Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Wednesday, March 2, 2011

ချစ်ခြင်းသီအိုရီ(၁)


အချစ်ဆိုတဲ့စကားလုံးဟာ ပါဠိလို“ပီယ” မှလာတာပါ။အချစ်လို့ပြောလိုက်လျှင်သာမန်အားဖြင့်တော့ချစ်
တာဟာကောင်းတယ်၊ အမုန်းကသာ မကောင်းဘူးလို့ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့အချစ်
ဆိုတာကလည်းမကောင်းပါဘူးဗျာ။“ အချစ်ဆိုတာ ပူဆွေးခြင်း၊လွမ်းဆွတ်ခြင်း၊ကြေကွဲခြင်း၊ကိုယ်ဆင်း
ရဲခြင်း၊စိတ်ဆင်းရဲခြင်း၊ပြင်းထန်သောခံစားရခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်”။ ဘာလို့ကျွန်တော်ဒီလိုပြော
ရလည်းဆိုတာကိုအောက်မှာနည်းနည်းလောက်ဆက်ဖတ်ကြည့်ပါအုံး။


လူတစ်ယောက်က သူ ချစ်မြတ်နိုးတဲ့၊တန်ဖိုးထားတဲ့ သက်ရှိကိုမဆိုထားနှင့် သက်မဲ့အရာဝတ္ထုလေးတစ်
ခုပျောက်ဆုံးတဲ့အခါ၊ဆုံးရှုံးရတဲ့အခါမျိုးတောင်မှ ငိုကြွေးခြင်းဆိုတာဖြစ်ပေါ်ပါတယ်။ ငိုလိုက်ပြီဆိုတာနဲ့
ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတာတွေဖြစ်ပေါ်ရတာပါ။ ကျွန်တော်ငယ်ငယ်က အရမ်းကိုတန်ဖိုး
ထားရတဲ့ပစ္စည်းလေးတစ်ခုအဖေက၀ယ်ပေးပါတယ်။ပစ္စည်းလို့ပြောလိုက်လို့ ရွှေတွေ၊ကျောက်တွေ၊ ပတ္တ
မြားတွေလို့တော့မထင်လိုက်ပါနဲ့ သာမန်ပစ္စည်းလေးတစ်ခုပါပဲ။ တစ်ရက်မှာတော့ အဲဒီပစ္စည်းလေးပျော
က်သွားပါတယ်။ ဘယ်လိုရှာရှာမတွေ့တော့ပါဘူး။ ကျွန်တော့်မှာမစားနိုင်၊မသောက်နိုင်နဲ့ငိုလိုက်ရတာ..
နှစ်ရက်တိတိပါပဲ။ ကျွန်တော့်မိဘတွေက ဆုံးမပါတယ်။“ ငါ့သားပစ္စည်းပဲဖြစ်ဖြစ်၊လူတွေ တိရစ္ဆာန်တွေ
ပဲဖြစ်ဖြစ် အားလုံးက ပျောက်ပျက်ပြီးဆုံးရှုံးရတာကြည့်ပဲ အဲဒီတော့ ငိုမနေနဲ့တော့အသစ်ပြန်ဝယ်ပေးမ
ယ်။ အမေရာ ကျွန်တော်က အရင်ဟာလေးကိုပဲ သဘောကျတာ၊နောက်ပြီး ကျွန်တော်ဆော့ကစားတိုင်
းလည်း ဒီပစ္စည်းလေးပဲကိုင်တာဆိုတော့ ကျွန်တော်နှမြောလို့ပါ”။နောက်ရက်ကျ အဖေက အသစ်ပြန်ဝ
ယ်ပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်သတိရနေတာကတော့ ပျောက်ဆုံးသွားတဲ့ပစ္စည်းလေးပါပဲ။ကျွန်တေ
ာ့်ပစ္စည်းလေးပျောက်လို့ ငိုခဲ့ရတဲ့ အဲဒီနှစ်ရက်ကို ကျွန်တော်သတိရမိတိုင်းနာကြင်ခံစားနေရတာပါ။(အခု
တော့လည်း အဲဒီအကြောင်းအရာလေးတွေက မေ့တေ့တေ့တောင်ဖြစ်နေပါပြီ)။

ပစ္စည်းတစ်ခု၊သက်မဲ့တစ်ခုပျောက်ပျက်သွားရတာကမေ့ရင်မေ့နိုင်မယ်။ လူတစ်ယောက်ကိုချစ်မိလို့ကြေ
ကွဲဝမ်းနည်းပြီးနေရတာကတော့ မေ့ဖို့တော်တော်ခက်ပါလိမ့်မယ်။ အချစ်လို့ပြောလိုက်လို့ သမီးရည်းစား
တွေကြည့်ပဲ ပြောတာမဟုတ်ပါဘူး။မိဘက သားသမီးကိုချစ်တဲ့အချစ်၊ ဆရာကတပည့်ကိုချစ်တဲ့အချစ်၊
သူငယ်ချင်း ချင်းချစ်တဲ့အချစ်၊ သမီးရည်းစားအချစ် အချစ်အားလုံးကိုဆိုလိုချင်တာပါ။ ဘယ်အမျိုးအစား
နဲ့ပဲချစ်ချစ် ချစ်မိပြီဆိုတာနဲ့ ငိုကြွေးခြင်း၊လွမ်းဆွတ်ခြင်း၊ပြင်းထန်တဲ့ခံစားခြင်းတွေကိုတော့ ရင်ဆိုင်ကြ
ရတာကြည့်ပါပဲ။ အဲဒီအချစ်တွေထဲကမှ ချစ်သူချင်းချစ်တဲ့အချစ်နဲ့၊ မိဘက သားသမီးကိုချစ်တဲ့အချစ်အ
ကြောင်းလေးကို တင်ပြချင်ပါတယ်။ တကယ့်အဖြစ်အပျက်လေးပါပဲ။

ညောင်ပင်သာကျေးရွာမှာ တောင်ယာ၊ လယ်လုပ်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့သူတွေကြည့်ပါ
ပဲ။ အဲဒီရွာလေးမှာ ဦးမင်းကို တို့မိသားစုကလည်း တောင်သူကြီး စာရင်းဝင်တွေပါပဲ။ ဦးမင်းကိုမှာသား
နှစ်ယောက်၊သမီးတစ်ယောက်ရှိပါတယ်။ သူတို့မိသားစုဟာ ရပ်ရွာထဲမှာ သြဇာအာဏာရှိပြီး အားလုံးက
ချစ်ခင်လေးစားခြင်းခံရပါတယ်။ သားအကြီးနာမည်က ဇင်မောင်၊ အလတ်ကောင်က ဇင်အောင်၊သမီးေ
လးက သွဲ့သွဲ့တဲ့။ ဦးမင်းကိုဟာ စာပေဖတ်တာ ၀ါသနာပါတဲ့သူဆိုတော့ ဗဟုသုတရှိတာပေါ့။ သား၊သမီ
းတွေကိုတော့ သူတို့လို တောင်သူလယ်သမား လုံးဝမဖြစ်စေချင်ပါဘူး။ သူလိုမပင်ပန်းစေချင်ဘူးလေ။
အဲတော့ သားသမီးတွေကို ပညာရေးမှာ အားပေးတာပေါ့။ သားသမီးတွေကလည်း ဗဟုသုတရှိတဲ့သူက
မွေးထားတာဆိုတော့ ထိုက်သင့်တဲ့ဗဟုသုတရှိသလို၊ လိမ္မာယဉ်ကျေးမှုဘက်မှာလည်း တော်ကြတယ်။
“တင်ကြည် နောက်နှစ်ဆိုဇင်အောင်က (၁၀)တန်းရောက်ပြီ အဲဒီတော့ သူ့ကိုတောသွားတဲ့အခါတွေမှာ
မခေါ်တော့ဘူးဟာ၊ သူပညာရေးကိုလွတ်လွတ်လပ်လပ်လုပ်ခိုင်းရအောင်ဟာ။ ဦးမင်းကိုက သူ့မိန်းမေ
ဒ်ါတင်ကြည်ကိုပြောလိုက်ခြင်းပါ။ ကောင်းတာပေါ့ ကိုမင်းကိုရယ် ကျုပ်ကလည်း သားသမီးတွေကိုပည
ာတတ်ကြီးတွေဖြစ်စေချင်တာတော့”။ဇင်မောင်တို့ ဇင်အောင်တို့ ညီအစ်ကိုဟာ ကျောင်းတက်ရင်း မိဘ
တွေနဲ့အတူ လယ်လုပ်၊ ပေါင်းခုတ်ခြင်းနဲ့ပဲ ကျောင်းတက်ခဲ့ကြရတာလေ။ “ငါ့သား နောက်နှစ်ဆိုရင်မင်း
က(၁၀)တန်းတက်ရတော့မယ်...အဲတော့ ယာထဲမလိုက်တော့နဲ့ ဇင်အောင်နဲ့ပဲ ငါတို့ယာထဲဆင်းတော့
မယ်။ရပါတယ်အဖေရာ ဇင်အောင်နဲ့ အဖေဖြစ်ပါ့မလား။ ဒီကောင်က နွားထွန်၊ ထယ်ထိုးကျုပ်လောက်
မှမပိုင်နိုင်တာ ။ ကျုပ်အဖေတို့ကိုကူရင်းကျောင်းတက်မှာပေါ့”။ မိဘတွေက ဘယ်လောက်ပဲတားတား
တား သူ့ညီနဲ့ သူမိဘတွေလုပ်ကိုင်နေတာကို မကြည့်ရက်ဘူးတဲ့လေ။ ဒီလိုနဲ့ဆယ်တန်း ကျောင်းတက်
ရမဲ့အချိန်ရောက်လာတာပေါ့။ သားကိုကျောင်းအပ် ပြီး ဦးမင်းကို အိမ်ကိုပြန်ရောက်လာပါတယ်။ “တင်
ကြည်ရာ ငါ့သားလေး တစ်ယောက်ထဲ ထားခဲ့ရတာ စိတ်မချလိုက်တာ ပညာရေးမို့သာ ထားခဲ့ရတယ်။
ပူမနေပါနဲ့တော် ဒီလိုပဲဖြစ်သွားမှာပေါ့...တစ်ခုလိုချင်ရင်တော့ တစ်ခုတော့ပေးဆပ်ရမှာပေါ့။ အေးပါဟ
ာ..။ဒါနဲ့ ဇင်အောင်နဲ့ သွဲ့သွဲ့ရော သူတို့မောင်နှစ်မ ကျောင်းသွားကုန်ပြီလေ နာရီကိုလည်းကြည့်ပါအုံး
(၁၁)နာရီထိုးနေပြီလေ။အမေရော ဘယ်သွားလဲ။ အမေကဥပုသ်စောင့်သွားတယ်တော့။ ငါတို့ကလည်း
လူများအမြင်မှာသာ ပိုက်ဆံရှိတယ်ထင်နေကြတာနော်။ရာသီဥတုကမကောင်း၊သီးနှံတွေကမရ၊ သားသ
မီးတွေကိုကျောင်းထား ၊ လူမှုရေးလုပ်ငန်းတွေလုပ်ရနဲ့ဆိုတော့ မလွယ်ပါဘူးဟာ။ အင်း အဲဒီအကြောင်း
တွေကို တော်ဘယ်သူမှမပြောနဲ့နော် ကိုမင်းကို ရွာထဲကလူတွေက အစကတည်းမှ ကဲ့ရဲ့ခြင်နေကြတာ။
အေးပါဟာ ငါသိပါတယ်”။

ရာသီစက်ဝန်းကလည်း လည်နေလိုက်တာ ဖေဖော်ဝါရိလထဲကိုရောက်လာပြီလေ။ အလယ်တန်းကျော
င်းသူ၊ ကျောင်းသားတွေ ဖြေတဲ့သူကဖြေ၊ ပြီးတဲ့သူကပြီးကုန်ပေမဲ့ ဆယ်တန်းတွေက အခုချိန်ဆို မိုးထဲ
လေထဲရောက်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာတော့ ဦးမင်းကိုက သားကိုလုံးဝကိုမှလိုက်ခွင့်မပေးတော့
ပါဘူး။ ဇင်မောင်ကလည်းကြိုးစားရှာပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့ စာမေးပွဲဖြေဖို့ နှစ်ရက်အလိုမှာတော့
ဇင်မောင်က အသည်းအသန်ဖျားပါတော့တယ်။ မိဘတွေမှာ သားကို ချစ်ရှာလွန်းတော့ တငိုငို၊ တရယ်
ရယ်နဲ့ ပျာယာကိုခတ်နေကြတာပါပဲ။ ဆရာဝန်ကိုခေါ်ပြီး ဆေးကုခိုင်းပါတယ်။ ဆရာဝန်က တစ်ပါတ်ေ
လာက်အနားယူလိုက်ရင်သက်သာသွားမှာပါ။ အခုက ပင်ပန်းတဲ့ဒဏ်တွေကြောင့် ဖြစ်တာပါ။ ဆရာ က
လေးက မနက်ဖြန်ဆို စာမေးပွဲဖြေရတော့မယ်လေ။ ကျွန်တော့်သဘောအရကတော့မဖြေစေချင်ဘူးဗျ
...။ဇင်မောင် ဆရာဝန်ပြောတာတွေကြားပြီး“မဖြစ်ဘူး၊မဖြစ်ဘူး ငါ့မိဘက ရှိလို့ကျောင်းထားရတာမဟု
တ်ဘူး ငါ့အိမ်အကြောင်းငါအသိဆုံး သွားဖြေမှရမယ်”ဆိုပြီး ကောင်းချင်ယောင်၊ သက်သာချင်ယောင်
ဆောင်ပြီး “အမေ ကျုပ်သက်သာသွားပြီ စာမေးပွဲသွားဖြေမယ်။မဖြစ်ပါဘူးကွယ် စာမေးပွဲကျတာ ကိစ္စ
မရှိဘူး ငါ့သားရဲ့ ။ လောကကြီးမှာ အသက်ထက်တန်ဖိုးကြီးတာ ဘာမှမရှိပါဘူးကွယ်”။ဒေါ်တင်ကြည်ငို
ပြီးသားကို တားနေခြင်းပါ။“ဟုတ်ပါပြီအမေရာ မငိုပါနဲ့တော့ မိဘမျက်ရည်တစ်စက် သားသမီးဆင်းရဲတ
စ်သက်တဲ့အမေရဲ့ မငိုနဲ့တော့နော်။ မဟုတ်ပါဘူးငါ့သားရယ် အမေအခုငိုတာသားကိုချစ်လို့ သားတစ်ခု
ခုဖြစ်မှာဆိုးလို့ငိုတာပါ။ သားကမိုက်ရိုင်းဆိုးသွမ်းနေလို့ငိုနေတာမှမဟုတ်တာ အဲဒီတော့ငါ့သားဘာမှမ
ဖြစ်ပါဘူး။ဟုတ်ကဲ့ပါ အမေ”။ အဲဒီနှစ်က ဇင်မောင်ဆယ်တန်းမဖြေလိုက်ရပါ။ နောက်တစ်နှစ်မှာတော့
ဇင်အောင်က(၉)တန်းရောက်လာပြီဆိုတော့ အိမ်မှာလုပ်မဲ့သူကမရှိတော့ ဇင်မောင်က မိဘတွေကိုကူညီ
ရင်း ကျူရှင်တက်လိုက်၊ မအားတဲ့ရက်ဆို ပျက်လိုက်နဲ့ဆယ်တန်းဖြေရတော့ မအောင်ခဲ့ပါဘူး။ ဇင်မော
င်က ပညာပါရမီနည်းခဲ့တယ်လို့ သူ့ကိုယ်သူခံယူပြီး မိဘတွေကဆက်ထားပေမဲ့ ကျောင်းမတက်တော့ပါ
ဘူး။ ရွာသူရွာသားတွေကတော့ အစကတည်းကမှ ကျောင်းထားတာမကြိုက်တာဆိုတော့ ဝေဖန်ပြစ်တ
င်ပြောဆိုကျပါတယ်။ ဦးမင်းကိုကတော့ ဘယ်လောက်ပဲကဲ့ရဲ့ ကဲ့ရဲ့ သူ့တာဝန်က ကျောင်းထားရမဲ့တာဝ
န် သူလိုမပင်ပန်း၊မဆင်းရဲစေချင်တော့ သားသမီးတွေကို ထားတုန်းပါပဲ။“မင်းကိုရာ မင်းမလဲ ဆင်းရဲလို
က်တာ သားသမီးတွေအရွယ်ရောက်နေတာတောင် မနားရသေးဘူး အခုချိန်ထိ လယ်ထဲဆင်းနေရတု
န်းပဲနော်။ ငါဆို ငါ့သားသမီးတွေနဲ့ လွှဲထားလိုက်ပြီ။ မင်းသားသမီးတွေကို ကျောင်းဆက်ထားနေရင်မင်း
ပဲ ပင်ပန်းဆင်းရဲအုံးမှာ ကျောင်းထုတ်ပြီး ခိုင်းစားပါတော့ကွာ။ ဦးမင်းကို မျက်နှာကြီး နီစုတ်လာပြီး ဒီမ
ယ် မောင်ထွန်း ငါ့သားသမီးတွေ ကျောင်းထားလို့ ငါပင်ပန်းဆင်းရဲပြီးသေချင်သေသွားပါစေ ငါဆက်ထ
ားအုံးမှာပဲ” ဦးမင်းကိုစိတ်တိုတိုနဲ့ ပြန်ပြောနေခြင်းပါ။“ အေးပါ မင်းကိုရာ မင်းမကြိုက်ရင်မပြောတော့ပါ
ဘူး ငါကမင်းအတွက်ပြောတာပါ။ အေးပါကွာ ငါနားလည်တယ်။
ဆက်ပါဦးမည်အပိုင်း(၂)မျှော်
ရာဇာ(ကျေးတောသားလေး)
3.3.2011

0 comments:

Post a Comment