Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, April 23, 2011

သူခိုးဖမ်းတဲ့ည (မသန်းတို့ရွာ)


အခုတလော ကျွန်တော် ပို့စ်တင်တာ ရက်ခြားဖြစ်နေပါတယ်...။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်
ကိုရီးယားကား ကြည့်နေလို့ပါ...။   အခု ပြီးသွားပြီဆိုတော့ အရင်လို တစ်ရက် တစ်ပုဒ် တင်နိုင်တော့
မှာပါ...။(ကျောင်းက အားရင်ပေါ့....)

ကျေးလက်ဒေသရဲ့ လမိုက်ညပေါ့...။ ခေတ်ကလည်း မကောင်းချိန်ဆိုတော့ သူခိုး က ပေါလွန်းလှပါ
တယ်...။ ညတိုင်း သူခိုးခိုးမှာ စိုးတဲ့အတွက် ဂရုတစိုက် အိပ်ရတာကတော့ ရွာသူ၊ ရွာသားတွေပေါ့...။
အိမ်ဝိုင်းစည်းရိုးတွေကို ဆူးတွေနဲ့ ပိတ်နေအောင်ကာ၊ နွားတဲကို ၀ါးလုံးတွေ အထပ်ထပ် ကန့်လန့်ထ
ားတာတောင်မှ သူခိုးက လွတ်အောင် ခိုးတာလည်းရှိရဲ့...။   ခက်တော့ ခက်သား သူခိုးဆိုတဲ့ အမျိုးက
လည်း ခေါင်းမှာ ဂျို ပေါက်မနေသလို၊ နောက်ကျောမှာ အမြီးမပါ ပြန်တော့ မကွဲပြား....။


 “ဗျို့ ဦးရီးကောင်း ည ဂရုစိုက်အိပ်ဗျို့...    ရွာအပြင်မှာ လူစိမ်း သုံးယောက် တွေ့ခဲ့တယ်... ဟိုဘက်အိ
မ်တွေကို လက်ဆင့်ကမ်းလိုက်ပါအုံး...”
အဲလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းပြီး ပြောလိုက်ကြတာ တစ်ရွာလုံး ပျံ့သွားရော
...။ တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက် ၊  တစ်မိုးအောက် အတူနေသူတွေဆိုတော့ သွေးစည်း
ညီညွတ်မှုကလည်း အထူးပြောစရာမလို...။

အဲလို ည မျိုးမှာ သူခိုး ယောင်လို့တောင် မကပ်ခဲ့လေနဲ့ တစ်ရွာလုံး ၀ိုင်းလိုက်တာလေ...။    သူခိုး ပြေး
ပေါက်မှားမယ်မှတ်...။ ဒါပေမယ့်လည်း သူခိုးကို လူကောင်းတွေက ကြောက်ကြရပေသည်။ ဘာကြေ
ာင့်လည်း ဆိုတော့ သူခိုးတွေက ခိုးရုံတင် မက၊    သူတို့ မလွတ်လို့ ချောင်ပိတ်မိတဲ့ အခါမျိုးမှာ ဆိုရင်
ဓါးနှင့် ပစ်တတ်လေသောကြောင့်ပါ...။

သူခိုးကပ်သံ ကြားတာနှင့် ကလေးတွေ၊ မိန်းမတွေကတော့ ကြောက်လန့်ကြပါတယ်...။  သူခိုးမကပ်
အောင်၊ လူမအိပ်သေးဘူးဆိုတာ သိအောင် ချောင်းဟန့်ကြသလို၊ မီးခွက်ထွန်းပြီး ငုတ်တုတ် ထိုင်နေ
တတ်ကြပေသည်။ တစ်ခါတစ်လေတော့လည်း တစ်ညလုံး ဂရုတစိုက် နေကြပေမယ့်လည်း သူခိုးက
မလာ...။ အဲဒီည ကုန်လို့ မနက်ရောက်ရင်တော့ သတင်းတွေက ကြားရပါသည်။ ဘယ်ရွာတော့ နွား
ဘယ်နှစ်ကောင် ပါသွားတာ၊ ဘယ်စည်းရိုးက ဖောက်သွားတာ ဆိုတဲ့ သတင်းတွေက လူသတင်း၊လူ
ချင်းဆောင်ပေါ့...။

“သိန်းတန် ဓါတ်မီး ညတုန်းက အားကုန်သွားတယ်နော်.. ဓါတ်ခဲတစ်စုံလောက်ဝယ်ခဲ့အုံး.. အခုချိန်က
သူခိုးက သောင်းကျန်းတယ်၊ ဓါတ်မီးမရှိလို့မဖြစ်ဘူး...”
အဲဒီလိုမျိုး အသံတွေက လူတိုင်း အမြဲပြောနေကြ စကားလုံးတွေ။

လက်ပံကျင်း တစ်ရွာလုံး အိပ်မောကြနေပြီ...။ တစ်အိမ်မှ မီးမရှိသလို၊ တစ်အိမ်မှ လူသံမကြားရ...။
လူစိမ်းတစ်ယောက် စည်းရိုးကို ဖောက်နေလေပြီ...။ ခွေးတစ်ကောင်ကတော့ ကျားစီးဝါးစီး ဟောင်
နေပေသည်။ ခွေးပိုင်ရှင် မသန်း မီးမထွန်းပဲ အမှောင်ထဲကနေ အကဲခတ်နေသည်။ လူစိမ်းကလည်း
စည်းရိုးးက ဆူးတွေကို တစ်ခုချင်း ဖယ်ရင်း လူတစ်ကိုယ်စာ အပေါက် ဖောက်နေလေသည်။

မသန်းတစ်ယောက် အသက်ရှုသံတို့ မမှန်ချင်၊ နှလုံးလည်း အရမ်းခုန်လာလေပြီ...။  ဒီနေ့မှ သူ့သား
က အခြားရွာကို အလုပ်ကိစ္စနဲ့ သွားလေသည်။ အိမ်မှာကလည်း မျက်မမြင် အမေ တစ်ယောက်ပဲ ရှိ
သည်။ မသန်း ဘာလုပ်ရတော့မည် မစဉ်းစားတက်၊ တစ်ကိုယ်လုံးလည်း ချွေးစီး တွေက ထွက်လာ
ပေပြီ...။ သူ့အတွက် အားကိုးရာကား ခွေးကလေး ငမဲ ပင်ဖြစ်တော့သည်။ ခွေးလေး ငမဲလည်း သရဲ
တစ်ကောင်ကို ဟောင်နေသည့်အလား...။ ခဏနေတော့ ခွေးကလေးငမဲ ဟောင်နေရာမှ အမြီးလေး
နံ့ပြီး အရာတစ်ခုကို ပါးစပ်မှာကိုက်ပြီး ထွက်သွားတာက မသန်းမြင်နေရသည်...။ သူခိုးလည်း မသန်း
တို့ စည်းရိုးကို ဖောက်နေလေသည်။ နောက်တော့ နွားခြံဆီသို့ ဦးတည်သွားလေတော့ မသန်းကြော
က်ကြောက်နဲ့ သူခိုးကပ်လို့ပါတော်၊ သူခိုးကပ်လို့ပါ....။ မသန်း အာခေါင်ခြောက်အောင် အော်လိုက်
တော့ သူခိုးလည်း လက်ထဲမှာ ပါတဲ့ ဓါးနဲ့ အသံလာရာကို မှန်းဆပြီး ပစ်လိုက်လေသည်။ မသန်း သူ့
ကို မှန်ပြီ ဆိုပြီး အော်လိုက်တာက...

“မသန်း ..သမီး... ညည်း ဘာဖြစ်တာတုန်း အမေ့ကို ပြောစမ်း...”
မသန်း တစ်ကိုယ်လုံး ချွေးစေး တို့ ပြန်နေလေပြီ... သူ့ရင်ဘတ်ကိုလည်း ဖိလို့...   အဲတော့မှ သူ အိမ်
မက်မက်နေတယ်ဆိုတာ သိလိုက်တော့သည်။ ရေထသောက်ပြီး အပေါ့သွား၊ ပြီးမှ နွားတဲ ဘက်သွား
ကြည့်လိုက်တော့ နွားနှစ်ကောင် မရှိတော့...။

အဲဒီတော့မှ မသန်း သူကြီး အိမ်ကို ပြေးပြီး အကျိုးအကြောင်းပြောလေမှ...။
“ဒူ..ဒူ.ဒူ..ဒူ...................” သူကြီးလည်း မောင်းကို အဆက်မပြတ် ထုလေပြီ....။    ရွာသူ၊ ရွာသားတို့
လည်း နွားပျောက်တယ်ဆိုတာ တန်းပြီး သိလေသည်...။
“ဘယ်သူ့အိမ်လည်းဟေ့ ဘယ်သူအိမ်လည်းဟ...”။
“မသန်း တို့ အိမ်တဲ့ဟ...”
တစ်ယောက်နဲ့ တစ်ယောက် စကားလက်ဆင့်ကမ်းလိုက်တာ... မသန်းတို့ အိမ်တည်းကို လူတွေပြည့်
လာပါသည်။ လာတဲ့ လူတိုင်းကလည်း ဓါးတွေ ၊ လှံတွေ အပြည့်နဲ့...။ ယောက်ျား တစ်ချို့ ခြေရာခံကြ
သလို၊ သဲလွန်စ ရှာနေကြသည်။

“သူခိုးက ဒီကနေ ၀င်လာတာ... ဒီမှာ စည်းရိုးဖောက်ထားတယ်... ခြေရာက ဆင်ကြယ်ဖိနပ်ရာပဲ...”။
“ဟုတ်တယ်ဟ ဟုတ်တယ်” တစ်ယောက်ပြောတာကို ၀ိုင်းအုံကြည့်ပြီး ထောက်ခံကြလေသည်။
နောက်တစ်ယောက်က ဘေးနားမှာ ရှိတဲ့ နွားချေးပုံကို လက်နဲ့ ထိုးကြည့်လိုက်လေသည်။ အားလုံးက
လည်း ၀ိုင်းကြည့်နေကြပါသည်။ အဲဒီလူက ပြောလိုက်လေသည်...
“နွားက အခုပဲ ဆွဲသွားတာ ရွာထဲမှာပဲ ရှိနိုင်တယ် တစ်ရွာလုံးကို ၀ိုင်းထား...”
“ဘာလို့ အဲလို ပြောနိုင်တာလဲ... ခင်ဗျားက”
“ဒီမှာလေ နွားချေးပုံက ပူပူနွေးနွေးရယ် ၊ အငွေ့လည်း ထွက်နေတယ်...”
အဲလို ပြောလိုက်မှ ရွာသားတွေလည်း .....
“ဟုတ်တယ်ဟေ့ ဟုတ်တယ်... သူခိုးကွ..သူခိုး ..သူခိုးက ရွာထဲမှာပဲ ရှိနိုင်တယ်.. အပေါက်တွေ အား
လုံးပိတ်ထားဟေ့... ပိတ်ထား...”
တစ်ယောက်တစ်ပေါက် အော်နေသလို၊ မောင်းသံကလည်း တဒူဒူ နဲ့ ဆူညံ နေတုန်းပါပဲ... သူခိုးကဘ
ယ်လိုနေမယ်တော့ မသိ... ကလေးတွေနဲ့ မိန်းမတွေနဲ့ကတော့ ကြောက်နေပြီ... သူခိုး အိမ်ထဲ ၀င်လာ
မှာ စိုးရိမ်တဲ့ အတွက်...။

လူတစ်ယောက် အာပြဲကြီးနဲ့ အော်လိုက်လေသည်....
“နွားက ဒီမှာဟေ့ လူမလွတ်လို့ နွားတွေကို ထားသွားတယ်... နွားတွေကိုလည်း ရိုက်ထားလိုက်တာ ဒ
ဏ်ရာကြည့်ပဲ.. အဲဒီ သူခိုးကို မိအောင်ဖမ်း အသေသတ်မယ်ဟေ့...”
အဲလို အော်လိုက်တော့ နွားတွေကို အိမ်ပြန်ပို့တဲ့သူက ပို့... သူခိုးကို ဖမ်းဖို့ လုပ်တဲ့သူတွေက လုပ်နေ
နဲ့ တစ်ရွာလုံးကို ဆူညံနေတာပဲ...။

“သူခိုးက ဒီမှာဟေ့ ဒီမှာ... အရီးသင်တို့ အိမ်ဘက်ကို ပြေးသွားပြီ”
အဲလို အော်လိုက်တော့ အဲဒီ နားမှာ ၀ိုင်းထားလိုက်ကြပြန်သည်။ သူခိုးလည်း အမှောင်ထဲ ရမ်းသမ်း
ပြီး သစ်ပင်ပေါ်ကို တက်လိုက်လေသည်။ ၀ိုင်းထားသူ အားလုံးလည်း ခြေရာပြတ်သွားလေသည်...။

“ဒီနားမှာ ပျောက်သွားတာပဲ... ဒီနားမှာပဲ ရှိမယ် အလွတ်မပေးနဲ့ ဓါတ်မီးနဲ့ သေချာရှာကြ...” တစ်
ယောက်က အမိန့်ပေးလိုက်လေသည်။ အားလုံးလည်း ပြောတဲ့ အတိုင်း ရှာနေကြသည်...။ သူခိုးလည်း
သစ်ပင်ပေါ်မှာ အသံမကြားအောင် ကပ်နေလေသည်။ ဖြစ်ချင်တော့ သူခိုးလည်း ချောင်းက ဆိုးချင်လ
ာတဲ့ အတွက် အောင့်ထားရမှ ထွက်သွားတာဆိုတော့ အသံကြီးက အကျယ်ကြီး...။ ချောင်းဆိုးသံကြား
တဲ့ ဆီကို ကြည့်လိုက်တော့ သူခိုး...။

“ဟေ့... သူခိုး ဒီအပင်ပေါ်မှာဟေ့... ဒီအပင်ကိုဝိုင်း...” သူခိုးလည်း ခုန်ချပြီး ပြေးပြန်လေသည်။
ရွာသားတို့ ညီညွတ်မှုကြောင့် သူခိုးလည်း ပြေးပေါက်ကို မတွေ့.... ၀ိုင်းပြီး တိုက်ခိုက်ကြလေသည်...။
သူခိုးကို ဓါးထိသွားလေပြီ... သူခိုးလည်း သွေး တရဲရဲဖြင့် ပြေးရင်း သူဖောက်ခဲ့သော စည်းရိုးပေါက်ကို
ရောက်သွားလေသည်။ နောက်တော့ အဲဒီအပေါက်ကို တိုးပြီး ထွက်သွားလေသည်... အဲဒီမှာ သူခိုးရဲ့
အင်္ကျီက ချိတ်ပြီး ကျန်ခဲ့လေတော့ ...

“သူခိုးက ဒီမှာ သူဖောက်ခဲ့တာ ထင်တယ်.. စည်းရိုးပေါက်နေတယ် ဒီထဲမှာပဲ... ၀ပ်နေတယ် လုပ်ကြ
ကွာ...” တစ်ယောက်က အော်လိုက်တော့ ၀ိုင်းပြီး လှံနဲ့ ထိုးကြလေသည်။ မှောင်နေတာဆိုတော့ လူမှ
န်း၊ စည်းရိုးထဲက အကျီမှန်း မသိကြ ထိုးလိုက်ကြတာ... အဲဒီ အကျီ ကို သူခိုးဆိုပြီး ဆွဲထုတ်ကြလေ
သည်...။ အဲဒီတော့မှ သူခိုး အကျီမှန်းသိကြလေသည်။ အင်္ကျီ တစ်ခုလုံးမှာလည်း သွေးတွေက ရဲလို့..
...။

“သူခိုးးက ဒီအပေါက်က ထွက်သွားပြီ..သူမပြေးနိုင်ဘူး ဟိုဘက်နားမှာပဲ ရှိမယ်”..လိုက်ကြပြန်လေသ
ည်...။ သူခိုးကို လိုက်ရှာပေမယ့်လည်း မတွေ့တော့ အပုန်းကောင်းသွားတာလား၊    သူ့အဖော်တွေက
ပဲ ကယ်သွားတာလား မသိ...။

တစ်ရွာလုံးလည်း သူခိုးလိုက်ရတာ ပျော်နေပုံရပါသည်။ မသန်းလည်း ကျေးဇူးတင်လွန်းလို့ မျက်ရည်
များတောင် လည်လို့.. နောက်ပြီး သူ့ရဲ့ အိမ်မက်ကိုလည်း ပြောပြနေလေသည်။ လူတွေကလည်း အံ့သြ
နေကြပေသည်...။ တကယ်ခိုးသွားတာကို မသန်း အိမ်မက်ထဲမှာ သိတယ်ဆိုတော့... အားလုံး ထူးဆန်း
နေတာတော့ အမှန်...။

နောက် သုံးလေးလလောက်ကြတော့ သူတို့ရွာကို ခိုးတဲ့သူခိုး မိသွားပြီး ထောင်ကျသွားပြီဆိုတာ သိလို
က်ရပါသည်...။ အဲဒီသူခိုးက မသန်းတို့ရွာကို မခိုးဖို့၊ အဲဒီရွာက လူညီလို့်ခိုးဖို့ မလွယ်ကြောင်း သူ့ အပေါ
င်း အသင်းတွေကို ပြောပြသတဲ့...။

နောက်တော့ မသန်းတို့ ရွာကို ဘယ်သူခိုးတွေမှ မလာကြတော့ပါဘူးတဲ့ဗျာ...။

ရာဇာ(ကျေးလက်သားလေး)
23.4.2011

4 comments:

Baby taster said...

ဒါဆို လူညီလို့ သူခိုးမလာတော့တာပေါ့
ရွှေပြည်ကြီးမှာလည်း ဘဘတို့ သောင်းကျန်းလို့မရအောင်
လူညီကြရင် သိတ်ကောင်းမှာပဲ သင်ခန်းစာပဲနော့ မောင်လေး

ko said...

စည်းလုံးခြင်းသည် အင်အားပေါ့။
သင်ခန်းစာပါပဲ။။။

koshwan said...

ကိုယ်တွေ့ဖြစ်ရပ်မှန်လေးပေါ့ ဟုတ်လား...။ ရွာသားတွေက တော်တော်စည်းလုံးကြသကိုး..။ ကောင်းပါတယ်ဗျ...။ ကျေးလက် ဟာသလေးတွေ ရေးပါဦး...။ အားပေးပါတယ်ဗျ..။

yar zar said...

အစ်မဘေဘီရေ စည်းလုံးခြင်းက အင်အားပေါ့ဗျာ..
ကိုဖြိုး.. အဲဒါ အမှန်ပဲ
ကိုရွှမ်း ... ဟုတ်ကဲ့ ကျွန်တော် ရေးပါမယ်.. စောင့်ဖတ်နော်..

Post a Comment