Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, April 4, 2011

မြန်မာ့ရိုးရာသင်္ကြန်ပွဲဖြစ်ပေါ်လာပုံ

ပိတောက်ပန်းလေးတွေမြင်ရ ကျက်သရေရှိလိုက်တာ

သြော်...
ဘာလိုလိုနဲ့ နှစ်ဟောင်းကနေ၊ နှစ်သစ်ကိုတောင် မကြာခင် ကူးပြောင်းတော့မယ်နော်...။ ဘာပဲဖြစ်ဖြစ်
လေ အသက်တစ်နှစ် ကြီးတော့မယ်ပေါ့...။  နှစ်သစ်ကိုတော့ တန်ခူးလ သင်္ကြန်ပွဲလို့    အဆိုရှိခဲ့ကြတာ
အခုချိန်ထိလေ...။    သင်္ကြန်ဆိုတာ ပါဠိဘာသာ “သင်္ကန္တ” မှ သက္ကဋဘာသာ“ သင်္ကြန်” ဟု အနက်ဝေါ
ဟာရ ပြောင်းရွှေ့သွားခြင်းဖြစ်ပါသည်။

သင်္ကြန်ကူးပြောင်းခြင်းသည်  အာပေါဓာတ် မိုးနက္ခတ် ရေရာသီ ငါးကြင်းရုပ် အမှတ်အသားရှိသော မိန်
ရာသီမှ၊ မိဿရာသီ(ဆိတ်ရုပ်)သို့ တနင်္ဂနွေ ဂြိုဟ်မင်း ကူးပြောင်းဝင်ရောက်လာပြီး၊ ထို ကူးပြောင်းလာ
သော ရာသီအိမ်အား သင်္ကြန်ရေဖြင့် ဆီးကြိုကြခြင်းဖြင့် ရေဖျန်းသဘင် ပျော်ရွှင်စွာကစားခြင်းတည်းဟူ
သော အတာသဘင်ပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

သင်္ကြန်ပွဲသည် ရှေးဦးအစ ကပ္ပိလ၀တ်ပြည်၊ သာကီဝင်မင်းမျိုးတို့ ရေဖျန်းသဘင် ပြုလုပ်ခြင်းသည် ပထ
မဦးဆုံး ဖြစ်ပေသည်။ မဟာရာဇ၀င်ကျမ်းလာအရ ပုဂံပြည် တရုတ်ပြေးမင်းလက်ထက်က အတာရေသ
ဘင် ပက်ဖျန်းခြင်း ပြုခဲ့သည်။  အဲဒါကတော့ မြန်မာပြည်က ပထမဦးဆုံးသင်္ကြန်ပေါ့...။    သင်္ကြန် ရဲ့ အဓိ
ပ္ပါယ်က နှစ်ဟောင်းမှ အညစ်အကြေးများကို   နှစ်သစ်သို့ မပါအောင် သင်္ကြန်ရေနဲ့ ပျော်ရွှင်စွာ ပက်ဖျန်း
ခြင်းပွဲတော်လို့ အဆိုတွေ ရှိခဲ့ပါတယ်။


 အဲဒီနောက်တော့ မင်းအဆက်ဆက် သင်္ကြန်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူတွေကိုလည်း  သင်္ကြန်သုံ
းရက်အတွင်း ထုံးစံရှိသည့်အတိုင်း မနက်၊ ညနေ အချိန်အခါတွင် ရေကြည်၊ ရေအေး၊ အမွှေးအထုံရည်မျ
ားနှင့် ယဉ်ကျေးစွာ ပက်ဖျန်းကစားရမည့် အကြောင်းကို ကြိုတင် အသိပေး ကြေငြာထားလေသည်။

ပိတောက်ပန်း

သင်္ကြန်နှင့် ပတ်သတ်ပြီး ဆီသည်ရွာစား လက်ျာရွှေတောင် ဘွဲ့ရ ဦးအောင်ကြီးက မိဿရာသီ တန်ခူး
လဘွဲ့တွင် ဒီလိုလေး စပ်ဆိုရေးသားခဲ့ဖူးပါသည်။
“ကောင်းကင်မိုးလ၊ စိတ္တရနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊   ကံ့ကော်ရင်ကတ်၊
ပင်တိုင်းညွှတ်မျှ၊ ပွင့်ဖတ်ဝေေ၀၊ တောင်လေသုတ်ဖြူး၊ လတန်ခူးမူ၊ မြူးတူးပျော်ရွှင်၊ တာသ
ဘ၀င်ဝယ်၊ ဆင်ယင်တုပ ၊ လှရရတည့်၊ ငြိမ့်မျှ စောင်းငြင်း၊ အဲသီချင်းနှင့် ထုံသင်းနံ့သာ၊ ရေ
ဒီသာငယ်၊ စမ္ပာကရမတ်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှ
ယ်၊ ကင့်စံပပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစားထုံရည်ဖျန်းတဲ့လေး၊ ပွင့်လင်း
စည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး”
ထိုစာပိုဒ်ကို ကြည့်ခြင်းအားဖြင့်  ရှေးမြန်မာတို့ရဲ့ အတာရေသဘင်ပွဲဟာ  ယဉ်ကျေးပျော်ရွှင်စွာ ကစားခဲ့ေ
ကြာင်း ထင်ရှားပေသည်။

ရတနာပုံ မန္တလေးခေတ်မှာတော့ သင်္ကြန်ပွဲရဲ့    ယဉ်ကျေးမှုအစဉ်အလာ   ထိပ်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း
လည်း မှတ်သားခဲ့ဖူးပါသည်။   သင်္ကြန်အခါရက်မျိုးတွင်   ရှောင်ကြဉ်စရာ    အချက်များကိုလည်း သင်္ကြန်
တွက်ရိုးကျမ်းများ၌ ဖော်ပြထားပါသည်။
“အိမ်ယာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊
 ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း”ဆိုတဲ့ အချက်တွေပါ။

အခုခေတ်ဟုတ်ဝူးနော် :)

နောက်ပြီး   သင်္ကြန်အခါအတွင်းမှာ   ခေါင်းဆေးလျှော်ခြင်း ဆိုတာကလည်း    ဘုရင်တွေခေတ်တုန်းက
တော့ နန်းတွင်းသူ၊  နန်းတွင်းသားတွေ တခမ်းတနား ပြုလုပ်ခဲ့ကြတယ်လို့ ဖတ်ဖူးပါတယ်။    ခေါင်းဆေး
လျှော်တယ်ဆိုတာကတော့ ကျွန်တော်တို့ တွေ  အထွတ်အမြတ်ထားတဲ့ ဦးခေါင်းမှဆံကေသာများကို နှ
စ်ဟောင်းက ပါလာသော အညစ်အကြေးများကို နှစ်သစ်သို့ပါမသွားရအောင် သန့်ရှင်းစင်ကြယ်အောင်
ခေါင်းလျှော်ခြင်းပဲဖြစ်ပါတယ်။ ခေါင်းဆေးလျှော်ရခြင်း အကျိုးက -

“ သင်္ကန္တံ သတ္တရုဘယံ ၀ိနဿန္တု ”တဲ့...။

အဓိပ္ပါယ်ကတော့ အပြစ်ခပ်သိမ်း ကင်းပျောက်၍ ကောင်းကျိုးများစွာ ရရှိကုန်၏ တဲ့။ အဲဒီ အစဉ်အလာ
အရ အခု ကျွန်တော်တို့ အညာဒေသမှာတော့ သင်္ကြန်တွင်းမှာ ခေါင်းလျှော်ခြင်းတွေ ပြုလုပ်နေကြတုန်း
ပါ...။ ဘာပဲဖြစ်ဖြစ် တောသင်္ကြန်လေးတွေကတော့ အကုသိုလ် နည်းတာ အမှန်ပါပဲ...။ (ကိုယ်ရည်သွေ
းခြင်း မဟုတ်ပါ):)

အခုခေတ်ကတော့ မလုပ်သင့်တဲ့ အချက်တွေထဲကမှ သောက်ခြင်းသေစာ  ဆိုတဲ့ အချက်ကိုတော့ မြို့
ကြီးတွေမှာ လုပ်နေကြတာလေ။ သင်္ကြန်ဆိုရင်ကို ဘီယာ၊ အရက် သောက်စားတဲ့ ပွဲတော်ကြီး ကျနေ
တာပဲ...။ အဲဒါကြောင့် သင်္ကြန်အတွင်းရော၊ သင်္ကြန်အပြီးမှာရော မကောင်းတဲ့သတင်းတွေ ကြားနေရ
တာပေါ့...။ ရှေးခေတ်က လူတွေက ရေပက်ဖျန်းတဲ့ အခါမှာ ငွေဖလားထဲကို အမွှေးနံ့သာတွေ ထည့်ပြီး
သပြေခက်နဲ့ ရေပက်ကျတာလေ..။ အဲဒီ အချက်ကို မပြောလိုပေမယ့် အခုခေတ် သင်္ကြန်က ယဉ်ကျေး
မှုတွေ ပျောက်ဆုံးနေသလိုပါပဲ...။ ယောက်ျားလေး ၊ မိန်းကလေး အမူး၊ အရူးတွေက များနေသလိုပဲ..။
မိန်းကလေးတွေဆိုရင်လည်း အရမ်းကို သရုပ်ပျက် လွန်းတယ်...။ ဘောင်းဘီ ဖင်ကျပ် အကပ်လေးေ
တွနဲ့၊ အကျီဆိုရင်လည်း မြင်ရတဲ့ သူကတောင် ရှက်ရပါတယ်...။ စကားပုံတစ်ခုလိုပေါ့.. “ယိုသူမရှက်၊
မြင်သူရှက်”လေ..။

သင်္ကြန် သီချင်းတွေဆိုရင်လည်း တော်တော်ကိုမှ ပျက်စီးကုန်ပါပြီ...။ကျွန်တော်ကတော့ သင်္ကြန်သီချင်း
ဆိုရင် သင်္ကြန်ဒိုးနဲ့ တူးပို့ တူးပို့ကိုပဲ နှစ်သက်တယ်။ အခုတော့ သင်္ကြန်သီချင်းတွေက အနောက်တိုင်းဆ
န်လိုက်တာ တစ်ချို့သီချင်းတွေဆို  ဘာဆိုနေမှန်းတောင် မသိတော့ပါဘူး...။      ရေ တစ်လုံးပါတာနဲ့ သ
င်္ကြန်သီချင်း ဖြစ်နေတာဆိုတော့လည်း သီချင်းက ဘယ်ကောင်းနိုင်မလဲနော်...။    ကျွန်တော်တို့တွေ အ
သက်ကြီးလို့ အဘိုး၊   အဘွား အရွယ်တွေ ရောက်ရင်  ဘယ်လိုခေတ်များ ရောက်အုံးမလဲ မသိဘူးနော်..
မတွေးဝံ့စရာပါပဲ...။
အင်းလေ ဘုရားဟောခဲ့တာပဲ.. ကြာလေ သာသနာပလေ ခေတ်ကြီးက ပိုပျက်လေနေမှာပေါ့...။  ဒါပေ
မယ့် ယဉ်ကျေးမှုလေးတွေကိုတော့ မပျောက်စေချင်ဘူးဗျ...။ ယဉ်ကျေးမှု မပျောက်ဖို့ ဆိုတာက  လူအ
များဝိုင်းဝန်း ထိန်းသိမ်းမှ ရမှာလေ.. အနည်းစုနဲ့ ထိန်းသိမ်းမယ်ဆိုရင်တော့ လူအများကို ဘယ်ကျော်နို
င်ပါ့မလဲလေ...။

ကိုင်း... အဆုံးသတ်ရမယ်ဆိုရင်တော့ သင်္ကြန်မှာ ပျော်တော့ ပျော်ကြပါ...  အလွန်အကျွံမဖြစ်ပါစေနဲ့
လို့ သတိပေးချင်ပါတယ်...။
(၇) ရက်သား၊ သမီးအားလုံး ကျန်းမာ ပျော်ရွှင် စိတ်အေးချမ်းကြပါစေဗျာ...

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....


ရာဇာ(ကျေးတောသားလေး)
4.4.2011



6 comments:

Unknown said...

ကျေးလက်သားလေးရဲ့ သင်္ကြန်ကတော့ ဗဟုသုတ များစွာတိုးရပါတယ်၊ ကျေးလက်သားရေ၊ ကျေးလက်သားလေးကတော့ ဗဟုသုတ အလွန်ကြွယ်ဝလှပါတယ်။ စာရေးဆရာဆိုတာ ဒီလိုဖြစ်နေရမယ်လေ။ အောင်မြင်ပါစေ။

ခနွဲ said...

ကိုရာဇာရဲ့ ဗဟုသုတကတော့ ကြွယ်ဝပါတယ်။ ရေ ဆိုတဲ့ စာတစ်လုံးပါတာနဲ့ သင်္ကြန်သီချင်းတွေတော့ ကျွန်တော်လည်း မကြိုက်ဖူးရယ်။ မြို့မငြိမ်းရဲ့ သီချင်းတွေ ပဲ ကြိုက်တယ်။

Angelhlaing(May everybody be happy and healthy! said...

အမြဲ ဗဟုသုတတွေ မရိုးတဲ့အကိုရေ အစဉ်မပြတ် အားပေး နေပါတယ်လို့ ကောင်းသောနေ့လေးဖြစ်ပါစေ။

အလင်းသစ် said...

အရမ်းတမ်းတနေရတဲ့ သင်္ကြန်အကြောင်းကိုဗဟုသုတ
အနေနဲ့တင်ပြပေးတာကျေးဇူးပါ။။။လင်းသစ်အားပေးခဲ့ပါတယ်။။။
ဒီနှစ်လည်း
“အိမ်ယာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊
ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း”
ဒီတိုင်းလေးပဲနေပြီး ဥပုပ်စောင့်ရဦးမယ်ဗျို့။။။။။။။။။။။။။

yar zar said...

မိတ်ဆွေ အားလုံးကို ကျေးလက်သားလေးက အထူးကျေး
ဇူးတင်ပါတယ်လို့...။
မကြာခင် ကျရောက်တော့မဲ့ နှစ်သစ်မှာအားလုံး ပျော်ရွှင်
ချမ်းမြေ့ကြပါစေ...

Unknown said...

ကိုရာဇာရေ..သင်္ကြန်နဲ့ဝေးနေရတာကြာလို့မသိဘူး..သင်္ကြန်ကို အရမ်းတမ်းတမိပါတယ်.. သင်္ကြန်နားနီး သင်္ကြန်သီချင်းသံတွေ ကြားရတာနဲ့စိတ်မှာ အလိုလိုပျော်ရွှင်မိတဲ့ ငယ်ငယ်က စိတ်တွေကတော့ အခုထိ မပျောက်သေးပါဘူးဗျာ.. သင်္ကြန်ဆိုတာ နှစ်ဟောင်းကနေနှစ်သစ်ကူးတဲ့ မြန်မာရိုးရာ အတာရေသဘင်ပွဲလို့ပဲ အလွယ်သိထားတာပါ.. အခုလို မြန်မာ့ ရိုးရားသင်္ကြန်ဖြစ်ပေါ်လာပုံလေးနဲ့ ရှေးမြန်မာတွေရဲ့ယဉ်ကျေးတဲ့ သင်္ကြန်ကို ဗဟုသုတအဖြစ်တင်ပြပေးလို့သိခွင့်ရတဲ့အတွက် ကျေးဇူးတင်းပါတယ် အမြဲလည်း အားပေးနေပါတယ်ဗျာ..။။

Post a Comment