Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, April 4, 2011

အသုံးဝင် ဧကရာဇ်ပင်(ဧကရစ်ပင်)

ဧကရစ်ပန်းပွင့်နေပုံ

အပင်အကြောင်းလေးတွေ မရေးတာကြာပြီဆိုတော့ ဒီတစ်ခါ အပင်အကြောင်းလေး ရေးမယ်နော်..။
ဒီတစ်ခါ ရေးမယ့် အပင်လေးကတော့ ဧကရစ်ပင်ပေါ့။

“ဧကရစ်ပွင့်ဖက်ဖြူဖြူ
သူကုံးကာပန်ပါလို့ မွှေးလွန်းတဲ့ ပန်းရနံ့ရယ်..
ဧကရစ်ရွက်ကိုဖြင့်
ကြော်တစ်ခါ၊ ပြုတ်တစ်လှည့်
ကြိမ်ဖန်ဖန် လုပ်စားရင်လ
နားလေးတာ တကယ်ပျောက်သမို့
များလူ အများ မှတ်သားကြဖို့
ကျွန်ုပ် ရေးစပ်သီကုံးပါအံ့...”

ဧကရစ်ပင် ဆိုတာ ပင်မြင့်မျိုးပါ..။ ကျွန်တော်တို့ ရွာမှာတော့ ဧကရစ် ပင်တွေ ပေါက်ပါတယ်။ အဲဒီ
အပင်က ကျန်းမာရေး အတွက် အသုံးဝင်တယ်လေ...။ အရွက်ကို ခူးပြီး...   ဧကရစ်ရွက်ကို ဆန်မှုန့်
နဲ့ ပေါင်းကြော်စားလို့ရပါတယ်...။ ဧကရစ်ပေါင်းပေါ့...။ အဲဒါက  ဘာကောင်းလည်း ဆိုရင် နာလေး
နေတဲ့ သူတွေ ကို ကြော်ကျွေးရင် ကောင်းပါတယ်။ နားပြန်ပေါ့တယ်တဲ့လေ...။ ဧကရစ်ရွက်ရဲ့ အရ
သာက နည်းနည်းတော့ ခါးတယ်ဗျ...။ ဒါပေမယ့် ဆေးဖက်ဝင်တော့ စားကြတာပဲလေ...။နောက်ထ
ပ် အသုံးဝင်တာတွေ ရှိအုံးမှာပေါ့...။ ( အသုံးဝင်ပုံလေးတွေ နောက်ထပ်သိရင်လည်း ပြောပေးသွား
ကြအုံးနော်...)။


ဧကရစ်ပန်းကုံး

နောက်ထက် အသုံးဝင်တာကတော့ အပွင့်ပေါ့...။ ဧကရစ်ပွင့်က ဖြူဖြူရှည်ရှည်လေးတွေလေ။ အနံ့
ကတော့ ဘာမွှေးသလဲ မမေးနဲ့...။ သင်းသင်းလေး မွှေးတာလေ...။      ဧကရစ် ပွင့်ကိုတော့ ဆောင်း
တွင်း ကာလမှ ပွင့်တာပါ...။   ဧကရစ်ပင် ပွင့်တဲ့ အချိန်ဆို တစ်ပင်လုံးကို  အဖူးတွေ၊        အပွင့်တွေ
ဖွေးနေတာပဲလေ....။ မနက် အိပ်ရထချိန်ဆို အပွင့်တွေကြွေနေတာက မကောက်ပဲ မနေနိုင်အောင်
ပါပဲ...။ ဧကရစ်ပန်းပွင့်လေးတွေကို  မိန်းကလေးတွေ  အရမ်းကြိုက်ကြတယ်။ နောက်ပြီး ပန်လည်းပ
န်ကြတယ်...။ ဧကရစ်ပန်း ကုံးပြီဆိုရင် အပ်မလို၊ အပ်ချည်ကြိုး မလိုပါဘူး..။   ဒီတိုင်း အပွင့်ရဲ့ အရိုးေ
လေးတွေချင်း ကျစ်ကျစ်သွားတာပါ...။  ကျွန်တော်ကတော့ ဧကရစ်ပန်းကို ကြိုက်တယ်...။  အဲဒီပန်း
ရဲ့ အနံ့လေးရှုမိရင်ကို စိတ်ကြည်လင်သွားတယ်လို့ ခံစားရလို့ပါ...။

ဧကရစ်ရွက်လေး

ကျွန်တော်က ကလေးတုန်းက ဘုန်းကြီးကျောင်းမှာ ကျောင်းတက်တာလေ...။  အဲဒီ ဘုန်းကြိးကျော
င်းဝိုင်းထဲမှာက အပင်တွေကို စုံနေတာပဲ..။ ခရေပင်ကြီးလည်း ရှိတယ်၊ ဧကရစ်ပင်လည်းရှိတယ်၊ ဇီး
ပင်ကြီးလည်းရှိတယ်၊သစ်ချိုပင်ရှိတယ်၊ ဆီးဖြူပင်ရှိတယ်၊ စောင်းလျားပင်ကြီးလည်းရှိတယ်၊သံပုယို
ပင်ရှိတယ်၊ ရှောက်ပင်ရှိတယ်၊ သရက်ပင်တွေ ဆိုတာကတော့ ကျောင်းဝိုင်းနဲ့ အပြည့်ပဲ...။   အလှပ
န်းပင်လေးတွေကတော့ အစုံပဲ...။  ယူကလစ်ပင်ကြီးလည်း ရှိသဗျာ... အစုံပါပဲ...။   ဆောင်းတွင်း ဆို
ရင် ဧကရစ် ပင်ကြီးက အပွင့်တွေဖွေးနေတာပါပဲ...။  ဧကရစ်ပွင့်တွေ၊  ခရေပွင့်တွေ လိုချင်ရင်တော့
ဘုန်းကြီးကျောင်းသားလေးတွေ၊ ကိုရင်လေးတွေနဲ့ ပေါင်းထားရင် ပြီးပြီ...။  ဧကရစ်ပင်တွေဆိုရင်အ
ပွင့်လေးတွေ   မြေပေါ်ကို မကြွေနိုင်ပါဘူး...။  ကိုရင်တွေက  တက်ခူး၊  ကျောင်းသားတွေက တက်ခူး
နဲ့ အပင်လေးဆိုရင် နလံကို မထူနိုင်ပါဘူး...။ အဲလောက်တောင် ဧကရစ်ပန်းကြိုက်ကြတာဗျ...။

တစ်ခါတစ်လေတော့လည်း သစ်ပင်ပေါ်တက်တာကို ဘုန်းကြီးသိသွားရင် ရိုက်ရော...။ အရိုက်ခံရတဲ့
သူတွေကလည်း ခဏပဲ..။ မေ့သွားရင် တက်ပြီးခူးကြပြန်ရော...။ ဧကရစ်ပွင့်ချိန်ဆို ဘုန်းကြီးကတုတ်
တစ်ချောင်းနဲ့... ဧကရစ် တုန်းပြီဆိုမှ ဘုန်းကြီးလည်း တုတ်ချရတာ..။

ကိုင်း အဲဒါကတော့ ဧကရစ်ပင် အကြောင်းလေးဗျာ...။
ဗဟုသုတ အနည်းငယ် ရမယ်ထင်ပါတယ်...

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....

ရာဇာ(ကျေးတောသားလေး)
4.4.2011



7 comments:

Nay Mya Mya Swe said...

အလွန်နှစ်သက်တဲ့ ဧကရာဇ်ပန်းလေးအကြောင်းဖတ်ရလို့ ငယ်ဘ၀ကိုလွမ်းမိသွားပါတယ်..ဧကရာဇ်မြစ်ကိုသွေးတိုက်ရင် အရက်မူးတဲ့သူတွေပြေသွားတယ်လို့ လဲကြားဖူးပါတယ်ရှင်..ဧကရာဇ်ပန်းကုံးလေးပုံလဲ ယူသွာပါတယ်နော်

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုတတွေများကြိးရတယ်ဗျို့..
ကျေးဇူးပါအကိုရေ...
စောင့်မျှော်အားပေးနေပါတယ်လို့..
ကောင်းသောနေ့လေးဖြစ်ပါစေ။

Baby taster said...

ဧကရာဇ်ပန်းလေး အကြောင်းလာဖတ်တယ်
ငယ်ငယ်တုန်းကတော့ အဲ့လိုပန်းတွေ သီပြီး ဆရာမကို
ပေးလေ့ရှိတယ် ဧကရာဇ်ပန်းတော့ မဟုတ်ဖူးပေါ့

ရွှေညာသား said...

ဧကရာဇ်အမြစ်ကို အရက်အိုးထဲ ထည့်ရင် အရက်ကနေ ရေဖြစ်သွားတယ်လို့ ကြားဖူးတယ်...အမူးသမားများအတွက်ကတော့ ဧကရာဇ်မှပဲ နိုင်တယ်ဗျာ။ အရွက်တော့ မစားဖူးဘူး အနာတွေဘာတွေ ပေါက်ရင်တော့ အရွက်နုကို ကြိတ်ပြီးအုံပေးရင် ကောင်းတယ်.....အရက်သောက်တတ်ရင် မှတ်ထားနော်... ဆေးနည်းလေးကို......:P သူများကို လိုက်ပြီး မရစ်ရဘူး.... ကိုရာဇာ....စတာပါ:P

khin said...

Khin Moe
ကျမတို့တောမှာတော့ နှစ်ရှည် ခေါင်းမူးရောဂါစွဲကပ်နေသူတွေဆိုရင်
ဧကရာဇ်ရွက်ကို ပြုတ်ပြီး သုတ်လဲစားကြတယ်။ နည်းနည်းဖြစ်ရင် ပျောက်တယ်၊ များများဖြစ်ခဲ့ရင်တော့ သက်သာတယ်လို့ပြောကြတယ်။ ကျမတော့ ဘာမှမဖြစ်ပဲသုတ်စားတယ်။ ခါးသက်သက်နဲ့ စားလို့ကောင်းတယ်လေ။

yar zar said...

သိတာလေးတွေ ပြန်လည်ဝေမျှပေးတဲ့သူရော၊ လာရောက်လည်ပတ်တဲ့
လူတွေ အားလုံးရော ကျေးလက်သားလေးက အထူး ကျေးဇူးတင်ပါတယ်
လို့...။

ရှင်းသန့် said...

ဧကရာဇ် အမြစ်သွေးသောက်ရင် သွေးတိုးကြတယ်လို့လည်း ကြားဖူးတယ် ။ မသောက်ဘူးတော့ မသိဘူး ။ အမူးပြေတယ် တော့ ကြားဖူးတယ် စာရေးသူ လွန်းးးးးးးးးးးးးးးး မမေ့နဲ့ ၊ မှတ်ထား ။

Post a Comment