Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, April 17, 2011

မင်သော်ပင်


အပင်တွေအကြောင်း မရေးဖြစ်တာ ကြာပြီဆိုတော့ ဒီတစ်ခါ အလေ့ကျ
ပေါက်ရောက်တဲ့ မင်သော်ပင် အေ
ကြာင်း ရေးမယ်ဗျာ...။ မင်သော်ပင်
ကနှစ်မျိုးရှိပါတယ်။       အရွက်နီနဲ့ အရွက်စိမ်းဆိုပြီးလေ.။



မင်သော်ပင်က        ကျွန်တော်တို့ အညာဒေသမှာတော့အလွန်ပေါပါတယ်...။ မင်သော်ပင်က မြေမှာ ကပ်ပေါက်တာလေ........။ မင်ေ
သ်ာပင်က ဆေးသုံးဝင်တယ်ဗျ...။

ကလေးမွေးပြီးခါစ မိခင်များ မင်သော်ရွက်ကို သုပ်စားပါက နို့ထွက်ကောင်းပါတယ်..။  ၀မ်းဗိုက်တွင်း
အပူ အားကြီးရင်လည်း အရွက်ကို သုပ်စားရပါတယ်...။ ကလေးများ သလိပ်ကျပ်သောရောဂါဖြစ်လျှ
င် ပဉ္စငါးပါးပြုတ်ရည်ကို တိုက်ရပါတယ်...။ နောက်တစ်ခါ လူကြီးတွေ ပန်းနာ၊  လေပြွန်ချောင်းယော
င်တင်းတဲ့ ရောဂါတွေ ဖြစ်ရင်လည်း ပဉ္စငါးပါး ပြုတ်ရည်ကို တိုက်ရပါတယ်...။  အဲဒါတွေကတော့ လ
က်တွေ့ အသုံးပြုကြပါတယ်...။


နောက်  ကျွန်တော်     လူကြီးတွေ ပြောသံကြားဖူးတာကတော့  ပန်းသေ၊ ပန်းညှိုး ဖြစ်တဲ့   သူကို နွားနို့    ၁၅ ကျပ်သားကို ၊ ၅ ကျပ်သားလောက် ကျန်အောင်ကျိုရပါတယ်...။
မင်သော်ရွက်ကို ရေဆေးပြီးစား၊ ပြီးလျှ
င် ခဏက    ကျိုထားတဲ့    နွားနို့ကို သောက်ရတယ်တဲ့ဗျာ...။ အဲဒါသောက်ရင် တကယ်ပျောက်တယ်
တဲ့ဗျာ...။
ကျွန်တော်မသိတဲ့ အသုံးဝင် ဆေးနည်းတွေ ရှိအုံးမှာပါ...။   ဒါကတော့ ကျွန်တော်သိသလောက်လေး
ရေးလိုက်တာပါ...။

ရာဇာ(ကျေးလက်သားလေး)
18.4.2011

8 comments:

ma yu said...

ကျေးလက်သားလေးရေ မင်သော်ပင်ကို ဒီဘက်မှာ ဘယ်လိုရှာဝယ်လို့  ရနိုင်မလဲ။ google မှာ ဘယ်နာမည်နဲ့ ရှာရမလဲ။ သိယင်ပြောပြပါ။ အမမှာ
လေပြွန်ယောင်တဲ့ရောဂါ ရှိလို့ ပါ။ ဆေးနည်းပြောပြတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။ ပြောပြနော် :)

yar zar said...

အစ်မရေ မင်သော်ပင်ကို အင်္ဂလိပ်လိုတော့ မသိဘူးအစ်မရေ
Botany Name ပဲ သိတာဗျ...။

Botanical Name : Euphorbia hitta
လို့ခေါ်တယ် အစ်မရေ...။ အဆင်ပြေ ချောမွေ့ပါစေလို့ ကျေး
လက်သားလေးက ဆုတောင်းပေးပါတယ်ဗျာ...

yar zar said...

အစ်မရေ asthma plants လို့ ဂူဂယ်လ်မှာ ရိုက်ထည့်ရင်လည်း
ရတယ်ဗျ..။ EUPHORBIACEAE က မျိုးရင်းတူ အုပ်စုတွေပါ..

ma yu said...

ကျေးဇူးတင်ပါတယ် ကျေးလက်သားလေးရေ။ အမည်ပြောပြပေးတာ။ ၀က်သားဒုတ်ထိုးတော့ စားမသွားတော့ဘူး။ ရင်ကျပ်မှာစိုးလို့ ။ ဗူးသီးဟင်းက
တော့ အသေကြိုက်။ ကြားဘူးတယ်မဟုတ်လား။ ၀က်တားနဲ့  ဗူးတီးနဲ့ ချက်
တာ။ တာလမ်းရောက်တော့  တိုးလို့ တွန်လိုက်ရတယ်။ တုတ်တုတ်တော့  တွားတာပဲတော် ဆိုတာလေ။ :)

Iora said...

ဒို့ တွေက သူ့ ကို ဆိတ်နို့ ပင်လို့ သိတယ်။ သူငယ်ချင်းက ၀မ်းကိုက်တာအဲဒီအပင်ကို သုတ်စားလို့ သိတာ။

khin said...

မင်သော်ပင်ကို သုံးခွက်တခွက်တင်ကြိုပြီးသောက်ရင်လဲ နို့မထွက်တဲ့မိခင်တွေနို့ထွက်ပါတယ်။

yar zar said...

မမယုရေ ကျွန်တော် ကြားဖူးတာလေး ပြောအုံးမယ်ဗျ..။ တောကအပြန် ထမင်းကို သာသာနဲ့ သားလိုက်တာ ဗိုက်ကို သူလို့ ၊ဒီကြားထဲ ငရုတ်သီးက သပ်သေး ဆိုတာလို ဖြစ်နေပြီ...။ဟီး...။

yar zar said...

အစ်မအိုအိုရာရေ လာလည်တာ ကျေးဇူးပါဗျ...။ မင်သော်ပင်ရဲ့ နာမည်ခွဲ
ဆိတ်နို့ပင် ဆိုတာလေး သိလိုက်ရလို့...:)
ခင်... လာလည်တာ ကျေးဇူးနော်... နည်းလေး ပြောပြတဲ့ အတွက်ပေါ့.....

Post a Comment