Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, April 23, 2011

နွေ၊ မိုး၊ ဆောင်း သရုပ်

(from google)

 နွေသရုပ်
ပန်းတွေကသွေ  စမ်းရေကထေ
လေတွေကကျ  ဖုံတွေကထ
မြူခိုးကဝေ ဥသြဆွေက
ဝန်းကျင်တဟို  တွဲလဲခိုပြီး
တွန်ကျူးသံဝေ  ထိုငှက်ဆွေက
နွေရဲ့သရုပ် ပေါ်အောင်လုပ်လို့
ဤရာသီကို  ဖွဲ့နွဲ့တွင်ခေါ်
နွေရာသီဦးဂိမာန်ထူး...။



(from google)

မိုးသရုပ်
ဝဠာတစ်ခို ကောင်းကင်အိုမှ
လျှပ်ပန်းလျှပ်နွယ် ၀င်းဖန့်သွယ်လည်း
မြည်သံဟစ်ထီး ဤမိုးကြီးက
ရွာတော့မလို မိုးကိုဖြိုပြီး
အနည်းငယ်မိုး စွတ်ဖျန်းတိုးကာ
မိုးရဲ့သရုပ် ပေါ်အောင်လုပ်လို့
ဤရာသီကို ဖွဲ့နွဲ့တွင်ခေါ်
မိုးရာသီဦးဝဿန်ထူး...။

(from google)

ဆောင်းသရုပ်
ဆောင်းဟေမန္တ လေပြန်ခလို့
မြောက်အရပ်က ဆော်ခတ်သွင်းကာ
ပင်မျိုးပန်းတို့ ဖူးပွင့်ဝေဆာ
ပွင့်ပြန်လာသည် နှင်းရည်တို့လည်း
ရွှဲလို့လာပြန် ဒီဟန်ပန်ကား
ဆောင်းရဲ့သရုပ် ပေါ်အောင်လုပ်လို့
ဤရာသီကို ဖွဲ့နွဲ့တင်ခေါ်
ဆောင်းရာသီဦး ဟေမာန်ထူး...။

နွေ၊ မိုး၊ ဆောင်း
ရာသီစက်ဝန်း လည်ပတ်ရင်းက
ရောက်လို့လာပြန် ခါဂိမာန်
ရောက်လို့လာပြန် ခါဝဿန်
ရောက်လို့လာပြန် ခါဟေမာန်
သုံးခါပြီးလျှင် တစ်နှစ်တွင်လို့
အကြိမ်တွေ ခါခါပြောင်းရင်လ
အသက်တွေ တစ်ခါကြီးမှာမို့
တွေးဆလို့မှန်း...။

ရာဇာ(ကျေးလက်သားလေး)
14.4.2011

4 comments:

အလင်းသစ် said...

ကိုရာဇာရေ.. အားပေးသွား၏။။။။အရမ်းမိုက်တယ်။။။

yar zar said...

ကျေးဇူးပါ လင်းသစ်ရေ...

စံပယ်ချို said...

ပုံလေးကိုအရမ်းသဘောကျပါတယ်ရှင်။
စာလဲကြိုက်ပါတယ်။

yar zar said...

စံပါယ်ရေ လာရောက် အားပေးတာ ကျေးဇူးတင်ပါတယ်ဗျ..

Post a Comment