ကျွန်တော်တို့ရွာမှာ ဦးသောင်းဆိုတဲ့လူတစ်ယောက်ရှိပါတယ်။
သူကချော်လဲရောထိုင်လုပ်တတ်တဲ့နေရာမှာ နှစ်ယောက်မရှိသူပါ။အဲဒါကြောင့်သူ့ဆိုရင်ကို ရှောင်တဲ့သူကများပါတယ်။
တစ်ရက်တော့ဦးသောင်း နဲ့ ရွာကလူတစ်ယောက်မြို့ကိုအလုပ်ကိ
စ္စတစ်ခုနဲ့သွားကြပါတယ်။မြို့ရောက်တော့ လ္ဘက်ရည်ဆိုင်တစ်ဆိုင်
မှာဝင်ထိုင်လိုက်ပါတယ်။ နောက်ပြီးလ္ဘရည်တစ်ယောက်တစ်ခွက်ဆီ
မှာတာပေါ့။အဲဒီဆိုင်ကအသုပ်စုံတွေပါရတယ်လေ။ အဲတော့စားပွဲတိုင်း
မှာငရုတ်သီးဗူး၊ငံပြာရည်ဗူး၊ ဆားကြိုက်တဲ့သူကတော့ဆားသုံးလို့ရေ
အာင် ဆားပါချပေးထားတာပေါ့။ ဖြစ်ချင်တော့ ဦးသောင်းတို့ထိုင်တဲ့
စားပွဲမှာ ဆားပန်းကန်က မသိမ်းရသေးပဲကျန်နေတယ်လေ။ အချို
ကြိုက်တဲ့ဦးသောင်းက ဆားပန်းကန်ကို သကြားဆိုပြီး ဇွန်းနဲ့ခပ်ပြီး
စားလိုက်တာပေါ့။ ဦးသောင်းနဲ့ပါလာတဲ့ လူက ဦးသောင်းမှားပြီးစား
လိုက်တယ်ဆိုတာကိုသိပါတယ်။ဒါပေမဲ့ ဦးသောင်းဘယ်လိုမျိုးချော်
လဲရောထိုင်လုပ်မယ်ဆိုတာကိုစောင့်ကြည့်နေစဉ်မှာပဲ။ ဦးသောင်း
အော်လိုက်တာက"ဆားဆို ဒီလိုငန်မှကြိုက်သဟေ့"တဲ့။ ဦးသောင်း
အော်တာကိုကြားတဲ့ မြို့သားတွေက ၀ိုင်းပြီးရယ်ကြသတဲ့ဗျာ။ အဲဒီ
တော့မှ ဦးသောင်းရှက်ကိုးရှက်ကန်းနဲ့ထသွားတာ ဆားပန်ကန်သ
ယ်လာတဲ့ ကလေးနဲ့ဝင်တိုက်ပြီး မှောက်လဲသွားပါသတဲ့။အဲဒီချိန်မှာ
ဦးသောင်းထပ်အော်လိုက်တာက "နောက်ဆိုဒီလောက်ငန်တဲ့ဆား
မစားတော့ဘူးကွ"တဲ့လေ။ ရွာမှာနာမည်တွင်သွားတာကတော့ဆား
ကြောက်တဲ့မောင်သောင်း တဲ့။ အဲဒီကစပြီး သူလည်းချော်လဲရော
ထိုင်မလုပ်တော့ပါဘူး။အခုတော့သေသွားရှာပါပြီ။
ရာဇာ(ကျေးတောသားလေး)
6.3.2011
2 comments:
အဲလိုမျိုးလေးတွေ ဖတ်ရတော့လည်း ကျွန်တော့် သူငယ်ချင်း တစ်ယောက် အကြောင်း သတိရသဗျ။ သူလည်း ချော်လဲ ရောထိုင်ပဲဗျ။ အဟီး။
မှတ်သားစရာလေးအတွက်ကျေးဇူးအကို
အားပေးသွားလျှက်...
Post a Comment