Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Sunday, May 15, 2011

ဧရာဝတီမြစ်ပြင်နှင့်လှေကလေး (ဖြစ်ရပ်မှန်)

ဧရာဝတီကမ်းခြေ
ဧရာဝတီ မြစ်ရေပြင်က  လှိုင်းကြက်ခွပ်တို့ဖြင့် လှပလို့နေလေသည်။ ဖန်ဝါနေမင်းရဲ့ ရောင်ခြ
ည်စနှင့် ရေပြင်ရဲ့ မျက်နှာပြင်တို့ ထိတွေ့လိုက်တဲ့အခါမှာတော့ ငွေရောင် တစ်ဖိတ်ဖိတ် တော
က်ပလို့ နေပေသည်။ မြစ်ပြင်ပေါ်က တိုက်ခတ်လာတဲ့ လေအေးအေးလေးကလည်း ထိတွေ့ခံ
စားရသူတိုင်းရဲ့ ရင်ကို အေးမြစေပါသည်။

မြင်ပြင် တစ်ဆုံး စုန်ချည်ဆန်ချည် ကူးသန်းနေတဲ့ လှေလေးကအစ၊ ရွှေကိန္နရီသဘောင်္တွေ၊ေ
ရနံတင် သဘောင်္တွေ၊ မော်တော်တွေ ကို ကြည့်လိုက်ပြန်လျှင် အားရကျေနပ်စရာ...။ ရေစီးနဲ့
မျောနေတဲ့ ဗေဒါပန်းအုံလေးတွေကလည်း လေတိုက်တိုင်း ယိမ်းနွဲ့ရင်း လေရဲ့ ခေါ်ဆောင်ရာကို
လိုက်ပါသွားရပြန်လေသည်။ မျောပါသွားတဲ့ ဗေဒါပန်းလေးတွေကို ဘဲအုပ်က တွေ့ပြန်ပါက ထို
းဆိတ်ဆွခြင်းကို ခံရပြန်သည်။
တောပြန်များ
ကိုတံငါတို့လည်း သူတို့ရဲ့ ၀မ်းစာရေးအတွက် ငါးတွေကို မရ ရအောင် ကြိုးပမ်းနေပြန်သည်။
သူတို့အတွက် ငရဲမှန်းသိပေမယ့်လည်း ၀မ်းရေးအတွက်မို့ ဖြေဖျောက်ရင်း ရုန်းကန်နေရဟန်.။
မြစ်ပြင်မှာလည်း ကိုတံငါတို့ ပိုက်တန်းထားတဲ့ ဗူးသီးလုံးလေးတွေက ပေါလော ပေါ်နေပြန်သ
ည်။ မြစ်ဆိပ်ကမ်းရွာလေးတွေက ရွာတန်းရှည်လေးတွေ များလေသည်။ ကမ်းရိုးအတိုင်း တည်
ဆောက်ထားပုံပင်...။ လုံမပျိုမေတစ်စုတို့လည်း ရေချိုးဆိပ်ကို ရေခပ်ဆင်းနေဟန်၊ ရေချိုးနေ
ဟန်တို့က ချစ်စရာ ဟန်ပန်လေးတွေ...။ ကမ်းရိုးတန်းတစ်လျှောက် ပေါက်ရောက်နေတဲ့ စိမ်းစို
အုံ့မှိုင်းနေတဲ့ သစ်ပင်ကြီးတွေကလည်း ကြီးမားလှပါဘိခြင်း။

မြစ်ပြင်ပေါ်မှာတော့ ဇင်ယော်ငှက်လေးတွေ ပျံဝဲနေဟန်၊ ရေဘဲတွေ ပြန်သန်းနေဟန်၊ ဗျိုင်းအု
ပ်ကြီး လည်တံရှည်ကြီးတွေနှင့် ကမ်းစပ်မှာ ငါးရှာနေဟန်တို့ကလည်း ဧရာဝတီမြစ်ပြင်ရဲ့ အလှ
ပေါ် အလှဆင့်နေဟန်နဲ့ ငှက်မျိုးစုံ ပျံဝဲနေဟန်တို့က မြင်ရသူရင်ထဲ လှိုက်ဖို ခုန်ချင်စရာ..။
ဇင်ယော်ငှက်
ညနေစောင်းမှာတော့ တောပြန် လုံမငယ်၊ လူကြီး၊ လူငယ် ကမ်းရိုးတစ်လျှောက် လမ်းလျှောက်
လာပုံက နေလုံးကြီး ၀င်သွားဖို့ အချက်ပေးနေဟန်...။ လူသူ အရောက်အပေါက် နည်းပါးတဲ့နေ
ရာ များမှာတော့ ငါးလေးတွေ ပျော်ရွှင်မြူးတူး ခုန်ပေါက်နေဟန်ကား သနားစရာ၊ ၀မ်းသာစရာ
..။ငါးနဲ့ အပြိုင် ရေကူးနေတဲ့ ရေမြွေကိုတော့ မြင်ပြင်းကတ်လှသည်။ သူ့ရဲ့ သဘာဝ ဆိုပေမယ့်
အလှတရားတို့ကို မှေးမှိန်စေသယောင် ထင်ဟတ်စေသည်။
ငါးဖမ်းသူတို့ဘဝ
ညနေ နေ၀င်ပြန်တော့ ငှက်ကလေးတွေလည်း အိပ်တန်းတက်ကြပြီ...။ သစ်ပင်လေးတွေလည်
းအိပ်ကြပြီ.. လူသူ လေးပါးတို့လည်း အိပ်ကြပြီ...။ အဲဒီ အချိန်မှာတော့ မြစ်ရေပြင်က စီးဆင်းမြဲ
ပင်...။ တစ်ခါတစ်လေတော့လည်း လေမုန်တိုင်းရဲ့ ဒဏ်ကို မြစ်ပြင်ပေါ်ရှိ လူသားတို့ အလူးအလိ
မ့်ခံကြရရှာသည်။ အကောင်း အဆိုး ဒွန်တွဲနေပေမဲ့လည်း မုန်တိုင်းရဲ့ ဒဏ်ကို ခံရပြန်တော့ မြစ်
ပြင်ရဲ့ အလှအပတို့ ပျောက်ဆုံးစေပြန်သည်။

ဧရာဝတီနှင့် ပတ်သတ်၍ ပျော်ရွှင်ဖွယ်ရာဖြစ်ရပ်များ၊ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်များ ထု နဲ့ ဒေး ဆို
တာ ပြောပြ၍ မကုန်နိုင်...။ အဲဒီ အထဲတင်မှ ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်ဖွယ်ရာ၊ ၀မ်း
နည်းဖွယ်ရာ ဇာတ်လမ်းတို့နှင့် ကိုယ်တိုင် ကြုံဖူး ၊ ခံစားဖူးလေသည်...

အဲဒီ ဇာတ်လမ်းများကတော့..........

ဆက်ပါဦးမည်...

ရာဇာ(ကျေးလက်သားလေး)

5 comments:

Unknown said...

ကိုရီးယား ကားကြည့်ရသလိုပါပဲလားးးP

တောက်ပကြယ်စင် said...

ရေးတတ်ပါ့ဗျာ ကိုရာဇာရေ...ဆက်ပါဦးမယ်ဆိုတာကို မျှော်နေမယ်နော်...ကျန်းမာပျော်ရွှင်ပါစေဗျာ...

Angelhlaing(May everybody be happy and healthy! said...

အကိုနော်...ဝဠ်လည်တက်တယ်....အခန်းဆက်တွေနဲ့ မို့ပါ..:):)

စံပယ်ချို said...

ပုံလေးတွေနဲ့ကိုကျေနပ်ပါတယ်
တစ်ကယ့်မြန်မာဆန်တဲ့ပုံတွေမို့လို့ပါ..

yar zar said...

ဟီး...ကိုရီးယားကားထက် ဆိုးမယ်နော်...

ဘုန်းတောက်ရေ အားလုံးက မြှောက်စားလို့ တောက်ကြွားခဲ့ရတဲ့ ကျေး
လက်သားလေးက အားလုံးကို ကျေးဇူးတင်ပါတယ်လို့..

ညီမအိမ်ဂျယ်ရေ... ၀ဋ်လည်မှာ ကြောက်လို့ ထပ်တင်လိုက်ပြီနော်..

စံပယ် ရေ ရှုခင်း စစ်စစ်လေးတွေကို ခံစားသွားလို့ ကျေးဇူးနော်..

Post a Comment