Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, April 21, 2011

နှမလေးသို့ပေးစာ(-)


သို့...
ငါ့နှမ- မောင်မောင် စာရေးလိုက်တယ်ကွာ...။ ငါ့နှမ နေကောင်းမယ်လို့ မျှော်လင့်လျှက်ပါ...။
ငါ့နှမရေ ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီလေ...။ဘယ်ကို ရောက်နေ၊ရောက်နေ ဆက်သွယ်လို့
ရနေပြီ...။ အဲဒီလို တိုးတက်မှုတွေ နဲ့ အတူ ၊ ပျက်စီးမှုတွေကလည်း များလာပြီ...။   အဲဒီ ပျက်
စီးမှုတွေထဲမှာ နှမလေးကို မပါစေချင်ဘူး...။

မိန်းကလေးဆိုတာ သိမ်မွေ့ရမယ်၊ ယဉ်ကျေးရမယ်လေ...။အခုခေတ် မိန်းကလေးတွေက လှ
ချင်လို့ ပျက်စီးကုန်ကြပြီ...။ အဖော်၊ အလှော်၊ အချွတ်တွေ များလာပြီ...။   တစ်ခါတစ်လေဆို
ကြည့်တောင် မကြည့်ရဲဘူးလေ...။ အမှတ်မထင်လို့ မြင်မိတယ်ဆိုရင်တောင် မျက်နှာကို လွှဲ
ပစ်လိုက်ရတယ်လေ...။ စကားပုံတစ်ခုလိုပေါ့ “ယိုသူမရှက် မြင်သူရှက်” ဆိုတာလေ...။

အင်္ကျီဆိုလည်း လည်ကဟိုက်၊ စကပ်ဆိုလည်း အခွဲတွေကရိုးလို့၊ ပေါင် ကပ်တိုလေးတွေလေ
ဝတ်ကြတာ၊ ဆံပင်ဆိုလည်း နီလို့နီ၊ စိမ်းလို့စိမ်း၊ ၀ါလို့ဝါ ရောင်စုံပါပဲ...။ ဘယ်လိုတွေ ဖြစ်ကုန်
သလဲဆိုတာ မပြောတတ်တော့ပါဘူး...။ လှချင်တာ အဲဒါတွေ မလိုပါဘူး...။  အရင်တုန်းကလူ
တွေကတော့ ဆံပင်ကို နက်မှောင်သန်စွမ်းပြီး ရှည်လျားချင်လို့ အမျိုးမျိုးလုပ်ကြတယ်..။စကား
ပုံလေး ရှိတယ်လေ...“ ယောက်ျားလက်ရုံး၊မိန်းမဆံထုံး”တဲ့...။ အခုတော့ မဟုတ်တော့ဘူး နှ
မလေးရေ...ဘာတွေ မှန်းကို မသိတော့ဘူး။

သူတို့တွေ ၀တ်ဆင်တာဟာ သူတို့ရဲ့ အန္တရာယ်ကို ကိုယ်တိုင်ဖိတ်ခေါ်နေတာပဲ နှမလေးရဲ့...။
မိန်းကလေး ဆိုတာ အိနြေ္ဒ၊ သိက္ခာ ရှိရတယ်...။     အခုကတော့ ပြောင်းပြန်ပါ နှမလေးရာ...။
နှမလေးလည်း အခုနောက်ပိုင်း ဇာတ်ကားတွေ ကြည့်ဖူး၊ မြင်ဖူးမှာပါ...။ မိန်းကလေးတွေက စ
ပြီး ချစ်ကြောင်း၊ ကြိုက်ကြောင်း ပြောကုန်ပြီလေ....။ မင်းသား၊ မင်းသမီးတွေက လုပ်ပြရင်ေ
နာက်ကလည်း လိုက်လုပ်ကုန်ကြရောလေ...။ မောင်မောင် တော့ ထင်ပါတယ်...အနုပညာသ
မားတွေက ယဉ်ကျေးမှုပျက်စေတဲ့ အရာတွေကို ရိုက်မပြသင့်၊ ရေးမပြသင့်၊ ဆိုမပြသင့်ဘူးထင်
တာပါပဲ...။ အဲဒီ မှားယွင်းတဲ့ အပြုအမူတွေကို နှမလေး လိုက်ပြီး အတုမခိုးရဘူးနော်...။   နွမေ
လးရေ လိမ္မာ ယဉ်ကျေးပြီး ၊ အမျိုးကောင်းသမီး ဖြစ်ချင်တယ်ဆိုရင်တော့ စာကောင်း၊ ပေကေ
ာင်းတွေကို များများ ဖတ်ဖို့ မမေ့နဲ့နော်...။ ကိုရီးယား ဇာတ်ကားတွေကပဲ ထိုးဖောက်ပြီး အမြင်
မှားတွေ ပေးနေတာလား၊ အနောက်တိုင်း ယဉ်ကျေးမှုတွေလား ဆိုတာတော့ သေချာ စဉ်းစား
တုန်းပါပဲ...။ ကိုရီးယားလူမျိုးတွေက အသားဖြူတယ်၊ လှတယ် အဲဒီ အတွက် သူတို့တွေက ကြ
ည့်ရကောင်းတယ်...။ ကိုယ့်လူမျိုးတွေက အသားကမဖြူ၊ ဗိုက်ကပူ၊ ချေသလုံး၊ ပေါင်လုံးကတု
တ် နဲ့ ၀တ်ဆင်ထားတာများ ကြည့်ရဆိုးလိုက်ပါဘိ...။

 ဘာပဲဖြစ်ဖြစ် နှမလေးရေ အခုခေတ်လူငယ်တွေကပဲ ယဉ်ကျေးမှုကို လက်ဆင့်ကမ်း ထိန်းသိမ်း
ရမှာလေ...။ လူငယ်တွေက မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ ယဉ်ကျေးမှုပျောက်မှာပဲ...။   ယဉ်ေ
ကျးမှုတွေ ပျောက်တာနဲ့ အားလုံးက ပျောက်ဆုံးကုန်တော့မှာ...။   နောက်ပြီး “ စောင့်လေ မျိုးနွ
ယ် ” ဆိုတဲ့ စကားကိုလည်း မှတ်သားထားရမယ်နော်...။     အဲဒါ တကယ်အရေးကြီးတယ်...။ ကို
ယ့် အမျိုးကို မစောင့်ထိန်းနိုင်ရင်တော့ လူမျိုးပျောက်မှာ...။     လူမျိုးပျောက်တာနဲ့ ဘာသာ၊ သာ
သနာပါ ပျောက်ပြီ...။       နှမလေး အမျိုးဆိုလို့ အဖေ၊ အမေ၊ ဦးလေး၊ ဒေါ်လေးတွေက မွေးထား
တဲ့ အမျိုးကို သီးသန့် ပြောတာမဟုတ်ဘူးနော်...။    ကိုယ့်နိုင်ငံသား၊ ကိုယ့် ဗမာလူမျိုးမပျောက်
ပျက်အောင် ထိန်းသိမ်းရမှာ...။ အခုတော့ မောင်မောင် စာတွေကို ဖတ်လိုက်ပါရဲ့...။ ဘယ်အမျိုး
သမီးက ကုလားကို ယူလိုက်တာတဲ့...ဘာသာပြောင်းရတယ်တဲ့။ ဘယ်သူကတော့ တရုတ်ကိုယူ
လိုက်တာတဲ့....။ အဲဒါလေးတွေက စလို့ မဖြစ်သင့်တာလေ...။ အဲလိုတွေ ဖြစ်ပါများရင် တကယ်
အမျိုးပျောက်မှာနော်...။ အဲဒါတွေကိုလည်း နှမလေး အပေါင်းအသင်းတွေ၊ ပြောပြသင့်တဲ့ လူေ
တွကို ပြောပြနော်...။

နှမလေးရေ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်အမျိုးကို ချစ်ကြတယ်၊ လက်ဆင့်ကမ်း ထိန်းသိမ်းကြတ
ယ်... အခု မောင်မောင် နေတဲ့ နိုင်ငံဆို လူမျိုးကြီးဝါဒစွဲတွေလေ...။ သူတို့နိုင်ငံက အင်္ဂလိပ်စက
ားပြောတာ မကြိုက်ဘူး... သူတို့ရဲ့ ဘာသာစကားတွေ ပျောက်ကွယ်၊ တိမ်ကော သွားမှာကို စိုး
ရိမ်တာပေါ့...။ အဲဒါမျိုးတွေကိုတော့ အတုယူသင့်တယ်...။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်သင့်
တယ်...။ အခုခေတ် မိန်းကလေးတွေက ဆတ်ကော့ ၊ လက်ကော့ တွေများတယ်...။ အဲဒီလို မိ
န်းကလေးတွေထဲမှာ နှမလေး မပါ ပါစေနဲ့နော်...။ မိန်းကလေးဆိုတာ အစစ အရာရာ အားလုံး
ဂရုစိုက်ရတယ်...။ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ၊ စားတာ၊ သောက်တာ အစပေါ့....။ အ
ခုခေတ်တော့ မိန်းကလေးတွေ ပွင့်လင်းလွန်းလှတယ်...။ အိနြေ္ဒ၊ သိက္ခာတွေ မဲ့ကုန်ပြီ...။

နှမလေးရေ မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးကိုတော့ ထိန်းသင့်တယ်...။ အစစ အရာရာပေါ့
...။ တန်ဖိုးမရှိတဲ့ မိန်းကလေး တစ်ယောက်ကို ဘယ်ယောက်ျားလေးကမှ အတည်မကြံဘူးနော်
... အဲဒါလေးကို မှတ်ထားပါ...။   ယောက်ျားလေး ဆိုတဲ့ အမျိုးက ကိုယ်ကိုယ်တိုင် ဆိုးချင်ဆိုးခဲ့မ
ယ်...။ ဒါပေမယ့် ကိုယ်ယူတဲ့ မိန်းကလေးကိုတော့ တန်ဖိုးရှိစေချင်ကြတယ်...။   ဆတ်ကော့၊ လ
က်ကော့ မဖြစ်စေချင်ကြဘူး...။မတရားမှုလား ဆိုတာတော့ မောင်မောင် သေချာ မသိသေးဘူး
...။ သိတာ တစ်ခုကတော့ မိန်းကလေးဟာ၊ မိန်းကလေး ပီသဖို့ပဲပေါ့...။ ယောက်ျားလေးတွေနဲ့
တော့ မယှဉ်ပြိုင်မိပါစေနဲ့နော်...။ စကားပုံတစ်ခုတောင် ရှိတာပဲလေ... ယောက်ျားလေးက ဒေါင်
ကျကျ၊ ပြားကျကျ ကိစ္စမရှိဘူး... ထောင် အပြင်၊ တန်းမရှိဘူး တဲ့...။  မိန်းကလေးကတော့ အဲဒီ
လို လုပ်လို့ မရဘူးနော်...။ အဲဒါလေးကို မှတ်ထားပါ...။

နှမလေး မောင်မောင် ဖတ်ဖူးတယ်... မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးကို စာစုလေးနဲ့ ဖော်ပြ
ထားတာလေ....။ အဲဒါလေးကို နှမလေး သိဖို့ မောင်မောင် ထည့်ရေးလိုက်တယ်နော်...။

ဖခင်နဲ့ သမီး စကားပြောခန်းလေးထဲက ပညာပေးတာလေးပေါ့...။
အဖေ လုပ်တဲ့သူက သမီးကို ပြောတယ်တဲ့....
“သမီး အဖေ သမီးကို ပြစရာရှိတယ်... အဲဒါက အရေးကြီးတယ်နော်..”
အဲလိုလေး ပြောလိုက်ပြီး အင်္ကျီ အိတ်ထောင်ထဲက တစ်စုံတစ်ခုကို ယူပြီး လက်ထဲကို ဆုပ်ထား
လိုက်သတဲ့.. နောက်ပြီး သမီးကို ထပ်ပြောလိုက်ပါသတဲ့...
“သမီး အဖေ ဆုပ်ထားတာ ဘာလဲ သိလား၊ သိချင်လား”
အဲလို ပြောလိုက်တော့ သမီးက ခေါင်းလေးညိမ့်ပြလိုက်သတဲ့...။
“ကိုင်း ဒါဆို သမီးထိုင်ထ ၁ ခါလုပ် ”
အဲလိုပြောလိုက်တော့ သမီးလည်း လုပ်တာပေါ့...။ သမီးလုပ်ပြီးတော့ ဖခင်လုပ်သူက ထပ်လုပ်ခိုင်း
တာပေါ့... ၃၊ ၄၊၅၊၁၀ ခါ ထပ်ထပ်ပြီး လုပ်ခိုင်းသတဲ့...။     အဲလိုလုပ်ခိုင်းတော့ သမီးလည်း လုပ်တာ
ပေါ့...။ ဘာလို့လဲ ဆိုတော့ သူက သိချင်နေတာကိုး...။    နောက်တော့ သမီးဖြစ်သူက ပြပါတော့လို့
ပြောတာကြောင့် အဖေ လုပ်သူက လက်ထဲက အရာကို ပြလိုက်တာပေါ့...။ အဲဒါက ဘာလဲ ဆိုတေ
ာ့ အကြွေစေ့လေး(တစ်မတ်စေ့)လေ။ အဲဒါလေးကို ပြပြီးတော့ သမီးလုပ်သူကို ထပ်မေးသတဲ့....
“သမီး ခဏက ဟာလေးကို လက်ထဲ ဆုပ်လိုက်မယ်...။ သမီးကို အလကားပြမယ်... ကြည့်မလား”
လို့ မေးတော့ ....သမီးဖြစ်သူက ပြန်ပြောသတဲ့...
“တစ်မတ်စေ့မှန်း သိနေပြီ အလကားပြလည်း မကြည့်ဘူး သိပြီးသားဆိုတော့ မကြည့်ချင်တော့ဘူး
... အဖေ့ဟာက တန်ဖိုးမှ မရှိတော့တာ”တဲ့...

အဲလို ပြောလိုက်မှ ဖခင်ဖြစ်သူက ရှင်းပြသတဲ့...။
“သမီး မမြင်ခင်တုန်းက တန်ဖိုးကြီးမားပြီး ၊လိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ.. မြင်လည်းမြ
င်၊ သိလည်း သိပြီးသွားရော တန်ဖိုးမရှိတော့ဘူးမလား... အဲဒီလိုပဲ သမီး ထိန်းသိမ်းစောင့်ရှောက်
ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ၊ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင်၊ ပေး
မတွေ့သင့်ဘူး..သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလို ပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွား
အောင် သူတစ်ပါးကိုပေးမမြင် ၊ပေးမတွေ့သင့်ဘူးတဲ့....။ အခုခေတ် မိန်းကလေးတွေ ဆိုရင် ပြချ
င်လွန်းလို့ တမင်တကာကို အတိုတွေ၊ ဟောင်းလောင်းတွေ ၀တ်နေကြတာလေ...။

ကိုင်း... နှမလေးရေ ပြောရမယ်ဆိုရင်တော့ ပြောလို့ မကုန်ဘူးပေါ့...။ ဒါပေမယ့် မောင်မောင် ဒီေ
နရာကနေပဲ နိဂုံးချုပ်လိုက်တော့မယ်ကွာ...။

မိန်းကလေးများ အားလုံး အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ...။

မှတ်ချက်= မည်သူ့ကိုမျှ မစော်ကားပါ... မြင်တွေ့ နေရတာလေးတွေကို ခံစားထားခြင်းဖြစ်ပါတယ်
ဗျ....။ အောက်ဆုံးက ပုံပြင်လေးကတော့ ဖတ်ဖူးတာလေးပါ...  ဘယ်သူရေးတယ်ဆိုတာ မသိပါ...
ကျွန်တော် ပြောင်းသင့်တာလေးတွေ ပြောင်းထားပါတယ်...အဲဒီအတွက် ၀န်ခံပါတယ်...။။။။

အားလုံးကိုလေးစားလျက်
ရာဇာ(ကျေးလက်သားလေး)
21.4.2011

7 comments:

koshwan said...

တန်ဖိုးရှိတဲ့ ပေးစာ ကောင်း တစ်ပုဒ်ပါ..။ ဟုတ်ပါတယ်လေ..အခုခေတ်က ဖက်ရှင်ကျချင်တာနှင့် ၊ခေတ်မှီ ချင်တာနှင့် ...ရူပါက နုပ် ..ပဲကလုပ်နှင့် ရှိတာလေးကို ထုတ်ထုတ်ပြချင်နေကြတာကိုး။မြန်မာမှုနယ်ပယ်မှာတော့ မြန်မာအ၀တ်အစားလေးတွေနှင့် ရိုးရိုးယဉ်ယဉ် ဖက်ရှင်ကျကျလေး မဟာဆန်တဲ့ အလှနှင့်မြင်ရတာတော့ မျက်စိလည်းအေး ဘ၀င်လည်းအေးတာပေါ့နော်..။ ကောင်းပါတယ်ဗျ.... အသိပညာလေး တစ်ခုခု ပေးနိုင်တဲ့ ပေးစာလေးမို့ တကယ် ဖတ်သင့်ပါတယ်...။ဆက်ရေးပါဦး...အားပေးနေဆဲပါ...။

Unknown said...

အဖေနဲ့ သမီး စကားပြောတာလေးကို အရမ်းကြိုက်ပါတယ်ကိုရာဇာ။
ုပညာသား ပါပါလေးကို သမီးဖြစ်သူကို ဆုံးမသွားတာပါ။ ကျေနပ်ပီတိ ဖြစ်မိပါတယ်။ လက်ဆင့်ကမ်း မျှဝေလိုက်ပါမယ်ဗျာ။ ထာဝရပျော်ရွှင်နိုင်ပါစေ။

အဖြူရောင်နတ်သမီး said...

ဖတ်သွား၏...။
နှမလေးများ အတွက် တကယ်ဖတ်သင့်တဲ့ သတိပေးဆုံးမ စာစုလေးတခုပါပဲ...

တောက်ပကြယ်စင် said...

ဖတ်မှတ်သင့်တဲ့ ပေးစာကောင်းလေးတစ်ပုဒ်ပါပဲ ကိုရာဇာရေ...အ ၀တ်အစားတွေ လုံလုံခြုံခြုံဝတ်ရင် အရမ်းပူနေလို့ မ ၀တ်ကြတာလားလို့တောင်...သံသယပွားမိတယ်...ပြီးတော့ ပြီးအောင်ချုပ်ချိန်မရှိလို့ စားဝတ်နေရေးတွေ ရန်းနေရလို့များ...မလုံမခြုံတွေ ၀တ်ကြရတာလားလို့...ဆက်ရေးပါအုံး...အားပေးစောင့်မျှော်နေမယ်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Angelhlaing(May everybody be happy and healthy! said...

တန်ဖိုးရှိသောစာလေးဖတ်ခွင့်ရလို့ ကျေးဇူးပါအကိုရေ
ကောင်းသောနေ့လေးဖြစ်ပါစေ...

SHWE ZIN U said...

အင်း နှမ အတွက်ဆိုတော့ အမကြီးမပါတော့ ပြန်ပြီနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

yar zar said...

ကိုရွှမ်းရေ ကျေးဇူးတင်ပါတယ်ဗျ.. နောက်လည်း လာလည်ပါအုံး..
ကိုဖြိုးရေ မျှဝေလိုက်မယ်ဆိုလို့ အထူးကျေးဇူးပါ...
အဖြူရောင် နတ်သမီး... လာရောက်ဖတ်ရှုသွားတာ ကျေးဇူးအထူးပါ..
ဘုန်းတောက်.... တပည့်တော်တော့ အဲလိုမထင်ဘူးဘုရား...ဟီး..
အိန်ဂျယ်... အမြဲ အားပေးတာ ကျေးဇူးပါ..
အစ်မ ရွှေဇင်... လာလည်တာ ကျေးဇူးပါဗျာ.. အစ်မတို့က လူကြီး
ဆိုတော့ အဲလိုတွေ မ၀တ်ဘူးလေ နောက်တက်လာမဲ့ နှမလေးတွေကို
မပျက်စီးစေချင်လို့ပါ...ဟီး...

Post a Comment