ကျီးကန်းတွေကနေရာဒေသတိုင်းမှာရှိနေကြပါလိမ့်မယ်။ကျီးကန်းတွေက တစ်ခါတစ်လေတော့အရမ်းမုန်းဖို့
ကောင်းပါတယ်။တစ်ခါတစ်လေတော့လည်း သူ့ကိုမုန်းတဲ့စိတ်တွေပျောက်ပျောက်သွားမိပါတယ်။ ဘာလို့မုန်
းတာလည်းဆိုရင် ကျီးကန်းကအရမ်းဆိုးတယ်လေ။လူတွေကိုမကြောက်ဘူး...သူတို့လုပ်ချင်ရာကိုလုပ်တ
ယ်။အိမ်မှာဆိုရင်လည်း အစားအသောက်တွေကိုလာလာပြီးချီသွားတက်ပါတယ်။ သူတို့ကိုခြောက်တဲ့အခါ
မှာဆိုရင်လည်း ပမာမခန့်နဲ့လုံးဝကိုမကြောက်တဲ့အကောင်တွေပါ။ ဘာလို့အမုန်းစိတ်တွေပျောက်ရသလဲဆို
ရင်တော့ သူတို့ကအမျိုးချစ်တဲ့အကောင်တွေလည်းဖြစ်၊ကျီးကန်းရဲ့ ခြေထောက်ကဆေးသုံးလည်းဝင်လို့ပါ။
ဘယ်လိုသုံးတယ်ဆိုတာတော့ ကျွန်တော်လည်းမေ့သွားလို့မပြောတက်တော့ပါဘူး။
ကျီးကန်းကဘယ်လောက်တောင်အမျိုးကိုချစ်သလဲဆိုရင် ကျွန်တော်တို့ငယ်ငယ်ကသင်ခဲ့ဖူးတဲ့"ဒေါင်းယေ
ာင်ဆောင်သောကျီး"ဆိုတဲ့ ပုံပြင်လေးကလည်းသက်သေခံနေတယ်လေ။ဒေါင်းလေးတွေကအရမ်းလှတော့
ကျီးတစ်ကောင်ကဒေါင်းအမြီးကိုတပ်ပြီးဒေါင်းတွေနဲ့သွားနေတယ်လေ။ဒေါင်းတွေကသိတော့" ဟယ်အမျိုး
ယုတ် သင်ကကျီးတစ်ကောင်ပဲ ဘာကြောင့်ငါတို့နဲ့လာနေရသလဲ"ဆိုပြီးမောင်းထုတ်ပြီးလိုက်ဆိတ်တော့ေ
ဒါင်းမြီးတွေကျွတ်ကျပြီး သူ့အမျိုးအနွယ်ဖြစ်တဲ့ကျီးတွေဆီပြန်ရောက်လာတာပေါ့။ ကျီးတွေကလည်း"ဟယ်
ကျီးမိုက် သင်က ကိုယ့်အမျိုးအနွယ်ကို အထင်မကြီး၊သူတစ်ပါးအမျိုးကိုမှအထင်ကြီးတတ်တဲ့ကျီးပဲသင့်ကို
အကျွန်ုပ်တို့နဲ့အတူမထားနိုင်ဆိုပြီးမောင်းထုတ်လိုက်ပါတယ်။ အဲဒီပုံပြင်ကိုကြည့်ခြင်းအားဖြင့် ကျီးတွေက
သူ့အမျိုးနွယ်ကိုချစ်ကြောင်းပေါ်လွင်နေပါလိမ့်မယ်။ အမျိုးမချစ်တဲ့ကျီးတစ်ကောင်ပါလာတာတောင်မှခွင့်မ
လွှတ်ပဲမောင်းထုတ်ပြီး အမျိုးသန့်အောင်နေတက်တဲ့ကျီးတွေပါ။အခုကျွန်တော်ပြောပြချင်တာကကျွန်တော်
တို့ရွာမှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးကိုပါ။
အညာဒေသဆိုတော့ပေါလိုက်တဲ့ကျီးတွေကလည်းထုနဲ့ဒေးပေါ့။ကျီးကန်းတွေကို ဂွ(ဘက်ခွ)နဲ့ခြောက်လည်း
သူတို့ကပမာမခန့်နဲ့ ဝေ့၀ဲရှောင်ပြီး ခြောက်တဲ့သူရဲ့ခေါင်းပေါ်ကနေ တအားအားနဲ့ အော်ပြီးအမြင်ကတ်လော
က်အောင်ကိုဝဲပျံပြပါတယ်။ အဲလောက်ဆိုးတော့လည်း လူတွေအမြင်ကတ်တာထူးဆန်းလိမ့်မယ်လို့တော့မ
ထင်မိဘူးပေါ့။ တစ်ရက် ဦးဘမောင်တစ်ယောက် ဘုန်းကြီးဆွမ်းလောင်းဖို့ ဆွမ်းတွေချက်၊ဟင်းတွေချက်ခူး
ခပ်ပြီး စားပွဲပေါ်ကိုတင်ထားပါတယ်။ အဲဒါကိုဘယ်ကနေကြည့်နေမှန်းမသိတဲ့ကျီးတစ်ကောင်က လူလစ်ပြီ
ဆိုတာနဲ့ ဆွမ်းအုပ်ထားတဲ့အုပ်ဆောင်းကိုလှန်ဆွမ်းတွေကိုစား၊ဟင်းခွက်ကိုမှောက်ပစ်ပါတယ်။ ဦးဘမောင်
မြင်တော့ကျီးကန်းကိုခြောက်တာပေါ့။ သူ့ကိုခြောက်မှန်းလည်းသိရော ဦးဘမောင်ရဲ့ဆေးလိပ်ကိုချီပြီးတအာ
းအားအော်ပါတယ်။ဦးဘမောင်စိတ်တွေဆိုးပြီး ခြောက်လို့မနိုင်တဲ့ကျီးကန်းကိုတော်တော်မုန်းသွားပါတယ်။
"ဗျို့ဦးဘမောင်ခင်ဗျားဘာတွေဖြစ်နေတာတုန်းဗျ"... အိမ်နီးနားချင်းဖြစ်တဲ့ ဦးဝင်းကအော်လိုက်ပါတယ်။"
အင်းဗျာ ကျီးတွေအတော်ဆိုးသဗျ...ဆွမ်းဟင်းတွေကိုစားလည်းစား မှောက်လည်းသွားသေးတာဗျ။ သိလို့
ခြောက်ပြန်တော့လည်း ကျုပ်ဆေးလိပ်ကိုတောင်ချီသွားပြီ တအားအားနဲ့ခေါင်းပေါ်ဝဲပြန်ပြီးတော့တောင်ေ
အ်ာသွားသေးတာဗျ။ ဒါများဦးဘမောင်ရာ သူကိုနိုင်တဲ့ဆေးတစ်ခုရှိပါတယ်ဗျ။ ဘာလဲအစာထဲကိုအဆိပ်ထ
ည့်ပြီးသတ်ရမှာလား။ ကုသိုလ်တစ်ပဲ၊ ငရဲတပိဿာဖြစ်နေပါအုံးမယ်ဗျာ။ မဟုတ်ပါဘူး ဦးဘမောင်ရာ သူ့ကို
သတ်စရာကိုမလိုတာ နည်းသိရင်အလွယ်လေးဗျ။ ဟာ..ဒါဆိုလုပ်ပါအုံး င၀င်းရာ ကြာရင်ငါဒီကျီးတွေနဲ့ပဲနှ
လုံးရောဂါရပြီးသေနိုင်တယ်။ ဒီမယ်ဦးဘမောင်ရ ကျီးကန်းလာပြီဆိုတာနဲ့ အဲဒီကျီးကန်းကို မှန်နဲ့သာထိုးပြီး
ကျီးကန်းကမှန်ကိုအရမ်းကြောက်တာ။မှန်ကလာတဲ့အရောင်ကိုလည်းကြောက်တယ်၊ မှန်ကြည့်မိလို့သူ့ရုပ်
ကိုသူပြန်ပြီးမြင်ပြန်ရင်လည်း အရမ်းကြောက်တာဗျ။ကျုပ်ကတော့ အဲဒီနည်းပဲသုံးတယ်ဗျို့။ အေးကွာ...အဲ
ဒါဆိုရင်မနက်ဖြန်ငါစမ်းကြည့်အုံးမယ်။
နောက်တစ်ရက်မှာတော့ဦးဘမောင်လုပ်ရိုးလုပ်စဉ်အတိုင်း ဆွမ်း၊ဟင်းတွေကိုခူးပြီး စားပွဲပေါ်မှာတင်ထား
လိုက်ပါတယ်။ စားနေကြ ကျီးကန်းကအဖော်တွေနဲ့လာတာပေါ့။ ကျီးကန်းစားပွဲပေါ်နားပြီဆိုတာနဲ့ဦးဘမော
င်မှန်နဲ့လှမ်းထိုးလိုက်တာ ကျီးကန်းလည်းလန့်ပြီးပျံသွားတာပေါ့။ ဦးဘမောင်တယ်ဟုတ်သဟဆိုပြီး ဆွမ်းဟ
င်းခွက်နားကိုမှန်တစ်ချက်သွားထောင်ထားလိုက်ပါတယ်။ ကျီးကန်းကလည်း ပြန်ပြီးဆင်းလာတာပေါ့ဗျာ။ဆွ
မ်း၊ခွက်ကိုလှန်ပြီးစားမယ်လည်းလုပ်ရော မှန်ထဲကကိုယ့်ရုပ်ကိုမြင်ပြီး အတင်းပြေးတော့တာပဲ။ အော်လည်း
မအော်နိုင် ၀ဲလည်းမ၀ဲနိုင်တော့ပါဘူး။ အဲဒီအချိန်ကစပြီး ဦးဘမောင်လည်းကျီးကန်းအတွက်နဲ့စိတ်ဆင်းရဲ
တာတွေမဖြစ်တော့ဘူးပေါ့။ တစ်ရွာလုံးအဲဒီနည်းကိုသုံးတော့ကျီးကန်းတွေ လာတယ်ဆိုရင်တောင်သစ်ပင်
ပေါ်ကမဆင်းတော့ပါဘူး။
ကျီးကန်း
တစ်ရက်မှာတော့ ဦးဘမောင်တစ်ယောက် လှည်းပေါ်ကိုထွန်၊ထယ်၊ထမ်းပိုးတုန်းတွေတင်ပြီး တောကိုသွား
ပါတယ်။ တောထဲရောက်ရင်စားဖို့ ထမင်းထုပ်၊ သောက်ရေအိုး၊ ဆေးလိပ်၊ မီးခြစ်စတဲ့ပစ္စည်းတွေပါယူသွား
တာပေါ့။ တောထဲရောက်တာနဲ့ နွားထွန်တော့တာပေါ့။ သူပါလာတဲ့ပစ္စည်းတွေကိုတော့ နေပူမှာဆိုးလို့လှည်
းရဲ့အောက်မှာထားလိုက်ပါတယ်။ တော်တော်လေးအချိန်ရောက်လာတော့ ဦးဘမောင်ရဲ့အချစ်တော်ကိုရွှေ
ကျီးတစ်ကောင်က ရစ်သီရစ်သီနဲ့ ရောက်နေတာကို ဦးဘမောင်မသိလိုက်ပါဘူး။ ခဏနေတော့ စတော့တာ
ပါပဲ ကျီးက ဦးဘမောင်ရဲ့ ထမင်းထုပ်ကိုဖွင့်တော့တာပါပဲ။ ဦးဘမောင်မြင်သွားတော့ ကျီးကိုခြောက်တာပေါ့
...ဒါပေမဲ့မရဘူးလေ ကျီးနိုင်တာဆိုလို့မှန်ပဲရှိတာကိုး။ဦးဘမောင်ကတောကိုလာတာဆိုတော့ မှန်ဘယ်ပါပါ့
မလဲ။ အဲဒါနဲ့ဦးဘမောင်ကဒီလောက်ဆိုးတဲ့ကျီး ထမင်းမစားသေးသ၍တော့လာနေအုံးမှာပဲလို့အကြံရတာနဲ့
ထမင်းကိုစားပစ်လိုက်ပါတယ်။ ကျီးကတော့သစ်ပင်ပေါ်ကနေကြည့်နေတာပေါ့။ စားသောက်ပြီးတော့ ဦးဘ
မောင်က အောင်နိုင်တဲ့အကြည့်နဲ့ ကျီးကန်းကိုကြည့်လိုက်ပါတယ်။ကျီးကန်းလေးကတော့ ငြိမ်လို့ပေါ့။ဒါနဲ့ဦး
မောင် ရေသောက်၊ ဆေးလိပ်သောက်ပြီး နွားဆက်ပြီးထွန်နေလိုက်ပါတယ်။ ခဏနေတော့ကိုရွှေကျီးကန်း
က ထမင်းထုပ်ကိုမွှေပါတယ်၊ သောက်ရေအိုးထဲကို ချီး(ချေး)ပါချတယ်။ ဦးဘမောင်ကမြင်လို့ခြောက်တော့
သစ်ပင်ပေါ်ကိုပြန်တက်ပြီး တအားအားနဲ့အော်ပါတယ်။ ဦးဘမောင်အမြင်ကတ်ပြီး ကျေးကန်းဆင်းအလာ
ကိုစောင့်နေပါတယ်။ ကျီးကန်းကဆင်းလာတော့ ဦးဘမောင်လက်ထဲမှာပါတဲ့ ကျိန်နငံ(နပြာ၊နှင်တံ)နဲ့ရိုက်
လိုက်ပါတယ်။ ကျီးကန်းလည်းရိုက်မိတော့အော်တာပေါ့...အဲဒီအချိန်မှာကျီးတစ်ကောင်ကအဲဒီကျီးအော်သံ
ကြားတဲ့ဆီကိုပျံလာပြီး အရိုက်ခံရထားရတဲ့ကျီးကိုမြင်တော့ ပြန်ပြေးသွားပါတယ်။ ဦးဘမောင်လည်း အော
င်နိုင်သူတို့ရဲ့ဟန်အတိုင်းဆေးလိပ်ထိုင်သောက်နေလိုက်ပါတယ်။ အဲဒီအချိန်မှာ ပျံသွားတဲ့ကျီးတစ်ကောင်
က ကျီးအုပ်ကြီးကိုသွားခေါ်လာတာပါ။ ဦးဘမောင်ကိုဝိုင်းပြီးဆိတ်ပါတယ်။ ဦးဘမောင်လည်း ကျိန်နငံနဲ့ရို
က် ကျီးကန်းတွေကဆိတ်နဲ့ လုံးလည်လိုက်နေပါတယ်။ နောက်ပိုင်းဦးဘမောင်ကျီးအုပ်ကိုမနိုင်တော့ဘူးဆို
တာကိုသိပြီးလှည်းအောက်ကိုဝင်ပြီးပုန်းနေလိုက်ပါတယ်။ အဲတော့မှကျီးကန်းတွေက အရိုက်ခံထားရတဲ့ကျီ
းကန်းကိုချီသွားပါတယ်။ အဲဒီကျမှ ဦးဘမောင်လည်းသက်ပြင်းချနိုင်ပါတယ်။ တစ်ကိုယ်လုံးမှာတော့ကျီးဆိ
တ်ရာအပြည့်နဲ့ပေါ့ဗျာ။ ကိုင်း...ဘယ်လောက်တောင် အမျိုးချစ်တတ်တဲ့ကျီးတွေပါလဲ။သူတို့အမျိုးကိုထိရင်
လုံးဝမခံတတ်တဲ့ကျီးတွေပဲနော်။(စာဖတ်သူ ချစ်ပရိတ်သတ်ကြီးလည်း ကျီးတွေလိုပဲ ကိုယ့်အမျိုးကိုချစ်နိုင်
ကြပါစေဗျာ။)
(ဒီပို့စ်ကလေးကိုဖတ်လိုက်လို့ စာဖတ်သူတွေရဲ့ရင်ထဲမှာ သုတ၊ရသနှစ်မျိုးထဲက တစ်မျိုးလောက်ရသွားမယ်
ဆိုရင်ကိုအပျော်ဆုံးလူက ကျွန်တော်ပဲဖြစ်မှာပါ။)
အဆိုးအကောင်း၊အကျိုးအကြောင်းလေးတွေကိုအကြံပြုချင်တယ်ဆိုရင်တော့ စီဘောက်(သို့)ကွန်မန့်မှာ
အော်သွားကြပါအုံးဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်........................
ရာဇာ(ကျေးတောသားလေး)
7.3.2011
2 comments:
အင်း.....ဒီကျီးတွေသာ ဘကျောက်တ်ု့ဆီ ရောက်လာရင် ဘယ်လောက်များ အခွင့်အရေးယူကြမလဲမသိဘူး..
ဘကျောက်တို့ဆီမှာက သက်ရှိသတ္တဝါတွေကို နာကျင်အောင် ထိခိုက်အောင် သတ်ဖြတ်တာမျိုးမလုပ်ရတော့ တိရစ္ဆာန်တွေအကုန်လုံးက အန္တရာယ်မရှိနှန်းသိနေတော့ လူတွေကို အရေးက်ုမစိုက်ဘူး..ကားလမ်းပေါ် လိပ်တကောင်ဖြတ်သွားလဲ ကားတွေက စိတ်ရှည်လက်ရှည်စောင့်ပေးရတာ
အင်း ကျီးကန်းတွေ ကိုကျောက်တို့ဆီမလာအောင် တားပေးထားမယ်ဗျာ။
Post a Comment