Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, April 12, 2011

ဆောင်းသရုပ်

ဆောင်းသရုပ်

ကောင်းကင်ကသိုင်း ရှစ်တိုင်းကမှုံ
သည်မြေမှာ နှင်းတွေဝေတော့
ငွေဆင်းအရောင် သည်သဏ္ဍန်က
မြေပြင်မှာ သူ အလှဆင်တယ်
ဖွေးလို့သာလေး...။

တစ်မိုးသောက်လို့ တစ်နေ၀င်ပြန်
တစ်မနက်ရောက် ပြန်တော့
မြေ၀ဠာမှာ နှင်းတွေဖွေးတယ်
နေ့တိုင်းပဲလေး...။

မိုးသောက်လို့ နေရောင်မျှော်
နေရောင်ကို ဘယ်မတွေ့တယ်
နေရောင်တွေ့ဖို့ မျှော်လိုက်ပြန်
မျှော်သူသာ ဘ၀င်မောတယ်
ဆောင်းတွင်းတဲ့လေး...။

ရာဇာ(ကျေးလက်သားလေး)

12.4.2011

4 comments:

Angelhlaing(May everybody be happy and healthy! said...

မိုးသောက်လို့ နေရောင်မျှော်
နေရောင်ကို ဘယ်မတွေ့တယ်
နေရောင်တွေ့ဖို့ မျှော်လိုက်ပြန်
မျှော်သူသာ ဘ၀င်မောတယ်
ဆောင်းတွင်းတဲ့လေး...။
ဟုတ်ပ အကိုရာ နေရောင်က ရွှေလိုရှားတဲ့ အရာ...ဖြစ်နေသလိုပါပဲ..

yar zar said...

တကယ်ပါ ညီမရေ နေရောင်က ရွှေလောက်ရှားတယ်...
နေရောင်လေး မြင်ချင်လို့ ကြည့်လိုက်ရင် အမြဲတမ်းအုံ့မှိုင်းနေတယ်..
တခါတလေတော့ လွမ်းမိသား...

အလင်းသစ် said...

နေရောင်မြင် သင်ပျော်ကာ
အပြင်ထွက်ရင်တော့
အရိုးအက်အောင်အေး။။။။။။။။။။။။
ချွေးထွက်ဖို့ ဘယ်မမြင်
သင့်ရှိသလောက်သာ ဝတ်ပါကွဲ့
နွေးထွေးမယ်လေး။။။။။။။။။။
ကိုရာဇာရေ ဖောက်ပြန်နေတဲ့ ရာသီဥတုနဲ့ နွေရာသီကြီးကို
ကြောက်ကြောက်နဲ့ပဲကြိုလိုက်ကြဦးစို့ဗျာ။။။။။။။။။။

yar zar said...

လင်းသစ်ရေ မတွေ့ချင်လည်း တွေ့ရအုံးမယ် မမြင်ချင်လည်း မြင်ရအုံးမယ်
.. အဲဒီ ရာသီဥတုဆိုးကြီးကို ပြေးတွေ့ရမှာပေါ့လေ...

Post a Comment