Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, April 8, 2011

မပေါင်းသင့်တဲ့မိတ်ဆွေများ

မိတ်ဆွေတုကို ငုပန်းနဲ့ တင်စားလိုက်တယ်

အရင်တစ်ခါက ပေါင်းသင်းသင့်တဲ့ လူတွေ ရဲ့ အကြောင်းကို  ရေးပြီးတော့ ဒီတစ်ခါတော့ မပေါင်းသင့်
တဲ့ လူတွေရဲ့ အကြောင်းကို ရေးပါအုံးမယ်..။
မပေါင်းသင်းသင့်တဲ့ မိတ်ဆွေ အတုကလည်း (၄) မျိုးရှိသဗျ။ အဲဒီ မိတ်ဆွေတုတွေ အကြောင်းကို ဆ
ရာတော် ဦးဗုဓ်က စပ်ဆို ရေးသားထားပါတယ်။

မိတ်ဆွေတု(၄)ယောက်
၁)အညဒတ္တုဟရ မိတ်ဆွေ
၂)၀စီပရမ မိတ်ဆွေ
၃)အနုပ္ပိယဘာဏီ မိတ်ဆွေ
၎)အပါယသဟာယ မိတ်ဆွေ

 ၁)အညဒတ္တုဟရ မိတ်ဆွေ
-ယူသာယူတတ်၏
-နည်းသော ဥစ္စာကို ပေးခြင်းဖြင့် များစွာသောဥစ္စာကို အလိုရှိ၏
-မိမိဘေးဖြစ်မှ ထိုသူ့ကိစ္စကို ပြုလုပ်ပေးတတ်၏
-အကျိုးစီးပွား ရလိုသောကြောင့် ဆည်းကပ်၏

အဲဒါကို ဆရာတော်ဦးဗုဓ်က ဒီလိုလေး ရေးသားထားပါတယ်..
“လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလာတုံဘိ
မိမိကျိုးငှာ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္တုဟရတည်း”။

၂)၀စီပရမ မိတ်ဆွေ
-လွန်ပြီးသော အကြောင်းအရာဖြင့် ချီးမြှောက်၏
-မဖြစ်သေးသော အကြောင်းအရာဖြင့် ချီးမြှောက်၏
-လောကွတ်ဖြင့် ချီးမြှောက်၏
-ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို ပြသ၏

အဲဒါလေးကိုလည်း ဒီလိုလေး စပ်ဆို ရေးသာထားပါတယ်...
“ရှေ့ဖြင့်စေ့စပ်၊ တထပ်နောက်မှီး၊ ချည်းနှီးသဂြိုလ်၊ ပေးလိုစဟန်၊ ပစ္စုပ္ပန်မူ၊ ပြညွန်ပျက်ပြား၊ ဤလေး
ပါးကား၊ မှတ်သား ၀စီပရမတည်း။

၃)အနုပ္ပိယဘာဏီ မိတ်ဆွေ
-ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏
-ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏
-ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားဆို၏
-ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားဆို၏

အဲဒါလေးကိုလည်း ဦးဗုဓ်က စပ်ဆို ထားပြန်ပါတယ်...
“မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင် ၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊
ကဲ့ရဲ့မြင်သည်၊ လေးအင် ပိယဘာဏီတည်း။

၎)အပါယသဟာယ မိတ်ဆွေ
-သေရည်သေရက် သောက်ခြင်း၌ အပေါင်းအဖော်ဖြစ်၏
-အခါမဲ့ ခရီးသွားခြင်း၌ အပေါင်းအဖော်ဖြစ်၏
-ပွဲလမ်းသဘင် ကြည့်ရှု နားထောင်ခြင်း၌ အပေါင်းအဖော်ဖြစ်၏
-လောင်းကစားခြင်း၌ အပေါင်းအဖော်ဖြစ်၏

အဲဒါလေးကိုလည်း ဆရာတော်ဦးဗုဓ်က စပ်ဆို ရေးသားထားပြန်ပါတယ်...
“သောက်ထုတ်သေရက်၊ ညဥ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အန်စာ၊ လေးရပ်မှာပင်၊ တကွ
ထင်သည်၊ လေးအင် အပါယ်သဟဲတည်း”
ကျွန်တော် ဖတ်ဖူးသည့် စာအုပ်ထဲမှ ....

ကိုင်း... အဲဒါလေးတွေကတော့ မိတ်ဆွေတုတွေရဲ့ အကျင့်လေးတွေပါပဲ... အဲလို လူမျိုးတွေက မိတ်
ဆွေ တုတဲ့နော်... မှတ်ထားကြအုံး...:)
(ဒီလို မိတ်ဆွေတွေကို တွေ့ဖူးမယ် ထင်ပါတယ်နော်...)
အဲလိုလူမျိုး ဆိုရင်တော့ ဝေါင်ဝေါင်ရှေး ပေတော့....

စာဖတ်သူတွေလည်း မိတ်ဆွေတုတွေဘေးမှ ကင်းဝေးကြပါစေ...
ရာဇာ(ကျေးလက်သားလေး)
8.4.2011

4 comments:

မိုးယံ said...

စိန်ကဲရွှေကဲလဲ မခတ်တတ် ၊ လူကဲခတ်လဲ ညံ့တော့ ကျောချမှ ဓားပြမှန်း သိတဲ့ အဖြစ်တွေ ကြုံခဲလှပြီဗျာ။

Unknown said...

အညဒတ္တုဟရ မိတ်ဆွေ
-ယူသာယူတတ်၏
-နည်းသော ဥစ္စာကို ပေးခြင်းဖြင့် များစွာသောဥစ္စာကို အလိုရှိ၏
-မိမိဘေးဖြစ်မှ ထိုသူ့ကိစ္စကို ပြုလုပ်ပေးတတ်၏
-အကျိုးစီးပွား ရလိုသောကြောင့် ဆည်းကပ်၏
ကိုရာဇာရေ... အဲဒီ အညဒတ္တုဟရ မိတ်ဆွေနဲ့ ကတော့ ကျတော် နှစ်အတော်ကြာ တွေ့ ဖူးကြုံဖူး ခဲ့တယ်အကို။ အခုတော့ ..အဲဒီလိုမျိုးမိတ်ဆွေ မရှိတော့ပါဘူး။။။ ကိုရာဇာလဲ မိတ်ဆွေတု တွေနဲ့ ဝေးပီး မိတ်ဆွေစစ်နဲ့ ထာဝရ တွေ့ ရှိပီး ပျော်ရွှင်နိုင်ပါစေ။။

yar zar said...

ကိုမိုးယံ ချောကို အချ ခံရတော့ နာမှာပေါ့နော်...
ဟီး...စတာနော်...။ လာရောက်လည်ပတ်တာကျေး
ဇူး အထူးပါ..။

yar zar said...

ကိုဖြိုးရေ အဲဒီ မိတ်ဆွေနဲ့ တွေခဲ့ဖူးတာကို စိတ်မကောင်းပါဘူး...
ကျေးလက်သားလေးအတွက် ဆုတောင်းပေးတာ ကျေးဇူးပါနော်...

Post a Comment