Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, April 24, 2011

ပဲတောင့်ရှည်ပင်နှင့်မြွေစိမ်းမြီးခြောက်


ကျွန်တော်တို့ ဒေသမှာတော့ ပဲအမျိုးမျိုး ပေါလှပါတယ်...။ ပဲဖြူပြား၊ ပဲနီပြား၊ ပဲကြား၊ပဲစာဥ၊ထွက်
တိုးပဲ၊ ပဲစင်းငုံ၊ ပဲလွန်း၊ပဲတီစိမ်း၊ ပဲကြီး၊ ရွှေရင်းမာပဲ၊ ပဲဇီးကွက်၊ပဲတောင့်ရှည် စတဲ့ဟာတွေ ပေါပါ
တယ်...။
ပဲတောင့်ရှည်ကို တကူးတက မစိုက်ပျိုးကြပါဘူး...။ ပဲစိမ်းငုံ၊ပြောင်း၊ နှံး၊၀ါ စတဲ့ဟာတွေ မျိုးစေ့ပ
က်တုန်း ပက်လိုက်ရုံပါပဲ..။ သူ့ဟာသူ အရွယ်ရောက်လာရင် ဖြာပြီး  နီးရာအပင်ကို နွယ်တက်ပါ
တယ်..။ ပဲတောင့်ရှည်ပင်က နွယ်ပင်မျိုးလေ...။

ပဲတောင့်ရှည်ပေါ်ချိန်ဆိုရင်တော့ တစ်ရွာလုံး ဒီပဲကြည့်ပါပဲ...။ ရောင်းစားရတယ်ဆိုတာ မရှိပါဘူး
...။ ပေါ်တဲ့အိမ်က အိမ်နီးနားချင်းတွေးကို ဝေတယ်..၊ ဆွေမျိုးတွေကို ပေးတယ်လေ...။

ပဲတောင့်ရှည်သီးကိုတော့ အမျိုးမျိုးလုပ်စားကြပါတယ်...။ ပဲတောင့်ရှည်သီးကို လိုချင်သလောက်
အရွယ်အစားလေးတွေ ချိုးပါတယ်...။ ပြီးမှ ချက်စားတာ..။    ပဲတောင့်ချိုချက်၊ ပဲတောင့်သုပ်၊ ပဲေ
တာင့်ဟင်းချို၊ ပဲတောင့်ငါးပိချက်... စုံနေတာပဲ...။


 ပဲတောင့်ရှည်သီးကို သုပ်စားမယ်ဆိုရင် အရင်ဆုံး ပြုတ်ရပါတယ်...။ လိုအပ်တာတွေက မြေပဲဆံ
ထောင်း၊ နှမ်းထောင်း၊ ပဲမှုန့်၊ ဆီချက်နဲ့သုပ်စားကြပါတယ်..။ အရမ်းကောင်းတာဗျ...။   ပဲတောင့်
ရှည်သီး ဟင်းချို ချက်စားရင်လည်း .. အရမ်းချိုပါတယ်...။ ပဲတောင့်က ရင့်သွားလို့ ချက်စားမချင်
တော့ဘူး ဆိုရင်လည်း အခွံခွါပြီး၊ အစေ့လေးတွေကို ပြုတ်စားရင်လည်း ကောင်းတယ်၊ အဲလိုမှမ
ဟုတ်ရင်လည်း ထမင်းဆန်ဆေးပြီးရင် ပဲထည့်ပြီး ချက်လိုက်၊ ပဲနဲ့ ထမင်းပူပူလေး ဆီဆမ်းစားရင်
အရမ်းကောင်းတယ်...။အဲဒီ ပဲသီးလေးတွေကို အစိမ်းကြော် ကြော်တဲ့ထဲ ထည့်ရင်လည်း ကောင်း
တယ်...
ပဲတောင့်ရှည်သီးများ

ပဲသီးပေါ်တဲ့အချိန် ပဲသီးဆွတ်ရတာ ပျော်ဖို့ကောင်းသလို၊ မက်လုံးလည်းကြီးပါတယ်...။ ပဲပင်က
အထက်တွေမှာ နွယ်တက်နေတာဆိုတော့ တစ်ခါတစ်လေ ပဲသီးတောင့်က ကိုယ့်ရှေ့မှာ ရှိနေေ
ပမယ့် မျက်လုံးမှောက်ချင် မှောက်နေတတ်တယ်...။ တစ်ခါတစ်လေတော့လည်း အရင်ပါတ်က
မျက်စိမှောက်လို့ ကျန်ခဲ့တဲ့ အတောင့်ကြီးတွေက အကြီးကြီးတွေ ဖြစ်နေတာလည်း တွေ့ရပြန်ပါ
တယ်..။ ပဲပင် တစ်ပင်ကနေ တစ်ပင်၊ တစ်ရုံကနေ တစ်ရုံ ကူး ကူးပြီး ဆွတ်ရတာ ပျော်ဖို့ကောင်း
ပါတယ်...။

တစ်ရက်တော့ အဲဒီလိုပဲ ကျွန်တော် အစ်ကိုနဲ့ တောထဲကို ပဲသီးသွားဆွတ်ပါတယ်...။ ပဲသီးကလ
ည်း တစ်ခါဆွတ်ရင် အများကြီးရတာပါ.. တောင်းကြီးတွေနဲ့လေ...။ အဲလိုပဲသီးဆွတ်တော့ ညီအစ်
ကိုနှစ်ယောက် တစ်ယောက်ကို အပင်အရေအတွက်နဲ့ ဆွတ်ကြတယ်...။    ဆွတ်နေကြ ဆိုတော့
ဘယ်နှစ်ပင်ရှိတယ် ဆိုတာ သိတယ်လေ...။ အဲလို လုပ်တော့ ကျွန်တော်လည်း ဆွတ်တာပေါ့...
ဆွတ်ရင်း ဆွတ်ရင်းနဲ့ အခင်းရဲ့ တောင် အဖျားဆုံး ချုံကို ရောက်သွားတယ်..။ ပဲသီးတောင့်တွေက
လည်း အရှည်ကြီးတွေလေ...။ ဆွတ်ရင်း ဆွတ်ရင်း အလည်ခေါင်မှာ   ပဲတောင့်ကို လှမ်းမြင်လိုက်
တယ်..။အဲဒါ အသီးကို လှမ်းဆွတ်ပြီးတော့ နောက်တစ်သီး ဆိုပြီး ဆွတ်လိုက်တာ မြွေစိမ်းပြီးခြော
က်ကြီး ဖြစ်နေတာလေ...။ ကျွန်တော်လည်း လန့်ပြီး ပြေးလိုက်ပုံများ... ပြန်စဉ်းစားမိတိုင်း ရင်ခုန်
နေမိတယ်...။ အခုချိန်တွေ့လည်း ပြေးအုံးမှာပဲ ဘာလို့လဲ ဆိုတော့ ကျွန်တော့်က မြွေဆို အသေေ
ကြာက်လို့လေ...။ ကျွန်တော်တို့ ရွာက လူတစ်ယောက်ဆို မြွေစိမ်းမြီးခြောက် ကိုက်လို့တဲ့ လက်
တစ်ဖက် ပျက်စီးသွားတယ်လေ...။

ပဲသီးကတော့ ကြိုက်ပါရဲ့... မြွေရှိရင်တော့ ပဲသီးမစားနဲ့ ဆိုလည်း မစားတော့ပါဘူး... အခုရေးရင်း
တောင် ကြက်သီးက တဖြန်းဖြန်း ထနေတာ...။

အားလုံးကိုလေးစားလျက်
ရာဇာ(ကျေးလက်သားလေး)
24.4.2011

9 comments:

Unknown said...

ပဲသီးတွေ မြင်လိုက်ရတာ ပခက ကအခွင်လွတ်ဈေးထဲ ရောက်သွားသလိုပဲ။
ကြော်စားမယ်နော်.. ပြုတ်ပီး သုတ်စားတယ်နော်။ ကျေးဇူးကိုရာဇာ။

Angelhlaing(May everybody be happy and healthy! said...

အင်းနော် လွမ်းရပါပေါ့...အကို...ရယ်
အားပေးနေလျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

စော(အဝါရောင်မြေ) said...

တချို့  အပင်တွေက မြွေဖြစ်တယ် ဆိုတာ ငယ်ငယ်ကတော့ ကြားဖူးတာပဲ။ ဘယ်အပင်ကမှန်းတော့ မသိဘူး။

...အလင်းစက်များ said...

ငယ်ငယ်ကတော့ ပဲတောင့်ရှည်ပင် စိုက်ဖူးတယ် .. တစ်ခါမှ လောက်လောက် လားလား ကြီးထွားတဲ့ ပဲသီးမရဖူးသေးဘူး... မြွေစိမ်းကိုတော့ တကယ်ကိုလန့် တယ်... မှားလည်းမှားဖူးတယ်

ma yu said...

တခါတုန်းက ဘုံမရာဇာ(့ပတ်ဆင့်မရိုက်တတ်ပါ) ပင်ပေါ်မှာမြွေစိမ်းတကောင်
တွားသွားနေတာ ဖြေးဖြေးလေး။ အောင်မလေးကိုင်မိတော့မလို့ ။အရမ်းကြော
က်သွားတယ်။ ဒါပေမဲ့အညာကဦးကြီးတွေကတော့ ဒါတွေနဲ့ နပန်းလုံးနေကြရ
တာပါပဲ။

yar zar said...

ကိုဖြိုး... ပခက ကို ပြန်ရောက်မှာ မကြာတော့ပါဘူး.. အဲဒီကိုရောက်
ရင် သတိရအုံးမှာလား..:P

အိန်ဂျယ် နောက်ရဘူးလေ.. မမ မဟုတ်ဝူးနော်..:(

စော(အ၀ါရောင်မြေ)... သိတာလေး မျှဝေတာ ကျေးဇူးးပါဗျာ..

ကိုအလင်းစက်... ပဲသီး မကြီးတာက မြေမကောင်းလို့ထင်တယ်နော်..

မမယု...မြွေ ကြောက်တာချင်း တူတယ် အစ်မရေ... ကျွန်တော်လည်း
မြွေဆို အသေကြောက်တာ.. သတ္တိကောင်းပုံများ..ဟီး..

ma yu said...

ကျေးလက်သားလေး ပခက ဆိုတာဘာလဲဟင်။ စကားဝှက်တွေမပြော ကြေးဟေ့။ဒို့ နားလည်အောင်လဲပြော။ ဟင်း

yar zar said...

မမယုရေ စကားဝှက်မဟုတ်ပါဘူးဗျ.. ပခက ဆိုတာ အတိုကောက်ပါ..
ပခုက္ကူ ကိုပြောတာပါ...

ma yu said...

အော်ဟုတ်လား။ ဟီးဟီး။ နို့  သိမှသိဘဲ။ sorry ပါရှင်။မှတ်ချက်မြန်မာဗီဒီ
အိုးထဲကအတိုင်း ပြောမိခြင်း။ အင်း...ကျေးလက်သားလေးတို့  ပခကပြန်
သွားယင်တော့ ..အဲဒီကျယင်လဲ ဆက်ရေးပါအုန်း။

Post a Comment