ရာသီတွေပြောင်း နှစ်တွေဟောင်းလဲ
မပြောင်းအစဉ် သံယောဇဉ်နှင့်
ခင်မင်ခဲ့ရ ဒီဘ၀မှာ
အဆုံးဘယ်မှာ ရှိအံ့နည်း...။
မကောင်းအတူ ကောင်းအတူနဲ့
ဖြတ်သန်းခဲ့တဲ့ လမ်းတစ်ကွေ့ဝယ်
ဆူးခင်းလမ်းလည်း ရှိခဲ့ပြီ
ပန်းမွေ့ယာလည်း ရှိခဲ့ပြီ...။
ဘ၀တစ်ကွေ့ ကြုံဆုံတွေ့တဲ့
လောကဓံလှိုင်း မုန်တိုင်းရိုင်းလည်း
နှစ်ယောက်အတူ လက်ကိုကူလို့
ရဲရဲရင့်ရင့် ဖြတ်ခဲ့ပြီ...။
ရေမှာအနေကြာ ဗေဒါလေးဘဝ
ပန်းလေးတွေလည်း ပွင့်ဖူးခဲ့ပြီ
မုန်တိုင်းလာလည်း လွင့်ဖူးခဲ့ပြီ
သူ့ဘ၀၊ သူ့အလှ ၊သူ့မာန် အပြည့်နဲ့
ကြံ့ကြံ့ခံရင်း မျောလေပြီ...။
ကမ္ဘာမြေက ငါတို့ဘဝ
လေပြေနုလည်း ကြုံဖူးခဲ့ပြီ
မုန်တိုင်းကြမ်းလည်း ကြုံဖူးခဲ့ပြီ
တို့ဘ၀၊ တို့အလှ၊ တို့မာန် အပြည့်နဲ့
ကြံ့ကြံ့ခံရင်း ဖြတ်ခဲ့ပြီ...။
လေပြေညှင်းညှင်း မုန်တိုင်းသွင်းလည်း
နောက်ကိုမဆင်း ရှေ့ကိုတိုးရင်း
ရဲရဲချီတက် လက်ကိုဆုပ်လျက်
အားမာန်အပြည့်နှင့် ချီလေပြီ...။
ရာဇာ(ကျေးလက်သားလေး)
15.4.2011
4 comments:
ခွန်းအားဖြစ်စေတဲ့ ကဗျာလေးမို့ ကျေးဇူးပါအကို။
ခံစားအားပေးလျှက် ။ မင်္ဂလာရှီသောနှစ်သစ်လေး ဖြစ်ပါစေ။
ဗွမ်းးးးးးး:):):)ရေလောင်းခဲ့တယ် ဖလားကြိးနဲ့ :D:D
အကိုရေ ကဗျာလေးကို ဖက်သွားပါတယ်။ အရမ်းလဲလွမ်းနေမိတယ် ကျတော် ရဲ့ စိုးစိုးလေးကိုလေ။ သူကတော့ လွမ်းလား မလွမ်းလား မသိဘူးဗျ။
ကိုရာဇာ ထာဝရ ပျော်ရွှင်နိုင်ပါစေ။။။
လာဖတ်သွားတယ်ခင်ဗျ။ အတက်နေ့မှာ ပျော်ရွှင်ပါစေ။
အိန်ဂျယ်...အိန်ဂျယ်အတွက် ခွန်အားဖြစ်စေတယ် ဆိုလို့ ကျေးဇူးနော်..
ကို.... ကိုရေ ကိုလွမ်းနေသလို ကိုရဲ့ ကောင်မလေး စိုးစိုး လည်း လွမ်း
နေမှာပါ...။
နယ်သားလေး ခနွဲ... လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးဗျာ..
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်...
Post a Comment