Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, April 10, 2011

ကောက်သင်းကောက်(အညာဓလေ့)


ကောက်သင်းကောက် ဆိုတဲ့ အသုံးအနှုံး ကို ကျေးလက်သူ၊ ကျေးလက်သားတွေမှလွဲ၍  သိနိုင်မည်မ
ထင်။ တောသူ၊ တောင်သားတွေတောင်မှ အခေါ်အဝေါ်ကွဲလွဲ နိုင်ပါသေးတယ်...။ ကောက်သင်းကော
က်ဆိုတဲ့ အဓိပ္ပါယ်က တောင်သူ၊ လယ်သမားတွေ စိုက်ပျိုးပြီးသားသီးနှံများကို သိမ်းဆည်းပြီးတဲ့ အချိ
န်မှာ ကျန်ရှိနေတဲ့ သီးနှံများကို လိုက်လံ ကောက်ယူ သူများကို ကောက်သင်းကောက်လို့ ခေါ်ပါတယ်။

ကြက်သွန်ပင်

ကောက်သင်းကောက် တွေက တွေ့သမျှ၊ စားသုံးလို့ရသမျှ အရာမှန်သမျှကို လိုက်လံ ကောက်ကြပါတ
ယ်...။ ကြက်သွန်ခင်း စိုက်ပြီ..ကြက်သွန်များ တူးကြပြီ...။       ကြက်သွန်တူးရတာလည်း ပျော်ဖို့ကောင်း
ပါတယ်...။ ကြက်သွန်းတူး အငှားလိုက်တဲ့သူကို တစ်မနက် ဆိုရင် ကြက်သွန် နှစ်ပိဿာ ပေးရပါတယ်
...။ကြက်သွန်တူးပြီးသားတွေကိုတော့   လှည်းတွေနဲ့ တိုက်သယ်ရပါတယ်...။ ကြက်သွန်တွေ အိမ်ရော

 က်ပြီဆိုရင်တော့ ကြက်သွန်မြိတ် ဖြတ်ဖို့   လူငှားရပြန်ပါတယ်...။ ကြက်သွန်တူးပြီးသားတွေ အကုန်သ
ယ်ပြီးသွားပြီ ဆိုရင်တော့ အဲဒီ ကြက်သွန်စိုက်ခင်းထဲကို  ကောက်သင်းကောက်တွေ  ရောက်လာကြပါ
တယ်...။ မြေကြီးထဲက ကြက်သွန်ဥကို မတူးမိပဲ ကျန်ခဲ့တာတို့၊  လှည်းပေါ်တင်တုန်း ကျ  ကျန်ခဲ့တာတို့
အဲလို ဟာမျိုးတွေကို ကောက်ကြတာပါ....။ ကြက်သွန်ခင်းပေါင်း မြောက်များစွာ   ကောက်ကြတာဆိုေ
တာ့ ကြက်သွန်တစ်သီးစား ပြီးရင်  ကောက်သင်းကောက်တွေလည်း ကြက်သွန်ကို အချိန်(၃၀) ကျော်၊
(၄၀) ရကြတာလေ...။

စပါးနှံ

စပါးကောက်သင်းကောက်လည်း ရှိသေးတာပဲ... စပါးရိတ်ပြီးလို့ ကောက်လှိုင်းတွေ တင်ပြီးသွားတဲ့အ
ခါမှာ ကျန်ခဲ့တဲ့ စပါးပင်တွေ၊ ကျခဲ့တဲ့ စပါးပင်တွေ လိုက်ပြီး ကောက်တဲ့သူတွေ ဆိုရင်လည်း စပါးတွေ
တော်တော် ရကြပါတယ်...။ ကျွန်တော်ကတော့ စပါးရိတ်ချိန်ဆိုရင် မြွေကို တအားကြောက်တာ။:(
မြွေဆိုးဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရေမြွေ ဖြစ်နေဦးတော့ မြွေဆိုရင် ကျွန်တော်က ခုန်ပြီးသားပဲ...။ဟီး.
အဲလို သတ္တိ ကောင်းတာနော်..။

ပဲသီး

ပဲကောက်သင်းကောက် ကလည်း ပဲတွေ   ရိတ်သိမ်းပြီးလို့ ကျန်ခဲ့တဲ့ဟာတွေကို ကောက်တာပါ...။ သူ
ကတော့ ပဲတောင့်တွေက ခြောက်ပြီး နေပူတဲ့ အခါမှာ ကွဲထွက်ပြီးကျန်ခဲ့တာလေ...။ အဲလိုဟာမျိုးတွေ
ကို တစ်စေ့ခြင်း ကောက်ရတာပါ...။ ကုန်းပေါ်ထက် ၊ ကိုင်းပေါ် သွားကောက်ရတာက ပိုပြီးရပါတယ်.။

ဝါပေါက်

ဝါကို ကောက်တဲ့သူကိုတော့ ၀ါကောက်သင်းကောက်လို့ မခေါ်ပါဘူး...  ၀ါလေကောက်လို့ ခေါ်ပါတယ်.
..။ သင်္ကြန် ရောက်ပြီဆိုရင်တော့ ၀ါသီး၊ ၀ါပေါက်တွေ ဘယ်လောက်ပဲ ကျန်ကျန် ၀ါလေကောက်တဲ့သူ
တွေက ကောက်တော့တာပါပဲ...။ အဲလို အကောက်မခံချင်ရင်တော့ တောထဲကို သွားပြီး တကူးတကေ
စာင့်ရပါတယ်...။ ၀ါလေ ကောက်တဲ့သူတွေလည်း တော်တော်ရပါတယ်...။

ငရုတ်သီး

ငရုတ်သီးကောက်သင်းကောက် လည်း ရှိပါသေးတယ်...။ ငရုတ်သီး တုန်းချိန်ရောက်ရင် ကောက်သင်း
ကောက်တွေ ရှိသလို၊ နွားကျောင်းသား၊ ဆိတ်ကျောင်းသား တွေကလည်း နွားတရုန်းရုန်းနဲ့လေ...။ငရု
တ်ကောက်သင်းကောက်တွေက ငရုတ်သီးတွေ့လည်း ဆွတ်သွားတယ်၊ ခရမ်းချဉ်သီးတွေ့လည်း ဆွတ်
သွားတယ်၊ ချဉ်ပေါင်ရွက်တွေ့ရင် ခူးတယ်၊ ဆီးသီးတွေ့ရင် ကောက်သွားတယ်...။ အစုံပါပဲ...။

တခါတလေ ငရုတ်သီးက မတုံးတတုံး အချိန် တောင်သူတွေက ငရုတ်ခင်းမလွှတ်သေးဘူး..။ (လွှတ်တ
ယ်ဆိုတာ  အခင်းကို  စွန့်လွှတ်လိုက်တာ၊  လုပ်ချင်သလို  လုပ်ဆိုတဲ့  သဘောကို     ပြောတာပါ...)....။
အဲဒီလို အချိန်မျိုး ငရုတ်ခင်းပိုင်ရှင် မရှိရင် နွားကျောင်းသား၊ဆိတ်ကျောင်းသားတွေက ၀င်ဝင်ပြီး ဆိတ်
တွေ ၊ နွားတွေကို လွှတ်ပါတယ်..။   အခင်းပိုင်ရှင်   လာပြီဆိုရင်တော့  မောင်းပြေးကုန်ကြတာပေါ့..။မေ
ပြးနိုင်လို့ မိရင်တော့ အတိုင်ခံရတာပေါ့...။   တိုင်တယ် ဆိုတာ နောက်မလုပ်အောင် တိုင်တယ်ဆိုတဲ့သ
ဘောပါ...။ အလျော်လိုချင်လို့တို့၊ ဘာတို့၊  ညာတို့ မဟုတ်ပါဘူး...။   ငရုတ်ကောက်သင်းကောက်တဲ့ သူ
တွေလည်း ရတာပါပဲ...။

ဆေးပင်

ဆေးရွက်တွေ၊ ဆေးရိုးတွေ ကောက်သင်းကောက်တဲ့ လူတွေလည်း ရှိပါသေးတယ်...။ အဲဒါ တွေကေ
ရာင်းစားလို့ရတယ်လေ...။ အဲလို လူတွေ ဆိုရင်လည်း တော်တော် ရကြပါတယ်...။

အဲလိုမျိုး လူတွေကိုတော့ ကောက်သင်းကောက်တွေလို့ ခေါ်ပါတယ်...။

မြက်ပင်

ကောက်သင်းကောက်ဆိုလို့   အမှတ်တရ ရှိခဲ့တဲ့ အရာလေးကို ပြောအုံးမယ်ဗျ...။   ကျွန်တော်တို့ ကုန်း
ဘက်တွေမှာ မိုးဦးက နောက်ကျတော့ မြက်က ရှားတာပေါ့...။    အဲတော့ မြစ်ကမ်းဘေးက အခင်းတွေ
ထဲကို သွားနှုတ်ရတာလေ...။ မြက်သွားနှုတ်တာ ကျွန်တော်ရယ် ၊    ယောက်ျားလေးသူငယ်ချင်း တစ်ေ
ယာက်ရယ်၊ အိမ်နားက ကောင်မလေး သူငယ်ချင်းတွေရယ်ပေါ့...။    (၆) ယောက်လောက် ရှိပါတယ်..။
မြစ်ကမ်းဘေးက အခင်းတွေ ဆိုပေမယ့် ရေတင်မထားရင် မြက်စိုက မပေါက်ဘူးလေ...။ ကျွန်တော်တို့
တွေလည်း မြက်စို ရှာရင်း၊ ရှာရင်းနဲ့ နှမ်းခင်းနားကို ရောက်သွားတယ်.။ အဲဒီ နှမ်းခင်းထဲမှာ မြေဇာမြက်
တွေရော၊ ပဒေါ် မြက်တွေရော ပေါက်နေတာလေ...။ အဲအခင်းကို တွေ့တော့ ကျွန်တော်တို့ သူငယ်ချင်း
တွေလည်း ၀င်ပြီး မြက်နှုတ်ကြတာပေါ့...။ အဲဒီ အချိန်မှာ အခင်းရှင် ရောက်လာပြီး..

“ဟေ့ ကလေးတွေ မပြေးနဲ့ မင်းတို့ကို တိုင်မယ် နှမ်းခင်းထဲမြက်နှုတ်တာ တိုင်ကို တိုင်ရမယ်..”
အဲလိုလေး ပြောလိုက်တော့ ကျွန်တော်တို့တွေလည်း ပြန်ပြောတာပေါ့...
“ ဒီမယ် ဦးကြီး ကျုပ်တို့တွေလည်း တောင်သူ ဦးကြီးသား၊ သမီးတွေပါ... ကျုပ်တို့ ကိုယ်ချင်းစာတတ်ပါ
တယ်ဗျ...”
အဲလို ပြောတာကို မရပဲ တိုင်မယ် တကဲကဲလုပ်နေတော့ ကျွန်တော်တို့တွေလည်း ကြောက်လို့ ပြေးလို
က်ကြတာ... ဖိနပ် ကျန်ခဲ့တဲ့သူက ကျန်၊   တံဇဉ် ကျခဲ့တဲ့သူက ကျခဲ့နဲ့ ပြေးလိုက်ကြတာ...  တော်တော်
ဝေးဝေးကို ရောက်သွားတယ်...။ အဲဒီ လူကြီးကလည်း နောက်က လိုက်လာလိုက်တာ  အမောအကော
ပဲ... ကျွန်တော်တို့လည်း    ကြောက်လို့ ပြေးလိုက်ကြတာ... လျှာကိုထွက်ရော...  အဲဒီနေ့ကတော့ မြက်
လုံးဝကို ရမလာဘူး  ကြောက်လို့ ထားပြီး ပြေးလာကြတာလေ...:)    (အဲတုန်းက ငယ်သေးတာကို ပြေး
မှာပေါ့... အခုဆိုရင်တော့...)

ပြောရရင်တော့ ကျွန်တော်တို့လည်း မြက်ကောက်သင်းကောက် ဖြစ်ခဲ့တာလား မသိပါဘူး...:P
အားလုံးကို လေးစားလျှက်
ရာဇာ(ကျေးလက်သားလေး)
10.4.2011

3 comments:

Angelhlaing(May everybody be happy and healthy! said...

တောရွာဓလေ့နဲ့အတူ ဗဟုသုတလေးတွေ အတွက် ကျေးဇူးအကိုရေ..
ကောက်သင်းကောက်တယ်ဆိုတာ ကြားဖူးတာ သေချာမသိဘူး ခုမှ သိရပြီ..:D
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

Kogyimaung said...

တော့ဓလေ့လေးတွေဖတ်ရတော့အိမ်ကိုလွမ်းလိုက်တာဗျာကြက်သွန်ဥကြီး
မြင်တော့သတိရတယ်အိမ်ကကျက်သွန်ခင်းတွေကို..လာဖတ်သွားတယ်နော်
ဆက်လက်ရေးသားပါဗျာ..အိမ်လွမ်းတိုင်းလာကြည့်ရမယ်..ဟဟ

yar zar said...

အလည်လာတာ ကျေးဇူးအထူးတင်ပါတယ်ဗျာ...။
ကျေးဇူးပဲနော်...

Post a Comment