Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, April 2, 2011

တောသဘာဝလေးများ


အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
အခု ကျွန်တော် ရေးစပ်သီကုံး ရင်ဖွင့်မှာကတော့ ကျေးလက် တောသူ၊ တောင်သားတွေရဲ့ တစ်နေ့တာ
လုပ်ငန်းတွေ ၊တာဝန်တွေ အကြောင်းပဲ ဖြစ်ပါတယ်။   လူကြီးမှ ကလေးအဆုံး တစ်ယောက် မှ အနားမ
ယူပဲ လုပ်ကိုင် နေကြတာပါ။ ဈေးသည်က   ဈေးသည်အလုပ်၊ ကျောင်းဆရာက  ကျောင်းဆရာအလုပ်၊
ကျောင်းသားကလည်း ကျောင်းသားအလုပ်၊ တောထဲသွားမယ့်သူတွေကလည်း  တောထဲသွားမယ့် အ
လုပ် ၊ အိမ်မှာကျန်နေခဲ့ လူတွေကလည်း အိမ်အလုပ် ကိုယ့်တာဝန်ကို ကိုယ်လုပ်နေကြရတာပါ...။

မနက်(3)နာရီခွဲ ပြီဆိုလျှင် ရွာဦးကျောင်းမှ တုံးခေါက်သံကို ကြားရပေပြီ...။ တစ်ရွာလုံးမှာ ရှိတဲ့ ကြက်
ဖ တွေကလည်း သံစုံတွန်ကျူးလို့...။ တောအရပ် မှာ နာရီနှိုးစက်သံမလို...။ အိမ်တိုင်း၊ အိမ်တိုင်း အိမ်
ရှင် မတို့ ဆွမ်းအတွက်၊ အိမ်ကလူတွေ အတွက်၊ တောထဲမှာ ငှားတဲ့ လူငှားတွေအတွက် ချက်ပြုတ်ပြ
င်ဆင် ဖို့ မီးခွက်လေးတွေ ကိုယ်စီနဲ့ ထကြပေပြီ...။  အိမ်ထောင်ဦးစီးတို့ကလည်း ထပြီး နွားတွေကိုေ
ကျွးကြပြီ...။ နွားစာ ကုန်နေပါက နွားစာ စင်းတဲ့ အသံလေးကလည်း စည်းချက် ၊ ၀ါးချက် မိမိနဲ့ နားေ
ထာင်လို့ ကောင်းပေသည်။ ကလေးတွေကတော့ အိပ်တုန်းပေါ့...။   အစ်မအရွယ် မိန်းမပျိုလေးတွေ၊
အဒေါ်တွေကတော့ မနက်စောစော တောထဲမသွားခင် အမှိုက်လှဲပေါ့။ ပြီးရင် အမှိုက်တွေကို စုပုံထား
ခဲ့တယ်။ အဲဒီ အမှိုက်တွေကို ကလေးတွေ ထမှ အမှိုက်ကျုံး၊ နောက်ချေးကျုံး ကြတာပါ။ ပြီးမှ ရေမိုးချိုး
၊ ထမင်းစားပြီး ကျောင်းသွားကြရတာလေ...။


 အရုဏ်တက် အချိန်လေး ဆိုလျှင် ရွာဦးကျောင်းက ကျောင်းသားလေးတို့    ဆွမ်းအုပ် လာယူကြပေမ
ည်။ ဘုန်းကြီး ကျောင်းသားလေးတွေရဲ့ အရီး ဆွမ်းအုပ်ဗျို့ လို့ အော်တဲ့ အသံလေးတွေကလည်း နာဝင်
ချိုစရာ။ အဘွားရဲ့ မျက်နှာသစ်တော်ရေကပ်၊ ပန်းကပ်၊ ဆီမီးကပ်ပြီး အမျှဝေ ၊   သာဓု ခေါ်သံကလည်း
ကျက်သရေ ရှိလိုက်တဲ့ ဖြစ်ခြင်း၊ ကျေးငှက်သာရကာလေးရဲ့ အိပ်တန်းထ သံစုံလေးများကလည်း ကျေး
လက်သရုပ်ကို ပီပြင်စေလိုက်တဲ့ ဖြစ်ခြင်း...။

တောထဲသွားပုံ(GG)

နွားထွန်နေပုံ(GG)

အရှေ့အရပ်က နေလုံးကြီးထွက်လာပြီ ဆိုတာနဲ့ တောသူ ၊တောင်သားတို့ လုပ်ငန်းခွင်သို့ ၀င်ကြပေပြီ
...။ လှည်းလေး တစ်ကျွီကျွီနဲ့ နွားထွန်သွားတဲ့သူက သွား၊ မြက်နှုတ် သွားတဲ့သူကသွား နဲ့ စုံနေတာပါ
ပဲ...။ အိမ်မှာ ကျန်နေခဲ့တဲ့ သူတွေကလည်း လုပ်စရာရှိတာ လုပ်ကြရပါတယ်။ ရေခပ်တဲ့သူက ရေခပ်၊
ထမင်းတောင်း လိုက်ပို့ဖို့ ပြင်တဲ့သူက ပြင်၊ ဘုန်းကြီးတွေ ၊ ဦးဇင်းတွေ၊ ကိုရင်တွေ ဆွမ်းခံကြွလာရင်ေ
လာင်းတဲ့သူကလောင်း၊ အဘိုးကြီး ၊ အဘွားကြီးတွေဆို အိမ်မှာ အိမ်စောင့် အနေနဲ့ ကျန်နေခဲ့ကြတာ
ပါ။နောက်ပြီး ဘုရားဆွမ်းတော်ကပ်၊ ဧည့်သည်လာရင် ဧည့်ခံပေါ့... သာရေး၊ နာရေး လူကြီးတွေကပဲ
လုပ်တာပါ။

တောထဲမှာဆိုရင် နွားထွန်တဲ့သူကရှေ့ကထွန်၊ နောက်က အမှိုက်ကောက်တဲ့သူက ကောက်၊ ထမင်းေ
တာင်း လာပို့ပြီဆိုရင် ၀ိုင်းဖွဲ့ပြီး ထမင်းစားကြရတာလဲ ပျော်စရာ တစ်ခုပါပဲ။ အဲဒီ အချိန်မှာ ရှေးဟောင်း
နှောင်းဖြစ်တွေ ပြောကြတယ်၊ စကားထာ ဖွတ်ကြတယ်၊ ဟာသတွေကို ပြောပြကြတယ် အစုံပါပဲ....။

ဆပ်ပင်များ(GG)
ရေခပ်နေပုံ(GG)
မြက်ရိတ်လာပုံ(GG)
နွားစာစင်းနေပုံ(GG)

မြက်ရိတ်တဲ့ သူကတော့မြက်ရဖို့ အရေး လုံးပန်းရပြန်ရော။ မြက်ရိတ်တယ် ဆိုလို့ ကျွန်တော်ရဲ့ ကိုယ်
တွေ့လေး ပြောပြပါအုံးမယ်...။ တစ်ရက် ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော် တောထဲကို ဆပ်ရိုး သွားရိတ်
တာ...။ (မြက်ရိတ်တဲ့ အခါပဲ ဖြစ်ဖြစ်၊ စပါးရိတ်တာပဲ ဖြစ်ဖြစ်၊ ပဲရိတ်တာပဲဖြစ်ဖြစ်... အဲလိုတွေ ရိတ်တဲ့
အခါမှာ မျက်နှာချင်းဆိုင်ပြီး မရိတ်ရဘူး၊ နေကို ဒဲ့ ကြည့်ပြီး မရိတ်ရဘူးတဲ့...။  အဲလိုမျိုးရိတ်ရင် အန္တရာ
ယ် တစ်ခုခု ဖြစ်တတ်တယ်တဲ့..။) အစ်ကိုက တောင် ဘက် စည်းတန်း (ကန်သင်း) ကရိတ်တာ  ကျွန်ေ
တ်ာက အရှေ့ဘက် စည်းတန်းကရိတ်တာ။ အဲဒီနေရာမှာ ဆူးလေဆူး တွေကလည်း အပြည့်ပဲ ဖိနပ် ပါ
တာတောင် တစ်ခါတစ်လေ စူးသေးသဗျ...။   အဲဒါနဲ့ ကျွန်တော်လည်းမရိတ်ခင် တံစဉ်လေးကို လက်နှ
စ်ဘက်နဲ့ အုပ်ကိုင် အရှေ့အရပ်ကိုလှည့်ပြီး   ဂါထာလေး ရွတ်လိုက်သေးတာ...။ ပြီးတော့ ဆပ်ပင်ကိုရိ
တ်ရော ဆပ်ပင် ငါးပင် လောက်ပဲ ရိတ်ရသေးတယ်။ ဆပ်ပင်ကြားက မြွေပွေး ကြီးကို လက်နဲ့ ဆွဲမိပါေ
ရာဗျို့...။ မနက်ခင်းဆိုတော့ သူက ခွေနေတာလေ(အိပ်နေတာနေမှာပေါ့)။   ကျွန်တော်လည်း လန့်ပြီး
ပြေးပါလေရာ..။ အဲဒီအချိန်မှာ လက်ထဲကတံစဉ် ကြီးကိုလွှတ်ပစ်လိုက်ပြီး ဖိနပ်ကပါ   ကျွတ်သွားသေး
တယ်၊ ခေါင်းကလည်း ကြီးသွားသေးတယ်။ ဆူးလေဆူးတွေ ပေါပါတယ်ဆိုတဲ့ နေရာကလည်း ဆူးတစ်
ချောင်းမှ မစူးဘူးဗျ...။ ကျွန်တော်အော်သံ ကြားလို့ အစ်ကိုက ပြေးလာပြီး မြွေကို ရှာတာလေ...။ မြွေက
မတွေ့တော့ပဲ ကျွန်တော်တို့ ၀ါခင်းထဲကို ၀င်သွားတာပေါ့။ ကျွန်တော်လည်း ဆက်ပြီးတော့ကို မရိတ်ရဲ
တော့ဘူး... လူကလည်း တုန်တုန်ရီရီနဲ့လေ...။ နောက်တော့ ရွာက လူတွေတောသွားတော့ ကျွန်တော်
တို့ အနားရောက်လာတယ်။ အကျိုး အကြောင်းပြောပြမှ သူတို့လည်း ၀ိုင်းပြီး ရှာကြတာ။ မောင်မင်းကြီး
သား မြွေပွေးက ၀ါခင်းထဲက ကျွန်တော်တို့နဲ့   သိပ်မဝေးတဲ့  နေရာမှာ စင်းစင်းကြီးဗျာ။  မြွေကြီးလည်း
တွေ့ရော ခွနဲ့ ခေါင်းကို ပစ်၊ မသွားနိုင်တော့ဘူး ဆိုမှ ရိုက်သတ်ပစ်တာလေ။ ကျွန်တော်ကတော့ တော်
တော်လေးကို လန့်သွားတယ်။ ဗဟုသုတ အနေနဲ့ ပြောအုံးမယ်...  မြွေသတ်ပြီး ခေါင်းဖြတ် မြေမမြှုပ်ရ
ဘူးဗျ...။ အဲလို မြှုပ်ရင် တောကြမ်းတတ်တယ်။ (တောကြမ်းတယ် ဆိုတာ မြွေပေါတာကို ပြောတာပါ)။
ကျွန်တော် ရွတ်လိုက်တဲ့ ဂါထာရဲ့ အစွမ်းလား၊ ကျွန်တော်ပဲ သေနှစ်  မစေ့သေးလို့လား မသိဘူး..။ တ
ကယ်လို့သာ သေသွားခဲ့မယ်ဆိုရင် ကျွန်တော် အခုချိန် ဘယ်ရောက်နေပြီလဲ မသိဘူး...။

တောထဲမှ ပြန်လာပုံ(GG)

ကလေးငယ်များရေခပ်နေပုံ(GG)
11 နာရီလောက်ဆိုရင်တော့ နွားထွန်တဲ့ သူတွေက နွားတွေကို ထွန်ကိုဖြုတ် လှည်းကောက်ပြီး အိမ်ကို
ပြန်ကြတယ်။(တစ်ချို့ အရပ်ဒေသက လှည်းကောက်တာကို လှည်းက တာတဲ့၊ မီးပုလွေကို မီးဖရောင်း
တဲ့၊ ပုတ်ကို တိုတဲ့ မတူကြဘူးနော်... အခေါ်အဝေါ်တွေက)။ အဲလို ပြန်ပြီဆိုရင် နွားတွေကလည်း လွှ
တ်သိတာ... မြူးကြွပြီးတော့ ကို သွားတာ။ အသွားများ ဆိုရင်တော့ ပျင်းတိ ပျင်းရွဲနဲ့...။ အိမ်ပြန်ရောက်
ရင်တော့ နွားတွေကို ကျွေး ၀ရင် တမာပင်အရိပ်၊ မန်ကျည်းပင် အရိပ်၊ ကုက္ကိုပင် အရိပ်တွေအောက်မှ
ာချည်ထားရော နွားတွေလည်း အိပ်ကြရော။ လူတွေကတော့ ရေမိုးချိုး၊ ထမင်းစားပြီး လုပ်စရာရှိတာ
လုပ်ကြရော။ ညနေစောင်းပြန်တော့ တစ်ခါ အိမ်ရှင်မတွေက စားဖို့ သောက်ဖို့ ချက်ရပြုတ်ရပြန်ရော။
ယောက်ျားလေးတွေကတော့ နွားစာစင်းရ ၊ နွားကျွေးရ ၊ ထင်းခွဲရ နဲ့ စုံနေတာပါပဲ။ ညနေစာ ထမင်းစာ
းသောက်ပြီးရင်တော့ မီးခွက်လေးတွေ ထွန်းကြရော။ ဖယောင်းတိုင်ကို သိပ်မသုံးဘူးဗျ...။ ညှော်နံ့နံသ
လို၊ လေတိုက်ရင် အထွန်းမခံလို့ မသုံးကျတာပါ။ ရေနံဆီ မီးခွက်ပဲ သုံးတာလေ။ မှောင်နေလို့ မီးခွက်မ
ထွန်းရင် လူကြီးတွေက ပြောတတ်ကြပါတယ်။ နေ၀င် မီးလက်၊ စီးပွားတက်တဲ့လေ...။
အဲဒီ အချိန်မှာ ဗီဒီယို ပြတဲ့သူလည်း ဓါတ်စက် ကြီးနဲ့ အော်ပြန်ရော။ ဇာတ်ကားကြည့်တဲ့ သူတွေကသွား
ကြည့် ၊ အိမ်မှာ နေတဲ့ သူတွေကနေနဲ့ 9 နာရီ 10 နာရီဆို အိပ်ကုန်ကြပြီ...။

အဲဒါတွေကတော့ တောသူ၊ တောင်သားတွေ နေ့တိုင်းပုံမှန် လည်ပတ်နေတဲ့ ... သူ့တာဝန် သူ့အလုပ်ေ
လးတွေပါပဲ...။ ဘာရယ် မဟုတ်ပါဘူး... သတိရလို့ ရေးလိုက်ခြင်းပါ...။

(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....

ရာဇာ(ကျေးတောသားလေး)
2.4.2011



13 comments:

ရွှေညာသား said...

ညနေစာ စားသောက်ပြီး လူပျိုလှည့်တာတွေရော မပါတော့ဘူးလား...:P စတာပါ...ရွာအကြောင်းတွေ ဖတ်ရရင် ရွာကိုအတော်ပြန်ချင်တယ်... ကိုရာဇာပြောတာလေးတွေက ကိုယ်တိုင်လုပ်ခဲ့ရတာလေးတွေ တချို့နဲတိုက်ဆိုင်နေတယ်... တောသားဘ၀တုန်းကပေါ့...ဟဲဟဲ... ပျော်ရွှင်ပါစေဗျာ....

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ကျေးလက်ဒေသရဲ့ အလေ့အထလေးတွေ ကြည့်ပြိးကြည်နူးရပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ကိုဇော် said...

ဗဟုသုတလေးတွေကို ပေါ်ပေါ်လွင်လွင် ရေးသွားတာ ကောင်းတယ်ဗျာ။
ပြန်လည် အမှတ်ရတဲ့ သဘောလည်း ဖြစ်တာပေါ့။

akhayar said...

ဆပ်ပင်ဆိုတာဘယ်လိုပင်မျိုးလဲနော် မသိလို့ပါ...အသုံးဝင်ပုံလေး
ကံကောင်းလို့အခုလိုဖတ်ရတာပေါ့နော်..မြွေကိုက်သွားရင်တောဓလေ့အကြောင်း
ဖတ်ခွင့်ရမှာမဟုတ်ဘူးလေ....

ညိမ်းနိုင် said...

ဘာတဲ့ နင်ဦးတော့ ကက်ဆက်၊ငါဦးတော့ တနပ်ချက်တဲ့...၊မြွေပွေးပြောပါတယ်။
သူဦးတော့ အသုဘမှာ ကက်ဆက်ဖွင့်ရရော...၊ကိုယ်ဦးတော့ ရိုက်နှက်ပြီး ချက်
စားပလိုက်ရော.....၊ညီရော...အဲ့တုန်းက ချက်မစားလိုက်ဘူးလား...:))))
ကိုယ်ကြားဖူးတာက မြွေပွေးခေါင်းကို မြေမြုပ်ရတယ်တဲ့၊ဒီအတိုင်လွင့်ပစ်လိုက်
ရင် သူ့အဖော်က သူ့မျက်လုံးမှာ ဒါ့ပုံရိုက်ထားသလိုပေါ်နေတဲ့ ရန်သူကိုလာကြည့်
ပြီး လာပေါက်သတ်ရောဆိုပဲ...။အင်းလေ...ဒါမျိုးတွေက တစ်ရွာတစ်ပုဒ်စမ်း ဆို
သလိုပေါ့လေ....။ရာဇာတို့ ညည လူပျိုလှည့်တဲ့ အကြောင်းလေး လုပ်ဦးလေ..:)

...အလင်းစက်များ said...

ကျေးလက်သဘာဝလေးကို ရှင်းရှင်းလင်းလင်းလေး မြင်လိုက်ရတယ်.. ကိုရာဇာ တော်ပါ့ဗျား..... ကျနော်လဲ ငယ်ငယ်က ကျေးလက်နဲ့  အတော်လေး နီးစပ်ပါတယ်။ မှတ်ဥာဏ် အချို့ ဖျတ်ကနဲ ပြန်ဝင်လာသဗျာ...

ကျေးဇူးတင်လိုက်တာ... ကျနော်လဲ အားတဲ့ခါ ရေးဦးမယ်။

yar zar said...

ရွှေညာသားလေး>>> အမြဲတမ်းလာပြီး အားပေးတာ ကျေးဇူး
အိန်ဂျယ်>>> ကျေးလက်ရဲ့ သဘာဝလေးတွေ မြင်ပြီး ကြည်
နူးရတယ်ဆိုလို့ ၀မ်းသာမိပါတယ်...။
ကိုဇော်>>> လာရောက် အားပေးတာ ကျေးဇူး အထူးတင်ပါ
တယ်ဗျာ...။
အက္ခရာ>>> ဆပ်ပင်က ပုံလေးတင်ထားတယ်လေ။ ဆပ်ရိုး
ကို နွားကျွေးရတယ်။ ဆပ်စေ့ကို ကြက်တွေ၊ ငှက်တွေကို
ကျွေးရတယ်...

yar zar said...

မောင်လေး>>> မှတ်သားစရာလေးပါ။ နင်ဦးတော့ ကက်စက်၊ ငါဦး
တော့ တနပ်ချက် ဆိုတာလေ...။ မြွေပွေးခေါင်းကို မြေမြှုပ်ရင်တော
ကြမ်းတယ်၊ ဒီတိုင်း ပစ်လိုက်ရင် မောင်လေး ပြောသလိုပါပဲ...
ဒီအတိုင်လွင့်ပစ်လိုက်
ရင် သူ့အဖော်က သူ့မျက်လုံးမှာဓါတ်ပုံရိုက်ထားသလိုပေါ်နေတဲ့ ရန်သူကိုလာကြည့်ပြီး လာပေါက်သတ်ရော။ အဲလို တွေဖြစ်မှာဆိုးလို့
မီးရှို့ပစ်ရတာလေ...။ မောင်လေး ပြောတဲ့ အချက် ကျန်နေခဲ့လို့..:P

အလင်းစက်>>> အမြဲတမ်းလာပြီး အားပေးတာ ကျေးဇူးပါဗျာ..
အညာ အကြောင်းလေးကို အားရင် ရေးမယ်ဆိုလို့ ၀မ်းသာမိပါတယ်။

ကွန်မန့် မပေးပဲ ဖတ်ရှုကြတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်။
အားလုံး လိုရာဆန္ဒတွေ ပြည့်ပါစေဗျာ...
လေးစားလျက်
ရာဇာ(ကျေးလက်သားလေး)

yar zar said...

မောင်လေး>> မှတ်သားစရာပါ..နင်ဦးတော့ ကက်စက်၊ ငါဦးတော့
တနပ်ချက်ဆိုတာလေ..။ ကျွန်တော် အဲတုန်းက ငယ်သေးတော့ မြွေ
သားမစားလိုက်ဘူး.. ကြီးတော့လည်း မစားပါဘူး..ဟီးးးးးးးးး
မြွေခေါင်းမြှုပ်ရင် တောကြမ်း
ဒီတိုင်းပစ်ရင် မောင်လေးပြောသလို
အဲဒါကြောင့် မီးရှို့ရတာပါ.. ကျွန်တော် ကျန်ခဲ့တာ..:P

yar zar said...

အလင်းစက်>>> အမြဲတမ်း လာရောက်ဖတ်ရှုတာ ကျေးဇူးပါဗျာ..
အားရင် အညာအကြောင်းလေး ရေးမယ်ဆိုလို့ ၀မ်းသာမိပါတယ်..
ကွန်မန့် မပေးပဲ လာရောက် ဖတ်ရှုကြတဲ့ မိတ်ဆွေတွေကိုလည်း
ကျေးဇူးတင်ပါတယ်..
အားလုံးလိုရာဆန္ဒ ပြည့်ဝကြပါစေ..
လေးစားလျက်
ရာဇာ(ကျေးလက်သားလေး)

ရွှေညာသား said...

ဆပ်စေ့ကို အိုးကင်းမှာ မီးနဲ့အပူပေး မောင်းနဲ့ထောင်း ဆန်နဲ့ရောပြီး ဆပ်ထမင်းချက်စားရင် မွှေးမွှေးလေးနဲ့ စားလို့အတော်ကောင်းတယ်။ လှော်ထားတော့ မီးသင်းနံ့လေးက မွှေးနေတာပဲ။ ခရမ်းချဉ်သီးထောင်း ငရုတ်သီးစပ်စပ်လေးနဲ့ ဆို လိုက်ဖက်သလား မမေးနဲ့ဗျာ....ဂလု....ဂလု....ဖြစ်သွားမယ်......:P

yar zar said...

ရွှေညာသားလေးရ ကျွန်တော်တို့ အညာဘက်မှာတော့ ဆပ်စေ့ကို စား
ရမှန်းတောင် မသိကြဘူး...။ သိတဲ့ဟာလေး ဝေမျှတာ ကျေးဇူးပါ..

Kyarphyuhtet said...

တောသဘာဝလေးကို ကြိုက်ပါတယ်.......

Post a Comment