Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, April 24, 2011

လွမ်းနေသော ကျေးလက်မြေက ဟင်းလျာများ(၁)


ဒီကို ရောက်ပါပြီဆိုကတည်းက အညာအစားအစာတွေ ငတ်နေတာပေါ့...။ ဒီနိုင်ငံက အသီးအနှံ
အရမ်းရှားပါးတယ်လေ...။ အသား ကိုပဲ စားနေရတော့ အမေ ချက်ကျွေးတဲ့ တောဟင်းလေးတွေ
ကိုလွမ်းတာပေါ့ဗျာ...။

(၁)ကြက်ဟင်းခါးသီးချက်
ကြက်ဟင်းခါးသီးကို ဘယ်လိုပဲချက်ချက်ကြိုက်ပါတယ်...။ ကြက်ဟင်းခါးသီးကို ငါးပိ၊   ငရုတ်သီးနဲ့
အစပ်ကြော်ကိုတော့ ပိုပြီးကြိုက်တယ်ဗျ...။ ကြက်ဟင်းခါးစေ့ကိုလည်း ၀ါးစားရင် စိမ့်စိမ့်လေးမို့ကြို
က်တယ်...။ ကြက်ဟင်းခါးသီးငါးပိချက်က ဘယ်လိုချက်ရလဲဆိုတော့...   ကြက်ဟင်းခါးသီးကို အ၀ို
င်းလေးတွေလှီး ပြီးရင် ဆားနဲ့သုံးထပ်လောက်နယ်လိုက်ရင် အခါးဓါတ်ထွက်သွားပြီး မချိုမခါးလေး
ကျန်ခဲ့ပါတယ်...။ အဲဒီနယ်ပြီးသားလေးကို ငါးပိရယ်၊ ငါးရုတ်သီးမှုန့်ရယ်၊   ကြက်သွန်ဖြူရယ်၊ဆီ၊ဆ
ား၊ဆနွင်း၊ ရောင်တင်၊ အချိုမှုန့် တစ်ခါတည်းနယ်ပြီး မီးဖိုပေါ်တင်လိုက်ပါ..ပြီးရင်ရေထည့်လိုက်ပေါ့
...။ အဖတ်ကလေးတွေ အိသွားပြီဆိုရင် ကြက်ပြီ... ကျွန်တော်တော့ အရမ်းကြိုက်တယ်...။
 ကြက်ဟင်းခါးသီးချက်


 (၂)ခ၀ဲသီးချက်
ခ၀ဲသီးကိုတော့ အချိုချက်စားတယ်၊ နောက်ပြီး ခ၀ဲသီးဟင်းချို ချက်သောက်တယ်...။ ခ၀ဲသီးအချို
ချက်ကတော့ ပုံမှန်အတိုင်းပါပဲ..ဘာမှမလိုတဲ့အတွက် မရေးတော့ဘူးနော်...။
ခ၀ဲသီးချက်

(၃)ကင်းပုံသီးချက်
ကင်းပုံသီးက နှစ်မျိုးရှိတယ်လေ အချိုနဲ့ အခါးဆိုပြီး။ ကျွန်တော်ကတော့ အခါးကို ပိုကြိုက်တယ်...။
ကင်းပုံသီးတင် မကသေးဘူး.. ကင်းပုံရွက်ကိုလည်း ဆူးပုတ်ရွက်နဲ့ ဟင်းချိုချက်သောက်ရတာကို
ကြိုက်တယ်...။ ကင်းပုံသီးငါးပိချက်ကတော့ ကြက်ဟင်းခါးသီး ချက်တာနဲ့ အတူတူမို့ မပြောတော့
ဘူးနော်...။

ကင်းပုံသီးချက်

(၄)ချဉ်ပေါင်ရွက်ချက်
ချဉ်ပေါင်ရွက်ကိုတော့ ဘယ်လိုပဲချက်ချက် ကြိုက်တယ်... ချဉ်ပေါင်ရွက်ချဉ်ရေ၊  ချဉ်ပေါင်ရွက်ဟင်း
ချို၊ ချဉ်ပေါင်ရွက် ငါးပိချက်၊ ချဉ်ပေါင်ရွက်ကြော်... အားလုံးကြိုက်တယ်...။ ချဉ်ပေါင်တောချက်လေး
အကြောင်းကို ပြောပြမယ်နော်...။ ကြက်သွန်နီကိုငါးပိနဲ့ဆီသတ်လိုက်ပါတယ်...။ အဲဒီအပေါ်ကမှ သ
င်ပြီးသား ချဉ်ပေါင်ရွက်ကို ထည့်ပြီး စလောင်းဖုံးနဲ့ အုပ်ထားလိုက်ပါတယ်...။ အဲလိုအုပ်လိုက်ရင် အပူ
ဓါတ်နဲ့ နွမ်းသွားပါတယ်...။ အဲဒီတော့မှ မွှေလိုက်ပြီး ရေထည့်လိုက်ပါတယ်...။ ကြက်ခါနီးရင်တော့ ပ
င်စိမ်းရွက်၊ကြက်သွန်ဖြူ နဲ့ ငရုတ်သီး အစိမ်းတောင့်ကို ရေဆေးပြီးထည့်လိုက်ပါတယ်...။ ငရုတ်သီးစိ
မ်း အိသွားပြီဆိုရင်တော့ တောချက်လေးရပြီ.. စားလို့ အရမ်းကောင်းတယ်...။
ချဉ်ပေါင်ပင်(အရွက်ချက်မတွေ့လို့)

(၅)မန်ကျန်းရွက်ချက်
မန်ကျည်းရွက်ကိုတော့ အမျိုးမျိုးချက်ကြပါတယ်...။ မန်ကျည်းရွက်ငါးပိချက်၊ မန်ကျန်းရွက်အုံး၊မန်ကျ
ည်းရွက်သုပ်၊ မန်ကျည်းရွက်ပဲပုံးရည်ချက်၊ မန်ကျည်းရွက်ဟင်းချို၊ မန်ကျည်းရွက်ချဉ်ရည်၊ မန်ကျည်း
ရွက် အချဉ်သိပ်(ဂုတ်သိပ်) အားလုံးကြိုက်ပါတယ်..။ မန်ကျည်းရွက်ဟင်းချိုက နေပူတဲ့အချိန် ရေငတ်
ကိုပြေစေပါတယ်.. ရင်ကိုအေးစေပါတယ်...။ မန်ကျည်းရွက်ငါးပိချက်ကတော့ ချဉ်ပေါင်ရွက်ချက်နဲ့တူ
တာမို့မပြောတော့ပါဘူး..။ မန်ကျည်းရွက်အုံးဆိုတာကတော့ ပန်းကန်ထဲမှာ မန်းကျည်းရွက်ရယ်၊ငါးးပိ
ရယ်၊ကြက်သွန်နီ၊ ကြက်သွန်ဖြူ လိုအပ်တာအားလုံးထည့်ပြီး  ဒယ်အိုးထဲကို ရေထည့်ပြီး အဲဒီရေထဲကို
ခဏက ပြင်ထားတဲ့ ပန်းကန်ကို ထည့်ပြီး ရေနွေးငွေ့နဲ့ နှပ်တာပါ..။   အားလုံး အိနပ်သွားပြီဆိုမှ မွှေလို
က်ပါတယ်...။ ပြီးရင်တော့ ကျက်ပြီပေါ့..။ စားလို့ကောင်းဗျာ...။    မန်ကျည်းရွက်ပဲပုန်းရည်ချက်ဆိုတာ
ကတော့ ပဲချက်ထားတာနဲ့ မန်ကျည်းရွက်ကို ရောချက်တာပါ...။    အဲဒါကလည်း စားလို့ကောင်းတယ်
နော်...။

ဒါတွေအားလုံးက တော့ ကျွန်တော်လွမ်းနေတဲ့ အညာမြေက ဟင်းလျာလေးတွေပါပဲ...။ အဲဒါကြောင့် မစား
ရပေမဲ့လည်း ပုံလေးတွေကို သရေကျရင်း ရေးလိုက်တာပါဗျာ...။

ပုံအားလုံးကိုတော့ ဂူဂယ်လ် ကနေပြီး ရှာထားတာပါ...။

ရာဇာ(ကျေးလက်သားလေး)
24.4.2011

8 comments:

...အလင်းစက်များ said...

ကြက်ဟင်းခါးသီးကို ဆားနဲ့  နယ်ပစ်ပြီးရင် ငပိစိမ်းစားလေး၊ ပုဇွန်ခြောက်လေးနဲ့  ချက်... အားပါး ကိုရာဇာ့အိမ်ကို နိုင်ဂျန်ဂါးက လူတွေ အကုန်အလည်လာကြလိမ့်မယ်။

ခ၀ဲသီးသိပ်မကြိုက်ဘူး၊ ချဉ်ပေါင်ရွက်က ထိုင်းမှာ ရခဲတယ်... ထိုင်းတွေက အသီးကိုပဲ အချိုရည်လုပ်သောက်ကြလို့ ။ မန်ကျည်းရွက်နုနုလေး မြေပဲဆံနဲ့  သုပ် ...... အားပါးပါး... ရှလွှတ်.. လွမ်းထှာ အမေ့အိမ်ကို.... အဟီး

ma yu said...

ကျေးလက်သားလေး ကြက်ဟင်းခါးသီးကို ဗီယက်နမ်လို အသားတခုခု အစာသွပ်ပြီး နှပ်စားကြည့်လဲ ကောင်းတယ်။

Baby taster said...

စားချင်လိုက်တာ ကြက်ဟင်းခါးသီးကြော်
မန်ကျည်းရွက်သုပ်။ တောက် (သရေကျသံ) :P

Angelhlaing(May everybody be happy and healthy! said...

စားချင်လယ်..ဂလုဂလု.....
ဟင်းးးးနော် မြင်သာမြင် မကြင်ရတဲ့ ဒုက္ခက
တော်တော်ဆိုးပါလားနော်...:P:P:P

Iora said...

ကြက်ဟင်းခါးသီးစားချင်လို့ ဝယ်လိုက်ပါတယ်။ မချက်ဖြစ်လို့ ပစ်လိုက်ရပါတယ်။ ဒီကဘဲစားသွားတော့မယ်။

ရွှေညာသား said...

ကြက်ဟင်းခါးသီး မီးဖုတ်ပြီး ငါးပိမီးကင်လေးရယ်ငရုတ်သီးကြက်သွန်ဖြူလေးရယ် ထောင်းစားလိုက်ရရင် ကောင်းထှာ(အလင်းစက်လေသံနဲ့):P:P:P
တားတားတို့လည်း လိုတော့ပါဘူး အလွန်ဆုံး နှစ်လပေါ့ အိမ်ရောက်လို့ကတော့ မီးဖိုဦးစီးချုပ်ကို လုပ်လိုက်အုံးမယ်...အသားငါးတွေအနားပေးပြီး အသီးအရွက်တွေပဲ အလုပ်လုပ်ခိုင်းပစ်မယ်....ပျော်ရွှင်ပါစေ ကိုကျေးတောရေ...

yar zar said...

ကိုအလင်းစက်ရေ.. အလည်လာခဲ့ပါဗျ... လျှာလည်သွားအောင်ချက်ကျွေးမယ်လေ..။

ဟုတ်ကဲ့မမယု မြန်မာပြည်ရောက်မှ နှပ်စားကြည့်အုံးမယ်..

အစ်မဘေဘီ ရေ ကျွန်တော်လည်း အစ်မဘေဘီလိုပဲ သရေကျမိတယ်..:)

yar zar said...

အိန်ဂျယ်... မြင်သာမြင် မကြင်ရတဲ့ ဒုက္ခက အတော်ဆိုးတာဗျ..
အစ်မ အိုင်အိုရာ.... ကြက်ဟင်းခါးသီးတွေ လွှတ်ပစ်လိုက်ရတာ နှမြောလိုက်တာဗျာ...:(
ရွှေညာသားလေးရေ အဆောင်ကို အလည်လာခဲ့လေ.. မပြန်ခင်ပေါ့
ချက်ကျွေးမယ် ..

Post a Comment