Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Thursday, March 3, 2011

ချစ်ခြင်းသီအိုရီ(၂)


ဇင်အောင်ဆယ်တန်းစာမေးပွဲဖြေပြီးသွားတော့ လွတ်လွတ်လပ်လပ်လေးဖြစ်နေပါတယ်။ အဲဒီအချိန်က
တောင်သူသိမ်းတဲ့ပြီးတဲ့အချိန်ဆိုတော့ အလုပ်လည်းမရှိဘူးလေ။မိသားစုတွေ ထမင်းစားတဲ့အချိန်မှာတော့
ဇင်မောင်က တောင်းဆိုပါတော့သည်။“ အဖေ အခုဆို ဇင်အောင်လည်း စာမေးပွဲပြီးသွားပြီ အိမ်မှာအ
လုပ်ကလည်းသိမ်းတဲ့အချိန်ဆိုတော့ ကျုပ်မြို့သွားပြီးအလုပ်လုပ်ချင်တယ်အဖေရာ။ ဟာ..မဖြစ်ပါဘူး
ငါ့သားရာ အဖေတို့စိတ်မချပါဘူး။ ဟုတ်ပါတယ် ငါ့သားရယ် အမေလည်းစိတ်မချဘူး မသွားပါနဲ့နော်”
။ဇင်မောင်က အတင်းတောင်းဆိုတော့ မိဘတွေလည်း ခွင့်ပြုလိုက်ရတာပေါ့။ ဇင်အောင် မြို့ကိုရော
က်တော့ အသိဆီမှာ အလုပ်ရတယ်။ မိဘတွေဆီကို ပိုက်ဆံလှမ်းလှမ်းကန်တော့တာပေါ့။ မိဘတွေမှ
ာလည်း သားကိုလွမ်းတော့ စာလေးရေးပို့လိုက်၊ အစားအသောက်လေးတွေလူကြုံပို့လိုက်နဲ့မကြာခဏ
လုပ်နေပါတယ်။အဲဒီနှစ်မှာပဲ ဇင်အောင်စာမေးပွဲအောင်ပါတယ်။ “ဦးမင်းကို ဇင်အောင်စာမေးပွဲအောင်
တာကို ဂုဏ်ယူလို့မဆုံး ကြွားလို့မဆုံးတော့ အပျော်ကြီးေးပျာ်နေတာပေါ”့။ ဇင်အောင် စာမေးပွဲအောင်
တယ်ဆိုတာ သိတော့ ၊ဇင်မောင်က အ၀တ်အစားတွေ လိုအပ်မဲ့ပစ္စည်းလေးတွေဝယ်ပြီး လူကြုံပို့လိုက်
ပါတယ်။ ဇင်အောင်ကတော့ တက္ကသိုလ်ဆက်တက်တဲ့အခါမှာ လိုတဲ့ငွေက အိမ်ကပို့ပေးလိုက်၊ ဇင်
မောင်ကပို့ပေးလိုက်နဲ့ အဆင်ပြေနေပါတယ်။

တစ်ရက်မှာတော့ ဇင်မောင်လုပ်တဲ့ အလုပ်ပိုင်ရှင်က ဖုန်းဆက်လာပါတယ်။ “ဟဲလို ဦးမင်းကိုလား..
ဟုတ်ပါတယ်..အခုပြောနေတာ ဘယ်သူပါလဲ။ ဇင်မောင် အလုပ်ရှင်ပါ..။ဘာအကြောင်းထူးများရှိ
လို့ပါလဲ ။ ဇင်မောင် မိန်းမခိုးသွားလို့ဗျ။ဗျာ...။ ဟုတ်တယ် ခင်ဗျားသားက အရမ်းအားနာတတ်တာ
ပဲဗျ။ အခုသူခိုးသွားတဲ့ကောင်မလေးက အဖေ၊ အမေလည်း မရှိဘူး။ သူ့မိဘရဲ့ သူငယ်ချင်းတွေကေ
မွးစားထားတာလို့ပြောတာပဲ။ အခု အဲဒီမိဘတွေကလည်း သူ့ကိုသိပ်ဂရုမစိုက်လို့တဲ့။ သူ့အသိအိမ်
မှာလာနေပြီး ကျွန်တော်တို့ အလုပ်နားမှာပဲ ကွမ်းယာလာရောင်းနေတာ။ အဲဒါ ခင်ဗျားသားနဲ့တွေ့
တာပဲ။ ဇင်မောင်သူငယ်ချင်းတွေပြောတာကတော့ အဲဒီကောင်မလေးက အားကိုးရှာနေတာတဲ့။ အ
ခုခင်ဗျားသားက အားနာတတ်တော့ပါသွားတာနေမှာပေါ့ဗျာ။ ဦးမင်းကို ဖုန်းလွတ်ကျသွားပါတယ်။
တင်ကြည်ရေ ဟောဒီမှာ ညီးယောက်ျားဖုန်းပြောရင်း မူးလဲသွားလို့လာခေါ်ပါအုံး”။ ဒေါ်တင်ကြည်နဲ့
သွဲ့သွဲ့တို့ပြေးထွက်လာပြီး ခေါ်ကြပါသည်။ “မအိငါဘာမှမဖြစ်ပါဘူး ဖုန်းဖိုးပြီးမှသွဲ့သွဲ့ကိုပေးခိုင်းလို
က်မယ်။အင်းအင်း မအိပြန်သွားပါသည်။ ဘာဖြစ်တာလဲ ဖုန်းဆက်တာဘယ်သူလဲ မင်းသားဇင်မေ
ာင်ရဲ့အလုပ်ရှင်တဲ့ မင်းသားမိန်းမခိုးသွားလို့တဲ့”အကြောင်းစုံရှင်းပြလိုက်ပါသည်။ “ဟင်...မဖြစ်ဘူး..
မဖြစ်ဘူး”.. ဒေါ်တင်ကြည် ငိုချင်တာကို မငိုပဲ ထိန်းချုပ်ထားလိုက်ပါသည်။“ဒါဆိုသွားပြီးပြန်ခေါ်မှ
ဖြစ်မှာပေါ့တော်..ကျုပ်တို့သားက လူလိမ္မာလေးတော့ အခုသူခိုးပြေးတဲ့ကောင်မလေးကဘယ်ကမှန်း
မသိ ဘာမှန်းမသိနဲ့တော်။(သားကိုချစ်တဲ့ဇောနဲ့ပူလောင်နေရပါပြီ။ စိတ်ပင်ပန်း၊လူပင်ပန်းလည်းဖြစ်ေ
နရပါပြီ)။အေးအခုမှ ထွက်ပြေးတာဆိုတော့လိုက်လို့တော့မဖြစ်သေးဘူး။ သူ့အလုပ်ရှင်ကို သူတို့အေ
ကြာင်းစုံစမ်းခိုင်းပြီးမှ လိုက်ခေါ်တာပေါ့။ဟဲလို..ဦးမင်းကို ခင်ဗျားသားတို့ကို တွေ့ပြီကျုပ်ပြန်ခေါ်ထား
တယ်။ သူနဲ့စကားပြောချင်တယ် ကိုလွင်။ ဇင်မောင် မင်းဖေကစကားပြောချင်တယ်တဲ့။ဟဲလို အဖေ
လား ကျုပ်ဇင်မောင်ပါ။အေးငါ့သား မင်းအဖွားနေမကောင်းဘူး မင်းတို့အကြောင်းကြားပြီး၊အဲဒါပြန်လာ
ခဲ့အုံး မင်းကောင်မလေးကိုတော့ ဦးလွင်ဆီမှာခဏထားခဲ့လိုက် ဦးလွင်မှာသမီးရှိတယ်ဆို ဟုတ်လား။
ဟုတ်တယ်အဖေ အခုခေါ်ခဲ့မယ်လေ ဘာလို့လဲ။မင်းအဖွား အသက်ဆုံးရှုံးချင်တယ်ဆိုရင်တော့ ခေါ်ခဲ့
ပေါ့ အဖေအဲဒါပဲပြောချင်တယ်။ဟုတ်ကဲ့ပါ..အဖေအဲဒါဆို ကျုပ်မနက်ဖြန်ပြန်ခဲ့မယ် ဖြိုးအိကိုတော့ေ
သချာပြောခဲ့ပါမယ်။အေး..မင်းေးကာင်မလေးနဲ့ အဖေတို့ကသဘောမတူဘူးပြောတာမှမဟုတ်တာ။ဟု
တ်ကဲ့အဖေ ကျုပ်သဘောပေါက်ပြီဗျ”...။

“ဘာတဲ့လဲ အကို ဘယ်သူဆက်တာလဲ။အိမ်က အဖေဆက်တာ အကိုတို့အကြောင်းကိုကြားပြီးအဖွားနေ
မကောင်းဖြစ်နေတယ်တဲ့။အဲဒါအစ်ကိုရွာကိုခဏပြန်အုံးမယ် ပြီးရင်ဖြိုးကိုလာခေါ်မယ်လေ။ အဲလိုလုပ်လို့
ဘယ်ဖြစ်မလဲ။ အဲဒါကိုက ဖြိုးတို့ကိုခွဲမလို အချိုသတ်တာအကိုရ။ အကိုလူတွေအကြောင်းဘယ်လောက်
မှမသိသေးပါဘူး။ အေးပါကွာ အကိုသိပါတယ်။ရွာရောက်လို့သူတို့သဘောမတူဘူးဆိုရင်လည်း ဖြိုးနဲ့ပဲတ
စ်သက်လုံး အတူတူပဲနေတော့မယ်”။ တစ်ခါမှအတွေ့အကြုံမရှိတဲ့ ကိုဇင်မောင်တစ်ယောက် အချစ်ကိုသိ
ရှိနားလည်ပြီး မဖြိုးပြောသမျှ တဟုတ်ဟုတ်နဲ့ ပုတ်သင်ညို လူဝင်စားလာသလားတောင်ထင်ရပါတယ်။
“အမေ အဖွားနေမကောင်းဘူးဆို အေးဟုတ်တယ်။ အမေပိန်သွားတယ်နော။ မောင်ကြီးတို့သတင်းကြား
ထဲက အမေကထမင်းလည်း ဟုတ်တိပတ်တိမစားတော့ဘူးလေ”သွဲ့သွဲ့က၀င်ပြောလိုက်ပါသည်။“အဘွား
ရောသွဲ့သွဲ့. အိမ်ထဲမှာရှိတယ်။အဖေရော၊ အဖေလည်းရှိတယ် မောင်ကြီးကို စောင့်နေကြတာလေ။အဘွ
ားနဲ့အဖေ နေကောင်းကြရဲ့လား။ အေးနေတော့ကောင်းပါတယ်ကွယ်..အဘွားမကောင်းတာကတော့စိတ်
ပဲငါ့မြေးရေ။ဘယ်လိုဖြစ်တာလဲ ငါ့မြေးရဲ့ဆိုပြီး” အဘွားမေငိုပါတော့သည်။“အဘွားနေမကောင်းဘူးဆိုလို့
လာခဲ့တာ အခုလို နေကောင်းနေတယ်ဆိုရင် ကျုပ် ဖြိုးအိဆီပြန်မှဖြစ်မယ်။ နောက်ရက်မှပြန်ပါမြေးရယ်
အဖွားမေတရှုပ်ရှုပ်ငိုရင်းတားနေပါသည်။ဟုတ်သားပဲ ဇင်မောင် မင်းကအခုအဖေတို့ အမေတို့ အဘွားတို့
စကားကိုနားမထောင်တော့တာလား။ အဲလိုမဟုတ်ပါဘူးဗျာ..။အဲလိုမဟုတ်ဘူးဆိုရင် မပြန်နဲ့ မင်းကောင်
မလေးက အခြေအမြစ်မရှိ ဘာမရှိနဲ့။ ငါတို့မိဘတွေအနေနဲ့ ဘယ်လိုသဘောတူရမှာတုန်း။ ဟုတ်ပါတယ်
အဖေ မိဘတိုင်းက ကိုယ့်သားသမီးကို ဆင်စီးပြီး မြင်းရံ၊ရွှေဘုံပေါ်မှာထားချင်ကြတဲ့ မိဘကြည့်ပဲဆိုတာ
ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်သူ့ကိုတကယ်ချစ်သွားပြီဗျ အဖေရ။ဟုတ်ပါတယ် ကိုမင်းကိုရယ် အဲဒီကေ
ာင်မလေးဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သားကခိုးသွားပြီးသွားပြီဆိုတော့ ကျုပ်တို့လက်ခံရတော့မှာပဲ သားသမီးချင်းကို
ယ်ချင်းစာပေးရမှာပေါ့တော်။ အေးဒါဆိုဟုတ်ပြီ ဇင်မောင် မင်းမိန်းမကို နောက်နှစ်ရက်နေရင်သွားခေါ်အခု
တော့ အိမ်ကအလုပ်တွေဝိုင်းကူသွားအုံး။ ဟုတ်ကဲ့ပါအဖေရာ”။ညကျတော့ ကိုဇင်မောင်တစ်ယောက် တ
လူးလူး တလှိမ့်လှိမ့်ဖြစ်နေတာကို ဒေါ်တင်ကြည်ရိပ်မိပါသည်။ “ငါ့သားအိပ်လို့မပျော်ဘူးလား။ဟုတ်တယ်
အမေ။ငါ့သားရယ် နှစ်ရက်ထဲပါ မင်းအဖေ တကယ်အလုပ်များလို့ပြန်မလွှတ်တာပါ။မရဘူးအမေရာ ကျုပ်
မနက်ဖြန်သွားခေါ်မယ် တစ်ရက်ပဲ ပြန်ရောက်တာနဲ့အိမ်ကအလုပ်တွေကျုပ်ဦးဆောင်ပြီးလုပ်မှာပါ။ မဟုတ်
သေးပါဘူးငါ့သားရယ် အလုပ်ပြီးရင်သွားခေါ်ပါ နှစ်ရက်ထဲပဲဟာကို။ ဟုတ်ပါပြီအမေရာ”။ ကိုဇင်မောင်
တစ်ယောက်အရင်နဲ့လုံးဝမတူပဲ မိဘရဲ့အရိပ်၊ မိဘရဲ့ချစ်ခြင်းတွေကို ပုန်ကန်တတ်နေပါပြီ။

မနက်ရောက်တော့ ဦးမင်းကို ဇင်မောင်ကိုလှမ်းနှိုးလိုက်ပါသည်။“ဇင်မောင်ထတော့ကွာ တောသွားရအောင်
ထတော့ ပြန်ပြောသံမကြားတော့ ဦးမင်းကိုတစ်ယောက်ထကြည့်လိုက်ပါသည်။ ဟာ တင်မေ နင့်သားအိမ်
သာများသွားသလား။ ဘာလို့လဲ အိပ်ယာထဲမှာမရှိလို့ဟ..။ဟောတော် ဒီကလေးတော့ဆိုးနေပါပြီ ဒေါ်တင်
မေ ပါးစပ်ကတတွတ်တွတ်နဲ့ အိမ်သာဆီသွားကြည့်လိုက်ပါသည်။ ကိုမင်းကို မရှိဘူးတော့။ညတုန်းကကျုပ်
ကိုပြောတယ် မနက်ဖြန်သွားခေါ်မယ်တဲ့ ပြန်လာမှ အလုပ်တွေလုပ်မယ်တဲ့။ အေးလေ..သူလည်းရိပ်မိလို့ရှိ
မှာပေါ့ ဒီအချိန် အလုပ်မရှိဘူးဆိုတာ သူလည်းသိနေတာပဲလေ။ အင်းဟုတ်တော့လည်း ဟုတ်တာပါပဲ ကျု
ပ်တို့နှစ်ရက်နေလို့ပြောတာက သူစိတ်များပြောင်းသွားမလားလို့ပါ။ သွားခေါ်တယ်ဆိုတော့လည်း ပြီးတာပါ
ပဲတော်။ ဖြိုးအိ....။ ဟာ..အကိုပြန်လာပြီ အကိုမိဘတွေကဘာတဲ့တုန်း။အကိုဖြိုးအိကိုလာခေါ်တာရွာကို
ပြန်ရအောင်။ ဟင် ရွာလိုက်မနေချင်ပါဘူး။သြော်..မနေချင်လည်း ခဏတော့လိုက်ရမှာပေါ့။ ခဏလည်း
မလိုက်ဘူး၊ ကြာကြာလည်းမလိုက်ဘူး။ ဖြစ်မလား ဖြိုးရယ် ဖြိုးမှာက မိဘတွေမရှိတော့ဘူး အခုအကိုမိဘ
တွေကို ဖြိုးမိဘတွေလိုသဘောထားပြီး လိုက်ခဲ့ပါ။ ဖြိုးတောင် ပိုပြီး ဂုဏ်တက်ပါသေးတယ်။ အဲဒါတွေဖြိုးမ
သိဘူး တောအရပ်မှာ မနေနိုင်တာပဲသိတယ်။ ဟ..ကောင်မလေး တောအရပ်ကိုမနေနိုင်ပဲ ဘာလို့တော
သားကိုကြိုက်ထားသေးလဲဟ” ဦးလွင်နားမခံနိုင်၍ ၀င်ပြောလိုက်ခြင်းဖြစ်ပါသည်။ “ဇင်မောင်ဆိုတဲ့အကေ
ာင်က မိန်းမဒီလောက်တောင်ရှားနေလားမသိဘူး ကိုယ့်အပေါ်မကောင်းတဲ့သူများ ဇွတ်တရွတ်နဲ့။ သြော်လူ
ရိုးတွေက စွဲမိသွားရင်မလွဲဘူးတော့ ” ဦးလွင်တို့လင်မယား မခံချိမခံသာဖြစ်ပြီး ပြောနေကြတာပါ။“ဟုတ်
ပြီဒါဆိုလည်းလိုက်မယ် ဖြိုးမနေချင်လို့ မြို့ကိုပြန်လာမယ်ဆိုရင် အကိုဖြိုးနဲ့ပြန်လိုက်မှာလားပြော။ အင်း လို
က်မှာပေါ့ ဖြိုးကရှေ့ကသွားရင် အကိုကနောက်ကလိုက်ပြီးသားပဲ။ဒီလိုမှပေါ့ ဟင့်..ဟင့်.....ဟင့်။ မလု
ပ်နဲ့လေ ဖြိုးရဲ့ယားတယ်။ ဟင် လုပ်မှာပဲကွာ ချစ်လို့စတာပဲကို။မလုပ်ပါနဲ့ဖြိုးရယ် အကိုက ကလိထိုးရင်ယ
ားတတ်တယ်။ အခုကြတော့လည်း သူတို့မဟုတ်သလိုပဲ” ဦးလွင်မိန်းမကပြောလိုက်ပါသည်။

“ဟာ ဇင်မောင်ပြန်လာပြီဟေ့ သူ့မိန်းမရောပါသဟ ကောင်မလေးက မြို့သူဆိုတော့ ဖြူဖွေးနေတာပဲဟ။
ဟယ် ဟုတ်တယ်တော့ ဇင်မောင်မိန်းမရကံကောင်းတာပေါ့။ အမလေးအေ ညီးတို့ကလည်း အချီးမွန်းမေ
စာကြပါသေးနဲ့ စောင့်ကြည့်ကြအုံး။ စိတ်သဘောထားလေး ကောင်းပြီဆိုမှ ဇင်မောင်ကံကောင်းပြီလိုပြေ
ာကြတာပေါ့။ အမေရယ် မောင်ကြီးပြန်လာပြီတော့ မမဖြိုးလည်းပါတယ်။ ဟဲ့ကောင်မလေး မမဖြိုးဆိုတာ
ဘယ်သူတုန်းဟဲ့။ အဖွားကလည်း မောင်ကြီးမိန်းမပေါ့တော့။ ညီးကဘယ်လိုလုပ်ပြီး နာမည်သိနေတာတု
န်း မောင်ကြီးလာတုန်းက ပြောသွားတာပေါ့တော့။ ဇင်မောင် မင်းမိန်းမကိုခေါ်ခဲ့လေ အိမ်ထဲကို”။ ဇင်မော
င်အထုပ်ကလေးချပြီး အဘွား၊ အဖေနဲ့ အမေ ကျုပ်ကိုခွင့်လွှတ်ပါဗျာ။ ကျုပ်တို့ကန်တော့မယ်နော်။လာဖြိ
ုး ”အိမ်နီးနားခြင်းတွေကလည်းဝိုင်းကြည့်နေတာပေါ့။ “လာလေ ဖြိုးရဲ့။ ရပါတယ် ငါ့မြေးရယ် မကန်တော့
ချင်တဲ့သူကို ခေါ်မနေပါနဲ့။ သူကအပြစ်လုပ်ထားတာမဟုတ်ဘူး ငါ့မြေးကန်တော့မယ်ဆိုကန်တော့ပါ။ဟု
တ် အဘွား၊အဖေနဲ့ အမေ”။ ဖြိုးကတော့ လုံးဝမှမလာပါ မသိချင်ယောင်ဆောင်နေပါသည်။“ဖြိုးဒီကိုလာ
ထိုင်လေ အားလုံးကိုဂရုမစိုက်တဲ့ဟန်နဲ့ လာထိုင်ပါသည်။ ဇင်မောင်မင်းမိန်းမကိုထမင်းကျွေးမင်းလည်းစ
ား နားပြီးရင် အဖေ့နားခဏလာအုံး ပြောစရာရှိတယ်။ ဟုတ်ကဲ့အဖေ။ မမဖြိုး ထမင်းပွဲပြင်ထားပြီ၊မောင်
ကြီးမမဖြိုးနဲ့ တစ်ခါလာစားနော်။ တော်ပြီ မစားတော့ဘူး ။ ညီးကသွဲ့သွဲ့ဆိုတာလား။ဟုတ်တယ်အစ်မကျုပ်
နာမည်သွဲ့သွဲ့ပါ”။ ဇင်မောင်ကတော့ထမင်းစားနေပါသည်။ ဖြိုးကတော့ မစားပဲထိုင်နေပါသည်။ ဇင်မောင်ထ
မင်းစားပြီးပြီလား။ ဟုတ် အဖေ။ မင်းမိန်းမရော သူကမစားဘူးအဖေ။အေးမစားတာကတော့ သူ့အပိုင်းပေါ့
ကွာ။ကိုယ့်ဘက်ကတော့ တာဝန်ကျေပါစေ။ စားပြီးပြီဆိုရင် မင်းမိန်းမကိုခေါ်။ ဖြိုးရေ လာအဖေစကားပြေ
ာမလို့တဲ့”။မျက်နှာခပ်တင်းတင်းနဲ့လာထိုင်ပါသည်။ “ကျွန်မနာမည်က ဖြိုးအိပါ။အေးဟုတ်ပြီ အခုအဖေစက
ားပြောရတာကတော့ မင်းဟာငါ့သား ဇင်မောင်ရဲ့ ဇနီးဖြစ်တဲ့အတွက် မင်းဟာလည်း ငါ့သမီးပါပဲ။ငါ့သမီးသွဲ့
သွဲ့နဲ့ မခြား မင်းကိုချစ်မှာပါ။ မင်းငါ့သားနဲ့မပါတ်သတ်ခင်က ဘယ်လိုပဲနေခဲ့ခဲ့၊ ထိုင်ခဲ့ခဲ့ အခုဒီအိမ်မှာရော
က်ရင် ဒီအိမ်ရဲ့စည်းကမ်းတွေကိုတော့လိုက်နာရမယ်။ မင်းကလည်း မိသားစုဝင်တစ်ယောက်အနေနဲ့ အား
လုံးကို ရိုသေရမဲ့သူကိုရိုသေပါ၊ လေးစားရမဲ့သူကိုလေးစား အားလုံးနဲ့တည့်အောင်ပေါင်းပါ။ ဘာပြောစရာရှိ
သေးလဲ။ ဒီမှာ ဦးလေး လူတိုင်းနဲ့တည့်အောင်တော့ပေါင်းမယ် သီးခံနိုင်တဲ့အတိုင်းအတာတစ်ခုထိပေါ့။ အ
ားလုံးကို ဘုရားတစ်ဆူလိုတော့ ရှိခိုးပြီးမနေနိုင်ဘူး”။ ဦးမင်းကိုရော၊ သူ့ရဲ့အဘွားရောမျက်နှာတွေပျက်နေ
ပါတယ်။ ဒေါ်တင်ကြည်က အလိုက်တသိနဲ့ ဇင်မောင် မင်းမိန်းမကိုခေါ်သွားတော့ သွား..သွား..။


တစ်ရွာလုံးကဇင်အောင်ရဲ့မိန်းမ မဖြိုးကို ရုပ်ကလေးသနားကမားနဲ့ လူကြီးလူကြီးမှန်းမသိ၊ကတ်ကတ်လန်
ရန်ထောင်နေလိုက်တာတော်။ ဇင်မောင်မိန်းမရဲ့ မကောင်းသတင်းကတော့ တစ်ရွာလုံးကိုပျံ့နှံ့သွားတာပါ
ပဲ။“ဇင်မောင် ငါ့သား နွားထကျွေးပါအုံး မနက်သွားစရာလေးရှိလို့။အကို အစ်ကို့ဖေက နှိုးနေပြီ မထရဘူး
နော်..။ထရင်တော့ ဖြိုးကမချစ်ဘူးလို့သတ်မှတ်မှာ သက်သက်မဲ့တင်စီးတာ သူ့သားဆိုပြီးတော့ သူတို့ထ
ကျွေးလည်းရတဲ့ဟာကို။ဇင်မောင် ပြန်တောင်မထူးခင်လိုက်ပါဘူး အဖေရေ အဖေ့သား ခေါင်းကိုက်လို့တဲ့
”။ခေါင်းကိုက်တယ်လို့ မဖြိုးပြောသံကြားတော့ ဒေါ်တင်ကြည်ခင်ဗျာ သားဇောနဲ့ပျာယာခတ်ပြီး။မျဖိဳး အေ
မ၀င်ခဲ့မယ်နော်။ ရပါတယ်အမေ သမီးသူ့ကိုနှိပ်ပေးထားပါတယ်။ မဖြိုးရဲ့ စိတ်ဓါတ်ကို(၄)ရက်လောက်နေ
လိုက်တာနဲ့ တဖြည်းဖြည်းသိသာလာပါတယ်။“အမေ ...မဖြိုးက၊ မောင်ကြီးကိုနိုင်သလိုပဲနော်။နိုင်သလို
မဟုတ်ဘူး မိသွဲ့ရဲ့ နိုင်ကိုနိုင်နေတာ။ မောင်ကြီးကလည်းလေ ယောက်ျားမဟုတ်သလိုပဲ အမှားအမှန်တေ
ာ့ခွဲခြားပြရမှာပေါ့ မိန်းမဒီတစ်ယောက်ရှိသလိုပဲ။ မောင်မောင် ပဲကောင်းတယ်အမေရယ် ကျောင်းတက်နေ
တာ နားအေးပါးအေးရှိတယ်။အေး ငါသားလေးသိရင် စိတ်မကောင်းဖြစ်နေအုံးမယ် မသိတာကောင်းပါတ
ယ်အေ”။

ဆက်ပါဦးမည် အပိုင်း(၃)မျှော်........
ရာဇာ(ကျေးတောသားလေး)
3.3.2011

Wednesday, March 2, 2011

ချစ်ခြင်းသီအိုရီ(၁)


အချစ်ဆိုတဲ့စကားလုံးဟာ ပါဠိလို“ပီယ” မှလာတာပါ။အချစ်လို့ပြောလိုက်လျှင်သာမန်အားဖြင့်တော့ချစ်
တာဟာကောင်းတယ်၊ အမုန်းကသာ မကောင်းဘူးလို့ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့အချစ်
ဆိုတာကလည်းမကောင်းပါဘူးဗျာ။“ အချစ်ဆိုတာ ပူဆွေးခြင်း၊လွမ်းဆွတ်ခြင်း၊ကြေကွဲခြင်း၊ကိုယ်ဆင်း
ရဲခြင်း၊စိတ်ဆင်းရဲခြင်း၊ပြင်းထန်သောခံစားရခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်”။ ဘာလို့ကျွန်တော်ဒီလိုပြော
ရလည်းဆိုတာကိုအောက်မှာနည်းနည်းလောက်ဆက်ဖတ်ကြည့်ပါအုံး။


လူတစ်ယောက်က သူ ချစ်မြတ်နိုးတဲ့၊တန်ဖိုးထားတဲ့ သက်ရှိကိုမဆိုထားနှင့် သက်မဲ့အရာဝတ္ထုလေးတစ်
ခုပျောက်ဆုံးတဲ့အခါ၊ဆုံးရှုံးရတဲ့အခါမျိုးတောင်မှ ငိုကြွေးခြင်းဆိုတာဖြစ်ပေါ်ပါတယ်။ ငိုလိုက်ပြီဆိုတာနဲ့
ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတာတွေဖြစ်ပေါ်ရတာပါ။ ကျွန်တော်ငယ်ငယ်က အရမ်းကိုတန်ဖိုး
ထားရတဲ့ပစ္စည်းလေးတစ်ခုအဖေက၀ယ်ပေးပါတယ်။ပစ္စည်းလို့ပြောလိုက်လို့ ရွှေတွေ၊ကျောက်တွေ၊ ပတ္တ
မြားတွေလို့တော့မထင်လိုက်ပါနဲ့ သာမန်ပစ္စည်းလေးတစ်ခုပါပဲ။ တစ်ရက်မှာတော့ အဲဒီပစ္စည်းလေးပျော
က်သွားပါတယ်။ ဘယ်လိုရှာရှာမတွေ့တော့ပါဘူး။ ကျွန်တော့်မှာမစားနိုင်၊မသောက်နိုင်နဲ့ငိုလိုက်ရတာ..
နှစ်ရက်တိတိပါပဲ။ ကျွန်တော့်မိဘတွေက ဆုံးမပါတယ်။“ ငါ့သားပစ္စည်းပဲဖြစ်ဖြစ်၊လူတွေ တိရစ္ဆာန်တွေ
ပဲဖြစ်ဖြစ် အားလုံးက ပျောက်ပျက်ပြီးဆုံးရှုံးရတာကြည့်ပဲ အဲဒီတော့ ငိုမနေနဲ့တော့အသစ်ပြန်ဝယ်ပေးမ
ယ်။ အမေရာ ကျွန်တော်က အရင်ဟာလေးကိုပဲ သဘောကျတာ၊နောက်ပြီး ကျွန်တော်ဆော့ကစားတိုင်
းလည်း ဒီပစ္စည်းလေးပဲကိုင်တာဆိုတော့ ကျွန်တော်နှမြောလို့ပါ”။နောက်ရက်ကျ အဖေက အသစ်ပြန်ဝ
ယ်ပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်သတိရနေတာကတော့ ပျောက်ဆုံးသွားတဲ့ပစ္စည်းလေးပါပဲ။ကျွန်တေ
ာ့်ပစ္စည်းလေးပျောက်လို့ ငိုခဲ့ရတဲ့ အဲဒီနှစ်ရက်ကို ကျွန်တော်သတိရမိတိုင်းနာကြင်ခံစားနေရတာပါ။(အခု
တော့လည်း အဲဒီအကြောင်းအရာလေးတွေက မေ့တေ့တေ့တောင်ဖြစ်နေပါပြီ)။

ပစ္စည်းတစ်ခု၊သက်မဲ့တစ်ခုပျောက်ပျက်သွားရတာကမေ့ရင်မေ့နိုင်မယ်။ လူတစ်ယောက်ကိုချစ်မိလို့ကြေ
ကွဲဝမ်းနည်းပြီးနေရတာကတော့ မေ့ဖို့တော်တော်ခက်ပါလိမ့်မယ်။ အချစ်လို့ပြောလိုက်လို့ သမီးရည်းစား
တွေကြည့်ပဲ ပြောတာမဟုတ်ပါဘူး။မိဘက သားသမီးကိုချစ်တဲ့အချစ်၊ ဆရာကတပည့်ကိုချစ်တဲ့အချစ်၊
သူငယ်ချင်း ချင်းချစ်တဲ့အချစ်၊ သမီးရည်းစားအချစ် အချစ်အားလုံးကိုဆိုလိုချင်တာပါ။ ဘယ်အမျိုးအစား
နဲ့ပဲချစ်ချစ် ချစ်မိပြီဆိုတာနဲ့ ငိုကြွေးခြင်း၊လွမ်းဆွတ်ခြင်း၊ပြင်းထန်တဲ့ခံစားခြင်းတွေကိုတော့ ရင်ဆိုင်ကြ
ရတာကြည့်ပါပဲ။ အဲဒီအချစ်တွေထဲကမှ ချစ်သူချင်းချစ်တဲ့အချစ်နဲ့၊ မိဘက သားသမီးကိုချစ်တဲ့အချစ်အ
ကြောင်းလေးကို တင်ပြချင်ပါတယ်။ တကယ့်အဖြစ်အပျက်လေးပါပဲ။

ညောင်ပင်သာကျေးရွာမှာ တောင်ယာ၊ လယ်လုပ်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့သူတွေကြည့်ပါ
ပဲ။ အဲဒီရွာလေးမှာ ဦးမင်းကို တို့မိသားစုကလည်း တောင်သူကြီး စာရင်းဝင်တွေပါပဲ။ ဦးမင်းကိုမှာသား
နှစ်ယောက်၊သမီးတစ်ယောက်ရှိပါတယ်။ သူတို့မိသားစုဟာ ရပ်ရွာထဲမှာ သြဇာအာဏာရှိပြီး အားလုံးက
ချစ်ခင်လေးစားခြင်းခံရပါတယ်။ သားအကြီးနာမည်က ဇင်မောင်၊ အလတ်ကောင်က ဇင်အောင်၊သမီးေ
လးက သွဲ့သွဲ့တဲ့။ ဦးမင်းကိုဟာ စာပေဖတ်တာ ၀ါသနာပါတဲ့သူဆိုတော့ ဗဟုသုတရှိတာပေါ့။ သား၊သမီ
းတွေကိုတော့ သူတို့လို တောင်သူလယ်သမား လုံးဝမဖြစ်စေချင်ပါဘူး။ သူလိုမပင်ပန်းစေချင်ဘူးလေ။
အဲတော့ သားသမီးတွေကို ပညာရေးမှာ အားပေးတာပေါ့။ သားသမီးတွေကလည်း ဗဟုသုတရှိတဲ့သူက
မွေးထားတာဆိုတော့ ထိုက်သင့်တဲ့ဗဟုသုတရှိသလို၊ လိမ္မာယဉ်ကျေးမှုဘက်မှာလည်း တော်ကြတယ်။
“တင်ကြည် နောက်နှစ်ဆိုဇင်အောင်က (၁၀)တန်းရောက်ပြီ အဲဒီတော့ သူ့ကိုတောသွားတဲ့အခါတွေမှာ
မခေါ်တော့ဘူးဟာ၊ သူပညာရေးကိုလွတ်လွတ်လပ်လပ်လုပ်ခိုင်းရအောင်ဟာ။ ဦးမင်းကိုက သူ့မိန်းမေ
ဒ်ါတင်ကြည်ကိုပြောလိုက်ခြင်းပါ။ ကောင်းတာပေါ့ ကိုမင်းကိုရယ် ကျုပ်ကလည်း သားသမီးတွေကိုပည
ာတတ်ကြီးတွေဖြစ်စေချင်တာတော့”။ဇင်မောင်တို့ ဇင်အောင်တို့ ညီအစ်ကိုဟာ ကျောင်းတက်ရင်း မိဘ
တွေနဲ့အတူ လယ်လုပ်၊ ပေါင်းခုတ်ခြင်းနဲ့ပဲ ကျောင်းတက်ခဲ့ကြရတာလေ။ “ငါ့သား နောက်နှစ်ဆိုရင်မင်း
က(၁၀)တန်းတက်ရတော့မယ်...အဲတော့ ယာထဲမလိုက်တော့နဲ့ ဇင်အောင်နဲ့ပဲ ငါတို့ယာထဲဆင်းတော့
မယ်။ရပါတယ်အဖေရာ ဇင်အောင်နဲ့ အဖေဖြစ်ပါ့မလား။ ဒီကောင်က နွားထွန်၊ ထယ်ထိုးကျုပ်လောက်
မှမပိုင်နိုင်တာ ။ ကျုပ်အဖေတို့ကိုကူရင်းကျောင်းတက်မှာပေါ့”။ မိဘတွေက ဘယ်လောက်ပဲတားတား
တား သူ့ညီနဲ့ သူမိဘတွေလုပ်ကိုင်နေတာကို မကြည့်ရက်ဘူးတဲ့လေ။ ဒီလိုနဲ့ဆယ်တန်း ကျောင်းတက်
ရမဲ့အချိန်ရောက်လာတာပေါ့။ သားကိုကျောင်းအပ် ပြီး ဦးမင်းကို အိမ်ကိုပြန်ရောက်လာပါတယ်။ “တင်
ကြည်ရာ ငါ့သားလေး တစ်ယောက်ထဲ ထားခဲ့ရတာ စိတ်မချလိုက်တာ ပညာရေးမို့သာ ထားခဲ့ရတယ်။
ပူမနေပါနဲ့တော် ဒီလိုပဲဖြစ်သွားမှာပေါ့...တစ်ခုလိုချင်ရင်တော့ တစ်ခုတော့ပေးဆပ်ရမှာပေါ့။ အေးပါဟ
ာ..။ဒါနဲ့ ဇင်အောင်နဲ့ သွဲ့သွဲ့ရော သူတို့မောင်နှစ်မ ကျောင်းသွားကုန်ပြီလေ နာရီကိုလည်းကြည့်ပါအုံး
(၁၁)နာရီထိုးနေပြီလေ။အမေရော ဘယ်သွားလဲ။ အမေကဥပုသ်စောင့်သွားတယ်တော့။ ငါတို့ကလည်း
လူများအမြင်မှာသာ ပိုက်ဆံရှိတယ်ထင်နေကြတာနော်။ရာသီဥတုကမကောင်း၊သီးနှံတွေကမရ၊ သားသ
မီးတွေကိုကျောင်းထား ၊ လူမှုရေးလုပ်ငန်းတွေလုပ်ရနဲ့ဆိုတော့ မလွယ်ပါဘူးဟာ။ အင်း အဲဒီအကြောင်း
တွေကို တော်ဘယ်သူမှမပြောနဲ့နော် ကိုမင်းကို ရွာထဲကလူတွေက အစကတည်းမှ ကဲ့ရဲ့ခြင်နေကြတာ။
အေးပါဟာ ငါသိပါတယ်”။

ရာသီစက်ဝန်းကလည်း လည်နေလိုက်တာ ဖေဖော်ဝါရိလထဲကိုရောက်လာပြီလေ။ အလယ်တန်းကျော
င်းသူ၊ ကျောင်းသားတွေ ဖြေတဲ့သူကဖြေ၊ ပြီးတဲ့သူကပြီးကုန်ပေမဲ့ ဆယ်တန်းတွေက အခုချိန်ဆို မိုးထဲ
လေထဲရောက်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာတော့ ဦးမင်းကိုက သားကိုလုံးဝကိုမှလိုက်ခွင့်မပေးတော့
ပါဘူး။ ဇင်မောင်ကလည်းကြိုးစားရှာပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့ စာမေးပွဲဖြေဖို့ နှစ်ရက်အလိုမှာတော့
ဇင်မောင်က အသည်းအသန်ဖျားပါတော့တယ်။ မိဘတွေမှာ သားကို ချစ်ရှာလွန်းတော့ တငိုငို၊ တရယ်
ရယ်နဲ့ ပျာယာကိုခတ်နေကြတာပါပဲ။ ဆရာဝန်ကိုခေါ်ပြီး ဆေးကုခိုင်းပါတယ်။ ဆရာဝန်က တစ်ပါတ်ေ
လာက်အနားယူလိုက်ရင်သက်သာသွားမှာပါ။ အခုက ပင်ပန်းတဲ့ဒဏ်တွေကြောင့် ဖြစ်တာပါ။ ဆရာ က
လေးက မနက်ဖြန်ဆို စာမေးပွဲဖြေရတော့မယ်လေ။ ကျွန်တော့်သဘောအရကတော့မဖြေစေချင်ဘူးဗျ
...။ဇင်မောင် ဆရာဝန်ပြောတာတွေကြားပြီး“မဖြစ်ဘူး၊မဖြစ်ဘူး ငါ့မိဘက ရှိလို့ကျောင်းထားရတာမဟု
တ်ဘူး ငါ့အိမ်အကြောင်းငါအသိဆုံး သွားဖြေမှရမယ်”ဆိုပြီး ကောင်းချင်ယောင်၊ သက်သာချင်ယောင်
ဆောင်ပြီး “အမေ ကျုပ်သက်သာသွားပြီ စာမေးပွဲသွားဖြေမယ်။မဖြစ်ပါဘူးကွယ် စာမေးပွဲကျတာ ကိစ္စ
မရှိဘူး ငါ့သားရဲ့ ။ လောကကြီးမှာ အသက်ထက်တန်ဖိုးကြီးတာ ဘာမှမရှိပါဘူးကွယ်”။ဒေါ်တင်ကြည်ငို
ပြီးသားကို တားနေခြင်းပါ။“ဟုတ်ပါပြီအမေရာ မငိုပါနဲ့တော့ မိဘမျက်ရည်တစ်စက် သားသမီးဆင်းရဲတ
စ်သက်တဲ့အမေရဲ့ မငိုနဲ့တော့နော်။ မဟုတ်ပါဘူးငါ့သားရယ် အမေအခုငိုတာသားကိုချစ်လို့ သားတစ်ခု
ခုဖြစ်မှာဆိုးလို့ငိုတာပါ။ သားကမိုက်ရိုင်းဆိုးသွမ်းနေလို့ငိုနေတာမှမဟုတ်တာ အဲဒီတော့ငါ့သားဘာမှမ
ဖြစ်ပါဘူး။ဟုတ်ကဲ့ပါ အမေ”။ အဲဒီနှစ်က ဇင်မောင်ဆယ်တန်းမဖြေလိုက်ရပါ။ နောက်တစ်နှစ်မှာတော့
ဇင်အောင်က(၉)တန်းရောက်လာပြီဆိုတော့ အိမ်မှာလုပ်မဲ့သူကမရှိတော့ ဇင်မောင်က မိဘတွေကိုကူညီ
ရင်း ကျူရှင်တက်လိုက်၊ မအားတဲ့ရက်ဆို ပျက်လိုက်နဲ့ဆယ်တန်းဖြေရတော့ မအောင်ခဲ့ပါဘူး။ ဇင်မော
င်က ပညာပါရမီနည်းခဲ့တယ်လို့ သူ့ကိုယ်သူခံယူပြီး မိဘတွေကဆက်ထားပေမဲ့ ကျောင်းမတက်တော့ပါ
ဘူး။ ရွာသူရွာသားတွေကတော့ အစကတည်းကမှ ကျောင်းထားတာမကြိုက်တာဆိုတော့ ဝေဖန်ပြစ်တ
င်ပြောဆိုကျပါတယ်။ ဦးမင်းကိုကတော့ ဘယ်လောက်ပဲကဲ့ရဲ့ ကဲ့ရဲ့ သူ့တာဝန်က ကျောင်းထားရမဲ့တာဝ
န် သူလိုမပင်ပန်း၊မဆင်းရဲစေချင်တော့ သားသမီးတွေကို ထားတုန်းပါပဲ။“မင်းကိုရာ မင်းမလဲ ဆင်းရဲလို
က်တာ သားသမီးတွေအရွယ်ရောက်နေတာတောင် မနားရသေးဘူး အခုချိန်ထိ လယ်ထဲဆင်းနေရတု
န်းပဲနော်။ ငါဆို ငါ့သားသမီးတွေနဲ့ လွှဲထားလိုက်ပြီ။ မင်းသားသမီးတွေကို ကျောင်းဆက်ထားနေရင်မင်း
ပဲ ပင်ပန်းဆင်းရဲအုံးမှာ ကျောင်းထုတ်ပြီး ခိုင်းစားပါတော့ကွာ။ ဦးမင်းကို မျက်နှာကြီး နီစုတ်လာပြီး ဒီမ
ယ် မောင်ထွန်း ငါ့သားသမီးတွေ ကျောင်းထားလို့ ငါပင်ပန်းဆင်းရဲပြီးသေချင်သေသွားပါစေ ငါဆက်ထ
ားအုံးမှာပဲ” ဦးမင်းကိုစိတ်တိုတိုနဲ့ ပြန်ပြောနေခြင်းပါ။“ အေးပါ မင်းကိုရာ မင်းမကြိုက်ရင်မပြောတော့ပါ
ဘူး ငါကမင်းအတွက်ပြောတာပါ။ အေးပါကွာ ငါနားလည်တယ်။
ဆက်ပါဦးမည်အပိုင်း(၂)မျှော်
ရာဇာ(ကျေးတောသားလေး)
3.3.2011

မွေးရပ်အညာနဲ့ရွှေဧည့်သည်(၃)


အိမ်ရောက်ပြီး တစ်နာရီလောက်နားပြီးတဲ့အချိန်မှာတော့ ဘလေးက ထမင်းစားဖို့လာခေါ်ပြန်ပါတယ်။ ကျွ
န်တော်တို့လည်း လိုက်ပြီးစားရပြန်ပါတယ်။ နောက်ပြီးရေနွေးတိုက်ပြန်ပါတယ်။ စားရပြန်ပါတယ်။ဗိုက်တွေ
ကလည်း လှုပ်လို့တောင်မရတော့ဘူးထင်တာပဲ အစားတွေစုသွားတော့ တင်းကြပ်နေတာလေ။ဘလေးတို့
အိမ်မှာစကားပြောပြီးတော့ အိမ်ကိုပြန်ကြပါတယ်။ အိမ်ပြန်တဲ့လမ်းမှာကျွန်တော်ကမေးလိုက်ပါတယ်။ မင်း
တို့တွေ ငါ့ကိုမေးထားတဲ့မေးခွန်း မှတ်မိကြသေးလား။ဘာကိုတုန်း ရာဇာရ။ သြော်..ရေနွေးသောက်ဆိုတာ
ဘာတုန်းဆိုတာလေ။ သိပါပြီကွာ ရေနွေးသောက်ဆိုတာ မုန့်တွေကျွေးပြီးဧည့်ခံတာကိုပြောတာမလားသိ
သွားပြီလေ ဟဲဟဲ။ အောင်နိုင်သူ အသံနဲ့ အောင်ဦးရယ်လိုက်ပါတယ်။ ရာဇာ မင်းတို့ဆီမှာနေရတာပျော်ဖို့
ကောင်းပါတယ်.. ဒါပေမဲ့လေသဘက်ခါတော့ငါတို့ပြန်တော့မယ်ကွ အိမ်ကိုသုံးညအိပ်လို့ပဲပြောခဲ့တာကွ။
သြော်...အေးပါ..မင်းတို့အိမ်တွေ စည်းကမ်းကြီးမှန်းငါသိပါတယ်... ရောက်တုန်းနေသွားကြပါအုံးလား(၅)
ရက်လောက်လေ။ နေချင်ပါတယ်ကွာ....။ အေးပါကွာ..ငါသိပါပြီ..အဲဒါဆိုလည်း မင်းတို့ရွာကိုလာတတ်နေ
ပြီပဲ လာခဲ့ကျပေါ့။အေးပါ လာအုံးမှာ မင်းတို့ရွာကိုပျော်လို့လေ။ ကိုင်း..အဲဒါတွေနောက်ထားအုံး မနက်ဖြန်
(၁)ရက် မင်းတို့ဘာလုပ်ချင်လဲပြောကြ။ အေးငါတို့ မင်းတို့ရွာရောက်တုန်း တောလိုက်ချင်တယ်ကွာ ဖြစ်မ
လား။ အေး ဖြစ်ပါတယ်ကွ..ဒါပေမဲ့ မနက်စောစောတော့ထရမယ်နော်။ အေးပါ ဖြစ်ပါတယ် အဲဒါတွေကမိုင်
နာတွေပါ။ အိုကေလေ အဲဒါဆိုလည်း”။

အိမ်ကိုပြန်ရောက်တော့ အမေကြီးက“ငါ့မြေးတို့ စားရသောက်ရ အဆင်ပြေကြရဲ့လား။ အဖွားရယ်ပြေလွန်း
လို့ခက်နေတာ နေဇော်ကပြန်ဖြေလိုက်ပါသည်။ အေးကွယ်...အဖွားတို့ တောအရပ်ဆိုတာ ခေါင်သီဝေးလံ
တော့ မင်းတို့မြို့တွေလို အစားအသောက်တော့မပေါဘူးပေါ့ကွယ်။ အဖွားရယ် ဒီကသဘာဝမုန့်ကလေး
ကလေးတွေ၊ အညာမုန့်တွေက ကျွန်တော်တို့မြို့ကမုန့်တွေထက်တောင်ပိုကောင်းသေးတာဗျ...။ အေးပါကွ
ယ် အေးပါ အဖွားဝမ်းသာပါတယ် ငါမြေးတို့ဆီက ဒီစကားလေးကြားရတာ။ ရာဇာ ညကျရင် သူတို့ကို ဓါတ်
ရှင်သွားပြလိုက်အုံးလေ။ ဟုတ်ကဲ့ပါအဖွား။ အေးအေး လုပ်စရာရှိတာ လုပ်ကြ။ ဟေ့ကောင် မင်းအဖွားကငါ
တို့ကို ဘာဓါတ်ရှင်ပြခိုင်းတာလဲဟ..အဆန်းတွေ လာပြန်ပြီလား နေဇော်က ပြောလိုက်ပါသည်။ ကျွန်တော်
အားရပါးရပဲ ရယ်မောပစ်လိုက်ပါသည်။ သြော်...သူငယ်ချင်းတို့ရယ် မင်းတို့ တကယ်မသိကြတာလား၊ နေ
ာက်နေတာလားဆိုတာတော့ အမှန်အတိုင်းပြောကြပါအုံးကွာ။ တကယ်ပြောတာပါ ရာဇာရာ မင်းအဖွားပြေ
ာတဲ့ ဓါတ်ရှင်ဆိုတာ တကယ်မသိတာပါ။ သြော်..အဲဒါဆိုရင်တော့ ပြောပြရမှာပေါ့ ဓါတ်ရှင်ဆိုတာ အဖွား
တို့ခေတ်က သုံးတဲ့ အသုံးအနှုံးလေးပါ “ရုပ်ရှင်၊ ဗီဒီယို”ကိုပြောတာကွ..။ အဲလိုပြောလိုက်မှ သူငယ်ချင်းနှစ်
ယောက်လည်း ဟက်ဟက်ပက်ပက်ရယ်မောကြပါတော့တယ်။ မင်းတို့ဆီက အဆန်းတွေက တစ်နေ့လာ တစ်
ခါပြောင်း ရိုးကို မရိုးရဘူးနော်...ငါတော့အရမ်းပျော်တာပဲ အောင်ဦးက၀မ်းသာအားရပြောနေပါသည်။
သြော်...ဓါတ်ရှင်မကြည့်တော့ပါဘူးကွာ တစ်နေကုန်စားထားတာဆိုတော့ အိပ်ချင်နေပြီကွ။ အေး ဒါဆိုလ
ည်းအိပ်ကျလေ ငါအမေတို့နဲ့စကားခဏပြောလိုက်အုံးမယ်”။အောင်ဦးနဲ့နေဇော်တို့ကတော့ အိပ်ယာပေါ်ရေ
ာက်ပြီး ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်ကုန်ကျပါတယ်။ သူတို့နှစ်ယောက်ဆီကထွက်လာတဲ့သံ
စဉ်မှန်မှန် စည်းချက်မိမိလေးကိုလည်းကြားနေရပါတယ်။ရှုး..........ဟွန်း........ရှုး......ဟွန်း။
သူတို့နှစ်ယောက်ပင်ပန်းမယ်ဆိုလည်း ပင်ပန်းချင်စရာပါပဲ။ တစ်နေကုန်အလုပ်လုပ်ရတာမဟုတ်ပါပဲ စားဖို့အ
တွက် မနားမနေတစ်အိမ်ဆင်းတစ်အိမ်တက်သွားနေရတော့ ပင်ပန်းပြီးအိပ်ပျော်ကုန်ပြီပေါ့။ ကျွန်တော်လည်း
အမေတို့နဲ့စကားပြောရင်း မျက်လုံးက မှေးခနဲမှေးခနဲဖြစ်ဖြစ်သွားပါတယ် ဟန်ဆောင်လို့ကိုမရတာပါ။(ကြားဖူး
ကြမှာပေါ့ ကမ္ဘာပေါ်မှာ အလေးလံဆုံးအရာက“မျက်ခွံ” ဆိုတာလေ)အခုလည်း ဘယ်လိုထိန်းထိန်းမရတာနဲ့
“အမေ ကျွန်တော်သွားအိပ်တော့မယ် အရမ်းအိပ်ချင်နေပြီ။သြော်...ဒါနဲ့ အမေ မနက်ဘယ်တောသွားမှာလဲ။
လိပ်ခုံးကို ဆေးရိုးသွားတိုက်မှာ ဘာလို့လဲ။သြော် ဟိုနှစ်ယောက်က တောလိုက်ချင်တယ်ဆိုလို့။(၇)နှစ်နာ
ရီလောက်မှသွားမှာပါ ထမင်းစားသောက်ပြီးမှ သွားကြတာပေါ့။ ဟုတ် အမေ။ (လိပ်ခုန်းဆိုတာ ကျွန်တော့်
တို့ရွာကနေ အနောက်ကိုလှမ်းကြည့်လိုက်ရင် လိပ်ကျောကုန်းကြီးနဲ့တူလို့လိပ်ခုံးလို့ခေါ်တာပါ။ တောမှန်သ
မျှကို နာမည်တပ်ပြီးသားပါ ဆူးပုတ်တန်း၊ တောင်ကုန်းပေါ်၊ မြောက်ကုန်းပေါ်၊ချောင်းရှေ့ဘက်၊ ချောင်းထဲ
လိပ်ခုံး)။အမေ အိပ်တော့မယ်။ ကျွန်တော်လည်း အိပ်လိုက်တာ တစ်ချိုးပါပဲ မနက်(၅)နာရီလောက်ကျကျွန်
တော်နိုးနေပါတယ်။ ကျွန်တော်နိုးတော့ ကျွန်တော့်သူငယ်ချင်းတွေလည်းနိုးလာကြပါတယ်။ အိပ်ကြပါအုံး
စောပါသေးတယ် တောက(၇)နာရီလောက်မှသွားမှာပါ။ အိပ်တော့ပါဘူးကွာရတယ်။ ဒီနေ့စောစောနိုးမှပဲေ
ကျးလက်ရဲ့ သဘာဝလေးတွေကိုခံစားမိတယ်ကွာ။ အိပ်ယာထ ငှက်ကလေးတွေရဲ့အသံကလည်း တီတီတာ
တာ ကျွီကျွီကြွာကြွာနဲ့ နောက်ပြီးအေးမြတဲ့လေလေးနဲ့အတူ တမာရွက်ခြောက်နံ့နဲ့ ဖုန်အနံ့လေးရှူလိုက်ရ
တာလည်း ကျေးလက်ရဲ့သဘာဝပီပြင်ပါပေတယ်ကွာ။ ငါတို့မြို့နဲ့တော့ တစ်ခြားစီပဲကွ...ငါ့တို့ဆီမှာလင်းလ
ာကတည်းက ကားသံ စက်သံတွေကညံလို့ နောက်ပြီး အလိမ်တွေ၊အပတ်တွေ အရှုပ်တွေကလည်းပေါမှပေါ
မင်းတို့ကျေးလက်ကတော့ ကိုယ့်တစ်နေ့တာတာဝန်ကိုထမ်းဆောင်ပြီး လောဘနည်းလိုက်ကြတာ၊ အေးချမ်
းလိုက်ကြတာ ကြည့်ရကြည်နူးလိုက်တာကွာ။ စကားပြောနေတုန်း“ ဆွမ်းတော်ဗျို့”ဆွမ်းခံလာတဲ့ဦးဇင်းတွေ
ကိုရင်တွေရှေ့ကနေ နိဗ္ဗာန်ဆော် ကျောင်းသားလေးအော်လိုက်တော့ တစ်အိမ်ချင်းကနေ ဆွမ်း၊ ဟင်းရာခွ
က်တို့ကို ထွက်ထွက်ပြီးလောင်းလှူကြပါတယ်။အဲဒါကိုကြည့်ပြီး နေဇော်နဲ့ အောင်ဦးပါးစပ်ကနေ ကြည်ညို
ဖို့ကောင်းလိုက်တာနဲ့ တတွတ်တွတ်ပြောနေပါတယ်။ “ရာဇာ ...။ကျွန်တော် အောင်ဦးကိုကြည့်လိုက်ပါတ
ယ်။ ငါအရင်တုန်းက တောသား..တောသားလို့ ဗီဒီယိုတွေထဲမှာ ခေါ်ခေါ်နေတာကြားဖူးတယ်။အဲလိုအပြော
ခံရရင် အဲဒီလူတွေက သိမ်ငယ်သလိုလုပ်လုပ်ပြတယ်နော်..အဲဒါတွေကိုကြည့်ပြီး ငါလည်း တောသူ၊တော
သားတွေကို အထင်မကြီးမိဘူး၊ မလေးစားမိဘူး အခုငါကိုယ်တွေ့ကြုံရတဲ့အချိန်မှာတော့ တောသူ၊ တောင်
သားတွေရဲ့စိတ်ဓါတ်တွေက ဘယ်လိုအေးချမ်းတယ်၊ ဘယ်လိုမျိုးကူညီရိုင်းပင်းတတ်တယ်၊ ဘယ်လိုမျိုးဖေ
ာ်ရွေတယ်ဆိုတာတွေကို ငါသိလိုက်ရတယ်။ ငါကတော့ ဇာတ်ကားတွေထဲက တောသားလို့အပြောခံရလို့
သိမ်ငယ်တွေတဲ့အကောင်တွေနဲ့တော့ ပြောင်းပြန်ပဲကွ။ တောသားလို့ အခေါ်ခံလိုက်ရရင် ဂုဏ်ယူပစ်မယ်”။
အောင်ဦး စိတ်ဓါတ်သန်စွာနဲ့ စကားတွေကို ခရားရေလွှတ်ပြောနေပါတယ်။
ထန်းလျက်

ခဏနေတော့ ထမင်းစားသောက်ပြီးလှည်းနဲ့ တောကိုသွားပါတယ်။ နေဇော်က လှည်းမောင်းချင်တယ်ဆိုလို့
လှည်းမောင်းခိုင်းလိုက်ပါတယ်..ပါးစပ်ကနေလည်းဟဲ့ငနွားကြီးသွားထားပါလားဟဲ့ ဘာညာနဲ့နွားကိုပြောနေ
ပါတယ်။ နွားတွေကလည်း အရမ်းသိတာ မောင်းနေကျလူမဟုတ်တော့ ဟိုဆွဲ၊ ဒီဆွဲနဲ့ ဂျစ်ကပ်ကပ်ပေါ်ဗျာ
။အဖေက ဟဲ့ ငါ့သားနှစ်ကောင် ဘယ်လိုသွားနေတုန်းဆိုပြီး အော်လိုက်မှ နွားတွေက ဖြောင့်ဖြောင့်မတ်မ
တ်သွားပါတယ်။ တောရောက်တော့ လုပ်စရာရှိတာလုပ်ပြီး အိမ်ကိုပြန်လာခဲ့ကြပါတယ်။ အိမ်ရောက်တော့
အမေကြီးကဆီးပြီးပြောပါတယ်။ “ဘယ်သူ့အိမ်ကရေနွေးသောက်ခေါ်ထားတယ်၊ ဘယ်သူအိမ်ကထမင်း
ကျွေးမယ် နဲ့ရွတ်ပြနေပါတယ်။ မနက်ဖြန်ခါတော့ ဘယ်သူ့အိမ်က...။အဘွား မနက်ဖြန်ကျရင် နေဇော်တို့ေ
အာင်ဦးတို့ကပြန်တော့မှာအဘွားရ ထမင်းကျွေးမယ်ဆိုပြီး လာပြောရင် လက်မခံနဲ့တော့နော် အဘွား။ ကျွန်
တော်က ဧည့်သည်မဟုတ်ဘူးလေ။ ဟယ် ..ငါ့တူတို့ မနက်ဖြန်ပြန်ကျတော့မလို့လားအဒေါ်တို့ရွာမှာ နေရ
တာအဆင်မပြေကျဘူးထင်တယ်။ အေးပေါ့လေ...ပျင်းကျပေမပေါ့...နေပါအုံးလို့တော့ တားချင်ပါတယ်ကွ
ယ် ဒါပေမဲ့ ငါ့တူတို့ပျင်းနေတာကိုတော့မကြည့်ရက်ပါဘူးကွယ်။ အမေက ၀င်ပြောလိုက်တော့။ ဟာ...ဒေါ်
ဒေါ် အဲလိုမဟုတ်ပါဘူး။ အိမ်ကို(၃) ညအိပ်(၄)ရက်ခရီးသွားမယ်လို့ ခွင့်တောင်းလာလို့ အဲဒါကြောင့်ပြန်ရမှ
ာပါ။ ဒီမှာနေရတာ ဗဟုသုတလည်းရတယ် ပျော်ဖို့လည်း ကောင်းပါတယ်။ ဒီလိုနဲ့ ရေနွေးသောက်ခေါ်တဲ့အိ
မ်တွေလှည့်လိုက်ပြီး ညနေစာကိုတော့ မမခိုင်တို့အိမ်မှာစားလိုက်ပါတယ်။ တစ်ချို့ကလည်း မနက်ဖြန် ရေေ
နွးသောက်လာခဲ့ကျအုံးနော်နဲ့ ခေါ်တဲ့သူတွေကလည်း တစ်ပုံကြီးပါပဲ။ မဟုတ်ဘူး ဘကြီးရ မနက်ဖြန်ဧည့်
သည်တွေပြန်တော့မှာ..။သြော်..ဟုတ်ကလားဟ ဘယ်တုန်းကရောက်နေကျတာတုန်း မင်းတို့က။ကျွန်တေ
ာ်တို့ (၃)ရက်ရှိပြီ ဘကြီးရ။ဟာ..မင်းတို့ကောင်လေးတွေကလည်း ရောက်ရင် ဘကြီးတို့အိမ်တန်းလာမှပေါ့
..။ ဒါဆိုလည်း မနက်ဖြန်ကျရင် ငါ့တူ တစ်ယောက်ထဲလာခဲ့ပေါ့ကွာ..။ဟုတ်ကဲ့ပါ ဘကြီးကျွန်တော်လာခဲ့
ပါမယ်။ အခု သွားလိုက်အုံးမယ် ဘကြီးရေ မနက်သူတို့ပြန်မှာဆိုတော့ ပြင်ဆင်စရာရှိတာလေးတွေပြင်ဆင်
ပေးရအုံးမယ်လေ။ သြော်..သွားကျ..သွားကျ ဓါတ်မီးရော ဘာရဲ့လားဟ။ဟုတ်ကဲ့ ဘကြီးပါတယ် ဒီမှာ။
ကျွန်တော်တို့လည်း ဘကြီးကိုနှုတ်ဆက်ပြီး အိမ်ကိုပြန်ရောက်တော့ အမေက ငါတူတို့ မင်းတို့အတွက်အည
ာလက်ဆောင်လေးတွေပေါ့ ဆိုပြီး ငရုတ်သီးခြောက်၊ ထန်းလျက်၊ ဆီးသီး၊ ဖျင်ထဘက်လေးတွေ နှစ်ယော
က်ဆာပြင်ဆင်ပြီးသားလေး ပေးပါတယ်။ ဟာ...ဒေါ်ဒေါ်ရာ မလိုချင်ပါဘူးဗျာ..ဒီလောက်ဧည့်ဝတ်ကျွေပွန်
တာကိုပဲ ၀မ်းသာပိတိဖြစ်နေပြီ။နောက်ပြီး အားလည်းအားနာနေပြီ။ ယူသွားပါကွာ အညာလက်ဆောင်လေး
တွေက တန်ဖိုးမရှိပေမဲ့ သုံးလို့တော့ရပါတယ်ကွာ။အေးပါကွာ..အသုံးမကျလို့မဟုတ်ပါဘူး ရာဇာရာ အားနာ
လို့ပါ.. ။အားမနာပါနဲ့ကွာ ငါတို့က အားနာရမဲ့သူတွေမဟုတ်ဘူးလေ။ မင်းတို့အိပ်ချင်ရင် အိပ်နှင့်ကျနော်ငါ
စကားပြောအုံးမယ်။ဒီညတော့ ငါတို့လည်းပြောအုံးမယ် မနက်ဖြန်ပြန်မှာဆိုတော့လေ။ ကျွန်တော်တို့လည်း စကားတွေဖောင်ဖွဲ့နေကြပါသည်။ ကိုင်း..ကိုင်း. ကလေးတို့ အိပ်ကျတော့လေ မနက်စောစောထရမှာဆိုပြီး
အဘွားကစကားဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့လည်း အိပ်ယာဝင်ခဲ့ကျပါတယ်။ အိပ်ယာထဲရောက်တော့
အောင်ဦးက“ရာဇာ ပြန်ရတော့မယ်ဆိုတော့ ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲကွ ငါအလည်အပတ်တွေအများကြီ
းရောက်ဖူးပါတယ် ဒီလိုတစ်ခါမှမဖြစ်ခဲ့ဖူးဘူး။ အခု ငါပြန်ရမှာ ၀မ်းနည်းနေသလိုလို၊ လွမ်းနေတာလိုလိုနဲ့ခံ
စားနေရတယ်ကွာ။နေဇော်ကလည်း ဟုတ်တယ်ကွာ အညာသူ၊ အညာသားတွေရဲ့ အပြုအမူတွေက ငါ့ရဲ့စိ
တ်ကို လွှမ်းမိုးသွားသလိုခံစားရတယ်။အေးပါကွာ.ငါနားလည်တယ်... အိပ် အိပ် မနက်ကျရင်(၃)နာရီေ
လာက်ထရမှာ ကျွန်တော်စကားကို အဆုံးသတ်ပစ်လိုက်ပါတယ်။ သူတို့နှစ်ယောက်လည်း သက်ပြင်းတွေချ
ပြီး ခံစားချက်ကိုယ်စီနဲ့ အိပ်မပျော်ဘူးထင်ပါတယ်ဗျာ...။
စားပွဲတင်နာရီ

“တီ...တီ.တီ..တီ”(၃)နာရီထိုးတော့ နှိုးစက်ကထမြည်ပါသည်။ကျွန်တော်လည်း နှိုးစက်ကိုပိတ်ပြီး ပြန်အိ
ပ်မလို့ လုပ်ပြီးမှ ဟိုကောင်တွေပြန်မှာကို သတိရမိသွားလို့ မအိပ်တော့ပဲ နေဇော်၊ အောင်ဦး ထ ထ မျက်နှာ
သစ် ထမင်းစား ကားဂိတ်ကိုသွားကြရအောင် ။ ကျွန်တော့် အဖေနဲ့ အစ်ကိုလည်း ထပြီး နွားကျွေးနေပါတ
ယ်။ ကျွန်တော်တို့ မျက်နှာသစ်နေတဲ့အချိန်မှာပဲ တစ်အိမ်လုံးလည်းနိုး အရီးစောကလည်း မီးပုံးထဲမှာမီးခွက်
ထည့်ပြီး အိမ်ဘက်ကိုလာနေပါတယ်။ ကျွန်တော်တို့လည်း မျက်နှာသစ်ပြီး ထမင်းစားဖို့ပြင်နေကြပါတယ်။
မန်းရာ မင်းတို့ ပြန်ကျတော့မလို့လား။ ဟုတ်တယ် အရီးရေ သူငယ်ချင်းတွေပြန်မှာ ကျွန်တော်က ကျောင်း
ဖွင့်မှပဲပြန်တော့မှာလေ။သြော်... ကိုင်း..ကိုင်း ကလေးတို့စားကျ ကားနောက်ကျနေအုံးမယ်။ ကျွန်တော်တို့
လည်း ထမင်းကိုမြန်မြန်စားပြီး ကားဂိတ်သွားဖို့ ပြင်ဆင်ပါတယ်။ အောင်ဦးနဲ့နေဇော်က အဘွား၊ ဦးဦး၊ဒေါ်ေ
ဒါ်၊ အရီးစော အားလုံးထိုင်ကြပါအုံး ကျွန်တော်တို့ ကန်တော့ချင်လို့ပါ။ ရပါတယ် ကလေးတို့ရယ်။ လုပ်လုပ်
ကန်တော့ကျ “ဘုန်းကြီးပါစေ..သက်ရှည်ပါစေ..အနာမျိုး(၉၆) ပါးမှကင်းဝေးကြပါစေ..ကပ်ကြီး(၃)ပါးမှ
ကျော်လွှားနိုင်ပါစေ...မျက်နှာမြင်ချစ်ခင် ၊အသံကြားသနားနိုင်ကြပါစေတော်” အဘွားကဆုတွေတစ်သီကြီ
းပေးနေပါသည်။ ညီလေးတို့ လှည်းပေါ်တက်ကြ ကျွန်တော့်အစ်ကိုက လှမ်းပြီးအော်လိုက်ပါသည်။ ကျွန်တော်တို့တွေလှည်းပေါ်တက်လိုက်ကြပါတယ်။ အဖွား ၊ ဒေါ်ဒေါ်တို့ အားလုံးကို နှုတ်ဆက်ပါတယ်။ငါ့
တူတို့ အားတဲ့အခါကျရင် လာခဲ့ကြအုံးနော်။ ဟုတ်ကဲ့ လာခဲ့မှာ စိတ်ချပါဗျာ။ တစ်ယောက်နဲ့တစ်ယောက်နှု
တ်ဆက်သံတွေက ပဲ့တင်ထက်နေပါသည်။ အမှောင်ထဲမှာလှည်းလေး တရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားပါ
တာ့သည်။ မစောရယ် ငါတော့ရင်ထဲမှာတစ်မျိုးကြီးပဲအေ.. ဧည့်သည်လာရင်ပျော်တယ်၊ ဧည့်သည်ပြန်ရင်ဝ
မ်းနည်းရတယ်အေ။ ဟုတ်ပါ့တော် အဲဒါကတော့ ကျုပ်တို့လို တောသူ၊ တောင်သားတိုင်းပါပဲတော့။ အဘွား
ကဧည့်သည်ပြန်သွားလို့ လွမ်းဆွေးနေခြင်းပါ.. အဲဒါကိုက တောသူ၊ တောင်သားတွေရဲ့စိတ်ဓါတ်ပါပဲ။
မှောင်နဲ့မဲမဲလှည်းလေးမောင်းလာပုံ


နေဇော်နဲ့ အောင်ဦးတို့လည်း လှည်းပေါ်မှာ ခံစားချက်ကိုယ်စီနဲ့ စကားတောင်သိပ်မပြောကြပါဘူး။ ငြိမ်ပြီး
လိုက်လာကြပါတယ်။ ဟာ ကားရောက်နေပြီဟ အဖေက အော်ပြီး ဓါတ်မီးနဲ့ ကားရှိရာကိုလှမ်းဝေ့လိုက်ပါ
သည်။ ကားသမားကထွက်တော့မယ် လုပ်ပြီးမှ ဓါတ်မီးရောင်မြင်လို့ စောင့်နေပါတယ်။ ကျွန်တော်တို့ ကား
ဂိတ်ရောက်တော့ မန္တလေးသွားမဲ့သူတွေလား ကားစပါယ်ယာကလှမ်းအော်လိုက်ပါသည်။ ဟုတ်ပါတယ်။
မြန်မြန်လာကြ ကားထွက်တော့မယ်နော် ဆိုပြီး အော်လိုက်တော့ အောင်ဦးနဲ့ နေဇော်တို့လည်း ပျာပျာသလဲ
ဆင်းပြီး ကားပေါ်ကိုတက်သွားကြပါတယ်။ ကားပေါ်ကနေပြီးတော့လည်း နောက်မှလာလည်အုံးမယ်ကွာ..
မင်းတို့ရွာက ငါတို့ရဲ့ နှလုံးသားတွေကို ဆွဲထုတ်သွားပြီကွ...ငါတို့စိတ်တွေက မင်းတို့ရွာမှာကျန်ခဲ့ပြီကွ...။
နေဇော်က လှမ်းအော်လိုက်ပါသည်။ ကားကလည်းဘီးလှိမ့်နေပါပြီ ။ တာ့တာကွာ ကျွန်တော်လည်းအသံကု
န်ဟစ်ပြီး အော်လိုက်ပါတော့သည်။
ပြီးပါပြီ။
(ဒီပို့စ်ကလေးကိုရေးရတဲ့အကြောင်းကတော့ တောသူ ၊ တောင်သားတွေရဲ့ ဖော်ရွေ ပြူငှာဆက်ဆံပြီး ဧည့်
ဝတ်ကျေတတ်ပုံနှင့် ဧည့်သည်လာရင်ပျော်တတ်ကြပြီး၊ ပြန်သွားတဲ့အခါ လွမ်းဆွတ်ကြေကွဲပုံတို့ကို ဖော်ပြ
လိုခြင်းဖြစ်ပါသည်)။
ဒီပို့စ်ကိုဖတ်ပြီးရင်ထဲမှာ ရသတစ်ခုခု ကျန်ခဲ့မယ်ဆိုရင်တော့ အပျော်ဆုံးလူက ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်။
ဝေဖန်အကြံပေးချင်တယ်ဆိုရင်တော့ စီဘောက်(သို့) ကွန်မန့်ထဲမှာ အော်သွားကြပါအုံးဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်..........................
ရာဇာ(ကျေးတောသားလေး)
2.3.2011



Tuesday, March 1, 2011

မွေးရပ်အညာနဲ့ရွှေဧည့်သည်(၂)


ထမင်းစားပြီးတာနဲ့ နေဇော်နဲ့ အောင်ဦးတို့လည်း မန်ကျဉ်းပင်အောက်မှာချထားတဲ့ ထန်းပလက်ကုလားထိုင်
ပေါ်မှာ ထိုင်နေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့လက်ထဲမှာလည်း ယပ်တောင်လေးတွေကိုယ်စီနဲ့လေ။ကျွန်
တော်လည်း သူတို့ထိုင်နေတဲ့အနားမှာသွားပြီး ထိုင်လိုက်ပါတယ်။“နေဇော်နဲ့ အောင်ဦးနှစ်ယောက်လုံးပျင်းေ
နကြပြီလား။ မပျင်းပါဘူးကွာ...ငါတို့ကရောက်တဲ့နေရာကမှာပျော်တတ်တယ်ကွ။ ငါ့အမေကဆို ငါ့ကိုအမြဲ
ပြောတယ်။ အောင်ဦး နင်ကကြက်တွေလိုပဲတဲ့...ချေးကျရာပျော်တဲ့အကောင်တဲ့လေ။ နေဇော်ကလည်း
အားကျမခံ ငါကတော့ မင်းလိုမဟုတ်ဘူး ရောက်တဲ့နေရာမှာ သင့်တင့်လျောက်ပတ်အောင်နေတတ်တယ်။
အေး မင်းတို့အရင်ရောက်ဖူးတဲ့နေရာဒေသတွေနဲ့တော့တူမှာမဟုတ်ဘူး အရာအားလုံးပေါ့ကွာ”။ နည်းနည်း
မှောင်လာတော့ ဘက်ထရီအိုးလေးကို မီးထွန်းလိုက်ပါတယ်။ “ရာဇာ...။ဗျာ အဖေ။ အေးနေဇော်တို့ အောင်
ဦးတို့ ပူနေမှာ တလင်းပြင်မှာလှည်းထိုးကွာ။ ဟုတ် အဖေ”။ ပြောပြောဆို တမာပင်အောက်မှာရှိတဲ့ လှည်း
ကိုသွားပြီးဆွဲလိုက်ပါတယ်။ နေဇော်နဲ့ အောင်ဦးတို့နှစ်ယောက်က ကျွန်တော်လှည်းဆွဲလာတာကို အံ့သြတ
ကြီးနဲ့ကြည့်နေကြပါတယ်။“ရာဇာ ဒီလှည်းကဘာလုပ်ဖို့လဲဟင်။ သြော်...မင်းတို့နှစ်ယောက်ပူနေမှာဆိုးလို့ေ
လ တို့ရွာက အဲကွန်းဖွင့်ပေးမလို့” ကျွန်တော်အရွှမ်းဖောက်လိုက်ပါသည်။ လှည်းဘီးနဲ့ လှည်းဝင်ရိုးအကြား
ကို လှည်းမပြိုအောင် ထမ်းပိုးတုန်း ကလန့်ထားလိုက်ပါသည်။ ကျွန်တော် အမေက နှီးဖြာတစ်ချက်ယူလာပြီ
း၊ရော့ လှည်းပေါ်မှာခင်းဆိုပြီး ကျွန်တော့်ဆီကိုလှမ်းပေးလိုက်ပါသည်။ကျွန်တော်လည်း ဖျာကိုလှည်းပေါ်မှာ
ခင်းပြီး... ကိုင်း...မင်းတို့ဆီက အဲကွန်းနဲ့ဘယ်ကအေးလည်း လာကြည့်ကြပါအုံး။ ဟိုနှစ်ကောင်ကလည်းကျွ
န်တော့်ကို ဟာသပြန်လုပ်ပါသည်။ ငါတို့တော့ အေးလွန်းလို့ တုန်ကိုနေပြီဟေ့။ မင်းတို့နှစ်ယောက် စကားေ
ပြာနှင့်ကြအုံး။ ငါအိမ်ထဲသွားလိုက်အုံးမယ်။ အေး..မင်းမိဘတွေနဲ့ အေးအေးဆေးဆေး စကားပြောပါအုံး။ငါ
တို့ကြည့်ပဲ ဧည့်ခံမနေနဲ့...ငါတို့ကဧည့်သည်မှမဟုတ်တာ။ အေးပါကွာ။ ကျွန်တော်လည်း အိမ်ကလူတွေနဲ့စ
ကားစမြည်ပြောနေတာပေါ့။ အဲဒီအချိန်မှာ ဒက်...........ဒက်..........ဒက်......ဒက်....
တောက်တဲ့...မိုးလားတောက်တဲ့... လေလား၊ တောက်တဲ့... မိုးလား၊ တောက်တဲ့ လေလား။ တောက်
တဲ့အော်တာကို ကလေးတွေက မိုးလေ၀သ ခန့်မှန်းဖို့လိုက်အော်နေတာပါ။
“ ယုန်ကလေးကနားရွက်ထောင်၊ ပညာရှိယောင်ဆောင်
ကြောင်ကလေးကလက်သည်းဖွက် ၊ ချောင်းလိုက်ရတဲ့ကြွက်
ရွှေဇီးဂွက်ရဲ့ အိနြေ္ဒ ၊ ဘုရင်ကြီးလိုနေ
မိုးလေ၀သတွက်ခါဟော ၊ တောက်တဲ့ ကိုလေပေါ
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို၊ ခေါင်းညိတ်လှတယ်ဆို
ရွှေကျီးညိုသာပါတော့ ၊ ဧည့်သည်လာမှာပေါ့” ဆိုတဲ့ ကဗျာလေးထဲကလိုပါပဲ။ တောက်တဲ့စအော်တာနဲ့က
လေးတွေက မိုးလား၊လေလား ဆိုပြီးလိုက်မှတ်နေတာလေ။ တောက်တဲ့ အော်ပြီးလို့ရပ်တဲ့အချိန် မိုးကျရင် မိုး
ရွာမယ်၊ လေကျရင် လေတိုက်မယ် ဆိုပြီးဟောကိန်းထုတ်တော့တာပါပဲ။
ထမင်းဝိုင်း

အဲဒီတောက်တဲ့အော်လို့ ကလေးတွေမိုးလေ၀သဟောဖို့ မိုးလား၊ လေလား အော်နေတာကို မောင်းမင်းကြီး
သားနှစ်ယောက်က လှည်းပေါ်မှာစကားပြောတာကိုရပ်ပြီး မျက်တောင်မခတ်တမ်း အထူးအဆန်းလုပ်ပြီးက
လေးတွေကို ကြည့်နေပါတယ်။ ကျွန်တော် သူတို့အနားရောက်သွားမှ “ရာဇာ တောက်တဲ့ အော်တာကို ကေ
လးတွေက ဘာလိုက်အော်နေတာလဲ။ အော်..ဒီလိုကွဆိုပြီး ကျွန်တော်လည်း မိုးလေ၀သတွက်တဲ့အကြောင်
းရှင်းပြလိုက်ပါတယ်။ အော်..အဲလိုလား။ အေး ဟုတ်တယ်ကွ.. မင်းတို့အတွက် မြင်မြင်သမျှ အထူးအဆန်း
တွေဖြစ်နေပြီထင်တယ်။ ကျွန်တော်တို့အိမ်ကလူတွေကလည်း သူတို့နှစ်ယောက်ကိုကြည့်ပြီး သဘောကျေ
နကျပါတယ်။ “ကလေးတွေ လာတဲ့နေ့မှပဲ လေကမလာ ပူလိုက်တာတော် အရီးစောငြီးနေခြင်းပါ။ မစောဒီ
ဘက်ကိုလာလေ.. ဒီဘက်ကနဲနဲလေကြောင်းသင့်သေးတယ်ဟဲ့။ အဖွားက အရီးစောကိုလှမ်းခေါ်လိုက်ခြင်း
ဖြစ်ပါသည်။ ဟုတ်ကဲ့ မမကြင်မေ ကျုပ်လာပြီ။ ရာဇာရေ.. လေကြောင်းပိတ်နေတယ်ဟ လေချွန်ပြီးခေါ်ပါ
အုံး။ ကျွန်တော်လည်း ကောက်ခါငင်ခါ လေချွန်လိုက်ပါသည်။ ရွှီ...ရွှီ...ရွှီး..”။ကျွန်တော်လေချွန်နေတာ
ကို ကျွန်တော့်သူငယ်ချင်းနှစ်ယောက်က “မင်းဘာလို့လေချွန်တာတုန်း ငါတို့ကိုပြောပြအုံး။အကြောင့်မဲ့လေ
ချွန်တာမဟုတ်ဘူးဆိုတာငါတို့သိတယ်။ မင်းတို့လုပ်သမျှ အကုန်အထူးအဆန်းတွေကြည့်ပဲ။ အေးပါ..အခုေ
လချွန်တာက လေကြောင်းပိတ်နေလို့ လေလာအောင်လေချွန်ခေါ်တာလေ...တို့ဆီရဲ့ ဓလေ့တစ်ခုပဲပေါ့။ ထူးဆန်းပြန်ပြီနော်...မင်းတို့ဆီလိုက်လာရတာ ဗဟုသုတရစရာကြည့်ပါပဲကွာ။အမလေးအေးလိုက်တာတေ
ာ် အဖိုးတန်လိုက်တဲ့လေလေး အရီးစော လေ ကိုကျေးဇူးတင်နေခြင်းပါ။ ငါ့မြေးတို့ ရေချိုးမှာဆိုချိုးကြလေ.
..အခုလောက်ဆို မပူတော့ပါဘူး”။ ကျွန်တော့် အဖွားကလှမ်းပြောလိုက်ခြင်းပါ။ “ရာဇာ ရေကဘယ်သွားချိုး
ရမှာလဲဟ။စက်ရေတွင်းမှာသွားချိုးလည်းရတယ် တစ်ခါချိုး(15)ကျပ်ကွ။ ရေတွင်းကတော့ ကိုယ့်ဟာကို ရေ
ငင်ချိုးရမယ်။ ဒါဆို ရေတွင်းသွားချိုးရအောင်ကွာ ဗဟုသုတရတာပေါ့။ အေး သွားမယ်လေ။ ရေတွင်းကဘ
ယ်မှာလဲ” အောင်ဦးမေးလိုက်ခြင်းပါ။ တို့အိမ်တောင်ဘက်တင်ပဲလေ။ အိမ်ကနေ ရေပုံး နဲ့လွန် ရယ်၊ဆပ်ပြာ
ခွက်ရယ်ယူသွားလိုက်ပါတယ်။ ရေတွင်းကိုရောက်တော့ အောင်ဦးနဲ့ နေဇော်တို့ မ၀ံ့မရဲလေး ရေတွင်းကိုငုံ့
ကြည့်ပါသည်။ ဟာ.......ရေတွင်းကအနက်ကြီးဟ။အောင်ဦး အော်လိုက်ခြင်းပါ။ နေဇော်က ဟုတ်တယ်
ဟ ရေတွင်းကအနက်ကြီး ဒီလောက်နက်တဲ့တွင်းမျိုးကို ငါတစ်ခါမှမမြင်ဖူးဘူး။ အတောင်ဘယ်လောက်န
က်လဲဟ။ အတောင်(၃၀) နဲ့ (၄၀)ကြားမှာရှိတယ်။သြော်..မလွယ်ပါလားကွာ။ ကျွန်တော်လည်း ရေပုံးကို
ကြိုးချည်ပြီး ရေငင်ပြီး တစ်လှည့်စီ ချိုးကြပါသည်။ ရေကတော့ချိုသားပဲကွ အောင်ဦးကပြောလိုက်ပါသည်။
အေး ဟုတ်တယ်။ စာဆိုတောင်ရှိတယ်လေ “ကွေ့ကြီးရေ နောက်ကျိကျိ သောက်မိကမပြန်ချင်တဲ့ ” လေ။
အေး ဟုတ်မှာကွ ရေကတော့တော်တော်ချိုတယ်။ ဒီလိုနဲ့ ရေချိုးပြီးတော့ အိမ်ပြန်လာပြီး စကားစမြည်လေး
ပြောပြီး အိပ်ယာဝင်ကြပါတယ်။မနက်(၅)နာရီလောက်မှာ အမေက ကျွန်တော့်ကိုလာနှိုးပါတယ်။ ဧည့်သည်
တွေအတွက် အားလုံးချက်ပြုတ်ထားခဲ့တယ် ။ မင်းကောင်းကောင်းဧည့်ခံလိုက်အုံးနော်။ အမေတို့ တောသွား
ပြီး နွားစာရိတ်ရင်း ဆီးသီးခြောက်တွေသယ်ရင်းသွားမှာ စောစောပြန်ရောက်မှာပါ။ နေ့လည်စာကိုတော့ အ
မေပြန်လာမှ ချက်တော့မယ်နော်။ အမေတို့ လှည်းကောက်ပြီးသွားတော့ ကျွန်တော်လည်း မျက်နှာသစ်လုပ်
စရာရှိတာလေးတွေလုပ် အားလုံးပြီးတော့ (၈)နာရီထိုးနေပြီ။“အောင်ဦး နဲ့ နေဇော် ထကျတော့(၈)နာရီထိုး
နေပြီကွ။ အဲဒါနဲ့သူတို့နှစ်ယောက်လည်း လူးလှိမ့်ထကြပါသည်။ ဟင် မင်းတို့ရွာကတိတ်ဆိတ်ငြိမ်သက်နေ
တာပဲ ဘာဖြစ်လို့လဲဟင်။သြော်...သူငယ်ချင်းတို့ရယ် ဒီအချိန်က တောသွားတဲ့အချိန်လေ..အဲဒါကြောင့်ငြိမ်
နေတာကွ။ ဟာ...ငါတို့ရှက်ဖို့ကောင်းလိုက်တာကွာ။ မင်းတို့ရွာရောက်မှပဲ ကိုယ့်ကိုယ်ကို အပျင်းကြီးတဲ့သူ
တွေဆိုတာသိတော့တယ်ကွာ။ အဲလိုလည်းမဟုတ်ပါဘူးကွာ.. “ဒူးနေရာဒူး၊ တော်နေရာတော်ပေါ့” ၊“ရောမ
ရောက်တော့လည်း ရောမလိုကျင့်”ကြပေါ့ကွာ။ သူတို့နှစ်ယောက်မျက်နှာသစ်နေတဲ့အချိန်မှာ ကျွန်တော်က
ထမင်းပွဲပြင်ထားလိုက်ပါတယ်။ကျွန်တော့်တို့အိမ်ကထွက်တဲ့ မနောသုခဆန်သွယ်သွယ်လေးနဲ့ချက်ထားတဲ့
ထမင်းလေးကို ဆီဆမ်း၊ အကြော်စုံရယ်၊ ပဲပြုတ်ရယ်၊ တို့ဟူးသုပ်ရယ်၊ ငါးခြောက်ဖုတ်ဆီဆမ်းလေးကိုစားပွဲ
ပေါ်တင်ပြီး ကျွန်တော်တို့(၃)ယောက်စာ ပြင်ထားလိုက်ပါတယ်။ မျက်နှာသစ်လို့ပြီးကြပြီလား ထမင်းစားရ
အောင်ပြင်ပြီးပြီ။ နေဇော်နဲ့ အောင်ဦးတို့ ထမင်းစားပွဲဆီလာနေကျပါတယ်။ သူငယ်ချင်းတို့ရေ အားတော့နာ
တယ်ကွာ..ရှိတာလေးနဲ့ အဆင်ပြေသလိုစားကြပေါ့။ ရပါတယ်ကွာ အားမနာနဲ့ မင်းနဲ့ ငါတို့က အားနာရမဲ့သူ
တွေမှမဟုတ်တာကွာ။ ကျွန်တော်တို့ထမင်းစားကြတာ ထမင်းအိုးတစ်အိုး နည်းနည်းပဲကျန်တော့တယ်။
မင်းတို့အခုလိုထမင်းစားနေတာမြင်တော့ဝမ်းသာလိုက်တာကွာ။ ကျွန်တော်တို့ထမင်းစားပြီး ခဏနေတော့
အမေတို့တောကပြန်လာကြပါတယ်။သူတို့တွေကို ထမင်းကျွေးပြီးပြီလား။ ဟုတ်အမေ။ အေး တောသွားစရ
ာရှိလို့ ဟင်းတောင်ချက်မသွားနိုင်ဘူး အားနာလိုက်တာကွယ်။ ဒေါ်ဒေါ်ကသာ အားနာနေတာ ထမင်းအိုးက
တစ်အိုးကုန်ဖို့ နည်းနည်းပဲလိုတော့တယ်ဗျ...။အေးကွယ်...အဲလိုကြားရတာ ၀မ်းသာတယ်။အမေညနေစာ
ကို ဘလေးတို့ အိမ်ကကျွေးမှာတဲ့ ၊ နေ့လည်စာက မမထိုက်တို့အိမ်ကကျွေးမှာ။ သြော်..ဟုတ်လား။ ဒါဆို
အမေမချက်တော့ဘူးပေါ့ကွယ်။
တောရွာထမင်းဝိုင်း
ပဲပြုတ်ဆီဆမ်းလေး

နေ့လည်ရောက်တော့ “ရာဇာရေ တို့အိမ်ရေနွေးသောက်လိုက်ခဲ့ပါအုံး ဧည့်သည်လေးတွေခေါ်ခဲ့နော်။သြော်
ဟုတ်ကဲ့ မမအေး ကျွန်တော်တို့လာခဲ့မယ်။ မောင်မောင်ဟန် တော်ပါလိုက်ခဲ့နော်။ အေးပါငါ့နှမရာ ဧည့်မြှေ
ာင်လုပ်ပြီး လိုက်ခဲ့မှာပေါ့ဟာ” အဖေကပြန်ပြောလိုက်ခြင်းဖြစ်ပါသည်။မမအေး အခုမမထိုက်တော့အိမ်က
ထမင်းစားလာခေါ်လို့လိုက်သွားလိုက်အုံးမယ် ပြီးမှလာခဲ့မယ်။ အော်..အေးအေး..မေ့မနေနဲ့နော် ဆက်ဆက်
လာခဲ့အုံး။ကျွန်တော်တို့က မမထိုက် ထမင်းစားလာခေါ်တဲ့နောက် လိုက်ပါသွားကြပါသည်။ ငါ့မောင်တို့အား
မနာနဲ့နော်.. မမထိုက်က ရာဇာက မောင်နှစ်မ၀မ်းကွဲတော်တယ်။ ဟုတ်ကဲ့ပါ အစ်မဆိုပြီး သူတို့စကားလက်
ဆုံကြနေပါတယ်။အရီးဌေ့ နေကောင်းလား။ အေး..ကောင်းပါတယ် ငါ့တူရယ်။ ငါ့တူကြီးတောင် ၀လာပါလာ
း။ ဟုတ်တယ် အရီးရေ ကျောင်းတက်နေရတာဆိုတော့ စားလိုက်၊ သောက်လိုက်၊ စာကျက်လိုက်ဆိုတော့
မပင်ပန်းဘူးလေ အဲတော့နည်းနည်းဝလာတာပေါ့ဗျာ။ မထိုက် အမေထမင်းပွဲပြင်ပြီးပြီ ဧည့်သည်လေးတွေ
ကိုခေါ်ခဲ့ဟဲ့။လာကြ ငါ့မောင်တို့ ထမင်းစားရအောင် ဒီမှာလက်ဆေးဇလုံ၊ ရှိတာလေးနဲ့ အားရပါးရ စားကြကွ
ယ်။ ဟုတ်ကဲ့ပါ အရီးဌေ့ ကျွန်တော့် သူငယ်ချင်းတွေကလည်း ကျွန်တော်ခေါ်သလိုလိုက်ခေါ်ကြပါသည်။
ထည့်စားဒီဘက်က ငါးထလုံး(ငါးနာမည်)လေးကြော်ထားတာ၊ဒါလေးကတော့ ငါးသေးသေးလေးတွေငရုတ်
သီးစိမ်း အိုးကပ်လေးချက်ထားတယ်။ ဒါကတော့ပဲဟင်းချို၊ ဒါကငရုတ်သီးထောင်း၊ငါးပိကင်လေး၊ ဒါလေး
ကတော့ ချဉ်ပေါင်ရွက်ကြော်၊ ကိုင်းကိုင်း စားကြ စားကြ ။ ကျွန်တော်တို့လည်း ခေါင်းမပေါ်အောင်စားကြပါ
တော့တယ်။ မထိုက်ရေ ကလေးတွေကို သောက်ရေခပ်ပေးဟဲ့ ။ငါ့မောင် သောက်သောက် ငရုတ်သီးစပ်နေ
ပြီထင်တယ်။ ရပါတယ် အစ်မရဲ့ အားနာစရာ ကျွန်တော်တို့ဘာသာသောက်ပါမယ်။ အားမနာပါနဲ့ကွာ။သူတို့
လုပ်ပေးတာကို လက်ခံမှသဘောကျတာနော်။ ထမင်းပွဲသိမ်းပြီးတော့ အချိုပွဲဆိုပြီးတော့ ထန်းသီးမုန့် နဲ့မြေ
ပဲလှော်၊ လ္ဘက်သုပ် ကျွေးပြန်ပါတယ်။ သူတို့လုပ်ပေးတာကို လက်ခံမှကြိုက်တယ်လို့ပြောထားတော့ ဗိုက်ေ
လးနေပေမဲ့ ကျွန်တော့်သူငယ်ချင်းနှစ်ယောက် တို့ကနိ တို့ကနန်း နဲ့စားနေကြပါတယ်။ စားပြီးလို့မှမကြာ
သေးဘူး ။ တောင်ဘက်အိမ်က ခေါ်ပြန်ပါတယ်။ “ရာဇာနင်တို့ ကျောင်းပိတ်လို့ပြန်လာကြတာလား ဧည့်သ
ည်တွေရော ပါလာတာကိုး ရေနွေးလာသောက်ကြအုံး။ အဲလိုခေါ်ပြန်တော့ သွားရပြန်ပါတယ်။ အရီးဌေ့နဲ့မမ
ထိုက် အရီးသန်းတို့အိမ်က ခေါ်လို့သွားအုံးမယ် ညနေမှသက်သက်လာတော့မယ်နော်။ အေးအေး သွားသွား
ငါ့တူတို့ ” အရီးကလှမ်းပြောလိုက်ပါသည်။ “ရာဇာ ငါတို့တော့ မစားနိုင်တော့ဘူးကွ ထမင်းတွေကိုလည်းစာ
းကောင်းကောင်းနဲ့ စားထားတာ ဗိုက်ကပြည့်နေပြီ။ နောက်ပြီးမင်းတို့ဆီကပြောတဲ့ရေနွေးသောက်ရတာက
လည်း ဗိုက်ကိုကယ်နေပြီကွာ။ တောင်ဘက်အိမ်ကခေါ်တာ ဘယ်လိုစားနိုင်တော့မှာလဲ။ အေး မစားနိုင်လ
ည်းဟန်ပြပေါ့ကွာ.. စကားလေးဘာလေးပြောပြီးနည်းနည်းပါးပါး စားကြတာပေါ့။ အေးကွာ မင်းတို့တောသူ၊
တောင်သားတွေက စကားပြောရင်သာ တုံးတိတိနိုင်တာ စိတ်သဘောထားတွေက ပြည့်ဝလိုက်ကြတာကွာ။
ငါတော့ မင်းတို့ရွာ လိုက်လာရတာအရမ်းလည်းပျော်တယ် ဓလေ့စရိုက်တွေကိုလည်းသိရတယ်။ လာတုန်း
ကပင်ပန်းသလောက် အခုတော့ အဲဒီအမောတွေက မင်းတို့ရွာလေးထဲရောက်ကထဲက လွင့်စင်သွားတာ
ဟေ့။ အေးပါ ဟိုဘက်အိမ်ရောက်ရင် မစားနိုင်လည်း နည်းနည်းတော့ စားကြနော်...။အေးပါကွာ သူတို့တွေ
ရဲ့စေတနာကို အသိမှတ်ပြုတဲ့အနေနဲ့ ထိုင်ရာကမထနိုင်ရင် ထမ်းသာခေါ်ပေတော့ ငါတို့တော့ကြိတ်မယ်
ဟေ့...။ ကျွန်တော်လည်း သဘောကျပြီး ပြုံးနေလိုက်ပါသည်။
ဆက်ပါဦးမည် နောက်ဆုံးပိုင်း မျှော်
ရာဇာ(ကျေးတောသားလေး)
2.3.2011






မွေးရပ်အညာနဲ့ရွှေဧည့်သည်(၁)


ရာသီကား တပေါင်းလ ။ သစ်ရွက်တွေ ကြွေပြီးလို့ လေပွေတွေဝေ့၀ဲပြီး ဖုန်တွေတထောင်းထောင်းထနေ
တဲ့အချိန်။တက္ကသိုလ်က စာမေးပွဲပြီးလို့ ရွာကိုပြန်အလာ၊ သူငယ်ချင်းနှစ်ယောက်ကကျွန်တော်တို့ တောရွာ
ကိုအလည်လိုက်ချင်တယ်လို့ ပြောလို့ ရွာကိုခေါ်လာတဲ့အချိန်က သူငယ်ချင်းနှစ်ယောက်ရဲ့ အညာဓလေ့အ
တွေ့အကြုံလေးတွေကို သတိရလို့ သူငယ်ချင်းတွေကို အလွမ်းပြေ ဒီပို့စ်ကလေးကိုရေးရခြင်းဖြစ်ပါသည်။

မန္တလေးဘုရားကြီးနောက်မုဒ်ကနေ ကျွန်တော်တို့ရွာဘက်ကိုပြန်တဲ့ ရွှေမန်းမေကားကို သူငယ်ချင်း(၃)ယေ
ာက်ထိုင်စောင့်နေကြပါတယ်။ ကားကိုတော်တော်ကြာကြာစောင့်လိုက်ရပါတယ်။ ကားလာတော့ကျွန်တော်
တို့အဖွဲ့ကားခေါင်မိုးပေါ်ကိုတက်ပြီး နေရာယူလိုက်ပါတယ်။ (ကားရှားတော့ လူကြပ်လို့အပေါ်ကိုတက်စီးခြင်း
ဖြစ်ပါသည်)။သူငယ်ချင်း(၃)ယောက်ကားပေါ်ရောက်တော့ ပြန်ရမဲ့လမ်းခရီးအကြောင်း စကားတွေဖောင်ဖွဲ့
နေကြပါတယ်။ မန္တလေးကနေ အမရပူရကိုဖြတ်ပြီး စစ်ကိုင်းတံတားအကွေ့ကနေ တံတားဦးဘက်ကိုဖြတ်တဲ့
အထိ ကျွန်တော့်သူငယ်ချင်းနှစ်ယောက် စကားတွေဖောင်ဖွဲ့ပြီး လိုက်လာပါတယ်...။ကျွန်တော်ကတော့ သူ
တို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်ပါသည်။ကျွန်တော်ပြုံးတာကို သူငယ်ချင်းတွေကကြည့်ပြီး “ဘာပြုံးတာ
တုန်း။ သြော်...မင်းတို့နှစ်ယောက် စကားပြောနေတာကို သဘောကျလို့ပါကွာ။ ဘာလဲ..မင်းက ငါတို့နှစ်
ယောက်ကို နုတယ်လို့များ ထင်နေတာလား ငါတို့ဒီအပူလောက်တော့ ဒဏ်ခံနိုင်ပါတယ်ကွ..။အေးပါကွာ...
အဲဒီအသံလေးပဲကြားချင်ပါတယ်....။ဒီလိုနဲ့ ရေကမိုး၊ မြင်းသည်ကိုရောက်တော့အပူဒဏ်ကတဖြည်းဖြည်းစ
လာပါတယ်...။ ကျွန်တော် သူငယ်ချင်းနှစ်ယောက်ကို မျက်လုံးဝေ့ကြည့်လိုက်ပါတယ်...။သူတို့နှစ်ယောက်
စကားသိပ်မပြောတော့ပါဘူး ခေါင်းလေးတွေငုံ့ပြီး လိုက်လာပါတယ်...ချွေးတွေကလည်း ရွှဲလို့ဗျာ..သူတို့ကို
ကြည့်ပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားတာဗျ..။“ရော့ နေဇော်နဲ့ အောင်ဦး ခေါင်းကို ပုဆိုးလေးခြုံထား”
ဆိုပြီး ကျွန်တော် အိတ်ထဲမှ ပုဆိုးတစ်ထည်ကို ထုတ်ပေးလိုက်ပါတယ်။ သူတို့လည်း ပုဆိုးလေးကို ဆွဲယူပြီး
ခြုံထားလိုက်ပါတယ်.။ “ ခရီးသည်တွေ ပေါက်တောဗျာ...ပေါက်တော” စပယ်ယာက အော်လိုက်တော့က
ားပေါ်က လူတွေအားလုံးနီးပါးဆင်းကြပါတယ်။ ကျွန်တော်တို့လည်း ကားပေါ်က ဆင်းပြီး ထနောင်းပင်ရိပ်
အောက်မှာသွားပြီး နေရိပ်ခိုရင်း ရေသန့်ဗူးလေး ထုတ်သောက်ပေမဲ့လည်း နေကအရမ်းပူတော့ ဗိုက်သာက
ယ်သွားတာ ရေငတ်က လုံးဝမပြေဘူး။ “နေဇော်နဲ့ အောင်ဦး ဘယ်လိုလဲ ငါတို့ဆီလိုက်တဲ့ အတွေ့အကြုံ
တွေက ဗဟုသုတရ ရဲ့လား ကျွန်တော်လှမ်းစလိုက်ပါသည်။ သူတို့နှစ်ယောက်ပြုံးဖြီးဖြီးနဲ့ ကျွန်တော်ကိုကြည့်
ပြီး ..“အေး ..မဆိုးဘူးကွ။ အေးဒါအစပဲရှိသေးတယ်နော်..အားတင်းထား..။အေးပါကွာ ဖြစ်ပါတယ်ကွ”။

“ကားထွက်မယ် လူစုံပြီလား” ကားစပယ်ယာ လှမ်းအော်လိုက်ပါတယ်...။ ကျွန်တော်တို့လည်း ကားပေါ်ကို
ပြန်တက်ပြီးနေရာယူလိုက်တော့ ကားခေါင်မိုးပေါ်က ပူလိုက်တာ ဖင်တောင်မချနိုင်ဘူးဗျာ...။ ဒါနဲ့ ကျွန်တော်
တို့ လည်း သစ်ကိုင်းတွေကိုခူးပြီး ခင်းထိုင်လိုက်ရပါတယ်...။ ကားပေါ်ထိုင်လိုက်ပြီဆိုတာနဲ့ ကိုရွှေနေမင်း
ကလည်း သူ့အစွမ်းကိုပြပါတော့တယ်။ ကျွန်တော့်သူငယ်ချင်းနေဇော်က “ငါတို့ အရည်များပျော်တော့မှာလ
ားမသိပါဘူး”ကွာတဲ့၊ အောင်ဦးကတော့ စကားမပြောပဲ ပုဆိုးကိုခြုံပြီး ငြိမ်ကုတ်နေပါတယ်...။ဒီလိုနဲ့ကားကြီ
းကမနားတမ်းမောင်းလိုက်တာ မြို့သာကိုရောက်ပါတယ်...။ ကားသမားတွေလည်းနားပြီး ထမင်းစား၊ ကွမ်
းဝါး လုပ်တဲ့ နေရာပေါ့...။ ကျွန်တော်တို့ သူငယ်ချင်း(၃)ယောက်လည်း အောက်ကိုဆင်းပြီး ကြံရည်တစ်ခွ
က်စီ သောက်ပြီး ကွမ်းဝယ်ပြီး ထိုင်ဝါးနေကြပါတယ်...။ခဏနေတော့ “ကားထွက်မယ်..ခရီးသည်အားလုံး
တက်ကြပါ..”။ ကျွန်တော်တို့လည်းကားပေါ်ကိုတက်လိုက်ပါတယ်။ နေချိုသွားပြီဆိုတော့ နေအပူရှိန်လည်း
လျော့ပြီပေါ့။(နေချိုတယ်ဆိုတာ နေအေးသွားတာကိုပြောတာပါ)။ နေချို လာတာနဲ့ အမျှ နေဇော် နဲ့ အောင်
ဦးတို့လည်း စကားတွေပြန်ပြီး ဖောင်ဖွဲ့လာပြီး နေပူတဲ့အကြောင်းတွေပြန်ပြောနေကြပါသည်။ ဒီလိုနဲ့ ရွာစဉ်
အလိုက် ခရီးသည်တွေက သူတို့နဲ့သက်ဆိုင်တဲ့ရွာတွေကိုဆင်းဆင်းသွားကြပါတယ်...။ နဘူးအိုင်ကိုရောက်
တော့ ကားခဏနားပါတယ်...။“ရာဇာ မင်းတို့ရွာက မရောက်သေးဘူးလား ရွာတွေကို ဖြတ်လာတာများနေ
ပြီ..။ အေးရောက်တော့မှာပါကွ နောက်ထပ် နှစ်ရွာဆိုငါတို့ဆင်းမဲ့နေရာရောက်ပြီ...။ ဟင် မင်းတို့ရွာက ဆ
င်းပြီးရင် မရောက်သေးဘူးလား။ အေး...ကြိုပြီးပြောထားရင် မင်းတို့ စိတ်ပျက်သွားမှာဆိုးလို့ မပြောသေး
ဘူးနော်...။အေးပါကွာ ရပါတယ်”။ ခဏနေတော့ ကားထွက်တယ်။ ကျွန်တော်တို့ ဆင်းမဲ့ ကျောက်တိုင်ရွာ
နဲ့ နဘူးအိုင်နဲ့ကြားက ကားလမ်းက အရမ်းဆိုးတယ်။ ကျောက်ခဲ စားသွားရင်တောင် အစာကြေတယ်လို့ပြေ
ာကြတယ်။ ကားကတော့ “ လှသည်းသည်း” ပါတဲ့။ လှသည်းသည်းဆိုတာ လှည်းသာသာ တဲ့လေ။ကားမေ
ာင်းတာက လမ်းဆိုးတော့ လှည်းထက်နည်းနည်းပဲ ပိုမြန်လို့ လှသည်းသည်း လို့အမည်တွင်တာပေါ့။ “ကိုင်း
..ကံနီ ဆင်းလေးတွေ ပြင်ထားမယ်ဗျာ”...စပါယ်ယာက အော်လိုက်တော့။ ဆင်းမဲ့လူတွေ လှုပ်လှုပ်ရွရွဖြစ်
ကုန်ပါတယ်။ ကံနီကိုရပ်ပြီး (၅)မိနစ်မောင်းလိုက်တော့ ကျောက်တိုင်ရွာကိုရောက်ပါတယ်။ “ရောက်ပြီလား
ဆင်းရမဲ့နေရာ အောင်ဦးက မေးလိုက်ပါတယ်။ အေး ရပ်ရင်ဆင်းလို့ရပြီ။ ရှေ့မှာမြင်လား လူတွေရပ်နေတာ
အဲဒါ မြို့ကပြန်လာမဲ့သူတွေ လာကြိုနေတာကွ.. အဲမှာ ကားရပ်မှာ”။ အဲလိုပြောလိုက်တော့ အောင်ဦးနဲ့နေ
ဇော်တို့ ဆင်းဖို့ပြင်နေကြပါတယ်။ “ကိုင်း ကျောက်တိုင်ဆင်းလေးတွေဗျာ...”။ စပါယ်ယာအော်လိုက်တော့
ကျွန်တော်တို့လည်း ကားပေါ်ကဆင်းလိုက်ပါတယ်။ အောက်ရောက်တော့ နေဇော်က“ ဘယ်မှာလဲ မင်းရွာ
က ရှေ့ကရွာလား ။ မဟုတ်သေးဘူး ရှေ့ရွာက ဖက်ပင်အိုင်၊ အဲဒီရဲ့ ဟိုဘက်ကရွာက ဆုံရွာ၊ ဆုံရွာကျော်
မှ ငါတို့ရွာရောက်မှာ”။ ကျွန်တော်ပြောပြောဆိုဆို သူတို့ မျက်နှာလေးတွေကို အကဲခတ်လိုက်တော့ သူတို့
မျက်နှာလေးတွေ ရှုံ့မဲ့သွားပါတယ်။“ မင်းတို့ရွာကလည်း ဝေးလိုက်တာနော်..။ ဘာလဲ မင်းတို့ စိတ်ပျက်သွ
ားပြီလား လိုက်လာရတာ ၊ နောက်ဆို ငါတို့ရွာ အလည်ခေါ်လို့တောင်ရမယ်မထင်တော့ဘူး။ မဟုတ်ပါဘူး
ကွ။ ကိုင်းကိုင်း...ဒါဆိုလည်း သွားကြအုံးဆို့ တော်ကြာမိုးချုပ်နေမယ် တစ်နာရီလောက်တော့ လမ်းလျှေ
ာက်သွားရအုံးမှာကွ။အေး..ဒါဆိုလည်း လစ်အောင်ကွာ”။သူငယ်ချင်း(၃) ယောက်စကားတပြောပြောနဲ့သွား
လိုက်ကြတာ ဆုံရွာတောင်ရောက်နေပြီလေ..။ ကိုင်း...ဒီရွာကျော်ပြီးရင်တော့ ရောက်ပါပြီကွ...အားတင်း
ထားကြနော်..။ ဆုံရွာ ရွာထဲကနေဖြတ်လိုက်တော့ ရွာ့အပြင်ရောက်ရောက်ခြင်း ကျွန်တော်တို့ရွာနဲ့ဆုံရွာဘု
ရားပွဲတူတူလုပ်တဲ့ “အောင်ချမ်းသာစေတီတော်မြတ်ကြီး”ကိုတွေ့ရပါတယ်...။ “ဒီဘုရားက အခုပြီးခဲ့တဲ့တ
ပေါင်းလပြည့်ဘုရားပွဲလေ ငါတို့နှစ်ရွာလုပ်တာ ပျော်ဖို့ကောင်းတယ်...ငါတို့က နည်းနည်းနောက်ကျသွားတ
ာ။ ဘုရားကိုဝင်ဖူးပြီး...(၅)မိနစ်လောက်လျှောက်လိုက်တော့ စာသင်ကျောင်းကိုတွေ့ရပါတယ်။ “ရာဇာ ဒါ
က မင်းတို့ရွာစာသင်ကျောင်းလား။ အေး...ဟုတ်တယ်ကွ ဒါက ဆုံရွာနဲ့ တို့ရွာနှစ်ရွာပိုင်ကျောင်းပေါ့။ကြည့်
ပါလား ကျောင်းနာမည်ကိုက “ဆုံရွာ-ကွေ့ကြီးအခြေခံပညာအလယ်တန်းကျောင်းလေ” အင်းမင်းတို့ ဆုံရွာ
-ကွေ့ကြီးက နှစ်ရွာတစ်ရွာပေါ့နော်...။အင်းဟုတ်တယ်ကွ...။ ဒါကတော့ တို့နှစ်ရွာ ကိုးကွယ်တဲ့ ဘုန်းကြီး
ကျောင်းပေါ့။ ရှေ့ကမြောင်းကြီးက ဘာတုန်းဟ။ သြော် ဒါက ဆည်မြောင်းလေ၊ ဧရာဝတီမြစ်ကနေ မြစ်ရေ
ပို့ပေးတာလေ.. ဒီရေနဲ့ပဲ ငါတို့ရွာတွေ အခု စပါးစိုက်နေကြတာလေ။ အရင်တုန်းကတော့ ငရုတ်သီးနဲ့ဆေး
ကို အဓိကစိုက်ပျိုးတာလေ။ မင်းတို့ကြားဖူးမှာပေါ့ “တံတားဦးကကွမ်းနုဝါ၊ ငါန်းမြာကဆေး” ဆိုတာလေ...
အဲဒါ တို့နယ်တစ်ဝိုက်ကထွက်တဲ့ဆေးရွက်ကြီးကိုပြောတာကွ။ ငါန်းမြာက ငါ(၁၀) တန်းတက်ခဲ့တဲ့ကျောင်း
ပေါ့ နောက်ရက်မှလိုက်ပို့မယ်။ တာမြောင်းကိုကျော်လိုက်ရုံနဲ့ ရွာကိုတန်းရောက်ပြီလေ...။ “ ကိုင်း...မောင်
နေဇော် နဲ့ မောင်အောင်ဦး ဒါ ခင်ဗျားတို့ လိုက်ချင်တဲ့ ကျွန်တော်တို့ရွာပါပဲဗျာ...။ အေး..မင်းတို့ရွာလေးက
နေချင်စရာကောင်းသားပဲ...။ အိမ်ခြေ ဘယ်လောက်ရှိတုန်း..။ အေး (၂၇၅) အိမ်ကနာမည်ပေါက်ပေါ့ကွာ
...။ အင်းငါထင်နေတာက မင်းတို့ရွာက အိမ်နည်းနည်းလေးလို့ထင်ထားတာကွ ရွာကြီးသားပဲ မဆိုးဘူးနော်
...”။
ရွာဦးဘုန်းကြီးကျောင်း

ရွာထဲဝင်လိုက်တာနဲ့ “ဟယ်..ရာဇာ ကျောင်းပိတ်လို့ပြန်လာတာလား..။ ဟုတ်တယ် မမဌေးရေ ကျော
င်းပိတ်လို့ပြန်လာတာ ။ အေး..မင်းအိမ်က ပြန်လာတာ မသိသေးဘူးလား။ ဟုတ် အိမ်ကိုပြန်လာမယ်လို့ကြို
ပြောမထားဘူး...။ ဟယ် ဧည့်သည်တွေပါလာတာပဲ နောက်ရက်မှ ရေနွေးသောက်ခေါ်တော့မယ်။ ဟုတ်ကဲ့
မမဌေးရေ သွားလိုက်အုံးမယ်။ အေးအေး..အေး။ အရီးပေါ..နေကောင်းလားဗျို့။ အေး ကောင်းတယ်တော့။
ဟယ် မန်းရာ ကျောင်းပိတ်လို့ပြန်လာတာလား။ ဟုတ်တယ် အရီးပေါရ...။ ရေ၀င်သောက်ဦးလေ ငါ့တူရဲ့။
ဟုတ်ကဲ့ အရီးပေါ။ နေဇော်နဲ့ အောင်ဦး ဒါက ငါ့အဖေနဲ့ မောင်နှစ်မ၀မ်းကွဲတော်တယ် အရီးပေါတဲ့။ အရီးသူ
တို့ကတော့ ကျွန်တော့်သူငယ်ချင်းတွေ ရွာကို အလည်လိုက်လာကြတာ။ သြော်...အေးအေး..မောင်လူလေး
တို့ နောက်ရက်မှ ရေနွေးသောက်ခေါ်တော့မယ်”။ ဒီလိုနဲ့ ပြန်လာလိုက်တာ အိမ်ကိုမရောက်မချင်း ဟိုလူက
နှုတ်ဆက် ၊ ဒီလူကနှုတ်ဆက်နဲ့ ဟိုလူက နောက်ရက်ရေနွေးသောက်ခေါ်မယ်၊ ဒီလူကရေနွေးသောက် ခေါ်
မယ်နဲ့ ဆူနေတာပဲ။ “ ရာဇာ..မင်းတို့ ရွာကလူတွေက ဖော်ရွေလိုက်ကြတာနော်..ငါတို့မြို့နဲ့တော့ ကွာပါ့ကွ
ာ။ ဒါနဲ့ သူတို့က ရေနွေးသောက်ခေါ်မယ် ခေါ်မယ်လို့ပြောပြောသွားတာ အဲဒါဘာပြောတာတုန်း။ ကျွန်တော်
လည်း အားရပါးရရယ်လိုက်ပါတယ်။ သြော်..တောဓလေ့ကိုမင်းတို့မသိသေးဘူးနော်...မနက်ဖြန်ကြသိရမှာ
ပေါ့ကွာ ..အဲဒီကျမှ ငါပြောမယ် ဟုတ်ပြီလား။ အေးပါကွာ ဟုတ်ပါပြီ။ အိမ်ပေါက်ဝကိုရောက်တော့ “ဟယ်
ရာဇာ ပြန်လာပြီဟဲ့..ရာဇာပြန်လာပြီ..”။ အမေက အော်လိုက်ပါတယ်။ အဲဒီလိုအော်လိုက်တော့ အဖေရော၊
အဖွားရော၊ ညီအစ်ကိုမောင်နှမတွေရော၊ ပါတ်ဝန်းကျင်က လူတွေရောဝိုင်းလာပါတယ်။“ဟာ...ငါ့သားဝလာ
တယ်ဟ။ ဟုတ်ပါ့တော် ငါ့မြေးကြီးဝလာတယ်ဟဲ့။ လာမယ်ဆိုတာကိုကြိုမပြောဘူး ဧည့်သည်လေးတွေကို
ရော အားနာလိုက်တာ လှည်းနဲ့လာကြိုမှာပေါ့။ အဖွားက ပြောလိုက်ခြင်းဖြစ်ပါသည်။ အဖေနဲ့ အမေ ဒါက
ကျွန်တော့်သူငယ်ချင်းတွေ ရွာကိုမရောက်ဖူးလို့လိုက်လာတာလေ လမ်းမှာနေပူပြီး သူတို့နှစ်ယောက်ရှုံမဲ့နေ
တာပဲ။ နောက်ပြီး ခြေလျင်လျှောက်လာရတော့ သူတို့လည်း ပင်ပန်းနေပြီ။ အေးအေး ငါ့သား သူတို့ကိုနား
ခိုင်းနားခိုင်း ။ အဲဒီအချိန်ကစပြီး ကျွန်တော့်အမေက ထမင်းချက်ပြုတ်ဖို့ပြင်ဆင်ပါတော့တယ်။ ကျွန်တော်သူ
ငယ်ချင်း(၂)ယောက်ကတော့ ပင်ပန်းပြီး အိပ်ပျော်ကုန်ပါတယ်။ ကျွန်တော်ကတော့ အဖေတို့၊ အဖွားတို့နဲ့
စကားပြောနေပါတယ်။ အဲဒီအချိန်မှာပဲ အရီးစော ရောက်လာပြီး “ဟယ် မန်းရာကြီးပြန်ရောက်နေတာလား
ငါန်းမြာကားနဲ့လား။မဟုတ်ဘူး...ဆီးမီးခုံကားနဲ့ပြန်လာတာအရီးရ။ သြော်..အေးအေး။ ဟဲ့ ဒီကလေးတွေ
က ဘယ်သူတွေတုန်း။ ကျွန်တော့်သူငယ်ချင်းတွေ လမ်းမှာပင်ပန်းကုန်လို့ အခုနားရင်းအိပ်ပျော်နေကြတာ။
ကိုင်း.ရာဇာ မင်းသူငယ်ချင်းလေးတွေကိုနှိုး ထမင်းစားရအောင်။ ဟုတ်ကဲ့..အမေ။နေဇော်နဲ့ အောင်ဦး မင်း
တို့ အပန်းပြေကြပြီလား။ အင်း..။ထမင်းစားရအောင်ကွာ အမေထမင်းဝိုင်းပြင်ထားပြီ။ ငါတို့ ရေချိုးအုံးမယ်
လေကွာ တစ်လမ်းလုံး ဖုန်တွေကြည့်ပဲ လူတွေကညစ်ပတ်နေတာလေ။ ဟဲ့ ငါ့မြေးလေးတို့ နေပူထဲက ပြန်
လာတာ ရောဂါဖြစ်လိမ့်မယ် မချိုးသေးနဲ့။ ထမင်းလေးအရင်စားလိုက် ညအေးမှ ချိုးကြ။ ဟုတ်ကဲ့ အဖွား။
ဒါဆိုလည်း ညမှချိုးမယ် အခုမျက်နှာသစ်လိုက်မယ်။ အေးအေး ကောင်းတယ်”။ ဒီကိုလာ ကျွန်တော်က သူ
တို့နှစ်ယောက်ကို ရေအိုးရှိရာကို ခေါ်သွားလိုက်ပါတယ်။ ကိုင်း..မင်းတို့မြို့လိုတော့မဟုတ်ဘူးကွာ အဲဒီအ
တွက်တော့စိတ်မကောင်းဘူး။ ရပါတယ်ကွာ ဖြစ်ပါတယ် ဆိုပြီး နေဇော်နဲ့ အောင်ဦးတို့ မျက်နှာသစ် နေကြ
ပါတယ်။ ရော့ ဆပ်ပြာခွက် ။မတိုက်တော့ပါဘူးကွာ ရပါတယ်။ ညရေချိုးမှပဲ တိုက်တော့မယ်။ ဟဲ့ ငါ့မြေး
လာအုံး သေတ္တာထဲမှာ တဘက်အသစ်တွေရှိတယ် မင်းသူငယ်ချင်းတွေကို ထုတ်ပေးလိုက်အုံး။ ဟုတ်ကဲ့
အဖွား။ ကျွန်တော် တဘက်ကိုယူပြီး ရော့ အောင်ဦး မျက်နှာသုတ်ပ၀ါ။ အေး ရာဇာရာ အားနာလိုက်တာ
ငါတို့ကို တကူးတက လုပ်မပေးပါနဲ့ကွာ။အေးပါကွာ..အဖွားတို့က တောနေပေမဲ့ နဲနဲခေတ်မှီတယ်ကွ။ ငါတို့
ဘကြီး ကျောင်းတက်တုန်းကလည်း သူ့ သူငယ်ချင်းတွေ ရွာကိုအလည်လိုက်လိုက်လာတာလေ။ အဲတော့
ဒါတွေကို သိနေတာကွ.. အားမနာနဲ့နော် ဘာကိုမှ။ အေးပါကွာ..။ ကိုင်း ကလေးတို့လက်ဆေး ဟင်းက
တော့ ရှိရပေါ့ကွယ်.. မနက်ဖြန်မှ အသားဟင်းချက်မယ် ။ရာဇာက လာမှာကိုကြိုပြောမထားတော့ အသား
ဝယ်မထားရတာကွဲ့။ ဟုတ်ကဲ့ ရပါတယ် ဒေါ်ဒေါ်ရယ် ကျွန်တော်တို့ စားတတ်ပါတယ် ရှိရာနဲ့။ ကျွန်တော်
တို့ကို ဧည့်သည်တွေလို သဘောမထားပါနဲ့နော်။ ဒေါ်ဒေါ်သား ရာဇာလိုပဲ ကျွန်တော်တို့ကို သဘောထားပါ
နော်။ ဒါလေးက ငါးပိရည် အတို့အမြှုတ်ကတော့ အစုံပဲကြိုက်ရစားကြ။ ဒီဘက်က ပဲတီချဉ်သုပ်လေး၊ ဒါက
တော့ မနက်က ကြော်ထားတဲ့ ငါးကြော်လေး၊ဒါက ပဲကြီးဟင်း၊ ဒီဘက်ကဆူးပုတ်ရွက်၊ကင်းပုန် နဲ့ ဂုန်ရွက်
ရောချက်ထားတဲ့ ဟင်းချိုလေး။ မနက်ကခူးလာတာ တောထဲက။ စားကြ ၊ သောက်ကြ အမေကပြောရင်း
ယက်တောင်လေးနဲ့ ယမ်းပေးနေပါတယ်။ ရပါတယ် ဒေါ်ဒေါ်ရယ် အားနာလိုက်တာ။ ရပါတယ်ကွယ်...မင်း
တို့ကလည်း ငါ့သားရာဇာလိုပါပဲ။ ကျွန်တော်ရောသူငယ်ချင်းနှစ်ယောက်ရော စားလိုက်ကြတာခေါင်းတောင်
မထောင်ကြဘူး။ စားပြီးတော့. အမေက၊ မင်းတို့ ၀ကြရဲ့လား ဟင်းကမကောင်းတော့ အားနာနေတာ။ဟာ
ဒေါ်ဒေါ်ရာ စားလို့အရမ်းကောင်းတာဗျာ... ဗိုက်ကပြည့်သွားလို့သာ တော်လိုက်ရတယ် ထပ်စားချင်နေတုန်း
ဗျ။ အေးအေး ..ညကျ ဗိုက်ထပ်ဆာရင် ငါ့ကိုပြောကြအားမနာနဲ့နော်..။ ဟုတ်ကဲ့ပါဒေါ်ဒေါ်။ ရာဇာရာ မင်း
တို့အိမ်က အရမ်းသဘော ကောင်းတာပဲကွာ။ ငါတို့ဖြင့် အားတောင်နာလာပြီ။ ရပါတယ်ကွ.. ငါတို့လိုတော
သူ၊ တောင်သားတွေက အပြောအဆို မယဉ်ကျေးကြပေမဲ့ ဖြူစင်တဲ့နှလုံးသားတွေကလူတိုင်းမှာရှိကြတာကွ။
နောက်ပြီး သူတို့ကျွေးတာဆိုရင်လည်း အ၀စားမှ ကြိုက်ကြတာ။ အေးကွာ..ငါတို့ မြို့နဲ့တော့ တစ်ခြားစီပဲ
ဟေ့.............။
ဆက်ပါဦးမည် အပိုင်း(၂) မျှော်.....
ရာဇာ(ကျေးတောသားလေး)
1.3.2011