Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, April 14, 2011

သင်္ကြန်အခါ စတုဒီသာများ


အတာအိုး

သင်္ကြန်အခါ ရောက်ပြီဆိုတာနဲ့ မြန်မာလူမျိုးများအားလုံး ပျော်ကြ၊ ကုသိုလ်ပြုကြ နဲ့ ပျော်ရွှင်စရာပွဲ
တော်တစ်ခုပါပဲ...။ သင်္ကြန်ပွဲဆိုတာနဲ့ စတုဒီသာမဏ္ဍပ်နဲ့ မုန့်လုံးရေပေါ်က ခွဲခြားလို့ မရပြန်ပါဘူး..။

မြန်မာအစားအစာတွေထဲမှာ လုပ်ရတာ အလွယ်ဆုံးပြပါဆိုရင် ကျွန်တော်ကတော့ မုန့်လုံးရေပေါ်ကို
ပြလိုက်မှာပါပဲ...။မုန့်လုံးရေပေါ်လောက် လွယ်တဲ့မုန့် မရှိတော့ဘူးထင်တာပဲ...။(ကိုယ့်အထင်...:P)

ကျေးလက်ဒေသမှာတော့ အုန်းလက်နဲ့ မဏ္ဍပ်ထိုး... လမ်းဖြတ်သွားတဲ့ လူမှန်သမျှ ၊တစ်ရွာလုံးမှာရှိ
တဲ့လူမှန်သမျှ စတုဒီသာကျွေးပါတယ်...။ ကျွေးတဲ့မုန့်တွေက...
-မုန့်လုံးရေပေါ်
-တပင်တိုင်
-မုန့်ဟင်းခါး
-ကြာဇံချက်
-ရွှေရင်အေး
-သာကူကျို
-မုန့်လက်ဆောင်
-မုန့်လက်ဆောင်း စတဲ့ မုန့်တွေကျွေးပါတယ်...။

စတုဒီသာကို သတိရတိုင်း... ပုံတွေကြည့်ပြီးတော့သာ တဏှာစိတ်ကို ချုပ်တည်းနေရ တယ်...။
ကိုင်း... မိတ်ဆွေတို့တွေလည်း စတုဒီသာမုန့်မျိုးစုံကိုကြည့်ပြီး သုံးဆောင်သွားကြပါအုံးနော်....။
ချင်းကလေးရေ ပုံတွေ တင်ပေးလိုက်ပြီနော်...

မုန့်လုံး

မုန့်လုံး

ရွှေရင်အေး

ရွှေရင်အေး

ရွှေရင်အေး

ကြာဇံချက်

ကြာဇံပွဲ

ကြာဇံပွဲ

လ္ဘက်ပွဲလေးက ပါသေးတာ

သာကူကျို

မုန့်လက်ဆောင်


အားလုံး ကြည့်ပြီး သရေကျသွားကြပါအုံးဗျာ...:P

ပုံအားလုံးကို ဂူဂယ်လ်မှ ယူသည်.....။

ရာဇာ(ကျေးလက်သားလေး)
14.4.2011

4 comments:

Unknown said...

ရွှေရင်အေး စားသွားတယ်။
လက်ဖက်သုတ်တော့ အအီပြေလေး စားသွားတယ် အဟိ။။
ကျေးဇူးပါနော်...။

ရွှေညာသား said...

ကြာဇံချက်လာစားသွားပါတယ်ဗျို့။ သာကူကျိုလေးလည်း သောက်သွားတယ်။ အလှု့ရှင်ကို ရေပါလောင်းသွားပါတယ်။ ဗွမ်းးး:):):):):)

အလင်းသစ် said...

အေးဗျာ ။။။ တကယ်မစားရပေမယ့်လည်း။။။
ပုံတွေကြည့်ပြီး စားသွားတယ်ဗျ။။။ဟီးးးးးးးးးးးး။။

yar zar said...

မောင်ဖြိုးရေ...ရွှေရင်အေးလေးက ကောင်းတယ်မလား..လ္ဘက်လေးလည်းကောင်းမယ်ဆိုတာ သိပါရဲ့...
ရွှေညာသားလေးရေ... ကြာဇံချက်က အရမ်းကောင်း.. သာကူကျိုလေးက
လည်း ချိုလို့.. ရေလောင်းလိုက်လို့ ပျော်သွားတယ်..
အလင်း....ပါးစပ်နဲ့ မစားရပေမယ့် မျက်စိနဲ့တော့ စားသွားတယ်ပေါ့..ဟဲ.. စတာနော်.. ကျေးဇူးတင်ပါတယ်..

Post a Comment