Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, July 10, 2011

အမေ့အိမ်



အမေ့အိမ် လောက် ပျော်စရာကောင်းသော နေရာမရှိဘူးလို့ ကျွန်တော်တော့ ထင်တာပဲ...။ ဘာပဲဖြစ်ဖြစ်လေ
အခု စိုးစန္ဒာထွန်း( အမေ့အိမ် သီချင်းလေး) တင်လိုက်တယ်ဗျ...။ ကျွန်တော်လည်း ဘလော့ဂ်နဲ့ အဆက်သွ
ယ်ပျက်နေတာ ကြာတောင်နေပြီ...။ ဘလော့ဂ်ဂါ မိတ်ဆွေတွေ၊ စာဖတ်တဲ့သူတွေ ကျွန်တော် ကျေးလက်သား
လေးကို မေ့များသွားပြီလား ဆိုပြီးလည်း စိုးရိမ်စိတ်လေးလည်း ၀င်မိသေးဗျ...။

နောက်များမှပေါ့လေ....

Friday, June 24, 2011

ရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာ

ကျေးလက်သားလေး ဘလော့ဂ်ထဲကို စာမရေးနိုင်တာ တစ်လ ကျော်သွားပြီဗျ...။ စာက မရေးတာ
ကြာသွားတော့ စာရေးရမှာ ပျင်းသလိုလို ဖြစ်နေတယ်...။ စာတာ မရေးဖြစ်တာ ရေးချင်နေတာတွေ
ကတော့ အများကြီးပါပဲ...။ အခုလည်း ဆရာတော်တွေရဲ့ ဆုံးမစာလေးနဲ့ ဖွင့်မယ်ဗျာ...။ တင်ရကျိုး
လည်းနပ်အောင် ဖတ်မိတဲ့သူလည်း အကျိုးရှိအောင် ရည်ရွယ်ပါတယ်ဗျာ...။


ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊ 

စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
 

စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
 

ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
 

ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
 

မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

 

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
 

စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
 

ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
 

ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
 

သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
 

စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို 


မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ 

စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
 

ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ 


ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။

စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ 


လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ 

နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ 

တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ 

ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက 

ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး 

ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ 

အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ 

တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး 

စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ 

ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် 

ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ 

လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။

စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။
လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ 

သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် 

အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ 

နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ 

တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။

ရာဇာ(ကျေးလက်သားလေး)

Friday, May 20, 2011

လတ်တလောဖြစ်ပေါ်နေသောစိတ်ဆန္ဒလေးများ (တဂ်ပို့)

အခုတလော ကျေးလက်သားလေးတို့  အလုပ်တွေ အရမ်းရှုပ်နေတယ်...။ စာတမ်းကိစ္စအတွက်
လုံးပန်းနေရတယ်...။ အဲဒါကြောင့် စာလည်း မရေးနိုင်၊ ဘလော့ဂ်တွေလည်း လိုက်လည်ပြီး စာ
မဖတ်နိုင် ဖြစ်နေတာပါ...။ အဲဒါကြောင့် စာဖတ်သူတွေရော၊ ဘလော့ဂ်ဂါ ညီအစ်ကို၊ မောင်နှမ
တွေကို ကျေးလက်သားလေးက တောင်းပန်ပါတယ်..။ အခုလည်း မအားတဲ့ကြားက အိမ်လည်
ခဏ ထွက်လိုက်တယ်...။ အဲဒီမှာ အလင်းသစ် က တဂ်ထားလို့.. မအားတဲ့ ကြားကပဲ ရေးလိုက်
တယ်နော်...။ တဂ်ပေးတဲ့ အလင်းသစ်ကို ကျေးဇူးတင်ပါတယ်ဗျ...။

Tuesday, May 17, 2011

လကဆုန် သီချင်း(ကဆုန်လပြည့် ဗုဒ္ဓနေ့)


ဒီနေ့က ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ နေ့ထူးနေ့မြတ်လေးပါ..     ဖွား၊ ပွင့်၊ ဟော၊ စံ-
ဆိုတဲ့ စကားလေး အတိုင်းပါပဲ..

ဖွား= မြတ်စွာဘုရားဖွားတော်မူသောနေ့
ပွင့်= မြတ်စွာဘုရား ပွင့်တော်မူသောနေ့(ဘုရားဖြစ်တော်မူသောနေ့)
ဟော= မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီငါးဦးကို ပထမဆုံး ဓမ္မစင်္ကြာတရား ဟောတော်မူသောနေ့
စံ= မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသောနေ့

အဲဒီလေးခုလုံးဟာ ကဆုန်လပြည့်နေမှာ ဖြစ်ခဲ့တာ ကြည့်ပါပဲ... ဒါကြောင့်လည်း ဗုဒ္ဓနေ့လို့ ခေါ်ဆိုတာပေါ့နော်..
အဲဒါကြောင့် ဗုဒ္ဓနေ့ကို ရည်မှန်းပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကြပါစို့ဗျာ..
ကဆုန်လပြည့်နေ့ သီချင်းလေးလည်း တင်ပေးလိုက်တယ်နော်...

အစတုန်းကတော့ ပို့စ်ကို အရှည်ရေးမလို့ပါပဲ အချိန်မရတာရယ်၊ မအားတာကြောင့် ဒီလောက်
နဲ့ပဲ အဆုံးသတ်လိုက်တာပါ...

ရာဇာ(ကျေးလက်သားလေး)
ကဆုန်လပြည့်နေ့

Monday, May 16, 2011

ဧရာဝတီမြစ်ပြင်နှင့်လှေကလေး (၂)

Add caption
ဧရာဝတီ မြစ်ပြင်ရဲ့ အလှအပတို့က ကုန်နိုင်ဖွယ်ပင် မရှိ... အဲဒီ အလှတို့ကို ကျွန်ုပ်ကလည်း
နှစ်သက်မိနေသူ ဆိုလျှင် မှားအံ့မထင်...။ ကျွန်ုပ်သည် ဧရာဝတီမြစ်နှင့် သုံးမိုင်လောက်သာ
ဝေးသောကြောင့် မြစ်ရေပြင်နှင့် စိမ်းလှသည်မဟုတ်..။

မစိမ်းလှသော်လည်း မြစ်ရေပြင်ရဲ့ အလှအပတို့ကို ဘယ်တော့မှ ငြီးငွေ့သွားသည်မရှိပေ...။
မငြီးငွေ့သလို၊ မုန်းလည်း မမုန်း၊ ကြောက်လည်း မကြောက်ပေ..။ သို့သော်.. ကျွန်ုပ် တစ်ခါ
လောက်တော့ ဧရာမြစ်ပြင်ကြီးကို ကြောက်မိသွားလေသည်။ အဲဒီ အကြောင်းအရာကား အ
ခု စဉ်းစားကြည့်လျှင် အခု ကြောက်မက်ဖွယ်ရာ၊ ကြက်သီးထဖွယ်ရာဖြစ်ပေသည်။ သို့ပေမ
ယ့်လည်း ဧရာမြစ်ပြင်ကို ဘယ်တော့မှ မမုန်းမိ...။ ဧရာမြစ်ပြင်နှင့် ကျွန်ုပ်၏ဖြစ်စဉ်က သည်
လို...

ရွာတန်းရှည်ရွာ တစ်ရွာလုံး အလုပ်ရှုပ်လို့နေကြပါသည်။ သူတို့ရွာတွင် မက  ဘေးပတ်ဝန်း
ကျင်ရွာများဖြစ်သည့် ပေါက်ကုန်း၊ လက်ပံသာ၊ မိုးညို စသည့် ရွာတို့လည်း အလုပ်ရှုပ်လို့ပင်
နေကြပါသည်။ မိုးကြိုစပါးတွေ ရင့်မှည့်နေတာနဲ့ အညီ ၊ မိုးပြိုမှာလည်း ရွာသူ ၊ ရွာသားတို့စိုး
ရိမ်နေကြပေသည်။ မိုးက အချိန်မရွေးရွာချနိုင်သည်.. မိုးရိပ်ဆင်နေတာက နေ့စဉ်နှင့်အမျှ.။
မိုးမရွာခင် မိုးကြိုစပါးတို့က ရိတ်သိမ်းမှ အဆင်ပြေကြမည်။ မိုးမိသွားပါက ကြိုးစား ပန်းစား
စိုက်ပျိုးခဲ့ရတဲ့ သီးနှံတွေ ပျက်စီးမည်။ လယ်သားမားတို့ ငွေအား၊ လူအား အရင်းအနှီးကြီးကြီး
ဖြင့် လုပ်ဆောင်ထားသဖြင့် စီးပွားရေး ထိခိုက်တော့မည်။ အဲသည် အရေးတို့ကြောင့် အခြား
ရွာက မိတ်ဆွေ အပေါင်းအသင်းတွေဆီကို လာကူဖို့ အကူအညီတွေ တောင်းခံကြရလေသ
ည်။ အဲဒီ အကူ အညီ တောင်းခံတဲ့ မိသားစုတစ်စုက ကျွန်ုပ်မိဘများနှင့် အင်မတန်မှ ရင်းနှီး
ကြသည်။ သို့ပါသောကြောင့် ကျွန်ုပ်တို့ အိမ်သို့ ရောက်ရှိလာလေသည်။

 
ဧရာမြစ်ပြင်ဝယ်
ဟေ့.. မြဒင် ရှိလားကွ..
ဟာ.. ကိုသိန်းမောင် ပါလား.. လာလေဗျာ..
အဲဒီနောက်တော့ အကျိုးအကြောင်း ပြောပြပြီး ရွာမှ လူရှာခိုင်းလေသည်။ ကျွန်ုပ်တို့ရွာမှာလ
ည်း အလုပ် လှိုင်(ပေါများ)ချိန်ကြောင့် အားလပ်မှု မရှိကြပေ...။ နောက်ဆုံးတော့ လူရင်းတွေ
ဖြစ်သည့်အတွက် ကျွန်ုပ်တို့ကို အကူထည့်ပေးလိုက်ဖို့ ပြောပြလေသည်။ ဦးသိန်းမောင် ခမျာ
ပျော်ရွှင်ကြည်နူးသွားလေသည်။

-ကျေးဇူးတင်တယ် မြင်ဒင်ရာ အလုပ်မအားတဲ့ ကြားးက မင်းအိမ်က ကလေးတွေကို ထည့်ပေ
းလိုက်တာ ငါ အားနာမိပေမယ့် ငါကလည်း လိုအပ်လို့ ခေါ်ရတာပါ...။
ရပါတယ်ဗျာ.. ပြောရမဲ့ သူတွေမှ မဟုတ်တာ..
-ဒါဆို မနက်ဖြန်ကျရင် မင်းက မင်းကလေးတွေကို လိုက်ပို့ပေးကွာ..ငါက အရေးကြီးလို့ ဒီနေ့
ပဲ ပြန်နှင့်တော့မယ်...။
ဟုတ်ပါပြီကွာ..

အဲဒီနောက်တော့ ဦးသိန်းမောင် ပြန်သွားလေသည်။ နောက်နေ့ မနက်ရောက်တော့ ကျွန်ုပ်တို့
မောင်နှမ ၀မ်းကွဲသုံးယောက်ကို ကျွန်ုပ်တို့ ဖခင်က လိုက်ပို့ပေးလေသည်။
ရာသီဥတုက  အခုတော့လည်း သူမဟုတ်သလို မိုးတိမ်ကင်းစင်ပြီး နေသာနေလေသည်။ လေ
ဖြူးဖြူးလေး တိုက်ရုံမှတပါး အခြားကောင်းမွန်နေပါသည်။ မြစ်ကမ်းဆိပ်ကိုရောက်တော့ ရွာတ
န်းရှည်ရွာ ဘက်က လှေသမားက ..
-ဒီက နောင်ကြီးတို့ ဟိုဘက်ရွာကို သွားမှာလား လာကြ၊ လာကြ ...
သူ၏ ခေါ်ဆောင်မှုကြောင့် ကျွန်ုပ် ဖခင်နှင့် မောင်နှမ၀မ်းကွဲများ လှေပေါ်သို့ တက်သွားလေသ
ည်။အကျွန်ုပ်က နောက်ဆုံးက တက်မယ် အလုပ် ခြေချော်ကျလေသည်။ ကျွန်ုပ်၏ဖခင်က လှမ်း
ပြီး အော်လိုက်လေသည်။
-မောင်မောင်တင်ရာ မင်းမလဲကွာ.. ဂရုမစိုက်ဘူး.. မင်းမကြားဖူးဘူးလား လှေအဆင်း၊ မြင်း
အတက်တဲ့ကွ.. ဂရု စိုက်ရတယ်...။
ကျွန်ုလည်း ဒူးပြဲသွားတာတောင် နာလို့ နာမှန်း မသိ.. ဧရာမြစ်ပြင်ရဲ့ အလှအပတို့ကို ခံစား၍
မ၀ပေ... လှေပေါ်ရောက်ပြီး အလှအပတို့ကို ခံစားရင် နာရီဝက်လောက်နေတော့ ရွာတန်းရှ
ည်ရွာ ဘက်ကို ကပ်လာပေသည်...။ လှေပေါ်က ဆင်းတော့ ကျွန်ုပ် ဖခင်ပြောတဲ့ လှေအဆင်း
မြင်းအတက်ကို သတိရကာ ဂရု တစ်စိုက် ဆင်းလိုက်မိလေသည်။

ဦးသိန်းမောင်တို့ အိမ်ရောက်တော့ ပျာပျာသလဲ နဲ့ သူ့မိန်းမက ခရီးဦးကြိုဆိုလေသည်။   ကျွ
န်ုပ်ဖခင်နှင့် သူတို့တွေ  စကားပြောလိုက်ကြတာ ဘာလိုလိုနှင့် ညနေ စောင်းသွားလေသည်။
ကျွန်ုပ်၏ ဖခင် ပြန်ပို့ အရေးပြင်ဆင်တော့ လိုက်ပို့မည့်သူက တစ်ယောက်မှ မရှိ.. အလုပ်ရှုပ်
နေကြသည်။ အဲဒါနဲ့ပဲ ကျွန်ုပ်၏ ၀မ်းကွဲ ညီနှင့် လိုက်ပို့ရန် ကျွန်ုပ် ဖခင်က ပြောဆိုလေသည်။

ကျွန်ုပ်၏ ၀မ်းကွဲ ညီက ဧရာဝတီ မြစ်ကမ်းသားဆိုတော့ လှေလှော်တတ်သည်၊ ရေကူးတတ်
သည်။ ကျွန်ုပ်သည်ကား ရေ အနည်းငယ်တော့ ကူးတတ်သည်။ သို့သော် ကျွန်ုပ် လှေမလှော်
တတ်ပါ..။ ဒါပေမယ့် ညီ အားကိုးနဲ့ အဖေကို့ လိုက်ပို့ဖို့ ဆုံးဖြတ်လိုက်လေသည်။

အဖေက လှေလှော်တတ်ပေသည်။ အဲဒါကြောင့်လည်း အသွားမှာတော့ အဖေက ရှေ့ကခတ်
ညီတော်မောင်ကနောက်က ပဲ့ ကိုင်ပေးလေသည်။ ရာသီဥတုကလည်း သာယာနေပုံများ တိမ်
တစ်စတောင် မတွေ့မိ...။ ကျွန်ုပ်ကတော့ လှေဝမ်းဗိုက်ထဲမှာ ရေပက်လို့ပေါ့... ဒါနဲ့ပဲ ညီလေး
က ပဲ့ကိုင်လို့ ၊ ကျွန်ုပ်ဖခင်က ရှေ့ကလှော်ရင်း စကား တစ်ပြောပြောနဲ့ ကမ်းစပ်သို့ ရောက်သွ
ားလေသည်။ ဒီလိုနဲ့ပဲ နှုတ်ဆက်ပြီး ကျွန်ုပ်တို့ လှေလေးကို ပြန်လည် လှောခတ်ခဲ့ပါသည်...။
ရေလည် မရောက် တရောက် အချိန်မှာတော့ ရာသီဥတုက အုန်းတိုင်းကြဲကာ ချက်ချင်းပြောင်
းလဲသွားလေပြီ...ရေအနည်းငယ် ကူးတတ်သူ ကျွန်ုပ် အဖို့တော့ ...

ဆက်ပါဦးမည်
ရာဇာ(ကျေးလက်သားလေး)

Sunday, May 15, 2011

ဧရာဝတီမြစ်ပြင်နှင့်လှေကလေး (ဖြစ်ရပ်မှန်)

ဧရာဝတီကမ်းခြေ
ဧရာဝတီ မြစ်ရေပြင်က  လှိုင်းကြက်ခွပ်တို့ဖြင့် လှပလို့နေလေသည်။ ဖန်ဝါနေမင်းရဲ့ ရောင်ခြ
ည်စနှင့် ရေပြင်ရဲ့ မျက်နှာပြင်တို့ ထိတွေ့လိုက်တဲ့အခါမှာတော့ ငွေရောင် တစ်ဖိတ်ဖိတ် တော
က်ပလို့ နေပေသည်။ မြစ်ပြင်ပေါ်က တိုက်ခတ်လာတဲ့ လေအေးအေးလေးကလည်း ထိတွေ့ခံ
စားရသူတိုင်းရဲ့ ရင်ကို အေးမြစေပါသည်။

မြင်ပြင် တစ်ဆုံး စုန်ချည်ဆန်ချည် ကူးသန်းနေတဲ့ လှေလေးကအစ၊ ရွှေကိန္နရီသဘောင်္တွေ၊ေ
ရနံတင် သဘောင်္တွေ၊ မော်တော်တွေ ကို ကြည့်လိုက်ပြန်လျှင် အားရကျေနပ်စရာ...။ ရေစီးနဲ့
မျောနေတဲ့ ဗေဒါပန်းအုံလေးတွေကလည်း လေတိုက်တိုင်း ယိမ်းနွဲ့ရင်း လေရဲ့ ခေါ်ဆောင်ရာကို
လိုက်ပါသွားရပြန်လေသည်။ မျောပါသွားတဲ့ ဗေဒါပန်းလေးတွေကို ဘဲအုပ်က တွေ့ပြန်ပါက ထို
းဆိတ်ဆွခြင်းကို ခံရပြန်သည်။
တောပြန်များ
ကိုတံငါတို့လည်း သူတို့ရဲ့ ၀မ်းစာရေးအတွက် ငါးတွေကို မရ ရအောင် ကြိုးပမ်းနေပြန်သည်။
သူတို့အတွက် ငရဲမှန်းသိပေမယ့်လည်း ၀မ်းရေးအတွက်မို့ ဖြေဖျောက်ရင်း ရုန်းကန်နေရဟန်.။
မြစ်ပြင်မှာလည်း ကိုတံငါတို့ ပိုက်တန်းထားတဲ့ ဗူးသီးလုံးလေးတွေက ပေါလော ပေါ်နေပြန်သ
ည်။ မြစ်ဆိပ်ကမ်းရွာလေးတွေက ရွာတန်းရှည်လေးတွေ များလေသည်။ ကမ်းရိုးအတိုင်း တည်
ဆောက်ထားပုံပင်...။ လုံမပျိုမေတစ်စုတို့လည်း ရေချိုးဆိပ်ကို ရေခပ်ဆင်းနေဟန်၊ ရေချိုးနေ
ဟန်တို့က ချစ်စရာ ဟန်ပန်လေးတွေ...။ ကမ်းရိုးတန်းတစ်လျှောက် ပေါက်ရောက်နေတဲ့ စိမ်းစို
အုံ့မှိုင်းနေတဲ့ သစ်ပင်ကြီးတွေကလည်း ကြီးမားလှပါဘိခြင်း။

မြစ်ပြင်ပေါ်မှာတော့ ဇင်ယော်ငှက်လေးတွေ ပျံဝဲနေဟန်၊ ရေဘဲတွေ ပြန်သန်းနေဟန်၊ ဗျိုင်းအု
ပ်ကြီး လည်တံရှည်ကြီးတွေနှင့် ကမ်းစပ်မှာ ငါးရှာနေဟန်တို့ကလည်း ဧရာဝတီမြစ်ပြင်ရဲ့ အလှ
ပေါ် အလှဆင့်နေဟန်နဲ့ ငှက်မျိုးစုံ ပျံဝဲနေဟန်တို့က မြင်ရသူရင်ထဲ လှိုက်ဖို ခုန်ချင်စရာ..။
ဇင်ယော်ငှက်
ညနေစောင်းမှာတော့ တောပြန် လုံမငယ်၊ လူကြီး၊ လူငယ် ကမ်းရိုးတစ်လျှောက် လမ်းလျှောက်
လာပုံက နေလုံးကြီး ၀င်သွားဖို့ အချက်ပေးနေဟန်...။ လူသူ အရောက်အပေါက် နည်းပါးတဲ့နေ
ရာ များမှာတော့ ငါးလေးတွေ ပျော်ရွှင်မြူးတူး ခုန်ပေါက်နေဟန်ကား သနားစရာ၊ ၀မ်းသာစရာ
..။ငါးနဲ့ အပြိုင် ရေကူးနေတဲ့ ရေမြွေကိုတော့ မြင်ပြင်းကတ်လှသည်။ သူ့ရဲ့ သဘာဝ ဆိုပေမယ့်
အလှတရားတို့ကို မှေးမှိန်စေသယောင် ထင်ဟတ်စေသည်။
ငါးဖမ်းသူတို့ဘဝ
ညနေ နေ၀င်ပြန်တော့ ငှက်ကလေးတွေလည်း အိပ်တန်းတက်ကြပြီ...။ သစ်ပင်လေးတွေလည်
းအိပ်ကြပြီ.. လူသူ လေးပါးတို့လည်း အိပ်ကြပြီ...။ အဲဒီ အချိန်မှာတော့ မြစ်ရေပြင်က စီးဆင်းမြဲ
ပင်...။ တစ်ခါတစ်လေတော့လည်း လေမုန်တိုင်းရဲ့ ဒဏ်ကို မြစ်ပြင်ပေါ်ရှိ လူသားတို့ အလူးအလိ
မ့်ခံကြရရှာသည်။ အကောင်း အဆိုး ဒွန်တွဲနေပေမဲ့လည်း မုန်တိုင်းရဲ့ ဒဏ်ကို ခံရပြန်တော့ မြစ်
ပြင်ရဲ့ အလှအပတို့ ပျောက်ဆုံးစေပြန်သည်။

ဧရာဝတီနှင့် ပတ်သတ်၍ ပျော်ရွှင်ဖွယ်ရာဖြစ်ရပ်များ၊ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်များ ထု နဲ့ ဒေး ဆို
တာ ပြောပြ၍ မကုန်နိုင်...။ အဲဒီ အထဲတင်မှ ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်ဖွယ်ရာ၊ ၀မ်း
နည်းဖွယ်ရာ ဇာတ်လမ်းတို့နှင့် ကိုယ်တိုင် ကြုံဖူး ၊ ခံစားဖူးလေသည်...

အဲဒီ ဇာတ်လမ်းများကတော့..........

ဆက်ပါဦးမည်...

ရာဇာ(ကျေးလက်သားလေး)

ကြက်သားစပ်ရှုး၊ပဲချက်၊ငံပြာရည်ချက်၊သခွါးသီးတို့စရာ၊ပုဇွန်နဲ့ ခရမ်းချဉ်သီးဆီပြန်ချက်

အရမ်းပျင်းနေလို့ စာလည်းမရေးချင်၊ ဘာမှ မလုပ်ချင်ဘူး ဖြစ်နေတာ... အဲဒါကြောင့်ပို့စ်တွေ
မတင်ဖြစ်ဘူးလေ...။ ဒီနေတော့ ပျင်းပျင်းရှိတာနဲ့ ဟင်းတွေ ချက်လိုက်တယ်...။

 ကြက်သားစပ်ရှူး
ကြက်သားစပ်ရှူးလုပ်တော့မယ်ဆိုရင် ပထမဆုံး ကြက်သားကို ပြုတ်လိုက်ပါ...။ နူးတဲ့အထိေ
ပါ့...။ ကြက်သားနူးသွားပြီဆိုရင် ကြက်သားကိုဆယ်ပြီး မွှာလိုက်ပါ...။ ကြက်သွန်ကို နွမ်းသွား
တဲ့အထိ ဆီသတ် ပြီးရင် မွှာထားတဲ့ ကြက်သားကို ရောမွှေ ရဲသွားပြီဆိုရင် ငရုတ်သီးထည့် ၊လို
အပ်တဲ့ ဆား၊ အချိုမှုန့်ပေါ့... အဲဒါတွေ နှံ့သွားရင် ကျက်ပြီဗျာ...။ ကြက်သားစပ်ရှူး တစ်ခွက်ရ
ပြီပေါ့...။ အရမ်းကောင်းတာနော်..။
ကြက်သားစပ်ရှူး
ပဲချက်
ပဲချက်ဆိုတာကတော့... ပဲကို ပြုတ်လိုက်ပါတယ်..ပဲအိသွားပြီဆိုရင် ပဲလေးတွေကို ဆယ်၊ အ
ရည်ကို ဟင်းချိုလုပ်၊ ပဲကိုတော့ ကြက်သွန်ဖြူ ဆီသတ်ပြီး ကြော်လိုက်ပါတယ်...။ ဒီနေ့ပဲက နဲ
နဲ ပျော့သွားတယ်..။ ချိုချိုလေး ကောင်းတယ်...။
ပဲချက်လေး
ငံပြာရည်ချက်နှင့် သခွါးသီး
ငံပြာရည်ကိုတော့ အထူးအထွေ မရေးတော့ပါဘူး.. ပုံမှန်လေးပါပဲ...။ ငံပြာရည်နဲ့ တို့ဖို့က သခွါ
းသီး အစိမ်းသေးလေးတွေပါ...။ အဲဒီ အသီးလေးတွေက အသီး ရှည်တွေထက်ပိုပြီး ဈေးကြီးပါတယ်..။ သခွါးသီးကို လှီးမနေတော့ဘူး.. ဒီတိုင်းပဲ ကိုက်စားလိုက်တယ်...။
ငံပြာရည်ချက်လေး

ပုဇွန်နဲ့ ခရမ်းချဉ်သီး ဆီပြန်ချက်
ပုဇွန်ကို ရေစိမ်ထားပြီး အခွံတွေ ၊ အမွှေးတွေကို ခွါပစ်လိုက်ပါတယ်...။ ခရမ်းချဉ်သီးရယ်၊ကြ
က်သွန်နီရယ်၊ ကြက်သွန်ဖြူရယ်ကို ကြိတ်ဆုံနဲ့ ကြိတ်ထားလိုက်ပါတယ်...။ ပြီးတော့ ဆီပူလ
ာရင် ကြက်သွန်နီ၊ အဖြူကို ဆီသတ်လိုက်ပါတယ်... အဲဒါ နွမ်းသွားပြီဆိုရင် ခရမ်းချဉ်သီး ကြိ
တ်ပြီးသားကို ထည့်ပြီး မွှေလိုက်ပါတယ်... အားလုံးနူးနပ်ပြီဆိုမှ ပုဇွန်ထည့်ပြီး မွှေလိုက်ပါတ
ယ်...။ မွှေပြီးရင်တော့ ရေလေးထည့်ပြီး အုပ်ထားလိုက်ပါတယ်...။ ရေခမ်းသွားပြီဆိုရင်တော့
ပုဇွန်လေးကကြက်ပြီး ဆီတက်လာပါတယ်...။ ငြုပ်သီးကိုတော့ အတောင့်လိုက် အပေါ်ကထ
ည့်ထားပါတယ်...။ အရမ်းစားကောင်းတယ်...
ပုဇွန်ငါးပိချက်

ပုဇွန်ကတော့ အရင်နေ့က ချက်တာပါ.. ကျန်တာက ဒီနေ့ ချက်စားတာလေးတွေပါ..

အားလုံး ကျေးလက်သားလေးရဲ့ လက်ရာလေးတွေကို မြည်းသွားကြပါအုံးနော်..

ရာဇာ(ကျေးလက်သားလေး)

Friday, May 13, 2011

အရောင်အသွေးစုံတဲ့ဂန္ဓမာနဲ့ နှင်းဆီပန်း


အခုတလော မအားတာနဲ့ ပို့စ်လေးတွေ မတင်ဖြစ်ဘူး..။ မအားတော့ စိတ်တွေကလည်း အလို
လိုရှုပ်ထွေး လို့လေ...။ အဲလို ရှုပ်ထွေးနေတဲ့ စိတ်ကို ပျောက်ပျက်စေတာက ရှုခင်းလှလှလေး
တွေ၊ ပန်းလှလှလေးတွေပါ။ အဲဒီ အရာလေးတွေက မျက်စိပသာဒဖြစ်ပြီး အေးချမ်းမှုကိုပေးတ
ယ်လေ...။ အဲဒါကြောင့် အပေါင်းအသင်း၊ရောင်းရင်းတွေလည်း ကျွန်တော်လို အေးချမ်းမှုလေး
တွေ ရအောင် ဒီပို့စ်ကလေးကို တင်လိုက်ရခြင်းပါပဲ...။

အခုတင်မဲ့ ပန်းလေးတွေက အရောင်အသွေးတွေ စုံလှတဲ့ ဂန္ဓမာပန်းနဲ့ နှင်းဆီပန်းလေးတွေပါ
...။ ကျွန်တော်က ပန်းစိုက်ရတာ၊ သစ်ပင်လေးတွေ စိုက်ရတာကို အရမ်းဝါသနာပါတယ်..။ ကို
ယ်စိုက်လိုက်တဲ့ အပင်လေးတွေက အဖူး၊အပွင့်၊ အသီးလေးတွေ  ၀င်လာပြီဆိုရင် အရမ်းကိုေ
ကျနပ် ပီတိဖြစ်ရပါတယ်..။ အဲဒီ အရသာလေးကို ကျွန်တော်ကြိုက်တယ်...။  ပန်းမျိုးစုံ ဖူးပွင့်ေ
နတဲ့ ဥယျာဉ်လေးထဲ ရောက်သွားရင် အနံ့လေးတွေ သင်းပျံ့နေတဲ့ ပန်းပွင့်လေးတွေရယ်၊ အဲဒီ
ပန်းလေးတွေနားမှာ ၀ဲပျံနေတဲ့ ပိတုန်း၊လိပ်ပြာလေးတွေရယ်က နှစ်သက် ကြည်နူးစရာပါ...။


Tuesday, May 10, 2011

နုနုရည်(အင်းဝ)ရဲ့ စာလေးတစ်စောင်


မနေ့က ဘလော့ဂ်ဂါ မြစ်ကျိုးအင်း ဆိုဒ်လေးကို အလည်ရောက်သွားပါတယ်..။ အဲဒီမှာ သူတင်ထားတဲ့စာလေ
းက ဘလော့ဂ်ရေးသူများသို့ စာလေးတစ်စောင်ဆိုပြီး တင်ထားတာ တွေ့လိုက်ပါတယ်...။ အဲဒီစာလေး ရေးပေ
းတဲ့သူက မြန်မာပြည်က စာရေးဆရာမ နုနုရည်(အင်းဝ)တဲ့...။ ဆရာမရဲ့ စာလေးဖတ်လိုက်ရတာ တော်တော်
ကို ၀မ်းသာပိတီ ဖြစ်ခဲ့ရပါတယ်...။ အဲဒီစာလေးက ဘလော့ဂ် လောကသားတွေကို အင်အားတွေ ရစေတယ်
လို့ ပြောလိုက်ရင် မှားမယ် မထင်ပါဘူး...။ အဲဒီ အတွက်လည်း ဆရာမကို ကျေးဇူး အထူးတင်နေမိပါတယ်.....
ဆရာမ အစဉ်ကျန်းမာ၊ ချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေလို့ ကျေးလက်သားလေးက ဆုတောင်းပေး
လိုက်ပါတယ်ဗျ...။ ဆရာမရဲ့ မူရင်းစာလေးက....










အားလုံးကို လေးစားလျှက်

ရာဇာ(ကျေးလက်သားလေး)

Monday, May 9, 2011

မျက်ရည်ခံမှဲ့

(လူသားအားလုံး စံပယ်ပန်းလေးလို လန်းဆန်းမွှေးပျံ့နိုင်ကြပါစေ)

(က)
တိုက်ဆိုင်မှုတွေလား၊ တကယ်ဖြစ်စဉ်တွေလားဆိုတာ ကျုပ် စဉ်းစားနေခဲ့တယ်...။ ဒီတစ်ခါနဲ့
ဆိုရင် သုံးကြိမ်မြောက်ဖြစ်ပျက်ခဲ့ခြင်းဆိုတော့ တိုက်ဆိုင်မှု ဆိုတာထက် တကယ့်ဖြစ်စဉ်လို့ေ
တာင် ယုံကြည်ချင်နေပြီ...။ အရင်တုန်းကတော့ လူတွေ အစွဲကြီးလွန်းတယ်လို့ ကျုပ်ထင်မိခဲ့
တယ်.. အခုပုံတိုင်း ဆိုရင်တော့ လူတွေ ပြောတာ ဟုတ်နိုင်ခြေရှိနေပြန်တယ်...။ ကျုပ်အတွေ
းတို့ဖြင့် ချာချာလည်နေခဲ့လေသည်။

"၀င်းဆောင်" လို့ အမေခေါ်သံကြားမှ ကျုပ် အတွေးစတို့ပြတ်သွားလေသည်။
 ငါ့သား မင်းဘာတွေ စဉ်းစားနေတာလဲ အမေ့ကို ပြောပါအုံး...။
 အမေ ကျုပ် မလှဆန်းတို့အကြောင်း စဉ်းစားနေတာ...
 စဉ်းစားမနေပါနဲ့ ငါ့သားရယ် ကိုယ်နဲ့မဆိုင်ပါဘူး...
အမေက စကားကို ယတိပြတ် ပြောလိုက်ပေမယ့် ကျုပ်ကတော့ အတွေးတို့ဖြင့် ချာချာလည်ေ
နတုန်းပါပဲ..။ အမေ ပြောသလိုပဲ ကိုယ်နဲ့ မဆိုင်ပါဘူး ဆိုပြီး ကြိတ်မှိတ် အိပ်မယ်လို့ဆုံးဖြတ်ပြီ
း စောင်ကို ခေါင်းမြီး ခြုံလိုက်ပေမယ့်... အသုဘအိမ်က သီချင်းသံက တိုးလာနေဆဲ...။အိပ်မရ
မဲ့အတူတူ သီချင်းကို နားစွင့်ထောင်လိုက်ပါသည်...။

ဂေါ်သဇင် နှင့် တိုက်စံပယ် (အညာပန်းလေးများ)

တိုက်စံပယ်ပန်း


ကိုင်း ဒီတစ်ခါတော့ အညာဒေသရဲ့ ဆောင်းတွင်းအခါသမယမှာ ပွင့်တဲ့ ပန်းလေးတွေဖြစ်တဲ့
ဂေါ်သဇင်ပန်းနဲ့ တိုက်စံပယ်ပန်းတို့ရဲ့ အကြောင်းလေးတွေကို ဖော်ပြပါမယ်နော်...။

ဂေါ်သဇင်ပန်း
ဂေါ်သဇင်ပန်းပင်က နွယ်မျိုးပါ...။ အရုံထိုးပြီး အပေါ်ကို တွယ်တက်ပြီး ပွင့်တတ်ပါတယ်...။
ဂေါ်သဇင်ပန်းပွင့်ချိန်ဟာ ဆောင်းတွင်းမှာပါ..။ ဂေါ်သဇင်ပန်းဟာ အဖြူရောင် အခက်ကေ
လးတွေ ဖြစ်ပါတယ်...။ သူ့ရဲ့ အနံ့ကတော့ မွှေးပျံ့ပြီး   လေတိုက်တိုင်း ပတ်ဝန်းကျင်ကိုမွှေး
ပျံ့စေပါတယ်...။ ကျွန်တော်တို့ ရွာထဲမှာ ဂေါ်သဇင် ပန်းရုံ ရှိတာ သိပ်မများလှပါဘူး...။ ပန်း
ပွင့်ချိန် ဆိုရင်တော့ ပန်းရုံရှိတဲ့ အိမ်တွေက ဝေ တာလည်းရှိ၊ ရောင်းတာလည်း ရှိပါတယ်...။
ဂေါ်သဇင်ပန်းက လှလည်းလှ ၊ မွှေးလည်းမွှေးတော့ ပျိုမေတွေ ပန်ဆင်တာ များလှပါတယ်.။


တိုက်စံပယ်ပန်း
တိုက်စံပယ်ပန်းကလည်း နွယ်မျိုးပါပဲ...။ သူကလည်း ရုံထိုးပြီး အပေါ်ကို တွက်တက်ပြီး ပွင့်တဲ့
အမျိုးပါ...။ သူကလည်း ဆောင်းတွင်းပွင့်တဲ့ ပန်းပေါ့...။ အနံ့တော့ မရှိဘူး မှတ်တာပဲ...။ တိုက်
စံပယ် ပန်းလေးတွေက ဂေါ်သဇင်ပန်းနဲ့ အခက်ချင်းတူပါတယ်...။ ဒါပေမယ့် အရောင်က မတူ
ပါဘူး..။ ဂေါ်သဇင်က အဖြူ၊ တိုက်စံပယ်က အနီရောင် အခက်လေးတွေပါ...။ တိုက်စံပယ်ပန်း
ကလေးတွေက လှပါတယ်...။ ကျွန်တော်တို့ အိမ်ရဲ့ စည်းရိုးမှာတောင် ရှိပါတယ်...။ သူက ဘ
ယ်လောက်သတ်သတ် မသေပါဘူး...။ မိုးတွင်းရောက်တာနဲ့ ပြန်ပြီး ပေါက်လာပြန်တာပဲ...။ တို
က်စံပယ်ပန်းကိုလည်း ပျိုမေတို့ ပန်ဆင်တတ်ကြပါတယ်...။





အခေါ်မတူတာတွေ ရှိနိုင်ပါတယ်...။ ဒါကြောင့် အခေါ်မတူရင် ကွန်မန့်ပေးခဲ့ကြအုံးနော်..

ရာဇာ(ကျေးလက်သားလေး)
9.5.2011

Sunday, May 8, 2011

ဝက်သားမစားဘူးရယ်

တစ်ခါက ရွာတစ်ရွာရဲ့ ရွာဦးဘုန်းကြီးကျောင်းမှာ ကျောင်းသားလေး မောင်မောင် ဆိုတာရှိသ
တဲ့...။   သူက လည်(လျှောက်သွားခြင်းမဟုတ်)တဲ့ နေရာမှာလည်း နှစ်ယောက်မရှိဘူးတဲ့လေ။
မောင်မောင် တို့ နယ်ဘက်တွေမှာ မိုးခေါင်၊ ရေရှားဖြစ်တော့ တောသူ၊ တောင်သားတွေလည်
း ဆင်းရဲကြပ်တည်းကြတာပေါ့...။ အဲလိုဆိုတော့ အလှူအတန်းကလည်း ရှားပါးလာရော...။ေ
မာင်မောင်တို့လည်း အာ မဆိုဘူးပေါ့...။ တစ်ရက်တော့ ထူးထူးခြားခြား တစ်ခြားရွာက အလှူ
ဆိုပြီး ဘုန်းကြီးလာပင့်ပါတယ်...။

အလှူရှိပြီဆိုတော့ ကလေးတို့သဘာဝ ပျော်တဲ့သူက မောင်မောင်ပေါ့...။မောင်မောင်က ဘုန်း
ကြီးရဲ့ အချစ်တော်ဆိုတော့ သွားလေရာ ပါနေကျ..။ အလှူရက် ရောက်တော့ မောင်မောင်တို့
လည်း ဘုန်းကြီးနဲ့ သွားကြတာပေါ့...။ အလှူအိမ်ရောက်တော့ မောင်မောင်က တစ်ခြားကျော
င်းက ဘုန်းကြီးကျောင်းသားတွေနဲ့ အဖွဲ့ကျသွားသတဲ့...။ဘုန်းကြီးတွေကလည်း ဘုန်းကြီးတွေ
ချင်း စကားပြော၊ သူတို့ကလည်း ဘုန်းကြီးတွေ အနားမှာ သူတို့ချင်းစကားပြော နေသတဲ့...။

တအောင့်လောက် နေတော့ အလှူ့ရှင်က ဘုန်းကြီးတွေနား ရောက်လာရော...။  မောင်မောင်
ကလည်း ၀က်သားကို အရမ်းစားချင်နေသတဲ့...။ အဲတော့ ထမင်းစားတဲ့အခါမှာ သူများများစား
ရအောင် အကြံထုတ်လိုက်ပါတယ်...။ သူပြောလိုက်တဲ့စကားက တို့ဘုန်းကြီးကလည်း ၀က်သ
ားမစားဘူးရယ်...ဘုန်းဘုန်းကရှောင်ထားတာဝက်သားကို။  အဲလို ပြောလိုက်တော့ အလှူ့ရှင်
လည်းကြား ၊ ဘုန်းကြီးတွေလည်းကြား၊ ကလေးတွေ လည်းကြားသွားပါတယ်...။ ဘုန်းကြီးက
မောင်မောင်ကို စိတ်ဆိုးရခက်၊ ရယ်ရခက်နဲ့ပေါ့...။

အမှန်တော့ ဘုန်းကြီးက ၀က်သား သိပ်ကြိုက်သူလေ...။ အခုတော့ မောင်မောင် စကားကြော
င့် ဘုန်းကြီး အဲဒီနေ့က ၀က်သားမစားရပါဘူးတဲ့ဗျာ...။ မောင်မောင်တွေးတာက ဘုန်းကြီးမစား
ရင် ဘုန်းကြီးအတွက် ၀က်သားတွေကို သူပိုစားရမှာ ဆိုတဲ့သဘောနဲ့ပါ...။ တကယ်တော့ ကေ
လးအတွေးပါ...။

ဒီပို့စ်ကလေးက ပုံမှန် အကြေားအရာလေးဆိုပေမယ့် သေချာ တွေးကြည့်ရင် အသိတစ်ခုတော့
ရစေတယ်ဗျ...။ မောင်မောင်က ကလေးမို့ထားပါနော်... အပြင် လူ့လောကမှာလည်း မောင်မေ
ာင်လိုလူတွေ ပုံလို့ပါ...။ ကိုယ့်အတွက်နဲ့ သူများကို ဒုက္ခမရောက်ပါစေနဲ့နော်...။

မှတ်ချက်= ကျွန်တော်ကိုယ်တိုင်လည်း အဲလိုမဖြစ်အောင် အမြဲကြိုးစားနေပါတယ်ဗျ...။


ရာဇာ(ကျေးလက်သားလေး)

Saturday, May 7, 2011

ဆပ်သွားဖူးပန်း(အညာမြေ)


ရေးတော့အမှန် ဖတ်တော့အသံဆိုတဲ့အတိုင်း ရေးတော့ ဆပ်သွားဖူး၊ ဖတ်တော့ ဆပ်တဖူးတဲ့။
ကြားဖူးကြမှာပေါ့... နာနတ်သီးတွေ ဘယ်ကသီးတယ်..ဆပ်သွားဖူးပင်က သီးတယ်ပြောတယ်
ဆိုတာလေ... အဲဒီအပင်က ကိုင်းအခွများတယ်.. အမြစ်များတယ်.. အရွက်က ချွန်တယ်..ဘေ
းမှာ ဆူးလေးတွေပါတယ်...။ အသီးကတော့ နာနတ်သီးလိုပဲဗျ...။

 ဆပ်သွားဖူးပန်း

ကျွန်တော်တို့ ငယ်ငယ်ကဆို အဲဒီ ဆပ်သွားဖူးအရွက်လေးတွေနဲ့ ဆော့ကြပါတယ်...။ ဘယ်လို
ဆော့တုန်းဆိုတော့ ဆပ်သွားဖူး အရွက်မှာက ဆူးလေးတွေပါတယ်.. အဲဒီဆူးလေးတွေ ပါတဲ့အ
ရွက်ကို အချင်းချင်းပြန်ပြီးနမ်းခိုင်းတယ်...။ ဘာလို့နမ်းခိုင်းလည်း ဆိုတော့ မျောက်က ငါးပိကြေ
ာက်တယ်.. အဲဒါကြောင့် ဒီအရွက်ကို မနမ်းဘူး...။ မင်းတို့ မျောက်မဟုတ်ရင်နမ်းဆိုပြီးနမ်းခိုင်း
တာ .. အဲလိုနမ်းလိုက်ရင်တော့ နမ်းနေတဲ့အချိန်ကို အီဒီအရွက်ကို စွဲလိုက်တယ်...။ နမ်းတဲ့သူ
ကတော့ နှုတ်ခမ်းမှာ ဆူးခြစ်ရာလေး ကျန်ခဲ့တာကြည့်ပဲ...။(ပွေပွေလီလီ တအားဆော့တယ်..)
  ဆပ်သွားဖူးပင်

ဆပ်သွားဖူး ပန်းလေးတွေ ပွင့်ပြီဆိုရင်တော့ အိမ်နီးနားခြင်းတွေကို သိကြတယ်...။ ဘာလို့လဲ
ဆိုတော့ ဆပ်သွားဖူးပန်းက အရမ်းမွှေးလို့လေ...။ ပန်းလို့ဆိုပေမယ့် ပန်းပွင့်တွေလိုတော့ မဟု
တ်ဘူးဗျ...။ အရွက်လေးထဲကမှ အဖီးဖီးလေးတွေရယ်... ။ အဲဒီ အရွက်လေးကို ဟိုဖက်ထိပ်၊ဒီ
ဖက်ထိပ် ခေါက်လိုက်တယ်.. အဖီးလေးကတော့ အတွင်းထဲကပေါ့.. အဲဒါလေးကို ကလစ်လေး
တွေနဲ့ ပန်ကြတယ်...။ ဆပ်သွားဖူးပန်းကို ဘုရားကပ်တယ်ဆိုတာ မရှိသလောက်ပါပဲ...။ ပန်ပဲ
ပန်ကြတာလေ...။ မိန်းကလေးမဟုတ်ပဲနဲ့ အဲဒီ ဆပ်သွားဖူးပန်းအနံ့လေးကိုတော့ ကြိုက်သားဗျ
...။ ဆပ်သွားဖူးပန်းကို လူတိုင်းသိမလားတော့ မသိဘူး... မသိတဲ့ သူရှိရင်လည်း ကြည့်သွားကြ
ပေါ့... သိတဲ့သူကလည်း ထပ်ပြီး ကြည့်သွားကြပါနော်...။

အလျင်းသင့်သလို ပန်းလေးတွေ အကြောင်းကို ဖော်ပြသွားပါမည်...။

ရာဇာ(ကျေးလက်သားလေး)
7.5.2011

Friday, May 6, 2011

လွမ်းဖွယ့်ရာသီ



ဆောင်းအကုန် နွေကူးပြီဆိုတော့... နှင်းတွေကလည်း အရည်ပျော်ကုန်သလို၊ နေရောင်လေး

လည်း မြင်ရပြီ...။ လေရူးတွေကလည်း ဟိုမှသည်၊ သည်မှဟို တိုက်ချင်သလို တိုက်နေသလို

.... မိုးဖွဲလေးကလည်း တဖွဲဖွဲနဲ့ ရွာသွန်းဖြိုးနေလေရဲ့...မိုးရွာပြီးတာနဲ့ တစ်ပြိုင်နက် ညှိုးနေတဲ့

အပင်လေးတစ်ပင် ရေလောင်းလိုက်လို့ လန်းဆန်းသွားသလို...ဆောင်းဒဏ်ခံထားရတဲ့ သစ်

ပင်တို့လည်း အရိုးတံပြိုင်းပြိုင်းကြားမှ ပုရစ်ဖူး လေးတွေလည်း အစီအရီထွက်လာပြီး တစ်ရက်

ထက် တစ်ရက် အရွက်လေးတွေ ဝေစီပြီး စိမ်းလမ်းလို့ လာနေပြီလေ...။


အခုတလော ကျွန်တော်တို့ဆီမှာ အမြဲတမ်းမိုးလေးအုံ့လိုက်၊ လေလေးတိုက်လိုက်၊ မိုးဖွဲလေး

ကျလိုက်နဲ့.. လွမ်းတတ်သူတို့အဖို့တော့ လွမ်းလို့ အကောင်းဆုံးပေါ့... ကျွန်တော်တို့ အဆော

င်ပေါ်ကနေ နောက်ကျောက သစ်တောဘက်ကို ကြည့်လိုက်ရင် သစ်ပင်တွေက အရွက်လေး

တွေ စိမ်းလို့..။ဒီကြားထဲ မိုးက အုံ့ပြီး.. မြူခိုးလေးတွေကလည်း ဝေနေလိုက်သေး..။ တစ်ချက်

တစ်ချက်တော့ မိုးနံသင်းသင်းလေး ပါလာတဲ့ လေလေး ရှုလိုက်ရတာ... ရွာက လယ်ကွင်းထဲ

ပြန်ရောက်သွားသလို ခံစားရပြန်တယ်..။


တစ်ခါတစ်လေတော့လည်း အဆောင်ရဲ့ အပြင်ဝရန်တာကနေ အောက်ကို ကြည့်လိုက်ပြန်ရင်

လူတွေ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဥဒဟို သွားလာနေပြန်တယ်... ဒီကြားထဲ လေလေးက တိုက်ခ

တ်သွားပြန်တော့ သူတို့တွေရဲ့ ဆံပင်စလေးတွေ လှုပ်ခတ်သွားတာကို မြင်ရပြန်တယ်... အဲဒါ

လေးကိုလည်း တစ်မျိုးလေး ဖီလင်လာနေပြန်တယ်...။ အဲဒါက တိုက်ဆိုင်မှု မရှိပဲ လွမ်းဆွတ်

နေခြင်းပါ...(ယုံမလားတော့ တိဝူး)။ ကျွန်တော်တော့ ပြန်ခါနီးလေ ပြန်ချင်လေ၊ လွမ်းလေ ဖြ

စ်နေသလိုပါပဲ... အခုတလော အဲဒါကြောင့်လား မသိပါဘူး..အိပ်ယာထဲပဲ ခွေနေဖြစ်တယ်..။

လွမ်းလို့ကောင်းအောင် အလွမ်းတွေကို ပံပိုးပေးနေတာကလည်း အလွမ်းသီချင်းလေးတွေပါပဲ

...။ အဲဒီသီချင်းက ဘာလဲဆိုတော့ ဂီတနက်သန် ကိုစောညိန်းရဲ့ သီချင်းကို မန္တလေးသိန်း

ဇော် ပြန်ဆိုထားတဲ့ မိုးသက်လေနှင် သီချင်းလေးပါ...။ လွမ်းလွမ်းနဲ့ ဆွေးလို့ ကောင်းသလား

မမေးနဲ့... ဒီသီချင်းလေးနဲ့ ကျွန်တော် မိတ်ဆွေတွေလည်း လွမ်းသွားကြပါအုံးနော်...

အလွမ်းတွေ အကြောင်းရေးရင်း လွမ်းလာလို့ ထပ်ပြီးလွမ်းလိုက်အုံးမယ်ဗျာ...


အားလုံးကို လေးစားလျက်

ရာဇာ(ကျေးလက်သားလေး)

6.5.2011

Thursday, May 5, 2011

လွမ်းနေသောအစားအစာလေးများ(၂)

အခုတလော စာမရေးဖြစ်ဘူးလေ... အဲဒီ အတွက် စိတ်မကောင်းပါဘူးဗျ... အခုတော့စားစရာ
နဲ့ပဲ ဖွင့်မယ်ဗျာ...။ အရင်တစ်ခါက စားချင်နေသော အစားအစာလေးများ(၁) ဆိုတာကိုရေးပြီး
ပါပြီ... အခု (၂) ပေါ့ဗျာ...။ အခုစားချင်နေတာတွေက ...

(၁)ငါးဖောင်ရိုးခြောက်ဖုတ်
ငါးဖောင်ရိုးခြောက်ကို ချက်စားတာထက်၊ ဖုတ်စားတာ၊ ကင်စားတာကို ပိုကြိုက်တယ်...။ ကျွ
န်တော်တို့ ဆီမှာတော့ မြင်းခြံက ငါးခြောက်ပေါတော့ ငါးခြောက် အမျိုးမျိုး စားရပါတယ်...။ငါ
းဖောင်ရိုးခြောက်လေးကို ကင်ပြီး နှမ်းဆီ စစ်စစ်လေး ဆမ်းစားရင် အရမ်းကောင်းပါတယ်...။
အဖိုးကြီးတွေကတော့ ငါးခြောက်ဖုတ်လေးကို သံပုရာရည်လေးဆမ်းပြီး ရေနွေးလေးနဲ့ မြီးတ
တ်ကြတယ်ဗျ...။ ကျွန်တော်လည်း ကြိုက်တယ် အဖိုးကြီးတော့ ဟုတ်ဘူး...:)



Wednesday, May 4, 2011

ရွှေရိုးမှာလည်း အသဲနဲ့ပါ

ကျွန်တော် အခုတလော နက်ကလည်းမရ၊ ကျောင်းစာကလည်း အရေးကြီးနေတော့ ပို့စ်တွေမတင်ဖြစ်ဘူးလေ...။ပို့စ်တွေတင်ချင်လို့ လက်ကို ယားနေတာပဲ... ဒါပေမယ့်
လည်း မအားတော့   မတင်ရဘူးပေါ့ဗျာ...။ အဲဒီအတွက်လည်းလာရောက်လည်ပတ်
တဲ့ မိတ်ဆွေတွေကို အထူးးပဲ အားနာမိပါတယ်...။ ကျေးလက်သားလေး အသစ်မတ
င်လည်း လာရောက်လည်ပတ်ပြီး အဟောင်းလေးတွေကို ဖတ်သွားကြတဲ့ မိတ်ဆွေေ
တွကို ကျေးဇူးအထူးတင်မိပါတယ်ခင်ဗျာ... သောကြာနေ့လောက်ဆိုရင်တော့ ပို့စ်တ
စ်ခုလောက်တော့ တင်နိုင်မှာပါ...။ စောင့်မျှော်ပြီး ဖတ်ရှုပေးကြပါအုံး...။ အဲဒီနောက်
ပိုင်းတော့ တင်ဖြစ်တော့မှာပါ...

အခုလည်း လူကမအားတဲ့ကြားကနေ သီချင်းလေး တစ်ပုဒ်တင်ပေးလိုက်တယ်နော်..
ကျွန်တော်က ဒီသီချင်းလေးကို ကြိုက်ပါတယ်...။ ပျင်းရင် ကြည့်ဖြစ်တယ်...။ ကိုင်း...
မိတ်ဆွေတို့လည်း အပျင်းပြေ ကြည့်သွားကြအုံးနော်...



အားလုံးကို ကျေးဇူးတင်တယ်နော်...
ရာဇာ(ကျေးလက်သားလေး)

Saturday, April 30, 2011

မြင်လှည့်စမ်းစေချင်သည်(ကျေးလက်ဖိတ်ခေါ်သီချင်း)

ဒီသီချင်းလေးက ကျေးလက်မြေကို ဖိတ်ခေါ်ထားတဲ့ သီချင်းလေးပါ...။ အဲဒီသီချင်းလေးလိုပဲ ကျွန်တော်ရဲ့ မိတ်ဆွေတွေ၊သူငယ်ချင်းတွေ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်...။ အညာကို ရောက်ရင်ဖြင့် ၀င်ခဲ့ကြပါလို့...။ အညာထမင်း၊ အညာဟင်းလေးတွေ ချက်ကျွေးချင်လို့ပါ...။ အခုလည်း ဟင်းချက် တန်းလန်းကြီးမို့ ပြေးပြီဗျို့......

ပိုးအိစံ ဆိုထားတာလေးပါ

ရာဇာ(ကျေးလက်သားလေး)

Friday, April 29, 2011

ထူးဆန်းထွေလာ ပန်းကမ္ဘာ

ဒီတစ်ခါတော့ အစားအသောက်အကြောင်း၊ အပင်တွေ အကြောင်းတော့ မဟုတ်ဘူးဗျ...။ ပန်းပွင့်လေးတွေ
အကြောင်းပါ...။ ပန်းပင်လေးတွေ ဆိုတာ လှပြီး အနံ့ရှိတာလေးတွေရှိသလို၊ လှပြီး အနံ့မရှိတဲ့ ပန်းပွင့်လေး
တွေလည်း ရှိပါတယ်..။ လူတွေဆိုတာ လှရင် သဘောကျတတ်သလို၊ အနံ့လေးတွေ ရှုရရင်လည်း သဘော
ကျတတ်ကြပါတယ်...။ အခုလည်း ကျွန်တော် အွန်လိုင်းပေါ်က တွေ့တဲ့ ထူးဆန်းတဲ့ အပွင့်လေးတွေ အကြေ
ာင်းကို တင်ပြမှာပါ...။
ထူးဆန်းတဲ့ နေကြာပန်းလေး

Thursday, April 28, 2011

ချင်းတက်အစွမ်း အံ့မခန်း

ချင်းလို့ ဆိုလိုက်တာနဲ့ ကလေးလူကြီးအားလုံး သိကြပါမယ်လို့ မျှော်လင့်မိပါတယ်...။ချင်း တက်လေး
ကို သဲထဲမှာ မြှုပ်ထားရင် အလိုလို အပင်ပေါက်လာပါတယ်...။ ချင်းတက် က ဈေးသက်သာသလော
က် လူကိုတော့ တော်တော်လေး အကျိုးပြုပါတယ်..။ ကြားဖူးကြမှာပေါ့ အစာလည်းဆေး၊ ဆေးလည်း
အစာ ဆိုတာလေ...။

ချင်းကို ဟင်းချက်ရာမှာ အဓိက ထားပြီး သုံးစွဲကြပါတယ်...။  ချင်းထည့်ချက်တဲ့ ဟင်းလျာက မွှေးလွ
န်းလှပါတယ်..။ နောက်တစ်ခုကတော့ ချင်းကို သုပ်စားတာပါပဲ...။ ချင်းသုပ်က စားလို့ကောင်းသလို
ဆေးဖက်လည်း ၀င်တယ်လေ...။

အသံဝင်၊ လည်ချောင်းနာ ဖြစ်တဲ့အခါတွေမှာတော့ ချင်း နဲ့ ထန်းလျက်ကို သုံးခွက် တစ်ခွက်တင်ရော
ကျိုပြီး သောက်သုံးပါက ပျောက်ကင်းစေပါတယ်...။ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်
တဲ့ တုတ်ကွေး၊ ချောင်းဆိုး၊ ချမ်းစိမ့်စိမ့် ဖျားတဲ့အခါမျိုးဆိုရင်တော့ ချင်းနဲ့ ထန်းလျက်ကို သုံးခွက်တစ်
ခွက်တင် ရောကျိုပြီး သောက်သုံးပါက ပျောက်ကင်းစေပါတယ်...။ ကျွန်တော်တို့ အိမ်မှာ တုတ်ကွေး
ဖြစ်ရင်တော့ ချင်းကို တော်တော်လေး အသုံးပြုပါတယ်...။

ပြင်းပြင်းထန်ထန် ခေါင်းကိုက်ဖူးကြမှာပေါ့..။ အဲလိုမျိုး ဖြစ်တဲ့အခါမှာတော့ ချင်းတက်ကို ထုထောင်း
ပါ...။ ရလာတဲ့အရည်ကို လက်ဘက်ရည်ဇွန်းရဲ့ သုံးပုံတစ်ပုံခန့်စားတဲ့အခါမှာ သက်သာပျောက်ကင်း
စေပါတယ်...။ နားကိုက်တဲ့ အခါမျိုးမှာတော့  ချင်းတက်ရဲ့  သတ္ထုရည်ကို နားထဲ ခတ်ပေးလျှင် သက်
သာစေပါတယ်...။ ကားမူး တတ်တဲ့သူများအတွက်တော့ ခရီးမသွားခင် ချင်းတက် အနည်းငယ်ကိုဝါး
စားခြင်းဖြင့် ကားမူးတာ သက်သာစေပါတယ်..။ ဇက်ကြော တက် တဲ့သူတွေ အတွက်တော့  ချင်းေ
လးကို ပါးပါးလှီး မီးကင်ပြီး ဇက်ကြောတက် တဲ့ နေရာမှာ ကပ်ပေးရင် သက်သာစေပါတယ်...။

ကျွန်တော် သိတာလေးတွေပါ... ကျန်တဲ့ ဆေးနည်းတွေ ရှိအုံးမှာပါ...။ သိတာလေးတွေ ရှိရင် ပြန်ပြီး
မျှဝေခဲ့ကြပါအုံးနော်...။ ဗဟုသုတ အနည်းငယ်ရမယ်ထင်ပါတယ်...။သိပြီးသားတွေ ဆိုရင်တော့အာ
း လုံးကို တောင်းပန်ပါတယ်နော်...။

ရာဇာ(ကျေးလက်သားလေး)
28.4.2011

Tuesday, April 26, 2011

တညင်းသီးနှင့် အမှတ်တရများ

တညင်းသီးလို့ ပြောလိုက်ရင် လူတိုင်းသိမှာပါ...။ကျွန်တော်တော့ တညင်းသီးနဲ့ဝေးနေတာ ကြာပေါ့
...။ တညင်းသီးက စားလို့တော့ ကောင်းတယ်နော်... ဒါပေမယ့် အနံ့ကပြင်းတယ်လေ...။ တညင်းသီ
းကိုတော့ ပြုတ်ပြုတ်၊ ချက်ချက်၊ ငါးပိနဲ့ကြော်ကြော် အားလုံး ကြိုက်ပါတယ်...။

ကျွန်တော်တို့ဒေသမှာတော့ တညင်းသီးကရှားတယ်လေ.. တစ်ခါတစ်လေမှ စားရတာ...။ ကျောင်း
တက်တုန်းကတော့ ခဏတိုင်း စားဖြစ်တယ်...။  တညင်းသီး ပြုတ်လေးကို ထုပြီး ဆီနဲ့ ဆားနဲ့ တို့စား
ရတာကိုကြိုက်တယ်...။  တညင်းသီးကို  ခရမ်းချဉ်သီးနဲ့ပဲချက်ချက်၊ ၀က်သားနဲပဲချက်ချက် စားလို့ေ
ကာင်းတယ်...။

တညင်းသီးနဲ့လဘက်သုပ်တာတော့ ကျောင်းတက်တုန်းက တစ်ခါပဲ စားဖူးတယ်...။  ကျွန်တော်ကေ
ကျာက်ဆည်မှာ ကျောင်းတက်တာလေ...။ ကျောက်ဆည်နဲ့ ဘယ်လင်းကြားမှာ ရွှေသိမ်တော်ဘုရား
ဆိုတာ ရှိပါတယ်..။ အဲဒီ ဘုရားကို ကျွန်တော်တို့သူငယ်ချင်း တစ်စု သွားကြတယ်...။    ကျောင်းကိုေ
ရာက်ခါစဆိုတော့ ပျော်ဖို့ အရမ်းကောင်းတယ်..။  အဲဒီဘုရားရောက်တော့ ဘုရားဖူး ၊  တောင်ပေါ်တ
က်..။ မတက်ခင် ဆိုင်ထိုင်တော့  အခြားအစားအစာတွေနဲ့ လ္ဘက်သုပ် မှာလိုက်တယ်...။ကျွန်တော်တို့
စားဖူးတာက လ္ဘက်သုပ်ကို ရိုးရိုးပဲလေ..။အဲဒီရွှေသိမ်တော်ဘုရားလ္ဘက်သုပ်က တညင်းသီးပါပါတယ်
ဗျာ...။ စားလို့အရမ်းကောင်းတယ်...။ ကျွန်တော်တော့ စွဲကိုနေတာပဲ...။

Monday, April 25, 2011

လွမ်းနေသော ဆောင်းတွင်းပေါ်စားစရာများ


ကိုင်း.. ဒီတစ်ခါလည်း ကျွန်တော် ဒီမှာ ၀ယ်လို့မရတဲ့ ဆောင်းတွင်းပေါ် စားစရာလေးတွေကို
လွမ်းလွမ်းနဲ့ ရေးလိုက်ပြန်ပြီနော်...။

ဆောင်းတွင်းမှာပေါ်ပြီး ဆောင်းမနက်နဲ့ လိုက်ဖက်လှတဲ့ စားစရာလေးတွေကတော့ ပြောင်း
ဖူး၊ထန်းပင်မြစ်၊ ပဲမြစ်၊ စိမ်းစားဥ၊ ပိန်းဥ၊ ကန်ဇွန်းဥ၊ ကောက်ညှင်းပေါင်း၊ ခေါပုတ် စတဲ့ဟာေ
တွဖြစ်ပါတယ်...။

(၁)ပြောင်းဖူး
ပြောင်းဖူးကတော့ ဒီနိုင်ငံမှာ ရှိပါတယ်..။  ဈေးတော့ အရမ်းကြီးတယ်. ပြောင်းဖူး တစ်ဖူးကို
မြန်မာငွေ သုံးထောင်နီးပါးရှိတယ်..။ ကျွန်တော်တို့ ဒေသမှာတော့  ပေါသလားမမေးနဲ့ ပြော
င်းဖူးက ငရုတ်စိုက်ရင် တစ်ခါထဲ ခပ်ပါးပါး ထည့်ပြီး စိုက်ထားတယ်...။    နောက်ပြီး ကျွန်းထဲ
တွေက ပေါ်ပြီဆိုရင်တော့ ပြောင်းဖူးတွေ ခြောက်တောင်ကုန်တယ်လေ...။  ပြောင်းဖူးပင်က
တော်တော် အသုံးဝင်ပါတယ်..။အရိုးကို နွားကျွေးရတယ်..။အဖူးနု(အစေ့လေးတတွေ နုတုန်
း) ကြော်စားရပါတယ်...။ ရင့်လာရင်တော့ ပြုတ်လို့တစ်မျိုး၊   ဖုတ်လို့တစ်ဖုံ အမျိုးမျိုးလုပ်စား
ကြတယ်...။  ဆောင်းတွင်းရောက်တာနဲ့ အိမ်ရှေ့ကမန်ကျည်းပင် အကြီးကြီးအောက်မှာ မီးဖို
ကြီး ဖိုထားတယ်...။ အဲဒီမီးဖိုမှာက ရေနွေးဝိုင်းပါပြီးသား..။  ရာသီပေါ်သီးနှံတစ်နေ့တစ်မျိုးေ
ပါ့ ပြုတ်ပြုတ်ပြီး စားကြတယ်...။ ပြောင်းဖူး အဖုတ်ကို ပိုကြိုက်တယ်...။
 ပြောင်းဖူး

Sunday, April 24, 2011

ပဲတောင့်ရှည်ပင်နှင့်မြွေစိမ်းမြီးခြောက်


ကျွန်တော်တို့ ဒေသမှာတော့ ပဲအမျိုးမျိုး ပေါလှပါတယ်...။ ပဲဖြူပြား၊ ပဲနီပြား၊ ပဲကြား၊ပဲစာဥ၊ထွက်
တိုးပဲ၊ ပဲစင်းငုံ၊ ပဲလွန်း၊ပဲတီစိမ်း၊ ပဲကြီး၊ ရွှေရင်းမာပဲ၊ ပဲဇီးကွက်၊ပဲတောင့်ရှည် စတဲ့ဟာတွေ ပေါပါ
တယ်...။
ပဲတောင့်ရှည်ကို တကူးတက မစိုက်ပျိုးကြပါဘူး...။ ပဲစိမ်းငုံ၊ပြောင်း၊ နှံး၊၀ါ စတဲ့ဟာတွေ မျိုးစေ့ပ
က်တုန်း ပက်လိုက်ရုံပါပဲ..။ သူ့ဟာသူ အရွယ်ရောက်လာရင် ဖြာပြီး  နီးရာအပင်ကို နွယ်တက်ပါ
တယ်..။ ပဲတောင့်ရှည်ပင်က နွယ်ပင်မျိုးလေ...။

ပဲတောင့်ရှည်ပေါ်ချိန်ဆိုရင်တော့ တစ်ရွာလုံး ဒီပဲကြည့်ပါပဲ...။ ရောင်းစားရတယ်ဆိုတာ မရှိပါဘူး
...။ ပေါ်တဲ့အိမ်က အိမ်နီးနားချင်းတွေးကို ဝေတယ်..၊ ဆွေမျိုးတွေကို ပေးတယ်လေ...။

ပဲတောင့်ရှည်သီးကိုတော့ အမျိုးမျိုးလုပ်စားကြပါတယ်...။ ပဲတောင့်ရှည်သီးကို လိုချင်သလောက်
အရွယ်အစားလေးတွေ ချိုးပါတယ်...။ ပြီးမှ ချက်စားတာ..။    ပဲတောင့်ချိုချက်၊ ပဲတောင့်သုပ်၊ ပဲေ
တာင့်ဟင်းချို၊ ပဲတောင့်ငါးပိချက်... စုံနေတာပဲ...။

လွမ်းနေသော ကျေးလက်မြေက ဟင်းလျာများ(၁)


ဒီကို ရောက်ပါပြီဆိုကတည်းက အညာအစားအစာတွေ ငတ်နေတာပေါ့...။ ဒီနိုင်ငံက အသီးအနှံ
အရမ်းရှားပါးတယ်လေ...။ အသား ကိုပဲ စားနေရတော့ အမေ ချက်ကျွေးတဲ့ တောဟင်းလေးတွေ
ကိုလွမ်းတာပေါ့ဗျာ...။

(၁)ကြက်ဟင်းခါးသီးချက်
ကြက်ဟင်းခါးသီးကို ဘယ်လိုပဲချက်ချက်ကြိုက်ပါတယ်...။ ကြက်ဟင်းခါးသီးကို ငါးပိ၊   ငရုတ်သီးနဲ့
အစပ်ကြော်ကိုတော့ ပိုပြီးကြိုက်တယ်ဗျ...။ ကြက်ဟင်းခါးစေ့ကိုလည်း ၀ါးစားရင် စိမ့်စိမ့်လေးမို့ကြို
က်တယ်...။ ကြက်ဟင်းခါးသီးငါးပိချက်က ဘယ်လိုချက်ရလဲဆိုတော့...   ကြက်ဟင်းခါးသီးကို အ၀ို
င်းလေးတွေလှီး ပြီးရင် ဆားနဲ့သုံးထပ်လောက်နယ်လိုက်ရင် အခါးဓါတ်ထွက်သွားပြီး မချိုမခါးလေး
ကျန်ခဲ့ပါတယ်...။ အဲဒီနယ်ပြီးသားလေးကို ငါးပိရယ်၊ ငါးရုတ်သီးမှုန့်ရယ်၊   ကြက်သွန်ဖြူရယ်၊ဆီ၊ဆ
ား၊ဆနွင်း၊ ရောင်တင်၊ အချိုမှုန့် တစ်ခါတည်းနယ်ပြီး မီးဖိုပေါ်တင်လိုက်ပါ..ပြီးရင်ရေထည့်လိုက်ပေါ့
...။ အဖတ်ကလေးတွေ အိသွားပြီဆိုရင် ကြက်ပြီ... ကျွန်တော်တော့ အရမ်းကြိုက်တယ်...။
 ကြက်ဟင်းခါးသီးချက်

Saturday, April 23, 2011

နွေ၊ မိုး၊ ဆောင်း သရုပ်

(from google)

 နွေသရုပ်
ပန်းတွေကသွေ  စမ်းရေကထေ
လေတွေကကျ  ဖုံတွေကထ
မြူခိုးကဝေ ဥသြဆွေက
ဝန်းကျင်တဟို  တွဲလဲခိုပြီး
တွန်ကျူးသံဝေ  ထိုငှက်ဆွေက
နွေရဲ့သရုပ် ပေါ်အောင်လုပ်လို့
ဤရာသီကို  ဖွဲ့နွဲ့တွင်ခေါ်
နွေရာသီဦးဂိမာန်ထူး...။

ကြက်သားဗူးသီး၊ ပဲပြားကြော်၊ ငါးခြောက်ကြော်၊ ၀က်သားအိုးကပ်ချက်

ကျွန်တော်တို့ကျောင်းက ဘုရားခန်းပါ

အခု ကျွန်တော့်တို့ဆီမှာ ဗူးသီးတွေ ဈေးချိုနေပြီလေ.. တစ်ကီလိုပါ ရူဘယ် 85 ကျပ်လောက်ပဲရှိ
တယ်...။ အဲတော့ ဗူးသီးကို အမျိုးမျိုးလုပ်စားတယ်...။ ဗူးသီးဟင်းချို၊ ဗူးသီး အချိုချက်၊ ဗူးသီးနဲ့ကြ
က်သားချက် စတဲ့ဟာတွေ ချက်စားပါတယ်...။

ဗူးသီးကြက်သားချက် ကတော့ အရမ်းစားလို့ ကောင်းတယ်....။ ဗူးသီးလေးကချို၊ ကြက်သားက ချို
ဆိုတော့ အရမ်းကြိုက်တယ်...။

ကျောင်းက သွားရင် အချိန်ကုန်တယ်ဆိုတော့ နောက်ရက်စာ ကို ကြိုပြီးချက်ထားးလိုက်တယ်.. အဲ
ဒါကတော့ ၀က်သားအိုးကပ်ချက်ပေါ့...။   ၀က်သားကို ရေဆေးပြီး တုံးထားလိုက်တယ်..။  ပြီးတော့
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊  ဂျင်း  ကိုကြိတ် လိုက်တယ်...။ ၀က်သား တုံးပြီးသားနဲ့ အဲဒီ ဟာတွေကို
ထည့်၊ အရောင်တင်မှုန့်၊ ဆနွင်းမှုန့်၊ ဆား၊ အချိုမှုန့် နဲ့ ဆီထည့်ပြီး နယ်လိုက်တယ်...။   ပြီးရင်တော့
မီးဖိုပေါ်တယ်လိုက်တယ်...။ အဲဒီဟာတွေကို မွှေပြီးရင် ရေနည်းနည်းထည့်လိုက်ပါတယ်...။တစ်ရေ
လောက် ခန်းသွားပြီဆိုရင်တော့ ကရဝေးရွက်လေးထည့်လိုက်ပါတယ်.။သုံးရေလောက်ခန်းအောင်
ချက်လိုက်ရင်တော့ ၀က်သားက ဆီပြန်လာပြီး အသားလေးက နူးအိသွားပါတော့တယ်..အဲဒါဆိုရင်
တော့ ဆွဲလို့ရပြီလေ...။
ဝက်သားချက်

ဗီယက်နမ်ဈေးကနေ ပဲပြားလေး မှာလိုက်တယ်...။ ပဲပြားကို ပဲပင်ပေါက်နဲ့ ကြော်စားတဲ့ အခါလည်း
ရှိတယ်။ ဒီတိုင်း ကြော်စားတာလည်း ရှိတယ်...။ ဒီတစ်ခါတော့ ဒီတိုင်းပဲ ကြော်လိုက်တယ်ဗျ...။  တို့
ဝူးကြော်လေးလိုပါပဲ စားလို့ကောင်းတယ်...။
 ပဲပြားကြော်

ငါးခြောက်ကတော့ ဗီယက်နမ် ငါးခြောက်ဆိုပြီး ရှိပါတယ်..။ အပြားကြီးတွေတို့၊ အသေးလေးတွေတို့
.. ဒီနိုင်ငံမှာလည်း ရှိပါတယ်...။ ဒါပေမယ့် ငါးတွေက  ကျွန်တော်တို့ နိုင်ငံလို မကောင်းဘူး ၊ ချိုလည်း
မချိုဘူး.. အဲဒါကြောင့် သိပ်ချက်မစားဖြစ်ပါဘူး...။     ငါးခြောက် အသေးအမွှားလေးတွေကိုပဲ ကြော်
ကြော် စားပါတယ်...။
 ငါးသေးလေးကြော်

ငရုတ်သီးကတော့ ဒီတိုင်းလေး ထောင်းစားလိုက်တယ်...။ ကြက်သွန်နီလေးနဲ့ ကြက်သွန်ဖြူလေးနဲ့ စီးနေ
အောင် ထောင်းလိုက်တယ်...။

ငါးရုတ်သီးထောင်း

ကိုင်း... အားလုံး သုံးဆောင် သွားကြပါအုံး...:)

ရာဇာ(ကျေးလက်သားလေး)

သူခိုးဖမ်းတဲ့ည (မသန်းတို့ရွာ)


အခုတလော ကျွန်တော် ပို့စ်တင်တာ ရက်ခြားဖြစ်နေပါတယ်...။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်
ကိုရီးယားကား ကြည့်နေလို့ပါ...။   အခု ပြီးသွားပြီဆိုတော့ အရင်လို တစ်ရက် တစ်ပုဒ် တင်နိုင်တော့
မှာပါ...။(ကျောင်းက အားရင်ပေါ့....)

ကျေးလက်ဒေသရဲ့ လမိုက်ညပေါ့...။ ခေတ်ကလည်း မကောင်းချိန်ဆိုတော့ သူခိုး က ပေါလွန်းလှပါ
တယ်...။ ညတိုင်း သူခိုးခိုးမှာ စိုးတဲ့အတွက် ဂရုတစိုက် အိပ်ရတာကတော့ ရွာသူ၊ ရွာသားတွေပေါ့...။
အိမ်ဝိုင်းစည်းရိုးတွေကို ဆူးတွေနဲ့ ပိတ်နေအောင်ကာ၊ နွားတဲကို ၀ါးလုံးတွေ အထပ်ထပ် ကန့်လန့်ထ
ားတာတောင်မှ သူခိုးက လွတ်အောင် ခိုးတာလည်းရှိရဲ့...။   ခက်တော့ ခက်သား သူခိုးဆိုတဲ့ အမျိုးက
လည်း ခေါင်းမှာ ဂျို ပေါက်မနေသလို၊ နောက်ကျောမှာ အမြီးမပါ ပြန်တော့ မကွဲပြား....။

Thursday, April 21, 2011

နှမလေးသို့ပေးစာ(-)


သို့...
ငါ့နှမ- မောင်မောင် စာရေးလိုက်တယ်ကွာ...။ ငါ့နှမ နေကောင်းမယ်လို့ မျှော်လင့်လျှက်ပါ...။
ငါ့နှမရေ ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီလေ...။ဘယ်ကို ရောက်နေ၊ရောက်နေ ဆက်သွယ်လို့
ရနေပြီ...။ အဲဒီလို တိုးတက်မှုတွေ နဲ့ အတူ ၊ ပျက်စီးမှုတွေကလည်း များလာပြီ...။   အဲဒီ ပျက်
စီးမှုတွေထဲမှာ နှမလေးကို မပါစေချင်ဘူး...။

မိန်းကလေးဆိုတာ သိမ်မွေ့ရမယ်၊ ယဉ်ကျေးရမယ်လေ...။အခုခေတ် မိန်းကလေးတွေက လှ
ချင်လို့ ပျက်စီးကုန်ကြပြီ...။ အဖော်၊ အလှော်၊ အချွတ်တွေ များလာပြီ...။   တစ်ခါတစ်လေဆို
ကြည့်တောင် မကြည့်ရဲဘူးလေ...။ အမှတ်မထင်လို့ မြင်မိတယ်ဆိုရင်တောင် မျက်နှာကို လွှဲ
ပစ်လိုက်ရတယ်လေ...။ စကားပုံတစ်ခုလိုပေါ့ “ယိုသူမရှက် မြင်သူရှက်” ဆိုတာလေ...။

အင်္ကျီဆိုလည်း လည်ကဟိုက်၊ စကပ်ဆိုလည်း အခွဲတွေကရိုးလို့၊ ပေါင် ကပ်တိုလေးတွေလေ
ဝတ်ကြတာ၊ ဆံပင်ဆိုလည်း နီလို့နီ၊ စိမ်းလို့စိမ်း၊ ၀ါလို့ဝါ ရောင်စုံပါပဲ...။ ဘယ်လိုတွေ ဖြစ်ကုန်
သလဲဆိုတာ မပြောတတ်တော့ပါဘူး...။ လှချင်တာ အဲဒါတွေ မလိုပါဘူး...။  အရင်တုန်းကလူ
တွေကတော့ ဆံပင်ကို နက်မှောင်သန်စွမ်းပြီး ရှည်လျားချင်လို့ အမျိုးမျိုးလုပ်ကြတယ်..။စကား
ပုံလေး ရှိတယ်လေ...“ ယောက်ျားလက်ရုံး၊မိန်းမဆံထုံး”တဲ့...။ အခုတော့ မဟုတ်တော့ဘူး နှ
မလေးရေ...ဘာတွေ မှန်းကို မသိတော့ဘူး။

သူတို့တွေ ၀တ်ဆင်တာဟာ သူတို့ရဲ့ အန္တရာယ်ကို ကိုယ်တိုင်ဖိတ်ခေါ်နေတာပဲ နှမလေးရဲ့...။
မိန်းကလေး ဆိုတာ အိနြေ္ဒ၊ သိက္ခာ ရှိရတယ်...။     အခုကတော့ ပြောင်းပြန်ပါ နှမလေးရာ...။
နှမလေးလည်း အခုနောက်ပိုင်း ဇာတ်ကားတွေ ကြည့်ဖူး၊ မြင်ဖူးမှာပါ...။ မိန်းကလေးတွေက စ
ပြီး ချစ်ကြောင်း၊ ကြိုက်ကြောင်း ပြောကုန်ပြီလေ....။ မင်းသား၊ မင်းသမီးတွေက လုပ်ပြရင်ေ
နာက်ကလည်း လိုက်လုပ်ကုန်ကြရောလေ...။ မောင်မောင် တော့ ထင်ပါတယ်...အနုပညာသ
မားတွေက ယဉ်ကျေးမှုပျက်စေတဲ့ အရာတွေကို ရိုက်မပြသင့်၊ ရေးမပြသင့်၊ ဆိုမပြသင့်ဘူးထင်
တာပါပဲ...။ အဲဒီ မှားယွင်းတဲ့ အပြုအမူတွေကို နှမလေး လိုက်ပြီး အတုမခိုးရဘူးနော်...။   နွမေ
လးရေ လိမ္မာ ယဉ်ကျေးပြီး ၊ အမျိုးကောင်းသမီး ဖြစ်ချင်တယ်ဆိုရင်တော့ စာကောင်း၊ ပေကေ
ာင်းတွေကို များများ ဖတ်ဖို့ မမေ့နဲ့နော်...။ ကိုရီးယား ဇာတ်ကားတွေကပဲ ထိုးဖောက်ပြီး အမြင်
မှားတွေ ပေးနေတာလား၊ အနောက်တိုင်း ယဉ်ကျေးမှုတွေလား ဆိုတာတော့ သေချာ စဉ်းစား
တုန်းပါပဲ...။ ကိုရီးယားလူမျိုးတွေက အသားဖြူတယ်၊ လှတယ် အဲဒီ အတွက် သူတို့တွေက ကြ
ည့်ရကောင်းတယ်...။ ကိုယ့်လူမျိုးတွေက အသားကမဖြူ၊ ဗိုက်ကပူ၊ ချေသလုံး၊ ပေါင်လုံးကတု
တ် နဲ့ ၀တ်ဆင်ထားတာများ ကြည့်ရဆိုးလိုက်ပါဘိ...။