Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, June 24, 2011

ရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာ

ကျေးလက်သားလေး ဘလော့ဂ်ထဲကို စာမရေးနိုင်တာ တစ်လ ကျော်သွားပြီဗျ...။ စာက မရေးတာ
ကြာသွားတော့ စာရေးရမှာ ပျင်းသလိုလို ဖြစ်နေတယ်...။ စာတာ မရေးဖြစ်တာ ရေးချင်နေတာတွေ
ကတော့ အများကြီးပါပဲ...။ အခုလည်း ဆရာတော်တွေရဲ့ ဆုံးမစာလေးနဲ့ ဖွင့်မယ်ဗျာ...။ တင်ရကျိုး
လည်းနပ်အောင် ဖတ်မိတဲ့သူလည်း အကျိုးရှိအောင် ရည်ရွယ်ပါတယ်ဗျာ...။


ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊ 

စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
 

စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
 

ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
 

ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
 

မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

 

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
 

စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
 

ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
 

ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
 

သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
 

စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို 


မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ 

စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
 

ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ 


ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။

စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ 


လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ 

နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ 

တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ 

ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက 

ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး 

ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ 

အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ 

တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး 

စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ 

ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် 

ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ 

လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။

စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။
လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ 

သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် 

အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ 

နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ 

တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။

ရာဇာ(ကျေးလက်သားလေး)

Friday, May 20, 2011

လတ်တလောဖြစ်ပေါ်နေသောစိတ်ဆန္ဒလေးများ (တဂ်ပို့)

အခုတလော ကျေးလက်သားလေးတို့  အလုပ်တွေ အရမ်းရှုပ်နေတယ်...။ စာတမ်းကိစ္စအတွက်
လုံးပန်းနေရတယ်...။ အဲဒါကြောင့် စာလည်း မရေးနိုင်၊ ဘလော့ဂ်တွေလည်း လိုက်လည်ပြီး စာ
မဖတ်နိုင် ဖြစ်နေတာပါ...။ အဲဒါကြောင့် စာဖတ်သူတွေရော၊ ဘလော့ဂ်ဂါ ညီအစ်ကို၊ မောင်နှမ
တွေကို ကျေးလက်သားလေးက တောင်းပန်ပါတယ်..။ အခုလည်း မအားတဲ့ကြားက အိမ်လည်
ခဏ ထွက်လိုက်တယ်...။ အဲဒီမှာ အလင်းသစ် က တဂ်ထားလို့.. မအားတဲ့ ကြားကပဲ ရေးလိုက်
တယ်နော်...။ တဂ်ပေးတဲ့ အလင်းသစ်ကို ကျေးဇူးတင်ပါတယ်ဗျ...။

Tuesday, May 17, 2011

လကဆုန် သီချင်း(ကဆုန်လပြည့် ဗုဒ္ဓနေ့)


ဒီနေ့က ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ နေ့ထူးနေ့မြတ်လေးပါ..     ဖွား၊ ပွင့်၊ ဟော၊ စံ-
ဆိုတဲ့ စကားလေး အတိုင်းပါပဲ..

ဖွား= မြတ်စွာဘုရားဖွားတော်မူသောနေ့
ပွင့်= မြတ်စွာဘုရား ပွင့်တော်မူသောနေ့(ဘုရားဖြစ်တော်မူသောနေ့)
ဟော= မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီငါးဦးကို ပထမဆုံး ဓမ္မစင်္ကြာတရား ဟောတော်မူသောနေ့
စံ= မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသောနေ့

အဲဒီလေးခုလုံးဟာ ကဆုန်လပြည့်နေမှာ ဖြစ်ခဲ့တာ ကြည့်ပါပဲ... ဒါကြောင့်လည်း ဗုဒ္ဓနေ့လို့ ခေါ်ဆိုတာပေါ့နော်..
အဲဒါကြောင့် ဗုဒ္ဓနေ့ကို ရည်မှန်းပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကြပါစို့ဗျာ..
ကဆုန်လပြည့်နေ့ သီချင်းလေးလည်း တင်ပေးလိုက်တယ်နော်...

အစတုန်းကတော့ ပို့စ်ကို အရှည်ရေးမလို့ပါပဲ အချိန်မရတာရယ်၊ မအားတာကြောင့် ဒီလောက်
နဲ့ပဲ အဆုံးသတ်လိုက်တာပါ...

ရာဇာ(ကျေးလက်သားလေး)
ကဆုန်လပြည့်နေ့

Monday, May 16, 2011

ဧရာဝတီမြစ်ပြင်နှင့်လှေကလေး (၂)

Add caption
ဧရာဝတီ မြစ်ပြင်ရဲ့ အလှအပတို့က ကုန်နိုင်ဖွယ်ပင် မရှိ... အဲဒီ အလှတို့ကို ကျွန်ုပ်ကလည်း
နှစ်သက်မိနေသူ ဆိုလျှင် မှားအံ့မထင်...။ ကျွန်ုပ်သည် ဧရာဝတီမြစ်နှင့် သုံးမိုင်လောက်သာ
ဝေးသောကြောင့် မြစ်ရေပြင်နှင့် စိမ်းလှသည်မဟုတ်..။

မစိမ်းလှသော်လည်း မြစ်ရေပြင်ရဲ့ အလှအပတို့ကို ဘယ်တော့မှ ငြီးငွေ့သွားသည်မရှိပေ...။
မငြီးငွေ့သလို၊ မုန်းလည်း မမုန်း၊ ကြောက်လည်း မကြောက်ပေ..။ သို့သော်.. ကျွန်ုပ် တစ်ခါ
လောက်တော့ ဧရာမြစ်ပြင်ကြီးကို ကြောက်မိသွားလေသည်။ အဲဒီ အကြောင်းအရာကား အ
ခု စဉ်းစားကြည့်လျှင် အခု ကြောက်မက်ဖွယ်ရာ၊ ကြက်သီးထဖွယ်ရာဖြစ်ပေသည်။ သို့ပေမ
ယ့်လည်း ဧရာမြစ်ပြင်ကို ဘယ်တော့မှ မမုန်းမိ...။ ဧရာမြစ်ပြင်နှင့် ကျွန်ုပ်၏ဖြစ်စဉ်က သည်
လို...

ရွာတန်းရှည်ရွာ တစ်ရွာလုံး အလုပ်ရှုပ်လို့နေကြပါသည်။ သူတို့ရွာတွင် မက  ဘေးပတ်ဝန်း
ကျင်ရွာများဖြစ်သည့် ပေါက်ကုန်း၊ လက်ပံသာ၊ မိုးညို စသည့် ရွာတို့လည်း အလုပ်ရှုပ်လို့ပင်
နေကြပါသည်။ မိုးကြိုစပါးတွေ ရင့်မှည့်နေတာနဲ့ အညီ ၊ မိုးပြိုမှာလည်း ရွာသူ ၊ ရွာသားတို့စိုး
ရိမ်နေကြပေသည်။ မိုးက အချိန်မရွေးရွာချနိုင်သည်.. မိုးရိပ်ဆင်နေတာက နေ့စဉ်နှင့်အမျှ.။
မိုးမရွာခင် မိုးကြိုစပါးတို့က ရိတ်သိမ်းမှ အဆင်ပြေကြမည်။ မိုးမိသွားပါက ကြိုးစား ပန်းစား
စိုက်ပျိုးခဲ့ရတဲ့ သီးနှံတွေ ပျက်စီးမည်။ လယ်သားမားတို့ ငွေအား၊ လူအား အရင်းအနှီးကြီးကြီး
ဖြင့် လုပ်ဆောင်ထားသဖြင့် စီးပွားရေး ထိခိုက်တော့မည်။ အဲသည် အရေးတို့ကြောင့် အခြား
ရွာက မိတ်ဆွေ အပေါင်းအသင်းတွေဆီကို လာကူဖို့ အကူအညီတွေ တောင်းခံကြရလေသ
ည်။ အဲဒီ အကူ အညီ တောင်းခံတဲ့ မိသားစုတစ်စုက ကျွန်ုပ်မိဘများနှင့် အင်မတန်မှ ရင်းနှီး
ကြသည်။ သို့ပါသောကြောင့် ကျွန်ုပ်တို့ အိမ်သို့ ရောက်ရှိလာလေသည်။

 
ဧရာမြစ်ပြင်ဝယ်
ဟေ့.. မြဒင် ရှိလားကွ..
ဟာ.. ကိုသိန်းမောင် ပါလား.. လာလေဗျာ..
အဲဒီနောက်တော့ အကျိုးအကြောင်း ပြောပြပြီး ရွာမှ လူရှာခိုင်းလေသည်။ ကျွန်ုပ်တို့ရွာမှာလ
ည်း အလုပ် လှိုင်(ပေါများ)ချိန်ကြောင့် အားလပ်မှု မရှိကြပေ...။ နောက်ဆုံးတော့ လူရင်းတွေ
ဖြစ်သည့်အတွက် ကျွန်ုပ်တို့ကို အကူထည့်ပေးလိုက်ဖို့ ပြောပြလေသည်။ ဦးသိန်းမောင် ခမျာ
ပျော်ရွှင်ကြည်နူးသွားလေသည်။

-ကျေးဇူးတင်တယ် မြင်ဒင်ရာ အလုပ်မအားတဲ့ ကြားးက မင်းအိမ်က ကလေးတွေကို ထည့်ပေ
းလိုက်တာ ငါ အားနာမိပေမယ့် ငါကလည်း လိုအပ်လို့ ခေါ်ရတာပါ...။
ရပါတယ်ဗျာ.. ပြောရမဲ့ သူတွေမှ မဟုတ်တာ..
-ဒါဆို မနက်ဖြန်ကျရင် မင်းက မင်းကလေးတွေကို လိုက်ပို့ပေးကွာ..ငါက အရေးကြီးလို့ ဒီနေ့
ပဲ ပြန်နှင့်တော့မယ်...။
ဟုတ်ပါပြီကွာ..

အဲဒီနောက်တော့ ဦးသိန်းမောင် ပြန်သွားလေသည်။ နောက်နေ့ မနက်ရောက်တော့ ကျွန်ုပ်တို့
မောင်နှမ ၀မ်းကွဲသုံးယောက်ကို ကျွန်ုပ်တို့ ဖခင်က လိုက်ပို့ပေးလေသည်။
ရာသီဥတုက  အခုတော့လည်း သူမဟုတ်သလို မိုးတိမ်ကင်းစင်ပြီး နေသာနေလေသည်။ လေ
ဖြူးဖြူးလေး တိုက်ရုံမှတပါး အခြားကောင်းမွန်နေပါသည်။ မြစ်ကမ်းဆိပ်ကိုရောက်တော့ ရွာတ
န်းရှည်ရွာ ဘက်က လှေသမားက ..
-ဒီက နောင်ကြီးတို့ ဟိုဘက်ရွာကို သွားမှာလား လာကြ၊ လာကြ ...
သူ၏ ခေါ်ဆောင်မှုကြောင့် ကျွန်ုပ် ဖခင်နှင့် မောင်နှမ၀မ်းကွဲများ လှေပေါ်သို့ တက်သွားလေသ
ည်။အကျွန်ုပ်က နောက်ဆုံးက တက်မယ် အလုပ် ခြေချော်ကျလေသည်။ ကျွန်ုပ်၏ဖခင်က လှမ်း
ပြီး အော်လိုက်လေသည်။
-မောင်မောင်တင်ရာ မင်းမလဲကွာ.. ဂရုမစိုက်ဘူး.. မင်းမကြားဖူးဘူးလား လှေအဆင်း၊ မြင်း
အတက်တဲ့ကွ.. ဂရု စိုက်ရတယ်...။
ကျွန်ုလည်း ဒူးပြဲသွားတာတောင် နာလို့ နာမှန်း မသိ.. ဧရာမြစ်ပြင်ရဲ့ အလှအပတို့ကို ခံစား၍
မ၀ပေ... လှေပေါ်ရောက်ပြီး အလှအပတို့ကို ခံစားရင် နာရီဝက်လောက်နေတော့ ရွာတန်းရှ
ည်ရွာ ဘက်ကို ကပ်လာပေသည်...။ လှေပေါ်က ဆင်းတော့ ကျွန်ုပ် ဖခင်ပြောတဲ့ လှေအဆင်း
မြင်းအတက်ကို သတိရကာ ဂရု တစ်စိုက် ဆင်းလိုက်မိလေသည်။

ဦးသိန်းမောင်တို့ အိမ်ရောက်တော့ ပျာပျာသလဲ နဲ့ သူ့မိန်းမက ခရီးဦးကြိုဆိုလေသည်။   ကျွ
န်ုပ်ဖခင်နှင့် သူတို့တွေ  စကားပြောလိုက်ကြတာ ဘာလိုလိုနှင့် ညနေ စောင်းသွားလေသည်။
ကျွန်ုပ်၏ ဖခင် ပြန်ပို့ အရေးပြင်ဆင်တော့ လိုက်ပို့မည့်သူက တစ်ယောက်မှ မရှိ.. အလုပ်ရှုပ်
နေကြသည်။ အဲဒါနဲ့ပဲ ကျွန်ုပ်၏ ၀မ်းကွဲ ညီနှင့် လိုက်ပို့ရန် ကျွန်ုပ် ဖခင်က ပြောဆိုလေသည်။

ကျွန်ုပ်၏ ၀မ်းကွဲ ညီက ဧရာဝတီ မြစ်ကမ်းသားဆိုတော့ လှေလှော်တတ်သည်၊ ရေကူးတတ်
သည်။ ကျွန်ုပ်သည်ကား ရေ အနည်းငယ်တော့ ကူးတတ်သည်။ သို့သော် ကျွန်ုပ် လှေမလှော်
တတ်ပါ..။ ဒါပေမယ့် ညီ အားကိုးနဲ့ အဖေကို့ လိုက်ပို့ဖို့ ဆုံးဖြတ်လိုက်လေသည်။

အဖေက လှေလှော်တတ်ပေသည်။ အဲဒါကြောင့်လည်း အသွားမှာတော့ အဖေက ရှေ့ကခတ်
ညီတော်မောင်ကနောက်က ပဲ့ ကိုင်ပေးလေသည်။ ရာသီဥတုကလည်း သာယာနေပုံများ တိမ်
တစ်စတောင် မတွေ့မိ...။ ကျွန်ုပ်ကတော့ လှေဝမ်းဗိုက်ထဲမှာ ရေပက်လို့ပေါ့... ဒါနဲ့ပဲ ညီလေး
က ပဲ့ကိုင်လို့ ၊ ကျွန်ုပ်ဖခင်က ရှေ့ကလှော်ရင်း စကား တစ်ပြောပြောနဲ့ ကမ်းစပ်သို့ ရောက်သွ
ားလေသည်။ ဒီလိုနဲ့ပဲ နှုတ်ဆက်ပြီး ကျွန်ုပ်တို့ လှေလေးကို ပြန်လည် လှောခတ်ခဲ့ပါသည်...။
ရေလည် မရောက် တရောက် အချိန်မှာတော့ ရာသီဥတုက အုန်းတိုင်းကြဲကာ ချက်ချင်းပြောင်
းလဲသွားလေပြီ...ရေအနည်းငယ် ကူးတတ်သူ ကျွန်ုပ် အဖို့တော့ ...

ဆက်ပါဦးမည်
ရာဇာ(ကျေးလက်သားလေး)

Sunday, May 15, 2011

ဧရာဝတီမြစ်ပြင်နှင့်လှေကလေး (ဖြစ်ရပ်မှန်)

ဧရာဝတီကမ်းခြေ
ဧရာဝတီ မြစ်ရေပြင်က  လှိုင်းကြက်ခွပ်တို့ဖြင့် လှပလို့နေလေသည်။ ဖန်ဝါနေမင်းရဲ့ ရောင်ခြ
ည်စနှင့် ရေပြင်ရဲ့ မျက်နှာပြင်တို့ ထိတွေ့လိုက်တဲ့အခါမှာတော့ ငွေရောင် တစ်ဖိတ်ဖိတ် တော
က်ပလို့ နေပေသည်။ မြစ်ပြင်ပေါ်က တိုက်ခတ်လာတဲ့ လေအေးအေးလေးကလည်း ထိတွေ့ခံ
စားရသူတိုင်းရဲ့ ရင်ကို အေးမြစေပါသည်။

မြင်ပြင် တစ်ဆုံး စုန်ချည်ဆန်ချည် ကူးသန်းနေတဲ့ လှေလေးကအစ၊ ရွှေကိန္နရီသဘောင်္တွေ၊ေ
ရနံတင် သဘောင်္တွေ၊ မော်တော်တွေ ကို ကြည့်လိုက်ပြန်လျှင် အားရကျေနပ်စရာ...။ ရေစီးနဲ့
မျောနေတဲ့ ဗေဒါပန်းအုံလေးတွေကလည်း လေတိုက်တိုင်း ယိမ်းနွဲ့ရင်း လေရဲ့ ခေါ်ဆောင်ရာကို
လိုက်ပါသွားရပြန်လေသည်။ မျောပါသွားတဲ့ ဗေဒါပန်းလေးတွေကို ဘဲအုပ်က တွေ့ပြန်ပါက ထို
းဆိတ်ဆွခြင်းကို ခံရပြန်သည်။
တောပြန်များ
ကိုတံငါတို့လည်း သူတို့ရဲ့ ၀မ်းစာရေးအတွက် ငါးတွေကို မရ ရအောင် ကြိုးပမ်းနေပြန်သည်။
သူတို့အတွက် ငရဲမှန်းသိပေမယ့်လည်း ၀မ်းရေးအတွက်မို့ ဖြေဖျောက်ရင်း ရုန်းကန်နေရဟန်.။
မြစ်ပြင်မှာလည်း ကိုတံငါတို့ ပိုက်တန်းထားတဲ့ ဗူးသီးလုံးလေးတွေက ပေါလော ပေါ်နေပြန်သ
ည်။ မြစ်ဆိပ်ကမ်းရွာလေးတွေက ရွာတန်းရှည်လေးတွေ များလေသည်။ ကမ်းရိုးအတိုင်း တည်
ဆောက်ထားပုံပင်...။ လုံမပျိုမေတစ်စုတို့လည်း ရေချိုးဆိပ်ကို ရေခပ်ဆင်းနေဟန်၊ ရေချိုးနေ
ဟန်တို့က ချစ်စရာ ဟန်ပန်လေးတွေ...။ ကမ်းရိုးတန်းတစ်လျှောက် ပေါက်ရောက်နေတဲ့ စိမ်းစို
အုံ့မှိုင်းနေတဲ့ သစ်ပင်ကြီးတွေကလည်း ကြီးမားလှပါဘိခြင်း။

မြစ်ပြင်ပေါ်မှာတော့ ဇင်ယော်ငှက်လေးတွေ ပျံဝဲနေဟန်၊ ရေဘဲတွေ ပြန်သန်းနေဟန်၊ ဗျိုင်းအု
ပ်ကြီး လည်တံရှည်ကြီးတွေနှင့် ကမ်းစပ်မှာ ငါးရှာနေဟန်တို့ကလည်း ဧရာဝတီမြစ်ပြင်ရဲ့ အလှ
ပေါ် အလှဆင့်နေဟန်နဲ့ ငှက်မျိုးစုံ ပျံဝဲနေဟန်တို့က မြင်ရသူရင်ထဲ လှိုက်ဖို ခုန်ချင်စရာ..။
ဇင်ယော်ငှက်
ညနေစောင်းမှာတော့ တောပြန် လုံမငယ်၊ လူကြီး၊ လူငယ် ကမ်းရိုးတစ်လျှောက် လမ်းလျှောက်
လာပုံက နေလုံးကြီး ၀င်သွားဖို့ အချက်ပေးနေဟန်...။ လူသူ အရောက်အပေါက် နည်းပါးတဲ့နေ
ရာ များမှာတော့ ငါးလေးတွေ ပျော်ရွှင်မြူးတူး ခုန်ပေါက်နေဟန်ကား သနားစရာ၊ ၀မ်းသာစရာ
..။ငါးနဲ့ အပြိုင် ရေကူးနေတဲ့ ရေမြွေကိုတော့ မြင်ပြင်းကတ်လှသည်။ သူ့ရဲ့ သဘာဝ ဆိုပေမယ့်
အလှတရားတို့ကို မှေးမှိန်စေသယောင် ထင်ဟတ်စေသည်။
ငါးဖမ်းသူတို့ဘဝ
ညနေ နေ၀င်ပြန်တော့ ငှက်ကလေးတွေလည်း အိပ်တန်းတက်ကြပြီ...။ သစ်ပင်လေးတွေလည်
းအိပ်ကြပြီ.. လူသူ လေးပါးတို့လည်း အိပ်ကြပြီ...။ အဲဒီ အချိန်မှာတော့ မြစ်ရေပြင်က စီးဆင်းမြဲ
ပင်...။ တစ်ခါတစ်လေတော့လည်း လေမုန်တိုင်းရဲ့ ဒဏ်ကို မြစ်ပြင်ပေါ်ရှိ လူသားတို့ အလူးအလိ
မ့်ခံကြရရှာသည်။ အကောင်း အဆိုး ဒွန်တွဲနေပေမဲ့လည်း မုန်တိုင်းရဲ့ ဒဏ်ကို ခံရပြန်တော့ မြစ်
ပြင်ရဲ့ အလှအပတို့ ပျောက်ဆုံးစေပြန်သည်။

ဧရာဝတီနှင့် ပတ်သတ်၍ ပျော်ရွှင်ဖွယ်ရာဖြစ်ရပ်များ၊ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်များ ထု နဲ့ ဒေး ဆို
တာ ပြောပြ၍ မကုန်နိုင်...။ အဲဒီ အထဲတင်မှ ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်ဖွယ်ရာ၊ ၀မ်း
နည်းဖွယ်ရာ ဇာတ်လမ်းတို့နှင့် ကိုယ်တိုင် ကြုံဖူး ၊ ခံစားဖူးလေသည်...

အဲဒီ ဇာတ်လမ်းများကတော့..........

ဆက်ပါဦးမည်...

ရာဇာ(ကျေးလက်သားလေး)