Monday, February 21, 2011
ကွမ်းတောင်ကိုင်နှင့် အညာအလှူ(၁)
“ ဟဲ့မိကြည် ညီးတို့လှူမလို့ဆိုအေ့၊ ဟုတ်ပါ့ အရီးပုရယ် ကောက်ကြီးတက်လှူမယ်လို့မှန်းတယ်တော့။
ဖိုးကောက်က သင်္ကန်းနိုင်ပြီလေတော်...အဲတော့ဒီနှစ်လှူမယ်လို့ဆုံးဖြတ်ထားတာပဲ...။အေးလှူပါအေ...။
ငါတို့ရွာမှာမိုးလေ၀သကမကောင်းတော့ သိပ်ပြီးမလှူနိုင်ကြဘူးအေ...။ညီးလှူမယ်လို့ပြောတော့ ရွာထဲကအ
ပျိုတွေရော ၊တစ်ရွာလုံးရော ပျော်နေကြတာတော်...။အင်းပါတော် အင်းပါ... ကျုပ်လှူကိုလှူမယ်တော်။ အေး
... အဲဒါဆို ငါမောင်းခတ်လိုက်တော့မယ်အေ...အင်းအရီးပုပြော
တော်...။“ဒီလိုနဲ့အရီးပုတစ်ယောက် အကြော်ဗန်းလေးကိုရွက်ပြီးထသွားပါတယ်။ဟဲ့မိတင်တို့အကြော်စုံ
တော်.. အကြော်စုံ...။အရီးပုရယ်ဒီနေ့တော့ တော်ပါပြီတော်...အိမ်ကလူတွေအကုန်လုံးကျန်တဲ့ထမင်းကြမ်း
လေးကိုပဲပြုတ်လေးနဲ့ကြော်ပြီးကျွေးလိုက်တယ်တော်...။တောသွားတဲ့သူကသွား၊ကလေးတွေကတော့ကျေ
ာင်းသွားကြပြီ...။ကျုပ်ကယက်ကန်းတမ်းလေး အပြီးသတ်မလို့နေခဲ့တာတော့...။အေး ဒါနဲ့ပြောရအုံးမယ်
အေ.. မိကြည်လေ သူ့သားဖိုးကောက်လေးကိုဒီနှစ်ရှင်ပြုပေးမှာ တို့ရွာတော့အလှူရှိပြီတော်...။ညီးသမီး လုံး
တင်လေးက ကွမ်းတောင်ကိုင်လို့ရတဲ့အရွယ်ရောက်နေပြီ...။ သူတို့တစ်ခါမှမတွေ့ဖူး၊
မကြုံဖူးတဲ့ တို့ရွာအလှူကို သူတို့တွေ့ရတော့မှာတော်... ညီးတို့ အ၀တ်အစားဖိုးစုထားပေတော့။အင်းစုရမှာ
ပေါ့တော်... စုရမှာပေါ့။အေးငါသွားအုံးမယ်အေ၊ အကြော်တွေက ကျန်သေးလို့အေ့...။အင်းအင်းအရီးပုကျုပ်
လည်းရွာထဲကလူတွေကိုပြောအုံးမယ် ...မိကြည်လှူမယ်ဆိုတာကို။ ဟဲ့...လှမောင်တို့အကြောပူပူလေးနော်
...အကြော်ပူပူလေး ..။လာပါအုံး အရီးပုရာ ဒီနေ့ လှစိန်က ဘာဟင်းမှချက်မသွားဘူး တောကိုစောစောသွား
ပြီးငရုတ်သီးဆွတ်သွားတယ်ဗျာ...။အေးပေါ့ဟယ် တစ်ခါတစ်လေတော့လည်း ဒီလိုပဲပေါ့ လှမောင်ရယ်...
ဘယ်လောက်ဖိုးယူမှာတုန်းလှမောင်၊ ကလေးတွေနဲ့ ကျုပ်နဲ့ဆိုတော့ ဆန်နှစ်ဗူး ဖိုးထည့်ခဲ့ပါဗျာ...ဈေးဖိုးကို
တော့ ညနေမှ လာခဲ့တော့ဗျာ...။ကျုပ်ကထမင်းစားပြီးရင်သွားစရာရှိလို့ဗျ..အဲဒါကြောင့်လှစိန်နဲ့တောင်တေ
ာကိုလိုက်မသွားနိုင်ဘူး...အေးအေး.. လှမောင်နင်တို့လည်းကြိုးစားကြ.. ဒီနှစ် ဖိုးမောင်တို့ မိကြည်တို့လှူမှာ
..့...နင်တို့လည်း... သောကြာလေးကိုလှူပေးဖို့လုပ်ကြအုံး...။အင်းပါအရီးပုရာ နောက်နှစ်ကျုပ်တို့အလှည့်
ပေါ့ဗျာ...အေးအေး ငါဆက်ရောင်းလိုက်အုံးမယ်...။“ဒီလိုနဲ့ အရီးပုတစ်ယောက် ကိုဖိုးမောင် နဲ့ မကြည်တို့
အလှူအကြောင်းကို မောင်းခတ်လိုက်တာ တစ်ရွာလုံးကို တစ်မနက်တည်းနဲ့ ပျံ့သွားပါတော့တယ်...။
“ ဟဲ့ လှခင် တို့ တင်မေ တို့ ညီးတို့သိပြီးပြီလား မိကြည်တို့လှူမယ်ဆိုတာကို။ သိပြီးပါပြီ မမိတင်ရယ် ..
မနေ့က ကိုဖိုးမောင်နဲ့တွေ့လို့သူပြောနေတယ် တပေါင်း ၊ တန်ခူး မှန်းတယ်တဲ့တော့...။အေးကောင်းတာ
ပေါ့အေ...။ကျုပ်တို့ကတော့ အခုကတည်းက အ၀တ်အစားဝယ်ဖို့ ပြင်ဆင်နေပြီတော့ အိမ်က သမီးဖို့လေ၊
သားကတော့ ယောက်ျားလေးဆိုတော့ အထူးဝယ်ပေးစရာမလိုဘူးလေတော်၊ အာပေါင်အာရင်းသန်သန်နဲ့
မလှခင်က ပြောလိုက်လေသည်...။မတင်မေကလည်း အားကျမခံ ကျုပ်တို့ကလည်း အပျိုခေါင်းပါတော့ အ
မျိုးသမီးတွေ အုပ်ချုပ်ရမှာဆိုတော့ အ၀တ်အစားကလိုသတော်...။အဲဒါကြောင့် မိကြည်တို့လှူမယ်လို့အသံ
ကြားကတည်းက မြို့ကအမျိုးတွေဆီကိုလှမ်းပြီး မှာထားပြီတော်...။ အေးငါလည်း လုံးတင်လေးဖို့
ဇာအင်္ကျီတစ်စုံနဲ့ ချိတ်ထမီဝယ်ပေးဖို့ ဆုံးဖြတ်ထားတယ်အေ့...။ရွှေကတော့ မြောက်ဘက်ရွာကသွားငှားတ
ာပေါ့...။အင်းကောင်းပါတော် ကောင်းပါ“့...။
“ဂွေးပင်ကုန်းကျေးရွာ အတွင်း၌ နေထိုင်ကြကုန်သော လူကြီး၊ လူငယ်၊ လူလတ်၊မိန်းကလေး၊ယောက်ျား
လေးအားလုံးမကျန် ဒီကနေ့ည (၈)နာရီအချိန် ဦးဖိုးမောင် ၊ဒေါ်မိကြည် တို့ရဲ့အလှူပွဲ အတွက် ဆွေးနွေးတိုင်
ပင်စရာရှိပါသဖြင့် အားလုံး ဦးဖိုးမောင်အိမ်သို့ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားလိုက်ပါတယ်ခင်ဗျာ
...။ဦးလေးသံလုံးတစ်ယောက် မိုက်ကိုကိုင်ပြီး အကြိမ်ပေါင်းမြောက်များစွာအော်လိုက်ပါသည်...။
ဟဲ့ မိတင်တို့ ၊လှမောင်တို့ (၇)နာရီခွဲပြီဟဲ့ သွားကြစို့ နောက်ကြနေမယ်...အလှူရှင်တွေစိတ်ချမ်းသာမှကော
င်းမှာအေ့... ဟုတ်ပါပြီ အရီးပုရယ်၊ ကျုပ်တို့လာပြီ.. မမိတင် ကမန်းကတန်းထွက်လာပါသည်...။အရီးပုတို့မိ
တင်တို့ သွားနှင့်ဗျာ..။ကျုပ်လိုက်ခဲ့မယ် ဓါတ်မီးရှာမတွေ့သေးလို့ဗျ..ကလေးတွေဆော့ထားတယ်ထင်ပါတ
ယ်ဗျာ...ကျုပ်ထားတဲ့နေရာမရှိဘူး...။အေး... လှမောင်ရေ ဒါဆို တို့သွားနှင့်ပြီ မင်းလိုက်ခဲ့တော့ဟေ့...။
ဟုတ် အရီးပု သွားနှင့်သွားနှင့်..။ကိုင်း...လှခင်တို့တင်မေတို့သွားမယ်လေ...အရီးပုလားအမေတို့သွားပြီခဏ
လေးကမှပဲ..။ဟုတ်လား ဖိုးကုလားရဲ့..... ဟုတ်တယ် အရီးပု၊ အေးအေး ဒါဆို တို့သွားပြီ...။
အရီးပုတို့ ရောက်တဲ့အချိန်မှာတော့ ၀ိုင်းထဲလူတွေပြည့်လုနီးပါးရှိနေပြီ..။ကိုင်းတော်...မမိတင်ညီးတို့ကိုစော
င့်နေရတာနဲ့ အခုတော့ နောက်ကြပြီ...။ရပါတယ် အရီးပုရယ် ဟိုနားသွားထိုင်မယ်လေ ဆိုပြီး တမာပင်အေ
ာက်ရောက်သွားပါတယ်...။ ဟဲ့မိကြည်..တော်.. အရီးပုနဲ့ မမိတင်ပါလား ...အေးဟုတ်တယ်ဟဲ့...အင်းဒီမှာ
စပ်ချဉ်သုပ်နဲ့ ရေနွေး စားကြအုံးတော်..။ဘိုးတင့်ရောက်မလာသေးလို့တော့...အေး.. မိကြည်ရယ် ဦးဖိုးတင့်
ကြီးကအသက်ကြီးရှာပြီလေ...။မျက်လုံးကမှုန်တီမှုန်မွှားနဲ့ ခလုတ်၊ကန်သင်းတိုက်ပြီးလဲနေပါမယ်အေ...။
ကျုပ်ကပြောပါတယ် အရီးပုရယ၊် ညနေကတည်းက လာခေါ်ထားမယ်ဆိုတာကို သူက ငါညမှလာမယ်ရတ
ယ်လို့ပြောသွားလို့တော့... ။မိကြည် ဟိုမှာ ဘိုးတင့်ရောက်လာပြီဟဲ့သွားခေါ်သွားခေါ်ဆိုပြီး မမိတင်က
လက်တို့ပြီးပြောလိုက်ပါတယ်.“..။ ဘိုးတင့်ရောက်လာတော့.. ဟဖိုးမောင် လူစုံပြီလား၊ ဟုတ် ဘိုးတင့် အား
လုံး စုံလောက်ပြီဗျ...၀ိုင်းကြီးတော့ပြည့်သွားပြီ...။အေးအေး.. အဲဒါဆိုစမယ်ကွာ...။ကိုင်း အခုလိုလူစုလိုက်ရ
တာကတော့ ဖိုးမောင်နဲ့ မိကြည်တို့ အလှူပွဲအတွက် တိုင်ပင်ဖို့ ခေါ်လိုက်ရတာပဲကွ...။ဟုတ်ကဲ့ဘိုးတင့်..အ
လှူက ဘယ်လထဲလည်းဗျ...ကိုလှမောင်ကထမေးလိုက်ပါတယ်။လှမောင်ရာမင်းနှယ် လောရန်ကောပြော
မှာပေါ့ကွာ... ။ရွာဦးဘုန်းကြီး ဦးသာဂရ ကတန်ခူးလဆန်း(၇)ရက်နေ့ ရက်ပေးတယ်ဟ...။အဲဒီတော့တန်
ခူးလထဲ သင်္ကြန်မကျခင်ပေါ့ကွာ...။ကောင်းတယ် ၊ကောင်းတယ် အဲဒါကောင်းတယ် ...အလုပ်တွေလည်းပြီး
ကောက်ကြီးတက်တော့ အပျို၊လူပျို ကလေး၊ လူကြီးအားလုံးအားတာပေါ့...အပျိုခေါင်း မတင်မေက ပြောင်း
ဖူးဖက်ကြီးငေါ့ရင်း ထောက်ခံလိုက်လေသည်“...။ဟုတ်တယ်ဟုတ်တယ်အပျိုခေါင်းပြောတာမှန်တယ်ဆိုပြီး
နောက်ကလူတွေအားလုံးကလည်းထောက်ခံကျပါတယ်..။ကိုင်း.. ဒါဆို အလှူဘယ်ရက်ဆိုတာသိကြပြီနော်
...။ဟုတ်ကဲ့ ဘိုးတင့်သိပါပြီ၊ အေးအဲဒါဆိုရင်လည်း အလှူတွက်လိုအပ်မဲ့အရာတွေဝိုင်းပြီးကူလုပ်ကြတာေ
ပေါ့...။ဆိုင်းကတော့ တို့ရွာအလှူပွဲရှိတိုင်း အစဉ်အဆက်ငှားခဲ့တဲ့ စိန်ဗိုလ်သောင်းပေါ့...ဘိတ်သိတ်ကလည်
းသောင်းထီပေါ့ကွာ...။ကျွေးမွေးဧည့်ခံမှာကတော့ ငါးခြောက်နှပ် ၊ ငရုတ်ကြော်၊ ပဲနှပ်၊ သရက်ချဉ်သုပ်၊ဟင်
းချို ပေါ့...။ရှင်လောင်းကတော့ သူ့သားဖိုးကောက်ရယ် အလှူဒကာရဲ့တူ သံခဲ၊ ဖိုးတုတ် နဲ့အလှူဒကာမ
ရဲ့တူ အရှည်ကြီး၊ ဖိုးဝတုတ်နဲ့ ၊နားထွင်းတွေက အလှူ့ရှင်ရဲ့သမီး သေးသွယ် ၊ လေးသွယ် တို့ညီအစ်မနဲ့ မ
ိကြည်ရဲ့တူမ မိညို တို့ပါပဲ...။ဟေးးးးးးးးးးးးးးးးးး ပျော်စရာကြီးကွ“ ပရိတ်သတ်ရဲ့ အားပေးသံပဲဖြစ်ပါသည်..
။ ကိုင်းဒီနေ့ညကတော့ ဒီလောက်ပါပဲ.. နောက်လုပ်စရာရှိလို့ လိုအပ်ရင် ငါ သံလုံးကို လော်နဲ့ ကြေငြာခိုင်း
လိုက်မယ်ကွာ...။ကိုင်းကိုင်းပြန်ကြပြန်ကြ...။ ဘိုးတင့်..၊ဟေ..ဘိုးတင့်ပြန်မှာမလား.. ကျုပ်တို့လိုက်ပို့မယ်
လေဗျာ...။အေး... ငပြည့်လား...။ဟုတ်ပါ့ ဘိုးတင့်ရာ ...။အေးအေး ငါလာပြီ ..။ ဟုတ်ဘိုးတင့်...။ငပြည့်
...ဗျာဘိုးတင့်.. အေး မင်းလည်း ကာလသားခေါင်းလုပ်ရတာ အဆင်ပြေရဲ့လားကွ...ပြေပါတယ် ဘိုးတင့်ရာ
...။အေးကောင်းတယ်ကွာ သာရေးပဲဖြစ်ဖြစ် ၊နာရေးပဲဖြစ်ဖြစ် အာလုံးကို စည်းစည်းလုံးလုံးနဲ့လုပ်ပေးရမယ်
နော်...ဟုတ်ကဲ့ပါဘိုးတင့်ရာစိတ်ချပါ...။ အေးအေး..ငါလည်း အိမ်ရောက်ပြီ မင်းလည်းသွားသွား ငပြည့် ...။
ဟုတ်ဘိုးတင့် ကျုပ်သွားပြီနော်... ။ ဘိုးတင့်အိမ်ထဲရောက်မှ သစ်တုံးကိုခလုတ်တိုက်ပြီးလဲသွားပါတယ်...။
အမလေးဗျာ ကမြင်းမသစ်တုန်း ငါလာတာကိုမရှောင်ဘူးနော်...ဟွန်း ဆိုပြီး ဘိုးတင့်ထပြီးအိမ်ပေါ်ကိုတက်
သွားပါသည်...။ အရီးပုတို့အဖွဲ့လည်း စကားတပြောပြောနဲ့ သူတို့ရွာ အလှူကြောင်းကို စိတ်ဝင်တစားပြော
ကြားနေကြပါတော့တယ်...။
ဆက်ပါဦးမည်...အပိုင်း(၂)မျှော်...
အညာဒေသရဲ့ ဓလေ့ထုံးစံ အလှူပွဲလေး အကြောင်းပါ...ဗဟုသုတ ရမယ်ထင်ပါတယ်...။
သူငယ်ချင်းတို့ရဲ့လက်ခုပ်သံက ကျွန်တော့်အတွက်အားဆေးတစ်ခုပါ...။
ရာဇာ(ကျေးတောသားလေး)
21.2.2011
0 comments:
Post a Comment