ဒီတစ်ခါတော့ ငရုတ်ပင် အမျိုးမျိုး အကြောင်းကို ရှင်းပြမယ်နော်..။ငရုတ်သီးက ဟင်းချက်တဲ့နေရာမှာ
အသုံးဝင်တယ်လေ.။ထမင်းစားတဲ့အခါမှာ အချိုပါတော့ ၊ အချဉ်ပါမှ..၊ အချဉ်ပါတော့ အငံပါမှ၊ အငံပါေ
တာ့ အစပ်ပါမှလို့ ပြောတတ်ကြတယ်လေ။ ကျွန်တော်ကတော့ ငရုတ်တောမှာ မွေးခဲ့လို့လားတော့မသိ
ပါဘူး...ငရုတ်သီး မပါရင် ထမင်းမစားတတ်ဘူးဗျ...:)
ငရုတ်သီးက အမျိုးအစားတွေ အများကြီးရှိပါတယ်...။ တောင့်ပွသီး၊ တောင့်ရှည်သီး၊ မိုးမျှော်သီး၊ ကုလ
ားအော်သီး အစရှိတဲ့ ဟာတွေပေါ့...။ ငရုတ်သီး ကဒေသတော်တော် များများမှာ ထွက်ပါတယ်။ ကျော
က်ဆည် နယ်ဘက်က ထွက်တဲ့ ငရုတ်သီးက မစပ်ပါဘူး...။ ဒါပေမယ့် အရမ်းပူတယ်နော်...။ အဲလိုမျိုး
ပဲ မန္တလေး စက်မှုဘက်က ရောင်းတဲ့ ငရုတ်သီးတွေကလည်း မစပ်ဘူး.. သူကလည်း ပူတာဗျ...။ အဲဒီ
ငရုတ်တွေက မိုးမျှော်သီး တွေပါ... အတောင့်လေးတွေက သေးပြီး ပူတာလေ...။
ကုလားအော်သီးကတော့ မိုးမျှော်သီးထက်ကို ပိုပြီး သေးပါသေးတယ်...။ သူကတော့ စပ်တယ်နော်...။
အဲဒီ အသေးလေးတွေက ငါးပိနဲ့ ထောင်းစားရင် ပိုကောင်းပါတယ်။ အတောင့်သေးတော့ ထောင်းရတ
ာလဲ အဆင်ပြေတယ်လေ...။ တောင့်ပွသီးကတော့ ကျွန်တော် တို့ အညာဒေသမှာ မစိုက်ဘူးဗျို့...
ရွာမှာစိုက်တဲ့အပင်မျိုး
ငရုတ်သီး
ကျွန်တော်တို့ အညာဒေသမှာ စိုက်ပျိုးတဲ့ ငရုတ်ပင်ကတော့ တောင့်ရှည်မျိုးပေါ့...။ ငရုတ်ပင် တစ်ပင်
ဖြစ်ထွန်းဖို့ လှုပ်ရတာ တော်တော်လေး လက်ဝင်ပါတယ်...။
ငရုတ်ပင်ကို ပထမဆုံး အစေ့ကို ပျိုးရတာပါ...။ ပျိုးတဲ့ အချိန်ကတော့ နယုန်လလောက်မှာပါ..။ ပျိုးရ
တာက ဒီလိုလေးပါ...။ ပထမဆုံး ငရုတ်ပျိုးမဲ့ နေရာမှာ မြက်ပင်တွေ မရှိအောင် ထွန်ရေးကို နုညပ်နေ
အောင် သေချာ တကူးတက လုပ်ထားရတာပါ...။ အဲလို မြေကြီးက ပျိုးလို့ ရတဲ့ အခြေအနေမှာဆိုရင်
တော့ မြေကြီးကို ဘောင်ခတ်ရပါတယ်...။ ရေလောင်းလို့ အလှမ်းမှီသလောက်ပေါ့... တစ်ဘောင်ကို
တစ်တောင်ခွဲ လောက်ပေါ့...။ အဲလို ဘောင်ခတ်ပြီးပြီဆိုရင်တော့ မျိုးစေ့ ပျိုးရပါတယ်။ ရေရှိမှ ပျိုးလို့ရ
ာဆိုတော့ ရေတွင်းက တူးထားရတာလေ...။ အဲဒီ ရေတွင်းက ရေကို ရေပုန်းနဲ့ လောင်းပေးရပါတယ်...
အဲဒီ ငရုတ်စေ့ပျိုးတဲ့ အချိန်မှာပဲ ဘောင်ဘေးတွေကို ချဉ်ပေါင်စေ့၊ နံနံစေ့၊ ခရမ်းခေါင်းစေ့၊ ခရမ်းချဉ်ေ
စ့ စတဲ့ မျိုးစေ့တွေကို တစ်ခါထဲ ပျိုးကျပါတယ်။
ငရုတ်ပျိုးတာက ဘလိုင်း ပျိုးတာတော့ မဟုတ်ဘူးဗျ...။ တောင်သူဦးကြီးတွေက မိုးနဲ့ ချိန်ကိုက်ပြီး ပျိုး
တာလေ...။ အဲဒီ တွက်နည်းက မေ့သွားပြီဗျာ... အဖေကတော့ ပြောပြဖူးတယ်..။ ငရုတ်ပင်လေးတွေ
အရွယ် ရောက်လာပြီဆိုရင်တော့ ခဏက ပျိုးထားတဲ့ အပင်လေးတွေကလည်း အရွယ်ရောက်လာတယ်
လေ...။ နံနံပင်ဆို အမုန်းစားရတာ။ အဲဒီ အပင်တွေနဲ့ အတူ ပေါင်းပင်မျိုး ပေါက်တာက မြူပင်တွေလည်
း ပေါက်တတ်တယ်၊ တောမြင်းခွါပင်၊ ဟင်းကလုန်းပင်၊ ဟင်းညိုနထောင်းပင် စတဲ့ အပင်တွေပေါက်တ
ယ်...။ အဲဒီ အပင်တွေက အားလုံးစားရတယ်ဗျ...။ စားလို့ကောင်းတဲ့ ဟာကြည့်ပဲဗျ...။
မိုးရွာပြီဆိုရင်တော့ ငရုတ်စိုက်ဖို့ ရွာထဲ လူလျှောက်ခေါ်ရတာဗျ...။ မိုးရွာတာနဲ့ အားလုံးစိုက်ပျိုးကြတာ
ဆိုတော့ တစ်ခါတစ်လေ လူမရဘူးလေ...။ အဲလိုမျိုးဆိုရင်တော့ တစ်ခြားရွာက လူတွေကို သွားခေါ်ရ
တာပေါ့...။ အိမ်မှာ ရှိတဲ့ လူတိုင်းလည်း ငရုတ်စိုက်၊ ငရုတ်ပျိုးနုတ် အားလုံး လုပ်ရတာဗျို့...။ ငရုတ်ပျို
း နှုတ်ပြီးပြီဆိုရင်တော့ ရေအိုင် ရှိတဲ့ဆီကိုသယ်သွား အမြစ် တွေကိုကတ်ကြေးနဲ့ဖြတ်၊ အပေါ်က အရွ
က်တွေကိုလည်း ကတ်ကြေးနဲ့ ဖြတ်ရပါတယ်။ အဲဒီ အချိန်မှာတော့ ခရမ်းချဉ်ပင်တွေရော၊ ခရမ်းခေါင်း
ပင်တွေရော ရောနှုတ်ရတာလေ။
အားလုံးပြီးပြီဆိုရင်တော့ ငရုတ်စိုက်ရတော့တာပဲဗျို့...။ ဗွက်တွေထဲ စိုက်ရတာဆိုတော့ လက်ကိုဗွက်
တွေက အရမ်းကပ်တယ်.. အဲတော့ ဗွက်ခါရတာကလည်း တစ်လုပ်ပဲဗျို့...။ အိမ်ကလူတွေကတော့ င
ရုတ်စိုက် ငှားထားတဲ့ လူတွေဖို့ ထမင်းဟင်းတွေ ချက်ရ၊ပြုတ်ရတာလည်း မသက်သာလှပေဘူးဗျို့...။
ငရုတ် တစ်ရက်စိုက်ရင် လူက (၂၀)ကျော်(၂၅) လောက် ရှိတာလေ...အဲဒီလူတွေအတွက် ချက်ရတာ
လည်း မလွယ်လှဘူးဗျို့...။ ငရုတ်စိုက်ပြီးတဲ့ နောက်ရက်ဆိုရင်တော့ ဗွက်တောထဲ ရုန်းရတာရော၊ ဗွက်
ခါထားရတာတွေကြောင့် တစ်ကိုယ်လုံး ရိုက်ထားသလို နာနေတတ်ပါသေးတယ်...။
ငရုတ်တောင့်ရှည်
ငရုတ်တောင့်ပွ
မိုးမျှော်သီး
ငရုတ်သီး လှမ်းနေပုံ( From GG)
ငရုတ်ပင်တွေ ဖြစ်လာပြီဆိုရင်တော့ ပေါင်းနှုတ်ပေးရတယ်၊ ပေါက်တူးပေါက်ရတယ်၊ ထွန်နဲ့ မှုန်းပေးရ
တယ်၊ ဂေါက်လိုက်ပေးရတယ် အစုံလုပ်ရတာပါဗျာ...။ အဲဒီ အချိန်ဆိုရင်တော့ ဟင်းသီး ဟင်းရွက်က
အမုန်းစားရုံပဲဗျို့...။ ပီလောရွက်ကို ဟင်းချိုချက်သောက်မလား၊ တာလဘောရွက်ကို ကြော်စားမလား၊
တောမြင်းခွါရွက်ကို သုပ်စားမလား၊ ချဉ်ပေါင်ရွက်ဆိုတာကတော့ မြင်ရုံနဲ့တင် သွားကျိန်းတယ်...။ ငရု
တ်ပင် သီးတဲ့ အရွယ် ရောက်ပြီဆိုရင်တော့ ငရုတ်သီးစိမ်းစားရတယ်၊ ခရမ်းချဉ်သီးတွေလည်း သီးလာ
ပြီ ၊ ခရမ်းခေါင်းသီးတွေလည်း သီးလာပြီ၊ ဗူးသီး၊ ခ၀ဲသီး၊ ဖရုံသီး၊ ပဲ ဆိုတာကတော့ အမျိုးမျိုးပဲဗျို့...
အဲဒီ အသီးအနှံတွေကိုပဲ ချက်ပြုတ်စားနေရုံပဲလေ..။ နောက်ပြီး ငရုတ်ခင်းထဲမှာ စိုက်ထားတဲ့ ပြောင်းဖူ
းတွေကိုလည်း ကြော်စားမလား၊ ပြုတ်စားမလား၊ ဖုတ်စားမလား၊ သုပ်စားမလား စားချင်ရာ စားပေတေ
ာ့ဗျို့...။ ပင်စိမ်းရွက် ဆိုတာကလည်း တစ်ပင်တစ်ပင်ကို လူ့ခါးစောင်းကြော်တယ်... မနိုင်လို့ သတ်တေ
ာင်ပစ်ရတယ်... အဲလိုပေါတာ...။ ဟင်းကလုန်းရွက်ဆိုတာကလည်း ပေါမှပေါ...။ ရွာက အမတစ်ယော
က်ဆို ပြောပါတယ်... ဟင်းကလုန်းပေါလွန်းလို့ နေ့ဟင်းကလုန်း၊ ညဟင်းကလုန်းတဲ့လေ... သူတို့စား
တာကို ပြောတာပါ...။ ဟင်းချို နားထောင်းရွက်ဆိုရင်လည်း ခူးလာပြီး ပြုတ် သုပ်စားရုံပဲ...။ ဟင်းဂလာ
ပင်ဆိုတာကလည်း ပေါဗျာ... အချဉ်တည်စားရုံပဲ...။
တစ်ခါတစ်လေဆို ဆီးပင်တွေအောက်မှာ မှိုနီကျင်း တွေတောင် တွေ့ရသေးတယ်။ မှိုရလာပြီဆိုရင်တေ
ာ့ ပင်စိမ်းရွက်လေးအုပ်ပြီး ချက်စားရင် အရမ်းကောင်းတာလေ...။ ပဲသီးဆိုရင်လည်း ပဲထောပတ် ဖြူ၊ နီ
..ပဲကြား ၊ နွေပဲသီး ၊ ပဲကြီး ပေါဗျာ...။ တောထဲ အလုပ်သွားလုပ်ပြီဆိုရင် အိမ်ကနေ ထမင်းထုပ်သွား၊ဟို
ရောက်ရင် ငရုတ်သီးစိမ်းလေးဆွတ်၊ နံနံရွက်လေးခူး၊ ကြက်သွန် ရေစီတံလေး ချိုး ပြီး တို့စားတာပဲဗျာ..
အရမ်းကောင်းတယ် လတ်လည်း လတ်ဆတ်တော့လေ...။
ကုလားချဉ်ပေါင်ပင်တွေ ကြီးလာပြီဆိုရင်တော့ ခူးပြီး သုပ်စားဗျာ.. ကောင်းတယ်...။ ရေးရမယ်ဆိုရင်ေ
တာ့ ကုန်ကို မကုန်ပါဘူး...။အဲဒါကြောင့် စားစရာပင်လေးတွေကို ဒီမှာဖြတ်လိုက်အုံးမယ်...။
ငရုတ်သီးတွေ မှည့်ပြီဆိုရင်တော့ လူတွေ ငှားပြီးဆွတ်ရတာလေ... ငရုတ်သီးတွေဆိုတာ တစ်ရွာလုံးမှာ
ရဲနေတာပဲ... အိမ်တိုင်းအိမ်တိုင်း ငရုတ်ခြံကြီးတွေနဲ့ပေါ့ဗျာ...။ အဲဒီ အချိန်မှာဆို မုန့်သည်တွေကလည်း
ပေါမှပေါ...။ အိမ်မှာရော တောမှာရောလေ...။ တောင်းတဲ့ သူတွေ ဆိုတာကလည်း ရှောင်လို့တောင်မ
လွတ်လောက်အောင်ပါပဲ...။ဘယ်က လူတွေ လာပြီး တောင်းတာတုန်းတော့မသိပါဘူး.. သူတို့က ရွာဦး
ဇရပ်မှာ တည်းပြီး နေကြတာလေ...။ သူတို့အချင်းချင်းကြ ငွေတိုးပေးသတဲ့ဗျာ...။ မဖြစ်သင့်ဘူးထင်တ
ယ်နော်...။
မုန့်သည်တွေကတော့ မုန့်ဟင်းခါးလက်သုပ်၊ ခေါက်ဆွဲသုပ်၊ တို့ဟူးသုပ်၊ အကြော်သည်တွေ၊ ထန်းလျက်
ရည်စိမ်သည်တွေ၊ မုန့်အောင်းသည်တွေ ၊ မုန့်ခြောက်မျိုးစုံ အသည်တွေ၊ ခေါပုတ်သည်တွေ၊ ငရုတ်ပေါ်
ပေးလာတဲ့ အ၀တ်အထည်သည်တွေ ... အိုး... အစုံပါပဲဗျာ...။အဲဒီ အချိန်ပဲ ဈေးသည်တွေပေါတာလေ..
ငရုတ်သီးတွေကိုတော့ အမျိုးမျိုးဝယ်ကြတာလေ... ဆုပ်ပိန်ကို ၀ယ်တာရှိတယ်၊ အဆိုကို ၀ယ်တာရှိတ
ယ်၊ သွင်သွင်ခြောက်(ခြောက်ရွားနေတဲ့ဟာ) ကိုဝယ်တဲ့ဟာရှိတယ်၊ ဖလံကြား ၀ယ်တဲ့သူရှိတယ်... အဲ
လို အသည်တွေကလည်း ပေါလိုက်တာ... ပွဲစားတွေပေါ့...။ အဲလို အချိန်မှာဆိုရင်တော့ ရွှေတွေဝယ်ကျ
၊ သွပ်တွေဝယ်ကျ အစုံပါပဲ လိုအပ်တာတွေ ၀ယ်ကြတာပေါ့ဗျာ...။ ကတ်စက် သံတွေဆိုရင်လည်း ဆူညံ
နေတာပဲ... သွပ်တွေဆိုလည်း တဖွေးဖွေးနဲ့ပေါ့...။ တောင်သူတွေ ချောင်လည်တာပေါ့ဗျာ...
အဲဒီ အချိန်လေးတွေကို အရမ်းလွမ်းတယ်ဗျာ...။ ကျွန်တော်ဆို အိမ်မက် မက်ရင်တောင် ယာခင်းထဲကို
ပြန်ပြန်ရောက်နေတတ်တယ်။ ငရုတ်တွေ စိုက်နေတတ်တယ်... မြက်ရိတ်သွား နေတတ်တယ်...
အဲလောက်တောင် ရွာကို စွဲနေတာလေ...။ ကျွန်တော် သူဌေးဇာတာ မပါဘူးနဲ့ တူတယ်ဗျ...:((
(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်.....
ရာဇာ(ကျေးတောသားလေး)
28.3.2011
6 comments:
ငရုတ်အကြောင်းဗဟုသုတလဲရပါတယ်..ငရုတ် (ကုလားအော် )ကိုလဖက်သုပ်ပြီး
ကိုက်စားတာအကြိုက်ဆုံး....
အစ်ကိုဆီကိုလာလည်ရတာ တယ်လည်း ဗဟုသုတ ရသကိုးအစ်ကိုရ။ ငရုတ်သီးတော့ ကြိုက်လည်း ကြိုက်တယ်။ ကြောက်လည်းကြောက်တယ်ဗျာ။
ဗဟုသုတ လေးတွေအတွက် ကျေးဇူးပါ..
ကောင်းသောနေ့လေးဖြစ်ပါစေ။
ငရုတ်သီးပို့စ်ဖတ်ရတာ လူတောင် ငရုတ်နံ့ မွှန်သွားသလိုပဲ.. :)
နောက်တာ.. ငရုတ်ပွသီးအစိမ်းတွေကို ငါးပိ၊ ပုစွန်ခြောက်နဲ့ ချက်စားတာတော့ ကြိုက်တယ်.. ကျန်တာတော့ မစားဘူး.. စပ်လို့.. :)
very nice post. Interesting and lovely !
လာလည်သူ အားလုံး ကျေးလက်သားလေးက
ကျေးဇူး အထူးတင်ပါတယ်ဗျာ...။
Post a Comment