Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Saturday, April 30, 2011

မြင်လှည့်စမ်းစေချင်သည်(ကျေးလက်ဖိတ်ခေါ်သီချင်း)

ဒီသီချင်းလေးက ကျေးလက်မြေကို ဖိတ်ခေါ်ထားတဲ့ သီချင်းလေးပါ...။ အဲဒီသီချင်းလေးလိုပဲ ကျွန်တော်ရဲ့ မိတ်ဆွေတွေ၊သူငယ်ချင်းတွေ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်...။ အညာကို ရောက်ရင်ဖြင့် ၀င်ခဲ့ကြပါလို့...။ အညာထမင်း၊ အညာဟင်းလေးတွေ ချက်ကျွေးချင်လို့ပါ...။ အခုလည်း ဟင်းချက် တန်းလန်းကြီးမို့ ပြေးပြီဗျို့......

ပိုးအိစံ ဆိုထားတာလေးပါ

ရာဇာ(ကျေးလက်သားလေး)

Friday, April 29, 2011

ထူးဆန်းထွေလာ ပန်းကမ္ဘာ

ဒီတစ်ခါတော့ အစားအသောက်အကြောင်း၊ အပင်တွေ အကြောင်းတော့ မဟုတ်ဘူးဗျ...။ ပန်းပွင့်လေးတွေ
အကြောင်းပါ...။ ပန်းပင်လေးတွေ ဆိုတာ လှပြီး အနံ့ရှိတာလေးတွေရှိသလို၊ လှပြီး အနံ့မရှိတဲ့ ပန်းပွင့်လေး
တွေလည်း ရှိပါတယ်..။ လူတွေဆိုတာ လှရင် သဘောကျတတ်သလို၊ အနံ့လေးတွေ ရှုရရင်လည်း သဘော
ကျတတ်ကြပါတယ်...။ အခုလည်း ကျွန်တော် အွန်လိုင်းပေါ်က တွေ့တဲ့ ထူးဆန်းတဲ့ အပွင့်လေးတွေ အကြေ
ာင်းကို တင်ပြမှာပါ...။
ထူးဆန်းတဲ့ နေကြာပန်းလေး

Thursday, April 28, 2011

ချင်းတက်အစွမ်း အံ့မခန်း

ချင်းလို့ ဆိုလိုက်တာနဲ့ ကလေးလူကြီးအားလုံး သိကြပါမယ်လို့ မျှော်လင့်မိပါတယ်...။ချင်း တက်လေး
ကို သဲထဲမှာ မြှုပ်ထားရင် အလိုလို အပင်ပေါက်လာပါတယ်...။ ချင်းတက် က ဈေးသက်သာသလော
က် လူကိုတော့ တော်တော်လေး အကျိုးပြုပါတယ်..။ ကြားဖူးကြမှာပေါ့ အစာလည်းဆေး၊ ဆေးလည်း
အစာ ဆိုတာလေ...။

ချင်းကို ဟင်းချက်ရာမှာ အဓိက ထားပြီး သုံးစွဲကြပါတယ်...။  ချင်းထည့်ချက်တဲ့ ဟင်းလျာက မွှေးလွ
န်းလှပါတယ်..။ နောက်တစ်ခုကတော့ ချင်းကို သုပ်စားတာပါပဲ...။ ချင်းသုပ်က စားလို့ကောင်းသလို
ဆေးဖက်လည်း ၀င်တယ်လေ...။

အသံဝင်၊ လည်ချောင်းနာ ဖြစ်တဲ့အခါတွေမှာတော့ ချင်း နဲ့ ထန်းလျက်ကို သုံးခွက် တစ်ခွက်တင်ရော
ကျိုပြီး သောက်သုံးပါက ပျောက်ကင်းစေပါတယ်...။ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်
တဲ့ တုတ်ကွေး၊ ချောင်းဆိုး၊ ချမ်းစိမ့်စိမ့် ဖျားတဲ့အခါမျိုးဆိုရင်တော့ ချင်းနဲ့ ထန်းလျက်ကို သုံးခွက်တစ်
ခွက်တင် ရောကျိုပြီး သောက်သုံးပါက ပျောက်ကင်းစေပါတယ်...။ ကျွန်တော်တို့ အိမ်မှာ တုတ်ကွေး
ဖြစ်ရင်တော့ ချင်းကို တော်တော်လေး အသုံးပြုပါတယ်...။

ပြင်းပြင်းထန်ထန် ခေါင်းကိုက်ဖူးကြမှာပေါ့..။ အဲလိုမျိုး ဖြစ်တဲ့အခါမှာတော့ ချင်းတက်ကို ထုထောင်း
ပါ...။ ရလာတဲ့အရည်ကို လက်ဘက်ရည်ဇွန်းရဲ့ သုံးပုံတစ်ပုံခန့်စားတဲ့အခါမှာ သက်သာပျောက်ကင်း
စေပါတယ်...။ နားကိုက်တဲ့ အခါမျိုးမှာတော့  ချင်းတက်ရဲ့  သတ္ထုရည်ကို နားထဲ ခတ်ပေးလျှင် သက်
သာစေပါတယ်...။ ကားမူး တတ်တဲ့သူများအတွက်တော့ ခရီးမသွားခင် ချင်းတက် အနည်းငယ်ကိုဝါး
စားခြင်းဖြင့် ကားမူးတာ သက်သာစေပါတယ်..။ ဇက်ကြော တက် တဲ့သူတွေ အတွက်တော့  ချင်းေ
လးကို ပါးပါးလှီး မီးကင်ပြီး ဇက်ကြောတက် တဲ့ နေရာမှာ ကပ်ပေးရင် သက်သာစေပါတယ်...။

ကျွန်တော် သိတာလေးတွေပါ... ကျန်တဲ့ ဆေးနည်းတွေ ရှိအုံးမှာပါ...။ သိတာလေးတွေ ရှိရင် ပြန်ပြီး
မျှဝေခဲ့ကြပါအုံးနော်...။ ဗဟုသုတ အနည်းငယ်ရမယ်ထင်ပါတယ်...။သိပြီးသားတွေ ဆိုရင်တော့အာ
း လုံးကို တောင်းပန်ပါတယ်နော်...။

ရာဇာ(ကျေးလက်သားလေး)
28.4.2011

Tuesday, April 26, 2011

တညင်းသီးနှင့် အမှတ်တရများ

တညင်းသီးလို့ ပြောလိုက်ရင် လူတိုင်းသိမှာပါ...။ကျွန်တော်တော့ တညင်းသီးနဲ့ဝေးနေတာ ကြာပေါ့
...။ တညင်းသီးက စားလို့တော့ ကောင်းတယ်နော်... ဒါပေမယ့် အနံ့ကပြင်းတယ်လေ...။ တညင်းသီ
းကိုတော့ ပြုတ်ပြုတ်၊ ချက်ချက်၊ ငါးပိနဲ့ကြော်ကြော် အားလုံး ကြိုက်ပါတယ်...။

ကျွန်တော်တို့ဒေသမှာတော့ တညင်းသီးကရှားတယ်လေ.. တစ်ခါတစ်လေမှ စားရတာ...။ ကျောင်း
တက်တုန်းကတော့ ခဏတိုင်း စားဖြစ်တယ်...။  တညင်းသီး ပြုတ်လေးကို ထုပြီး ဆီနဲ့ ဆားနဲ့ တို့စား
ရတာကိုကြိုက်တယ်...။  တညင်းသီးကို  ခရမ်းချဉ်သီးနဲ့ပဲချက်ချက်၊ ၀က်သားနဲပဲချက်ချက် စားလို့ေ
ကာင်းတယ်...။

တညင်းသီးနဲ့လဘက်သုပ်တာတော့ ကျောင်းတက်တုန်းက တစ်ခါပဲ စားဖူးတယ်...။  ကျွန်တော်ကေ
ကျာက်ဆည်မှာ ကျောင်းတက်တာလေ...။ ကျောက်ဆည်နဲ့ ဘယ်လင်းကြားမှာ ရွှေသိမ်တော်ဘုရား
ဆိုတာ ရှိပါတယ်..။ အဲဒီ ဘုရားကို ကျွန်တော်တို့သူငယ်ချင်း တစ်စု သွားကြတယ်...။    ကျောင်းကိုေ
ရာက်ခါစဆိုတော့ ပျော်ဖို့ အရမ်းကောင်းတယ်..။  အဲဒီဘုရားရောက်တော့ ဘုရားဖူး ၊  တောင်ပေါ်တ
က်..။ မတက်ခင် ဆိုင်ထိုင်တော့  အခြားအစားအစာတွေနဲ့ လ္ဘက်သုပ် မှာလိုက်တယ်...။ကျွန်တော်တို့
စားဖူးတာက လ္ဘက်သုပ်ကို ရိုးရိုးပဲလေ..။အဲဒီရွှေသိမ်တော်ဘုရားလ္ဘက်သုပ်က တညင်းသီးပါပါတယ်
ဗျာ...။ စားလို့အရမ်းကောင်းတယ်...။ ကျွန်တော်တော့ စွဲကိုနေတာပဲ...။

Monday, April 25, 2011

လွမ်းနေသော ဆောင်းတွင်းပေါ်စားစရာများ


ကိုင်း.. ဒီတစ်ခါလည်း ကျွန်တော် ဒီမှာ ၀ယ်လို့မရတဲ့ ဆောင်းတွင်းပေါ် စားစရာလေးတွေကို
လွမ်းလွမ်းနဲ့ ရေးလိုက်ပြန်ပြီနော်...။

ဆောင်းတွင်းမှာပေါ်ပြီး ဆောင်းမနက်နဲ့ လိုက်ဖက်လှတဲ့ စားစရာလေးတွေကတော့ ပြောင်း
ဖူး၊ထန်းပင်မြစ်၊ ပဲမြစ်၊ စိမ်းစားဥ၊ ပိန်းဥ၊ ကန်ဇွန်းဥ၊ ကောက်ညှင်းပေါင်း၊ ခေါပုတ် စတဲ့ဟာေ
တွဖြစ်ပါတယ်...။

(၁)ပြောင်းဖူး
ပြောင်းဖူးကတော့ ဒီနိုင်ငံမှာ ရှိပါတယ်..။  ဈေးတော့ အရမ်းကြီးတယ်. ပြောင်းဖူး တစ်ဖူးကို
မြန်မာငွေ သုံးထောင်နီးပါးရှိတယ်..။ ကျွန်တော်တို့ ဒေသမှာတော့  ပေါသလားမမေးနဲ့ ပြော
င်းဖူးက ငရုတ်စိုက်ရင် တစ်ခါထဲ ခပ်ပါးပါး ထည့်ပြီး စိုက်ထားတယ်...။    နောက်ပြီး ကျွန်းထဲ
တွေက ပေါ်ပြီဆိုရင်တော့ ပြောင်းဖူးတွေ ခြောက်တောင်ကုန်တယ်လေ...။  ပြောင်းဖူးပင်က
တော်တော် အသုံးဝင်ပါတယ်..။အရိုးကို နွားကျွေးရတယ်..။အဖူးနု(အစေ့လေးတတွေ နုတုန်
း) ကြော်စားရပါတယ်...။ ရင့်လာရင်တော့ ပြုတ်လို့တစ်မျိုး၊   ဖုတ်လို့တစ်ဖုံ အမျိုးမျိုးလုပ်စား
ကြတယ်...။  ဆောင်းတွင်းရောက်တာနဲ့ အိမ်ရှေ့ကမန်ကျည်းပင် အကြီးကြီးအောက်မှာ မီးဖို
ကြီး ဖိုထားတယ်...။ အဲဒီမီးဖိုမှာက ရေနွေးဝိုင်းပါပြီးသား..။  ရာသီပေါ်သီးနှံတစ်နေ့တစ်မျိုးေ
ပါ့ ပြုတ်ပြုတ်ပြီး စားကြတယ်...။ ပြောင်းဖူး အဖုတ်ကို ပိုကြိုက်တယ်...။
 ပြောင်းဖူး

Sunday, April 24, 2011

ပဲတောင့်ရှည်ပင်နှင့်မြွေစိမ်းမြီးခြောက်


ကျွန်တော်တို့ ဒေသမှာတော့ ပဲအမျိုးမျိုး ပေါလှပါတယ်...။ ပဲဖြူပြား၊ ပဲနီပြား၊ ပဲကြား၊ပဲစာဥ၊ထွက်
တိုးပဲ၊ ပဲစင်းငုံ၊ ပဲလွန်း၊ပဲတီစိမ်း၊ ပဲကြီး၊ ရွှေရင်းမာပဲ၊ ပဲဇီးကွက်၊ပဲတောင့်ရှည် စတဲ့ဟာတွေ ပေါပါ
တယ်...။
ပဲတောင့်ရှည်ကို တကူးတက မစိုက်ပျိုးကြပါဘူး...။ ပဲစိမ်းငုံ၊ပြောင်း၊ နှံး၊၀ါ စတဲ့ဟာတွေ မျိုးစေ့ပ
က်တုန်း ပက်လိုက်ရုံပါပဲ..။ သူ့ဟာသူ အရွယ်ရောက်လာရင် ဖြာပြီး  နီးရာအပင်ကို နွယ်တက်ပါ
တယ်..။ ပဲတောင့်ရှည်ပင်က နွယ်ပင်မျိုးလေ...။

ပဲတောင့်ရှည်ပေါ်ချိန်ဆိုရင်တော့ တစ်ရွာလုံး ဒီပဲကြည့်ပါပဲ...။ ရောင်းစားရတယ်ဆိုတာ မရှိပါဘူး
...။ ပေါ်တဲ့အိမ်က အိမ်နီးနားချင်းတွေးကို ဝေတယ်..၊ ဆွေမျိုးတွေကို ပေးတယ်လေ...။

ပဲတောင့်ရှည်သီးကိုတော့ အမျိုးမျိုးလုပ်စားကြပါတယ်...။ ပဲတောင့်ရှည်သီးကို လိုချင်သလောက်
အရွယ်အစားလေးတွေ ချိုးပါတယ်...။ ပြီးမှ ချက်စားတာ..။    ပဲတောင့်ချိုချက်၊ ပဲတောင့်သုပ်၊ ပဲေ
တာင့်ဟင်းချို၊ ပဲတောင့်ငါးပိချက်... စုံနေတာပဲ...။

လွမ်းနေသော ကျေးလက်မြေက ဟင်းလျာများ(၁)


ဒီကို ရောက်ပါပြီဆိုကတည်းက အညာအစားအစာတွေ ငတ်နေတာပေါ့...။ ဒီနိုင်ငံက အသီးအနှံ
အရမ်းရှားပါးတယ်လေ...။ အသား ကိုပဲ စားနေရတော့ အမေ ချက်ကျွေးတဲ့ တောဟင်းလေးတွေ
ကိုလွမ်းတာပေါ့ဗျာ...။

(၁)ကြက်ဟင်းခါးသီးချက်
ကြက်ဟင်းခါးသီးကို ဘယ်လိုပဲချက်ချက်ကြိုက်ပါတယ်...။ ကြက်ဟင်းခါးသီးကို ငါးပိ၊   ငရုတ်သီးနဲ့
အစပ်ကြော်ကိုတော့ ပိုပြီးကြိုက်တယ်ဗျ...။ ကြက်ဟင်းခါးစေ့ကိုလည်း ၀ါးစားရင် စိမ့်စိမ့်လေးမို့ကြို
က်တယ်...။ ကြက်ဟင်းခါးသီးငါးပိချက်က ဘယ်လိုချက်ရလဲဆိုတော့...   ကြက်ဟင်းခါးသီးကို အ၀ို
င်းလေးတွေလှီး ပြီးရင် ဆားနဲ့သုံးထပ်လောက်နယ်လိုက်ရင် အခါးဓါတ်ထွက်သွားပြီး မချိုမခါးလေး
ကျန်ခဲ့ပါတယ်...။ အဲဒီနယ်ပြီးသားလေးကို ငါးပိရယ်၊ ငါးရုတ်သီးမှုန့်ရယ်၊   ကြက်သွန်ဖြူရယ်၊ဆီ၊ဆ
ား၊ဆနွင်း၊ ရောင်တင်၊ အချိုမှုန့် တစ်ခါတည်းနယ်ပြီး မီးဖိုပေါ်တင်လိုက်ပါ..ပြီးရင်ရေထည့်လိုက်ပေါ့
...။ အဖတ်ကလေးတွေ အိသွားပြီဆိုရင် ကြက်ပြီ... ကျွန်တော်တော့ အရမ်းကြိုက်တယ်...။
 ကြက်ဟင်းခါးသီးချက်

Saturday, April 23, 2011

နွေ၊ မိုး၊ ဆောင်း သရုပ်

(from google)

 နွေသရုပ်
ပန်းတွေကသွေ  စမ်းရေကထေ
လေတွေကကျ  ဖုံတွေကထ
မြူခိုးကဝေ ဥသြဆွေက
ဝန်းကျင်တဟို  တွဲလဲခိုပြီး
တွန်ကျူးသံဝေ  ထိုငှက်ဆွေက
နွေရဲ့သရုပ် ပေါ်အောင်လုပ်လို့
ဤရာသီကို  ဖွဲ့နွဲ့တွင်ခေါ်
နွေရာသီဦးဂိမာန်ထူး...။

ကြက်သားဗူးသီး၊ ပဲပြားကြော်၊ ငါးခြောက်ကြော်၊ ၀က်သားအိုးကပ်ချက်

ကျွန်တော်တို့ကျောင်းက ဘုရားခန်းပါ

အခု ကျွန်တော့်တို့ဆီမှာ ဗူးသီးတွေ ဈေးချိုနေပြီလေ.. တစ်ကီလိုပါ ရူဘယ် 85 ကျပ်လောက်ပဲရှိ
တယ်...။ အဲတော့ ဗူးသီးကို အမျိုးမျိုးလုပ်စားတယ်...။ ဗူးသီးဟင်းချို၊ ဗူးသီး အချိုချက်၊ ဗူးသီးနဲ့ကြ
က်သားချက် စတဲ့ဟာတွေ ချက်စားပါတယ်...။

ဗူးသီးကြက်သားချက် ကတော့ အရမ်းစားလို့ ကောင်းတယ်....။ ဗူးသီးလေးကချို၊ ကြက်သားက ချို
ဆိုတော့ အရမ်းကြိုက်တယ်...။

ကျောင်းက သွားရင် အချိန်ကုန်တယ်ဆိုတော့ နောက်ရက်စာ ကို ကြိုပြီးချက်ထားးလိုက်တယ်.. အဲ
ဒါကတော့ ၀က်သားအိုးကပ်ချက်ပေါ့...။   ၀က်သားကို ရေဆေးပြီး တုံးထားလိုက်တယ်..။  ပြီးတော့
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊  ဂျင်း  ကိုကြိတ် လိုက်တယ်...။ ၀က်သား တုံးပြီးသားနဲ့ အဲဒီ ဟာတွေကို
ထည့်၊ အရောင်တင်မှုန့်၊ ဆနွင်းမှုန့်၊ ဆား၊ အချိုမှုန့် နဲ့ ဆီထည့်ပြီး နယ်လိုက်တယ်...။   ပြီးရင်တော့
မီးဖိုပေါ်တယ်လိုက်တယ်...။ အဲဒီဟာတွေကို မွှေပြီးရင် ရေနည်းနည်းထည့်လိုက်ပါတယ်...။တစ်ရေ
လောက် ခန်းသွားပြီဆိုရင်တော့ ကရဝေးရွက်လေးထည့်လိုက်ပါတယ်.။သုံးရေလောက်ခန်းအောင်
ချက်လိုက်ရင်တော့ ၀က်သားက ဆီပြန်လာပြီး အသားလေးက နူးအိသွားပါတော့တယ်..အဲဒါဆိုရင်
တော့ ဆွဲလို့ရပြီလေ...။
ဝက်သားချက်

ဗီယက်နမ်ဈေးကနေ ပဲပြားလေး မှာလိုက်တယ်...။ ပဲပြားကို ပဲပင်ပေါက်နဲ့ ကြော်စားတဲ့ အခါလည်း
ရှိတယ်။ ဒီတိုင်း ကြော်စားတာလည်း ရှိတယ်...။ ဒီတစ်ခါတော့ ဒီတိုင်းပဲ ကြော်လိုက်တယ်ဗျ...။  တို့
ဝူးကြော်လေးလိုပါပဲ စားလို့ကောင်းတယ်...။
 ပဲပြားကြော်

ငါးခြောက်ကတော့ ဗီယက်နမ် ငါးခြောက်ဆိုပြီး ရှိပါတယ်..။ အပြားကြီးတွေတို့၊ အသေးလေးတွေတို့
.. ဒီနိုင်ငံမှာလည်း ရှိပါတယ်...။ ဒါပေမယ့် ငါးတွေက  ကျွန်တော်တို့ နိုင်ငံလို မကောင်းဘူး ၊ ချိုလည်း
မချိုဘူး.. အဲဒါကြောင့် သိပ်ချက်မစားဖြစ်ပါဘူး...။     ငါးခြောက် အသေးအမွှားလေးတွေကိုပဲ ကြော်
ကြော် စားပါတယ်...။
 ငါးသေးလေးကြော်

ငရုတ်သီးကတော့ ဒီတိုင်းလေး ထောင်းစားလိုက်တယ်...။ ကြက်သွန်နီလေးနဲ့ ကြက်သွန်ဖြူလေးနဲ့ စီးနေ
အောင် ထောင်းလိုက်တယ်...။

ငါးရုတ်သီးထောင်း

ကိုင်း... အားလုံး သုံးဆောင် သွားကြပါအုံး...:)

ရာဇာ(ကျေးလက်သားလေး)

သူခိုးဖမ်းတဲ့ည (မသန်းတို့ရွာ)


အခုတလော ကျွန်တော် ပို့စ်တင်တာ ရက်ခြားဖြစ်နေပါတယ်...။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်
ကိုရီးယားကား ကြည့်နေလို့ပါ...။   အခု ပြီးသွားပြီဆိုတော့ အရင်လို တစ်ရက် တစ်ပုဒ် တင်နိုင်တော့
မှာပါ...။(ကျောင်းက အားရင်ပေါ့....)

ကျေးလက်ဒေသရဲ့ လမိုက်ညပေါ့...။ ခေတ်ကလည်း မကောင်းချိန်ဆိုတော့ သူခိုး က ပေါလွန်းလှပါ
တယ်...။ ညတိုင်း သူခိုးခိုးမှာ စိုးတဲ့အတွက် ဂရုတစိုက် အိပ်ရတာကတော့ ရွာသူ၊ ရွာသားတွေပေါ့...။
အိမ်ဝိုင်းစည်းရိုးတွေကို ဆူးတွေနဲ့ ပိတ်နေအောင်ကာ၊ နွားတဲကို ၀ါးလုံးတွေ အထပ်ထပ် ကန့်လန့်ထ
ားတာတောင်မှ သူခိုးက လွတ်အောင် ခိုးတာလည်းရှိရဲ့...။   ခက်တော့ ခက်သား သူခိုးဆိုတဲ့ အမျိုးက
လည်း ခေါင်းမှာ ဂျို ပေါက်မနေသလို၊ နောက်ကျောမှာ အမြီးမပါ ပြန်တော့ မကွဲပြား....။

Thursday, April 21, 2011

နှမလေးသို့ပေးစာ(-)


သို့...
ငါ့နှမ- မောင်မောင် စာရေးလိုက်တယ်ကွာ...။ ငါ့နှမ နေကောင်းမယ်လို့ မျှော်လင့်လျှက်ပါ...။
ငါ့နှမရေ ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီလေ...။ဘယ်ကို ရောက်နေ၊ရောက်နေ ဆက်သွယ်လို့
ရနေပြီ...။ အဲဒီလို တိုးတက်မှုတွေ နဲ့ အတူ ၊ ပျက်စီးမှုတွေကလည်း များလာပြီ...။   အဲဒီ ပျက်
စီးမှုတွေထဲမှာ နှမလေးကို မပါစေချင်ဘူး...။

မိန်းကလေးဆိုတာ သိမ်မွေ့ရမယ်၊ ယဉ်ကျေးရမယ်လေ...။အခုခေတ် မိန်းကလေးတွေက လှ
ချင်လို့ ပျက်စီးကုန်ကြပြီ...။ အဖော်၊ အလှော်၊ အချွတ်တွေ များလာပြီ...။   တစ်ခါတစ်လေဆို
ကြည့်တောင် မကြည့်ရဲဘူးလေ...။ အမှတ်မထင်လို့ မြင်မိတယ်ဆိုရင်တောင် မျက်နှာကို လွှဲ
ပစ်လိုက်ရတယ်လေ...။ စကားပုံတစ်ခုလိုပေါ့ “ယိုသူမရှက် မြင်သူရှက်” ဆိုတာလေ...။

အင်္ကျီဆိုလည်း လည်ကဟိုက်၊ စကပ်ဆိုလည်း အခွဲတွေကရိုးလို့၊ ပေါင် ကပ်တိုလေးတွေလေ
ဝတ်ကြတာ၊ ဆံပင်ဆိုလည်း နီလို့နီ၊ စိမ်းလို့စိမ်း၊ ၀ါလို့ဝါ ရောင်စုံပါပဲ...။ ဘယ်လိုတွေ ဖြစ်ကုန်
သလဲဆိုတာ မပြောတတ်တော့ပါဘူး...။ လှချင်တာ အဲဒါတွေ မလိုပါဘူး...။  အရင်တုန်းကလူ
တွေကတော့ ဆံပင်ကို နက်မှောင်သန်စွမ်းပြီး ရှည်လျားချင်လို့ အမျိုးမျိုးလုပ်ကြတယ်..။စကား
ပုံလေး ရှိတယ်လေ...“ ယောက်ျားလက်ရုံး၊မိန်းမဆံထုံး”တဲ့...။ အခုတော့ မဟုတ်တော့ဘူး နှ
မလေးရေ...ဘာတွေ မှန်းကို မသိတော့ဘူး။

သူတို့တွေ ၀တ်ဆင်တာဟာ သူတို့ရဲ့ အန္တရာယ်ကို ကိုယ်တိုင်ဖိတ်ခေါ်နေတာပဲ နှမလေးရဲ့...။
မိန်းကလေး ဆိုတာ အိနြေ္ဒ၊ သိက္ခာ ရှိရတယ်...။     အခုကတော့ ပြောင်းပြန်ပါ နှမလေးရာ...။
နှမလေးလည်း အခုနောက်ပိုင်း ဇာတ်ကားတွေ ကြည့်ဖူး၊ မြင်ဖူးမှာပါ...။ မိန်းကလေးတွေက စ
ပြီး ချစ်ကြောင်း၊ ကြိုက်ကြောင်း ပြောကုန်ပြီလေ....။ မင်းသား၊ မင်းသမီးတွေက လုပ်ပြရင်ေ
နာက်ကလည်း လိုက်လုပ်ကုန်ကြရောလေ...။ မောင်မောင် တော့ ထင်ပါတယ်...အနုပညာသ
မားတွေက ယဉ်ကျေးမှုပျက်စေတဲ့ အရာတွေကို ရိုက်မပြသင့်၊ ရေးမပြသင့်၊ ဆိုမပြသင့်ဘူးထင်
တာပါပဲ...။ အဲဒီ မှားယွင်းတဲ့ အပြုအမူတွေကို နှမလေး လိုက်ပြီး အတုမခိုးရဘူးနော်...။   နွမေ
လးရေ လိမ္မာ ယဉ်ကျေးပြီး ၊ အမျိုးကောင်းသမီး ဖြစ်ချင်တယ်ဆိုရင်တော့ စာကောင်း၊ ပေကေ
ာင်းတွေကို များများ ဖတ်ဖို့ မမေ့နဲ့နော်...။ ကိုရီးယား ဇာတ်ကားတွေကပဲ ထိုးဖောက်ပြီး အမြင်
မှားတွေ ပေးနေတာလား၊ အနောက်တိုင်း ယဉ်ကျေးမှုတွေလား ဆိုတာတော့ သေချာ စဉ်းစား
တုန်းပါပဲ...။ ကိုရီးယားလူမျိုးတွေက အသားဖြူတယ်၊ လှတယ် အဲဒီ အတွက် သူတို့တွေက ကြ
ည့်ရကောင်းတယ်...။ ကိုယ့်လူမျိုးတွေက အသားကမဖြူ၊ ဗိုက်ကပူ၊ ချေသလုံး၊ ပေါင်လုံးကတု
တ် နဲ့ ၀တ်ဆင်ထားတာများ ကြည့်ရဆိုးလိုက်ပါဘိ...။

Tuesday, April 19, 2011

နွံထဲက ကြာတစ်ပွင့်


နယ်မြို့လေးတစ်မြို့ရဲ့ နေရာတစ်ခုမှာ ဦးအောင်ခင် နဲ့ ဒေါ်မြသိန်းတို့ မိသားစု နေထိုင်ကြပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးဆိုတော့ ကြည်နူးစရာ မြင်ကွင်းများနဲ့ မြစ်ပေါ်က တိုက်ခက်လာတဲ့လေနုေ
အးလေတွေရယ်၊ ငွေလှိုင်းရောင် ထနေတဲ့ လှိုင်းဂယက်လေးတွေဟာ ဦးအောင်ခင်တို့ မိသားစု သ
ဘောကျတဲ့ နေရာလေး တစ်ခုဖြစ်တာကြောင့် ဘယ်ကိုမှ ပြောင်းဖို့ စိတ်ကူးမရှိကြပေ...။

ဦးအောင်ခင်တို့ မိသားစုက (၇)ယောက်တောင် ရှိတယ်...။    သား၊ သမီးတွေက အောင်စိုး၊ အောင်
မျိုး၊ ဖြူနု၊ ဖြူဥ နဲ့ အငယ်ဆုံးကောင်လေး ဖြိုးအောင်.....။ အဲဒီ အထဲကမှ သားအကြီးကောင် အောင်
စိုးကိုတော့ ဒေါ်မြသိန်းရဲ့ မိဘတွေက မြေးဦးမို့ အချစ်ဆုံး...။ ဘာပဲလုပ်လုပ်၊ ဘာပဲဖြစ်ဖြစ် အလိုလို
က် အကြိုက်ဆောင် ထားလေတော့ အောင်စိုးက အဲဒီအိမ်မှာ အဆိုးဆုံးပေါ့...။မြေးငယ်လေးတွေကို
တော့ ဒေါ်ခင်မြတို့က မျက်နှာသာမပေး...မြေးချင်းအတူတူ အငယ်တွေက  မျက်နှာသာမရကြသူေ
တွလေ...။  အငယ်ဆုံးလေး ဖြိုးအောင်ကိုတော့ ပိုလို့တောင် မျက်နှာသာ မပေးကြ...။

အောင်စိုးကို အဘိုး၊ အဘွားတွေက အလို လိုက်ထားတော့ ဆိုးတဲ့နေရာမှာ နှစ်ယောက်မရှိတဲ့သူ၊ေ
ကျာင်းထားပြန်တော့လည်း အကြောင်းအမျိုးမျိုးပြကာ မူလတန်းပြီးသည်နှင့်  ကျောင်းထွက်ခဲ့ပြန်သ
ည်။ မိဘတွေကတော့ အောင်စိုးကို အမျိုးမျိုးပြောဆိုဆုံးမပြီး၊ ရိုက်မယ်လုပ်တော့ အဘွားဖြစ်သူ ဒေါ်
ခင်မြက ကာစီးကာစီး လုပ်ပြီး ကာကွယ်ပေးတတ်လေတော့ အောင်စိုးတစ်ယောက် မနိုင်တော့....။

အောင်မျိုး ကတော့ ကျောင်းစာကို စိတ်ဝင်စားသူ ၊ ကျောင်းမတက်ရတဲ့ နေ့ဆိုရင်တောင် ငိုနေတဲ့
သူလေ...။ အောင်စိုးနဲ့က နံ့သာဆီနဲ့ အီးလို ကွာခြားတဲ့သူ...။ ဖြူနုနဲ့ ဖြူဥတို့ကတော့ မိန်းကလေးေ
တွမို့ လိမ်မာရေးခြား ရှိပြီးသား...။ အငယ်ဆုံးလေး ဖြိုးအောင်ကတော့ အခုမှ ကျောင်းနေစ အရွယ်..
..။မိဘတွေကတော့ အောင်စိုးကို ဆိုးလို့ချစ်သလို ၊အငယ်တွေကိုတော့ အငယ်တွေမို့ တစ်မျိုး တစ်
ဖုံ ချစ်ကြပြန်သည်။

Monday, April 18, 2011

ဝက်သားတုတ်ထိုး၊ ဗူးသီးမှို ချက်၊ ငရုတ်သီးပဲပုတ်ထောင်း၊လ္ဘက်သုပ်



ဒီနေ့ ကျောင်းကလည်း နားတော့   ပျင်းပျင်းရှိတာနဲ့ စားချင်တာလေးတွေ လုပ်စားလိုက်တယ်...။ အာရှန်ကနေ       ၀က်နှုတ်သီးတစ်ခြမ်း၊ ၀က်မြီးလေး ၀ယ်လိုက်တယ်...။ ပြီးတော့ တုတ်ထိုး လုပ်လိုက်တယ်.။ လုပ်တာကလည်း မခက်ပါဘူး...။



ဝက်သားကို ရေစိမ် ပြီးရင်       ဆားနဲ့ သေချာဆေး ၊ပြီးရင်တော့ ကြက်သွန်ဖြူရယ်၊ဂျင်းရယ်ကို ကြိတ်ဆုံ နဲ့ကြိတ်ပါတယ်...။    ငရုတ်ဆုံမရှိလို့...:)  ကြိတ်ပြီးပြီ
                                                  ဆိုရင်တော့ဝက်သားရေဆေးပြီးသားနဲ့နယ်လိုက်ပါတယ်.. နှံ့အောင်ပေါ့...။  ရောင်တင်မှုန့်လေး နည်းနည်း၊ ဆီလေးနည်းနည်း လည်းထည့်လိုက်ပါသေးတယ်...။ ပြီးတော့မဆလာလေးလည်း ထည့်လိုက်ပါသေးတယ်။ ပြီးရင်တော့ မီးဖိုပေါ် တင်လိုက်တော့...။ အားလုံးနူးအိပြီဆိုရင်တော့ ရပြီဗျာ...။

ဟင်းရည်နဲ့ဟင်းဖတ်အိုး
အနီးကပ်လေး ရိုက်လိုက်တယ်

ပန်းကန်ထဲက ၀က်သားပြုတ်လေးများ
အရည်နဲ့အဖတ်လေး မပြင်ရသေးတာနော်

အချဉ်အတွက်တော့       မန်ကျည်းသီးလေးကို ရေစိမ်ထားပြီး၊ ပူစီနံလေးရယ်၊ နံနံပင်လေးရယ်၊ ကြက်သွန်ဖြူလေးရယ် ရောပြီး အချဉ်လုပ်လိုက်
တယ်...။ ငရုတ်သီးစိမ်းကုန်နေလို့ ငရုတ်သီးတော့ မထည့် လိုက်တော့ဘူး..။
အချဉ်ရည် မီးဖွင့်ပြီးရိုက်ထားတာ
အချဉ်ရည် မီးပိတ်ပြီးရိုက်ထားတာ

ကျွန်တော်ကတော့       မီးဖိုပေါ်ကတည်းက  မြည်းရလို့ ၀သွားတယ်...။:) ကျောင်းကပြန်လာတဲ့ သူငယ်ချင်းတွေ
ကတော့ စားလိုက်ကြတာ ခေါင်းတောင် မဖော်ကြဘူး..။

ဟင်းအတွက်ကတော့ဗူးသီးနဲ့မှိုလေးကိုဆီလည်ရေလည်လေး ချက်လိုက်တယ်...။ ပြီးတော့ ငရုတ်သီးလှော်
ပြီးသားလေးကို ပဲပုတ်လေးနဲ့ ထောင်းလိုက်တယ်...။ ကြက်သွန်ဖြူလေးလည်းပါသေးတာ.. ပြီးတော့ ဆီလေး
မြုတ်အောင် ဆမ်းလိုက်တယ်...။

ဗူးသီးနဲ့မှို ဆီလည်၊ရေလည်လေး
ငရုတ်သီးနဲ့ ပဲပုတ်နဲ့ ထောင်းထားတာ












ထမင်းစားပြီးတော့ စားရအောင်လို့ ကျန်နေတဲ့ လ္ဘက်တစ်ထုပ်ကို ဂေါ်ဖီနဲ့ ပွားလိုက်တယ်...။ လ္ဘက်သုပ်ဆို
တာထက် ဂေါ်ဖီသုပ်ဆိုရင် ပိုမှန်ပါလိမ့်မယ်...။ ဒါပေမယ့် စားလို့တော့ ကောင်းချက်....။:)


လ္ဘက်လေးလည်း သုပ်လိုက်သေးတယ်(ဂေါ်ဖီသုပ်ပေါ့..):)

ကိုင်း.... ကျွန်တော်ရဲ့ လက်ရာစစ်စစ် လေးတွေကို အားပေးသွားအုံးနော်...။:P
ရာဇာ(ကျေးလက်သားလေး)
18.4.2011

Sunday, April 17, 2011

မင်သော်ပင်


အပင်တွေအကြောင်း မရေးဖြစ်တာ ကြာပြီဆိုတော့ ဒီတစ်ခါ အလေ့ကျ
ပေါက်ရောက်တဲ့ မင်သော်ပင် အေ
ကြာင်း ရေးမယ်ဗျာ...။ မင်သော်ပင်
ကနှစ်မျိုးရှိပါတယ်။       အရွက်နီနဲ့ အရွက်စိမ်းဆိုပြီးလေ.။



မင်သော်ပင်က        ကျွန်တော်တို့ အညာဒေသမှာတော့အလွန်ပေါပါတယ်...။ မင်သော်ပင်က မြေမှာ ကပ်ပေါက်တာလေ........။ မင်ေ
သ်ာပင်က ဆေးသုံးဝင်တယ်ဗျ...။

ကလေးမွေးပြီးခါစ မိခင်များ မင်သော်ရွက်ကို သုပ်စားပါက နို့ထွက်ကောင်းပါတယ်..။  ၀မ်းဗိုက်တွင်း
အပူ အားကြီးရင်လည်း အရွက်ကို သုပ်စားရပါတယ်...။ ကလေးများ သလိပ်ကျပ်သောရောဂါဖြစ်လျှ
င် ပဉ္စငါးပါးပြုတ်ရည်ကို တိုက်ရပါတယ်...။ နောက်တစ်ခါ လူကြီးတွေ ပန်းနာ၊  လေပြွန်ချောင်းယော
င်တင်းတဲ့ ရောဂါတွေ ဖြစ်ရင်လည်း ပဉ္စငါးပါး ပြုတ်ရည်ကို တိုက်ရပါတယ်...။  အဲဒါတွေကတော့ လ
က်တွေ့ အသုံးပြုကြပါတယ်...။


နောက်  ကျွန်တော်     လူကြီးတွေ ပြောသံကြားဖူးတာကတော့  ပန်းသေ၊ ပန်းညှိုး ဖြစ်တဲ့   သူကို နွားနို့    ၁၅ ကျပ်သားကို ၊ ၅ ကျပ်သားလောက် ကျန်အောင်ကျိုရပါတယ်...။
မင်သော်ရွက်ကို ရေဆေးပြီးစား၊ ပြီးလျှ
င် ခဏက    ကျိုထားတဲ့    နွားနို့ကို သောက်ရတယ်တဲ့ဗျာ...။ အဲဒါသောက်ရင် တကယ်ပျောက်တယ်
တဲ့ဗျာ...။
ကျွန်တော်မသိတဲ့ အသုံးဝင် ဆေးနည်းတွေ ရှိအုံးမှာပါ...။   ဒါကတော့ ကျွန်တော်သိသလောက်လေး
ရေးလိုက်တာပါ...။

ရာဇာ(ကျေးလက်သားလေး)
18.4.2011

နှစ်ဦးမင်္ဂလာ ဆုခြွေလွှာ


အားလုံး အားလုံး အားလုံး မင်္ဂလာပါလို့ ကျေးလက်သားလေးက နှုတ်ခွန်းဆက်သပါတယ်....။

ဒီနေ့ဟာဆိုရင်ဖြင့် မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ဦးတန်ခူးလဆန်း(၁၄)ရက်၊ နှစ်ဆန်း တစ်ရက်နေ့ဖြစ်
ပါတယ်ခင်ဗျာ...။ မြန်မာ နှစ်ဆန်း တစ်ရက်နေ့ ရောက်တာနဲ့ အညီ နှစ်ဆန်းမှ စ၍ ကောင်းမှုကုသိုလ်
များ ပြုလုပ်နိုင်ပြီး  ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ် နိုင်သူများဖြစ်ကြပါစေ....။    တရားထူး၊
တရားမြတ်တွေ ရကြပါစေ....။

ရတနာမြတ်သုံးပါး-
ဘုရားရတနာ=သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်ဟောကြားနိုင်သော၊ သတ္တ၀ါ အန္တတို့၏
                       အားကိုးရာလည်းဖြစ်တော်မူသော။
တရားရတနာ= သတ္တ၀ါတို့၏ အားကိုးရာဖြစ်သော မဂ် လေးပါး၊ ဖိုလ် လေးပါး၊ နိဗ္ဗာန်။

သံဃာရတနာ=သတ္တ၀ါတို့၏ အားကိုးရာဖြစ်သော မဂ္ဂဌာန် လေးယောက်၊ ဖလဌာန်လေးယောက်ေ
                        ပါင်း ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်နှင့် သံမုတိ သံဃာ ထေရ်မဟာ။

အားလုံး ရတနာ မြတ်သုံးပါးကို ထဲထဲဝင်ဝင် သက်ဝင်ယုံကြည်ပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်၊ သူတော်
ကောင်းများ ဖြစ်ကြပါစေလို့ ကျေးလက်သားလေးက ဆုတောင်းပေးပါတယ်ဗျာ...။
............................................................................................................................

Saturday, April 16, 2011

ဝါကောက်ချိန်


အညာမြေဒေသမှာ တောင်သူ၊ လယ်သမားက များတာလေ...။တောင်သူ တွေဆိုတော့လည်း သီးနှံ
မျိုးစုံ စိုက်ပျိုးရတာပေါ့...။ သီးနှံစိုက်တဲ့နေရာမှာ ယာကွက်ထဲကို ဒီတိုင်း ပက်ကျဲပြီး စိုက်ပျိုးရတဲ့ သီး
နှံရှိသလို ၊ စနစ်တကျနဲ့ ငန်းလိုက် စိုက်ပျိုးရတာလည်း ရှိပါတယ်။ ငန်းဆိုတာ မျဉ်းဖြောင့်တိုင်း စိုက်
ပျိုးရတာကို ပြောတာပါ...။

ရိုးရိုးဝါကိုတော့ ဒီတိုင်းပဲ ပက်ကျဲ ပြီး စိုက်ပျိုးကြတာပါ...။ နိုင်လွန်ဝါကိုတော့ ငန်းနဲ့ စိုက်ပျိုးရပါတယ်
...။ အဲဒီ နိုင်လွန်ဝါပင်ကိုတော့ ပထုံးမနီ(ထုံးပနီ) တွေ များသောအားဖြင့် နေကြပါတယ်...။  ထံုးပနီေ
ကာင်ဆိုတာက အုံဖွဲ့ပြီးနေတာပါ...။ ပြောရရင် ပျားအုံး မွှားစိ(သေးသေး)လေးပေါ့..။ အကောင်က န
ဂျီကောင်နဲ့ တူပါတယ်...။

တစ်ငန်းခြင်းဝင်ပြီး ၀ါပင်များကို ပြုစုနေပုံ

တစ်ရက်တော့ ၀ါကောက်သမအုပ်စု ငန်းလိုက် ၀ါကောက်ကြတာပေါ့..။ တစ်ယောက်က ဒီငန်းဆိုရင်
နောက်တစ်ယောက်က နောက်တစ်ငန်းပေါ့...။ အဲလိုမျိုး ၀ါကောက်ကြတာလေ...။ ၀ါကောက်လို့ သုံး
ငန်းဆီလောက် အရောက်မှာတော့ ၀ါကောက်တဲ့ အမျိုးသမီးတစ်ယောက် ထုံးပနီ   တုတ်ပါလေရော...
ထုံးပနီတုတ်လိုက်ရင် မီးစနဲ့ ထိုးလိုက်သလိုပါပဲ...။ ပူပြီးတော့ နာတယ်.. ပြီးရင် ယောင်တာလေ...။ထုံး
ပနီကိုက်ရင် မသေပေမယ့် နာလို့ ကြောက်ကြတယ်..။ အဲဒီအမျိုးသမီးလည်း နာလို့လေ ထွန့်ထွန့်ကို
လူးနေတာပဲ..။ ခဏနေတော့ ၀ါကောက်သမတွေ ဆက်ကောက်ကြပြန်တယ်...။ နောက်တစ်ငန်းကူး
တော့ အစဉ်လိုက် ပြန်ဝင်ရတာလေ....။ အဲတော့ ခဏက ထုံးပနီ အတုတ်ခံ့ရတဲ့ အမျိုးသမီးလည်းသူ့
ငန်းကို သူ ၀င်လိုက်တယ်...။ တော်တော်လေး နေတော့ ထုံးပနီ တုန်ပြန်ရော...။ သူလည်း နှစ်ခါတေ
ာင် အတုတ်ခံရတာဆိုတော့ လန့်သွားတာပေါ့...။ သူ ၀ါဆက်ကောက်ရမှာ ကြောက်နေတယ်လေ...။

အဲလိုသိတော့ အမျိုးသမီးတစ်ယောက်က သူ့ငန်းနဲ့ လဲပေးလိုက်တယ်...။ ထုံးပနီ အတုတ်ခံရတဲ့ ငန်း
ကို အခြား အမျိုးသမီးတစ်ယောက်က ၀င်လိုက်တယ်...။ အဲဒီ အမျိုးသမီးနေရာမှာတော့ ထုံးပနီအကို
က်ခံရတဲ့ အမျိုးသမီးက၀င်လိုက်တယ်...။  ခဏလည်း နေရော ထုံးပနီ အကိုက်ခံရတဲ့   အမျိုးသမီးကို
ထုံးပနီ ထပ်ပြီး အကိုက်ခံရတယ်...။   အဲဒီ အမျိုးသမီး   ထုံးပနီ သုံးခါတောင် အကိုက်ခံရတာဆိုတော့
မျက်နှာကြီးကို ယောင်ကိုင်းလို့..။သူနဲ့ လဲလိုက်တဲ့ အမျိုးသမီးကတော့ ဘာမှမဖြစ်ပါဘူး ထုံးပနီလည်း
အကိုက် မခံရပါဘူး...။ အားလုံးကတော့ အကိုက်ခံရတဲ့ အမျိုးသမီးကို ၀ိုင်းပြီး ပြောကြတာပေါ့ ...
တော်တော် ကံဆိုးတယ်လို့လေ...။

ပုံပြင်လေးကတော့ အဲဒါပါပဲ...။   အဲဒီ အကြောင်းအရာ   အတိုင်းဆိုရင် ကိုယ်က အကုသိုလ်ကံ တွေများ
နေတဲ့ အခါမျိုးမှာ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လွှဲလို့မရဘူးဆိုတာပါပဲ...။ အဲတော့ ကျွန်တော်ရော၊ မိတ်ဆွေ
တို့တွေရော အကုသိုလ်ကံ နည်းအောင် အခုချိန်ကစပြီး ကုသိုလ်တရား များအောင် ပြုလုပ်ကြပါစို့...။

မှတ်ချက်= ထုံးပနီ မို့ တော်တော့ တာပေါ့... တကယ်လို့ မြွေဆိုရင် အဲဒီ အမျိုးသမီး သေတာကြာပြီေ
လေ...။ အရင်ဘ၀၊ အခုဘ၀ မှာ ပြုလုပ်ခဲ့တဲ့ အကုသိုလ်ကံအတိုင်း အားလုံး ခံကြရတယ်ဆိုတာ မမေ့
ကြဖို့ပါပဲ...။

ရာဇာ(ကျေးလက်သားလေး)
16.4.2011

Friday, April 15, 2011

တကယ့်အလှစစ်


သူငယ်ချင်း...
မင်းရဲ့ဘ၀ လှပစေဖို့
ဖန်တီးဖို့မလို မာမီမလိုဘူး
ဗေဒင်မလို နတ်မလိုဘူး
ရုပ်ကိုမပြင် စိတ်ကိုပြင်လော့
ရုပ်ကိုမမက် စိတ်ကိုမက်လော့.....။

သူငယ်ချင်း...
မင်းရဲ့သမိုင်း မရိုင်းစေဖို့
ဟုတ်တာကိုတည် ရှုပ်တာကိုပယ်
ဘုရားကိုဖက် အသက်ရှည်တတ်
တရားကိုဖက် အမျက်ပြေတတ်
သံဃာကိုဖက် အခက်ဝေတတ်.....။

သူငယ်ချင်း...
လူတိုင်းအတွက် အလှစစ်ကား
ရုပ်မဟုတ်တည့် စိတ်သာဖြစ်၏
ရုပ်ကိုမပြင် စိတ်ကိုပြင်လော့
ရုပ်ကိုမမက် စိတ်ကိုမက်လော့.....။

                                           ရာဇာ(ကျေးလက်သားလေး)
                                                      15.4.2011

Thursday, April 14, 2011

သူငယ်ချင်း


ရာသီတွေပြောင်း နှစ်တွေဟောင်းလဲ
မပြောင်းအစဉ် သံယောဇဉ်နှင့်
ခင်မင်ခဲ့ရ ဒီဘ၀မှာ
အဆုံးဘယ်မှာ ရှိအံ့နည်း...။

မကောင်းအတူ ကောင်းအတူနဲ့
ဖြတ်သန်းခဲ့တဲ့ လမ်းတစ်ကွေ့ဝယ်
ဆူးခင်းလမ်းလည်း ရှိခဲ့ပြီ
ပန်းမွေ့ယာလည်း ရှိခဲ့ပြီ...။

ဘ၀တစ်ကွေ့ ကြုံဆုံတွေ့တဲ့
လောကဓံလှိုင်း မုန်တိုင်းရိုင်းလည်း
နှစ်ယောက်အတူ လက်ကိုကူလို့
ရဲရဲရင့်ရင့် ဖြတ်ခဲ့ပြီ...။

ရေမှာအနေကြာ ဗေဒါလေးဘဝ
ပန်းလေးတွေလည်း ပွင့်ဖူးခဲ့ပြီ
မုန်တိုင်းလာလည်း လွင့်ဖူးခဲ့ပြီ
သူ့ဘ၀၊ သူ့အလှ ၊သူ့မာန် အပြည့်နဲ့
ကြံ့ကြံ့ခံရင်း မျောလေပြီ...။

ကမ္ဘာမြေက ငါတို့ဘဝ
လေပြေနုလည်း ကြုံဖူးခဲ့ပြီ
မုန်တိုင်းကြမ်းလည်း ကြုံဖူးခဲ့ပြီ
တို့ဘ၀၊ တို့အလှ၊ တို့မာန် အပြည့်နဲ့
ကြံ့ကြံ့ခံရင်း ဖြတ်ခဲ့ပြီ...။

လေပြေညှင်းညှင်း မုန်တိုင်းသွင်းလည်း
နောက်ကိုမဆင်း ရှေ့ကိုတိုးရင်း
ရဲရဲချီတက် လက်ကိုဆုပ်လျက်
အားမာန်အပြည့်နှင့် ချီလေပြီ...။

ရာဇာ(ကျေးလက်သားလေး)
15.4.2011

သင်္ကြန်အခါ စတုဒီသာများ


အတာအိုး

သင်္ကြန်အခါ ရောက်ပြီဆိုတာနဲ့ မြန်မာလူမျိုးများအားလုံး ပျော်ကြ၊ ကုသိုလ်ပြုကြ နဲ့ ပျော်ရွှင်စရာပွဲ
တော်တစ်ခုပါပဲ...။ သင်္ကြန်ပွဲဆိုတာနဲ့ စတုဒီသာမဏ္ဍပ်နဲ့ မုန့်လုံးရေပေါ်က ခွဲခြားလို့ မရပြန်ပါဘူး..။

မြန်မာအစားအစာတွေထဲမှာ လုပ်ရတာ အလွယ်ဆုံးပြပါဆိုရင် ကျွန်တော်ကတော့ မုန့်လုံးရေပေါ်ကို
ပြလိုက်မှာပါပဲ...။မုန့်လုံးရေပေါ်လောက် လွယ်တဲ့မုန့် မရှိတော့ဘူးထင်တာပဲ...။(ကိုယ့်အထင်...:P)

ကျေးလက်ဒေသမှာတော့ အုန်းလက်နဲ့ မဏ္ဍပ်ထိုး... လမ်းဖြတ်သွားတဲ့ လူမှန်သမျှ ၊တစ်ရွာလုံးမှာရှိ
တဲ့လူမှန်သမျှ စတုဒီသာကျွေးပါတယ်...။ ကျွေးတဲ့မုန့်တွေက...
-မုန့်လုံးရေပေါ်
-တပင်တိုင်
-မုန့်ဟင်းခါး
-ကြာဇံချက်
-ရွှေရင်အေး
-သာကူကျို
-မုန့်လက်ဆောင်
-မုန့်လက်ဆောင်း စတဲ့ မုန့်တွေကျွေးပါတယ်...။

စတုဒီသာကို သတိရတိုင်း... ပုံတွေကြည့်ပြီးတော့သာ တဏှာစိတ်ကို ချုပ်တည်းနေရ တယ်...။
ကိုင်း... မိတ်ဆွေတို့တွေလည်း စတုဒီသာမုန့်မျိုးစုံကိုကြည့်ပြီး သုံးဆောင်သွားကြပါအုံးနော်....။
ချင်းကလေးရေ ပုံတွေ တင်ပေးလိုက်ပြီနော်...

မုန့်လုံး

မုန့်လုံး

ရွှေရင်အေး

ရွှေရင်အေး

ရွှေရင်အေး

ကြာဇံချက်

ကြာဇံပွဲ

ကြာဇံပွဲ

လ္ဘက်ပွဲလေးက ပါသေးတာ

သာကူကျို

မုန့်လက်ဆောင်


အားလုံး ကြည့်ပြီး သရေကျသွားကြပါအုံးဗျာ...:P

ပုံအားလုံးကို ဂူဂယ်လ်မှ ယူသည်.....။

ရာဇာ(ကျေးလက်သားလေး)
14.4.2011

Wednesday, April 13, 2011

သင်္ကြန်အခါ သင်္ကြန်ကဗျာ သင်္ကြန်အလွမ်း


သင်္ကြန်ဒိုးလည်း မြူးလို့နေပြီ
ပိတောက်တွေလည်း ဖူးလို့နေပြီ
မိုးပြေးလေးလည်း ရွာလို့နေပြီ
ငုပန်းတွေလည်း ၀င်းလို့နေပြီ
သို့ပေမယ့် သို့ပေမယ့်.....။


ဦးမာဃလည်း ဆင်းဖို့ပြင်ပြီ
လူအများလည်း ကြိုလို့နေပြီ
အကျွန်ုပ်လည်း မှန်းလို့ကြိုပြီ
သို့ပေမယ့် သို့ပေမယ့်.....။


ပျိုမေများလည်း ကလို့နေပြီ
လူငယ်များလည်း ၀ိုင်းဖွဲ့နေပြီ
လူကြီးများလည်း ကျောင်းသို့ဝင်ပြီ
အားလုံးလည်းပဲ ပျော်လို့နေပြီ
သို့ပေမယ့် သို့ပေမယ့်.....။


ငွေဖလားနဲ့ ရေထည့်နေပြီ
သပြေခက်နဲ့ ရေပက်နေပြီ
နံ့သာရေနဲ့ ဖျန်းလို့နေပြီ
သင်္ကြန်ရေက အေးလို့နေပြီ
သို့ပေမယ့် သို့ပေမယ့်.....။


ကလေးများလည်း ပျော်လို့နေပြီ
လူငယ်များလည်း ပြုံးလို့နေပြီ
ချစ်သူတိုင်းလည်း ရေလောင်းနေပြီ
သူငယ်ချင်းတိုင်းလည်း ရေလောင်းနေပြီ
သို့ပေမယ့် သို့ပေမယ့်.....။


မုန့်လုံးရေပေါ်လည်း ကျွေးလို့နေပြီ
စတုဒီသာလည်း ကျွေးလို့နေပြီ
လူကြီးတွေလည်း ခေါင်းလျှော်နေပြီ
ရေကုသိုလ်လည်း ပေးလို့နေပြီ
သို့ပေမယ့် သိုပေမယ့်.....။


သင်္ကြန်အခါ မောင်တို့၊ မယ်တို့
ပျော်လည်းပျော်ပါ ရွှင်လည်းရွှင်မြူး
နှစ်သစ်ကူးမှာ ပျော်ရွှင်ကြည်နူး
အထူးပီတိ လန်းဆန်းဝေဖြာ
ကျန်းမာ ချမ်းသာ ရှိစေသော်.....။


သင်္ကြန်ခါတွင်း အကုသိုလ်ကင်းအောင်
ကုသိုလ်အမှု ပြုပါလော့.....
ကုသိုလ်အမှု ပြုပါလော့.....
ကုသိုလ်အမှု ပြုပါလော့.....။


အကျွန်ုလည်း သင်္ကြန်အခါကို
မှန်းလို့ တမ်းတ လွမ်းရပါသော်
စိတ်မှာဖြေတွေး ကုသိုလ်ရရေး
လုံးပန်းလို့ ပျော်လိုက်ပြီ...။

(အဝေးရောက် ကျေးလက်သားလေး သင်္ကြန်ရေနဲ့ ဝေးလို့နေတာ သုံးနှစ်တောင် ရှိပါပကောလား...)

ရာဇာ(ကျေးလက်သားလေး)
13.4.2011




Tuesday, April 12, 2011

ဆောင်းသရုပ်

ဆောင်းသရုပ်

ကောင်းကင်ကသိုင်း ရှစ်တိုင်းကမှုံ
သည်မြေမှာ နှင်းတွေဝေတော့
ငွေဆင်းအရောင် သည်သဏ္ဍန်က
မြေပြင်မှာ သူ အလှဆင်တယ်
ဖွေးလို့သာလေး...။

တစ်မိုးသောက်လို့ တစ်နေ၀င်ပြန်
တစ်မနက်ရောက် ပြန်တော့
မြေ၀ဠာမှာ နှင်းတွေဖွေးတယ်
နေ့တိုင်းပဲလေး...။

မိုးသောက်လို့ နေရောင်မျှော်
နေရောင်ကို ဘယ်မတွေ့တယ်
နေရောင်တွေ့ဖို့ မျှော်လိုက်ပြန်
မျှော်သူသာ ဘ၀င်မောတယ်
ဆောင်းတွင်းတဲ့လေး...။

ရာဇာ(ကျေးလက်သားလေး)

12.4.2011