အခုချိန်ဆို မြို့တိုင်း၊ ရွာတိုင်းမှာ သင်္ကြန်ဒိုး နဲ့ တူးပို့ ၊တူးပို့ အသံလေးတွေ ကြားနေရလောက်ပြီ ထင်တ
ယ်။ ပိတောက် နဲ့ ငုတွေရော အပြိုင်အဆိုင် ပွင့်နေကြပြီလား... ရွာကလူတွေရော သင်္ကြန်ရောက်တော့
မှာဆိုပြီး သက်ကြီးပူဇော်ပွဲအတွက် ပြင်ဆင်နေကြပြီလား၊ မြို့အရပ်မှာ သွားနေကြတဲ့ ရွာကလူတွေရေ
ာ ရွာသင်္ကြန်ကို ပြန်လာကြပြီလား...။
“သောကြာ၊ သောကြာ၊ ဟသောကြာ” သုံးခွန်းလောက် ခေါ်လိုက်မှ သောကြာတစ်ယောက် အတွေးစ
တို့ ပြတ်သွားပြီး အူကြောင်ကြောင်လေး ကြည့်နေလိုက်ပါသည်။
“ဘာကြည့်နေတာလဲ သောကြာ မင်းကို ငါခေါ်နေတာ ကြာပြီလေ။ မင်း စိတ်နဲ့ ကိုယ်မကပ်ဘူးလား”
ကျော်ပိုင် မေးလိုက်ပါသည်။
“ကျော်ပိုင်...မင်းက အခုမှ ဒီကိုရောက်တာဆိုတော့ သူ့အကြောင်းကို ဘယ်သိသေးမလဲ။ ဒီကောင်ကအဲ
လိုပဲ သင်္ကြန် နီးပြီဆိုရင် ဒီလိုဖြစ်နေကြကွ။ ငါကတော့ သူနဲ့ နေလာတာကြာပြီဆိုတော့ သူဒီလို ဖြစ်တ
ာ ရိုးသလိုတောင် ဖြစ်နေပါပြီကွာ..” သောကြာရဲ့ သူငယ်ချင်း ဖိုးတရုတ် ပြောလိုက်ပါသည်။
“ကိုဖိုးတရုတ်က သောကြာအကြောင်းတွေသိတယ်ပေါ့...”
“အဲလိုတော့ မသိဘူးကွ... သင်္ကြန်နီးရင် သူဒီလိုဖြစ်တတ်တာကိုပဲ သိတာ”
“ကိုဖိုးတရုတ်ကတော့ ဟုတ်မလိုလိုနဲ့ အဖျားရှုးသွားပြန်ပြီ”
ကိုဖိုးတရုတ်နဲ့ ကျော်ပိုင်တို့ နှစ်ယောက် လေပန်း နေကြခြင်းဖြစ်ပါသည်။
“နားငြီးတယ်ကွာ...အာရုံနောက်တယ်.. ဖီလင်အောက်တယ်” သောကြာ ထအော်လိုက်ပါသည်။
“နေပါအုံး သောကြာရ မင်းဘာဖြစ်နေတာတုန်း သူများတွေက သင်္ကြန်နားနီးရင် သင်္ကြန်ပိုးရှိလို့ က-ချင်
ခုန်ချင်၊ ပျော်ချင်ပါးချင် ကြတာ မင်းကတော့ အဲလိုမဟုတ်ဘူး... သင်္ကြန်ရောက်ပြီဆိုရင်ကို မှိုင်တိ မှိုင်
တိုင်နဲ့ ငါတို့ကို ရင်ဖွင့်ပါလားကွာ။ မင်းလည်း သက်သာရာ ရတာပေါ့”။
ကျော်ပိုင်တစ်ယောက် သောကြာကို ကြည့်ပြီး မျှဝေခံစားဖို့ ပြောလိုက်ပါသည်။
“အဲလို ခံစားရတာမျိုးမဟုတ်ပါဘူးကွာ။ သင်္ကြန်ကို လွမ်းတယ်ဆိုရုံလေးပါပဲ.. ငါတို့ ရွာသင်္ကြန်လေးကို
လွမ်းတယ်ကွာ..” သောကြာတစ်ယောက် ကျော်ပိုင်ကို ပြန်ပြောလိုက်ပါသည်။
“ဒါဆိုလည်း ရွာသင်္ကြန် အကြောင်းလေး လုပ်စမ်းပါအုံးကွ ဗဟုသုတပေါ့”။
“အေး..ငါပြောပြပါမယ်..ဒါပေမယ့် ရွာသင်္ကြန်ဆိုတာမျိုးက အပျော်တွေတော့ သိပ်မရှိဘူးကွ။ ဒါပေမယ့်
ကိုယ့်အရပ် နဲ့ ကိုယ့်ဇာတ်ပေါ့ကွာ” ဆိုပြီး ရွာသင်္ကြန် အကြောင်းကို အစချီလို့ သောကြာတစ်ယောက်ေ
ပြာပြပါတော့သည်။
*****************************************************************************
“ငါတို့ရွာတွေမှာ အခုလို ချိန်မျိုးဆိုရင် ကတ်စက် ရှိတဲ့အိမ်တိုင်းက သင်္ကြန်သီချင်းတွေကို မြိုင်နေအော
င်ဖွင့်ကြသလို ထီသည်တွေလည်း ဖွင့်တာပဲကွ။ အဲဒီ သီချင်းလေးတွေ ကြားလိုက်ရရင် သင်္ကြန်ရောက်တော့မယ်ဆိုတဲ့ အသိစိတ်တွေကြောင့် ကလေး၊ လူကြီး ပျော်ရွှင်မဆုံး တပြုံးပြုံးတွေ ဖြစ်နေကြပြီလေ”။
“အဲဒီအချိန်ရောက်ရင် သက်ကြီးပူဇော်ပွဲအတွက် အလှူခံဌာန တွေလုပ်တယ်လေ။အလှူခံဌာန ဆိုလို့ကြီး
ကြီးကျယ်ကျယ်တော့မဟုတ်ဘူးကွ။ ဓါတ်စက် ရှိတဲ့အိမ်ကနေ အလှူခံ တယ်ဆိုတာကို ကြေငြာလိုက်တ
ာပဲကွ။ သူကြေငြာတာက ဒီလိုလေးကွ”---
“ပိတောက်မြိုင်ကျေးရွာ အတွင်းမှာ ရှိကြတဲ့ ကျေးရွာသူ၊ ကျေးရွာသား အပေါင်းတို့ခင်ဗျား... သက်ကြီးပူ
ဇော်ပွဲ အတွက် အလှူခံ ဌာန ဖွင့်လှစ်ပါပြီ။ ကျေးရွာသူ ၊ ကျေးရွာသားတို့ အနေနဲ့ သဒ္ဓါတက်အား၊ နည်း
များမဆို လာရောက်လှူဒါန်းနိုင်ပြီဆိုတဲ့အကြောင်း ကိုရောင်စိန်+ ဒေါ်ကလေးမ တို့အိမ်ဂေဟာမှ ကြေငြ
ာ အပ်ပါတယ်ခင်ဗျား”။
“အဲလို အော်လိုက်ပြီဆိုတာနဲ့ သူ့ထက်ငါ လှူတော့တာပဲလေ။ လှူတယ်ဆိုတာက ပိုက်ဆံတင် မဟုတ်ပါ
ဘူး.. ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ အချိုရည်ဗူး၊ တဘက် စတဲ့ဟာတွေလည်း လှူကြတယ်ကွ” ။ သောကြာတ
စ်ယောက် ရွာသင်္ကြန်အကြောင်းကို မမောနိုင် မပန်းနိုင်နဲ့ စကားတွေဖောင်ဖွဲ့နေပါသည်။
“ဟာ..သောကြာ ဒါဆို အလှူခံတဲ့ ပိုက်ဆံတွေကိုရော ဘာလုပ်တာတုန်း ပြောအုံးကွ.. မင်းကတန်းလန်း
ကြီး ငါကသိချင်လှပြီ..”။ ကိုဖိုးတရုတ်က အငန်းမရ မေးလိုက်ပါသည်။
“ဖြေမှာပါ ဖိုးတရုတ်ရာ.. နည်းနည်းမောသွားလို့ တံတွေးလေး မြိုချနေတာပါ၊ ခင်ဗျားနယ် လောရန်ကော
ဗျာ...”။
“အဲလိုတော့ မပြောနဲ့လေ သောကြာရာ ငါတို့က စိတ်ဝင်စားတာကိုးကွ...” ကျော်ပိုင် ၀င်ပြောလိုက်ပြန်ပါ
သည်။
“အေးပါကွာ..ဟုတ်ပါပြီ..။ အလှူခံလို့ရတဲ့ ပိုက်ဆံတွေကိုတော့ ငှက်ပြော၊ အုန်း၊ အ၀တ်အထည်တွေ၊ဆေ
းတွေ၊ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်တာပေါ့။ ကျန်တဲ့ ပိုက်ဆံကိုတော့ ဒီတိုင်းပဲ ဝေပုံကျနဲ့ ထည့်လိုက်
တာလေ”။
“ အသက်ကြီးတဲ့ အဘိုး၊ အဘွားတွေက ဘယ်အရွယ်တွေတုန်း”ဖိုးတရုတ် သိချင်ဇောဖြင့် မေးလိုက်ပြန်
ပါသည်။
“အသက် (၈၀)ပြည့်မှ သက်ကြီးပူဇော်ပွဲ မှာ ပါတာလေ”။
“သြော်...မဆိုးဘူးနော်.. ပျော်စရာလေးပဲ မင်းတို့ရွာက” ကျော်ပိုင်ထပ်ပြောလိုက်ပြန်ပါသည်။
“မင်းတို့ မြို့တွေလိုတော့ မဟုတ်ဘူးပေါ့ကွာ” ဆိုပြီး သုံးယောက်သား ပြိုင်တူ ရယ်လိုက်ကြပါသည်။
*****************************************************************************
လေလေးတစ်ချက်က သိမ့်ခနဲ တိုက်လိုက်ပြီး မိုးပေါက်လေးတွေလည်း ပါလာပါသည်။ ခဏနေတော့ မိုး
က တလဟော ရွာသွန်းဖြိုးလာပါသည်။
“ကျော်ပိုင်နဲ့ တရုတ် ” သောကြာ အော်လိုက်ပါသည်။
“ဘာလဲကွ..ပြောလေ ” ဆိုတဲ့ အမူအရာ လေးတွေနဲ့ ကျော်ပိုင်တို့နှစ်ယောက် မေးလေးငေါ့ပြလိုက်ပါသ
ည်။
“အခု ဒီနိုင်ငံမှာ ရွာတဲ့ မိုးလေးများ တို့နိုင်ငံ သွားရွာရင် သိပ်ကောင်းမှာပဲနော်။ သင်္ကြန် မိုးကြိုလေး ရွာလို
ရင်လေ သစ်ပင်တွေ အားလုံးလည်း စိမ်းမြပြီးပြီး ပိတောက်ပန်းလေးတွေလည်း ပွင့်မှာကွ”။
“ မင်းက အခုထိ မင်းရွာသင်္ကြန်ကြောင်း စဉ်းစားနေတာလား”။ ဖိုးတရုတ် မေးလိုက်ပြန်ပါသည်။ ကျော်ပို
င်ကတော့ သောကြာ ဘာဆက်ပြောမယ်ဆိုတာကို နားလေးစွင့်ပြီး နေလိုက်ပါသည်။
“ဒီလိုကွ တို့ရွာသင်္ကြန်က ပျော်ဖို့တော့ကောင်းတယ်သိလား၊ သင်္ကြန်ရောက်ရင်လေ မြို့မှာနေတဲ့ ရွာက
လူတွေ အားလုံးက ကိုယ့်ရွာကို ပြန်လာကြတာကွ။ မြို့သင်္ကြန်ကို မလည်ကြဘူး။ သူတို့တွေလည်း ရွာကို
ပြန်ပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာပေါ့ကွာ”။
“ဘယ်လို ကုသိုလ်ကောင်းမှုတွေလုပ်တာတုန်း...ပြောပါအုံးဟ” ပရိတ်သတ်နှစ်ယောက် တောင်းဆိုလိုက်
ပြန်ပါသည်။
“ကုသိုလ် ကောင်းမှုဆိုတာကတော့ အစုံပေါ့ကွာ။ ရေလှူတာတွေ ရှိတယ်၊ သင်္ကြန်ရက်တွေမှာ သက်ကြီး
ရွယ်အိုတွေ အိမ်ကို ရေတွေလိုက်ဖြည့်ပေးတယ်။ ခေါင်းလျှော်ရည် ပြုတ်တွေ လုပ်ပြီး ရေစက်ရှိတဲ့အိ
မ်တွေမှာ သွားထားပေးတယ်။ ဥပုဉ် သတင်းသီလတွေ စောက်တည်ကြတယ်။ အို..အစုံပါပဲကွာ။
သင်္ကြန်အကြိုနေ့ ရောက်ရင်တော့ တမာပန်း ၊ သီးညွန့်၊ ဂျောင်ဂျမ်းညွန့်၊ အညွန့်ပေါင်းစုံ နဲ့ အတာအိုးလေ
းတွေထဲ ထည့်ပြီး ဘုရားကို ပန်းကပ်လှူကြတယ်ကွ။ ယိုတွေလည်း ထိုးကြသေးတယ်လေ။ ဆီးယို၊ ဖရုံယို
၊ကျောက်ဖရုံယိုတို့ပေါ့...။ မုန့်တွေလည်း ကြော်သေးတာဗျ...။ ဆွမ်းကြီးလောင်းဖို့လေ...။ နှစ်ဆန်းတစ်ရ
က်နေ့မှာ ရွာနားက ဘုန်းကြီးကျောင်းတွေကို ပင့်ပြီး ဆွမ်းလောင်းတာလေ။ ဘေးနားက ရွာတွေကလည်း
ကုသိုလ်လိုချင်တော့ လာပြီးလောင်းတာတွေလည်းရှိတယ်ကွ။ ဆွမ်းကြီးလောင်းတဲ့ ၀ိုင်းထဲမှာပဲ ဆွမ်းတ
ရားနာကြတယ်။ ပြီးရင်တော့ သက်ကြီးပူဇော်ပွဲ ဆက်လုပ်တာပေါ့ကွာ”။
“ဟာ ရွာလေးသာဖြစ်တာ စုံသကိုးကွ” ဖိုးတရုတ် ကောင်းချီးထောပနာပေးလိုက်ပါသည်။
“ အဲဒါတင်မကဘူးလေ လမ်းစုံ လမ်းဂွတွေမှာလည်း မုန့်လုံးရေပေါ်တွေလုပ်ပြီး လာတဲ့သူတိုင်းကို ကျွေး
သေးတာကွ။ ဘုန်းကြီးကျောင်းတွေမှာဆိုရင်လည်း သင်္ကြန်ရက်တွေတိုင်းမှာ ဥပုသ်သည်တွေကလည်းအ
ပြည့်၊ စားစရာ၊သောက်စရာတွေကလည်း ပေါမှပေါကွာ”။
“အေးကွာ...ငါမျက်လုံးထဲမှာ မြင်ယောင်နေတယ်...ပျော်စရာလေးပဲကွနော်...။ မြို့အရပ်ဒေသတွေကေ
တာ့ အပျော်ပဲ များတာပါကွာ”။ မြို့သား ကျော်ပိုင် ယှဉ်ပြောနေခြင်းဖြစ်ပါသည်။
“အေး..ပျော်စရာတစ်ခုရှိသေးတယ်ကွ... လှူထားတဲ့ ရေတွေ ဝေပေးတဲ့နေ့ဆိုရင်တော့ ရေလုခပ်ရတာ
ပျော်စရာပဲ မောင်ရေ..။ ကောင်မလေးတွေရော၊ ကောင်လေးတွေရော၊ ကလေး၊ လူကြီး အားလုံး ကွာေ
ရကိုလုခပ်ကြတာကွ။ တောအရပ်ဆိုတော့ ရေအိုးအကြီးကြီးတွေနဲ့ ထည့်ပြီး လှောင်ထားကြတာလေ။
နောက်ပြီး မြစ်နားက ရွာလေးတွေကလည်း တို့ရွာ ဘုန်းကြီးကျောင်းတွေကို မြစ်ရေလာလှူကြတယ်လေ
။ အိုး..အစုံပါပဲကွာ...ပြောပြရင်တော့ ကုန်မှာကို မဟုတ်ပါဘူးကွာ”။
“တစ်ခုတော့ ပြောအုံးမယ်။ ငါတို့ ဆီမှာ အယူတစ်ခုလည်း ရှိသေးတယ်ကွ ... နှစ်ဆန်းတစ်ရက်နေ့မှာ ပို
က်ဆံ မသုံးရဘူးတဲ့။ အဲဒီနေ့ ပိုက်ဆံထွက်ရင် တစ်နှစ်လုံး ငွေကုန်ကျေးကြများတယ်တဲ့ဗျာ။ ဟုတ်မဟုတ်
တော့ မသိဘူးပေါ့...”
“အေးကွာ မင်းသင်္ကြန်ကို လွမ်းမယ်ဆိုလည်း လွမ်းစရာပါပဲ...ငါတို့တောင် မဆီမဆိုင် လွမ်းသွားသေးတ
ယ်...။ ငါတို့ မြန်မာနိုင်ငံကို ပြန်ရောက်ရင် မင်းတို့ရွာ သင်္ကြန်ကို တစ်ခေါက် အလည်လာအုံးမယ်နော်”။
“ရပါတယ်ကွာ.. ငါက အမြဲ ၀ယ်လ်ကမ်းပါ။ ဒါပေမယ့် သိပ်တော့ မမိုက်သလိုပဲနော်...မြို့သားတွေက ရွာ
သင်္ကြန်လာတယ်ဆိုတော့လေ...”။
သောကြာတို့ သူငယ်ချင်းသုံးယောက် ပြိုင်တူရယ်လိုက်ကြပါသည်။
ရွာသင်္ကြန်က ပျော်စရာမကောင်းပေမယ့်လည်း သောကြာအတွက်ကတော့.......
(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်.....
ရာဇာ(ကျေးတောသားလေး)
23.3.2011
3 comments:
ကိုယ်ဓလေ့မို့ အရမ်းလွမ်းနေပါတယ်အကိုရေ
ခုချိန်...ဆိုရင် ဆိုပြိးတော့
ကြိုတင်ရင်ခုန် နေကြပြီလေ...
ရန်ကုန်သူဆိုတော့ တောဓလေ့တွေ အကိုပြောပြပဲ
သိခွင့်ရတယ်ကျေးကျေးအကိုရေ..
ရန်ကုန်ကလွဲပြိး ပဲခူးနဲ့ နေပြည်တော်
လောက်ပဲရောက်ဖူးသူဆိုတော့..:P
ကောင်းသောနေ့လေးဖြစ်ပါစေအကို။
ကိုရာဇာရေ ဒီပိုစ်ကို အရင်ပိုစ်တွေထက် စာပိုဒ်ခွဲတာ၊ ပုဒ်ထီး၊ ပုဒ်မချတာ ပိုသဘောကျမိတယ်။ ဘုန်းဘုန်းလည်း ရန်ကုန်သင်္ကြန်ကို လွှမ်းနေမိတယ်။ ဘုန်းဘုန်းက ရှမ်းပြည်သားဆိုပေမယ့် ရန်ကုန်မှာပဲ ကြီးပြင်းခဲ့သူဆိုတော့ ရန်ကုန်သင်္ကြန်ကို လွှမ်းမိတယ်လို့ ပြောရတာပါ။ ပိတောက်မြိုင်ကျေးရွာက သင်္ကြန်လည်း ပျော်စရာ သိပ်ကောင်းမှာပဲနော်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
အခုချက်ချင်းတောင် ရွာပြန်ချင်တယ်.. မြို့မှာလို ဘီယာမူးနေတဲ့ သကောင့်သားတွေနဲ့ ကျွန်မရဲ့ဘယ်နားမှာ ဘာရှိတာကို ပမာဏ ကို ပြချင်လို့ပါဆိုတဲ့ အရိုင်းအစိုင်းမတွေကို မြင်ရသက်တာတာပေါ့လေ။
Post a Comment