Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, April 25, 2011

လွမ်းနေသော ဆောင်းတွင်းပေါ်စားစရာများ


ကိုင်း.. ဒီတစ်ခါလည်း ကျွန်တော် ဒီမှာ ၀ယ်လို့မရတဲ့ ဆောင်းတွင်းပေါ် စားစရာလေးတွေကို
လွမ်းလွမ်းနဲ့ ရေးလိုက်ပြန်ပြီနော်...။

ဆောင်းတွင်းမှာပေါ်ပြီး ဆောင်းမနက်နဲ့ လိုက်ဖက်လှတဲ့ စားစရာလေးတွေကတော့ ပြောင်း
ဖူး၊ထန်းပင်မြစ်၊ ပဲမြစ်၊ စိမ်းစားဥ၊ ပိန်းဥ၊ ကန်ဇွန်းဥ၊ ကောက်ညှင်းပေါင်း၊ ခေါပုတ် စတဲ့ဟာေ
တွဖြစ်ပါတယ်...။

(၁)ပြောင်းဖူး
ပြောင်းဖူးကတော့ ဒီနိုင်ငံမှာ ရှိပါတယ်..။  ဈေးတော့ အရမ်းကြီးတယ်. ပြောင်းဖူး တစ်ဖူးကို
မြန်မာငွေ သုံးထောင်နီးပါးရှိတယ်..။ ကျွန်တော်တို့ ဒေသမှာတော့  ပေါသလားမမေးနဲ့ ပြော
င်းဖူးက ငရုတ်စိုက်ရင် တစ်ခါထဲ ခပ်ပါးပါး ထည့်ပြီး စိုက်ထားတယ်...။    နောက်ပြီး ကျွန်းထဲ
တွေက ပေါ်ပြီဆိုရင်တော့ ပြောင်းဖူးတွေ ခြောက်တောင်ကုန်တယ်လေ...။  ပြောင်းဖူးပင်က
တော်တော် အသုံးဝင်ပါတယ်..။အရိုးကို နွားကျွေးရတယ်..။အဖူးနု(အစေ့လေးတတွေ နုတုန်
း) ကြော်စားရပါတယ်...။ ရင့်လာရင်တော့ ပြုတ်လို့တစ်မျိုး၊   ဖုတ်လို့တစ်ဖုံ အမျိုးမျိုးလုပ်စား
ကြတယ်...။  ဆောင်းတွင်းရောက်တာနဲ့ အိမ်ရှေ့ကမန်ကျည်းပင် အကြီးကြီးအောက်မှာ မီးဖို
ကြီး ဖိုထားတယ်...။ အဲဒီမီးဖိုမှာက ရေနွေးဝိုင်းပါပြီးသား..။  ရာသီပေါ်သီးနှံတစ်နေ့တစ်မျိုးေ
ပါ့ ပြုတ်ပြုတ်ပြီး စားကြတယ်...။ ပြောင်းဖူး အဖုတ်ကို ပိုကြိုက်တယ်...။
 ပြောင်းဖူး

(၂)ထန်းးပင်မြစ်
ထန်းပင်မြစ်ကတော့ တောင်ကျေးတော ဘက်တွေက လာရောင်းတာရှိသလို၊ လေးရက်ဈေး
မှာလည်း ရှိရဲ့...။ ကျွန်တော်တို့ရွာမှာ ထူးထူးခြားခြား ထန်းပင်ရှားပါတယ်..   တစ်ရွာလုံးမှာမှ
တစ်ပင်ပဲရှိတယ်...။ တစ်ခြား ဘေးကရွာတွေမှာတော့ ပေါတယ်ဗျ...။ထန်းပင်မြစ်ကိုတော့ မီ
းကျီး ရဲရဲအောက်မှာ ထိုးလိုက်တာပဲ...။ထန်းပင်မြစ် ခေါင်းက ခါးတယ်နော်...။ထန်းပင်မြစ်ကို
ပြုတ်ပြီး ဆီလေး၊ ဆားလေး နဲ့ စားကြပါတယ်..။နောက်ပြီး ထန်းပင်မြစ်ထဲမှာပါတဲ့ အချောင်း
လေးကို ယက်တောင်လုပ်ကြတယ်... ဟီး..ဟီး.. ကလေးတုန်းကပါ...။
ထန်းပင်မြစ်

(၃)ပဲမြစ်
ပဲမြစ်ကိုတော့ ပဲစောင်းလျားပင်ကနေရတာလေ...။ အသီးလည်း စားရ၊ အမြစ်ကိုလည်း စားရ
ပါတယ်...။ ပဲမြစ်ကို ပြုတ်စားပါတယ်..။ ပဲမြစ်ကလေး စီးစီးလေးကို ထုပြီး ဆီ ၊  ဆားနဲ့ စားရင်
လည်း အရမ်းကောင်းတယ်နော်..။
 ပဲမြစ်

(၄)စိမ်းစားဥ
စိမ်းစားဥ ကိုတော့ ကျွန်တော်တို့ဆီမှာ မစိုက်ပါဘူး...။ ဈေးမှာ ရတယ်လေ...။ အမေ ဈေးသွား
လို့ ပြန်လာတဲ့အခါမျိုးမှာ ပါပါလာတတ်တယ်...။ အဲဒီလို အခါမျိုးမှာ ဘယ်လောက်ပဲအေးအေး
အခွံနွှာပြီး လွေးတော့တာပဲ...။ အရမ်းချိုတယ်နော်...။ မစားရတာ ကြာပေါ့...:(
စိမ်းစားဥ


(၅)ပိန်းဥ
ပိန်းဥက မစိုက်ပေမယ့် ဈေးမှာရတယ်လေ... နောက်ပြီး ပိန်းဥထွက်တဲ့ရွာတွေကလည်း လှည်း
တွေနဲ့ လာရောင်းကြတယ်...။ပိန်းဥ ပြုတ်ကို ကြိုက်တယ်...။ ကျွန်တော် ကျောင်းတက်တုန်းက
အဆောင်မှာ ပိန်းဥ ချက်ကျွေးတာ စားဖူးတယ်...။ ပိန်းဥပြုတ်ကို ဆီလေး၊ ဆားလေးနဲ့ စားရတ
ာ ကြိုက်တယ်...။
 ပိန်းဥ

(၆)ကန်စွန်းဥ
ကန်စွန်းဥ ကတော့ ပေါတယ်ဗျာ...။ အဖြူ၊ အ၀ါ၊ ငချိတ် ဆိုပြီးလေ...။  ဘယ်အမျိုးအစားပဲ ဖြစ်
ဖြစ် ကန်စွန်းဥကတော့ ကြိုက်ပါတယ်...။ တစ်ခါတစ်လေတော့ ဖုတ်စားတာလည်း ရှိရဲ့...။ ကန်
စွန်းဥ ဖုတ်က မွှေးတယ်ဗျ...။ ကန်စွန်းဥကို ဆီ၊ ဆားလေးနဲ့ စားရတာ ကောင်းပါတယ်..။
ကန်စွန်းဥ

(၇)ကောက်ညှင်းပေါင်း
ကိုယ့်အိမ်ကို လုပ်စားတဲ့အခါ နည်းပါတယ်...။ ရွာထဲက ဈေးသည်တွေ ဆီဝယ်စားတာ များပါတ
ယ်...။ဆောင်းတွင်းမနက် ကောက်ညှင်းပေါင်းသည် လာတဲ့အခါမျိုးမှာ အပေါ်ကနေ အုပ်ထားတဲ့
အ၀တ်ကလေး ဖယ်လိုက်လို့ အငွေ့တထောင်းထောင်း ထွက်လာတာကိုက ဆောင်းသရုပ်နဲ့ကိုက်
ညီတယ်လို့ ခံစားရတယ်..။ ကောက်ညှင်းပေါင်း အဖြူ၊ ငချိပ် ဘာပဲဖြစ်ဖြစ်  အကြော်လေးနဲ့စားရ
တာကို ကြိုက်တယ်...။
ကောက်ညှင်းပေါင်း

(၈)ခေါပုတ်
ခေါပုတ် ကိုလည်း ကြိုက်တယ်ဗျ...။   အဖြူ၊ အညို နှစ်ခု ထပ်ပြီး စားရတာကို ကြိုက်တယ်...။ ကို
ယ်တိုင်မလုပ်ပေမယ့် ဆောင်းတွင်းရောက်တာနဲ့ လက်ဆောင်ပေးတဲ့သူတွေ ရှိသလို၊ ၀ယ်လို့လ
ည်း ရပါတယ်...။ ခေါပုတ်ကို သကြားလေးနဲ့ တို့စားရတာ ကြိုက်တယ်...။ ခေါပုတ်နဲ့ပါတ်သတ်ပြီး
သတိရနေတာ တစ်ခုတော့ ရှိတယ်ဗျ...။ ကျောင်းတက်တုန်းက သူငယ်ချင်း ကောင်မလေးတစ်ေ
ယာက်က သူတို့အိမ်မှာ လုပ်ပြီး ယူလာတာလေ...။ အဲဒါ ကျွန်တော်တို့ အဆောင်မှာ ယူလာပြီးေ
ကြာ်စားကြတာ...အများကြီးဗျာ ...။ သူငယ်ချင်း ခြောက်ယောက် ထိုင်ပြီး စားလိုက်ကြတာ ကုန်ပါ
လေရော..။အဲဒီကတည်းက ခေါပုတ် မစားရတော့တာ အခုချိန်ထိ ဆိုပါတော့ ငါးနှစ်လောက်တေ
ာ့ ရှိရောမယ်...။
 ခေါပုတ်

ကိုင်း ဒါတွေကတော့ ဆောင်းတွင်းပေါ် အစားအစာလေးတွေပါ... ပြောင်းဖူးကလွဲပြီး ကျန်တာ မ
စားရတာ လေး၊ငါးနှစ်လောက်တော့ ရှိပြီ...။ ကျွန်တော့်လို လွမ်းနေမဲ့ သူတွေ ရှိမယ်ထင်ပါတယ်
..ပုံလေးတွေကိုကြည့်ပြီးသာ အာရုံခံသွားကြပါတော့ဗျာ...။

ပုံအားလုံးကို ဂူဂယ်လ်မှ ယူသည်။

ရာဇာ(ကျေးလက်သားလေး)
25.4.2011

8 comments:

Angelhlaing(May everybody be happy and healthy! said...

ဟင်းဟုတ်ပ အကိုရယ် လွမ်းရချက်ကတော့..
ဟင့်......:(

ရွှေရတုမှတ်တမ်း said...

ပဲမြစ်နဲ့ထန်းပင်မြစ်ကလွဲလို့ ကျန်တာတွေက အချိန်မရွေးရတယ်၊
ထန်းပင်မြစ်က ရဖို့အခက်ဆုံးပဲ

Baby taster said...

ထန်းမြစ်နဲ့ ပဲမြစ်မစားရတာ
ဆယ်စုနှစ်တောင်ကြော်နေပြီ
လွမ်းတှာအေး) ပဲမြစ်က ပဲစောင်းလျာ
ပင်ကရတယ်ဆိုတာ ခုမှသိတယ်
ပြောင်းဖူးဝယ်လာတယ် တဖူးကို ပြား၅၀
နောက်နေ့မှ ကြော်စားရမယ် ဒါက ကြွားတာ
နောက်ကောက်ညှင်းငချိတ် ရပေမဲ့ မစေးဘူး
တပုံနိုက်သွားတယ်နော် ခေါပုတ်ကြိုက်တယ်
သူ့ဘေးက ဖက်နဲ့ထုပ်ထားတာက ဘာကြီးတုန်
ပဲငါးပိလားဟင် ဒါနဲ့ တချိန်လုံး စားစရာတွေကို
သတိရနေတာလားဟင် :P နောက်တာ အတည်လို့မှတ်ပေါ့ :)

ma yu said...

ကောက်ညှင်းပေါင်းကိုအုန်းသီးနဲ့ စားတာကြိုက်ဘူးရယ်။ တို့ကနှမ်းထောင်းနဲ့ မှ
ကြိုက်တာ။ စားတော်ပဲပြုတ်လေးနဲ့ ။ စိမ်းစားဥကိုလဲလေနဲနဲလေးနွမ်းအောင်
ထားပြီးမှစားတာပိုကြိုက်တယ်။ပိုချိုတယ်လေ။

Iora said...

လွမ်းစရာတွေချည်းဘဲနော်။

ခနွဲ said...

စားချင်သွားတယ်။ မစားရတာ တော်တော် ကြာနေပြီဗျ

yar zar said...

အိန်ဂျယ်ရေ အလွမ်းတွေကို စမ်းရေထဲမှာ မျှောလိုက်ရအောင်လေ...

ဘကြီးကျောက်ရေ ကျန်တာ စားရတော့ နည်းနည်း တော်သေးတာပေါ့ဗျ..

အစ်မဘေဘီရေ ဒီမှာ ချက်စရာရှားတော့ သတိရမိပါရဲ့... ဖက်နဲ့ထုပ်ထား
တာ ဘာတုန်းတော့ ကျွန်တော်လည်း မသိ..ဟီး..

yar zar said...

မမယုရေ ကျွန်တော်လည်း အုန်းနဲ့ ကြိုက်ဘူး.. စိမ်းစားဥက နွမ်းလေ
ချိုလေ ဆိုတာတော့ သိပါရဲ့..ဟီး.

အစ်မ အိုင်အိုရာရေ တကယ်ပဲ လွမ်းမိပါတယ်..

နယ်သားလေး ခနွဲရေ ပျောက်နေပါလား... အလုပ်တွေ ရှုပ်နေတယ်ထင်ပါ့
ဗျာ..

Post a Comment