို လိုက်ထားတော့ ဆိုးတဲ့နေရာမှာ နှစ်ယောက်မရှိတဲ့သူ၊ေ
ကျာင်းထားပြန်တော့လည်း အကြောင်းအမျိုးမျိုးပြကာ မူလတန်းပြီးသည်နှင့်  ကျောင်းထွက်ခဲ့ပြန်သ
ည်။ မိဘတွေကတော့ အောင်စိုးကို အမျိုးမျိုးပြောဆိုဆုံးမပြီး၊ ရိုက်မယ်လုပ်တော့ အဘွားဖြစ်သူ ဒေါ်
ခင်မြက ကာစီးကာစီး လုပ်ပြီး ကာကွယ်ပေးတတ်လေတော့ အောင်စိုးတစ်ယောက် မနိုင်တော့....။

အောင်မျိုး ကတော့ ကျောင်းစာကို စိတ်ဝင်စားသူ ၊ ကျောင်းမတက်ရတဲ့ နေ့ဆိုရင်တောင် ငိုနေတဲ့
သူလေ...။ အောင်စိုးနဲ့က နံ့သာဆီနဲ့ အီးလို ကွာခြားတဲ့သူ...။ ဖြူနုနဲ့ ဖြူဥတို့ကတော့ မိန်းကလေးေ
တွမို့ လိမ်မာရေးခြား ရှိပြီးသား...။ အငယ်ဆုံးလေး ဖြိုးအောင်ကတော့ အခုမှ ကျောင်းနေစ အရွယ်..
..။မိဘတွေကတော့ အောင်စိုးကို ဆိုးလို့ချစ်သလို ၊အငယ်တွေကိုတော့ အငယ်တွေမို့ တစ်မျိုး တစ်
ဖုံ ချစ်ကြပြန်သည်။

 အောင်စိုးကတော့ အရွယ်လေးကလည်း ရောက်လာ အဘွားဖြစ်သူက အလိုလိုက်၊ လိုသမျှ ပိုက်ဆံ
ကို ပေးလေတော့ အောင်စိုးတစ်ယောက် အပေါင်းအသင်းများလေပြီ...။ အရက်သေစာ သောက်စာ
းတတ်လာလေပြီ...။ မိဘအပေါ် အနိုင်ကျင့်တာတွေလည်း ရှိလာလေပြီ...။
“အမေ ကျုပ်ကို ပိုက်ဆံပေးအုံး..”
အောင်စိုး တစ်ယောက် မူးမူးနဲ့ အော်ဟစ် တောင်းလိုက်လေသည်။
“ဘာလုပ်ဖို့လဲ ငါ့သား မနေ့ကမှ အမေ ပိုက်ဆံပေးထားသေးတယ်လေ....”
အဲလို ပြောလိုက်တော့ အောင်စိုး တစ်ယောက် တိုင်ကို လက်သီးနှင့်သတ်ကာ...........
“အာ.. အဲဒါတွေက ဘာလုပ်လို့ရမှာတုန်း ပိုက်ဆံက အသုံးမခံတာ အမေသိတာပဲ...”
အောင်စိုး မူးမူးနဲ့ ပြောလေတော့ မိခင်ဖြစ်သူ  ဒေါ်မြသိန်း ခေါင်းရှုပ်မခံချင်တာနဲ့ ပိုက်ဆံ ထုတ်ပေး
လိုက်လေသည်။

“မြသိန်း နင့်သား အောင်စိုး မူးလာပြန်ပြီလား...”
“မဟုတ်ပါဘူး ကိုအောင်ခင်ရယ်... မမူးပါဘူး..”
ဒေါ်မြသိန်း သားဖြစ်သူဘက်က ကာပြောလိုက်လေသည်။ အဲဒါကလည်း လောကနိယာမပေကိုး....
သားဆိုးအမေ တပေပေ၊ လင်ဆိုးမယား တဖားဖား ဆိုတာလေ။
“နင် အပိုတွေ ကာပြောမနေနဲ့ မြသိန်းရာ နင့်သားက ကြာလေ ပျက်စီးလေဖြစ်လိမ့်မယ်ဟ...သူက
အိမ်မှာ အကြီးဆုံး အောက်က အငယ်တွေက သူ့ကို အတုယူရမှာ အခုတော့ကွာ....”
ဦးအောင်ခင် တစ်ယောက် အလုက်က အပြန် မောမောနဲ့ မျက်နှာကြီး ရှုံ့မဲ့နေပါသည်။
ဖြူနုတို့ ညီမကတော့ မျက်ရည်လေး စမ်းတမ်းစမ်းတမ်းနဲ့.......။  အောင်မျိုး ကတော့ ဧရာဝတီမြစ်ဘ
က်ကို ထွက်သွားလေပြီ...။ သူထွက်သွားတဲ့ နောက်ကိုတော့ ဖြိုးအောင် လိုက်သွားလေသည်။ အခုဆို
ဖြိုးအောင်လေးက (၇) တန်းတောင် ရောက်နေပြီဆိုတော့ သိတတ်နေပြီလေ...။

“ဖြိုးဖြိုး မင်းက ဘာလို့ ငါ့နောက်လိုက်လာတာလဲ...”
“ကိုမျိုးရာ ကျွန်တော်လည်း စိတ်ညစ်တယ်ဗျ... ကိုစိုးက ဆိုးတယ်ဗျာ...”
ညီအစ်ကို နှစ်ယောက် စကားတပြောပြောနဲ့ မြစ်ပေါ်က လေနုအေးလေးကိုခံစားရင်း ငွေရောင်ထနေ
တဲ့ လှိုင်းလေးတွေကို ကြည့်နေကြပါသည်။

“ဖြိုးဖြိုးရာ အစ်ကို ကျောင်းထွက်မယ်... ဒါမှ မင်း ကျောင်းဆက်တက်နိုင်မှာ.. နို့မို့ဆို အဖေ လုပ်စာေ
လးနဲ့ အဆင်မပြေဘူးကွ..”
အောင်မျိုး သက်ပြင်းရှည်ကြီး ချပြီး ပြောလိုက်ပါသည်။ နဖူးက ကျလာတဲ့ ချွေးတွေကို လက်နဲ့ သုတ်ရ
င်း မြစ်ပြင်ဆီကို အဓိပ္ပါယ်မဲ့ ကြည့်နေလိုက်ပါသည်။ အောင်မျိုး ဘယ်လောင်တောင် ပူနေသလဲဆိုရင်
မြစ်ပြင်ပေါ်က တိုက်ခတ်နေတဲ့ လေက သာမာန် လူအဖို့တော့ ချမ်းတောင် ချမ်းတယ်လေ...။ အခု
တော့ အောင်မျိုး နဖူးက ချွေးတောင် သုတ်နေရတယ်..။

ဖြူနုလည်း ကျောင်းထွက်ဖို့ စိတ်ကူးနေလေပြီ...။  အဖေပြန်လာလျှင် လုပ်ပေးနေကြ သောက်ရေခပ်
ပေးဖို့ကို မေ့လျော့ကာ စိတ်တွေ ထွေပြားနေလေသည်။ အားလုံးလည်း အတွေးကိုယ်စီ နှင့်။
....................................................................................................................................

အောင်မျိုး မိဘကို အသိမပေးပဲ အလုပ်ထွက်ရှာလေသည်။ နယ်မြို့လေးဆိုတော့ အလုပ်ကလည်း ရှား
ပါးလိုက်တဲ့ဖြစ်ခြင်း...။ စက်ဘီးလေးတစ်စင်းနဲ့ တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက် လိုက် ပြီး မေးလိုက်တာ
လုံးဝ မှ အဆင်မပြေ...။ အောင်မျိုး စိတ်ညစ်လာလေပြီ...။ ရှာမရတဲ့ အဆုံးတော့ ထိုင်နေကြ လ္ဘက်ရည်
ဆိုင်လေးဆီသို့ ပြန်လာခဲ့လေသည်။ ဆိုင်ထဲကို ၀င်လိုက်တာနဲ့ သူရဲ့ သူငယ်ချင်းတွေက ရောက်နှင့်နေ
တာကြောင့် သူငယ်ချင်းတွေ စားပွဲဆီကို ဦးတည်သွားလိုက်လေသည်။

အောင်မျိုးတစ်ယောက် လ္ဘက်ရည် တစ်ခွက်မှာရင်း မိသားစုအကြောင်း၊အလုပ်အကြောင်း ရင်ဖွင့်လိုက်
လေသည်။ သူငယ်ချင်းတွေက ကျောင်းမနေတဲ့ သူတွေဆိုတော့ အလုပ်ခွင်မှာ ကျင်လည်နေကြပြီ...။

“မဟုတ်သေးပါဘူး အောင်မျိုးရာ မင်းက ကျောင်းပြီးဖို့ တစ်နှစ်ပဲ လိုတော့တာလေ.. ဘွဲ့ရမှ လုပ်ချင်တာ
လုပ်ပေါ့...။ ဘွဲ့ရပြီးရင် အလုပ်က ပေါပါတယ်... အခု မင်းက ရွှေလည်ရစ် နတ်အိုးကွဲ ဖြစ်နေတာလေ..
ပဲမလှော်လောက် ၊ချေးမကော်လောက်နဲ့...”

“မဖြစ်တော့ဘူး သူငယ်ချင်းတို့ရ .. အဖေကလည်း အသက်က ရလာပြီ...။ ငါ့အစ်ကိုကလည်း ငါပြော
ထားတဲ့ အတိုင်းပဲ...။ အဲတော့ ငါ မဖြစ်ပါဘူးကွာ... ပိုက်ဆံရှိမှပဲ ကျောင်းပြီးအောင် တက်တော့မယ်.
...”
“အေး မင်းအဲလောက်တောင် ဖြစ်နေတယ် ဆိုရင်လည်း ငါတို့ ရွှေတော တက်ပြီး ရွှေတူးသွားမလို့၊ မင်း
အိမ်က သဘောတူရင် လိုက်ခဲ့လေ...”
အောင်မျိုး တစ်ယောက် ခေါင်းငြိမ့် ပြလိုက်လေသည်။

“မဖြစ်ပါဘူး ငါ့သားရယ်.. မင်းက ကျောင်းကလည်း ပြီးခါနီးပြီ... မင်းအဖေ သိရင်လည်း သဘောတူမှာ
မဟုတ်ဘူး...”
“သွားတာ မသွားတာ နောက်ထား အခုလောလောဆယ် ကျုပ်ကို ပိုက်ဆံ ပေးဗျာ... ပိုက်ဆံ မရှိလို့မဖြ
စ်ဘူး... သူ့ကိုလည်း သွားခိုင်းလိုက် သူသွားတော့ ပိုက်ဆံတောင် ရသေးတယ်..”
အောင်စိုး မူးမူးနဲ့ ၀င်ပြောလိုက်လေသည်။

မိဘကိုလည်း မညှာတာ၊ ညီအစ်ကို ၊ မောင်နှမတွေကိုလည်း မထောက်ထား သူဖြစ်ချင်တာ၊ သူလုပ်ချင်
တာ လုပ်ရရင် ပြီးပြီးရောဆိုတော့ အောင်စိုး...။  ဒေါ်မြသိန်းကတော့ ဘာမှကို မပြောတော့... အငယ်
ဖြစ်ပြီး အိမ်အတွက်၊ ညီ၊ ညီမတွေ အတွက် အလိုက်သိတဲ့ အောင်မျိုးကိုပဲ သနားနေလေသည်။

အောင်မျိုးကတော့ အမေကိုပဲ နားပူ၊ နားဆာ လုပ်လေတော့.. သဘောမတူချင်ပေမယ့်လည်း စီးပွါးရေး
အခြေအနေအရ ဦးအောင်ခင်ကို နားဝင်အောင် ပြောပြရလေပြီ...။
ယောက်ျား ဆိုတဲ့ အမျိုးကလည်း အမေပြောရင်တာ တစ်လ ကြာရင်ကြာမယ်၊ မယားပြောရင်တော့ တစ်
ညပဲလေ...။ ဒေါ်မြသိန်း အပြော ကောင်းမှုတွေကြောင့် အောင်မျိုးသွားမဲ့ ကိစ္စကို သဘောတူလိုက်ပေမဲ့
 မိဘဖြစ်လေတော့ သား၊ သမီးတွေအပေါ် တာဝန်မကျေတဲ့အတွက် ဦးအောင်ခင် ခံစားနေရလေသည်။
...............................................................................................................................
ဧရာဝတီ မြစ်ကမ်းဘေးက သပြေပင်အောက်မှာတော့ ....
“ဖြူဥ ငါတို့ ဘယ်တော့ လက်ထပ်ကြမလဲ...”
“ကိုဝေကလည်း ဖြူဥတို့က ငယ်သေးတာပဲ... နောက်ပြီး အိမ်ကိုလည်း မခွဲနိုင်သေးဘူး...”
“ ပထမနှစ်ဆိုတဲ့ အရွယ်က ငယ်သေးတာလား ဖြူဥရယ်...”။    တစ်ယောက်ရဲ့မျက်နှာကို တစ်ယောက်
ကြည့်ရင်း ညှင်ညှင်သာသာလေး တစ်ယောက်ကို တစ်ယောက် ချစ်သူ ရည်းစားတို့ သဘာဝ ချစ်စကား
လေးတွေ တွတ်ထိုး နေကြလေသည်။ ချစ်သူ နှစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ မကြာလိုက်...။

ဖြူဥတို့ ချိန်းတွေ့နေတာကို အောင်စိုး အမူးမြင်လေတော့ ဒေါသတို့ ပေါက်ကွဲပြီး အိမ်ကို  ဆွဲခေါ်သွားေ
လသည် ။ အိမ်ကို ရောက်တော့ မိဘတွေကလည်း ဆူကြ၊ ငေါက်ကြ လေသည်။ ဆယ်တန်း ကျလို့ကျေ
ာင်းဆက်မတက်တဲ့ ဖြူနုက အေးသလောက်၊ ဖြူဥက တက္ကသိုလ် ကျောင်းသူဆိုတော့ ရည်းစားသနာရှိ
တာ မဆန်းလောက်ပါ.။ အောင်စိုးက ရေချိန်မကိုက်တဲ့ အတွက်ဆက်သောက်ဖို့ ပိုက်ဆံတောင်းပြန်သှ်။
သူတောင်းတဲ့ အချိန်မှာ ပိုက်ဆံက လက်ထဲ တကယ်မရှိတာဆိုတော့ မပေးနိုင်။  အဲတော့ အောင်စိုးက
မိဘတွေ မသိအောင် အိမ်တွင်းပစ္စည်းတွေကို ယူလေပြီ...။ သူ့အတွက်ကြောင့်လည်း မိဘတွေ ရှိသမျှေ
လးတွေ တစ်နေ့ထက် တစ်နေ့ နည်းပါးလာလေသည်။ မိဘနှစ်ပါးကတော့ နေ့စဉ်နဲ့ အမျှ စိတ်ဆင်းရဲေ
နရပေသည်။ အလိုလိုက်လှပါတယ်ဆိုတဲ့ အဘွားတွေကလည်း သူတို့ကို ဓါးကျိန်းကျိန်းပြီးကတည်းက
အောင်စိုးကို မျက်နှာသာ မပေးကြ...။

အောင်မျိုးကတော့ ရွှေတောကို တက်သွားလိုက်တာ...။ မပြေလည်တဲ့ အပြင် အကြွေးတွေနဲ့ လုံးလည်
လိုက်နေလေသည်။ သူထင်သလို ဖြစ်မလာတော့ သူလည်း စိတ်ဆင်းရဲနေလေသည်။ နောက်တော့ သူ့
ကို တဖတ်သက် ချစ်ကြိုက်နေတဲ့ ကောင်မလေး ဒေစီနှင့် လက်ထပ်လိုက်ကြသည်။ မိဘတွေကတော့
သတင်းကြားရရုံမှ တပါး ဘာမှ လုပ်မပေးနိုင်ခဲ့ကြ...။ အောင်မျိုးက မိန်းမရပြီးကတည်းက မိဘတွေဆီ
ကိုလည်း ပြန်မလာတော့ပါ...။

တစ်ယောက် ကမိုက်သွားလို့မှ မဆုံးလိုက်ခင်... ဖြူဥ က ရည်းစားဖြစ်သူနောက် လိုက်သွားလေပြီ....။
အဲတော့ တစ်အိမ်လုံး စိတ်ဆင်းရဲ နေကြရတာပေါ့...။ ဖြူဥရဲ့ ကောင်လေး ဆိုတာကလည်း အားကိုးလို့
မရတဲ့ ဆင်းရဲသား....။ အောင်စိုးကလည်း နေ့စဉ်နဲ့ အမျှ ပိုက်ဆံတောင်းတာကလွဲရင် ဘာမှ မလုပ်...။
အခုလည်း မိဘတွေ၊ ညီမနဲ့ ညီလေး စိတ်ဆင်းရဲနေ တဲ့ အချိန်တောင် အရက်ဖိုး ပိုက်ဆံ တောင်းနေပြ
န်သည်...။ မိဘတွေ မပေးနိုင်လို့ ပြောပေမယ့် မရ...။ ဖြူဥ ယောက်ျားနောက် လိုက်သွားတဲ့ အကြောင်း
ပြောပြတဲ့ အချိန်မှာတော့ အောင်စိုးတစ်ယောက် ဒေါသတို့ပေါက်ကွဲပြီး ဓါးဆွဲပြီး လမ်းကို အထွက် အရှိ
န်နဲ့ မောင်းလာတဲ့ ကားနဲ့ ၀င်တိုက်မိလေသည်။ အောင်စိုး ကံဆိုး လေခြင်း၊ ဒီလမ်းဘက်ကို ကားအ၀င်
အထွက် ရှားတာတောင် သူ့ရဲ့ သေရမဲ့ ကံပါလာတော့ ကားက ၀င်တိုက်မိလေသည်။ မိဘတွေကတော့
တစ်ပူပေါ် ၊ နှစ်ပူဆင့်၊ နှစ်ပူပေါ် သုံးပူဆင့်လေတော့ ငိုလိုက်ကြတာ...။

“လူကလေး အောင်စိုးရဲ့ အဖြစ် ဆိုးလှချည်လား... အမေတို့ ဘယ်လို ဖြေရမလဲ... တစ်ယောက်က အိ
မ်ထောင်ပြုလို့မှ ပူနေတုန်း၊ နောက်တစ်ယောက်က လင်နောက် လိုက်တယ်။ လင်နောက်လိုက်တဲ့သူ
ကို စိတ်တိုလို့ ဓါးဆွဲပြီး အိမ်ပေါ်က အဆင်း ကားက အခုလို တိုက်သွား တာပါပဲတော့... ဟီး...”
ဒေါ်မြသိန်း တစ်ယောက် လာရောက်သူ ပရိတ်သတ်ကြီးကို တိုင်တည်ပြီး ငိုနေလိုက်ပါသည်။
အဖွားဖြစ်သူနဲ့  ညီမဖြစ်သူတို့လည်း  ငိုလိုက်ကြတာ...  မြင်ရသူ အားလုံး   မျက်ရည်တွေ တသုတ်သုတ်
နဲ့... ။ အားလုံးကလည်း ကံဆိုးလိုက်တဲ့ မိသားစုလို့ သတ်မှတ်ထားကြလေသည်။

အောင်စိုးရဲ့ ရက်လည် ဆွမ်းသွတ်နေ့မှာတော့ ဘုန်းကြီး(၁၀) ပါးကို ဆွမ်း၊ ကွမ်း ဝေယျာဝစ္စလေးတွေနဲ့
ကုသိုလ်ပြုလေသည်။  မိသားစု သိုက်သိုက်ဝန်းဝန်း နေလာကြတဲ့ မိသားစု အိမ်က အခုတော့ သုဿန်
တစပြင်အလား ခြောက်ကပ်နေပါသည်။  မတည်မြဲခြင်း သဘောတရားတွေ ဆိုတာကို ဖြိုးအောင် သေ
ဘာပေါက်သွားလေသည်။
..............................................................................................................................
ဒီလိုနဲ့ နှစ်တွေကလည်း ပြောင်းလဲ ၊ပြောင်းလဲ သွားလိုက်တာ။ ဖြိုးအောင်တောင် (၁၀)တန်းရောက်ပြီ။
သား၊ သမီးတွေရဲ့ စိတ်နဲ့ပဲ ဦးအောင်ခင် အိပ်ယာထဲ လဲလေပြီ...။ ဒေါ်မြသိန်းနဲ့ ဖြူဥ တို့ ဈေးရောင်းကြ
လေသည်...။ ဈေးရောင်းပြန်တော့လည်း မိသားစု စားရုံလောက်သာ...။   ဖြိုးအောင်က ဆယ်တန်းဆို
တော့ မလောက်ငှပြန်...။ အဲတော့ ဖြိုးအောင်လေးလည်း မိဘတွေ မသိအောင် ပိုက်ဆံရတဲ့ အလုပ်ေ
လးတွေလုပ် ၊ လိုအပ်တာလေးတွေ ၀ယ် နဲ့ သူ့ဟာသူတော့ အဆင်ပြေနေပါသည်။

“သား.. အခုတလော မင်း ပိုက်ဆံလည်း မတောင်းဘူး... မလိုလို့လား သားရဲ့...”
“ဟုတ်တယ် အမေ.. ကျွန်တော် ပိုက်ဆံ မလိုသေးလို့ပါ...”
အဲလိုလေး ပြောလိုက်တော့လည်း အမေဖြစ်သူက ဆက်မမေးတော့...။ ဒီလိုနဲ့ ဖြိုးအောင်လည်း ကလေး
တွေကို စာသင်ပေးလိုက်၊ အခြား အလုပ်လေးတွေ လုပ်လိုက်နဲ့ ဆယ်တန်းတောင် ဖြေပြီးသွားလေပြီ...။
ဖြိုးအောင် ကျောင်းလည်း ပိတ်ပြီဆိုတော့ အစ်မဖြစ်သူကို ကူလုပ်လေသည်။ အစ်မက ဆေးလိပ်ယူပြီး
လိပ်ရင်လည်း၊ သူလည်း ဆေးလိပ်ကို မဖြစ်ဖြစ်အောင် လိပ်လေသည်။ ဘာအလုပ်မဆို မလုပ်တတ်တာ
မရှိရလေအောင် ကြိုးစားပြီး လုပ်လေသည်။ အထက်က သား၊ သမီးတွေ ဆိုးသလောက် ဖြိုးအောင်လေ
းကတော့ သိတတ်လိမ္မာသူ၊ ကိုယ့်ဒူးကိုယ့်ချွန်လေသူလို့ အများက အသိအမှတ်ပြုထားလေသည်။

ဖြိုးအောင်လေးကပါ အလုပ်လုပ်နေပြီမို့ မိသားစု နည်းနည်း ချောင်ချောင်လည်လည်လေး ဖြစ်လာပါသ
ည်။ အဲဒီအချိန်မှာ ဦးအောင်ခင်ကတော့ နှလုံးရောဂါတောင် စွဲကပ်နေပြီလေ...။
“အဖေ ဆေးသောက်ရအောင်”
“သောက်ပြီးပါပြီ ငါ့သားရယ်... မင်းကတော့လေ ကြီးပွါးချမ်းသာအုံးမှာ မိဘအပေါ် အလိုက်သိလွန်းတ
ယ်... ဘာမဆို မိဘကို ဦးစားပေးတယ်ကွယ်...”
တစ်ခြား သား၊ သမီးတွေ နဲ့ နှိုင်းယှဉ်ပြီး ပြောနေတယ်ဆိုတာကို ဖြိုးအောင် ကောင်းကောင်းသိလေသ
ည်။ ဦးအောင်ခင် ပြောရင်း ၊ပြောရင်း မျက်ရည်တို့ လည်လာပြီး ခံစားမှုများကာ  မူးလဲ သွားလေသည်။
ဦးအောင်ခင် ရောဂါက သူဌေးရောဂါဆိုတော့လည်း သက်သက်သာသာနဲ့  ခံစားမှုနည်းမှ တော်ကာကြ
တာလေ...။ အောင်ဖြိုးကတော့ ဘ၀အကြောင်းကို ပြန်တွေးနေလိုက်ပါသည်။
...............................................................................................................................

ဘာလိုလိုနဲ့ ဇူလိုင်လတောင်   ရောက်လာလေပြီ...။    ဆယ်တန်း အောင်စာရင်း   တွေလည်း ထွက်ေ
တာ့မည်...။ ဖြိုးအောင်လည်း ရင်ခုန်နေလေပြီ...။
“ငါ့သား ဆယ်တန်းအောင်တော့မယ်... ငါ့သားကို ဗိုလ်လုပ်ခိုင်းမယ်၊ ဒါမှမဟုတ် ဆရာဝန်ကြီး လုပ်ခိုင်း
မယ်...”  ဦးအောင်ခင် တစ်ယောက် သူ့ဟာသူ ပြောရင်း ပျော်မြူးနေလေသည်။

နောက် သုံးရက်လောက်နေတော့ အောင်စာရင်းထွက်လေပြီ...။ ဖြိုးအောင် ဆယ်တန်းကို နှစ်ချင်းပေါက်
အောင်လေပြီ...။ ဖြိုးအောင် အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ ဦးအောင်ခင် သိချင်ဇောဖြင့် ...
“ငါ့သား အခြေအနေ ဘယ်လိုလဲ”
“ အဖေ သားအောင်တယ်လေ... ”
ဖြိုးအောင် ၀မ်းသာ အားရနဲ့ ဦးအောင်ခင်ကို ဖက်ပြီး ငိုလိုက်ပါသည်။ အဲဒီ အချိန်မှာတော့ ဦးအောင်ခင်
တစ်ယောက် ခံစားမှု များပြီး လဲကျသွားလေသည်။ အဲဒီနောက်မှာတော့ ဦးအောင်ခင် မပြန်သောလမ်း
သို့ သွားလေပြီ...။
ကျန်တဲ့ သား အမိ သုံးယောက် ငိုလိုက်ကြတာ...။ သူတို့ အတွက်တော့ ရွှေတောင်ကြီး ပြိုတာနဲ့ မခြား
ပါပဲ...။ ဦးအောင်ခင် အသုဘ မြေကျ ပြီးတဲ့ နောက်မှတော့ ဖြိုးအောင် တို့ မိသားစု အထီးကျန်ခြင်း များ
စွာနဲ့ ရပ်တည် နေကြတယ်ဆိုတာ ပတ်ဝန်းကျင်က လူတွေ အားလုံးသိကြပါသည်။

ဖြိုးအောင်တို့ မောင်နှမ အလုပ်ကို ဇောက်ချ လုပ်ကိုင်ကြလေသည်။ လုပ်ရင်းနဲ့ပဲ ဖြိုးအောင် တက္ကသိုလ်
ဖွင့်လေပြီ...။ အဲဒီ အတွက် ဖြိုးအောင် အရင်လို အလုပ်မလုပ်နိုင်တော့ပေ.. ကျောင်းကလည်း သွားရေ
သးသည် မဟုတ်ပါလား...။
..........................................................................................................................

နောက်တော့ ဖြိုးအောင် ဆယ်တန်း ကလေးတွေကို ကျူရှင်ပြလေသည်။   အဲဒီ အတွက် စီးပွားရေးက
ပြေလည် လာလေသည်။ မိသားစုတွေ အထီးကျန်ခြင်းတွေတောင် မေ့ပျောက်သလို ဖြစ်နေပြီ....။
ဖြိုးအောင် တစ်ယောက်ကတော့ စာရော၊ အလုပ်ရော ဇောက်ချတဲ့အတွက်... အားလုံး အဆင်ပြေလေ
သည်။ နောက်တော့ ဖြိုးအောင် တစ်ယောက် တက္ကသိုလ်ဆရာတောင် ဖြစ်သွားပြီလေ...။ တက္ကသိုလ်
ဆရာ ဖြစ်ပြီဆိုတော့...မိသားစုကလည်း ပျော်ရွှင်ကြလေသည်။

ဖြိုးအောင်ကတော့ မမြဲခြင်း သဘောတရားတွေကို သိနေတဲ့ အတွက်...      ဆရာအဖြစ်မှ စွန့်လွှတ်၍
လောကုတ္တရာဘက်သို့ ကူးပြောင်းကာ ရဟန်းဘောင်သို့ ၀င်သွားပါတော့သည်။ အမေနဲ့ အစ်မကလည်း
ရဟန်း ဒကာမ တွေ ဖြစ်ပြီဆိုတော့ မပျော်ရွှင်ဖူးတဲ့ ပျော်ရွှင်မှုနဲ့ ကို ပျော်ရွှင်နေပါသည်။ ပျော်လွန်းလို့လ
ည်း မျက်ရည်များတောင်ကျနေပါတော့သည်။

တက္ကသိုလ် ဆရာ တဖြစ်လဲ ဦးဇင်းလေး ဦးသုဇန လည်း တည်ငြိမ်မှု ၊ ရင့်ကျက်မှုတို့ဖြင့် သိမ်ထဲမှ တစ်
လှမ်းခြင်း ထွက်လာလေသည်။ အမေ၊ အစ်မ အခြား ဒကာ၊ ဒကာမ များလည်း ဦးသုဇနကို ရိုသေညွတ်
တွား ဦးသုံးကြိမ် ချကြလေတော့သည်။

အများကလည်း ပြောကြလေသည်...“ ဒီကလေးက တစ်အိမ်လုံးမှာမှ အတော်ဆုံးပဲ...အစ်ကိုတွေ ၊အစ်မ
တွေလို မဟုတ်ပဲ လောကီကို စွန့်လွှတ်ပြီး လောကုတ္တရာ ဘက်ကို ကူးပြောင်းသွားတာ “ နွံထဲက ထွက်
လာတဲ့ ကြာတစ်ပွင့်” ”ပဲ...။

ဦးဇင်းလေး ဦးသုဇနလည်း အားလုံးကို အောင်နိုင်တဲ့ လူတစ်ယောက်လိုပင်...သူရဲ့ ဘ၀တစ်လျှောက်လုံ
းကိုတော့ နွံထဲက ကြာတစ်ပွင့် အဖြစ် ရပ်တည်သွားလေတော့သည်။

ရာဇာ(ကျေးလက်သားလေး)
19.4.2011

9 comments:

koshwan said...

ဖတ်ရတာကောင်းလိုက်တာ..ဇာတ်လမ်းထဲက မိသားစုဝင် အားလုံးရဲ့ ဇာတ်ရုပ်ကို ပေါ်လွင်အောင် ရေးဖွဲ့ထားတာ ပြီးပြည့်စုံပါတယ်..။ ဇာတ်လမ်းအတိုင်း အစဉ်အလိုက် ဖော်ပြပြီးမှ ခေါင်းစဉ်ပေးထားတာကို ပေါ်လွင်အောင် တင်ပြသွားပါတယ်..။ ကျေးလက် ဇာတ်ရုပ်ဇာတ်လမ်းတွေကို ကျေးလက်ရှုခင်းအနောက်ခံနှင့် ဆက်ရေးပါဦး။ အားပေးနေပါတယ်...။

ရွှေညာသားလေး said...

...အခု မင်းက ရွှေလည်ရစ် နတ်အိုးကွဲ ဖြစ်နေတာလေ ပဲမလှော်လောက် ချေးမကော်လောက်...ဆိုတာလေးကို သဘောကျတယ်ဗျာ။ ကိုးတန်းနှစ်က ဆရာကြီးဆုံးမတာလေးနဲ့ တူလို့ပါ။ ရွာတွေမှာ ဆယ်တန်းမအောင်တဲ့သူကို ခိုင်းနှိုင်းရင် ဘုရားညောင်ရေအိုးကွဲနဲ့ ပုံနှိုင်းပြတတ်တယ်။ လမ်းပေါ်ချထားတော့လည်း မသင့်တော် ခြံစည်းရိုးမှာ တင်ထားပြန်တော့လည်း သုံးလို့မရ ဆိုပြီး ဥပမာပြ အသုံးအနှုန်းလေးတွေက တကယ်ထိမိတယ်။ ကိုရာဇာအသုံးအနှုန်းလေးက ဖတ်ရင်းဖတ်ရင်း မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာတယ်။ ကောင်းပါပေတယ် ကိုရာဇာရေ ဆက်လက်ကြိုးစားပါ...

မောင်ဖြိုး said...

ဇာတ်လမ်းလေးက တော်တော်လေး ကို...ကောင်းတယ်နော် အရေးသားလေးတွေ။ သနားစရာလေးလဲ ကောင်းတယ်နော်..။ အင်းနောက်ဆုံး ဇာတ်သိမ်းလေးက ကောင်းလိုက်တာ ငြိမ်းချမ်းအေးမြသွားတာပဲနော် ။
ကိုရာဇာလဲ ကျန်းမာပျော်ရွှင်စွာနဲ့  စာတွေ ဆက်ရေးနိုင်ပါစေဗျာ။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ မိုက်တယ်ဗျို့ ဇတ်သိမ်းလေးလည်းကြိုက်၏
ခံစားအားပေးလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

jasmine(တောင်ကြီး) said...

ဇတ်လမ်းကောင်းလေးဖတ်ရလို့ကျေးဇူးတင်ပါတယ်ရှင်

...အလင်းစက်များ said...

တကယ်ရေးနိုင်တာပဲ ကိုရာဇာ... အပြင်လောကမှာတော့ ရဟန်းဘောင်ဝင်သွားရင် ရုပ်ရှင်တွေထဲကလို ပြီးပါပြီလို့  စာတမ်းထိုးလို့  မရဘူးကွယ်...။ သာသနာဘောင်ဆိုတာလည်း အင်မတန်ကို ခက်ခဲလှတယ် မဟုတ်လား ကိုရာဇာရေ...။

yar zar said...

လာရောက်လည်ပတ်သူ အားလုံး ကို ကျေးဇူးအထူး တင်ပါတယ်...

ရွှေပြည်သူ said...

မိသားစုတစ်စုရဲ့ ဘဝအမောတွေ အပူတွေကို ရေးဖွဲ့ပြရင်း တကယ့်အေးချမ်းရာ လမ်းအစစ်အမှန်ကို ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းကောင်းလေးကို ဖတ်သွားပါတယ် မောင်လေးရေ...

yar zar said...

အစ်မ ရွှေပြည်သူ လာရောက်လည်ပတ် အားပေးမှုအတွက် အထူး ကျေး
ဇူးတင်ပါတယ်ဗျ... နောက်လည်း လာလည်ပါအုံးလို့ ဖိတ်ခေါ်ပါတယ်နော်..

Post a Comment