Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Tuesday, April 26, 2011

တညင်းသီးနှင့် အမှတ်တရများ

တညင်းသီးလို့ ပြောလိုက်ရင် လူတိုင်းသိမှာပါ...။ကျွန်တော်တော့ တညင်းသီးနဲ့ဝေးနေတာ ကြာပေါ့
...။ တညင်းသီးက စားလို့တော့ ကောင်းတယ်နော်... ဒါပေမယ့် အနံ့ကပြင်းတယ်လေ...။ တညင်းသီ
းကိုတော့ ပြုတ်ပြုတ်၊ ချက်ချက်၊ ငါးပိနဲ့ကြော်ကြော် အားလုံး ကြိုက်ပါတယ်...။

ကျွန်တော်တို့ဒေသမှာတော့ တညင်းသီးကရှားတယ်လေ.. တစ်ခါတစ်လေမှ စားရတာ...။ ကျောင်း
တက်တုန်းကတော့ ခဏတိုင်း စားဖြစ်တယ်...။  တညင်းသီး ပြုတ်လေးကို ထုပြီး ဆီနဲ့ ဆားနဲ့ တို့စား
ရတာကိုကြိုက်တယ်...။  တညင်းသီးကို  ခရမ်းချဉ်သီးနဲ့ပဲချက်ချက်၊ ၀က်သားနဲပဲချက်ချက် စားလို့ေ
ကာင်းတယ်...။

တညင်းသီးနဲ့လဘက်သုပ်တာတော့ ကျောင်းတက်တုန်းက တစ်ခါပဲ စားဖူးတယ်...။  ကျွန်တော်ကေ
ကျာက်ဆည်မှာ ကျောင်းတက်တာလေ...။ ကျောက်ဆည်နဲ့ ဘယ်လင်းကြားမှာ ရွှေသိမ်တော်ဘုရား
ဆိုတာ ရှိပါတယ်..။ အဲဒီ ဘုရားကို ကျွန်တော်တို့သူငယ်ချင်း တစ်စု သွားကြတယ်...။    ကျောင်းကိုေ
ရာက်ခါစဆိုတော့ ပျော်ဖို့ အရမ်းကောင်းတယ်..။  အဲဒီဘုရားရောက်တော့ ဘုရားဖူး ၊  တောင်ပေါ်တ
က်..။ မတက်ခင် ဆိုင်ထိုင်တော့  အခြားအစားအစာတွေနဲ့ လ္ဘက်သုပ် မှာလိုက်တယ်...။ကျွန်တော်တို့
စားဖူးတာက လ္ဘက်သုပ်ကို ရိုးရိုးပဲလေ..။အဲဒီရွှေသိမ်တော်ဘုရားလ္ဘက်သုပ်က တညင်းသီးပါပါတယ်
ဗျာ...။ စားလို့အရမ်းကောင်းတယ်...။ ကျွန်တော်တော့ စွဲကိုနေတာပဲ...။
 
                                                   တညင်းသီးနဲ့ဝက်သား


 တညင်းသီးငါးပိကြော်

နောက်တစ်ခုကတော့ တက္ကသိုလ်ဆရာ ဖြစ်စာမေးပွဲ စာတွေ့ပြီးတော့...နေပြည်တော်ကို လူတွေ့သွား
ရတယ်...။ ကျွန်တော်တို့နဲ့ အတူတူ တက်တာက ပျဉ်းမနားက သူငယ်ချင်းတစ်ယောက်...   သူ့နာမည်
က မောင်ရှင်းသန့်တဲ့...။ကျွန်တော်ကလည်း ရောက်ဖူးတာဆိုလို့ မန္တလေး၊ မြင်းခြံ၊ ကျောက်ဆည် ဒီသုံ
းမြို့ ပဲရောက်ဖူးတာလေ..။    နေပြည်တော် သွားရမယ်ဆိုတော့ သူ့ကိုကပ်ရတာပေါ့...။ အဲဒါနဲ့ သူ့အိမ်မှ
ာ လိုက်တည်းဖို့ ခေါ်သွားတယ်...။ ကျွန်တော်တို့ကလည်း 10 ယောက်လောက်ရှိတယ်...။

သူ့အိမ်ကိုရောက်တော့ သူ့ယောက်ဖက ချက်ကျွေးတာဗျာ... တညင်းသီးနဲ့ ခရမ်းချဉ်သီးလေး ချက်ထ
ားလိုက်တာများ ဆီကို ပြန်နေတာပဲ...။ အဲဒီတုန်းက ကိုယ်က ဧည့်သည်ဆိုတော့ အိနြေ္ဒရရ နေရတာေ
ပါ့... ထမင်းကျွေးတော့  အသားငါးတွေထက်    တညင်းသီးနဲ့ ခရမ်းချဉ်သီး ချက်ထားတာလေးက စားေ
ကာင်းပုံများ မပြောနဲ့... အခုထိကို အမှတ်တရ ရှိနေသေးတယ်...။  ဆိုင်တွေ ချက်တာတောင် သူလော
က်မကောင်းဘူးထင်တာပဲ...:P ။     တညင်းသီး ငါးပိကြော်ကလည်း ကောင်းတယ်ဗျ...။ တညင်းသီးကို
ပြုတ်ပြီးကြော်ထား.. ပြီးမှ ငါးပိ၊ ငရုတ်သီးနဲ့ ရောပြီး ကြော်ရတာ... အရသာကတော့ ရှယ်ပဲဗျို့...။


ပုံများကို ဂူဂယ်လ်မှ ယူထားသည်။


ရာဇာ(ကျေးလက်သားလေး)
27.4.2011

11 comments:

စံပယ်ချို said...

မျက်စိနဲ့ခံစားသွားရပါတယ်
တစ်ကယ်တော့...ပါးစပ်ဖြင့်ခံစားချင်တာပါ
ပြေင်းဖူးရောပေါ့.....

ma yu said...

ဓညင်းသီးတွေ ဓညင်းသီးတွေ မစားရတာ ၉နှစ်တောင်ရှိပါပေါ့။ မန်းလေးက
အရီးတောင်းလက်ဘက်က ကြက်ခြေနီသုတ်မှာ ဓညင်းသီးပါတယ်လေကျေး
လက်သားလေးရဲ့ ။ အရမ်းကောင်းတယ်။ ဒါဆို ကျေးလက်သားလေးက ဆရာကြီးပေါ့နော်။ :)

Angelhlaing(May everybody be happy and healthy! said...

အကုန်လုံးမြည်းကြည့်တာ...အားပါးပါး ကောင်းမှကောင်း:):)
အကိုက တစ်ကယ် ဟင်းချက်ကောင်းတာပဲ....:D
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

စော(အဝါရောင်မြေ) said...

ကျတော်လည်းကြိုက်တယ်။ ရေးထားတာထဲက ဒညင်းသီး ငါးပိကျော် တစ်ခုပဲ မသိတယ်။ တခါမှ မစားဘူးဖူး။

မြစ်ကျိုးအင်း said...

ဒညင်းသီးကို အကြိုက်ကြီးထဲ မပါပေမယ့် တခါတလေတော့ ငပိရည်နဲ့တို့စားချင်စိတ် ဖြစ်မိတယ်။
ပုံကြည့်ပြီးသွားတော့ ဝက်သားနဲ့ဒညင်းသီးချက်စားလိုက်အုံးမယ်။ မစားဖြစ်တာကြာပြီ။

...အလင်းစက်များ said...

နှိပ်စက်လှချည်လား ကိုရာဇာရယ်.. ဟင်......

ပုံက ဒညင်းသီးမဟုတ်တော့ဘူး ထင်တယ်... ဒညင်းဝက်ဖြစ်နေပြီမဟုတ်လား.. အဲ့ဒီဒညင်းဝက်ကို အနေတော်လေးတွေလှီး အရသာ အမှုန့် လေးတွေနဲ့ နယ်ပြီး ခဏထား နောက် ဆီပူလေးထိုးပြီး စားကြည့် သိပ်ကောင်းတာဗျ...

လွမ်းထှာနော်..... :(

Han Kyi said...

အင်း စားလို့ကောင်းသလောက် လူကြားထဲမှာ ရုပ်အပျက်စေဆုံး စားဖွယ်ပေါ့...ဒညင်းသီးလေးကို မီးဖုတ်ပြီး ထမင်းနဲ့မြှုပ်စားလိုက်ရရင်တော့ ဆွေမျိုးတောင် မေ့သွားမယ်ထင်ရဲ့...ကြားဖူးတာတော့ ဒညင်းသီးစားပြီး အနံ့မထွက်အောင် ဆန်စေ့ကို ၀ါးပြီးထွေးပစ်ရတယ်ဆိုလား...စားတုန်းကတော့စားပြီး အနံ့ထွက်မှာတော့လည်း ကြောက်မနေတော့ပါဘူးလေ...မသကာ အပြင်မထွက်တော့ဘဲ အိမ်ထဲမှာပဲ အောင်းနေရုံပေါ့...

Unknown said...

ဒညင်းသီး အုန်းနို့ ဆမ်း ဆိုတာ ရှိသေးတယ်ဗျ။ ဒညင်းသီး ၁၅ လုံးလောက် ကို အုန်းသီး ခပ်ကြီးကြီး တစ်လုံးကို အုန်းနို့ ညှစ်ယူပီး ၊ အဲဒီ ညှစ်လို့ ရတဲ့ အုန်းနို့ ရယ် ၊ရေ အနည်းငယ် ၊သကြား (အရသာရှိယုံ)ရယ်ရောပီးတော့ ရေခမ်းသည် အထိ ပြုတ်လိုက်တာလေ နောက်ဆုံးတော့ အုန်းနို့ က ဆီဖြစ်ပီး အနယ်လေးတွေပါ ထွက်လာတယ်။ အဆိမ့် အရသာလေးပေါ့။ သူကတော့ သားရေဆာ တစ်ခုပေါ့။ စားလို့ ကောင်းမှကောင်း။

ခနွဲ said...

ဒညင်းသီးတော့ ကြိုက်တယ်။ ဒီမှာတော့ စားရတာ ခပ်လန့်လန့်ရယ်။ ဘေးလူကို အားနာလို့။ ညနေစာဆိုရင်တော့ စားဖြစ်တယ်။

yar zar said...

စံပါယ်ရေ အတူတူပါပဲကွယ်... မျက်စိကိုပဲ အစာကျွေးနေရတယ်..:(
မမယုရေ... ဟုတ်ပါတယ် ကျွန်တော်က အခုမှ ဆရာပေါက်စပါ..:)
အိန်ဂျယ်ရေ... အလည်လာတာ ကျေးဇူးနော်..
စော... တညင်းသီး ငါးပိကြော်လေး ကြော်စားကြည့်ပါ ကောင်းတယ်..:)
ဦးဦးမြစ်တို့ကမှ တညင်းသီးနဲ့ ၀က်သား ချက်စားစရာရှိသေး.. အားကျထှာ..
ကိုအလင်းစက် ပြောတဲ့အတိုင်း မြန်မာပြည်ရောက်မှပဲ လုပ်စားရတော့မယ်..
ကိုဟန်ကြည်... ပထမဆုံးအကြိမ်အနေနဲ့ လာရောက်လည်ပတ်တာ ကျေးဇူးပါဗျ... အနံ့မနံ တဲ့ နည်းလေး မှတ်ထားတယ်ဗျ..
ခနွဲ... အဲဒါအမှန်ပဲ စားလို့တော့ ကောင်းပါရဲ့... အနံ့ကတော့ ကောင်းတာနဲ့ဆန့်ကျင်ဘက်ပဲလေ..

yar zar said...

ကိုဖြိုး... တညင်းသီး အုန်းနို့စမ်းဆိုတော့ သွေးမတိုးဘူးလားဟင်..

Post a Comment