Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, April 15, 2011

တကယ့်အလှစစ်


သူငယ်ချင်း...
မင်းရဲ့ဘ၀ လှပစေဖို့
ဖန်တီးဖို့မလို မာမီမလိုဘူး
ဗေဒင်မလို နတ်မလိုဘူး
ရုပ်ကိုမပြင် စိတ်ကိုပြင်လော့
ရုပ်ကိုမမက် စိတ်ကိုမက်လော့.....။

သူငယ်ချင်း...
မင်းရဲ့သမိုင်း မရိုင်းစေဖို့
ဟုတ်တာကိုတည် ရှုပ်တာကိုပယ်
ဘုရားကိုဖက် အသက်ရှည်တတ်
တရားကိုဖက် အမျက်ပြေတတ်
သံဃာကိုဖက် အခက်ဝေတတ်.....။

သူငယ်ချင်း...
လူတိုင်းအတွက် အလှစစ်ကား
ရုပ်မဟုတ်တည့် စိတ်သာဖြစ်၏
ရုပ်ကိုမပြင် စိတ်ကိုပြင်လော့
ရုပ်ကိုမမက် စိတ်ကိုမက်လော့.....။

                                           ရာဇာ(ကျေးလက်သားလေး)
                                                      15.4.2011

6 comments:

sayar said...

ဟုတ်တယ်...စိတ်လှဖို့ အဓိကပါ..။ ရုပ်ရော စိတ်ရော လှရင်တော့ ပိုကောင်းတာပေါ့နော်..။ကဗျာမမှီ စာမပီ ပေမယ့်လည်း ကဗျာလေးတွေက ရိုးရိုးစင်းစင်းနှင့် ဖတ်လို့ ကောင်းပါတယ်...။ဆက်ရေးပါ..အားပေးပါတယ်..။

အဖြူရောင်နတ်သမီး said...

မှန်လိုက်တာ ရာဇာရယ်..
ရုပ်လှဖို့ထက် စိတ်လှဖို့က ပိုအရေးကြီးတယ်...
ရုပ်လှပြီး သူတပါးကို ယုတ်မာနေမှတော့ အဲဒီလှနေတဲ့ရုပ် ဘယ်မှာလာပြီး တန်ဖိုးရှိတော့မလဲ...

ရွှေဘုန်း(စေတနာပန်းခင်း) said...

စိတ်လှရင် ရုပ်လေးလည်း ကြည်လင်ပါတယ်၊ မနက်ဖြန်ဆိုရင် နှစ်ဆန်းတစ်ရက်ရောက်ပါပြီ၊ တစ်လကျော်ကြာအမိမြေကိုပြန်မည်ဖြစ်ပါ၍ ကျေးလက်သားလေးကို နှုတ်ဆက်တယ်နော်။ မင်္ဂလာရှိတဲ့ နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ၊“တစ်နှစ်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်နှစ်နီးခဲ့ပြီ”

အလင်းသစ် said...

လူတိုင်းအတွက် အလှစစ်ကား
ရုပ်မဟုတ်တည့် စိတ်သာဖြစ်၏
ရုပ်ကိုမပြင် စိတ်ကိုပြင်လော့
ရုပ်ကိုမမက် စိတ်ကိုမက်လော့.....။
ကိုရာဇာရေ မှန်တယ်ဗျာ။။ လင်းသစ်တို့ကတော့ ခုချိန်ထိကို
ရုပ်လည်းမလှ ၊စိတ်လည်းမလှ မိုက်နေဆဲမို့ အသိနည်းနည်းတော့
ရသွားတယ်ဗျ။။ကျေးဇူးပါဗျာ။။။

Unknown said...

ကဗျာလေးက တကယ်ကောင်းပါတယ်အကို။
အခုကျတော်လဲ စိတ်ကို လှအောင်ပြင်လိုက်တော့မယ်။

Unknown said...

တကယ်အလှစစ်ကိုရဖို့ ကျနော့်ရဲ့စိတ်နေစိတ်ထားကို အခုထိပိုပီးလှအောင်ပြင်ပါအုံးမယ်ဆိုတဲ့ အသိလေးရပါတယ်ဗျာ.
မနက်ဖြန်ဆို နှစ်ဆန်း တစ်ရက်နေ့ရောက်ပီနော်..
ကုသိုလ်ကောင်းမှု့တွေ အများကြီးလုပ်နိုင်ပါစေ.
နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ..

Post a Comment