Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, April 8, 2011

တမ်းတမိတဲ့ နေ့စွဲများ


ဆောင်းအကုန် နွေအကူးဆိုတော့ အပင်တိုင်း အရွက်တွေက ရင့်ရာမှ ၀ါ၊ ၀ါရာမှ မြေသို့ ကျွေကျမြေခ
ကုန်ကြပြီလေ...။တမာပင်ထိပ်ဖျားမှ မမြင်ရတဲ့ ဥသြလေးကလည်း နွေသရုပ်  ပီပြင်စေဖို့အတွက် အေ
ဖ်ာမပါ တစ်ကိုတည်း တွန်ကျူးနေပြန်ပါသည်။ လေပြည် ၊ လေညှင်းလေးကလည်း တိုက်ခတ်လို့ နေပြ
န်တော့ အရသာက တစ်မျိုးလေးပေါ့...။ လွမ်းချင်သူတို့အဖို့ လွမ်းတတ်တဲ့ ရာသီလေး ပါပဲ...။

ဒေါက်တာ ဦးအောင်မြင် တစ်ယောက် စာသင်ရင်း ဥသြငှက် တွန်ကျူးသံလေးနဲ့အတူ လေတိုးသံတို့ကို
နားစွင့်ရင်း ငယ်စဉ်က အတိတ်ဘ၀ကို ပြန်လည် သတိရလိုက်မိပါတော့သည်။
............................................................................................................................

အောင်မြင် တစ်ယောက်လည်း စာကျက်ရင်း အတွေးတို့ နယ်ချဲ့ပြီး ငေးမော နေပါသည်။  ဒေါ်ခင်သီေ
ရာက်လာတာကို မသိလိုက်...။ သူကတော့ ကေသွယ် ဆိုတဲ့ ကောင်မလေးက သူရဲ့  စိတ်တွေ စိုးမိုးထ
ားပြီဆို ကောင်းကောင်းသိထားပုံရပါသည်။ စာကျက်လည်း ကေသွယ်၊ ထမင်းစားလည်း ကေသွယ် ပဲ
၊ ဘာလုပ်လုပ် ကေသွယ်မှ ကေသွယ် ဖြစ်နေရှာပြီ။    တစ်ယောက်တည်း ပြုံးလိုက်၊ မဲ့ လိုက်ဖြစ်နေတဲ့
အောင်မြင် ကို ကြည့်ရင်း သားဆီကို ဒေါ်ခင်သီ ချဉ်းကပ်သွားလေသည်။   သား ဇောနဲ့ သွားလိုက်မိတဲ့
ဒေါ်ခင်သီတစ်ယောက် ခလုတ်တိုက်ပြီး လက်ထဲက လ္ဘက် ပန်းကန်လေး လွတ်ကျ သွားလေသည်။

“ချွမ် ..ဂလွမ်” တဆက်တည်းမှာပဲ “ဗုဒ္ဓော” ဆိုပြီး ယောင်အော်မိလိုက်ပါသည်။ အဲတော့မှ အောင်မြင်
တစ်ယောက် လန့်ပြီး ဒေါ်ခင်သီကို ကြည့်နေမိပါသည်။ အဲနောက်မှ သတိဝင်ပြီး   မိခင်ဖြစ်သူကို ပြေး
ထူလိုက်ပါသည်။ ဒေါ်ခင်သီလည်း နာနာ နဲ့ ဒူးလေးကို ပွတ်ရင်း ရှုံ့မဲ့နေပါသည်။

“အမေ ဘာဖြစ်တာတုန်းဗျ”
“ငါက ဘာမှ မဖြစ်ဘူး အောင်မြင် မင်းကို ငါမေးမလို့ လာတာ ခလုတ်တိုက်မိလို့” ပြောလည်းပြော လ္ဘ
က် ပန်းကန်လေးကိုလည်း ပြန်လည် သိမ်းဆည်းနေလိုက်ပါသည်။

“မင်း အခုတလော ဘာဖြစ်နေတာလဲ တမှိုင်မှိုင် တထွေထွေနဲ့... ခဏတုန်းကလည်း တစ်ယောက်တ
ည်းပြုံးလိုက်၊ မဲ့လိုက်နဲ့ အမေ့ကို မှန်မှန်ပြောစမ်း”
“မဟုတ်ပါဘူး အမေရာ အမေ အကြည့်မှားတာ ဖြစ်ပါလိမ့်မယ်.. ကျုပ် စာကြည့်နေတာပါဗျ...”
အောင်မြင် ဒဲ့ လိမ်လိုက်ခြင်းဖြစ်ပါသည်။

“ အေး ကောင်းပြီ ငါ့သား အမေကလည်း အကြည့်မှားတာပဲ ဖြစ်စေချင်တယ်... စာကိုပဲ ကြိုးစား စာ
မေးပွဲက ဘယ်လောက်မှ လိုတာ မဟုတ်တော့ဘူး... မနှစ်ကလိုလည်း မကျစေနဲ့အုံး...မင်းဆယ်တန်း
အောင်ရင် အမေက ကောလိပ် ဆက်ပြီး ပို့အုံးမှာ..”
ဒေါ်ခင်သီတစ်ယောက် သားဖြစ်သူကို မှာတမ်းတွေ ချွေနေပါသည်။

“အမေရာ မနှစ်က ကျချင်လို့ ကျတာမှ မဟုတ်တာ စာမေးပွဲ ဖြေခါနီး ကျန်းမာရေးကြောင့်ပါဗျာ...”

“အေးပါ အဲဒါကို အမေသိတယ်...တစ်နှစ်ဆို တစ်နှစ် ကျောင်းထားရတာ မလွယ်ဘူးဆိုတာ သိတယ်မ
လား... သူများ မိဘတွေလို အမေတို့က ရှိတာမဟုတ်ဘူး... ကိုယ့်ဘ၀ကို နားလည်ပါ သားရယ်...”
“နားလည်ပါတယ် အမေရာ အဖေဆုံးပြီးကတည်းက ကျုပ်တို့ မောင်နှမ နှစ်ယောက်ကို အမေ ပင်ပင်
ပန်းပန်း လုပ်ကျွေးပြီး ကျောင်းထားနေတာ သိပါတယ်...”
“အေးပါကွယ် အဲဒီလိုသိတတ်တာနဲ့ပဲ အမေက ကျေနပ်လှပါပြီ...”
...............................................................................................................................


 အောင်မြင်တစ်ယောက် သားလိမ္မာဘွဲ့ ရထားပေမယ့် သဘာဝတရားအရ သူ ကေသွယ်နဲ့ တွေ့မှ အမေ
ကို လိမ်တတ်နေပြီ...။ သူ့ရဲ့ စိတ်တွေက အမြဲတမ်း ကေသွယ်ဆီမှာ    ရောက်နေတာ သူကလွဲလို့ ဘယ်
သူကများ သိနိုင်အုံးမှာလဲ...။

“အမေ မောင်ကြီး ကျူရှင်သွားတော့ မလို့တဲ့...” အမာရီ အမေလုပ်သူကို လှမ်းပြောလိုက်စဉ်မှာ..
“ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”

“မောင်ကြီး... အမေ ဘုရားရှိခိုးနေတယ် ခဏစောင့်လိုက်ဦးနော်...”။
အောင်မြင် စက်ဘီးပေါ် ကားယားခွ ထားရာမှ စက်ဘီးဒေါက်ကို ထောက်ပြီး ကုတင်ပေါ် ပြန်ထိုင်နေ
လိုက်ပါသည်...။
“ငါ့နှမ နင့်မှာ ပိုက်ဆံ ရှိသေးလား... မောင်ကြီးကို ပေးပါအုံး...”
“ မရှိပါဘူး မောင်ကြီးရယ် မနေ့က အမေ အကြော်ဖိုးတွေ အပြည့်မရလို့လေ.... အဲဒါ ဈေးရင်းတဲ့ထဲ
ထည့်လိုက်ရတယ်...”
“ နင့်ကို မေးလိုက်ရင် ဒီလိုကြည့်ပဲ...” အောင်မြင် တစ်ယောက် နှမ ဖြစ်သူ အမာရီ ကို ငေါက်လိုက်ခြ
င်းဖြစ်သည်။

“ မောင်ကြီးရယ် အဲလို မပြောပါနဲ့ အမာရီ ရှိရင် မောင်ကြီးကို ပေးနေကြပဲ” နှမလုပ်သူ စိတ်မကောင်း
တဲ့ လေသံလေးနဲ့ ပြောလိုက်ပါသည်။

“ဘာဖြစ်နေကြတာလဲ ဒီမောင်နှမ အမေ့ကို ပြောစမ်း ” ဒေါ်ခင်သီ အိမ်အပေါ်ထပ် မှ ဆင်းလာပြီး မေး
လိုက်ပါသည်။
“အမေ မောင်ကြီး ပိုက်ဆံလို လို့တဲ့ အဲဒါပေးလိုက်ပါအုံးနော်...”
“အောင်မြင် မင်း ပိုက်ဆံက ဘယ်လောက်တုန်း၊ ဘာလုပ်ဖို့တုန်း အမေ့ကို ပြောစမ်း”
“ကျုပ် ဒီလတွက် ကျူရှင်ခ မပေးရသေးဘူးဗျ.. အဲဒါကြောင့်ပါ...”
“ဟင် အမေ ဟိုတလောက ပေးလိုက်တယ်လေ.. ကျူရှင်ခ ဆိုပြီး...”
“အဲဒါ ကျပျောက်သွားလို့ အမေရ...”
အောင်မြင် လိမ်လိုက်ပါသည်...။
“အေးပါကွယ် အဲဒါဆို အမေပေးရမှာပေါ့.. မင်းနှမအတွက် အမေ အထည်စလေး ၀ယ်ပေးမလို့ စုထား
တာလေးတော့ ရှိသကွယ်”
ဒေါ်ခင်သီ မသိမသာလေး အမာရီကို လှမ်းကြည့်လိုက်ပါသည်...။
“ရပါတယ် အမေရယ် မောင်ကြီး လိုနေတာ ပေးလိုက်ပါ... ကျုပ်အတွက်က မလိုသေးပါဘူး...”
အမာရီ တစ်အိမ်သားလုံးအတွက် အနစ်နာ ခံတတ်တာ ဒေါ်ခင်သီ သိနေပါသည်။ အဲဒါကြောင့်လည်း
သမီးလေး အမာရီကို သနားချစ်နဲ့ ချစ်ရပြန်ပါသည်။

မိဘတွေဆိုတာက သား၊သမီးကို ဆိုးတော့ ဆိုးလို့ချစ်တယ်၊ လိမ္မာတော့ လိမ္မာလို့ ချစ်တယ်.. အဲဒါ
မိဘတွေရဲ့ အချစ်တွေ ၊မေတ္တာပါပဲ...။
............................................................................................................................

လေခပ်ကြမ်းကြမ်း တစ်ချက်တိုက်လိုက်တော့ တမာရွက်တွေ ဖွားကနဲ ကျွေကျလာ ပါသည်။ ကျွေကျ
လာတဲ့ တမာရွက်လေးတွေကို ကေသွယ်တို့ သူငယ်ချင်း တစ်စု လိုက်ဖမ်းနေကြပါသည်။ တ၀ါးဝါး တ
ဟားဟားနဲ့ တကယ့် ကလေးငယ်လေးတွေပမာ...။

“ကေသွယ်တို့၊ မြမိုး တို့ ဆရာလာပြီ” ကျောင်းသား တစ်ယောက် အော်လိုက်မှ အားလုံး စာသင်ခန်းထဲ
သို့ဝင်သွားကြပါသည်။
“ မင်္ဂလာပါ ဆရာ”
ကျောင်းသား အားလုံး ပြိုင်တူ နှုတ်ဆက်လိုက်ကြပါသည်။
“မင်္ဂလာပါ တပည့်တို့ ထိုင်ကြပါကွယ်...”
ဆရာဦးသိန်းမောင် ပါးစပ်ထဲက ကွမ်းယာကို ပါးစောင်သို့ ကပ်ရင်း ပြန်ပြောလိုက်ပါသည်။

“ကိုင်း ဒီနေ့ ဘယ်သူမလာလဲ မိန်းကလေး တွေ ဘက်က ပြောကြပါအုံးကွယ်...”
“ဆရာ ကြည်ကြည်ဌေး နေမကောင်းလို့ မလာတာပါ... သမီးကို မှာလိုက်တယ်...” ခင်သန်းကြည် ထေ
ပြာလိုက်ပါသည်...။

“ ကိုင်း.. ယောက်ျားလေးတွေ ဘက်ကရော...”
“ဆရာ အောင်ကိုလင်း မလာပါဘူး.. သူ့အမေ နေမကောင်းလို့တဲ့”
“ သူ တစ်ယောက်ပဲ ပျက်တာလား သားတို့...”
“ဆရာ... အောင်မြင် မလာသေးပါဘူး...”
“ဟုတ်လား... အေး...အောင်မြင်က တစ်ခြားရွာက လာတက်ရတာ ဆိုတော့ အခက်အခဲ ရှိမှာပေါ့...
အဲဒီတော့ သူ့ကို ခဏစောင့်ရင်း ဆရာ စကားလေး ပြောမယ်ကွယ်...”
အဲလို ပြောလိုက်တော့ ကျောင်းသူ၊ ကျောင်းသား အားလုံး ငြိမ်သက်စွာဖြင့် အာရုံ စူးစိုက်လာကြပါသ
ည်။

“ သားတို့၊ သမီးတို့ စာမေးပွဲက  သိပ်မလိုတော့ဘူးနော်...   (၁၀)ရက်ပဲ လိုတော့တယ်... အဲတော့ ကေ
လးတို့ အားလုံးက စာကြိုးစားကြပါ...။ မိဘတွေက တောင်သူ၊     လယ်သမားတွေက များတာဆိုတော့
မင်းတို့တွေကို သူတို့လို နေပူလယ်ခေါင်မှာ မြေကြီးကို ယက်ပြီး၊   နွားနဲ့ဖက်ပြီး မရုန်းစေချင်ကြလို့ မင်း
တို့ကို ကျောင်းထားခြင်းဖြစ်တယ်...။ အဲတော့ မင်းတို့ တွေက    မိဘတွေ ထားရကျိုးနပ်အောင် ၊ မိဘေ
တွ ပျော်ရွှင်ရအောင်၊ မိဘစကားကို နားထောင်တဲ့ သားလိမ္မာ၊သမီးလိမ္မာလေးတွေ ဖြစ်အောင် လုပ်ကြ
ပါ...။ အခုချိန်မှာ ရည်းစားထားရမယ့် အရွယ်တွေမဟုတ် သလို၊     အခြား အပြင်ကိစ္စတွေ စိတ်မ၀င်စား
ကြပါနဲ့...။ စာကိုသာ အာရုံ စူးစိုက်ပြီး ကျက်မှတ်ကြပါ...။    ဆယ်တန်း စာမေးပွဲ ဆိုတာ မင်းတို့ ဘ၀တွေ
အတွက် အဆုံးအဖြတ်ပေးတဲ့ နေရာတစ်ခုမှာ...။   မင်းတို့ သူငယ်ချင်းတွေအားလုံးထဲက ဆရာဖြစ်တဲ့သူ
ရှိမယ်၊ ဆရာဝန်ဖြစ်မဲ့    သူရှိရင်ရှိမယ်၊ အင်ဂျင်နီယာ ကြီးတွေ၊     စစ်ဗိုလ်ကြီးတွေ အားလုံးဖြစ်နိုင်တယ်..
အဲတော့ ကလေးတို့ တွေက ကြိုးစားသွားကြပါ...။      မင်းတို့တွေ အားလုံးက အရမ်းကိုငယ်သေးတယ်...
အဲတော့ ရည်းစားမထားမိပါစေနဲ့.... ဆရာ ပြောတာ အားလုံး သဘောပေါက်ကြလား...”

“ပေါက်ပါတယ် ဆရာ...” အားလုံး ပြိုင်တူ ၀ိုင်းပြီး အော်လိုက်ကြပါသည်။     အဲဒီ အချိန်မှာ ကျူရှင်ခန်းရဲ့
အပြင်ဘက်က ရပ်ပြီး နားထောင်နေတဲ့ အောင်မြင်တစ်ယောက်    မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျ
ပြီး မိခင် လုပ်သူနဲ့ နှမလေး အမာရီတို့ကို သတိရပြီး မျက်ရည်    ကျနေခြင်း ဖြစ်ပါသည်။ အောင်မြင်တစ်
ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားချင်စိတ်တို့ကို ချိုးနှိမ်ဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။

ကျောင်းသူ တစ်ယောက် နောက်ကို အမှတ်မထင် လှည့်မိရာမှ အောင်မြင်ကို မြင်သွားပါသည်။
“ဆရာ... အောင်မြင် အပြင်ဘက်မှာ ရောက်နေပြီ...” အဲဒီ ကျောင်းသူရဲ့ အသံကြောင့် အားလုံး စိတ်ဝင်
တစားနဲ့ နောက်ကို လှည့်ကြည့်လိုက်ကြပါသည်။

“အောင်မြင် ဘာလို့ နောက်ကျနေလဲ ဆရာကို ပြောပါအုံး..”
“ဆရာ ကျွန်တော် လမ်းမှာ စက်ဘီး ဘီးပေါက်နေလို့ နောက်ကျနေတာပါ...”
“ဘီးပေါက်တာနဲ့ပဲ မင်း မျက်နှာကြီးက ငိုမဲ့မဲ့ ဖြစ်နေရလား..”
အောင်မြင် ဘာမှ မပြောချင်တော့၍ ခေါးငြိမ့်လိုက်ပါသည်...။
“ဆရာ ကျွန်တော် ကျေးဇူးတင်ပါတယ်ဗျာ... ဆရာ စကားတွေ ကြားလိုက်ရတာ ကျွန်တော် မှားမဲ့ အမှ
ားတွေ ထိန်းလိုက်နိုင်ပြီ...” အောင်မြင် ငိုမဲ့မဲ့လေးနဲ့ ပြောလိုက်ပါသည်။
ဆရာလည်း ခေါင်းတ်ငြိမ့်ငြိမ့် နဲ့ ထောက်ခံရင်း စာတွေ သင်လိုက်ပါတော့သည်...။
..............................................................................................................................

“အမေ ဘယ်သွားမလို့တုန်းတော့...”
“ဈေးဖိုး သွားစု မလို့လေ...အမာရီရဲ့...”
“ကျုပ်သွား စုပေးမယ်.. နာမည်သာ ပြောလိုက်ပါ...”
“ရပါတယ် အမာရီရယ် အမေပဲ သွားပါမယ်..ညည်းမောင်ကြီး ပြန်လာရင် ရေချိုးဖို့ ရေသွားခပ်ထားနှင့်
့နော်..”
အမာရီ ခေါင်းလေး ညိတ်ပြလိုက်ပါသည်...။
“သြော်.. အမေ မသန်းဝင်း တို့အိမ်က ရွှေချည်ထိုးဖို့ ခုံတွေ ချပေးတယ်လို့ ကြားတယ်... ကျုပ်ဖို့ တစ်ခုံ
လောက် ယူခဲ့ပေးပါ အမေ...”
“ဟယ် ငါ့သမီးက ထိုးတတ်လို့လား ..”
“ထိုးတတ်ပါတယ် အမေရယ်... ကျုပ် မိလှ တို့ အိမ်မှာ ကူပြီး လုပ်ဖူးတယ်...”
“အေးပါ အဲဒါဆိုလည်း ပြီးတာပါပဲအေ..”
အဲဒီ နောက်တော့ အမာရီက ရေသွားခပ်ပြီး၊ ဒေါ်ခင်သီကတော့ ဈေးတောင်းလေးနဲ့ ဈေးဖိုးလိုက်တောင်
းပါတော့သည်...။

ညနေရောက်တော့ အောင်မြင်ပြန်လာပါသည်...။ ရေမိုးချိုး ပြီးတော့ သားအမိ သုံးယောက် ထမင်းတူတူ
စားကြပါတော့သည်။ အောင်မြင်တစ်ယောက် စာကျက်ချိန်ရောက်တော့ ကေသွယ်ကို ထုံးစံ အတိုင်းသ
တိရလာပါသည်...။ အဲဒီ သတိရစိတ်နဲ့ အတူ ဆရာဦးသိန်းမောင် ရဲ့ စကားတွေကလည်း နားထဲသို့ ရော
က်လာပြန်ပါတယ်...။့ တစ်ဖက်သတ် ချစ်နေတဲ့ အောင်မြင်ရဲ့ စိတ်က အမေနဲ့ နှမဆီကို အားသာလိုက်၊
ကေသွယ် ဘက်ကို ရောက်သွားလိုက်နဲ့ လွန်ဆွဲ နေပါသည်။ နောက်ဆုံးတော့ မိဘ ဘက်ကိုပဲ အားပါ
သွားလေပြီ...။

အောင်မြင်တစ်ယောက် စာထဲကို စိတ်ရောက်လာပေပြီ...။ ဥာဏ်ကောင်းသူ ပီပီ စာတွေက ခဏနဲ့ ရ ရ
သွားပါသည်....။ ရက်ပေါင်းကိုးရက်ပြည့်တော့ စာတွေက တော်တော် ရနေပါပြီ...။  မနက်ဖြန် မြန်မာစာ
ဖြေရတော့မယ်ဆိုတော့ အောင်မြင် တစ်ယောက် မြန်မာစာကိုပဲ  ပြန်နွှေးနေလိုက်ပါတော့သည်..။

ကျောင်းသား၊ ကျောင်းသူများ(GG)

အောင်မြင်တစ်ယောက် အရင်ရက်တွေကထက် စောပြီး ကျောင်းကိုသွားလေပြီ...။ စာမေးပွဲ ဖြေဆိုကြ
မည့် ကျောင်းသူ၊ ကျောင်းသားတိုင်း စိတ်လှုပ်ရှားနေကြပြီ... မိဘတွေ၊ အစ်ကိုတွေ၊ အစ်မတွေ၊ ဆရာ၊
ဆရာမတို့ သက်ဆိုင်သည့် ကျောင်းသူ၊ ကျောင်းသားတို့ကို အားပေးနေကြလေပြီ...။ အောင်မြင် တစ်ေ
ယာက် ကတော့ တစ်ယောက်တည်း တမာပင်လေးအောက်မှာ ထိုင်နေပါသည်။ နှစ်ကျ ဆိုပေမယ့် အရ
င်နှစ်က တစ်ဘာသာမှ မဖြေလိုက်ရတော့ အတွေ့အကြုံမရှိ အသစ်တစ်ယောက်နဲ့ ဘာမှ မထူးခြား။ ေ
အာင်မြင် ရင်တွေ ခုန်နေပါသည်။ ကျောင်းသူ၊ ကျောင်းသား မိဘ၊ ဆရာတွေ အားလုံးလည်း ပျားပန်း
ခတ်မျှ လှုပ်ရှားနေကြပါသည်။

“ဒန်..ဒန်..ဒန်..ဒန်...”
ကျောင်းထဲဝင်ရန်အတွက် သံချောင်း ခေါက်လေပြီ ကျောင်းသူ၊ ကျောင်းသားတိုင်း လိုအပ်တဲ့ ပစ္စည်းေ
လေးတွေ ကိုင်ရင်း အတွင်းသို့ ၀င်ရန် ပြင်ဆင်နေကြပါသည်။ ကျောင်းပေါက်ဝက တာဝန်ကျ အစောင့်
တို့လည်း ၀င်သမျှ ကျောင်းသား၊ ကျောင်းသူတိုင်းကို သေချာ စစ်ဆေးပြီးမှ ၀င်ရောက်စေပါသည်။
ဝင်ရောက်သွားကျတဲ့ ကျောင်းသူ၊ ကျောင်းသားတိုင်း သက်ဆိုင်ရာ အခန်းဆီသို့ ဦးတည်သွားကြလေပြီ
...။ အောင်မြင်တစ်ယောက်လည်း သူများနည်းတူ ၀င်လေပြီ...။ တာဝန်ကျ စစ်ဆေး သမား နှစ်ယောက်
က စစ်ဆေးပြီးလို့ လွှတ်လိုက်ပါပြီ... ဒါကို တစ်ယောက်က မသင်ကာတဲ့ပုံစံနဲ့ ဟိုကလေး နေအုံးဆိုပြီး
စစ်ဆေးပြန်ပါသည်...။ နောက်မှ ၀င်ခွင့်ပြုလိုက်ပါသည်။

အောင်မြင် ဖြေဆိုမည့် အခန်းထဲရောက်တော့ စည်းကမ်းချက်တွေတောင် ဖတ်နေလေပြီ ... ဆရာမတ
စ်ယောက်ကတော့ ကောနေပြီလေ... နောက်ကျတဲ့ အတွက်ပေါ့...။
“ကိုင်း ကောင်းကောင်းဖြေဆိုကြပါ...ရသလောက်ကို သေသေချာချာဖြေပါ...။ ကူးချခြင်း၊ တစ်ယောက်
နဲ့ တစ်ယောက် မေးခွန်းလဲ ဖြေခြင်း၊ တစ်ယောက် နဲ့ တစ်ယောက် တီးတိုးစကား ပြောဆိုခြင်း လုံးဝခွင့်
မလွှတ်ပါဘူး...။ ခိုးချတဲ့ ပစ္စည်းတွေ့ပြီဆိုရင် ပစ္စည်းသိမ်းမယ် ခိုးတဲ့သူက လက်မှတ်ထိုးရမယ်...။ အား
လုံး သဘောပေါက်မယ် ထင်ပါတယ်...”

ဆရာမ တစ်ယောက် စည်းကမ်းချက်ဖတ်ပြီးတဲ့ နောက်မှာတော့ မေးခွန်းလည်း စဝေပြီလေ...။  အောင်
မြင် တစ်ယောက် ခုံနံပါတ်ကို သေချာရေးလိုက်ပါတယ်...။ အဲဒီနောက်မှာတော့ မေးခွန်းကို မကြည့်သေ
းပဲ မျက်လုံးကို မှိတ်ပြီး ဘုရားကို အာရုံပြုလိုက်ပါသည်....။  အဲဒီနောက်မှ မေးခွန်းကို  သေချာဖတ်လိုက်
တော့ သူ ကျက်ထားတာတွေနဲ့ တိုးနေပြီ...   သူ ၀မ်းသာ အားရနဲ့  ခေါင်းမဖော်တမ်း  ရေးလေပြီ... စာရွ
က်ကုန်သွားလိုက် အပိုတောင်းလိုက်နဲ့ လုပ်နေတဲ့ အောင်မြင်ကို ဘေးက ကောင်မလေးက မျက်စောင်း
ကြီးထိုးပြီး ကြည့်နေပုံက ကြောက်စရာ...။ အားလုံး အဖြေလွှာတွေ သိမ်းပါတော့မယ်...   အဆင်သင့်လု
ပ်ထားကြပါ... အဆုံးသတ်ထားကြပါ... ခုံနံပါတ် မှန်၊ မမှန် ပြန်စစ်ပါ...၊  စာစစ်ဌာန သေချာရေးပါ၊ ဆရာ
မ သတိပေးသံတွေ မကြားနိုင်၊ အောင်မြင်တစ်ယောက် စာစီစာကုံး အဆုံးသတ်အောင် ရေးနေပြီလေ..
အားလုံး သိမ်းပြီးသွားတဲ့ အချိန်မှ   “ဟိုကလေး တစ်ယောက်က မပြီးသေးဘူးလား... မြန်မြန်လာ..” အဲ
လိုလေး ခေါ်လိုက်မှ အောင်မြင် အဖြေလွှာ စာရွက်ကို အပ်လိုက်ပါတော့သည်...။

ကျောင်းအပြင်ဘက်ကို ရောက်တော့ တစ်ချို့တွေက ဘာတွေ ဘယ်လိုလွဲသွားကြောင်း၊ ဟိုဟာက ဟို
လိုဟုတ်လား၊ ဒီဟာက ဒီလိုဟုတ်လားနဲ့ တိုက်တဲ့သူတွေက တိုက်နေသလို၊ တစ်ချို့လည်း အစရက်က
တည်းက ငိုနေကြပြီလေ...။ အောင်မြင်တစ်ယောက်လည်း နေမပူခင် အိမ်ကို ပြန်လေပြီ...
..............................................................................................................................

“အမေ မောင်ကြီးပြန်လာပြီတော့...”
အမာရီ အမေဖြစ်သူကို အော်ခေါ်လိုက်ပါသည်။ ဒေါ်ခင်သီ လည်း ၀မ်းသာ အားရနဲ့  ပြေးလာလိုက်ပါသ
ည်။
“အောင်မြင် ငါ့သား ဖြေနိုင်လား... အောင်မြင် ခေါင်းငြိမ့် ပြလိုက်ပါသည်...”။
အောင်မြင် တစ်ယောက် ထမင်းစားသောက်ပြီး အနားယူ၊ နောက်ရက် ဖြေဖို့အတွက် စာလုပ်နဲ့ အချိန်ေ
တွ ကုန်ကုန်သွားလိုက်တာ နောက်ဆုံးရက်တောင် ရောက်လာပြီ...။

ကျောင်းသူ၊ ကျောင်းသားတိုင်း နောက်ဆုံးပိတ် အိတ်နဲ့ လွယ်မဲ့ နေ့ပေါ့...။ အစရက်တုန်းက အတိုင်းပါ
ပဲ... မိဘတွေ၊ ဆရာတွေ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါသည်...။   ၁၁ : ၃၀ လောက် ကတည်း
က ဖြေပြီး ထွက်လာမယ့် ကလေးတွေကို မျှော်နေကြပြီ...။  နောက်ဆုံး သံချောင်းလည်း ခေါက်ရောအ
ားလုံး ထွက်လာကြပါသည်...။ တစ်ယောက် တစ်ပေါက်နဲ့ ပျော်တဲ့ သူက ပျော်၊ ငိုတဲ့သူက ငို နဲ့ မြင်ရသူ
တိုင်း ပျော်ပြီးထွက်လာတဲ့ သူတွေအတွက် ၀မ်းသာမိပေမယ့်၊ ငိုပြီး  ထွက်လာတဲ့ သူတွေ အတွက် ၀မ်း
နည်းရပြန်ပြီ...။

အောင်မြင် တစ်ယောက် မေးခွန်း စာရွက်လေး ကိုင်ပြီး ထွက်လာပါသည်...။
“အောင်မြင် ဖြေနိုင်ရဲ့လား” ဆရာ ဦးသိန်းမောင် မေးလိုက်ခြင်းဖြစ်ပါသည်...။
“ဟာ ဆရာ ကျွန်တော် ဒီနေ့ သိပ်မဖြေနိုင်ဘူး ဆရာ မေးခွန်းသတ်တယ်... ကျက်တာ တွေနဲ့က တခြား
စီ ဖြစ်နေတယ်...”။
“ဆရာစစ်ပေးမယ် ”ဆိုပြီး တွက်ကြည့်လိုက်တော့ ငါးဆယ် နီးပါး ရနေသည်...။
“မပူနဲ့ အောင်မြင် မင်းအောင်မှတ်ရတယ်...”
အဲလို ပြောလိုက်မှ အောင်မြင် တစ်ယောက် ၀မ်းသာသွားပါသည်။ အဲဒီနောက်တော့ ဆရာ့ကို နှုတ်ဆက်
ပြီး အိမ်သို့ ပြန်လာခဲ့လေသည်။

“အမေ စာမေးပွဲတော့ ပြီးသွားပြီ ဖြေလည်း ဖြေနိုင်ပါတယ်...”
“အေး ငါ့သားလေး နားလိုက်ပါအုံး ပင်ပန်းလာတာ...”။
“ဟုတ် အမေ...”
ဒီလိုနဲ့ အောင်စာရင်း အထွက်ကို စောင့်မျှော်နေပါတော့သည်။ ကျောင်းပိတ်ထားတာ ဆိုတော့ အလုပ်
မရှိတော့ အောင်မြင်တစ်ယောက် ပျင်းနေလေပြီ...။ ဘာလုပ်ရမယ် စိတ်ကူးနေတုန်း...
အမာရီ ရွှေချည်ထိုးနေတာကို မြင်လိုက်ပါသည်။

“ငါ့နှမ... မောင်ကြီး ရွှေချည် ကူထိုးပေးမယ်...”
“မောင်ကြီး ထိုးတတ်လို့လား ”
“ငါ့ကို အထင်သေးတာပေါ့လေ.. နင်ထိုးတာကို ခဏ ထိုင်ကြည့်မယ်..”
အမာရီ ရွှေချည်ထိုးပုံ ၊ ထိုးနည်း နားလည် သဘောပေါက်သွားတဲ့ နောက်မှာတော့ သူကိုယ်တိုင် နှမလေ
း ကို ကူလုပ်ပေးနေပါသည်...။     အရင်တုန်းက ရွှေချည်ထိုး တစ်ကားကို သုံးရက်လောက် ထိုးရတဲ့ အမာ
ရီ မောင်နှမ နှစ်ယောက် လုပ်တော့ တစ်ရက်ကို တစ်ကားပြီးတဲ့ အဆင့်ထိ မြန်လာပါသည်...။

ဝင်ငွေလေးလည်း ပုံမှန် ရလာပါသည်။ ဒေါ်ခင်သီ အကြော်ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ထမင်းစားစရိတ်လု
ပ်ပြီး၊ သူတို့ မောင်နှမ ထိုးလို့ ရတဲ့ ပိုက်ဆံကိုတော့ စုထားကြပါသည်...။

“အောင်မြင်ရေ အောင်မြင် ရှိလား”
“ဟုတ်ကဲ့ ကိုကြီးသောင်းပါလား မောင်ကြီး အိပ်နေတယ်တော့.. ကျုပ်ကို ပြောခဲ့လိုက်လေ.. မောင်ကြီး
နိုးရင် ပြောပေးမယ်...”
“အေး.. သူ့ဆရာက မှာလိုက်လို့ မနက်ဖြန် အောင်စာရင်းထွက်မယ်တဲ့ဟ.. အဲဒါလေး မှာလိုက်လို့...”
“ပြောလိုက်ပါမယ် ကျေးဇူးနော် ကိုကြီးသောင်း...”
အောင်မြင်နိုးလာတော့ ပြောလိုက်ပါသည်...။
..............................................................................................................................

“အမေ ကျုပ် အောင်စာရင်းသွားကြည့်အုံးမယ်...”
“ အေး မြန်မြန် ပြန်လာနော်.. အမေတို့ သိချင်လို့...”
အောင်မြင် ခေါင်းလေး ငြိမ့်ပြလိုက်ပါသည်...။

အောင်စာရင်း ကပ်ထားတဲ့ ဘောရှေ့မှာ ကျောင်းသူ၊ ကျောင်းသား တွေ ပြည့်နေပါသည်...။ အောင်တဲ့
သူတွေကလည်း ဆူညံလို့ ၊ကျတဲ့သူတွေကလည်းငိုလို့ပေါ့...။ အောင်မြင်တစ်ယောက်လည်း ရှေ့ကို မ
ရ ရအောင် တိုးလိုက်ပါသည်...။ အောင်မြင် ခုံနံပါတ်ကို တိုက်ရင်း ....
...896- အောင်မြင် မြန်မာစာ၊ ဓါတုဗေဒ
အဲဒါလေးလည်း တွေ့လိုက်ရော အောင်မြင် လူအုပ်ကြားထဲမှာ ခုံလိုက်တာ တော်တော် မြောက်သွားပါ
သည်။

အောင်မြင် သူငယ်ချင်းတွေကို နှုတ်ဆက်၊   ဆရာကို နှုတ်ဆက်ရင်း ကန်တော့လိုက်ပါတယ်...။ အဲဒီနေ
ာက်မှာတော့ ရွာကို အမြန်နှုန်းမြင့်မြင့်ဖြင့် စက်ဘီးစီးနေပြီလေ...။   အိမ်ပေါက်လည်း ရောက်ရော ....
“အမေ ကျုပ် ဂုဏ်ထူး နှစ်ခုပါတယ်ဗျ...”   ၀မ်းသာလို့ အော်လိုက်တာ    မျက်ရည်တွေတောင် လည်လာ
ပါသည်။ ဒေါ်ခင်သီလည်း မျက်ရည်တွေသုတ်ရင်း ပါတ်ဝန်းကျင်ကို အော်ပြောနေပါသည်။ အမာရီလည်း
ဝမ်းသာ လွန်းလို့ ရွှေချည်ကားကို ခလုတ်တိုက်လိုက်တာ ဘော်ကြယ်တွေ လွင့်စင် ထွက်ကုန်ပါသည်။

တစ်ရွာလုံးကလည်း ပျော်လို့ ၊ရွှင်လို့ ... သူတို့ ရွာမှာ အောင်မြင်က ပထမဦးဆုံး ဆယ်တန်းအောင်တဲ့ေ
ကျာင်းသားမလား...။ အဲဒီတော့ ပျော်ကြပြီပေါ့...။ အောင်မြင်ဆိုရင်လည်း ပျော်လွန်းလို့ တဆတ်ဆတ်
တောင် တုန်လို့...။

ဆယ်တန်းအောင်ပြီးတဲ့နောက်မှာတော့ အောင်မြင်တစ်ယောက် ရိုးရိုး တက္ကသိုလ်ကိုပဲ တက်ခဲ့ပါသည်။
သူရဲ့ ဥာဏ်ကောင်းမှုကြောင့် အောင်မြင်တစ်ယောက် ဒေါက်တာ အောင်မြင်တောင် ဖြစ်နေပြီလေ...။

ဦးအောင်မြင်တစ်ယောက် အတိတ်ကို ပြန်တွေးရင်း၊ အိမ်ထောင်ကျသွားတဲ့ နှမဖြစ်သူ အမာရီကို သတိ
ရသလို၊ ကွယ်လွန်သွားခဲ့တဲ့ သူ့ရဲ့ အမေ    ဒေါ်ခင်သီကိုလည်း သတိရလိုက်မိပါတော့သည်...။ ဦးအောင်
မြင်၏ မျက်ဝန်းမှာလည်း စိုထိုင်းနေပြီလေ....။ အကျီ အိတ်ထဲမှ လက်ကိုင်ပုဝါလေးကို ထုတ်ပြီး မျက်ဝ
န်းအစုံကို ပွတ်လိုက်ပါတော့သည်...။

အောက်က မာစတာ ကျောင်းသားတွေလည်း ဆရာကိုပဲ မျက်တောင် မခတ်ပဲ ကြည့်နေကြပါတော့သ
ည်...။ ဦးအောင်မြင် တစ်ယောက် အတိတ်က   နေ့စွဲလေးတွေကို တမ်းတ သတိရနေတယ်ဆိုတာ ဦးေ
အာင်မြင်မှ လွဲပြီး ကျောင်းသူ၊ ကျောင်းသားတို့ နားလည်မည် မထင်...။

ဦးအောင်မြင်ကတော့ နောက်လည်း ကုန်လွန်သွားတဲ့ နေ့စွဲလေးတွေကို..................

အားလုံးကိုလေးစားလျက်
ရာဇာ(ကျေးလက်သားလေး)
9.4.2011

5 comments:

Angelhlaing(May everybody be happy and healthy! said...

ဘဝတစ်ချို့တစ်ဒေသ တွေတိုက်ဆိုင်လွန်းပါဘိ အကို...
မျှဝေခံစားအားပေးလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

အလင်းသစ် said...

မိဘတွေက တောင်သူ၊ လယ်သမားတွေက များတာဆိုတော့
မင်းတို့တွေကို သူတို့လို နေပူလယ်ခေါင်မှာ မြေကြီးကို ယက်ပြီး၊ နွားနဲ့ဖက်ပြီး မရုန်းစေချင်ကြလို့ မင်း
တို့ကို ကျောင်းထားခြင်းဖြစ်တယ်...။ အဲတော့ မင်းတို့ တွေက မိဘတွေ ထားရကျိုးနပ်အောင် ၊ မိဘေ
တွ ပျော်ရွှင်ရအောင်၊ မိဘစကားကို နားထောင်တဲ့ သားလိမ္မာ၊သမီးလိမ္မာလေးတွေ ဖြစ်အောင် လုပ်ကြ
ပါ...။
ဟုတ်ပကိုရာဇာရေ။။ ဘာပဲဖြစ်ဖြစ် ဘုန်းကြီးကျောင်းကနေ သင်ပုန်းကြီး
ကျေပဲတတ်ခဲ့ရတဲ့ မိဘတွေရဲ့ စေတနာကြောင့်သာ ကျနော်တို့ဒီလိုနေနိုင်
နေတာပေါ့နော်။။ ရသတစ်ခု၊အတွေးတစ်စကို တကယ်ကို ပေးစွမ်းနိုင်ပါ
တယ်။။။။။။။။။

ko said...

စာအရေးသားတွေကတော့ ရှည်နေပေမဲ့ ဖက်ချင်လာအောင် စွဲဆောင်တယ်နော်။ ကျေးဇူးပါ ထာဝရ ပျော်ရွှင်နိုင်ပါစေ။

nwaynya said...

ဒေါက်တာအောင်မြင်က ဘယ်သူလဲ..။ အခု ဒီပို့စ်ကိုရေးတဲ့ စာရေးသူ လူပျိုကြီး ကျေးလက်သားလေး ပဲ ဖြစ်မယ် ထင်ပါရဲ့..။ ပို့စ်လေးကို ဖတ်လိုက်ရတာ (၁၀) ကျောင်းသားဘ၀က ရင်ခုန်ဖူးတဲ့ ကျောင်းသူလေးကို ပြန်သတိရမိတယ်ဗျ..။ဖတ်ရတာကောင်းလိုက်တာ.....။ ဆက်လက်အားပေးပါတယ်...။အောင်မြင်သထက်အောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ခွင့်ရပါစေလို့..ဆုတောင်းပေးပါတယ်..။

yar zar said...

အိမ်ဂျယ်၊ အလင်း၊ ကိုဖြိုး၊ ကိုရွှမ်း လာလည်ပြီး ကွန်မန့်ပေးကြ
တာ ကျေးဇူး အထူးတင်ပါတယ်ဗျ...။ ကိုရွှမ်းရေ ဒေါက်တာေ
အာင်မြင်က ဒေါက်တာ အောင်မြင်ပါပဲ ကျေးလက်သားလေးမဟု
တ်ပါဘူးဗျ... ကျေးလက်သားလေးက လူပျိုကြီး မဟုတ်ပါဘူးေ
နာ်... လူပျိုလတ်ပါ...:)

Post a Comment