Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, April 18, 2011

ဝက်သားတုတ်ထိုး၊ ဗူးသီးမှို ချက်၊ ငရုတ်သီးပဲပုတ်ထောင်း၊လ္ဘက်သုပ်



ဒီနေ့ ကျောင်းကလည်း နားတော့   ပျင်းပျင်းရှိတာနဲ့ စားချင်တာလေးတွေ လုပ်စားလိုက်တယ်...။ အာရှန်ကနေ       ၀က်နှုတ်သီးတစ်ခြမ်း၊ ၀က်မြီးလေး ၀ယ်လိုက်တယ်...။ ပြီးတော့ တုတ်ထိုး လုပ်လိုက်တယ်.။ လုပ်တာကလည်း မခက်ပါဘူး...။



ဝက်သားကို ရေစိမ် ပြီးရင်       ဆားနဲ့ သေချာဆေး ၊ပြီးရင်တော့ ကြက်သွန်ဖြူရယ်၊ဂျင်းရယ်ကို ကြိတ်ဆုံ နဲ့ကြိတ်ပါတယ်...။    ငရုတ်ဆုံမရှိလို့...:)  ကြိတ်ပြီးပြီ
                                                  ဆိုရင်တော့ဝက်သားရေဆေးပြီးသားနဲ့နယ်လိုက်ပါတယ်.. နှံ့အောင်ပေါ့...။  ရောင်တင်မှုန့်လေး နည်းနည်း၊ ဆီလေးနည်းနည်း လည်းထည့်လိုက်ပါသေးတယ်...။ ပြီးတော့မဆလာလေးလည်း ထည့်လိုက်ပါသေးတယ်။ ပြီးရင်တော့ မီးဖိုပေါ် တင်လိုက်တော့...။ အားလုံးနူးအိပြီဆိုရင်တော့ ရပြီဗျာ...။

ဟင်းရည်နဲ့ဟင်းဖတ်အိုး
အနီးကပ်လေး ရိုက်လိုက်တယ်

ပန်းကန်ထဲက ၀က်သားပြုတ်လေးများ
အရည်နဲ့အဖတ်လေး မပြင်ရသေးတာနော်

အချဉ်အတွက်တော့       မန်ကျည်းသီးလေးကို ရေစိမ်ထားပြီး၊ ပူစီနံလေးရယ်၊ နံနံပင်လေးရယ်၊ ကြက်သွန်ဖြူလေးရယ် ရောပြီး အချဉ်လုပ်လိုက်
တယ်...။ ငရုတ်သီးစိမ်းကုန်နေလို့ ငရုတ်သီးတော့ မထည့် လိုက်တော့ဘူး..။
အချဉ်ရည် မီးဖွင့်ပြီးရိုက်ထားတာ
အချဉ်ရည် မီးပိတ်ပြီးရိုက်ထားတာ

ကျွန်တော်ကတော့       မီးဖိုပေါ်ကတည်းက  မြည်းရလို့ ၀သွားတယ်...။:) ကျောင်းကပြန်လာတဲ့ သူငယ်ချင်းတွေ
ကတော့ စားလိုက်ကြတာ ခေါင်းတောင် မဖော်ကြဘူး..။

ဟင်းအတွက်ကတော့ဗူးသီးနဲ့မှိုလေးကိုဆီလည်ရေလည်လေး ချက်လိုက်တယ်...။ ပြီးတော့ ငရုတ်သီးလှော်
ပြီးသားလေးကို ပဲပုတ်လေးနဲ့ ထောင်းလိုက်တယ်...။ ကြက်သွန်ဖြူလေးလည်းပါသေးတာ.. ပြီးတော့ ဆီလေး
မြုတ်အောင် ဆမ်းလိုက်တယ်...။

ဗူးသီးနဲ့မှို ဆီလည်၊ရေလည်လေး
ငရုတ်သီးနဲ့ ပဲပုတ်နဲ့ ထောင်းထားတာ












ထမင်းစားပြီးတော့ စားရအောင်လို့ ကျန်နေတဲ့ လ္ဘက်တစ်ထုပ်ကို ဂေါ်ဖီနဲ့ ပွားလိုက်တယ်...။ လ္ဘက်သုပ်ဆို
တာထက် ဂေါ်ဖီသုပ်ဆိုရင် ပိုမှန်ပါလိမ့်မယ်...။ ဒါပေမယ့် စားလို့တော့ ကောင်းချက်....။:)


လ္ဘက်လေးလည်း သုပ်လိုက်သေးတယ်(ဂေါ်ဖီသုပ်ပေါ့..):)

ကိုင်း.... ကျွန်တော်ရဲ့ လက်ရာစစ်စစ် လေးတွေကို အားပေးသွားအုံးနော်...။:P
ရာဇာ(ကျေးလက်သားလေး)
18.4.2011

7 comments:

ရွှေညာသား said...

ဗူးသီးမှိုဟင်း၊ပဲပုတ်ထောင်းနဲ့ လဘက်သုပ် တော့စားသွားတယ်။ ၀က်သားတုတ်ထိုးကိုတော့ မစားရဲလို့....ပဲပုတ်ထောင်းက ကောင်းချက် မွှေးနေတာပဲ...ဒီနေ့မိုးအေးအေးဆိုတော့ စားပြီးအိပ်လိုက်ရရင် ဇိမ်ပဲဗျာ....

တောက်ပကြယ်စင် said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်...ဗိုက်တောင်ဆာသွားပြီ...ပါဆယ်နဲ့ပို့ပေး...ဒါပဲ...

Baby taster said...

ဟင်းတွေက စုံလို့ပါလား
ဗူးသီးမှိုဟင်းက တခါမှစားဖူးဘူးရယ်

ငွေစန္ဒာ said...

ငရုတ်သီးနဲ့ ပဲပုတ်နဲ့ ထောင်းထားတာလေးစားချင်လိုက်တာ

Angelhlaing(May everybody be happy and healthy! said...

သူများတွေများချက်တက်လိုက်တာ ဟင့်ဟင့် စားချင်လယ်...:P:P:P

yar zar said...

အညာသားလေးရေ... ပဲပုတ်ထောင်းလေးက တကယ်မွှေးတာဗျ.. ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးလိုပေါ့... ပဲပုတ်စား ခေါင်းပြားအောင်အိပ်ဆိုတာလေ..

ဘုန်းတောက်... အလည်သွားတာ ပြန်ရောက်ပြီလားဘုရား...။
ပါဆယ်ပို့လိုက်တယ်နော် ဘုန်းဘုန်း :P

အစ်မဘေဘီ... ဗူးသီးမှိုချက်က တကယ်ကောင်းတာနော်.. စားကြည့်....:)

အစ်မငွေ... ပဲပုတ်ထောင်းလေးက ကောင်းတယ်ဗျ...:P

အိန်ဂျယ်... အမြဲအားပေးလို့ ကျေးဇူးပါ...

စံပယ်ချို said...

ပဲပုတ်ထောင်းကိုတော့ပုဂံလိုက်ယူသွားပါတယ်ရှင့်

Post a Comment