အားလုံး အားလုံး အားလုံး မင်္ဂလာပါလို့ ကျေးလက်သားလေးက နှုတ်ခွန်းဆက်သပါတယ်....။
ဒီနေ့ဟာဆိုရင်ဖြင့် မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ဦးတန်ခူးလဆန်း(၁၄)ရက်၊ နှစ်ဆန်း တစ်ရက်နေ့ဖြစ်
ပါတယ်ခင်ဗျာ...။ မြန်မာ နှစ်ဆန်း တစ်ရက်နေ့ ရောက်တာနဲ့ အညီ နှစ်ဆန်းမှ စ၍ ကောင်းမှုကုသိုလ်
များ ပြုလုပ်နိုင်ပြီး ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ် နိုင်သူများဖြစ်ကြပါစေ....။ တရားထူး၊
တရားမြတ်တွေ ရကြပါစေ....။
ရတနာမြတ်သုံးပါး-
ဘုရားရတနာ=သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်ဟောကြားနိုင်သော၊ သတ္တ၀ါ အန္တတို့၏အားကိုးရာလည်းဖြစ်တော်မူသော။
တရားရတနာ= သတ္တ၀ါတို့၏ အားကိုးရာဖြစ်သော မဂ် လေးပါး၊ ဖိုလ် လေးပါး၊ နိဗ္ဗာန်။
သံဃာရတနာ=သတ္တ၀ါတို့၏ အားကိုးရာဖြစ်သော မဂ္ဂဌာန် လေးယောက်၊ ဖလဌာန်လေးယောက်ေ
ပါင်း ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်နှင့် သံမုတိ သံဃာ ထေရ်မဟာ။
အားလုံး ရတနာ မြတ်သုံးပါးကို ထဲထဲဝင်ဝင် သက်ဝင်ယုံကြည်ပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်၊ သူတော်
ကောင်းများ ဖြစ်ကြပါစေလို့ ကျေးလက်သားလေးက ဆုတောင်းပေးပါတယ်ဗျာ...။
............................................................................................................................ နှစ်သစ်မှာ ကောင်းမှုပြုလုပ်ပြီး၊ ကာယကံ သုံးပါး၊ ၀စီကံလေးပါး၊ မနောကံသုံးပါး၊ အပါယ်လေး
ပါး၊ ကပ်သုံးပါး၊ အရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး တို့မှလည်
း ကင်းဝေးကြပါစေကုန်....။
ကာယကံသုံးပါး=ကိုယ်ဖြင့်ပြုသောမကောင်းမှု သုံးပါး
(၁) ပါဏာတိပါတ = သူတစ်ပါး အသက်သတ်ခြင်း။(၂) အဒိန္နာဒါန = သူတစ်ပါးဥစ္စာခိုးယူခြင်း။
(၃) ကာမေသုမိစ္ဆာစာရ = အုပ်ထိန်းမှုရှိသော သူတစ်ပါး သားသမီး၊ သားမယားကို
ပြစ်မှား ကျူးလွန်ခြင်း။
ဝစီကံလေးပါး= နှုတ်ဖြင့်ပြုသော မကောင်းမှုလေးပါး
(၁) မုသာဝါဒ = မဟုတ်မမှန်ပြောဆိုခြင်း(၂) ပိသုဏ၀ါစာ = ကုန်းတိုက်စကားပြောဆိုခြင်း
(၃) ဖရုသ၀ါစာ = ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုခြင်း
(၄) သမ္ဖပ္ပာပ = ကောင်းမှုမပါ အနှစ်မဲ့သော စကားဖျဉ်း၊ စကားပေါ့ တို့ပြောဆိုခြင်း
မနောကံသုံးပါး= စိတ်ဖြင့်ပြုသော မကောင်းမှုသုံးပါး
(၁) အဘိဇ္ဈာ = သူတစ်ပါး၏ စည်းစိမ် ဥစ္စာကို မိမိပိုင်ဖြစ်ရန် ကြံစည်ခြင်း(၂) ဗျာပါဒ = သူတစ်ပါး ပျက်စီးရာ၊ ပျက်စီးကြောင်း ကြံစည်ခြင်း
(၃) မိစ္ဆာဒိဌိ = မှားယွင်း ဖောက်ပြန်သောအယူရှိခြင်း
အပါယ်လေးပါး= ချမ်းသာခြင်းကင်း၍ ဆင်းရဲအတိသာရှိခြင်း လေးပါး
(၁) ငရဲ = အမြဲဆင်းရဲ ပူပန်ခြင်း။(၂) တိရိစ္ဆာန် = စားမှု၊ အိပ်မှု နှင့်ဒွါရ ခြောက်ပေါက်မှ ကာမဂုဏ်ခံစားမှုကိုသာတပ်မက်ခြင်း၊
မဂ်-ဖိုလ်- နိဗ္ဗာန် နှင့်ဖီလာ ကန့်လန့်ဖြစ်ခြင်း။
(၃) ပြိတ္တာ = အလိုကြီး၍ အမြဲလောဘမီးလောင်နေခြင်း။
(၄) အသူရကာယ် = ဆင်းရဲ တစ်ခါ၊ ချမ်းသာခဏသာရှိခြင်း။
ကပ်သုံးပါး= ပျက်စီးရန်အကြောင်းသုံးပါး
(၁) ဒုဗ္ဘိက္ခ န္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း(၂) သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း
(၃) ရောဂန္တရကပ် = အနာရောဂါဘေးကြောင့် ပျက်စီးခြင်း
အရပ်ပြစ်ရှစ်ပါး= မဂ်-ဖိုလ်၊ နိဗ္ဗာန် နှင့်လွဲရခြင်းရှစ်ပါး
(၁)ငရဲ - ငရဲဘုံ၌ ဖြစ်နေရသူများ။(၂) တိရစ္ဆာန် - တိရစ္ဆာန်ဘုံ၌ ဖြစ်နေရသူများ။
(၃) ပြိတ္တာ - ပြိတ္တာဘုံ၌ ဖြစ်နေရသူများ။
(၄) အသညသတ် - လွန်စွာအသက်ရှည်သော အသညသတ်
နှင့်အရူပဗြဟ္မာ (ရုပ်ချည်းသက်သက်သာရှိသော)ဗြဟ္မာနှင့်
အရူပ(နာမ်ချည်းသက်သက်သာရှိသော)ဗြဟ္မာများ။
(၅) ပစ္စန္တရစ်အရပ် - ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်သည့်
အစွန်အဖျား တောတောင်အကြား(ပစ္စန္တရစ်သား) လူရိုင်းများ။
(၆) မိစ္ဆာဒိဋ္ဌိ - လွဲမှားသော အယူရှိသူများ။
(၇) ဥာဏ်ပညာမရှိသူများ - တရားကိုနားလည်လောက်သော ဥာဏ်မရှိသူများ၊
ကိုယ်အင်္ဂါချို့တဲ့သည့် ဇစ္စန္ဓပုဂ္ဂိုလ်များ။
(၈) ဘုရားမပွင့်ရာအခါ၌ လူဖြစ်ရခြင်း - တတ်သိနားလည်လောက်သော ဥာဏ်ရှိ
သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရသူများ။
ရန်သူမျိုးငါးပါး = အသက်၊ စည်းစိမ်၊ ဥစ္စာများကို ဖျက်ဆီးတတ်သော ငါးပါး။
ရေ-မီး-မင်း-ခိုးသူ-မချစ်မနှစ်သက်သောသူ။ဝိပတ္တိတရားလေးပါး = အဖြစ်ဆိုး အဖြစ်ညံ့ဖြစ်ခြင်း ၄-ပါး။
(၁) ကာလ၀ိပတ္တိ=ခေတ်ဆိုး ခေတ်ညံ့ဖြစ်ခြင်း(၂) ဂတိဝိပတ္တိ= ဘ၀ဆိုးဘ၀ညံ့ ဖြစ်ခြင်း
(၃) ဥပဓိဝိပတ္တိ= မျက်စိ၊ နား၊ နှာ၊ ကိုယ်လက် အင်္ဂါချို့တဲ့ခြင်း
(၄) ပယောဂ၀ိပတ္တိ= လောကီကုသိုလ် ၊လောကုတ္တရာ ကုသိုလ် အလို့ငှါ အားမ
ထုတ်ခြင်း
ဗျသနတရားငါးပါး = ကောင်းကျိုး ပျက်စီးခြင်းငါးပါး
(၁) ဥာတိဗျသန = ဆွေးမျိုးပျက်စီးခြင်း(၂) ဘောဂဗျသန = ပစ္စည်းဥစ္စာပျက်စီးခြင်း
(၃) ရောဂဗျသ = ကျန်းမာရေးချို့တဲ့ခြင်း
(၄) ဒိဋ္ဌဗျသန = အယူလွဲမှားခြင်း
(၅) သီလဗျသန = ကိုယ်၊ နှုတ်၊ နှလုံးထိန်းကျောင်းမှုပျက်စီးခြင်း
ကာယ၊ ၀စီ၊ မနော စတဲ့ ကိုယ်တိုင်ပြုလုပ်ရမည့် အကြောင်းအရာများမှကင်းဝေးပြီး ၊ကိုယ့်အပေါ် ကျ
ရောက်မည့် ဘေးမှလည်း ကင်းဝေးခြင်း များနှင့် ပြည့်စုံကြစေဖို့ ကျေးလက်သားလေးက ဆုတောင်း
ပေးကြောင်းပါဗျာ...။
ရာဇာ(ကျေးလက်သားလေး)
17.4.2011(နှစ်ဆန်းတစ်ရက်နေ့)
4 comments:
ကျေးလက်သားလေး ကိုရာဇာလဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်
နှစ်သစ်မှစ၍နောင် နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ 
ဆုတောင်းမေတ္တာပို့ လိုက်ပါတယ်ဗျာ။ ကျန်းမာချမ်းသာ သုခနှင့်ပြည့်စုံနိုင်ပါစေ။
စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ
ကျန်းမာပါစေ
Post a Comment