Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, April 23, 2011

ကြက်သားဗူးသီး၊ ပဲပြားကြော်၊ ငါးခြောက်ကြော်၊ ၀က်သားအိုးကပ်ချက်

ကျွန်တော်တို့ကျောင်းက ဘုရားခန်းပါ

အခု ကျွန်တော့်တို့ဆီမှာ ဗူးသီးတွေ ဈေးချိုနေပြီလေ.. တစ်ကီလိုပါ ရူဘယ် 85 ကျပ်လောက်ပဲရှိ
တယ်...။ အဲတော့ ဗူးသီးကို အမျိုးမျိုးလုပ်စားတယ်...။ ဗူးသီးဟင်းချို၊ ဗူးသီး အချိုချက်၊ ဗူးသီးနဲ့ကြ
က်သားချက် စတဲ့ဟာတွေ ချက်စားပါတယ်...။

ဗူးသီးကြက်သားချက် ကတော့ အရမ်းစားလို့ ကောင်းတယ်....။ ဗူးသီးလေးကချို၊ ကြက်သားက ချို
ဆိုတော့ အရမ်းကြိုက်တယ်...။

ကျောင်းက သွားရင် အချိန်ကုန်တယ်ဆိုတော့ နောက်ရက်စာ ကို ကြိုပြီးချက်ထားးလိုက်တယ်.. အဲ
ဒါကတော့ ၀က်သားအိုးကပ်ချက်ပေါ့...။   ၀က်သားကို ရေဆေးပြီး တုံးထားလိုက်တယ်..။  ပြီးတော့
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊  ဂျင်း  ကိုကြိတ် လိုက်တယ်...။ ၀က်သား တုံးပြီးသားနဲ့ အဲဒီ ဟာတွေကို
ထည့်၊ အရောင်တင်မှုန့်၊ ဆနွင်းမှုန့်၊ ဆား၊ အချိုမှုန့် နဲ့ ဆီထည့်ပြီး နယ်လိုက်တယ်...။   ပြီးရင်တော့
မီးဖိုပေါ်တယ်လိုက်တယ်...။ အဲဒီဟာတွေကို မွှေပြီးရင် ရေနည်းနည်းထည့်လိုက်ပါတယ်...။တစ်ရေ
လောက် ခန်းသွားပြီဆိုရင်တော့ ကရဝေးရွက်လေးထည့်လိုက်ပါတယ်.။သုံးရေလောက်ခန်းအောင်
ချက်လိုက်ရင်တော့ ၀က်သားက ဆီပြန်လာပြီး အသားလေးက နူးအိသွားပါတော့တယ်..အဲဒါဆိုရင်
တော့ ဆွဲလို့ရပြီလေ...။
ဝက်သားချက်

ဗီယက်နမ်ဈေးကနေ ပဲပြားလေး မှာလိုက်တယ်...။ ပဲပြားကို ပဲပင်ပေါက်နဲ့ ကြော်စားတဲ့ အခါလည်း
ရှိတယ်။ ဒီတိုင်း ကြော်စားတာလည်း ရှိတယ်...။ ဒီတစ်ခါတော့ ဒီတိုင်းပဲ ကြော်လိုက်တယ်ဗျ...။  တို့
ဝူးကြော်လေးလိုပါပဲ စားလို့ကောင်းတယ်...။
 ပဲပြားကြော်

ငါးခြောက်ကတော့ ဗီယက်နမ် ငါးခြောက်ဆိုပြီး ရှိပါတယ်..။ အပြားကြီးတွေတို့၊ အသေးလေးတွေတို့
.. ဒီနိုင်ငံမှာလည်း ရှိပါတယ်...။ ဒါပေမယ့် ငါးတွေက  ကျွန်တော်တို့ နိုင်ငံလို မကောင်းဘူး ၊ ချိုလည်း
မချိုဘူး.. အဲဒါကြောင့် သိပ်ချက်မစားဖြစ်ပါဘူး...။     ငါးခြောက် အသေးအမွှားလေးတွေကိုပဲ ကြော်
ကြော် စားပါတယ်...။
 ငါးသေးလေးကြော်

ငရုတ်သီးကတော့ ဒီတိုင်းလေး ထောင်းစားလိုက်တယ်...။ ကြက်သွန်နီလေးနဲ့ ကြက်သွန်ဖြူလေးနဲ့ စီးနေ
အောင် ထောင်းလိုက်တယ်...။

ငါးရုတ်သီးထောင်း

ကိုင်း... အားလုံး သုံးဆောင် သွားကြပါအုံး...:)

ရာဇာ(ကျေးလက်သားလေး)

8 comments:

မေသိမ့်သိမ့် ကျော် said...

ဗိုက်ဆာဆာနဲ့ အကုန်ဝင်တုတ်လိုက်ရင် နောက်လူအတွက် မကျန်မှာစိုးလို့ ဦးချပြီးမှ စားသွားပြီနော်။း)

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်

ရွှေညာသား said...

ကျေးတောသားလေး လက်ရာကိုတော့ စားဖူးအောင် လာလည်မှဖြစ်တော့မယ်... ဂလု...ဂလု ဖြစ်သွားပြီ...ပျော်ရွှင်ပါစေဗျာ

Angelhlaing(May everybody be happy and healthy! said...

စားချင်လယ်.....အကိုရေ :P:P:P

Iora said...

ချက်ထားတာစုံနေတာဘဲ။ ဘူးသီးနဲ့ ကြက်သားချက်စားဦးမှဘဲ။
အိုင်အိုရာ

ma yu said...

ဗူးတီးနဲ့  ကြက်တားနဲ့ ချက်တာ တတိလဲထားဦး။ တော်ကြာ တိုးလို့ တွန်ပစ်
နေရဦးမယ်။

အလင်းသစ် said...

ကိုရာဇာရေ့ ဗူးသီးနဲ့ကြက်သား ဘယ်လိုချက်လဲမပြောသွားဘူးနော။။
ဗီယက်နမ်ဈေးပြေးလိုက်ဦးမယ်ဗျာ။။။ဟီးးးးးးးးးးးး။။။

yar zar said...

မေသိမ့်သိမ့်ကျော်>>> ဦးချပြီးစားသွားတော့ နောက်က အကြီးတွေလာတော့
ကုသိုလ်ရတာပေါ့နော်...။လာလည်တာ ကျေးဇူးနော်..
ရွှေညာသားလေး>>> မပြန်ခင်လာလည်ပါ ချက်ကျွေးမယ်နော်...
အိန်ဂျယ်>>> လာလည်ရင် ချက်ကျွေးမယ်နော်..
အစ်မအိုင်အိုရာ>>> လာလည်တာ ကျေးဇူးပါဗျာ....

yar zar said...

မမယု>>> တစ်ရက်စာ ဆိုတော့ တိုးလို့တွန်မပစ်လိုက်ရဘူးဗျ...

လင်းသစ်>>> လင်းသစ်ရေ ချက်နည်းလွယ်လို့ မရေးလိုက်တာပါ.

လာလည်တာ ကျေးဇူးတင်ပါတယ်ဗျ..

Post a Comment