အိမ်ရောက်ပြီး တစ်နာရီလောက်နားပြီးတဲ့အချိန်မှာတော့ ဘလေးက ထမင်းစားဖို့လာခေါ်ပြန်ပါတယ်။ ကျွ
န်တော်တို့လည်း လိုက်ပြီးစားရပြန်ပါတယ်။ နောက်ပြီးရေနွေးတိုက်ပြန်ပါတယ်။ စားရပြန်ပါတယ်။ဗိုက်တွေ
ကလည်း လှုပ်လို့တောင်မရတော့ဘူးထင်တာပဲ အစားတွေစုသွားတော့ တင်းကြပ်နေတာလေ။ဘလေးတို့
အိမ်မှာစကားပြောပြီးတော့ အိမ်ကိုပြန်ကြပါတယ်။ အိမ်ပြန်တဲ့လမ်းမှာကျွန်တော်ကမေးလိုက်ပါတယ်။ မင်း
တို့တွေ ငါ့ကိုမေးထားတဲ့မေးခွန်း မှတ်မိကြသေးလား။ဘာကိုတုန်း ရာဇာရ။ သြော်..ရေနွေးသောက်ဆိုတာ
ဘာတုန်းဆိုတာလေ။ သိပါပြီကွာ ရေနွေးသောက်ဆိုတာ မုန့်တွေကျွေးပြီးဧည့်ခံတာကိုပြောတာမလားသိ
သွားပြီလေ ဟဲဟဲ။ အောင်နိုင်သူ အသံနဲ့ အောင်ဦးရယ်လိုက်ပါတယ်။ ရာဇာ မင်းတို့ဆီမှာနေရတာပျော်ဖို့
ကောင်းပါတယ်.. ဒါပေမဲ့လေသဘက်ခါတော့ငါတို့ပြန်တော့မယ်ကွ အိမ်ကိုသုံးညအိပ်လို့ပဲပြောခဲ့တာကွ။
သြော်...အေးပါ..မင်းတို့အိမ်တွေ စည်းကမ်းကြီးမှန်းငါသိပါတယ်... ရောက်တုန်းနေသွားကြပါအုံးလား(၅)
ရက်လောက်လေ။ နေချင်ပါတယ်ကွာ....။ အေးပါကွာ..ငါသိပါပြီ..အဲဒါဆိုလည်း မင်းတို့ရွာကိုလာတတ်နေ
ပြီပဲ လာခဲ့ကျပေါ့။အေးပါ လာအုံးမှာ မင်းတို့ရွာကိုပျော်လို့လေ။ ကိုင်း..အဲဒါတွေနောက်ထားအုံး မနက်ဖြန်
(၁)ရက် မင်းတို့ဘာလုပ်ချင်လဲပြောကြ။ အေးငါတို့ မင်းတို့ရွာရောက်တုန်း တောလိုက်ချင်တယ်ကွာ ဖြစ်မ
လား။ အေး ဖြစ်ပါတယ်ကွ..ဒါပေမဲ့ မနက်စောစောတော့ထရမယ်နော်။ အေးပါ ဖြစ်ပါတယ် အဲဒါတွေကမိုင်
နာတွေပါ။ အိုကေလေ အဲဒါဆိုလည်း”။
အိမ်ကိုပြန်ရောက်တော့ အမေကြီးက“ငါ့မြေးတို့ စားရသောက်ရ အဆင်ပြေကြရဲ့လား။ အဖွားရယ်ပြေလွန်း
လို့ခက်နေတာ နေဇော်ကပြန်ဖြေလိုက်ပါသည်။ အေးကွယ်...အဖွားတို့ တောအရပ်ဆိုတာ ခေါင်သီဝေးလံ
တော့ မင်းတို့မြို့တွေလို အစားအသောက်တော့မပေါဘူးပေါ့ကွယ်။ အဖွားရယ် ဒီကသဘာဝမုန့်ကလေး
ကလေးတွေ၊ အညာမုန့်တွေက ကျွန်တော်တို့မြို့ကမုန့်တွေထက်တောင်ပိုကောင်းသေးတာဗျ...။ အေးပါကွ
ယ် အေးပါ အဖွားဝမ်းသာပါတယ် ငါမြေးတို့ဆီက ဒီစကားလေးကြားရတာ။ ရာဇာ ညကျရင် သူတို့ကို ဓါတ်
ရှင်သွားပြလိုက်အုံးလေ။ ဟုတ်ကဲ့ပါအဖွား။ အေးအေး လုပ်စရာရှိတာ လုပ်ကြ။ ဟေ့ကောင် မင်းအဖွားကငါ
တို့ကို ဘာဓါတ်ရှင်ပြခိုင်းတာလဲဟ..အဆန်းတွေ လာပြန်ပြီလား နေဇော်က ပြောလိုက်ပါသည်။ ကျွန်တော်
အားရပါးရပဲ ရယ်မောပစ်လိုက်ပါသည်။ သြော်...သူငယ်ချင်းတို့ရယ် မင်းတို့ တကယ်မသိကြတာလား၊ နေ
ာက်နေတာလားဆိုတာတော့ အမှန်အတိုင်းပြောကြပါအုံးကွာ။ တကယ်ပြောတာပါ ရာဇာရာ မင်းအဖွားပြေ
ာတဲ့ ဓါတ်ရှင်ဆိုတာ တကယ်မသိတာပါ။ သြော်..အဲဒါဆိုရင်တော့ ပြောပြရမှာပေါ့ ဓါတ်ရှင်ဆိုတာ အဖွား
တို့ခေတ်က သုံးတဲ့ အသုံးအနှုံးလေးပါ “ရုပ်ရှင်၊ ဗီဒီယို”ကိုပြောတာကွ..။ အဲလိုပြောလိုက်မှ သူငယ်ချင်းနှစ်
ယောက်လည်း ဟက်ဟက်ပက်ပက်ရယ်မောကြပါတော့တယ်။ မင်းတို့ဆီက အဆန်းတွေက တစ်နေ့လာ တစ်
ခါပြောင်း ရိုးကို မရိုးရဘူးနော်...ငါတော့အရမ်းပျော်တာပဲ အောင်ဦးက၀မ်းသာအားရပြောနေပါသည်။
သြော်...ဓါတ်ရှင်မကြည့်တော့ပါဘူးကွာ တစ်နေကုန်စားထားတာဆိုတော့ အိပ်ချင်နေပြီကွ။ အေး ဒါဆိုလ
ည်းအိပ်ကျလေ ငါအမေတို့နဲ့စကားခဏပြောလိုက်အုံးမယ်”။အောင်ဦးနဲ့နေဇော်တို့ကတော့ အိပ်ယာပေါ်ရေ
ာက်ပြီး ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်ကုန်ကျပါတယ်။ သူတို့နှစ်ယောက်ဆီကထွက်လာတဲ့သံ
စဉ်မှန်မှန် စည်းချက်မိမိလေးကိုလည်းကြားနေရပါတယ်။ရှုး..........ဟွန်း........ရှုး......ဟွန်း။
သူတို့နှစ်ယောက်ပင်ပန်းမယ်ဆိုလည်း ပင်ပန်းချင်စရာပါပဲ။ တစ်နေကုန်အလုပ်လုပ်ရတာမဟုတ်ပါပဲ စားဖို့အ
တွက် မနားမနေတစ်အိမ်ဆင်းတစ်အိမ်တက်သွားနေရတော့ ပင်ပန်းပြီးအိပ်ပျော်ကုန်ပြီပေါ့။ ကျွန်တော်လည်း
အမေတို့နဲ့စကားပြောရင်း မျက်လုံးက မှေးခနဲမှေးခနဲဖြစ်ဖြစ်သွားပါတယ် ဟန်ဆောင်လို့ကိုမရတာပါ။(ကြားဖူး
ကြမှာပေါ့ ကမ္ဘာပေါ်မှာ အလေးလံဆုံးအရာက“မျက်ခွံ” ဆိုတာလေ)အခုလည်း ဘယ်လိုထိန်းထိန်းမရတာနဲ့
“အမေ ကျွန်တော်သွားအိပ်တော့မယ် အရမ်းအိပ်ချင်နေပြီ။သြော်...ဒါနဲ့ အမေ မနက်ဘယ်တောသွားမှာလဲ။
လိပ်ခုံးကို ဆေးရိုးသွားတိုက်မှာ ဘာလို့လဲ။သြော် ဟိုနှစ်ယောက်က တောလိုက်ချင်တယ်ဆိုလို့။(၇)နှစ်နာ
ရီလောက်မှသွားမှာပါ ထမင်းစားသောက်ပြီးမှ သွားကြတာပေါ့။ ဟုတ် အမေ။ (လိပ်ခုန်းဆိုတာ ကျွန်တော့်
တို့ရွာကနေ အနောက်ကိုလှမ်းကြည့်လိုက်ရင် လိပ်ကျောကုန်းကြီးနဲ့တူလို့လိပ်ခုံးလို့ခေါ်တာပါ။ တောမှန်သ
မျှကို နာမည်တပ်ပြီးသားပါ ဆူးပုတ်တန်း၊ တောင်ကုန်းပေါ်၊ မြောက်ကုန်းပေါ်၊ချောင်းရှေ့ဘက်၊ ချောင်းထဲ
လိပ်ခုံး)။အမေ အိပ်တော့မယ်။ ကျွန်တော်လည်း အိပ်လိုက်တာ တစ်ချိုးပါပဲ မနက်(၅)နာရီလောက်ကျကျွန်
တော်နိုးနေပါတယ်။ ကျွန်တော်နိုးတော့ ကျွန်တော့်သူငယ်ချင်းတွေလည်းနိုးလာကြပါတယ်။ အိပ်ကြပါအုံး
စောပါသေးတယ် တောက(၇)နာရီလောက်မှသွားမှာပါ။ အိပ်တော့ပါဘူးကွာရတယ်။ ဒီနေ့စောစောနိုးမှပဲေ
ကျးလက်ရဲ့ သဘာဝလေးတွေကိုခံစားမိတယ်ကွာ။ အိပ်ယာထ ငှက်ကလေးတွေရဲ့အသံကလည်း တီတီတာ
တာ ကျွီကျွီကြွာကြွာနဲ့ နောက်ပြီးအေးမြတဲ့လေလေးနဲ့အတူ တမာရွက်ခြောက်နံ့နဲ့ ဖုန်အနံ့လေးရှူလိုက်ရ
တာလည်း ကျေးလက်ရဲ့သဘာဝပီပြင်ပါပေတယ်ကွာ။ ငါတို့မြို့နဲ့တော့ တစ်ခြားစီပဲကွ...ငါ့တို့ဆီမှာလင်းလ
ာကတည်းက ကားသံ စက်သံတွေကညံလို့ နောက်ပြီး အလိမ်တွေ၊အပတ်တွေ အရှုပ်တွေကလည်းပေါမှပေါ
မင်းတို့ကျေးလက်ကတော့ ကိုယ့်တစ်နေ့တာတာဝန်ကိုထမ်းဆောင်ပြီး လောဘနည်းလိုက်ကြတာ၊ အေးချမ်
းလိုက်ကြတာ ကြည့်ရကြည်နူးလိုက်တာကွာ။ စကားပြောနေတုန်း“ ဆွမ်းတော်ဗျို့”ဆွမ်းခံလာတဲ့ဦးဇင်းတွေ
ကိုရင်တွေရှေ့ကနေ နိဗ္ဗာန်ဆော် ကျောင်းသားလေးအော်လိုက်တော့ တစ်အိမ်ချင်းကနေ ဆွမ်း၊ ဟင်းရာခွ
က်တို့ကို ထွက်ထွက်ပြီးလောင်းလှူကြပါတယ်။အဲဒါကိုကြည့်ပြီး နေဇော်နဲ့ အောင်ဦးပါးစပ်ကနေ ကြည်ညို
ဖို့ကောင်းလိုက်တာနဲ့ တတွတ်တွတ်ပြောနေပါတယ်။ “ရာဇာ ...။ကျွန်တော် အောင်ဦးကိုကြည့်လိုက်ပါတ
ယ်။ ငါအရင်တုန်းက တောသား..တောသားလို့ ဗီဒီယိုတွေထဲမှာ ခေါ်ခေါ်နေတာကြားဖူးတယ်။အဲလိုအပြော
ခံရရင် အဲဒီလူတွေက သိမ်ငယ်သလိုလုပ်လုပ်ပြတယ်နော်..အဲဒါတွေကိုကြည့်ပြီး ငါလည်း တောသူ၊တော
သားတွေကို အထင်မကြီးမိဘူး၊ မလေးစားမိဘူး အခုငါကိုယ်တွေ့ကြုံရတဲ့အချိန်မှာတော့ တောသူ၊ တောင်
သားတွေရဲ့စိတ်ဓါတ်တွေက ဘယ်လိုအေးချမ်းတယ်၊ ဘယ်လိုမျိုးကူညီရိုင်းပင်းတတ်တယ်၊ ဘယ်လိုမျိုးဖေ
ာ်ရွေတယ်ဆိုတာတွေကို ငါသိလိုက်ရတယ်။ ငါကတော့ ဇာတ်ကားတွေထဲက တောသားလို့အပြောခံရလို့
သိမ်ငယ်တွေတဲ့အကောင်တွေနဲ့တော့ ပြောင်းပြန်ပဲကွ။ တောသားလို့ အခေါ်ခံလိုက်ရရင် ဂုဏ်ယူပစ်မယ်”။
အောင်ဦး စိတ်ဓါတ်သန်စွာနဲ့ စကားတွေကို ခရားရေလွှတ်ပြောနေပါတယ်။
ထန်းလျက်
ခဏနေတော့ ထမင်းစားသောက်ပြီးလှည်းနဲ့ တောကိုသွားပါတယ်။ နေဇော်က လှည်းမောင်းချင်တယ်ဆိုလို့
လှည်းမောင်းခိုင်းလိုက်ပါတယ်..ပါးစပ်ကနေလည်းဟဲ့ငနွားကြီးသွားထားပါလားဟဲ့ ဘာညာနဲ့နွားကိုပြောနေ
ပါတယ်။ နွားတွေကလည်း အရမ်းသိတာ မောင်းနေကျလူမဟုတ်တော့ ဟိုဆွဲ၊ ဒီဆွဲနဲ့ ဂျစ်ကပ်ကပ်ပေါ်ဗျာ
။အဖေက ဟဲ့ ငါ့သားနှစ်ကောင် ဘယ်လိုသွားနေတုန်းဆိုပြီး အော်လိုက်မှ နွားတွေက ဖြောင့်ဖြောင့်မတ်မ
တ်သွားပါတယ်။ တောရောက်တော့ လုပ်စရာရှိတာလုပ်ပြီး အိမ်ကိုပြန်လာခဲ့ကြပါတယ်။ အိမ်ရောက်တော့
အမေကြီးကဆီးပြီးပြောပါတယ်။ “ဘယ်သူ့အိမ်ကရေနွေးသောက်ခေါ်ထားတယ်၊ ဘယ်သူအိမ်ကထမင်း
ကျွေးမယ် နဲ့ရွတ်ပြနေပါတယ်။ မနက်ဖြန်ခါတော့ ဘယ်သူ့အိမ်က...။အဘွား မနက်ဖြန်ကျရင် နေဇော်တို့ေ
အာင်ဦးတို့ကပြန်တော့မှာအဘွားရ ထမင်းကျွေးမယ်ဆိုပြီး လာပြောရင် လက်မခံနဲ့တော့နော် အဘွား။ ကျွန်
တော်က ဧည့်သည်မဟုတ်ဘူးလေ။ ဟယ် ..ငါ့တူတို့ မနက်ဖြန်ပြန်ကျတော့မလို့လားအဒေါ်တို့ရွာမှာ နေရ
တာအဆင်မပြေကျဘူးထင်တယ်။ အေးပေါ့လေ...ပျင်းကျပေမပေါ့...နေပါအုံးလို့တော့ တားချင်ပါတယ်ကွ
ယ် ဒါပေမဲ့ ငါ့တူတို့ပျင်းနေတာကိုတော့မကြည့်ရက်ပါဘူးကွယ်။ အမေက ၀င်ပြောလိုက်တော့။ ဟာ...ဒေါ်
ဒေါ် အဲလိုမဟုတ်ပါဘူး။ အိမ်ကို(၃) ညအိပ်(၄)ရက်ခရီးသွားမယ်လို့ ခွင့်တောင်းလာလို့ အဲဒါကြောင့်ပြန်ရမှ
ာပါ။ ဒီမှာနေရတာ ဗဟုသုတလည်းရတယ် ပျော်ဖို့လည်း ကောင်းပါတယ်။ ဒီလိုနဲ့ ရေနွေးသောက်ခေါ်တဲ့အိ
မ်တွေလှည့်လိုက်ပြီး ညနေစာကိုတော့ မမခိုင်တို့အိမ်မှာစားလိုက်ပါတယ်။ တစ်ချို့ကလည်း မနက်ဖြန် ရေေ
နွးသောက်လာခဲ့ကျအုံးနော်နဲ့ ခေါ်တဲ့သူတွေကလည်း တစ်ပုံကြီးပါပဲ။ မဟုတ်ဘူး ဘကြီးရ မနက်ဖြန်ဧည့်
သည်တွေပြန်တော့မှာ..။သြော်..ဟုတ်ကလားဟ ဘယ်တုန်းကရောက်နေကျတာတုန်း မင်းတို့က။ကျွန်တေ
ာ်တို့ (၃)ရက်ရှိပြီ ဘကြီးရ။ဟာ..မင်းတို့ကောင်လေးတွေကလည်း ရောက်ရင် ဘကြီးတို့အိမ်တန်းလာမှပေါ့
..။ ဒါဆိုလည်း မနက်ဖြန်ကျရင် ငါ့တူ တစ်ယောက်ထဲလာခဲ့ပေါ့ကွာ..။ဟုတ်ကဲ့ပါ ဘကြီးကျွန်တော်လာခဲ့
ပါမယ်။ အခု သွားလိုက်အုံးမယ် ဘကြီးရေ မနက်သူတို့ပြန်မှာဆိုတော့ ပြင်ဆင်စရာရှိတာလေးတွေပြင်ဆင်
ပေးရအုံးမယ်လေ။ သြော်..သွားကျ..သွားကျ ဓါတ်မီးရော ဘာရဲ့လားဟ။ဟုတ်ကဲ့ ဘကြီးပါတယ် ဒီမှာ။
ကျွန်တော်တို့လည်း ဘကြီးကိုနှုတ်ဆက်ပြီး အိမ်ကိုပြန်ရောက်တော့ အမေက ငါတူတို့ မင်းတို့အတွက်အည
ာလက်ဆောင်လေးတွေပေါ့ ဆိုပြီး ငရုတ်သီးခြောက်၊ ထန်းလျက်၊ ဆီးသီး၊ ဖျင်ထဘက်လေးတွေ နှစ်ယော
က်ဆာပြင်ဆင်ပြီးသားလေး ပေးပါတယ်။ ဟာ...ဒေါ်ဒေါ်ရာ မလိုချင်ပါဘူးဗျာ..ဒီလောက်ဧည့်ဝတ်ကျွေပွန်
တာကိုပဲ ၀မ်းသာပိတိဖြစ်နေပြီ။နောက်ပြီး အားလည်းအားနာနေပြီ။ ယူသွားပါကွာ အညာလက်ဆောင်လေး
တွေက တန်ဖိုးမရှိပေမဲ့ သုံးလို့တော့ရပါတယ်ကွာ။အေးပါကွာ..အသုံးမကျလို့မဟုတ်ပါဘူး ရာဇာရာ အားနာ
လို့ပါ.. ။အားမနာပါနဲ့ကွာ ငါတို့က အားနာရမဲ့သူတွေမဟုတ်ဘူးလေ။ မင်းတို့အိပ်ချင်ရင် အိပ်နှင့်ကျနော်ငါ
စကားပြောအုံးမယ်။ဒီညတော့ ငါတို့လည်းပြောအုံးမယ် မနက်ဖြန်ပြန်မှာဆိုတော့လေ။ ကျွန်တော်တို့လည်း စကားတွေဖောင်ဖွဲ့နေကြပါသည်။ ကိုင်း..ကိုင်း. ကလေးတို့ အိပ်ကျတော့လေ မနက်စောစောထရမှာဆိုပြီး
အဘွားကစကားဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့လည်း အိပ်ယာဝင်ခဲ့ကျပါတယ်။ အိပ်ယာထဲရောက်တော့
အောင်ဦးက“ရာဇာ ပြန်ရတော့မယ်ဆိုတော့ ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲကွ ငါအလည်အပတ်တွေအများကြီ
းရောက်ဖူးပါတယ် ဒီလိုတစ်ခါမှမဖြစ်ခဲ့ဖူးဘူး။ အခု ငါပြန်ရမှာ ၀မ်းနည်းနေသလိုလို၊ လွမ်းနေတာလိုလိုနဲ့ခံ
စားနေရတယ်ကွာ။နေဇော်ကလည်း ဟုတ်တယ်ကွာ အညာသူ၊ အညာသားတွေရဲ့ အပြုအမူတွေက ငါ့ရဲ့စိ
တ်ကို လွှမ်းမိုးသွားသလိုခံစားရတယ်။အေးပါကွာ.ငါနားလည်တယ်... အိပ် အိပ် မနက်ကျရင်(၃)နာရီေ
လာက်ထရမှာ ကျွန်တော်စကားကို အဆုံးသတ်ပစ်လိုက်ပါတယ်။ သူတို့နှစ်ယောက်လည်း သက်ပြင်းတွေချ
ပြီး ခံစားချက်ကိုယ်စီနဲ့ အိပ်မပျော်ဘူးထင်ပါတယ်ဗျာ...။
စားပွဲတင်နာရီ
“တီ...တီ.တီ..တီ”(၃)နာရီထိုးတော့ နှိုးစက်ကထမြည်ပါသည်။ကျွန်တော်လည်း နှိုးစက်ကိုပိတ်ပြီး ပြန်အိ
ပ်မလို့ လုပ်ပြီးမှ ဟိုကောင်တွေပြန်မှာကို သတိရမိသွားလို့ မအိပ်တော့ပဲ နေဇော်၊ အောင်ဦး ထ ထ မျက်နှာ
သစ် ထမင်းစား ကားဂိတ်ကိုသွားကြရအောင် ။ ကျွန်တော့် အဖေနဲ့ အစ်ကိုလည်း ထပြီး နွားကျွေးနေပါတ
ယ်။ ကျွန်တော်တို့ မျက်နှာသစ်နေတဲ့အချိန်မှာပဲ တစ်အိမ်လုံးလည်းနိုး အရီးစောကလည်း မီးပုံးထဲမှာမီးခွက်
ထည့်ပြီး အိမ်ဘက်ကိုလာနေပါတယ်။ ကျွန်တော်တို့လည်း မျက်နှာသစ်ပြီး ထမင်းစားဖို့ပြင်နေကြပါတယ်။
မန်းရာ မင်းတို့ ပြန်ကျတော့မလို့လား။ ဟုတ်တယ် အရီးရေ သူငယ်ချင်းတွေပြန်မှာ ကျွန်တော်က ကျောင်း
ဖွင့်မှပဲပြန်တော့မှာလေ။သြော်... ကိုင်း..ကိုင်း ကလေးတို့စားကျ ကားနောက်ကျနေအုံးမယ်။ ကျွန်တော်တို့
လည်း ထမင်းကိုမြန်မြန်စားပြီး ကားဂိတ်သွားဖို့ ပြင်ဆင်ပါတယ်။ အောင်ဦးနဲ့နေဇော်က အဘွား၊ ဦးဦး၊ဒေါ်ေ
ဒါ်၊ အရီးစော အားလုံးထိုင်ကြပါအုံး ကျွန်တော်တို့ ကန်တော့ချင်လို့ပါ။ ရပါတယ် ကလေးတို့ရယ်။ လုပ်လုပ်
ကန်တော့ကျ “ဘုန်းကြီးပါစေ..သက်ရှည်ပါစေ..အနာမျိုး(၉၆) ပါးမှကင်းဝေးကြပါစေ..ကပ်ကြီး(၃)ပါးမှ
ကျော်လွှားနိုင်ပါစေ...မျက်နှာမြင်ချစ်ခင် ၊အသံကြားသနားနိုင်ကြပါစေတော်” အဘွားကဆုတွေတစ်သီကြီ
းပေးနေပါသည်။ ညီလေးတို့ လှည်းပေါ်တက်ကြ ကျွန်တော့်အစ်ကိုက လှမ်းပြီးအော်လိုက်ပါသည်။ ကျွန်တော်တို့တွေလှည်းပေါ်တက်လိုက်ကြပါတယ်။ အဖွား ၊ ဒေါ်ဒေါ်တို့ အားလုံးကို နှုတ်ဆက်ပါတယ်။ငါ့
တူတို့ အားတဲ့အခါကျရင် လာခဲ့ကြအုံးနော်။ ဟုတ်ကဲ့ လာခဲ့မှာ စိတ်ချပါဗျာ။ တစ်ယောက်နဲ့တစ်ယောက်နှု
တ်ဆက်သံတွေက ပဲ့တင်ထက်နေပါသည်။ အမှောင်ထဲမှာလှည်းလေး တရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားပါ
တာ့သည်။ မစောရယ် ငါတော့ရင်ထဲမှာတစ်မျိုးကြီးပဲအေ.. ဧည့်သည်လာရင်ပျော်တယ်၊ ဧည့်သည်ပြန်ရင်ဝ
မ်းနည်းရတယ်အေ။ ဟုတ်ပါ့တော် အဲဒါကတော့ ကျုပ်တို့လို တောသူ၊ တောင်သားတိုင်းပါပဲတော့။ အဘွား
ကဧည့်သည်ပြန်သွားလို့ လွမ်းဆွေးနေခြင်းပါ.. အဲဒါကိုက တောသူ၊ တောင်သားတွေရဲ့စိတ်ဓါတ်ပါပဲ။
မှောင်နဲ့မဲမဲလှည်းလေးမောင်းလာပုံ
နေဇော်နဲ့ အောင်ဦးတို့လည်း လှည်းပေါ်မှာ ခံစားချက်ကိုယ်စီနဲ့ စကားတောင်သိပ်မပြောကြပါဘူး။ ငြိမ်ပြီး
လိုက်လာကြပါတယ်။ ဟာ ကားရောက်နေပြီဟ အဖေက အော်ပြီး ဓါတ်မီးနဲ့ ကားရှိရာကိုလှမ်းဝေ့လိုက်ပါ
သည်။ ကားသမားကထွက်တော့မယ် လုပ်ပြီးမှ ဓါတ်မီးရောင်မြင်လို့ စောင့်နေပါတယ်။ ကျွန်တော်တို့ ကား
ဂိတ်ရောက်တော့ မန္တလေးသွားမဲ့သူတွေလား ကားစပါယ်ယာကလှမ်းအော်လိုက်ပါသည်။ ဟုတ်ပါတယ်။
မြန်မြန်လာကြ ကားထွက်တော့မယ်နော် ဆိုပြီး အော်လိုက်တော့ အောင်ဦးနဲ့ နေဇော်တို့လည်း ပျာပျာသလဲ
ဆင်းပြီး ကားပေါ်ကိုတက်သွားကြပါတယ်။ ကားပေါ်ကနေပြီးတော့လည်း နောက်မှလာလည်အုံးမယ်ကွာ..
မင်းတို့ရွာက ငါတို့ရဲ့ နှလုံးသားတွေကို ဆွဲထုတ်သွားပြီကွ...ငါတို့စိတ်တွေက မင်းတို့ရွာမှာကျန်ခဲ့ပြီကွ...။
နေဇော်က လှမ်းအော်လိုက်ပါသည်။ ကားကလည်းဘီးလှိမ့်နေပါပြီ ။ တာ့တာကွာ ကျွန်တော်လည်းအသံကု
န်ဟစ်ပြီး အော်လိုက်ပါတော့သည်။
ပြီးပါပြီ။
(ဒီပို့စ်ကလေးကိုရေးရတဲ့အကြောင်းကတော့ တောသူ ၊ တောင်သားတွေရဲ့ ဖော်ရွေ ပြူငှာဆက်ဆံပြီး ဧည့်
ဝတ်ကျေတတ်ပုံနှင့် ဧည့်သည်လာရင်ပျော်တတ်ကြပြီး၊ ပြန်သွားတဲ့အခါ လွမ်းဆွတ်ကြေကွဲပုံတို့ကို ဖော်ပြ
လိုခြင်းဖြစ်ပါသည်)။
ဒီပို့စ်ကိုဖတ်ပြီးရင်ထဲမှာ ရသတစ်ခုခု ကျန်ခဲ့မယ်ဆိုရင်တော့ အပျော်ဆုံးလူက ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်။ဝေဖန်အကြံပေးချင်တယ်ဆိုရင်တော့ စီဘောက်(သို့) ကွန်မန့်ထဲမှာ အော်သွားကြပါအုံးဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်..........................
ရာဇာ(ကျေးတောသားလေး)
2.3.2011
5 comments:
ရိုးသားတဲ့ တောရွာလေးရဲ့အလှလေးပေါ့ နော်...
ခံစားအားပေးသါားလျှက်ပါ...ရှင်
ကောင်းသောနေ့လေးဖြစ်ပါစေ။
ကျေးဇူးတင်ပါတယ် အိမ်ဂျယ်လှိုင်ရေ နောက်လည်းလာလည်ပါအုံးနော်
It made me think of the time we visited my mom's grandparent village.
If they can't invite you for lunch, tea or dinner they will cook some dishes for us.Well...that was many years ago.
စကားပြောတာလေးတွေကို နဲနဲ ခွဲလိုက်ရင် ကောင်းမယ်နော်
ရွာကို လွမ်းသွားတယ်
ဟုတ်ကဲ့ပါ... မေဇင်ရေ...
နောက်ပို့စ်တွေ အဲလို မဖြစ်စေရပါဘူးနော်..
လိုအပ်တာလေးတွေ ပြောပေးတာကို အထူး
ကျေးဇူးတင်မိပါတယ်ဗျာ...
လေးစားလျှက်
ရာဇာ(ကျေးတောသားလေး)
Post a Comment