ဇင်အောင်ဆယ်တန်းစာမေးပွဲဖြေပြီးသွားတော့ လွတ်လွတ်လပ်လပ်လေးဖြစ်နေပါတယ်။ အဲဒီအချိန်က
တောင်သူသိမ်းတဲ့ပြီးတဲ့အချိန်ဆိုတော့ အလုပ်လည်းမရှိဘူးလေ။မိသားစုတွေ ထမင်းစားတဲ့အချိန်မှာတော့
ဇင်မောင်က တောင်းဆိုပါတော့သည်။“ အဖေ အခုဆို ဇင်အောင်လည်း စာမေးပွဲပြီးသွားပြီ အိမ်မှာအ
လုပ်ကလည်းသိမ်းတဲ့အချိန်ဆိုတော့ ကျုပ်မြို့သွားပြီးအလုပ်လုပ်ချင်တယ်အဖေရာ။ ဟာ..မဖြစ်ပါဘူး
ငါ့သားရာ အဖေတို့စိတ်မချပါဘူး။ ဟုတ်ပါတယ် ငါ့သားရယ် အမေလည်းစိတ်မချဘူး မသွားပါနဲ့နော်”
။ဇင်မောင်က အတင်းတောင်းဆိုတော့ မိဘတွေလည်း ခွင့်ပြုလိုက်ရတာပေါ့။ ဇင်အောင် မြို့ကိုရော
က်တော့ အသိဆီမှာ အလုပ်ရတယ်။ မိဘတွေဆီကို ပိုက်ဆံလှမ်းလှမ်းကန်တော့တာပေါ့။ မိဘတွေမှ
ာလည်း သားကိုလွမ်းတော့ စာလေးရေးပို့လိုက်၊ အစားအသောက်လေးတွေလူကြုံပို့လိုက်နဲ့မကြာခဏ
လုပ်နေပါတယ်။အဲဒီနှစ်မှာပဲ ဇင်အောင်စာမေးပွဲအောင်ပါတယ်။ “ဦးမင်းကို ဇင်အောင်စာမေးပွဲအောင်
တာကို ဂုဏ်ယူလို့မဆုံး ကြွားလို့မဆုံးတော့ အပျော်ကြီးေးပျာ်နေတာပေါ”့။ ဇင်အောင် စာမေးပွဲအောင်
တယ်ဆိုတာ သိတော့ ၊ဇင်မောင်က အ၀တ်အစားတွေ လိုအပ်မဲ့ပစ္စည်းလေးတွေဝယ်ပြီး လူကြုံပို့လိုက်
ပါတယ်။ ဇင်အောင်ကတော့ တက္ကသိုလ်ဆက်တက်တဲ့အခါမှာ လိုတဲ့ငွေက အိမ်ကပို့ပေးလိုက်၊ ဇင်
မောင်ကပို့ပေးလိုက်နဲ့ အဆင်ပြေနေပါတယ်။
တစ်ရက်မှာတော့ ဇင်မောင်လုပ်တဲ့ အလုပ်ပိုင်ရှင်က ဖုန်းဆက်လာပါတယ်။ “ဟဲလို ဦးမင်းကိုလား..
ဟုတ်ပါတယ်..အခုပြောနေတာ ဘယ်သူပါလဲ။ ဇင်မောင် အလုပ်ရှင်ပါ..။ဘာအကြောင်းထူးများရှိ
လို့ပါလဲ ။ ဇင်မောင် မိန်းမခိုးသွားလို့ဗျ။ဗျာ...။ ဟုတ်တယ် ခင်ဗျားသားက အရမ်းအားနာတတ်တာ
ပဲဗျ။ အခုသူခိုးသွားတဲ့ကောင်မလေးက အဖေ၊ အမေလည်း မရှိဘူး။ သူ့မိဘရဲ့ သူငယ်ချင်းတွေကေ
မွးစားထားတာလို့ပြောတာပဲ။ အခု အဲဒီမိဘတွေကလည်း သူ့ကိုသိပ်ဂရုမစိုက်လို့တဲ့။ သူ့အသိအိမ်
မှာလာနေပြီး ကျွန်တော်တို့ အလုပ်နားမှာပဲ ကွမ်းယာလာရောင်းနေတာ။ အဲဒါ ခင်ဗျားသားနဲ့တွေ့
တာပဲ။ ဇင်မောင်သူငယ်ချင်းတွေပြောတာကတော့ အဲဒီကောင်မလေးက အားကိုးရှာနေတာတဲ့။ အ
ခုခင်ဗျားသားက အားနာတတ်တော့ပါသွားတာနေမှာပေါ့ဗျာ။ ဦးမင်းကို ဖုန်းလွတ်ကျသွားပါတယ်။
တင်ကြည်ရေ ဟောဒီမှာ ညီးယောက်ျားဖုန်းပြောရင်း မူးလဲသွားလို့လာခေါ်ပါအုံး”။ ဒေါ်တင်ကြည်နဲ့
သွဲ့သွဲ့တို့ပြေးထွက်လာပြီး ခေါ်ကြပါသည်။ “မအိငါဘာမှမဖြစ်ပါဘူး ဖုန်းဖိုးပြီးမှသွဲ့သွဲ့ကိုပေးခိုင်းလို
က်မယ်။အင်းအင်း မအိပြန်သွားပါသည်။ ဘာဖြစ်တာလဲ ဖုန်းဆက်တာဘယ်သူလဲ မင်းသားဇင်မေ
ာင်ရဲ့အလုပ်ရှင်တဲ့ မင်းသားမိန်းမခိုးသွားလို့တဲ့”အကြောင်းစုံရှင်းပြလိုက်ပါသည်။ “ဟင်...မဖြစ်ဘူး..
မဖြစ်ဘူး”.. ဒေါ်တင်ကြည် ငိုချင်တာကို မငိုပဲ ထိန်းချုပ်ထားလိုက်ပါသည်။“ဒါဆိုသွားပြီးပြန်ခေါ်မှ
ဖြစ်မှာပေါ့တော်..ကျုပ်တို့သားက လူလိမ္မာလေးတော့ အခုသူခိုးပြေးတဲ့ကောင်မလေးကဘယ်ကမှန်း
မသိ ဘာမှန်းမသိနဲ့တော်။(သားကိုချစ်တဲ့ဇောနဲ့ပူလောင်နေရပါပြီ။ စိတ်ပင်ပန်း၊လူပင်ပန်းလည်းဖြစ်ေ
နရပါပြီ)။အေးအခုမှ ထွက်ပြေးတာဆိုတော့လိုက်လို့တော့မဖြစ်သေးဘူး။ သူ့အလုပ်ရှင်ကို သူတို့အေ
ကြာင်းစုံစမ်းခိုင်းပြီးမှ လိုက်ခေါ်တာပေါ့။ဟဲလို..ဦးမင်းကို ခင်ဗျားသားတို့ကို တွေ့ပြီကျုပ်ပြန်ခေါ်ထား
တယ်။ သူနဲ့စကားပြောချင်တယ် ကိုလွင်။ ဇင်မောင် မင်းဖေကစကားပြောချင်တယ်တဲ့။ဟဲလို အဖေ
လား ကျုပ်ဇင်မောင်ပါ။အေးငါ့သား မင်းအဖွားနေမကောင်းဘူး မင်းတို့အကြောင်းကြားပြီး၊အဲဒါပြန်လာ
ခဲ့အုံး မင်းကောင်မလေးကိုတော့ ဦးလွင်ဆီမှာခဏထားခဲ့လိုက် ဦးလွင်မှာသမီးရှိတယ်ဆို ဟုတ်လား။
ဟုတ်တယ်အဖေ အခုခေါ်ခဲ့မယ်လေ ဘာလို့လဲ။မင်းအဖွား အသက်ဆုံးရှုံးချင်တယ်ဆိုရင်တော့ ခေါ်ခဲ့
ပေါ့ အဖေအဲဒါပဲပြောချင်တယ်။ဟုတ်ကဲ့ပါ..အဖေအဲဒါဆို ကျုပ်မနက်ဖြန်ပြန်ခဲ့မယ် ဖြိုးအိကိုတော့ေ
သချာပြောခဲ့ပါမယ်။အေး..မင်းေးကာင်မလေးနဲ့ အဖေတို့ကသဘောမတူဘူးပြောတာမှမဟုတ်တာ။ဟု
တ်ကဲ့အဖေ ကျုပ်သဘောပေါက်ပြီဗျ”...။
“ဘာတဲ့လဲ အကို ဘယ်သူဆက်တာလဲ။အိမ်က အဖေဆက်တာ အကိုတို့အကြောင်းကိုကြားပြီးအဖွားနေ
မကောင်းဖြစ်နေတယ်တဲ့။အဲဒါအစ်ကိုရွာကိုခဏပြန်အုံးမယ် ပြီးရင်ဖြိုးကိုလာခေါ်မယ်လေ။ အဲလိုလုပ်လို့
ဘယ်ဖြစ်မလဲ။ အဲဒါကိုက ဖြိုးတို့ကိုခွဲမလို အချိုသတ်တာအကိုရ။ အကိုလူတွေအကြောင်းဘယ်လောက်
မှမသိသေးပါဘူး။ အေးပါကွာ အကိုသိပါတယ်။ရွာရောက်လို့သူတို့သဘောမတူဘူးဆိုရင်လည်း ဖြိုးနဲ့ပဲတ
စ်သက်လုံး အတူတူပဲနေတော့မယ်”။ တစ်ခါမှအတွေ့အကြုံမရှိတဲ့ ကိုဇင်မောင်တစ်ယောက် အချစ်ကိုသိ
ရှိနားလည်ပြီး မဖြိုးပြောသမျှ တဟုတ်ဟုတ်နဲ့ ပုတ်သင်ညို လူဝင်စားလာသလားတောင်ထင်ရပါတယ်။
“အမေ အဖွားနေမကောင်းဘူးဆို အေးဟုတ်တယ်။ အမေပိန်သွားတယ်နော။ မောင်ကြီးတို့သတင်းကြား
ထဲက အမေကထမင်းလည်း ဟုတ်တိပတ်တိမစားတော့ဘူးလေ”သွဲ့သွဲ့က၀င်ပြောလိုက်ပါသည်။“အဘွား
ရောသွဲ့သွဲ့. အိမ်ထဲမှာရှိတယ်။အဖေရော၊ အဖေလည်းရှိတယ် မောင်ကြီးကို စောင့်နေကြတာလေ။အဘွ
ားနဲ့အဖေ နေကောင်းကြရဲ့လား။ အေးနေတော့ကောင်းပါတယ်ကွယ်..အဘွားမကောင်းတာကတော့စိတ်
ပဲငါ့မြေးရေ။ဘယ်လိုဖြစ်တာလဲ ငါ့မြေးရဲ့ဆိုပြီး” အဘွားမေငိုပါတော့သည်။“အဘွားနေမကောင်းဘူးဆိုလို့
လာခဲ့တာ အခုလို နေကောင်းနေတယ်ဆိုရင် ကျုပ် ဖြိုးအိဆီပြန်မှဖြစ်မယ်။ နောက်ရက်မှပြန်ပါမြေးရယ်
အဖွားမေတရှုပ်ရှုပ်ငိုရင်းတားနေပါသည်။ဟုတ်သားပဲ ဇင်မောင် မင်းကအခုအဖေတို့ အမေတို့ အဘွားတို့
စကားကိုနားမထောင်တော့တာလား။ အဲလိုမဟုတ်ပါဘူးဗျာ..။အဲလိုမဟုတ်ဘူးဆိုရင် မပြန်နဲ့ မင်းကောင်
မလေးက အခြေအမြစ်မရှိ ဘာမရှိနဲ့။ ငါတို့မိဘတွေအနေနဲ့ ဘယ်လိုသဘောတူရမှာတုန်း။ ဟုတ်ပါတယ်
အဖေ မိဘတိုင်းက ကိုယ့်သားသမီးကို ဆင်စီးပြီး မြင်းရံ၊ရွှေဘုံပေါ်မှာထားချင်ကြတဲ့ မိဘကြည့်ပဲဆိုတာ
ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်သူ့ကိုတကယ်ချစ်သွားပြီဗျ အဖေရ။ဟုတ်ပါတယ် ကိုမင်းကိုရယ် အဲဒီကေ
ာင်မလေးဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သားကခိုးသွားပြီးသွားပြီဆိုတော့ ကျုပ်တို့လက်ခံရတော့မှာပဲ သားသမီးချင်းကို
ယ်ချင်းစာပေးရမှာပေါ့တော်။ အေးဒါဆိုဟုတ်ပြီ ဇင်မောင် မင်းမိန်းမကို နောက်နှစ်ရက်နေရင်သွားခေါ်အခု
တော့ အိမ်ကအလုပ်တွေဝိုင်းကူသွားအုံး။ ဟုတ်ကဲ့ပါအဖေရာ”။ညကျတော့ ကိုဇင်မောင်တစ်ယောက် တ
လူးလူး တလှိမ့်လှိမ့်ဖြစ်နေတာကို ဒေါ်တင်ကြည်ရိပ်မိပါသည်။ “ငါ့သားအိပ်လို့မပျော်ဘူးလား။ဟုတ်တယ်
အမေ။ငါ့သားရယ် နှစ်ရက်ထဲပါ မင်းအဖေ တကယ်အလုပ်များလို့ပြန်မလွှတ်တာပါ။မရဘူးအမေရာ ကျုပ်
မနက်ဖြန်သွားခေါ်မယ် တစ်ရက်ပဲ ပြန်ရောက်တာနဲ့အိမ်ကအလုပ်တွေကျုပ်ဦးဆောင်ပြီးလုပ်မှာပါ။ မဟုတ်
သေးပါဘူးငါ့သားရယ် အလုပ်ပြီးရင်သွားခေါ်ပါ နှစ်ရက်ထဲပဲဟာကို။ ဟုတ်ပါပြီအမေရာ”။ ကိုဇင်မောင်
တစ်ယောက်အရင်နဲ့လုံးဝမတူပဲ မိဘရဲ့အရိပ်၊ မိဘရဲ့ချစ်ခြင်းတွေကို ပုန်ကန်တတ်နေပါပြီ။
မနက်ရောက်တော့ ဦးမင်းကို ဇင်မောင်ကိုလှမ်းနှိုးလိုက်ပါသည်။“ဇင်မောင်ထတော့ကွာ တောသွားရအောင်
ထတော့ ပြန်ပြောသံမကြားတော့ ဦးမင်းကိုတစ်ယောက်ထကြည့်လိုက်ပါသည်။ ဟာ တင်မေ နင့်သားအိမ်
သာများသွားသလား။ ဘာလို့လဲ အိပ်ယာထဲမှာမရှိလို့ဟ..။ဟောတော် ဒီကလေးတော့ဆိုးနေပါပြီ ဒေါ်တင်
မေ ပါးစပ်ကတတွတ်တွတ်နဲ့ အိမ်သာဆီသွားကြည့်လိုက်ပါသည်။ ကိုမင်းကို မရှိဘူးတော့။ညတုန်းကကျုပ်
ကိုပြောတယ် မနက်ဖြန်သွားခေါ်မယ်တဲ့ ပြန်လာမှ အလုပ်တွေလုပ်မယ်တဲ့။ အေးလေ..သူလည်းရိပ်မိလို့ရှိ
မှာပေါ့ ဒီအချိန် အလုပ်မရှိဘူးဆိုတာ သူလည်းသိနေတာပဲလေ။ အင်းဟုတ်တော့လည်း ဟုတ်တာပါပဲ ကျု
ပ်တို့နှစ်ရက်နေလို့ပြောတာက သူစိတ်များပြောင်းသွားမလားလို့ပါ။ သွားခေါ်တယ်ဆိုတော့လည်း ပြီးတာပါ
ပဲတော်။ ဖြိုးအိ....။ ဟာ..အကိုပြန်လာပြီ အကိုမိဘတွေကဘာတဲ့တုန်း။အကိုဖြိုးအိကိုလာခေါ်တာရွာကို
ပြန်ရအောင်။ ဟင် ရွာလိုက်မနေချင်ပါဘူး။သြော်..မနေချင်လည်း ခဏတော့လိုက်ရမှာပေါ့။ ခဏလည်း
မလိုက်ဘူး၊ ကြာကြာလည်းမလိုက်ဘူး။ ဖြစ်မလား ဖြိုးရယ် ဖြိုးမှာက မိဘတွေမရှိတော့ဘူး အခုအကိုမိဘ
တွေကို ဖြိုးမိဘတွေလိုသဘောထားပြီး လိုက်ခဲ့ပါ။ ဖြိုးတောင် ပိုပြီး ဂုဏ်တက်ပါသေးတယ်။ အဲဒါတွေဖြိုးမ
သိဘူး တောအရပ်မှာ မနေနိုင်တာပဲသိတယ်။ ဟ..ကောင်မလေး တောအရပ်ကိုမနေနိုင်ပဲ ဘာလို့တော
သားကိုကြိုက်ထားသေးလဲဟ” ဦးလွင်နားမခံနိုင်၍ ၀င်ပြောလိုက်ခြင်းဖြစ်ပါသည်။ “ဇင်မောင်ဆိုတဲ့အကေ
ာင်က မိန်းမဒီလောက်တောင်ရှားနေလားမသိဘူး ကိုယ့်အပေါ်မကောင်းတဲ့သူများ ဇွတ်တရွတ်နဲ့။ သြော်လူ
ရိုးတွေက စွဲမိသွားရင်မလွဲဘူးတော့ ” ဦးလွင်တို့လင်မယား မခံချိမခံသာဖြစ်ပြီး ပြောနေကြတာပါ။“ဟုတ်
ပြီဒါဆိုလည်းလိုက်မယ် ဖြိုးမနေချင်လို့ မြို့ကိုပြန်လာမယ်ဆိုရင် အကိုဖြိုးနဲ့ပြန်လိုက်မှာလားပြော။ အင်း လို
က်မှာပေါ့ ဖြိုးကရှေ့ကသွားရင် အကိုကနောက်ကလိုက်ပြီးသားပဲ။ဒီလိုမှပေါ့ ဟင့်..ဟင့်.....ဟင့်။ မလု
ပ်နဲ့လေ ဖြိုးရဲ့ယားတယ်။ ဟင် လုပ်မှာပဲကွာ ချစ်လို့စတာပဲကို။မလုပ်ပါနဲ့ဖြိုးရယ် အကိုက ကလိထိုးရင်ယ
ားတတ်တယ်။ အခုကြတော့လည်း သူတို့မဟုတ်သလိုပဲ” ဦးလွင်မိန်းမကပြောလိုက်ပါသည်။
“ဟာ ဇင်မောင်ပြန်လာပြီဟေ့ သူ့မိန်းမရောပါသဟ ကောင်မလေးက မြို့သူဆိုတော့ ဖြူဖွေးနေတာပဲဟ။
ဟယ် ဟုတ်တယ်တော့ ဇင်မောင်မိန်းမရကံကောင်းတာပေါ့။ အမလေးအေ ညီးတို့ကလည်း အချီးမွန်းမေ
စာကြပါသေးနဲ့ စောင့်ကြည့်ကြအုံး။ စိတ်သဘောထားလေး ကောင်းပြီဆိုမှ ဇင်မောင်ကံကောင်းပြီလိုပြေ
ာကြတာပေါ့။ အမေရယ် မောင်ကြီးပြန်လာပြီတော့ မမဖြိုးလည်းပါတယ်။ ဟဲ့ကောင်မလေး မမဖြိုးဆိုတာ
ဘယ်သူတုန်းဟဲ့။ အဖွားကလည်း မောင်ကြီးမိန်းမပေါ့တော့။ ညီးကဘယ်လိုလုပ်ပြီး နာမည်သိနေတာတု
န်း မောင်ကြီးလာတုန်းက ပြောသွားတာပေါ့တော့။ ဇင်မောင် မင်းမိန်းမကိုခေါ်ခဲ့လေ အိမ်ထဲကို”။ ဇင်မော
င်အထုပ်ကလေးချပြီး အဘွား၊ အဖေနဲ့ အမေ ကျုပ်ကိုခွင့်လွှတ်ပါဗျာ။ ကျုပ်တို့ကန်တော့မယ်နော်။လာဖြိ
ုး ”အိမ်နီးနားခြင်းတွေကလည်းဝိုင်းကြည့်နေတာပေါ့။ “လာလေ ဖြိုးရဲ့။ ရပါတယ် ငါ့မြေးရယ် မကန်တော့
ချင်တဲ့သူကို ခေါ်မနေပါနဲ့။ သူကအပြစ်လုပ်ထားတာမဟုတ်ဘူး ငါ့မြေးကန်တော့မယ်ဆိုကန်တော့ပါ။ဟု
တ် အဘွား၊အဖေနဲ့ အမေ”။ ဖြိုးကတော့ လုံးဝမှမလာပါ မသိချင်ယောင်ဆောင်နေပါသည်။“ဖြိုးဒီကိုလာ
ထိုင်လေ အားလုံးကိုဂရုမစိုက်တဲ့ဟန်နဲ့ လာထိုင်ပါသည်။ ဇင်မောင်မင်းမိန်းမကိုထမင်းကျွေးမင်းလည်းစ
ား နားပြီးရင် အဖေ့နားခဏလာအုံး ပြောစရာရှိတယ်။ ဟုတ်ကဲ့အဖေ။ မမဖြိုး ထမင်းပွဲပြင်ထားပြီ၊မောင်
ကြီးမမဖြိုးနဲ့ တစ်ခါလာစားနော်။ တော်ပြီ မစားတော့ဘူး ။ ညီးကသွဲ့သွဲ့ဆိုတာလား။ဟုတ်တယ်အစ်မကျုပ်
နာမည်သွဲ့သွဲ့ပါ”။ ဇင်မောင်ကတော့ထမင်းစားနေပါသည်။ ဖြိုးကတော့ မစားပဲထိုင်နေပါသည်။ ဇင်မောင်ထ
မင်းစားပြီးပြီလား။ ဟုတ် အဖေ။ မင်းမိန်းမရော သူကမစားဘူးအဖေ။အေးမစားတာကတော့ သူ့အပိုင်းပေါ့
ကွာ။ကိုယ့်ဘက်ကတော့ တာဝန်ကျေပါစေ။ စားပြီးပြီဆိုရင် မင်းမိန်းမကိုခေါ်။ ဖြိုးရေ လာအဖေစကားပြေ
ာမလို့တဲ့”။မျက်နှာခပ်တင်းတင်းနဲ့လာထိုင်ပါသည်။ “ကျွန်မနာမည်က ဖြိုးအိပါ။အေးဟုတ်ပြီ အခုအဖေစက
ားပြောရတာကတော့ မင်းဟာငါ့သား ဇင်မောင်ရဲ့ ဇနီးဖြစ်တဲ့အတွက် မင်းဟာလည်း ငါ့သမီးပါပဲ။ငါ့သမီးသွဲ့
သွဲ့နဲ့ မခြား မင်းကိုချစ်မှာပါ။ မင်းငါ့သားနဲ့မပါတ်သတ်ခင်က ဘယ်လိုပဲနေခဲ့ခဲ့၊ ထိုင်ခဲ့ခဲ့ အခုဒီအိမ်မှာရော
က်ရင် ဒီအိမ်ရဲ့စည်းကမ်းတွေကိုတော့လိုက်နာရမယ်။ မင်းကလည်း မိသားစုဝင်တစ်ယောက်အနေနဲ့ အား
လုံးကို ရိုသေရမဲ့သူကိုရိုသေပါ၊ လေးစားရမဲ့သူကိုလေးစား အားလုံးနဲ့တည့်အောင်ပေါင်းပါ။ ဘာပြောစရာရှိ
သေးလဲ။ ဒီမှာ ဦးလေး လူတိုင်းနဲ့တည့်အောင်တော့ပေါင်းမယ် သီးခံနိုင်တဲ့အတိုင်းအတာတစ်ခုထိပေါ့။ အ
ားလုံးကို ဘုရားတစ်ဆူလိုတော့ ရှိခိုးပြီးမနေနိုင်ဘူး”။ ဦးမင်းကိုရော၊ သူ့ရဲ့အဘွားရောမျက်နှာတွေပျက်နေ
ပါတယ်။ ဒေါ်တင်ကြည်က အလိုက်တသိနဲ့ ဇင်မောင် မင်းမိန်းမကိုခေါ်သွားတော့ သွား..သွား..။
တစ်ရွာလုံးကဇင်အောင်ရဲ့မိန်းမ မဖြိုးကို ရုပ်ကလေးသနားကမားနဲ့ လူကြီးလူကြီးမှန်းမသိ၊ကတ်ကတ်လန်
ရန်ထောင်နေလိုက်တာတော်။ ဇင်မောင်မိန်းမရဲ့ မကောင်းသတင်းကတော့ တစ်ရွာလုံးကိုပျံ့နှံ့သွားတာပါ
ပဲ။“ဇင်မောင် ငါ့သား နွားထကျွေးပါအုံး မနက်သွားစရာလေးရှိလို့။အကို အစ်ကို့ဖေက နှိုးနေပြီ မထရဘူး
နော်..။ထရင်တော့ ဖြိုးကမချစ်ဘူးလို့သတ်မှတ်မှာ သက်သက်မဲ့တင်စီးတာ သူ့သားဆိုပြီးတော့ သူတို့ထ
ကျွေးလည်းရတဲ့ဟာကို။ဇင်မောင် ပြန်တောင်မထူးခင်လိုက်ပါဘူး အဖေရေ အဖေ့သား ခေါင်းကိုက်လို့တဲ့
”။ခေါင်းကိုက်တယ်လို့ မဖြိုးပြောသံကြားတော့ ဒေါ်တင်ကြည်ခင်ဗျာ သားဇောနဲ့ပျာယာခတ်ပြီး။မျဖိဳး အေ
မ၀င်ခဲ့မယ်နော်။ ရပါတယ်အမေ သမီးသူ့ကိုနှိပ်ပေးထားပါတယ်။ မဖြိုးရဲ့ စိတ်ဓါတ်ကို(၄)ရက်လောက်နေ
လိုက်တာနဲ့ တဖြည်းဖြည်းသိသာလာပါတယ်။“အမေ ...မဖြိုးက၊ မောင်ကြီးကိုနိုင်သလိုပဲနော်။နိုင်သလို
မဟုတ်ဘူး မိသွဲ့ရဲ့ နိုင်ကိုနိုင်နေတာ။ မောင်ကြီးကလည်းလေ ယောက်ျားမဟုတ်သလိုပဲ အမှားအမှန်တေ
ာ့ခွဲခြားပြရမှာပေါ့ မိန်းမဒီတစ်ယောက်ရှိသလိုပဲ။ မောင်မောင် ပဲကောင်းတယ်အမေရယ် ကျောင်းတက်နေ
တာ နားအေးပါးအေးရှိတယ်။အေး ငါသားလေးသိရင် စိတ်မကောင်းဖြစ်နေအုံးမယ် မသိတာကောင်းပါတ
ယ်အေ”။
ဆက်ပါဦးမည် အပိုင်း(၃)မျှော်........
ရာဇာ(ကျေးတောသားလေး)
3.3.2011
0 comments:
Post a Comment