ဒီနေ့က ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ နေ့ထူးနေ့မြတ်လေးပါ.. ဖွား၊ ပွင့်၊ ဟော၊ စံ-
ဆိုတဲ့ စကားလေး အတိုင်းပါပဲ..
ဖွား= မြတ်စွာဘုရားဖွားတော်မူသောနေ့
ပွင့်= မြတ်စွာဘုရား ပွင့်တော်မူသောနေ့(ဘုရားဖြစ်တော်မူသောနေ့)
ဟော= မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီငါးဦးကို ပထမဆုံး ဓမ္မစင်္ကြာတရား ဟောတော်မူသောနေ့
စံ= မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသောနေ့
အဲဒီလေးခုလုံးဟာ ကဆုန်လပြည့်နေမှာ ဖြစ်ခဲ့တာ ကြည့်ပါပဲ... ဒါကြောင့်လည်း ဗုဒ္ဓနေ့လို့ ခေါ်ဆိုတာပေါ့နော်..
အဲဒါကြောင့် ဗုဒ္ဓနေ့ကို ရည်မှန်းပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကြပါစို့ဗျာ..ကဆုန်လပြည့်နေ့ သီချင်းလေးလည်း တင်ပေးလိုက်တယ်နော်...
အစတုန်းကတော့ ပို့စ်ကို အရှည်ရေးမလို့ပါပဲ အချိန်မရတာရယ်၊ မအားတာကြောင့် ဒီလောက်
နဲ့ပဲ အဆုံးသတ်လိုက်တာပါ...
ရာဇာ(ကျေးလက်သားလေး)
ကဆုန်လပြည့်နေ့
3 comments:
ဗုဒ္ဓနေ့လေးကိုသတိရပြီးတင်ပေးလို့ကျေးဇူးပါ...
ကျေးဇူးပါအကို.... ညီမလေးတော့ ဘာမှမလုပ်ဖြစ်ပဲ ကျော်ဖြတ်ခဲ့ရတယ်..:(
(ဖွားပွင့် ဟောစံဗျာဒိတ်ခံမှတ်ရန်ကဆုန်လပြည့်နေ့ )ဟူ၍ငါးမျိုးသောအင်္ဂါဖြင့်တို့ ဖြင့် ပြည့်စုံသောနေ ထူးနေ့ မြတ်ဖြစ်ပါသည်။ အောက်ပါအတိုင်းမှတ်သားထားပါသည်။..
၁။ ဖွား= ဘီစီ ၆၂၃ (မဟာသက္ကရာဇ် ၆၈) တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား လုံဘိနီ Lumbini တွင်ဖွားသည်။
၂။ ပွင့် = ဘီစီ ၅၈၈ (သက်တော် ၃၅ နှစ်တွင်) ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
၃။ ဟော = ဘီစီ ၅၈၇ ဘုရားအဖြစ်သို့ ရောက်ပြီးတနှစ်အကြာတွင် မိဘဆွေမျိုးများရှိရာ ကပ္ပိလဝတ်တွင်ဆွေတော်မျိုးတော်များအား ဗုဒ္ဓဝင် ဟောကြားပါသည်။
၎။ စံ = ဘီစီ ၅၄၃ (သက်တော် ၈ဝ) တွင် ကုသိဏာရုံ တွင် မဟာပရိနိဗ္ဗာန်ပြုတော်မူပါသည်။
၅။ ဗျာဒိတ်ခံ = သုမေဓါရှင်ရသေ့ဘဝက ဒီပင်္ကရာဘုရား ထံတွင် ဤဘဒ္ဒကမ္ဘာတွင် (၄-ဆူမြောက်) ဂေါတမဗုဒ္ဓ ဘုရား စင်စစ် ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူသည်။ (ဓမ္မစင်္ကြာဟောသောနေ့ မှာ ဝါဆိုလပြည့်နေ့ ဖြစ်ပါသည် (ဓမ္မစင်္ကြာနေ့ ) ဟုလည်းခေါ်ပါသည်။)
Post a Comment