Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 31, 2011

အပြောကြီးတဲ့ ကိုသာဂေါင်

(ပုံကို GG မှ ယူသည်)
ဒဟတ်တော ရွာမှာ ကိုသာဂေါင် ဆိုတဲ့ လူတစ်ယောက် ရှိပါတယ်။
သူက သူ့ကိုယ်သူ သတ္တိ ရှိတဲ့လူ လို့   သတ်မှတ်ထားတာဗျ...။ ပြေ
ာလိုက်ရင်တော့  သူ ကြောက်တာ ဘာမှကို မရှိပါဘူး...။ တကယ်
တမ်းကြတော့ မြွေ   တစ်ကောင်တောင် မသတ်ရဲတဲ့သူပါ...။ သူက
အခြားရွာက ဦးသာလုံး ဆီမှာ သိုင်းပညာသင်ယူနေတဲ့ လူပေါ့။ သူ
နဲ့ အတူတူ သင်တဲ့ သူတွေ   ပညာစုံတာတောင် သူကတော့ မူရင်း
အတိုင်းပါပဲ...။  သူ့နောက်က လူတွေ သူနဲ့ အတူတူ သင်လည်း သူ
ကတော့ မူရင်းအတိုင်းပါပဲ...။ ဟိုစကားပုံလိုပေါ့   “ဒုံရင်းက ဒုံရင်း”
ပါပဲ။ ဒါပေမယ့် သူကတော့ အပြောမလျှော့ ဆရာကြီးက သူ့ကို ချ
စ်လို့၊ သူက ပညာတွေ ဆရာကြီး နီးပါး တတ်လို့ သူ့ကို ညာလက်ရုံ
း ခန့်ထားတာတဲ့လေ...။  ဆရာကြီးက အဲဒီစကားကို သိပေမယ့်လ
ည်း ဘာမှမပြောခဲ့ပါဘူး...။     ရွဲာက လူတွေကတော့ သာဂေါင် အ
ပြောကြီးနေမှန်းမသိကြပါဘူး။ အဲဒါကြောင့် သာဂေါင် စကားကို ယုံ
ကြည်နေကြတာပေါ့...။ လူငယ်လေး တွေကဆိုရင် ကိုသာဂေါင်ဆီ
မှာတောင် တပည့်ခံချင်နေကြတာလေ။   သူက သတ္တိတာ မရှိတာ
ဟန်တော့ အကောင်းသားဗျ...။  “ ဟန် ကိုယ့်ဖို့ ”ဆိုတဲ့ စကားပုံလို
ပေါ့...။

ဆေးဖက်ဝင် ခွေးတောက်

ခွေးတောက်သီး

ကျွန်တော်တို့ အညာဒေသမှာတော့ ခွေးတောက်ပင် တော်တော်များများ တွေ့ဖူး
ပါတယ်။ ကျွန်တော်တို့ အိမ်က စည်းရိုးမှာ တစ်ပင် ရှိပါတယ်။    ကင်းပုံပင်လည်း
တစ်ပင် ရှိပါတယ်။ အဲဒီ ခွေးတောက်ရော၊   ကင်းပုံရောက နှစ်မျိုးလုံး နွယ်တက်
တဲ့ အမျိုးလေ...။

ခွေးတောက်က စားရရုံတင် မဟုတ်ဘူးဗျ...။   ဆေးဖက်လည်း ၀င်ပါတယ်။ ခွေး
တောက်ရွက်ကိုတော့ ဟင်းချို ချက်သောက်တယ်။  ကြက်သားနဲ့ ခွေးတောက်ရွ
က် အရည်ကျဲလေး ချက်စားတယ်။ အဲလိုလေး ချက်စားရင် အရမ်းကောင်းတယ်

Wednesday, March 30, 2011

အသုံးဝင် Kiss Me Quick ပင်


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းပင်လေးတွေကို အလှအပ အနေနဲ့ စိုက်ပျိုး
တတ်ကြပါတယ်။ မြေကြီးမှာ စိုက်တဲ့အပင်နဲ့ အိုးအုံနဲ့ စိုက်တဲ့ အပင် ဆိုပြီးေ
ပါ့...။
အခုပြောပြမှာက အိုးအုံနဲ့ စိုက်ပျိုးတဲ့ အပင်လေး အကြောင်းပါ...။ အဲဒီ အပင်
က ဘာလဲ ဆိုတော့ ကစ်စ်မီ (kiss me plant) အကြောင်းလေးပါ...။ မြန်မာ
လိုတော့ ရှားစောင်းသိင်္ဂနိတ် လို့ ခေါ်တယ်ဗျ...။ ဒါပေမယ့် မြန်မာ အမည်ကို
သိပ် အသုံးမပြုကြပါဘူး...။ မွေးစား စကားလုံး ကစ်စ်မီ လို့ပဲ သုံးကြတာပါ..။

Tuesday, March 29, 2011

ခရမ်းချဉ်ပင်အမျိုးမျိုး


ဒီတစ်ခါတော့ လူတိုင်းကြိုက်တဲ့ အပင်တစ်ပင်ကြောင်းကို ရေးမယ်ဗျာ...။ အဲဒါကတော့ ခရမ်းချဉ်
ပင်ပေါ့...။ ခရမ်းချဉ်က အမျိုးအစားပေါင်း မြောက်များစွာ ရှိတယ်လေ..။ ဗမာခရမ်းချဉ်အပြားမျိုး၊
ဗမာခရမ်းချဉ်အလုံးမျိုး၊ မေမြို့သီး၊ ထိုင်ဝမ်ခရမ်းချဉ်မျိုး၊ အလုံးသေးမျိုး ဆိုပြီးပေါ့...။

ကျွန်တော်တို့ အညာဒေသမှာတော့ ရိုးရိုး ဗမာခရမ်းချဉ်မျိုး ပဲစိုက်တာလေ...။ မေမြို့သီးတို့ ၊ အ
လုံးသေးမျိုးတို့က တစ်ခါတစ်လေမှ မျိုးစေ့ ရောပြီး ပေါက်တတ်တာလေ...။

ခရမ်းချဉ်ပင်ကိုတော့ တကူးတက တစ်ကွက်လုံး စိုက်တယ်ဆိုတာ မရှိဘူးဗျ...။ ငရုတ် စိုက်တဲ့အချိ
န်မျိုးမှာ ရောပြီး စိုက်တာလေ...။ ခရမ်းချဉ်ပင်တွေက အရမ်းဖြစ်တာဗျ... တစ်ပင်ဆို ရုံကြီးတွေကို
အကြီး ကြီးတွေပဲ...။ ကျွန်တော်တို့ ရွာမှာတော့ ခရမ်းချဉ်သီးက အရမ်းပေါတယ်...။ ရောင်းလို့လည်း
အဆင်မပြေဘူးလေ...။ ကိုယ်စားဖို့ ကိုယ်တော့ တောင်သူတိုင်း စိုက်ပျိုးတာ ဆိုတော့လေ..။ တစ်နွ
ယ်ပင် တစ်စင်ပါ ဆိုသလိုပါပဲ...။ တောင်သူ တစ်ဦး စိုက်ထားရင်   အဲဒီလူရဲ့ အမျိုးတွေလည်း ခရမ်း

ဆေးဖက်ဝင် မီးကွင်းဂမုန်း

မီးကွင်းဂမုန်းပင်

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းပင်များ၊ ဂမုန်းပင်များ ကို     အလှစိုက်ပျိုးတတ်ကြပါတယ်။
အခုပြောမှာကတော့ ဂမုန်းပင်တွေအများကြီးထဲက ဂမုန်းတစ်မျိုးအကြောင်းကို ပြောပြမှာပါ။
ဂမုန်းအမျိုးမျိုးရှိတယ်ဗျာ....။မယ်တော်ကြီးဂမုန်း၊  စီးပွားတက်ဂမုန်း၊ ဧည့်လာဂမုန်း၊  ဒေါင်းဂ
မုန်း၊ ကွင်းထိုးဂမုန်း၊ လသာဂမုန်း၊ မီးကွင်းဂမုန်း၊ ရွှေလာ၊ငွေလာဂမုန်း စတဲ့ အပင်တွေကိုအ
လှ အဖြစ်စိုက်ပျိုးတတ်ကြတယ်နော်...။  မယ်တော်ကြီးဂမုန်းဆိုရင် လူတွေကိုတောင် ဒုက္ခေ
ပးတယ်လို့ စာတွေထဲမှာ ဖတ်ဖူးပါတယ်...။   ဒုက္ခပေးတာ ၊ မပေးတာ နောက်ထားအုံး.. အပွ
င့် ပွင့်ရင်ကို အနံ့ကြီးက အတော်ဆိုးပါတယ်...။   ကျွန်တော်တော့ မကြိုက်ဘူးဗျို့...။ အခုကျွ
န်တော် ပြောမှာက မီးဂွင်း ဂမုန်း အကြောင်းပါ...။    သူကတော့ မယ်တော်ကြီး ဂမုန်းနဲ့ ဆန့်
ကျင်ဘက်လေ...။ လူတွေကို အကျိုးပြုပါတယ်...။

Monday, March 28, 2011

ကျောပူတာခံနိုင်တယ်


တစ်ခါက   မြက်ရိတ်ရောင်းတဲ့    ကုလားကြီး  တစ်ယောက်ရှိ
တယ်တဲ့...။     အဲဒီ ကုလားကြီးက    သူ့ကို မြက်မှာတဲ့ အိမ်တို
င်းကို   မြတ်ရိတ်ပေး  လေ့ရှိသတဲ့...။    မြက်ရိတ် ခတော့ ခိုင်း
တဲ့သူက   ပေးရတာပေါ့...။    မြက်ရိတ်  ရတယ်ဆိုတာ လွယ်
တဲ့ အလုပ်တော့   မဟုတ်ဘူးဗျို့..။      မြက်ပေါရင် နဲနဲ  တော်
သေးတယ်..။     မြက်ရှားတဲ့  အချိန်အခါ ဆိုရင်တော့ မြက်ရိ
တ်ရတာ မသက်သာဘူးပေါ့...။ နေကပူသေးတာလေ.....

တစ်ရက်တော့ ကုလားကြီးနဲ့ သိတဲ့ လူတစ်ယောက်က ကုလာ
းကြီးကို သနားပြီး ကုသိုလ်လည်းရအောင်၊ပိုက်ဆံလည်းရအော
င် အကြံတစ်ခု ရပြီး မေးတယ်တဲ့..။

ကတတ်ပင် နဲ့ ကြက်တက်ပင်

ကတတ်ပင်(ခတက်ပင်)
အညာဒေသမှာတော့ နာမည်ပေးပုံတွေက အလွယ်သားဗျ...။ မြင်ရာ၊
တွေ့ရာကို အစွဲပြုပြီး ခေါ်တတ်ကြတယ်လေ...။  ကတတ်ပင်ပေါက်တဲ့
တောကို ကတတ်ပင်ကွက်၊ ဆူးပုတ်ပင်ပေါက်တဲ့  တောတွေကို ဆူးပု
တ်တန်း၊ တမာပင်တွေ တန်းနေရင် တမာတန်း၊ ခပေါင်းပင် ရှိရင် ခေ
ပါင်းပင်ကွက်၊ တောင်ဘက်အရပ်က ကုန်းပေါ်မှာရှိရင် တောင်ကုန်းေ
ပါ်၊ ချောင်းမြောက်ဘက်ကမှာ ရှိရင် ချောင်းမြောက်ဘက် အဲလိုပဲ နာမ
ည်ကို အစွဲပြုပြီး ခေါ်ကြတာလေ...
ခတက်ပင်ပွင့်နေပုံ

အခုပြောမှာကတော့ ကတတ်ပင်နဲ့ ကြက်တက်ပင်ရဲ့ စားသောက်လို့ရ
တဲ့အကြောင်းကိုပြောပြမှာပါ...။ ကျွန်တော်တို့အညာဒေသမှာတော့က

ငရုတ်ပင် အမျိုးမျိုး


ဒီတစ်ခါတော့ ငရုတ်ပင် အမျိုးမျိုး အကြောင်းကို ရှင်းပြမယ်နော်..။ငရုတ်သီးက ဟင်းချက်တဲ့နေရာမှာ
အသုံးဝင်တယ်လေ.။ထမင်းစားတဲ့အခါမှာ အချိုပါတော့ ၊ အချဉ်ပါမှ..၊ အချဉ်ပါတော့ အငံပါမှ၊ အငံပါေ
တာ့ အစပ်ပါမှလို့ ပြောတတ်ကြတယ်လေ။ ကျွန်တော်ကတော့ ငရုတ်တောမှာ မွေးခဲ့လို့လားတော့မသိ
ပါဘူး...ငရုတ်သီး မပါရင် ထမင်းမစားတတ်ဘူးဗျ...:)

ငရုတ်သီးက အမျိုးအစားတွေ အများကြီးရှိပါတယ်...။ တောင့်ပွသီး၊ တောင့်ရှည်သီး၊ မိုးမျှော်သီး၊ ကုလ
ားအော်သီး အစရှိတဲ့ ဟာတွေပေါ့...။ ငရုတ်သီး ကဒေသတော်တော် များများမှာ ထွက်ပါတယ်။ ကျော
က်ဆည် နယ်ဘက်က ထွက်တဲ့ ငရုတ်သီးက မစပ်ပါဘူး...။ ဒါပေမယ့် အရမ်းပူတယ်နော်...။ အဲလိုမျိုး
ပဲ မန္တလေး စက်မှုဘက်က ရောင်းတဲ့ ငရုတ်သီးတွေကလည်း မစပ်ဘူး.. သူကလည်း ပူတာဗျ...။ အဲဒီ
ငရုတ်တွေက မိုးမျှော်သီး တွေပါ... အတောင့်လေးတွေက သေးပြီး ပူတာလေ...။
 

Sunday, March 27, 2011

ခရေပင်အောက်က လွမ်းပုံပြင်


(၁)
လေတစ်ချက် ဝေ့အတိုက်မှာ ခရေပင်ပေါ်မှ ခရေပွင့်တစ်ချို့ ၀ဲပျံလွင့်ကျကာ မြေသို့ သက်ဆင်းလာေ
လသည်။ ခရေပွင့်ကြွေလေးတွေကို ထိုင်ပြီး ကြည့်နေသူကတော့ ခင်ခင်ဦး တစ်ယောက်ပင်....။

ခင်ခင်ဦး၏ အမူအယာက ဆွေးရိပ်သန်းနေပြီး ... မျက်နှာပြင်ကလည်း လပြည့်ညမှာ လငပုတ် ဖမ်းထား
၍ မဲမှောင် နေတဲ့ အနေအထားမျိုး...။ ခင်ခင်ဦးကို မြင်ရသူ အပေါင်းကတော့ အရူးတစ်ယောက်လို ထင်
မိကြပေမည်။
သပြေကုန်းရွာ တစ်ရွာလုံးကတော့ ခင်ခင်ဦးကို စိတ္တဇ ဝေဒနာသည် တစ်ယောက်လို သတ်မှတ်ထားေ
လေပြီ။ ရွာသူ၊ ရွာသားတွေ အလွန်လို့တော့ ပြော၍ မရပေ...။ ခင်ခင်ဦးရဲ့ ပုံစံကိုလည်း ကြည့်အုံးလေ...
ဆံပင် ပုံစံက စုတ်ဖွားဖွားနဲ့ တစ်ခေါင်းလုံးမှာလည်း ခရေ ပန်းလေးတွေက အမြဲပန်ထားတာလေ...။
နောက်ပြီး သူတစ်ယောက်တည်း ခရေပန်းလေးတွေနဲ့လည်း စကားပြောနေလေရဲ့။

Saturday, March 26, 2011

နတ်မကြောက်သူ

နတ်ကွန်း(From GG)

မြန်မာနိုင်ငံမှာ နတ်ကိုးကွယ်မှု တစ်နိုင်ငံလုံးမှာ ရှိနေမယ်လို့
ထင်ပါတယ်...။ ကျွန်တော်တို့ နယ်ဘက်တွေမှာတော့ ရွာ့အ
ပြင်ဘက်တွေမှာ နတ်စင်လေးတွေ ရှိတတ်ကြတယ်ဗျ...။
အဲဒီ နတ်ကိုတော့ မြင်းဖြူရှင်လို့ ပြောကြတာပဲ...

တစ်ခါက ရွာတစ်ရွာမှာ ကိုစိန်သောင်းနဲ့ မလှလေး ဆိုတဲ့ လ
င်မယား နှစ်ယောက်ရှိသတဲ့...။ အဲဒီ ရွာကလူတွေက နတ်ကို
ကြောက်ကြတယ်တဲ့လေ...။    အဲဒီ ထဲမှာ မလှလေးကလည်း
တစ်ယောက် အပါအ၀င်ပေါ့။   သူများတွေ ဘယ်လောက်ပဲေ
ကြာက်နေပါစေ... ကိုစိန်သောင်း တစ်ယောက်ကတော့ နတ်
ကို မယုံတဲ့ အပြင် ၊ နတ်ကတော် တွေပါ မုန်းတီးနေသူတစ်ေ
ယာက်ပေါ့...။

ပဒိုင်းပင်

ပဒိုင်းပင်လေး

ဒီတစ်ခါတော့ အညာအရပ်မှာ အလေ့ကျ ပေါက်ရောက်တဲ့ အပင်လေး
တစ်ပင် အကြောင်းကို ပြောပြမယ်နော်...။   အဲဒီအပင်လေးကို လူတွေ
က ရှေ့မတိုးသာ၊     နောက်မဆုတ်သာ ဖြစ်တတ်တဲ့ အချိန်မှာ ခိုင်းနှိုင်း
တတ်ကြတယ်လေ...။ အဲဒါက ဘာလဲဆိုတော့.....

Friday, March 25, 2011

ခရာပင်အစ ဘိုးသိန်းက


ကျွန်တော်တို့ ရွာမှာ ဟိုး...အရင်တုန်းက ခရာပင် ဆိုတာ မရှိဘူးတဲ့ဗျ...။ ဘယ်သူမှတောင် မမြင်ဖူးဘူး
တဲ့လေ...။ တစ်ရက်တော့ ကျွန်တော်တို့ ရွာက ဘိုးသိန်းတစ်ယောက် တစ်ခြားဒေသကို အလည်သွား
တာတဲ့ဗျ... အဲဒါရွာမှာ ဘိုးသိန်းတစ်ယောက် ခရာပင်တွေကို စတွေ့တယ်တဲ့လေ...

ခရာပင်တွေကို သူမြင်လိုက်တဲ့အခါမှာ သူ့မျက်လုံးထဲမှာ အရမ်းလှလို့ ဒေသခံတွေကို မေးကြည့်တယ်
တဲ့.... အဲဒီအပင်ကို ဘာပင်လို့ခေါ်လဲ၊ ဘာအသုံးကျလဲလို့ သေချာမေးတယ်တဲ့...

ကွမ်းပင် နှင့်ကွမ်းယာ


ကျွန်တော်တို့ အိမ်မှာ ကွမ်းပင် တစ်ပင် စိုက်ထားတယ်လေ...။ ကွမ်းပင်က နေပူတာတော့ အရမ်းကြော
က်တာဗျ...။ အဲဒါကြောင့် ကုလားကင်ပွန်းပင် အောက်မှာ စိုက်ထားလိုက်တယ်.. အပင်ကဖြစ်လာတော့
ကုလားကင်ပွန်းပင် ပေါ်ကို တင်ပေးလိုက်တာလေ...။

ဘာလို့ ကွမ်းပင်လေး တစ်ပင်စိုက်ထားတုန်းလို့ ထင်မှာပဲနော်...။ အဲဒါက ဒီလိုဗျ..။  ကွမ်းရွက်က ဆေးဖ
က်ဝင်တယ်လေ...။ ရင်ကြပ်နေတဲ့ ကလေးငယ်လေးတွေကို ကွမ်းရွက်လေးကို မီးကင်ပြီး ရင်ဘက်ကိုက
ပ်ပေးလိုက်ရင် သက်သာရောဗျ...။ နောက်တစ်ခုက ကွမ်းရွက်ကို ထန်းလျက်လေးနဲ့ပြုတ်ပြီး ကွမ်းရွက်ပြ
ုတ်ရည် ပူပူလေးနဲ့ ဗမာဆေးနဲ့ ရောတိုက်ရင် အခိုးပွင့်ပြီး နေကောင်းစေတယ်ဗျ...။ကွမ်းရွက်က ချောင်း
ဆိုးတာကိုလည်း သက်သာစေတယ်လေ...။ နောက်တစ်ခုက မျက်စိတွေ ကြည့်မကောင်းတာတို့၊ မျက်ရိုး
ကိုက်သလို ဖြစ်ရင်လည်း ကွမ်းရွက်လေးကို မျက်ခွံပေါ်တို့၊ မျက်ခုံးပေါ်တို့ ကပ်ပေးရင် သက်သာတယ်ေ
လ...။ အဲဒါကတော့ ကျန်းမာရေး အတွက်ပေါ့ဗျာ...။

Thursday, March 24, 2011

လသာသောည

သုံးရက်လ ခုံးမျက်စ

တောအရပ်ဒေသမှာတော့ လကွယ် သွားပြီဆိုတာနဲ့ လကလေးကို မျှော် နေတတ်ကြပြီလေ။ လဆန်းတ
စ်ရက်၊ နှစ်ရက်မှာ လကို မမြင်ရသေးပေမယ့် လဆန်းသုံးရက် ဆိုရင်တော့ လကွေးကွေးလေးကို မြင်ရပြီ
လေ။ အဲဒီ လလေးကိုတော့ သုံးရက်လ ခုံးမျက်စ လို့ခေါ်ကြတယ်ဗျ။       အဲဒီ လလေးနဲ့ အောက်ဘေးနား
လေးမှာ သောကြာကြယ်လေးက ကပ်ပါနေပါတယ်။ သောကြာကြယ် ထွန်းလင်းတောက်ပနေရင် သူခိုး
၊ဓါးမြ ပေါတယ်တဲ့ဗျ။

လဆန်း(၁၀)ရက်ရဲ့ နောက်ပိုင်း လမပြည့်ခင်အထိကတော့ လက ကြည်ကြည်လင်လင်နဲ့ကို သာတယ်ဗျ
။ အဲလိုအချိန်မျိုးမှာဆိုရင်တော့ ကလေး၊ လူကြီး ပျော်နေကြပြီဗျ။ လရောင်လေးက ကြည်လင်ပြီး အေးမြ
မှုကို ပေးတယ်လေ...။


အသုံးဝင် ရှားစောင်းလက်ပတ်


အရင်နေ့က ဆေးဖက်ဝင် ကြိတ်မှန်ပင်အကြောင်း ရေးပြီးပြီဆိုတော့ ဒီတစ်ခါတော့ အညာမြေက ဆေးစွ
မ်းထက်တဲ့ ဆေးတစ်လက် အကြောင်းလေး ပြောပြမယ်ဗျ။ သိပြီးသားဆိုရင်လည်း တောင်းပန်ပါတယ်။

ရှားစောင်းလက်ပတ်ကို လူတိုင်းသိလား ၊မသိလား ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူးဗျ။ ကျွန်ေ
တ်ာတို့ အညာဒေသမှာတော့ အိမ်ဝိုင်းထဲက စည်းရိုးဘေးတွေမှာ စိုက်ထားတာဗျ။ အပင်ပုံစံက အရင်းပြ
ားပြီး အဖျားလေးကသေးပြီး ချွန်သွားပါတယ်။ အဲဒီ ရှားစောင်းလက်ပတ် အရိုးမှာဆူးလေးတွေ ပါတယ်ေ
လေ။ ကျွန်တော်တို့ အညာဒေသမှာတော့ ရှားစောင်းလက်ပတ်ကို (တစောင်းလက်ပတ်) လို့ ခေါ်ကြတာ
ဗျ။ ကျွန်တော်လည်း တစောင်းလက်ပတ်လို့ပဲ သုံးလိုက်တော့မယ်ဗျ...

Wednesday, March 23, 2011

လွမ်းမိတယ် ရွာသင်္ကြန်ရယ်


အခုချိန်ဆို မြို့တိုင်း၊ ရွာတိုင်းမှာ သင်္ကြန်ဒိုး နဲ့ တူးပို့ ၊တူးပို့ အသံလေးတွေ ကြားနေရလောက်ပြီ ထင်တ
ယ်။ ပိတောက် နဲ့ ငုတွေရော အပြိုင်အဆိုင် ပွင့်နေကြပြီလား... ရွာကလူတွေရော သင်္ကြန်ရောက်တော့
မှာဆိုပြီး သက်ကြီးပူဇော်ပွဲအတွက် ပြင်ဆင်နေကြပြီလား၊ မြို့အရပ်မှာ သွားနေကြတဲ့ ရွာကလူတွေရေ
ာ ရွာသင်္ကြန်ကို ပြန်လာကြပြီလား...။

“သောကြာ၊ သောကြာ၊ ဟသောကြာ” သုံးခွန်းလောက် ခေါ်လိုက်မှ သောကြာတစ်ယောက် အတွေးစ
တို့ ပြတ်သွားပြီး အူကြောင်ကြောင်လေး ကြည့်နေလိုက်ပါသည်။
“ဘာကြည့်နေတာလဲ သောကြာ မင်းကို ငါခေါ်နေတာ ကြာပြီလေ။ မင်း စိတ်နဲ့ ကိုယ်မကပ်ဘူးလား”
ကျော်ပိုင် မေးလိုက်ပါသည်။

“ကျော်ပိုင်...မင်းက အခုမှ ဒီကိုရောက်တာဆိုတော့ သူ့အကြောင်းကို ဘယ်သိသေးမလဲ။ ဒီကောင်ကအဲ
လိုပဲ သင်္ကြန် နီးပြီဆိုရင် ဒီလိုဖြစ်နေကြကွ။ ငါကတော့ သူနဲ့ နေလာတာကြာပြီဆိုတော့ သူဒီလို ဖြစ်တ
ာ ရိုးသလိုတောင် ဖြစ်နေပါပြီကွာ..” သောကြာရဲ့ သူငယ်ချင်း ဖိုးတရုတ် ပြောလိုက်ပါသည်။

Tuesday, March 22, 2011

ရော့တစ်ကျပ်

(From Google)

တစ်ခါက ရွာတစ်ရွာမှာ အရမ်းရိုးပြီး၊   အရမ်းအေးတဲ့ လူ
တစ်ယောက်ရှိပါတယ်။ ရိုးလွန်းရင်လည်း  အ သွားတတ်
ပါတယ်။ (လူရိုး သချိုင်း ကုန်းမှာ ရှိလို့တော့   မပြောနဲ့ေ
နာ်..):) သူရိုးပုံက ရာဇ၀င်တွင်သွားတယ်လေ...။

တစ်ရက်တော့ ကိုလူရိုး  တစ်ယောက်    တောကနေ မြို့မှာ
ရှိတဲ့ အမျိုးတွေဆီကို   အလည်သွားဖို့ ပြင်ပါတယ်။    အဲလို
သွားတော့ သူ့အိမ်က  လူတွေက သူ့အကြောင်းသိတော့ စိ

Monday, March 21, 2011

တောသားလူလည် (၁)


ဥသျှစ်ပင်ရွာ ဆိုတာ  မြို့နဲ့ သိပ်မဝေးတဲ့  ရွာလေးတစ်ရွာပေါ့။
အဲဒီရွာမှာ ကိုတုတ် ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။     သူက
ရွဲ့တတ်တဲ့ နေရာမှာ နှစ်ယောက်မရှိတဲ့သူပါ။  ကတ်သီး ကတ်
ဖဲ့ လုပ်ရမယ်ဆိုရင်လည်း သူ့နယ်တ၀ိုက်မှာ ထင်ပေါ်ကျော်ကြ
ားတဲ့သူ ဖြစ်ပါတယ်။ အဲလို ကတ်ဖဲ့ လုပ်တတ်တဲ့  အကျင့်ကြေ
ာင့်လည်း တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်ပါနေပါတယ်။   သူ့ကို
တစ်ရွာလုံးက နာမည်သမုတ်ထားလေရဲ့ “လူ့ဂွစာ” တဲ့....။

Sunday, March 20, 2011

သောက်ရေအိုးစင်

သောက်ရေအိုး(သောက်ရေအိုးစင် မဟုတ်ပါ)(From Google)

သောက်ရေအိုးစင် ဆိုတာ အေးချမ်းမှုတွေ ပေးတဲ့နေရာပါ။ အညာအရပ်ဒေသမှာတော့ ရွာစဉ်တိုင်းမှာ ရွာ
ဦးရွာထိပ်၊ ဇရပ်၊ လူသွားလူလာများတဲ့ အပြင် လမ်းတွေမှာ သောက်ရေအိုးစဉ်လေးတွေ တည်ထားတတ်
ကြပါတယ်။ ဘာလို့လဲဆိုတော့ အညာအရပ်ဒေသဆိုတာ နေအရမ်းပူတယ်လေ...။ အဲဒီတော့ ခရီးသွားပြ
ည်သူ၊ ရဟန်း ရှင်လူ အပေါင်းတို့ အလွယ်တကူ သောက်လို့ရအောင် တည်ထားကြခြင်းဖြစ်ပါသည်။

ဆေးဖက်ဝင် ကြိတ်မှန်ပင်

 ဆေးဖက်ဝင် ကြိတ်မှန်ပင် (From Google)

ဒီတစ်ခါတော့ အညာဒေသမှာ ပေါက်ရောက်တဲ့     ဆေးဖက်ဝင်
ကြိတ်မှန်ပင် အကြောင်းကို အနည်းငယ်    ရေးပါမယ်ဗျာ။ ကြိတ်
မှန်ပင်က အညာဒေသမှာတော့ လမ်းဘေးမှာ အလေ့ကျ ပေါက်
ရောက်တဲ့ အပင်မျိုးပါ။ တကူးတက   စိုက်ပျိုးစရာ မလိုပါဘူး။ အဲ
ဒီအပင်က အမျိုးသမီးတွေနဲ့ ပိုပြီးတော့ တည့်ပါတယ်။  ကြိတ်မှန်
ရွက်ကို အခြောက်လှန်းပြီး အမှုန့်လည်း လုပ်ထားတတ်ကြပါသေး

Saturday, March 19, 2011

ရိုင်းတယ်လို့ မထင်စေချင်


ရိုင်းတယ်လို့ မထင်စေချင် ဆိုတဲ့ပို့စ်ကလေးကို ရေးရခြင်း အကြောင်းအရင်းကတော့ ကျွန်တော်ပြောလို
က်မိတဲ့စကား တစ်ခွန်းကြောင့် ကျွန်တော် သူငယ်ချင်းစိတ်ဆိုးသွားတဲ့အတွက် အဲဒီစကားတစ်ခွန်းက မ
ရိုင်းဘူးဆိုတာကို သိစေချင်လို့ပါဗျာ။ ကျွန်တော်ပြောလိုက်တဲ့ စကားက အညာမှာသုံးတဲ့ အသုံးအနှုန်းပါ
။အထူးသဖြင့် တောအရပ်၊တောဒေသတွေသုံးတဲ့ စကားပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အညာသားစစ်
စစ်ဖြစ်တာကြောင့် အဲဒီအသုံးအနှုန်းကစွဲနေတယ်ဗျ။ အဲဒီစကားလုံးက ဘာလဲဆိုတော့ “ခင်ဗျား”တဲ့။

တပေါင်းလ ရွာဘုရားပွဲ



ဤအချိန်သည်ကား   မိန်ရာသီ တပေါင်းလဖြစ်ပေသည်။      ဤလ   ဤရာသီတွင်                  မနက်ပိုင်းမှာ မင်းလွင်မြူခိုးတွေစိုင်းနေတတ်ပါသည်။ ဂိန်မာန်ရာသီ အကူးဆိုတော့   လေတွေက ဟိုမှသည်၊     သည်မှဟို ဝေ့၀ဲတိုက်ခတ်နေသည့်အတွက်   လေပွေ(ခေါ်)ဖုန်လုံးကြီးတွေက တလိမ့်လိမ့်တက်လို့။ နွေရာသီတပေါင်းလကား ရွက်ဟောင်း ကြွေ၍ ရွက်သစ်ဝေသော ရာသီဖြစ်ပေသည်။      သစ်ရွက်ဟောင်းတို့ ကြွေပြီး၊သစ်ရွက်အနုပုရစ်ဖူးလေးတွေကလည်းဝေစီလို့။တမာပန်းရနံ့လေးတွေကလည်းသင်းပျံ့မွှေးကြိုင်နေပြီး ရဲရဲနီနေတဲ့ လက်ပန်ပွင့်တွေလည်း    ကြွေကျတဲ့ ရာသီပေါ့။      အဲဒီလကား  ကျောင်းသူ၊    ကျောင်းသားတိုင်း စာမေးပွဲပြီးလို့ အနားယူကြတဲ့ရာသီပေါ့။   ကျွန်တော်တို့ငယ်ငယ်ကတော့ အပျော်နှစ်ခုတိုးတဲ့    ရာသီပေါ့ဗျာ။ အပျော်နှစ်ခုဆိုတာက     စာမေးပွဲပြီးလို့ကျောင်းတွေ ပိတ်လို့ပျော်ကြတယ်..     နောက်ပြီး တပေါင်းလပြည့်က ကျွန်တော်တို့ရွာရဲ့  “အောင်ချမ်းသာစေတီတော်ဘုရားပွဲ”နေ့မို့ပါ။     ဆယ့်နှစ်လရာသီပွဲ ထဲမှာတော့တပေါင်း
လသဲပုံစေတီတော်ပွဲလို့   လူတိုင်းသိခဲ့ကြတာပါ။     ကျွန်တော်တို့ရွာကတော့ သဲပုံစေတီတော်ပွဲမလုပ်ပဲ   ရွာ
မှာတည်ထားတဲ့ ဘုရားကို ဘုရားပွဲလုပ်ကြပါတယ်။

Friday, March 18, 2011

ကုလားပဲပင်


ဒီတစ်ခါတော့ အညာဒေသမှာရှိတဲ့ ပဲအမျိုးမျိုးရှိတဲ့အထဲကမှ ကုလားပဲပင်အကြောင်းကို တင်ပြမှာဖြစ်ပါ
တယ်။ ကုလားပဲက တော်တော်အသုံးဝင်တယ်လေ။ ကုလားပဲကို အမျိုးအစား(၃) မျိုးခွဲထားပါတယ်။
(၁)ကုလားပဲထွက်တိုးအ၀ါ၊ (၂)ကုလားပဲထွက်တိုးအဖြူ၊(၃) ရိုးရိုးကုလားပဲဆိုပြီးပေါ့။

မှန်းချက်နဲ့ နှမ်းထွက်

(From Google)

တစ်ခါက ရွာတစ်ရွာမှာ ကိုဘတူနဲ့ မစိန် ဆိုတဲ့ လင်မယားနှစ်ယောက် နေထိုင်ကြပါတယ်။
သူတို့က တောင်သူ၊လယ်သမား တွေမဟုတ်တော့ နည်းနည်း ဆင်းရဲတာပေါ့ဗျာ။ သူတို့အိ
မ်နဲ့ ကပ်လျက် ဘေးအိမ်မှာတော့ ဦးဖိုးဝတို့အိမ်ပေါ့။ ဦးဖိုးဝတို့က တောင်သူကြီးတွေဆိုတေ
ာ့ ချမ်းသာတာပေါ့ဗျာ။ ဘယ်လောက်ပဲ ချမ်းသာပါစေ တောရပ်ဒေသ ဆိုတာမျိုးက အသား
ငါးကို ဘုရားပွဲ၊ ကျောင်းပွဲ၊အလှူအတန်း၊     ဧည့်သည်လာမှသာ တကူးတက ချက်စားကြ

Thursday, March 17, 2011

ချဉ်ပေါင်ပင် အကြောင်းသိကောင်းစရာ


ဒီတစ်ခါတော့ အညာမြေရဲ့ အဓိက အစားအစာထဲမှာ ပါဝင်တဲ့ ချဉ်ပေါင်ပင်အကြောင်းကို ရေးအုံးမယ်နော်
..။ဘယ်လို စိုက်ပျိုးတယ်..ဘယ်လို အသုံးဝင်တယ်ဆိုတာလေးတွေပေါ့။

ချဉ်ပေါင်ပင်ကိုတော့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ချက်စားပုံ ချက်စားနည်းတွေကတော့ မူကွဲ
လေးတွေ ရှိနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဒီပို့စ်လေးကို ရေးသားရခြင်းဖြစ်ပါတယ်။ တကယ်လို့ ဒီ
ပို့စ်လေးက ဗဟုသုတ မရဘူးဆိုရင်လည်း ဒီပို့စ်ကို ဖတ်တဲ့သူတွေတိုင်းကို ကျွန်တော် ကြိုပြီးတောင်းပန်
ပါတယ်ဗျာ။

ချဉ်ပေါင်ပင်က ရာသီတိုင်းမှာ စိုက်ပျိုးလို့ရတဲ့အပင်ပါ။ မြေဆွေးလေးထဲ ထည့်ပြီးစိုက်လိုက်ရင်ကို ဖြစ်တ
ာပါ။ ကျွန်တော်တို့ ဆီမှာတော့ တကူးတက မစိုက်ပျိုးကြပါဘူး။ တောထဲမှာ အလေ့ကျကို ပေါက်တာပါ။
အရင်နှစ်တွေက စိုက်ပျိုးပြီးသား အပင်ဟောင်းတွေက နောက်နှစ် မိုးဦးကျတာနဲ့ တန်းပေါက်တော့တာပါ
ပဲ။ အဲဒီ အလေ့ကျ ပေါက်နေတဲ့ အပင်လေးကို ရွှေ့စိုက်လိုက်ရင်ကို ပြီးပါပြီ။ ဘာမှကို လုပ်စရာမလိုတာ
ပါ။ ချဉ်ပေါင်ရွက် ပေါပုံများ တခါတလေဆို နွားတောင် ရိတ်ကျွေးကြပါသေးတယ်။ ချဉ်ပေါင်ပင်ကိုသုံးမျိုး
ခွဲထားတာပါ...ဘိလပ်ချဉ်ပေါင်၊ လက်ခြား၊ ဗမာချဉ်ပေါင်ဆိုပြီးပေါ့။

Wednesday, March 16, 2011

ညှင်းရက်လေတဲ့ ခါဝဿန်



အခန်း(၁)
လေတစ်ချက် ဝေ့အတိုက်မှာ သစ်ပင်တို့ လေယူရာတိမ်း ယိမ်းနွဲ့ပြီး ဖုန်လုံးကြီးကလည်း ထသွားလိုက်ပါ
သေးသည်။ အနောက်တောင်အရပ်ဆီက တလိပ်လိပ် တက်လာတဲ့ တိမ်တောင် တိမ်လိပ်ကြီးကလည်းအ
ခုပဲ ရွာသွန်းဖြိုးတော့မလိုပါပဲ။ ကိုဇော်တစ်ယောက်ကတော့ တစ်မိုးလုံးပျံ့ ညိုမည်းနေတဲ့ တိမ်စိုင်ကြီးတွေ
ကို ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်ပါသည်။ မျက်နှာကလည်း မိုးနဲ့အပြိုင် မည်းမှောင် မှိုင်းညို့လို့နေ
ပါသည်။
“ကိုဇော် ဘာတွေကို သက်ပြင်းချနေတာလဲ...”
“ဒီလိုပါပဲ အစ်မရာ မိုးတွေက မည်းမှောင်နေတော့ တောင်တွေး၊ မြောက်တွေး တွေးနေမိတာပါဗျာ”။ကိုေ
ဇ်ာတစ်ယောက် သူ့အစ်မ မြသွယ်ကို ပြန်ဖြေနေခြင်းဖြစ်ပါသည်။ အဲဒီနောက်မှာတော့ သူတို့မောင်နှမနှစ်
ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် စကားမပြောတော့ပဲ ငြိမ်သက်နေကြပါသည်။ သို့သော် အေ
တွးတွေကတော့ ဦးတည်ချက်တစ်ခုထဲမှာပဲ ရှိနေမယ်ဆိုတာ သိသာလွန်းပါတယ်။

Tuesday, March 15, 2011

တိုတိုတုတ်တုတ် ကြိုက်တဲ့ သားအဖ


တစ်ခါကတုန်းက ရွာတစ်ရွာမှာ သားအဖ နှစ်ရောက်ရှိတယ်တဲ့ဗျာ။
အဲဒီ အဖေကြီးက သားလေးကို ပညာတတ် အရမ်းဖြစ်စေချင်သတဲ့
...။အဲဒါကြောင့် ပညာတွေသင်ပေးတာပေါ့ဗျာ။ သားလေးကလည်း
ပညာပါရမီ ထူးချွန်တယ်လို့ပြောရမှာပေါ့ဗျာ။ တစ်နှစ်တစ်တန်းပုံမှ
န်အောင်ပြီး ဆယ်တန်းလည်းအောင်သွားတာပေါ့..။သားလေးဆယ်
တန်းအောင်တယ်ဆိုတော့ ဖအေ ကြီးခမြာ ၀မ်းလည်းဝမ်းသာပြီး၊ဝ
မ်းလည်း ၀မ်းနည်းရှာတာပေါ့။ ၀မ်းသာတာကတော့ တစ်ရွာလုံးမှာ

ဘလော့ဂ်(၁)လပြည့်


ကျွန်တော် ကျေးလက်သားလေး ဘလော့ဂ်ကို စတင်ခဲ့သည်မှာ(၁)လပြည့်မြောက်ပါပြီ။ ကျွန်တော်ရဲ့ဘ
လော့ဂ်လေးကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မငြီးမငြူ လာရောက် ဖတ်ရှုအားပေးကြသော မိ
တ်ဆွေ သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်နောင်လည်း ကျွန်တော်ရဲ့ ဘ
လော့ဂ်ကလေးကို အစဉ်အမြဲ လာရောက်အားပေးကြပါအုံး။ တမင်တကာပဲ လာလာ၊ လမ်းကြုံလို့ပဲရော
က်ရောက် ကျွန်တော် ကျေးလက်သားလေး ဘလော့ဂ်ကိုရောက်ရှိလာတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေအ
ားလုံးပျော်ရွှင်မှု အပြည့်အ၀ရပြီး ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်ပြီး ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်နေတဲ့ဘ
ဝပြည့် တစ်ထပ်တည်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာပြီး၊ နေ့ရက်တိုင်း ပျော်ရွှင်ကြပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ...
ရာဇာ(ကျေးတောသားလေး)
15.3.2011

Monday, March 14, 2011

ကြက်မကြီးရဲ့မေတ္တာ

လူတွေမဆိုထားနဲ့ တိရစ္ဆာန်တစ်ကောင်တောင်မှ သားသမီးအတွက်ဆိုရင် အသက်ကို ပဓာနပဲမထားပဲ
ကာကွယ်ခုခံတတ်တာ သဘာဝဖြစ်ပါတယ်။ဘာကြောင့်အဲလိုပြောလည်းဆိုတော့ ကျွန်တော် ကိုယ်တွေ
့ကြုံခဲ့ဖူးလို့ ပြောရခြင်းဖြစ်ပါတယ်။ အဖြစ်က ဒီလိုပါ။

အညာဒေသဆိုတော့ အိမ်တိုင်းအိမ်တိုင်း နွားတွေမွေးတော့ နောက်ချေးကုန်း(နွားချေးကုန်း) ရှိကြပါတ
ယ်။အိမ်တိုင်းမှာ တွဲဖက်မွေးမြူရေးအတွက် ကြက်တွေမွေးတတ်ကြပါတယ်။အမြဲလိုလို ကျွန်တော်တို့အိ
မ်မှာ လူတွေအကုန်လုံး အလုပ်ကိုယ်စီနဲ့ အိမ်မှာမရှိတာကများပါတယ်။ကျွန်တော်က အိမ်မှာကလေးဆိုေ
တာ့ အိမ်စောင့်ကျန်ခဲ့ရတာပေါ့ဗျာ။အမေက ကျွန်တော့်ကိုသေချာမှာမှာသွားတာ..ဟိုဘက်အိမ်ကကြက်
တွေက သောင်းကြမ်းတယ်တဲ့။ အဲတော့ ကျွန်တော့်ကို သေချာစောင့်ဖို့မှာထားခဲ့တာ။   ကျွန်တော်လည်း
ကလေးဆိုတော့ လူကြီးခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့။(အခုချိန်လည်း လုပ်တုန်းပါ):P။     အဲဒီအချိန်တုန်း
တော့ ကျွန်တော်က အမြဲတမ်းအိမ်စောင့်ပေါ့ဗျာ။

အညာမြေကဆီထွက်သီးနှံ(၂)


မြေပဲပင်ရဲ့ အသုံးဝင်ပုံနဲ့ စိုက်ပျိုးပုံ ကိုပြောပြီးခဲ့ပါပြီ။ အခုတစ်ခါတော့ ဆီထွက်သီးနှံ တစ်မျိုးဖြစ်တဲ့ နှမ်းပင်
ရဲ့ အသုံးဝင်ပုံနှင့် စိုက်ပျိုးပုံ အကြောင်းကို ပြောပြပါမယ်။
နှမ်းပွင့်နဲ့နှမ်းသီး

Saturday, March 12, 2011

အညာမြေကဆီထွက်သီးနှံများ(၁)


ဆီ ဆိုတာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်မှာလည်း ချက်ပြုတ်စားသောက်ကြတဲ့နေရာတွေမှာ အ
သုံးပြုကြပါတယ်။ ဆီမပါပြန်ရင်လည်း ဟင်းကစားရတာမကောင်းပြန်ပါဘူး။ ဆီများသွားပြန်ရင်လည်း ရော
ဂါတွေ ရကြပြန်ပါတယ်။ ဘာပဲပြောပြော အညာသားတွေကတော့ ဆီတော်တော် စားတယ်ဗျ။ ဘာပဲပြောေ
ပြာ အညာသားများ ဆီစားကြ၏ပေါ့။

မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံ အမျိုးမျိုးရှိကြပါတယ်။မြေပဲ၊နှမ်း၊ ပန်းနှမ်း၊နေကြာ စတဲ့ အသီးအနှံတွေဖြစ်ပါ
တယ်။အဲဒီအထဲကမှ မြေပဲပင်နဲ့ နှမ်းပင်ရဲ့ အသုံးဝင်ပုံတွေကို ပြောပြပါမယ်။ ဆီထွက်သီးနှံများလို့ သုံးလိုက်
လို့ အခြားအရာတွေအတွက် အသုံးမ၀င်ဘူးလို့တော့ မထင်စေချင်ပါဘူးခင်ဗျာ။အခု အဲဒီအပင်တွေရဲ့ အသုံး
ဝင်ပုံတွေကို ရှင်းပြပါမယ်။
ပင်ထောင်မြေပဲခင်း

မိုးလည်းအသက်ကြီးပြီ


တစ်ခါက အညာဒေသမှာ မိုးခေါင် ရေရှားလွန်းလို့လူ
တွေလည်း သီးနှံတွေ ပျက်စီးပြီး၊ စီးပွားရေး အဆင်မ
ပြေမှုတွေ ဖြစ်ပါတယ်။ လူတွေလည်း မိုးရွာအောင်အ
မျိုးမျိုးလုပ်ကြတာပေါ့ဗျာ။ ဘုရားကို ရေသွားပြီး သပ္ပါ
ယ်ရင် မိုးရွာတယ်လို့ ပြောတော့ ဘုရားကို ရေသွားပြီ
းသပ္ပါယ်ကြပါတယ်။ လွန်ဆွဲပွဲ လုပ်ရင် မိုးရွာတယ်လို့
ပြောကြပြန်တော့ လွန်ဆွဲပွဲတွေ လုပ်ကြပြန်တယ်။နေ
ာက်တစ်ခါ ငါးရံ့မင်း ပရိတ်ရွတ်ရင် မိုးရွာတယ်ပြော

Friday, March 11, 2011

တစ်ခါက ဧရာဝတီ

“ဟေ့ ဖိုးထောင်..ရေသွားချိုးမယ်လေကွာ”။
“ဟာ..ချစ်သန်းတို့ပါလား။ ငါလိုက်လို့ မဖြစ်သေးဘူးကွ အမေက အိမ်စောင့်ခိုင်းထားလို့”။
“အေး..မလိုက်လည်း နေလေ ငါတို့ဒီနေ့ စိမ်ပြေးတန်းကစားမလို့ကွ ရေထဲမှာ”။
“အေး..ငါ့အမေ ခဏနေရင် ဈေးရောင်းသွားရာက ပြန်လာတော့မှာကွ။ အဲဒီအခါကျရင် ငါလိုက်ခဲ့မယ် အခု
တော့ မလိုက်သေးဘူးကွာ”။
“အေး..အဲဒါဆို ငါတို့သွားဆော့နှင့်တော့မယ်”။ အဲဒီအသံလေးတွေက မြစ်ရေတိုးတဲ့အချိန်တိုင်း ကြားနေကြ
အသံလေးတွေပါ။ အခုလည်း ဖိုးပုံ နဲ့ ချစ်သန်းတို့ ကလေးအုပ်စု ဖိုးထောင်ကိုလာခေါ်နေကြခြင်းပါ။ ၀ါဆို၊၀ါ
ခေါင်ရောက်ပြီဆိုတာနဲ့ ဧရာဝတီမြစ်ပြင်ဟာ တမုဟုတ်ခြင်း ကျယ်ပြန့်လာပါတယ်။ ဖိုးထောင်တို့ ရွာကလေ
းက ဧရာဝတီမြစ်ကမ်း နဘေးမှာဆိုတော့ ရေတက်ချိန်ဆိုရင် ရွာထဲထိ ရေ၀င်တဲ့အရပ်ပေါ့။ သစ်ပင်ကြီးတွေ
ကလည်း အုံ့ဆိုင်းပြီး အများဆုံးအပင်တွေကတော့ ဥန္နဲပင်နဲ့ စောင်းလျားပင်တွေပေါ့။ နေချင်စဖွယ်ရွာကေ
လေးတစ်ရွာပါပဲ။ ဥန္နဲပင်တွေ ပေါလို့ထင်ပါတယ်..ရွာနာမည်က ဥန္နဲကုန်းတဲ့။
“ဟာ အမေ ပြန်လာပြီ.. လက်ထဲမှာလည်း မုန့်ထုပ်ကြီးနဲ့ပါလား”။
“အေး..ဟုတ်တယ်..။ မင်းတို့ အတွက် ထန်းသီးမုန့်ဝယ်လာတာ”။
“အမေ..ချွေးတွေကလည်းရွှဲလို့ သုတ်လိုက်ပါဦး”။ ဖိုးထောင်အမေ ဈေးသည်ကြီး မမြကြည်ကတော့ သားေ
လေးတွေ မျက်နှာမြင်လိုက်ရတာနဲ့ အမောပြေနေတဲ့ပုံပါပဲ။
“ဖိုးထောင်... မင်းညီလေး ဖိုးအောင် ဘယ်အချိန်က အိပ်သွားတာလဲ.. အမေ ချိုချိုတိုက်မလို့လေ။
“ဖိုးအောင် အိပ်တာ မကြာသေးဘူး အမေရ။ ရေချိုးပေးပြီး သိပ်ထားတာ”။
“ဒါနဲ့ မင်းအဖေ အရက်သမားကြီးရော ဘယ်မှာတုန်း။ အိပ်ယာထပြီး တန်းသွားတာမလား”။
“တန်းသွားတာ မဟုတ်ပါဘူးအမေရာ... အဖေက ဖိုးအောင်ကို မြစ်ဆိပ်ရေချိုးလိုက်ပို့ပြီး ပြန်လာမှသွားတာ
ပါ”။
“အေး..မင်းကတော့ အမြဲတမ်း ဖအေဘက်က ကာစီးကာစီးနဲ့ ဖာဖာမနေနဲ့။ ယောက်ျားတစ်ယောက်အားကိုး
ရမလားလို့ ယူထားမိပါတယ်တော်..အခုတော့ သူ့အရက်ဖိုးတောင် ဒီက မြကြည်မက ရှာပေးနေရတယ်တေ
ာ့...ကြားလို့မှ ကောင်းကြသေးရဲ့လား..အရပ်ကတို့ရဲ့...”။ ဒေါ်မြကြည်တစ်ယောက် ယောက်ျားဆိုး ရထားတဲ့
အတွက် အခုလို သောကဗျာပါဒမီး တွေတောက်လောင်နေရခြင်းပါ။
“အမေရယ်..တော်ပါတော့ဗျာ။ မငိုတော့နဲ့ဗျာအမေ..အမေငိုရင် ကျုပ်လည်းငိုချင်တယ် အမေရ။ တိတ်ပါ
တော့အမေရာ...ဟီး...ဟီး...”။ဖိုးထောင်တစ်ယောက် အမေငို၍ ငိုနေခြင်းဖြစ်ပါသည်။
“တော်ပါတော့ ဖိုးထောင်ရယ် ငိုမနေနဲ့တော့ အမေလည်း မငိုတော့ဘူး”။ ဒေါ်မြကြည် ပြောပြောဆိုဆို မျက်
ရည်စတွေ သုတ်လိုက်ပါသည်။ ဖိုးထောင်ရဲ့ ခေါင်းလေးကို ဆွဲယူပြီး ပွတ်ပေးနေလိုက်ပါသည်။

ကိုယ့်ရေကိုယ်ကောင်း


တစ်ခါက ကျွန်တော်တို့ရွာမှာ ဦးဥာဏ်ဆိုတဲ့လူစ်ယောက်ရှိ
ပါတယ်။ သူက ဒေသအစွဲကြီးသူ တစ်ယောက်ပေါ့။ ဘာပဲ
ဖြစ်ဖြစ် အသေးလေးကနေ အကြီးကြီးထိကို အစွဲကြီးသူပါ။
တစ်ခါတစ်လေဆို ရွာထဲကလူတွေနဲ့ အချင်းချင်းတောင်မှ
အဆင်မပြေဖြစ်တဲ့သူဆိုလည်း မမှားဘူးပေါ့ဗျာ။ တစ်ခါက
လည်း တစ်ရွာလုံး ဘုရားပွဲမုန့် ကြော်ကြတာပေါ့။ အဲလိုကြေ
ာ်ကြကြပေမဲ့ သူတို့အိမ်က အဲဒီအချိန်ထိ မကြော်သေးဘူးေ
လ။အဲလိုမကြော်ရသေးတာကိုသိတော့ ပါတ်ဝန်းကျင်က မုန့်
တွေသွားပေးတာပေါ့။ အဲဒါကို မစားဘူးလေ။ မစားတဲ့အပြင်

Thursday, March 10, 2011

အညာမြေကဆေးရွက်ကြီး


“တံတားဦးက ကွမ်းနုဝါ
ငါန်းမြာက ဆေး
ကွမ်းသီး တောင်ငူနှင့်
ကိုင်းထုံးဖြူ ပြည်ရှား
သာဝါးလို့ထွေး” ဆိုတဲ့ကဗျာလေးကို လူတိုင်းသိကြပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ အနည်းငယ်ပြန်ပြောပါရစေ။ကွ
မ်းတစ်ယာ ၀ါးတော့မယ်ဆိုရင် အဲဒီကွမ်းယာထဲထည့်ဖို့ပစ္စည်းတွေ လိုအပ်ပါတယ်။ အဲဒီ လိုအပ်တဲ့ပစ္စည်း
တွေကတော့ တံတားဦးကထွက်တဲ့ ကွမ်းနုဝါ၊ ငါန်းမြာကထွက်တဲ့ ဆေးရွက်ကြီး၊ တောင်ငူကထွက်တဲ့ကွ
မ်းသီး၊ စစ်ကိုင်းကထွက်တဲ့ထုံး နဲ့ ပြည်ကထွက်တဲ့ ရှားတို့ပဲဖြစ်ပါတယ်။ အဲဒီ ဒေသတွေကထွက်တဲ့ ပစ္စည်း
တွေက အကောင်းဆုံးပေါ့။ အဲဒီပစ္စည်းတွေထဲကမှ ငါန်းမြာကထွက်တဲ့ဆေးအကြောင်းကို ဖော်ပြမှာပါ။

ဗာဂျီးနီးယားဆေးပင်

ကျေးလက်သားလေးနှင့်အလွဲများ


ကျွန်တော် ကျေးလက်သားလေးဟာ အမြဲတမ်းလွဲတတ်သလို၊ ရှက်ပြာ
ရှက်ပြာ လုပ်တက်တဲ့နေရာမှာလည်း နှစ်ယောက်မရှိသူပါ။ အိမ်ကတော့
ကျွန်တော့်ကို နာမည်တပ်ထားလေရဲ့ ပျာသလောက် ဖွဲမထွက်တဲ့ကောင်
တဲ့လေ။ကျွန်တော်ကလည်း ကျွန်တော်ကိုး အပြောခံရတာမဆန်းပါဘူးေ
လ။

Wednesday, March 9, 2011

ဥညွန့် နဲ့ မြစ်သီး(စားစရာအပင်များ)


ဒီတစ်ခါတော့ ခေါင်းစဉ်ကို ထူးထူးဆန်းဆန်းပေးပစ်လိုက်မိပါတယ်။ “ဥညွန့် နဲ့ မြစ်သီး ”ဆိုပြီးပေါ့။ အဲဒီခေါ
င်းစဉ်ကို သာမန်ကာ လျှံကာ ဖတ်လိုက်မိရင်တော့ ဦးနှောက်စားရမှာအမှန်ပါပဲ။ ဘာကြောင့်လည်းဆိုတော့
ကျွန်တော်က ပုံမှန်မဟုတ်တာကို ပေးလိုက်မိလို့ပါ။ ကျွန်တော်ပေးထားတာ ပုံမှန်မဟုတ်ဘူးဆိုတော့ ကျွန်
တော်ကိုယ်တိုင် ပြန်ရှင်းပြရတော့မှာပေါ့လေ။ ကိုင်း...စရှင်းမယ်ဗျာ။ အောက်ကို ရှုစားတော်မူကြပါကုန်အံ့။
ကန်ဇွန်းပင်

ဖူးစာရှင်


တစ်ခါတုန်းက ရွာတစ်ရွာမှာ ကုလားကြီးတစ်ယောက်ရှိပါတယ်။
အဲဒီကုလားကြီးက ရွာထဲမှာရှိတဲ့ အပျိုကြီးတစ်ယောက်ကိုအသ
ည်းအသန် ကြိုက်နေတာပေါ့ ။အဲဒါကို အပျိုကြီး မမလည်းသိတ
ာပေါ့ဗျာ။ ကုလားကြီးက ဘယ်လိုပဲ မျက်နှာရအောင်လုပ်လုပ်အ
ပျိုကြီးကတော့ လုံးဝမှ စိတ်ဝင်မစားပါဘူး။ စိတ်မ၀င်စားတဲ့အပြ
င် အမြင်ကတ်ပြီး မုန်းတောင်မုန်းနေတာပေါ့ဗျာ။ အပျိုကြီးကဘ

Tuesday, March 8, 2011

အမေ့ယက်ကန်းစင်

လူ့ဘ၀မှာ ရေးသုံးရေးရှိတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ အဲဒီရေးသုံးရေးဟာ လူ့ဘ၀အတွက် အခြေခံအ
ကျဆုံးအရေးသုံးခုပါ။
(၁)စားသောက်ဖို့အရေး
(၂)၀တ်ဆင်ဖို့အရေး
(၃)နေထိုင်ဖို့အရေးတို့ပဲဖြစ်ပါတယ်။
အတိုပြောရမယ်ဆိုရင်တော့ (စား၊၀တ်၊နေ) ရေးပေါ့။ လူရယ်လို့ဖြစ်လာရင် မစားမသောက်ပဲဘယ်သူမှ နေနို
င်လိမ့်မည်မထင်။ ထမင်း(၇)ရက်လောက် မစားရရင်ကို လူ့ဘ၀ထဲကနေ ထွက်ခွါသွားရပါလိမ့်မယ်။ စာဆုိေ
တာင်ရေးသေးတာကိုးဗျ..“ထမင်းအသက်(၇ )ရက်၊ ရေအသက်(၁)မနက်”တဲ့။အဲဒီတော့ မစားရရင်လည်း
မဖြစ်ပေဘူးနော်။ ဒုတိယတစ်ခုဖြစ်တဲ့_၀တ်ဆင်ရေးဆိုတာကတော့...မနုဿဆိုတဲ့ အသိဥာဏ် ရှိတဲ့လူ
တွေတိုင်းမှာ အရှက်တရားနဲ့ လူလုပ်တာဖြစ်တဲ့အတွက် ၀က်စားဆင်ယင် ကြပါတယ်။အသိဥာဏ်နဲတဲ့ လူရို
င်းတွေတောင် သစ်ရွက်၊သစ်ခက်တွေ ဖုံးအုပ်ထားတာ တွေ့မြင်ဖူးကြပေမပေါ့။(ဒါပေမဲ့ အခုခေတ် မော်ဒယ်
တွေ ဘယ်လိုတရားနဲ့ လူလုပ်နေကြတယ်ဆိုတာ ကျွန်တော်မသိ)။ အဲဒီတော့ ၀တ်ဆင်ဖို့အရေးကလည်း မ
ရှိလျှင် မဖြစ်။ တတိယအချက်ဖြစ်တဲ့ နေထိုင်ဖို့အရေးဆိုတာကလည်း အရေးကြီးတာပဲနော်။ နေထိုင် နိုင်ဖို့
မြေကြီးရှိရမယ်။ အဲဒီမြေကြီးပေါ်မှာမှ မိုးလုံ၊လေလုံ ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ဖို့ အိမ်ရှိရပါအုံးမယ်။ အိ
မ်ဆိုတာကတော့ လူသားတွေအတွက် အခြေခံ အဆောက်အအုံတွေပဲပေါ့။ ကိုင်း..အဲဒီအချက်သုံးချက်လုံး
က အခြေခံကျတယ်ဆိုတာကိုတော့ ကျွန်တော်တို့သိရှိပြီးကြပြီပေါ့ဗျာ။ အဲဒီသုံးခုထဲကမှ ၀တ်ဆင်ဖို့အရေး
ဖြစ်တဲ့ အညာသူ၊အညာသားတွေရဲ့ အ၀တ်အထည်ယက်လုပ်ပုံကို ရေးသားမှာဖြစ်ပါတယ်။ အောက်ကိုဆက်
လက်ရှုစားတော် မူကြပါကုန်အံ့။
ဝါပင်မှဝါပေါက်

အမေ့ရဲ့သားချော့တေး


အမေ............တေးဆိုသိပ်ပါ
ပြောတဲ့အခါဝယ် အမေငြင်းလို့
အို့..အေ့..အေ့..အို ပဲဆိုခဲ့တဲ့အမေ။

သားမောင်လူငယ် ကျောင်းနေစအရွယ်
ရောက်ခဲ့ပြန်တော့ ဟိုကဗျာလေးဆိုပြ
ဒီကဗျာလေးဆိုပြပါနဲ့ ပူဆာတတ်ခဲ့တယ်လေ။

အဲဒီအခါမှာ အမေငြင်းလို့..ဘုရား၊တရား၊သံဃာ
ထိပ်မှာထားလို့ မိဘ၊ဆရာ ပူဇော်ကွယ် ဆိုတဲ့
ကဗျာမမှီ စာမညီလေးကို ရွတ်ပြခဲ့တဲ့အမေ။

အိမ်ဝိုင်းထဲကအပင်များ(၂)


ဒီတစ်ခါတော့အိမ်ဝိုင်းထဲမှာစိုက်တဲ့အပင်များ(၂)အကြောင်းကိုရေးပါမယ်။ဘူးပင်၊ကင်းပုံပင်အကြောင်းကို
ရေးမှာဖြစ်ပါတယ်။ဘူးပင်ရော၊ ကင်းပုံပင်ရော နှစ်ပင်လုံးကအနွယ်မျိုးတွေဖြစ်ပါတယ်။စင်ခံပေးလေကေ
ာင်းလေပါပဲ။စကားပုံတောင်ရှိတယ်လေ.."ဘူးကောင်းတော့စင်ခံ၊ လင်ကောင်းတော့စံ"တဲ့။

ကျွန်တော်တို့ရွာမှာတော့အယူတစ်ခုရှိတယ်။ဘူးပင်ကိုအိမ်ဝိုင်းထဲမစိုက်ရဘူးတဲ့။ဘူးပင်စိုက်လိုက်လို့အပင်
ကအရမ်းဖြစ်ပြီး အသီးတွေအများကြီးသီးရင်လူသေတယ်လို့ပြောကြပါတယ်။တိုက်ဆိုင်မှုတွေလားဆိုတာ
တော့ကျွန်တော်လည်းမသိပါဘူး။တစ်ချို့လူမနေတဲ့ အိမ်ဝိုင်းတွေထဲမှာတော့ စိုက်ပါတယ်။လူမနေလို့လား
တော့မသိဘူး စိုက်တဲ့သူတွေဘာမှတော့မဖြစ်ပါဘူး။ လူနေတဲ့ဝိုင်းထဲမှာတော့မစိုက်ကြဘူး။"ကြောက်တ
တ်ဝန်ကင်း၊ရဲလျှင်မင်းဖြစ်"ဆိုသလိုပေါ့ ကြောက်တဲ့သူကမစိုက်၊မကြောက်တဲ့သူကစိုက်တယ်ပေါ့။

Monday, March 7, 2011

နောင်တမရတဲ့သားမိုက်


"ဟူး"ပူလိုက်တဲ့နေ ဘယ်ချိန်များမှအေးပါ့မလဲ။ ဒီအတိုင်းဆိုရင်တော့ သတ္တ၀ါတွေသေကုန်လိမ့်မယ်။ ငါ့မိန်းမ
မယ်ခင်ဘယ်လိုများနေပါ့မလဲ"။ဘိုးဇံဆရာဝန်သွားပင့်ရင်း နေအရမ်းပူတာကြောင့် ငြီးရင်း ရောဂါသည်မိန်းမကြီး
ကိုသတိတရနဲ့ရေရွတ်လိုက်ပါသည်။"ဒီအတိုင်းထိုင်နေလို့မဖြစ်ဘူး မယ်ခင်က နေတော်တော်မကောင်းနေတာ။
သားလေးတစ်ယောက်ရှိပြန်တော့လည်း အားမကိုးရဘူး။ ကိုယ့်အမေဒီလောက် နေမကောင်းဖြစ်နေတာကိုပြ
န်ကြည့်ဖော်မရတဲ့အကောင်..ဒီကောင်နဲ့တော့တော်တော်ခက်နေပါပြီ"။ ဘိုးဇံ တောင်တွေး၊မြောက်တွေးနဲ့ ဆ
ရာဝန်နေတဲ့ရွာကို ရောက်မှန်းမသိရောက်လာပါသည်။ သူ လျှောက်လာတဲ့ခရီးက(၃)မိုင်လောက် ဝေးခဲ့တ
ာဆိုတော့ ရေကလည်းအရမ်းဆာနေပြီလေ။ ရွာထိပ်ကရေချမ်းစင်လေးတွေ့တာနဲ့ ရွာထဲကိုမ၀င်သေးပဲရေချမ်
းစင်လေးနားကပ်ပြီး အိုးမှုတ်ခွက်ကိုင်းလေးကိုလှမ်းဆွဲပြီး ရေတစ်ခွက်ခပ်သောက်လိုက်ပါတယ်။ "အား..အေး
လိုက်တာအမောကိုပြေသွားတာပဲ။ ရေချမ်းစင်အလှူရင်ရော၊ ရေဖြည့်တဲ့သူတွေရောဒီရေးလေးလို အမြဲတမ်း
အေးချမ်းနိုင်ပြီးဘ၀အမောတွေပြေပျောက်နိုင်ပါစေ..."။ ဘိုးဇံဆုတွေတောင်းရင်း မျက်ရည်လေးကလည်းလ
ည်ပြီး ပါးစပ်ကလည်းဆုတွေတစ်ခုပြီးတစ်ခုပေးနေပါသည်။

အမေသို့တမ်းချင်း


အမေ....
သား..အမေ့ရင်ခွင်ထဲကနေ ထွက်ခွါသွားတဲ့အချိန်ကစပြီး အမေ့ကိုအရမ်းလွမ်းတယ်အမေ။
မြို့ကြီးပြကြီးရောက်လို့ မိုးထိအောင်မြင့်တဲ့တိုက်တွေပေါ်မှာနေရပေမဲ့ အမေ့အိမ်လေးကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ အစားအသောက်ကောင်းတွေစားနေရပေမဲ့ အမေချက်ကျွေးတဲ့ တောထမင်း၊တောဟင်း
လေးတွေကို အရမ်းလွမ်းတယ် အမေ။
မြို့ကြီးပြကြီးမှာ အ၀တ်အစားအကောင်းတွေဝတ်နေရပေမဲ့ အမေကိုယ်တိုက်ယက်ပေးတဲ့ ဖျင်လုံချည်နဲ့၊ဖျင်တဘက်ကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ ဖုန်းကိုနှိုးစက်ပေး၊နာရီကိုနှိုးစက်ပေး၊ကွန်ပြူတာတွေနှိုးစက်ပေးနေရပေမဲ့ အမေ့ရွာကကြ
က်ဖတွန်သံကိုလွမ်းတယ်အမေ။
မြို့ကြီးပြကြီးမှာ လေပန်ကာတွေနဲ့လေတွေအေးအောင်လုပ်နေပေမဲ့ အမေ့ယပ်တောင်လေးကိုပဲလွမ်းတယ်
အမေ။

Sunday, March 6, 2011

အမျိုးချစ်တဲ့ကျီး


ကျီးကန်းတွေကနေရာဒေသတိုင်းမှာရှိနေကြပါလိမ့်မယ်။ကျီးကန်းတွေက တစ်ခါတစ်လေတော့အရမ်းမုန်းဖို့
ကောင်းပါတယ်။တစ်ခါတစ်လေတော့လည်း သူ့ကိုမုန်းတဲ့စိတ်တွေပျောက်ပျောက်သွားမိပါတယ်။ ဘာလို့မုန်
းတာလည်းဆိုရင် ကျီးကန်းကအရမ်းဆိုးတယ်လေ။လူတွေကိုမကြောက်ဘူး...သူတို့လုပ်ချင်ရာကိုလုပ်တ
ယ်။အိမ်မှာဆိုရင်လည်း အစားအသောက်တွေကိုလာလာပြီးချီသွားတက်ပါတယ်။ သူတို့ကိုခြောက်တဲ့အခါ
မှာဆိုရင်လည်း ပမာမခန့်နဲ့လုံးဝကိုမကြောက်တဲ့အကောင်တွေပါ။ ဘာလို့အမုန်းစိတ်တွေပျောက်ရသလဲဆို
ရင်တော့ သူတို့ကအမျိုးချစ်တဲ့အကောင်တွေလည်းဖြစ်၊ကျီးကန်းရဲ့ ခြေထောက်ကဆေးသုံးလည်းဝင်လို့ပါ။
ဘယ်လိုသုံးတယ်ဆိုတာတော့ ကျွန်တော်လည်းမေ့သွားလို့မပြောတက်တော့ပါဘူး။