Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, April 16, 2011

ဝါကောက်ချိန်


အညာမြေဒေသမှာ တောင်သူ၊ လယ်သမားက များတာလေ...။တောင်သူ တွေဆိုတော့လည်း သီးနှံ
မျိုးစုံ စိုက်ပျိုးရတာပေါ့...။ သီးနှံစိုက်တဲ့နေရာမှာ ယာကွက်ထဲကို ဒီတိုင်း ပက်ကျဲပြီး စိုက်ပျိုးရတဲ့ သီး
နှံရှိသလို ၊ စနစ်တကျနဲ့ ငန်းလိုက် စိုက်ပျိုးရတာလည်း ရှိပါတယ်။ ငန်းဆိုတာ မျဉ်းဖြောင့်တိုင်း စိုက်
ပျိုးရတာကို ပြောတာပါ...။

ရိုးရိုးဝါကိုတော့ ဒီတိုင်းပဲ ပက်ကျဲ ပြီး စိုက်ပျိုးကြတာပါ...။ နိုင်လွန်ဝါကိုတော့ ငန်းနဲ့ စိုက်ပျိုးရပါတယ်
...။ အဲဒီ နိုင်လွန်ဝါပင်ကိုတော့ ပထုံးမနီ(ထုံးပနီ) တွေ များသောအားဖြင့် နေကြပါတယ်...။  ထံုးပနီေ
ကာင်ဆိုတာက အုံဖွဲ့ပြီးနေတာပါ...။ ပြောရရင် ပျားအုံး မွှားစိ(သေးသေး)လေးပေါ့..။ အကောင်က န
ဂျီကောင်နဲ့ တူပါတယ်...။

တစ်ငန်းခြင်းဝင်ပြီး ၀ါပင်များကို ပြုစုနေပုံ

တစ်ရက်တော့ ၀ါကောက်သမအုပ်စု ငန်းလိုက် ၀ါကောက်ကြတာပေါ့..။ တစ်ယောက်က ဒီငန်းဆိုရင်
နောက်တစ်ယောက်က နောက်တစ်ငန်းပေါ့...။ အဲလိုမျိုး ၀ါကောက်ကြတာလေ...။ ၀ါကောက်လို့ သုံး
ငန်းဆီလောက် အရောက်မှာတော့ ၀ါကောက်တဲ့ အမျိုးသမီးတစ်ယောက် ထုံးပနီ   တုတ်ပါလေရော...
ထုံးပနီတုတ်လိုက်ရင် မီးစနဲ့ ထိုးလိုက်သလိုပါပဲ...။ ပူပြီးတော့ နာတယ်.. ပြီးရင် ယောင်တာလေ...။ထုံး
ပနီကိုက်ရင် မသေပေမယ့် နာလို့ ကြောက်ကြတယ်..။ အဲဒီအမျိုးသမီးလည်း နာလို့လေ ထွန့်ထွန့်ကို
လူးနေတာပဲ..။ ခဏနေတော့ ၀ါကောက်သမတွေ ဆက်ကောက်ကြပြန်တယ်...။ နောက်တစ်ငန်းကူး
တော့ အစဉ်လိုက် ပြန်ဝင်ရတာလေ....။ အဲတော့ ခဏက ထုံးပနီ အတုတ်ခံ့ရတဲ့ အမျိုးသမီးလည်းသူ့
ငန်းကို သူ ၀င်လိုက်တယ်...။ တော်တော်လေး နေတော့ ထုံးပနီ တုန်ပြန်ရော...။ သူလည်း နှစ်ခါတေ
ာင် အတုတ်ခံရတာဆိုတော့ လန့်သွားတာပေါ့...။ သူ ၀ါဆက်ကောက်ရမှာ ကြောက်နေတယ်လေ...။

အဲလိုသိတော့ အမျိုးသမီးတစ်ယောက်က သူ့ငန်းနဲ့ လဲပေးလိုက်တယ်...။ ထုံးပနီ အတုတ်ခံရတဲ့ ငန်း
ကို အခြား အမျိုးသမီးတစ်ယောက်က ၀င်လိုက်တယ်...။ အဲဒီ အမျိုးသမီးနေရာမှာတော့ ထုံးပနီအကို
က်ခံရတဲ့ အမျိုးသမီးက၀င်လိုက်တယ်...။  ခဏလည်း နေရော ထုံးပနီ အကိုက်ခံရတဲ့   အမျိုးသမီးကို
ထုံးပနီ ထပ်ပြီး အကိုက်ခံရတယ်...။   အဲဒီ အမျိုးသမီး   ထုံးပနီ သုံးခါတောင် အကိုက်ခံရတာဆိုတော့
မျက်နှာကြီးကို ယောင်ကိုင်းလို့..။သူနဲ့ လဲလိုက်တဲ့ အမျိုးသမီးကတော့ ဘာမှမဖြစ်ပါဘူး ထုံးပနီလည်း
အကိုက် မခံရပါဘူး...။ အားလုံးကတော့ အကိုက်ခံရတဲ့ အမျိုးသမီးကို ၀ိုင်းပြီး ပြောကြတာပေါ့ ...
တော်တော် ကံဆိုးတယ်လို့လေ...။

ပုံပြင်လေးကတော့ အဲဒါပါပဲ...။   အဲဒီ အကြောင်းအရာ   အတိုင်းဆိုရင် ကိုယ်က အကုသိုလ်ကံ တွေများ
နေတဲ့ အခါမျိုးမှာ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လွှဲလို့မရဘူးဆိုတာပါပဲ...။ အဲတော့ ကျွန်တော်ရော၊ မိတ်ဆွေ
တို့တွေရော အကုသိုလ်ကံ နည်းအောင် အခုချိန်ကစပြီး ကုသိုလ်တရား များအောင် ပြုလုပ်ကြပါစို့...။

မှတ်ချက်= ထုံးပနီ မို့ တော်တော့ တာပေါ့... တကယ်လို့ မြွေဆိုရင် အဲဒီ အမျိုးသမီး သေတာကြာပြီေ
လေ...။ အရင်ဘ၀၊ အခုဘ၀ မှာ ပြုလုပ်ခဲ့တဲ့ အကုသိုလ်ကံအတိုင်း အားလုံး ခံကြရတယ်ဆိုတာ မမေ့
ကြဖို့ပါပဲ...။

ရာဇာ(ကျေးလက်သားလေး)
16.4.2011

4 comments:

Unknown said...

ဟုတ်ပါတယ် ကိုရာဇာ။ ကိုယ်ပြုသောကံသာ ခံစား စံစားရတာပါပဲ။
ကိုရာဇာလဲ နှစ်သစ်မှသည် နောင် နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမာပျော်ရွှင်မှုတွေ ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့  ဆန္ဒပြုလိုက်ပါတယ်။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ မှတ်သားစရာ ဗဟုသုတလေးတွေနဲ့ အတူ ပို့စ်လေးအတွက် ကျေးဇူးပါအကိုရေ။ မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေအကို။

yar zar said...

မောင်ဖြိုးရေ.. လာလည်တာ ကျေးဇူးဗျာ..ပေးတဲ့ ဆုနဲ့လည်း
ပြည့်ဝပါရစေလို့..

yar zar said...

အိန်ဂျယ်ရေ လာလည်တာ ကျေးဇူးနော်..
ပေးတဲ့ ဆုနဲ့လည်း ပြည့်ဝပါရစေ..

Post a Comment