Friday, February 18, 2011
ရိုးလွန်း လျှင် အ
အညာသူ၊ အညာသားများ ရိုးသား ပွင့်လင်းကြတယ်။ ရိုးသားမှုတွေ များသွားပြန်ရင်လည်း ထုံပြီး အ သွားတတ်ပြန်
ပါတယ်...။ရိုးသား ပွင့်လင်းကြတာ ကောင်းတယ်လေ...ရိုးသားပြီး ဟန်မဆောင်တတ် တဲ့သူတွေက နာကျည်းမှုတွေ၊ မခံချင်
မှုတွေ ၊ မကျေနပ်မှု ဆိုတာမရှိတဲ့အတွက်...။ ရိုးသားလွန်းတဲ့ သူတွေရဲ့ စိတ်သဏ္ဌာန် ဟာ အရမ်းကိုမှ အေးချမ်းလွန်းလှပါတ
ယ်...ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ လူမုန်းရင် မုန်းမယ် ... ဒါပေမဲ့ အဲဒီလူတွေက ပြောတုန်းခဏပါပဲ ပြီးရင်စိတ်ထဲမှာဘာ
မှမရှိတတ်ကြပါဘူး...။ ပွင့်လင်းတဲ့သူကို ကြောက်စရာမလိုပါဘူး... မှတ်သားပြီး စိတ်ထဲမှာ အဖု ဖြစ်နေတဲ့ သူများကိုတော့ေ
ကြာက်ဖို့ အရမ်းကောင်းပါတယ်..။
ကျွန်တော်တို့ ရွာလေးမှာ မသေးမိ လို့ခေါ်တဲ့ မိန်းမရွယ်က စာအနည်းကျဉ်းသာ သင်ကြားဖူးပါတယ်...။ ဗဟုသုတ
အရမ်းနည်းပြီး ၊ ပင်ကိုယ်ရိုးသားတဲ့ စရိုက်ကရှိနေပြန်တော့ ရိုးလွန်းပြီး ၊ အ ပါတယ်...။သူတို့ မိသားစု ကမိခင်အို မုဆိုးမကြီ
းနဲ့ အတူနေထိုင်ကြတာပေါ့...။ သူတို့မှာ ညီအစ်ကို မောင်နှစ်မ လေးယောက်ရှိတယ်...။လေးယောက်လုံးက မသေးမိလို့ပါပဲ.
..။ရိုးလွန်းတော့ထုံပြီး အ တဲ့ဘက်ကို ရောက်နေပါတယ်...။ သူတို့ မောင်နှစ်မ လေးယောက်လုံးရဲ့ အကြောင်းကိုရေးရရင်တေ
ာ့ တစ်ညလုံးမအိပ်ပဲရေးမှ အဆင်ပြေပါလိမ့်မည်...။ အဲဒါကြောင့် အခု မသေးမိရဲ့ အကြောင်းကိုပဲ ပြောပြပါမယ်...။မသေးမိ
တို့က ရုပ်အဆင်းကတော့ အရမ်းလှပပြီး နှစ်သက်ဖွယ်ကောင်းပါတယ်...ပုရိသတွေက ၀ိုင်းဝိုင်းလည်နေတာ...။ “ရွာနားနီးတဲ့
မြက် ရွာနွားမစား“ ဆိုသလိုပါပဲ... မသေးမိက သူ့ ကြိုက်တဲ့ ရွာက ပုရိသတွေကို တစ်ယောက်မှ စိတ်မ၀င်စားခဲ့ပါဘူး...။
ဒီလိုနဲ့ ရွာကို မြို့ က ပွဲသားတစ်ယောက် ရွာကို ကုန်ဝယ်ရောက်လာပါတယ်...အဲဒီပွဲသားက ရွာနဲ့ မြို့ ကိုစုန်ချည် တစ်လှည့်
ဆန်ချည် တစ်ခါနဲ့ အမြဲ မပြတ်သွားလာနေတာပေါ့...။ ရွာကိုရောက်တာများလာတဲ့အခါမှာတော့ မသေးမိနဲ့ လူငယ်တို့ သဘာ
ဝ ချစ်ကြိုက်သွားကြပါတယ်...။ရွာကလူတွေကတော့ မသေးမိအစားရင်လေးနေတာလေ... သူလို စာအနည်းငယ်တတ်ပြီးဗဟု
သုတ နည်းပါးတဲ့ အ တတ ရွာသူတစ်ယောက်ကို မြို့ သားက တကယ်လက်ထပ်ပါ့မလား တွေးပြီးစိတ်ပူနေကြတယ်...။
ဒီလိုနဲ့ နောက်ပိုင်းမှာ သူတို့ လက်ထပ်ကြတာပေါ့...လေး ငါး လလောက်ပေါင်းပြီးတော့ ကိုမြို့ သားက ဇာတိပြလာတယ်လေ
... မြို့ ကို သူနဲ့ အတူတူလိုက်နေ ဖို့ပေါ့... ဒါနဲ့ မသေးမိလည်း မြို့ ကိုပါသွားတာပေါ့... သူ့ရဲ့ အ၀တ်အစားလေးတွေ
တောင်းတွေ၊ ဖျာတွေ ကအစ သယ်သွားရော... ကားပေါ်ရောက်တော့ သူတို့လည်း အတူတူ နေရာယူပြီးထိုင်ကြတာပေါ့...
လမ်းတစ်ဝက်လောက် ရောက်တော့ ကားရပ်တဲ့ အချိန်မှာ မသေး ဒီကားပေါ်မှာ ထိုင်နေအုံးနော် ... ငါသူငယ်ချင်း တစ်ယော
က် အောက်မှာတွေ့တယ် သူနဲ့ စကားပြောလိုက်အုံးမယ် ... သူလည်းမြို့ ကိုပြန်မှာ ကို့ မိတ်ဆွေပေါ့ ဆိုပြီး ကားပေါ်က ဆင်း
သွားပါတယ် တဲ့...။ ခရီးသည်တွေ လူစုံလို့ ကားမောင်းတဲ့ အချိန်ထိတောင် သူ့ယောက်ျားက ပေါ်မလာပါဘူး...။ သြော် သူ
ငယ်ချင်းနဲ့ တွေ့ ပြီး ရှေ့ ကားရပ်မဲ့နေရာက စောင့်နေမယ်လို့ တွေးလိုက်တယ်တဲ့...။နောက်တစ်ခါ ကားရပ်တော့ သူ့ယောက်ျ
ားကို ရှာဖို့ သူလည်းကားပေါ်ကနေအောက်ဆင်းသွားတယ်တဲ့...။ ခရီးသည်တွေ ကားထွက်တော့မယ်လို့ စပါယ်ယာအော်သံကြား
တော့ မသေးမိလည်း ကားပေါ် ပြန်ရောက်လာတာပေါ့...။ ခရီးသည်တွေ ဆုံတော့ ကားက စထွက်တယ်..။ ကားထွက်မှ မမိ
သေးက ထပြီးအော်လိုက်ပါသတဲ့... “ကားစပါယ်ယာ ကြီး ဟိုလူဘယ်ရောက်သွားတုန်း“လို့ထမေးလိုက်ပါတယ်တဲ့...။
ကားစပါယ်ယာလည်း ကြောင်တောင်တောင်ဖြစ်သွားပြီး အစ်မလေး ဘယ်လူတုန်းဆိုတော့ ကျုပ်ယောက်ျားလို့ပြောလိုက်ပါသတဲ့...။
အစ်မလေး ယောက်ျားက ဘယ်မှာတုန်း တစ်ခုခုစားနေလို့ ကားထွက်တာ မသိလိုက်တာလားဆိုပြီး ကားပေါ်ကဆင်းကြည့်မယ်လု
ပ်တော့ မဟုတ်ဘူးတော့ ကျုပ်ယောက်ျားက ကားအရင်တစ်ခါ ရပ်ကထဲက ဆင်းသွားတာ အခုထိ တက်မလာသေးတာလို့ ပြော
လိုက်တယ်တဲ့...။ အဲတော့ကားစပါယ်ယာလည်း သဘောပေါက်သွားပြီး အစ်မလေးရေ ဟိုမှာ ရွာဘက်ကိုပြန်မဲ့ကား အဲဒီကားနဲ့
သာပြန်လိုက်သွားတော့...ခင်ဗျားယောက်ျား ပြန်ပေါ်လာမှာမဟုတ်တော့ဘူး... ခင်ဗျားကို ပစ်သွားပြီလို့ ပြောလိုက်တော့...
မသေးမိက သူတောင်းစား ငါ့ကိုပစ်သွားပြီ နင်ပြန်လာရင်တော့ ငါနဲ့တွေ့ မယ်လို့ပြောပြီး သူရဲ့ ပစ္စည်းတွေကို ယူပြီးကားပေါ်ကဆ
င်းသွားပါတယ်...။အဲဒီနောက် ရွာဘက်ကိုပြန်တဲ့ ကားနဲ့ ပြန်လိုက်သွားပါတော့သတဲ့...။ရွာပြန်ရောက်တော့ ဟဲ့သေးမိညီးယော
က်ျားနဲ့ မြို့ လိုက်သွားတာမလား ၊ ညီး ယောက်ျားက ဘယ်မှာတုန်းဆိုတော့ သိဘူး ကားပေါ်မှာ သူကိုမတွေ့ တော့လို့ ကားစ
ပါယ်ယာကြီး ဟိုလူဘယ်သွားတုန်းလို့ တော့မေးလိုက်တယ်...။ သူကလည်း မသိဘူးတဲ့တော့ အဲဒါနဲ့ ကျုပ်လည်း ရွာကိုပြန်လာ
တာတော့ ... မသာ ပြန်လာရင်တော့ ကျုပ်နဲ့ တွေ့မယ် သေဖို့ သာပြင်ထားပေတော့ ဆိုပြီး သူ့ယောက်ကျားပြန်လာမဲ့ရက်ကို
စောင့်လာလိုက်တာ သူ့သားလေးတောင် အရွယ်ရောက်လို့ အိမ်ထောင်ရက်သား ကျတော့မယ်လေ...။အဲလောက်တောင် ရိုးတဲ့
အ တဲ့ မသေးမိရယ်ပါ...။ ရွာမှာတော့ စကားပုံတစ်ခုကျန်ခဲ့တယ်ဗျ...အူတူတူ အတတ လုပ်နေရင်တော့ သေးမိရဲံ့ ကားစပါ
ယ်ယာကြီး ဟိုလူဘယ်သွားတုန်းတော့ မလုပ်နဲ့နော် ဆိုတဲ့ စကားလေးပါပဲ...။ ပြန်ပြီးသုံးသပ်ရမယ်ဆိုရင်တော့ စာမတတ်တာက
အဓိက အကြောင်းအရာပဲဗျ... စာကမတတ် ရိုးသားတဲ့စိတ်ရင်းက အရင်းခံနေတော့ ... ကလေးတစ်ယောက်တော့ အဖတ်
တင်လိုက်တဲ့ မသေးမိရယ်ပါ...။ရိုးလွန်း လို့ အ သွားရတာပါပဲ...သူငယ်ချင်းတို့ အားလုံးလည်း ရိုးယုံပဲ ရိုးပြီး မသေးမိလိုမအ
ကြပါနဲ့လို့ ပြောရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်ဗျာ...။ ဒီပို့ စ် ကလေးကိုဖတ်လိုက်လို့ ဗဟုသုတ အနည်းငယ်ရသွားတယ်ဆိုရင် အ
ပျော်ရွှင်ဆုံးလူက ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်...။ ကိုင်း သူငယ်ချင်းတို့ ဝေဖန် အကြံပေးချင်တယ်ဆိုရင်တော့ စီဘောက်မှာ အော်ခဲ့ကြပါဗျို့ .... အားလုံးကိုကျေးဇူးတင်ပါတယ်..
ရာဇာ(ကျေးတောသားလေး)
19.2.2011
0 comments:
Post a Comment