Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, April 9, 2011

ခရမ်းပင် အမျိုးမျိုး


စားသောက်လို့ ရတဲ့ အပင်တွေ အကြောင်းမရေးဖြစ်တာ ကြာပြီဆိုတော့ ...ဒီတစ်ခါတော့ ခရမ်းပင်အ
ကြောင်း ကို ပြောပြမယ်နော်...။ ခရမ်းပင်က သုံးမျိုးလောက်ရှိတယ်ဗျ...။
-ရိုးရိုးခရမ်းပင်
-ခရမ်းကျွတ်ပင်
-ခရမ်းကသော့ပင် ဆိုပြီးပေါ့...။

ရိုးရိုးခရမ်းပင်ကိုတော့ ကျွန်တော်တို့ ဒေသမှာ ပေါပါတယ်...။ အဲဒီ ရိုးရိုးခရမ်းပင် ကိုမှ အမျိုးအစားတွေ
ထပ်ခွဲလို့ ရပါတယ်...။ ဆင်စွယ်ပင်(အဖြူ)၊ ခရမ်းရှည်သီးပင်၊ ခရမ်းသီး အစိမ်းပင်၊ရိုးရိုးအပင် ဆိုပြီးပေါ့။

ခရမ်းရှည်သီးပင်

ရိုးရိုးခရမ်းသီး

ကျွန်တော်တို့ ဒေသမှာတော့ ရိုးရိုးအပင်ကိုပဲ စိုက်တာ များပါတယ်...။ ဆင်စွယ်ပင် နဲ့ ခရမ်းရှည်သီးပင်
က မျိုးမသန့်မှ ပါတတ်တာပါ...။ ခရမ်းသီးက အမျိုးမျိုးလုပ်စားလို့ရတယ်နော်...။
-ခရမ်းသီး မီးဖုတ်ပြီး သုပ်
-ခရမ်းသီးကို အချဉ်တည်ပြီးသုပ်
-ခရမ်းသီး ဆီပြန်ချက်(ပုစွန်ခြောက်လေးနဲ့ပေါ့)
-ခရမ်းသီးကို အခြောက်လှန်းထားပြီးသားကို မိုးရာသီရောက်မှ ချက်စားခြင်း
-ခရမ်းသီးကို သီးစုံချဉ်ရည် ချက်သောက်ခြင်း
စတဲ့ဟာတွေ ချက်စားလို့ ရတယ်လေ...။


ခရမ်းသီးစိမ်း

ခရမ်းသီးဆင်စွယ်(အဖြူသီး)

အိမ်မှာ ခရမ်းသီးချက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ မောင်နှမတစ်တွေ ခရမ်းသီးရိုးကို လုစားကြတာေ
လ...။ ခရမ်းသီးအရိုးပေါ်က    အခွံလေးက အရမ်းစားလို့ကောင်းပါတယ်...။  ခရမ်းသီး မီးဖုတ်ကိုလည်း
ကြိုက်တာပဲ...။   ခရမ်းသီး အချဉ်တည်ပြီးသားကလည်း စားလို့ ကောင်းပြန်တာပဲ...။ ခရမ်းသီး ဆီပြန်
ချက်ကိုလည်း ကြိုက်တယ်...။ ခရမ်းသီးချက်ဆိုရင် အကုန်ကြိုက်ပါတယ်....။

ခရမ်းကသော့အပင်နှင့် အသီး

ခရမ်းကသော့သီးကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်...။   သူက အလုံးသေးသေးလေးတွေလေ...ငါးပိ
ချက်နဲ့ တို့စားရင် အရမ်းကောင်းပါတယ်...။ မြန်မာပြည်တုန်းက ကျွန်တော့်သူငယ်ချင်း အဆောင်ရဲ့ ရှေ့
မှာ ခရမ်းကသော့ပင် တစ်ပင်ရှိပါတယ်...။    ငါးပိချက် ချက်လို့ စားချင်ပြီဆို သွားခူးပြီး တို့စားလိုက်တာ
ပါပဲ...။ ခရမ်းကသော့ပင်က အလေ့ကျ ပေါက်တဲ့ အပင်မျိုးပါ...။

ခရမ်းကျွတ်သီး

ခရမ်းကျွတ်ပင်ကတော့ ခရမ်းပင် အတိုင်းပါပဲ...။ကွာတာက အသီးပုံစံပါပဲ... ။ ခရမ်းကျွတ်သီးက ငယ်င
ယ်ဝိုင်းဝိုင်းလေးကိုမှ ဘေးက အစင်းကြောင်းလေးတွေနဲ့ပါ...။ အဲဒီ အသီးကလည်း ငါးပိချက်နဲ့ တို့စား
ရင် အရမ်းကောင်းပါတယ်...။

အဲဒီ ဟာတွေကတော့ ခရမ်းသီး အမျိုးမျိုး အကြောင်းပါပဲ... ဘာအသီးပဲ ဖြစ်ဖြစ် ခရမ်းသီးက စားလို့ေ
ကာင်းတယ်နော်...။ ကျွန်တော်ကတော့ အကုန်ကြိုက်....:P

ရာဇာ(ကျေးလက်သားလေး)
9.4.2011


8 comments:

ma yu said...

ကျေးလက်သားလေးရေ ဗယာကြော်ကြော်စားတဲ့အခါ ခရမ်းသီးကို အ၀ိုင်းစွေစွေလေး လှီးပြီး ထောင်းထားတဲ့ ပဲတွေနဲ့ မံပြီး ကြော်စားကြည့် ။
တကယ်စားလို့ ကောင်းတယ်။ ပြီတော့ ခရမ်းကျွတ်သီးတင်မကဘူး ရိုးရိုးခရမ်း
သီးကိုလဲ အစိမ်းလိုက်ကိုက်ပြီး တို့ စားပစ်လိုက်တာပဲ။ ဒါပေမဲ့ အခုတော့မ
စားနိုင်တော့ပါဘူး။ ဈေးကြီးတယ်။ :) မယု

Angelhlaing(May everybody be happy and healthy! said...

လွမ်းရပါလား နော်... ခုတော့...ဟင့်.. :D

yar zar said...

ဟုတ်ကဲ့ပါ မမယုရေ ကျွန်တော် နောက်မှ ကြော်စားကြည့်အုံးမယ်..
ကျွန်တော်တို့လည်း တစ်ခါတစ်လေတော့ ရိုးရိုးအသီးကို တို့စားကြည့်တယ်
ကောင်းတယ်နော်... လာလည်တာ ကျေးဇူးပါဗျာ..
ကျေးလက်သားလေး

yar zar said...

အိမ်ဂျယ်ရေ ကျေးဇူးနော် လာလည်တာ...

ရွှေညာသား said...

ခရမ်းကဆော့သီးလေးတွေကို မန်ကျည်းသီးစိမ်းနဲ့ချက်စားရင် အတော်ကောင်းတယ်ဗျ။ ငရုတ်သီးစိမ်းကို အတောင့်လိုက်ချိုးထည့် ပင်စိမ်းလေးအုပ်ပြီးတော့များ လွေးလိုက်ရရင်ဖြင့် အာပါးပါး....:P နောက်ပြီးတော့ မီးအုံးပြီး ထောင်းစားရင်လည်း ကောင်းပြန်တယ်။ ငါးပိရည်နဲ့ တို့စားရင်လည်း ကောင်းတာပဲ။ အစ်မ မယု ပြောသလိုပဲ ကျွန်တော်တို့ဆီမှာလည်း ခရမ်းသီးက ဈေးကြီးသလားမမေးနဲ့ ဈေးရောက်ရင် ကြည့်ပြီး ပြန်လာရတယ်။ နွေရာသီဆိုရင်တော့ နဲနဲတော်သေးတယ်။ အိမ်ပြန်ရောက်လို့ကတော့ ဟင်းဟင်း... အသီးအရွက်တွေကို စိတ်ကြိုက် တီးပစ်မယ်...:P

Unknown said...

ခရမ်းသီးတွေတော့ ကျတော်တို့ ဘက်မှာ အလုံးကြီးကြီးတွေကို ဖုတ်ပီး သုတ်စားကြတယ်ဗျ.။နံနံပင်လေး ငရုတ်သီးစိမ်းလေး နဲ့ ငါးပိလေးကို အနည်းငယ် ဖုတ်ပီးထည့်တယ်လေ။ ပီးတော့ ဆီချက် အနီလေးနဲ့ ပေါ့ မွေးနေတာပဲ စားကောင်းတယ်။ ဒါပေမဲ့.. ခရမ်းရှည်သီးတွေတော့ ဒီလောက်ရှည်တာ တခါမှ မမြင်ဘူးဘူး :P ။ နောက်ပီးတော့ ခရမ်းဖြူသီးလဲ မမြင်ဘူးဘူး ကျေးဇူးနော် မမြင်ဘူးတာ မြင်လိုက်ရလို့ ။

meerket said...

ခရမ်းကသော့သီး က မှားနေတယ် ဒို့ ဧရာဝတီတိုင်းဘက်မှာ အဲဒါကို ခရမ်းပုပ်သီး လို့ ခေါ်တယ် ငပိရည်နဲ့တို့စားတယ် ငပိရည် ဖျော်ထဲ ထောင်းထည့်ပီး စားတယ် ခရမ်းကသော့သီးက တကယ်တော့ ဒို့ရွာက ခေါ်တာ ခရမ်းကစော့သီးပါ အရသာက ခါးတယ် အပင်မှာ ဆူးပါတယ် ဆူးမပါတဲ့ မျိုးလည်း ရှိတယ် အဲဒါက ဆူးပါတာလောက် အခါး မသည်းဘူး ဒီအတိုင်း အစိမ်းကို ငပိရည်နဲ့ဘဲ တို့စားစား ဟင်းချိုဘဲ ချက်စားစား
အဘွားဆို ဟင်းချို အမြဲ ချက်သောက်တယ် သူက စ စားရင် ခါးပေမယ့် နောက်တော့ လျှာမှာ ချိုပြီး ကျန်ခဲ့တာ အရမ်း ကြိုက်ပေါ့ ဒို့ သင်္ဃန်းကျွန်းမှာ နေတုန်းက ရှားရှားပါးပါးပါး အိမ်ရှေ့ ခြံစည်းရိုးနားမှာ တပင် ရှိတယ် နေ့တိုင်းစားတာပေါ့ ခံတွင်းရှင်းတယ်လေ အခုတော့ ပြောင်းသွားလို့ မစားရတော့ဘူး

ဆောင်းနှင်းရွက် said...

ခရမ်းသီးကို အဖြူရောင် ၇ှိတာ ခုမှ သိတယ် ..း))
(( ခရမ်းသီး မီးဖုတ် သုပ် စားချင်လိုက်တာ ))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Post a Comment