Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, April 7, 2011

င့ါသမီးလေးတော်လိုက်တာ

ကောက်စိုက်နေတဲ့ ကောက်စိုက်သမများ(GG)

တော အရပ်ဒေသမှာတော့ ယာခင်း၊ စပါးခင်း၊ ပဲခင်း အခင်းမျိုးစုံ စိုက်ပျိုးကြပါတယ်။
အဲဒီလို စိုက်တဲ့ အချိန်မျိုးဆိုရင်တော့ တစ်ရွာလုံး မအားလောက်အောင်ပါပဲ...။

ပေါင်းသင်တာပဲ ဖြစ်ဖြစ်၊ ပေါက်တူးပေါက်တာပဲဖြစ်ဖြစ်၊ ပဲဆွတ်၊ ငရုတ်သီးဆွတ်၊ စ
ပါးရိတ်တာပဲဖြစ်ဖြစ်   လူတွေအားလုံးက ရှေ့တည့်တည့်ကိုပဲ ကြည့်ပြီး လုပ်ကြပါတ
ယ်။ ပြောရရင်တော့ အတည့် သွားတဲ့ သဘောပေါ့...။

အဲလိုမျိုး ရှေ့ကိုတည့်တည့်သွားတာမျိုးမဟုတ်ပဲ လုပ်တဲ့ အလုပ်တစ်ခုကတော့ စပါး
စိုက်(ကောက်စိုက်)တာပါပဲ...။ သူကကျ နောက်ပြန်စိုက်ရတာလေ...။  စပါးစိုက်တာ
ပြောင်းပြန်စိုက်ရတယ်လို့ မသိတဲ့လူကတော့ ဦးဖိုးတုတ် ဆိုတဲ့လူကြီးပါ...။  မသိဘူး
ဆိုတာလည်း ဆန်းတော့ မဆန်းလှပါဘူး။ ဘာလို့လဲဆိုတော့ ဦးဖိုးတုတ်တို့က ကုန်း
ခေါင်ခေါင်နယ်ဘက်က ဆိုတော့ စပါးမစိုက်ရဘူးလေ.. အဲတော့ ဘယ်သိမှာလည်း။


 တစ်ရက်တော့ ဦးအောင်ခ (စပါးတောကလူ) ဦးဖိုးတုတ်ဆီ ရောက်လာပါတယ်။ ရော
က်ရောက်ချင်းပဲ “ ဖိုးတုတ်ရေ ဒီနှစ် ငါစပါးစိုက်တာတွေ များလို့  လူမလောက်ဘူးဖြစ်
နေတယ်.. အဲဒါ မင်းသမီးလေးကို အကူထည့်ပေးပါကွာ...။  မနစ်နာစေရပါဘူး ငါပေး
မှာပါ” ။ အဲလိုလည်း ပြောလိုက်ရော ဦးဖိုးတုတ် ပျာပျာသလဲနဲ့   “ ရပါတယ် အောင်ခ
ရ မင်းနဲ့ ငါက ပြောစရာမလိုပါဘူး... ငါ့သမီး ခင်မြ နဲ့ ရွာထဲက   ကောင်မလေး မသစ်
ကို ထည့်လိုက်မယ်...။ မသစ်က စပါးစိုက်တာ အတွေ့အကြုံရှိတယ်လေ...”။
“ဟာ အဲဒါဆို ပိုကောင်းတာပေါ့...”
မထည့်ခင် ကြိုပြီးတော့လည်း ပြောလိုက်သေး...
“ အောင်ခ ငါတို့ နယ်ဘက်က    စပါးမစိုက်ရတော့ အတွေ့အကြုံမရှိဘူးနော်... အဲဒါ
ကိုတော့ မင်းသည်းခံရမယ်...”။
“ရပါတယ် ”။
သူတို့နှစ်ယောက် စကားတွေ အပြန်အလှန် ပြောပြီးတဲ့နောက်မှာတော့ သူ့သမီးနဲ့ အ
ခြား ကောင်မလေး တစ်ယောက်ကို ထည့်လိုက်ဖို့ ကတိပေးလိုက်ပါတော့တယ်။

စပါးစိုက်တဲ့ အချိန်ရောက်တော့ ခင်မြက မလုပ်ဖူးတဲ့ အလုပ်ဆိုတော့ ခရီးမရောက်ဖူး
လေ...။ မသစ်က အတွေ့အကြုံရှိပြီးသားဆိုတော့ သူနဲ့ ယှဉ်လိုက်ရင် ဖြစ်တာပေါ့...။
ဘယ်လောက်ပဲ သင်ပြ ၊ သင်ပြ  မလုပ်တတ်သေးတော့ ကြာတာပေါ့...။  ဦးအောင်ခ
လည်း နည်းနည်းတော့ စိတ်ပျက်မိတာပေါ့...။

တစ်ရက်တော့ ဦးဖိုးတုတ်တစ်ယောက် သူ့သမီးဆီကို   အလည်လိုက်လာပါတယ်။ သူ
လည်း ရောက်ရော ဦးအောင်ခက ပြောလိုက်ပါတယ်။  မင်းသမီးကို ကောက်စိုက်တာ
အတော်ဖျင်းတာပဲ။ အဲလို ပြောလိုက်တော့ ဦးဖိုးတုတ်  စိတ်ဆိုးတဲ့ အမူအယာ ပြောင်း
သွားတယ်။ ပါးစပ်ကလည်း “ရွာမှာဆို ငါ့သမီးက  အလုပ်လုပ်တာ အတော်ဆုံး၊ အဖြစ်
ဆုံးကွ မယုံရင် မသစ်ကို မေးကြည့်လို့ရတယ်”။ အဲလို ပြောလိုက်တော့ ဦးအောင်ခလ
ည်း အကင်းပါးပါးနဲ့ စကားလမ်းကြောင်းပြောင်းပစ်လိုက်တယ်။ဦးဖိုးတုတ်ကတော့ လုံး
ဝမကျေနပ်ပါဘူး...။

နောက်တစ်ရက်ရောက်တော့ ခင်မြတို့လည်း ထုံစံအတိုင်း လယ်ထဲ ကောက်စိုက်သွာ
းကြရော။ နေလေး နည်းနည်း မြင့်တော့ ဦးအောင်ခနဲ့  ဦးဖိုးတုတ်တို့ လယ်ထဲကို သွား
ကြည့်ကြတယ်...။   လယ်ကန်သင်း ထိပ်လည်း  ရောက်ရော ဦးဖိုးတုတ် အော်လိုက်ပါ
တော့တယ်...“အောင်ခ မင်းပြောတော့ ငါ့သမီးခင်မြက ကောက်စိုက်ဖျင်းဆိုကွ.. အခု
တော့ ငါ့သမီးက ရှေ့ဆုံးကပါလားကွ” တဲ့။   သူ အဲလိုပြောလိုက်မှ ကောက်စိုက်သမေ
တွရော၊ ပါတ်ဝန်းကျင်က ကောက်စိုက်သမတွေရော၊ ဦးအောင်ခရော ၀ိုင်းပြီးရယ်မော
လိုက်ကြပါတော့တယ်...။   အဲလို ရယ်တာတောင် ဦးဖိုးတုတ်မလျှော့သေးပဲ “ဘာရယ်
ကြတာတုန်း ငါ့သမီး တော်လို့ တော်တယ်ပြောတာဘာဖြစ်လဲ”  ပြောပြောဆိုဆို သမီး
လုပ်သူဆီကပ်သွားပြီး “ငါ့သမီးလေး တော်လိုက်တာ ”တဲ့။

ကိုင်း ဇာတ်လမ်းလေးကတော့ ဒါပါပဲ...။ တစ်ခါ တစ်လေကျ လူတွေကလေ တိတိကျ
ကျမသိပဲ... ဦးဖိုးတုတ်လိုပဲ ပြောတတ်ကြပါတယ်။ မပြောကြနဲ့နော် ဦးဖိုးတုတ်လို အ
ရှက်ကွဲမယ်ဗျ...။(ကျွန်တော်ကတော့ အတတ်နိုင်ဆုံး ထိန်းပါတယ်):)
အားလုံး ကောင်းတဲ့ အကျင့်လေးတွေကို ရရှိကြပါစေ...။
ရာဇာ(ကျေးလက်သားလေး)
7.4.2011

5 comments:

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ကဲ့ပါ အကို ကြိုးစား လိုက်နာပါ့မယ်...
အစဉ်အမြဲ အားပေးလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

ကျေးလက်သားလေးရေ..ငြုတ်သီးဆွတ်တဲ့ပုံလေးတွေတင်ပေးပါအုံးနော်
ဒီတစ်ခါလည်းငြုတ်ပင်တွေလာကြည့်တာနော်..အားပေးနေလျှက်ပါ

yar zar said...

ကိုမောင်ရေ နောက်ရက်ကျ တင်ပေးပါမယ်...
သီးခံပြီး စောင့်ပါအုံးဗျာ...

အလင်းသစ် said...

ဟိဟိ။။ မိုက်တယ် ကိုရာဇာရေ့။။ အားပေးသွားတယ်ျော။။
တစ်ငန်း၊နှစ်ငန်းရေရတဲ့ စပါးရိတ်ချိန်ဟာသတွေကိုလည်း
ရေးပါဦးဗျ....။။

yar zar said...

ဟုတ် အလင်းရေ ... ရေးပေးပါမယ်နော်...
လာရောက်အားပေးတာ ကျေးဇူးနော်...

Post a Comment