Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, April 3, 2011

အညာမြေကမုန့်ဟင်းခါးနဲ့ တပင်တိုင်မုန့်ဟင်းခါး

ဂူဂယ်လ်မှ

အွန်လိုင်းပေါ်မှာ  စားစရာအကြောင်းရေးထားတဲ့ ဘလော့ဂ် တော်တော်များများရှိပါတယ်။ အဲလိုတွေ
ရှိပေမယ့်လည်း  ကျွန်တော်တို့ အညာမြေက   မုန့်ဟင်းခါးတို့၊ တပင်တိုင်တို့ မတွေ့ရဘူးလေ..။ အဲဒါေ
ကြာင့် ကျွန်တော် ဒါလေးကို ရေးတာပါ...။    နောက်ပြီး အညာသူ မမယုကလည်း တပင်တိုင် အကြေ
ာင်းလေး ရေးပါအုံးဆိုလို့ ရေးလိုက်တာပါ...။

ကျွန်တော်တို့ ဆီက မုန့်ဖက်ကို သုပ်ထားတာကို   မုန့်ဟင်းခါး(မုန့်ဟင်းချို) လို့ ခေါ်ပါတယ်။  အရည်ေ
သာက်ကိုတော့ တပင်တိုင်လို့ခေါ်တာဗျ..။   ကျွန်တော်      မြို့ကို ရောက်မှ ရွာမှာခေါ်တဲ့ မုန့်ဟင်းခါက
အရည်သောက် ဆိုတာ သိတာ..။ ရွာအသုံးနဲ့ပဲ မုန့်တီသုပ်ကို မုန့်ဟင်းခါးလို့ ခေါ်လိုက်တော့မယ်နော်။

ကျွန်တော်ကမုန့်ဟင်းခါးသုပ်ကို အရမ်းကြိုက်သလို၊ တပင်တိုင် မုန့်ဟင်းခါးကိုလည်း အရမ်းကြိုက်တ
ာ။ မြို့က မုန့်ဟင်းခါး အရည်သောက်ကို မကြိုက်သလို၊ ခေါက်ဆွဲသုပ်ကိုလည်းမကြိုက်ပြန်ဘူးဗျ.....။
ခေါက်ဆွဲဆို ဘာမှကို မကြိုက်တာပါ...။ နဲနဲတော့ စားပါတယ်...။ အမျိုးမျိုးပဲလို့ မပြောနဲ့နော်...။


မုန့်ဟင်းခါးဖက်(GG)
ကြက်သွန်မြိတ်
နံနံ(GG)

အညာမြေက မုန့်ဟင်းခါးသုပ်မှာ လိုအပ်တဲ့ ပစ္စည်းတွေကို ပြောမယ်နော်...။ အဓိက ကတော့ မုန့်ဖက်
ပေါ့... တစ်ချို့လူတွေက ကိုယ်တိုင်လုပ်ကြတယ်။      တစ်ချို့ကျတော့လည်း သူများလုပ်ပြီးသားကို ၀ယ်
ကြတယ်။ မုန့်တီသုပ်ကိုတော့ နန်းကြီးမှ ကြိုက်တယ်...။     လိုတာတွေကတော့ ကြက်သွန်နီကို မကျွမ်း
အောင်ကြော်ပြီး ဆီမပါအောင် စစ်ထားပါတယ်။ အရောင်တင်မှုန့်နဲ့ ဆနွင်းမှုန့်ကိုတော့ ကြက်သွန်ဖြူန
ည်းနည်းနဲ့ ဆီသတ်ထားပါတယ်။   ဆီများများပေါ့...။   နောက်တစ်ခုက မုန့်ဖက် အခြောင်းလေးတွေကို
ကြော်ထားတာ   မုန့်ခြောက်ကြော်ပေါ့...။    နံနံပင်၊ ကြက်သွန်ဖူး( ရေတံ) ကိုနုတ်နုတ်လေး လှီးပြီး ရော
ထားပါ...။ နောက်တစ်ခုက     အညာငရုတ်သီးစစ်စစ်ကို အတောင့်လုံးလှော် ဆီနဲ့မဟုတ်ဘူးနော်...အိုး
ကင်းနဲ့   ဒီတိုင်းလှော်ပြီးရင်  ငရုတ်စုံနဲ့  ကြေညက်အောင် ထောင်းထားပါ...။   ပဲမှုန့်ကိုတော့ အကျက်မှု
န့် ၀ယ်ထားပေါ့...။  ကျန်တာကတော့ ငံပြာရည်အစစ်ကို ဒီတိုင်းမထည့်ပါဘူး ရေနွေးလေး  နဲနဲထည့်ပြီး
ကျိုရပါတယ်...။      အဲဒါမှ အနံ့ကလည်း မပြင်းတော့ပဲ ၊အရမ်းလည်းမငန်တော့ဘူးလေ...။ ကျန်တာက
တော့ အချိုမှုန့်ပေါ့..။ ဆီကတော့ ကြက်သွန်ဖြူ နဲနဲ နဲ့ ကြော်ထားတဲ့ ဆီချက်ပေါ့...။

အညာမြေက မုန့်ဟင်းခါးသုပ်အတွက်ကတော့ ဟင်းချိုရည် လိုသေးသဗျ...။   ဟင်းချိုရည် ဆိုတာကေ
တာ့ အခဲအယဉ်းကြီးမဟုတ်ပါဘူး...။    ငါးအကြီးတစ်ကောင်လောက်ကို ၀ယ်၊  အကြေးခွံ ချွတ်ပြီး ငံပြာ
ရည်လေး ထည့်ပြီး ပြုတ်ပါတယ်...။   ပြီးမှ ငါးအရိုးတွေကိုဖယ်၊    အသားကို ကြေအောင် ဓါးနဲ့ နုတ်နုတ်
စင်းပြီး ခဏက ငါးပြုတ်ရည်အိုးထဲကို ထည့်ပါတယ်...။   ပူလာပြီဆိုရင်တော့ ဂျင်းရယ်၊    တရုတ်နံနံပင်
ရယ်၊ အချိုမှုန့်ရယ် ၊ ဆားရယ်၊ ဆီအနည်းငယ်ရယ် ထည့်လိုက်တာပါပဲ...။     ဟင်းရည် ကျက်ပြီဆိုရင်ေ
တာ့ မုန့်ပွဲပြင်ပြီလေ...

ပန်းကန်ထဲကိုမုန့်ဖက်ထည့် ၊ အပေါ်ကနေပြီး ပဲမှုန့်ထည့်၊ ဆီချက်ထည့် ၊ ကြက်သွန်ကြော်လေးဖြူး၊ မုန့်
ခြောက်ဖက်လေးထည့်၊ နံနံပင်ကြိုက်ရင်ထည့်၊    ကြက်သွန်ဖူးကြိုက်ရင် ကြက်သွန်ဖူးထည့်၊ ငံပြာရည်၊
အချိုမှုန့်၊ ငရုတ်သီးလှော်ထောင်းလေးကိုထည့်၊ အပေါ်က ဟင်းချိုရည်လေး  ဆမ်းပြီးနယ်လိုက်ရင်တေ
ာ့ ရှယ် မုန့်ဟင်းခါးတစ်ပွဲပဲ..။    နယ်လိုက်လို့ ကျဲတဲတဲ ကြီးဖြစ်နေရင် ပဲမှုန့်ထည့်နယ်..။ ထွေးထွေးကြီးမ
ကြိုက်ရင် ပဲမှုန့် လျှော့ထည့်ပေါ့..။ ပဲမှုန့်ကလည်း အစစ် အကျက်မှုန့်ဆိုတော့မွှေး၊   ငရုတ်သီးလှော်လေ
းကလည်း မွှေးဆိုတော့ အရမ်းစားကောင်းတာဗျာ...။     မုန့်ဟင်းခါးသုပ်စားလိုက်၊ ငါးဟင်းချိုလေးသော
က်လိုက်နဲ့ အရမ်းစားလို့ကောင်းတာလေ...။   ဟင်းချိုကလည်း ဂျင်းနံ့နဲ့ ၊တရုတ်နံနံ နံ့လေးကမွှေးနေသ
လို ငါးကလည်း လတ်ဆက်တော့ ချိုတယ်ဗျို...။     (ကျွန်တော်တို့က ဧရာဝတီမြစ်နဲ့ သိပ်မဝေးလို့ လတ်
လတ် ဆက်ဆက် ရတာပါ... ရေခဲရိုက်တွေ ဆိုရင်တော့ အချိုပေါ့လိမ့်မယ်...)။    အဲဒါကေတာ့ အညာေ
မြက အသားမပါပဲ ကောင်းတဲ့ မုန့်ဟင်းခါး(ခ) မုန့်ဟင်းချိုပေါ့နော်...။

တပင်တိုင်မုန့်ဟင်းခါး မုန့်ရည် မထည့်ခင်(GG)
နောက်တစ်မျိုးက တပင်တိုင်ပေါ့...။  တပင်တိုင်စားတဲ့ အခါမှာတော့  နန်းသေးတာကိုပဲကြိုက်တယ်..
လိုအပ်တဲ့ ပစ္စည်းတွေကတော့   မုန့်ဟင်းခါးသုပ်အတိုင်းပါပဲ.. ကွာသွားတာက ဟင်းရည် ချက်တဲ့နေ
ရာမှာပဲ ကွာတာပါ...။ ဟင်းရေ ချက်တာက ဒီလိုလေးပါ...

ငါးကိုဝယ် ၊ အကြေးခွံချွတ်ပြီး ငါးကို ပြုတ်လိုက်ပါတယ်။ ငံပြာရည်လေးထည့်၊ ဂျင်းလေးထည့်ပြီးပေါ့
...။ အဲဒါ ပြုတ်နေတုန်း ဆနွင်းရယ်၊ ဂျင်းရယ်၊ ကြက်သွန်ဖြူရယ်  ရောပြီး ဆီသတ်ထားလိုက်ပါအုံး..။
ငါးပြုတ်တာ နူးပြီ ဆိုရင်တော့ အရိုးနွင်ပြီး ငါးကို ကြေအောင်ခြေ၊ ပြီးတော့ ဆီသတ်ပြီးသားနဲ့ နွမ်းသွ
ားအောင် ကြော်လိုက်ပေါ့...။ ပြီးရင်တော့ ဟင်းရည်အိုးထဲမှာ ဆန်လှော်မှုန့်ရယ်၊ ပဲမှုန့် အနည်းငယ်ေ
လးထည့် ဆီသတ်ပြီးသား ငါးတွေရယ် ရောပြီး မွှေလိုက်ပါ၊ ကြက်သွန်နီ ဥ သေးသေးလေးတွေလည်း
ပါသေးတယ်၊ငှက်ပျောအူ ရှိရင်လည်း ထည့်ပေါ့...ပြီးတော့ မီးဖိုပေါ်မှာ မီးကြီးများများနဲ့ နှပ်ထားလိုက်
ပါ...။ အားလုံး နူးအိ နပ်ပြီး  အရသာကောင်းသွားပြီဆိုရင်တော့ စားလို့ရပြီဗျို့...။ ဟင်းရည်က ကျဲ ကျဲ
နော်..။

မုန့်ဖက်နဲ့ ဟင်းရည် ထည့်ပြီး စားရုံပဲ...။ ဟင်းရည်လေးကလည်း ကောင်းတော့ စားလို့ အရမ်းကောင်း
တယ်ဗျာ...။ ပဲကြော်လေးနဲ့ စားလည်း ကောင်းတယ်...။           ကိုင်း.. ဒါကတော့ အညာမြေက တပင်
တိုင်မုန့်ဟင်းခါးပေါ့...။

ကျွန်တော် ဒီမှာ မုန့်ဟင်းခါးချက်စားကြည့်တယ်... လုံးဝ မကောင်းဘူး...။    ပစ္စည်းမစုံလို့ထင်ပါတယ်...
ဘာပဲပြောပြောဗျာ... အညာမြေကို ကျွန်တော် အရမ်းလွမ်းနေပြီ...။

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....

ရာဇာ(ကျေးလက်သားလေး)
3.4.2011

8 comments:

Angelhlaing(May everybody be happy and healthy! said...

စားချင်နေပါတယ်ဆို လူကိုနှိပ်စက်နေတယ်ဟင့်ဟင့်
တော်တော်ဆိုးတဲ့အကို..:P:P
စားချင်လို့ပါဗျို့ တစ်ပွဲလောက်...

ရွှေညာသား said...

ဗိုက်ဆာနေတုန်း လာလည်မိတာ ကျုပ်အမှားပါပဲ ကိုရာဇာရေ....:P ကိုယ့်အကြောင်းကို သိလို့ ထမင်းမစားရသေးဘဲ အိမ်လည်ကို မထွက်ဘူး...:P ဒါတောင် အစားအသောက် ရှိတဲ့အိမ်တွေသွားလည်ရင် ဂလု မိသေးတယ်...:P
တကယ်ပြောတာပါ.....စတယ်လို့မထင်ပါနဲ့....:P ကျောက်ပန်းတောင်းနဲ့ မြင်းခြံနီးနီးလေးနော် ပြန်ရောက်လို့ကတော့ ရွာကိုလိုက်လည်ပြီး ဘလော့မှာရေးတဲ့ အစားအစာတွေ ချက်ကျွေးခိုင်းမယ်...စာရင်းပြုစုထားတယ်....:P ပျော်ရွှင်ပါစေ.... ဗိုက်တွေဆာလွန်းလို့ ပြန်ပြေးပြီဗျို့....တာ့တာ

ma yu said...

အောင်မြလေး ဗိုက်တွေဆာလိုက်တာနော်။ ကျေးဇုးပါကျေးလက်သားလေး OR
မြန်မာပြည်ကကောင်းဘွိုင်လေးရေ။ ၂ပွဲတောင်စားသွားတယ်။ ထပ်ပြီးချက်ကျွေ
း စေချင်တာတွေ ကျန်သေးတယ်။ ဥပမာ ၁)ညောင်ချဉ်ဖူးသုတ် အစရှိသဖြင့်
ပေါ့။ အမလဲ နန်းသေးတာကို ပိုကြိုက်တယ်။ မယု

yar zar said...

ညီမရေ နှစ်ပွဲ ပို့လိုက်တယ်နော်...။ ငရုတ်သီးလှော်ထောင်းလေးလည်း
ထည့်ပေးလိုက်တယ်။ ၀အောင်စားနော်...

ရွှေညာသားလေးရေ မြင်းခြံနဲ့ ကျောက်ပန်းတောင်း မဝေးပါဘူး.. လာလ
ည်ပါ.. ကြိုဆိုနေပါတယ်...။ စားချင်ရာ အကုန်လုပ်ကျွေးမယ်နော်...။

yar zar said...

အညာသူ မမယုရေ နှစ်ပွဲပဲ စားသွားတာလား..။ စားလို့ မကောင်းဘူး
ထင်တယ်...။ လာလည်တာ ကျေးဇူးပါနော်...။
မမယုက ဘယ်နယ်ကလဲဗျ...

ma yu said...

ဘယ်ကလာသလဲ။ ဘယ်နယ်ကလဲ။ အလယ်ကလူ။ စကားဝဲအိ။ :)။ နတ်မောက် တောင်တွင်းပါရှင်။ ငယ်ငယ်ကတည်းက သိပ်မနေခဲ့ရပါဘူး။ ဒါပေမဲ့ အညာသူလို့  အမြဲ ပြောပါတယ်။ နွေရာသီကျောင်းပိတ်ရက်လောက်
ပဲ နေဘူးတာပါ။

ma yu said...

ကျေးလက်သားလေးရေ ပဲမှုန့် က indian market တွေမှာရတယ်လေ။
gram flour လို့ ခေါ်တယ် ထင်တယ်။

zay yar said...

အခုမှ ရောက်ဖူးတာဗျ Googel မှာ ပုံလေးရှာရင်းနဲ့ ဒီဆိုဒ်ကို တွေ့တာ စိတ်ဝင်စားတာနဲ့ ၀င်ကြည့်လိုက်တာ တကယ်လည်းကောင်းပါတယ် တကယ်လည်း ကျေးဇူးတင်ပါတယ်ဗျာ

Post a Comment