Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, April 28, 2011

ချင်းတက်အစွမ်း အံ့မခန်း

ချင်းလို့ ဆိုလိုက်တာနဲ့ ကလေးလူကြီးအားလုံး သိကြပါမယ်လို့ မျှော်လင့်မိပါတယ်...။ချင်း တက်လေး
ကို သဲထဲမှာ မြှုပ်ထားရင် အလိုလို အပင်ပေါက်လာပါတယ်...။ ချင်းတက် က ဈေးသက်သာသလော
က် လူကိုတော့ တော်တော်လေး အကျိုးပြုပါတယ်..။ ကြားဖူးကြမှာပေါ့ အစာလည်းဆေး၊ ဆေးလည်း
အစာ ဆိုတာလေ...။

ချင်းကို ဟင်းချက်ရာမှာ အဓိက ထားပြီး သုံးစွဲကြပါတယ်...။  ချင်းထည့်ချက်တဲ့ ဟင်းလျာက မွှေးလွ
န်းလှပါတယ်..။ နောက်တစ်ခုကတော့ ချင်းကို သုပ်စားတာပါပဲ...။ ချင်းသုပ်က စားလို့ကောင်းသလို
ဆေးဖက်လည်း ၀င်တယ်လေ...။

အသံဝင်၊ လည်ချောင်းနာ ဖြစ်တဲ့အခါတွေမှာတော့ ချင်း နဲ့ ထန်းလျက်ကို သုံးခွက် တစ်ခွက်တင်ရော
ကျိုပြီး သောက်သုံးပါက ပျောက်ကင်းစေပါတယ်...။ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်
တဲ့ တုတ်ကွေး၊ ချောင်းဆိုး၊ ချမ်းစိမ့်စိမ့် ဖျားတဲ့အခါမျိုးဆိုရင်တော့ ချင်းနဲ့ ထန်းလျက်ကို သုံးခွက်တစ်
ခွက်တင် ရောကျိုပြီး သောက်သုံးပါက ပျောက်ကင်းစေပါတယ်...။ ကျွန်တော်တို့ အိမ်မှာ တုတ်ကွေး
ဖြစ်ရင်တော့ ချင်းကို တော်တော်လေး အသုံးပြုပါတယ်...။

ပြင်းပြင်းထန်ထန် ခေါင်းကိုက်ဖူးကြမှာပေါ့..။ အဲလိုမျိုး ဖြစ်တဲ့အခါမှာတော့ ချင်းတက်ကို ထုထောင်း
ပါ...။ ရလာတဲ့အရည်ကို လက်ဘက်ရည်ဇွန်းရဲ့ သုံးပုံတစ်ပုံခန့်စားတဲ့အခါမှာ သက်သာပျောက်ကင်း
စေပါတယ်...။ နားကိုက်တဲ့ အခါမျိုးမှာတော့  ချင်းတက်ရဲ့  သတ္ထုရည်ကို နားထဲ ခတ်ပေးလျှင် သက်
သာစေပါတယ်...။ ကားမူး တတ်တဲ့သူများအတွက်တော့ ခရီးမသွားခင် ချင်းတက် အနည်းငယ်ကိုဝါး
စားခြင်းဖြင့် ကားမူးတာ သက်သာစေပါတယ်..။ ဇက်ကြော တက် တဲ့သူတွေ အတွက်တော့  ချင်းေ
လးကို ပါးပါးလှီး မီးကင်ပြီး ဇက်ကြောတက် တဲ့ နေရာမှာ ကပ်ပေးရင် သက်သာစေပါတယ်...။

ကျွန်တော် သိတာလေးတွေပါ... ကျန်တဲ့ ဆေးနည်းတွေ ရှိအုံးမှာပါ...။ သိတာလေးတွေ ရှိရင် ပြန်ပြီး
မျှဝေခဲ့ကြပါအုံးနော်...။ ဗဟုသုတ အနည်းငယ်ရမယ်ထင်ပါတယ်...။သိပြီးသားတွေ ဆိုရင်တော့အာ
း လုံးကို တောင်းပန်ပါတယ်နော်...။

ရာဇာ(ကျေးလက်သားလေး)
28.4.2011

7 comments:

Baby taster said...

ချင်း အကျိုးရှိပုံလေးလာဖတ်တယ်
အစာအိမ် အချဉ်ပေါက်ရင် ဘာစားရလည်းပြော

khin oo may said...

ဒုူးနာရင်ကော။ (တစ်ဘက်ထဲနာ)

yar zar said...

အစ်မဘေဘီ.. အစာအိမ်နဲ့ ပါတ်သတ်ပြီး ဖြစ်တာတွေ ဆိုရင် ရေများများ သောက်ပေးရတယ်တဲ့... မနက် အိပ်ယာထပြီးတာနဲ့ သွားမတိုက်ခင်၊ ပ
လုပ်မကျင်းခင် ရေ ၇၅ ကျပ်သား နေ့တိုင်းသောက်ပေးရင် ပျောက်တယ်တဲ့
အစ်မရဲ့... အရင်တုန်းက လူကြီးတစ်ယောက် အစာအိမ်နဲ့ပတ်သတ် ပြီးဖြစ်
တာ ဆရာဝန်တွေ လက်လျှော့ထားရတယ်တဲ့...။ နောက်တော့ အသိတစ်
ယောက်က ရေနည်းလေး ပြောပြတာ နဲ့ အဆင်ပြေသွားတယ်တဲ့.. အသက်
20 လောက်တုန်းက ဖြစ်တာ... အခုတော့ အသက် 65 နှစ်တောင် ရှိပြီ
ဘာမှ မဖြစ်တော့ဘူးတဲ့ဗျာ...။ အစ်မ ရေများများ သောက်ပေးပေါ့.. ကျွန်
တော်လည်း ဖတ်ဖူးတာလေး ဝေမျှတာနော်...။(ဆရာဝန်မဟုတ်တော့ သိ
ဘူး):PP

yar zar said...

အစ်မခင်ဦးမေ.. နက္ခတ္တ ရောင်ခြည် ထဲက နည်းလေးကို မျှဝေပေးလိုက်တယ်နော်...။
ခါးနာ ဒူးနာ ဖြစ်ခဲ့သော်
ပထမ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ၊
ရေနွေးဆူလျှင် ၄င်းရေနွေးအိုးထဲသို့ ဘဲဥ-တလုံးကို ထည့်ပြုတရမည်၊
ဘဲဥကို ရေနွေးအိုးထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပင် တစ်, နှစ်, သုံး, လေး, ငါး-------တရာအထိ ရေတွက်ပါ။
ရေတွက်၍ တရာပြည့်သည်နှင့် ဘဲဥကို ရေနွေးအိုးထဲမှ ပြည်လည် ဆယ်ယူရပါမည်။
ထို့နောက် ဘဲဥပြုတ်ကို ပန်းကန်တလုံးထဲ ဖောက်ထည့်ပါ၊ ပြီးလျှင် သကြားသင့်ရုံ (စားကောင်းရုံ) ထည့်ပြီး
သမအောင် မွှေပေးပါ၊ အခြားဘာမှ ထည့်စရာ မလိုပါ၊
၎င်းဘဲဥကို ကုန်အောင် စားသုံးရမည်။

ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလေုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
( ဦးမျိုးတင့်-မော်လမြိုင် )
သြဂုတ်လ ၂၀၀၈-နက္ခတ္တရောင်ခြည်။

Angelhlaing(May everybody be happy and healthy! said...

ကျန်းမာရေးအသိတွေအများကြိးရလို့ ကျေးဇူးပါအကို...
အကိုကတော့တစ်ကယ့်ကို စွယ်စုံရ တာပါပဲလားနော်....
အားကျထှာ...:):)
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

khin oo may said...

ကျေးဇူး
ဘဲဥဘိုးနဲ့မွဲတော့မှာဘဲ။

yar zar said...

အစ်မကလည်းလေ နှမြောနေပြန်ပါပီ... ဒူးနာရင် ခံရခက်တယ် အစ်မရဲ့..
ဘဲဥဖိုးကို မမြင်နဲ့နော်... ဟီး...စတာပါ အစ်မရယ်...

Post a Comment