Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, May 6, 2011

လွမ်းဖွယ့်ရာသီ



ဆောင်းအကုန် နွေကူးပြီဆိုတော့... နှင်းတွေကလည်း အရည်ပျော်ကုန်သလို၊ နေရောင်လေး

လည်း မြင်ရပြီ...။ လေရူးတွေကလည်း ဟိုမှသည်၊ သည်မှဟို တိုက်ချင်သလို တိုက်နေသလို

.... မိုးဖွဲလေးကလည်း တဖွဲဖွဲနဲ့ ရွာသွန်းဖြိုးနေလေရဲ့...မိုးရွာပြီးတာနဲ့ တစ်ပြိုင်နက် ညှိုးနေတဲ့

အပင်လေးတစ်ပင် ရေလောင်းလိုက်လို့ လန်းဆန်းသွားသလို...ဆောင်းဒဏ်ခံထားရတဲ့ သစ်

ပင်တို့လည်း အရိုးတံပြိုင်းပြိုင်းကြားမှ ပုရစ်ဖူး လေးတွေလည်း အစီအရီထွက်လာပြီး တစ်ရက်

ထက် တစ်ရက် အရွက်လေးတွေ ဝေစီပြီး စိမ်းလမ်းလို့ လာနေပြီလေ...။


အခုတလော ကျွန်တော်တို့ဆီမှာ အမြဲတမ်းမိုးလေးအုံ့လိုက်၊ လေလေးတိုက်လိုက်၊ မိုးဖွဲလေး

ကျလိုက်နဲ့.. လွမ်းတတ်သူတို့အဖို့တော့ လွမ်းလို့ အကောင်းဆုံးပေါ့... ကျွန်တော်တို့ အဆော

င်ပေါ်ကနေ နောက်ကျောက သစ်တောဘက်ကို ကြည့်လိုက်ရင် သစ်ပင်တွေက အရွက်လေး

တွေ စိမ်းလို့..။ဒီကြားထဲ မိုးက အုံ့ပြီး.. မြူခိုးလေးတွေကလည်း ဝေနေလိုက်သေး..။ တစ်ချက်

တစ်ချက်တော့ မိုးနံသင်းသင်းလေး ပါလာတဲ့ လေလေး ရှုလိုက်ရတာ... ရွာက လယ်ကွင်းထဲ

ပြန်ရောက်သွားသလို ခံစားရပြန်တယ်..။


တစ်ခါတစ်လေတော့လည်း အဆောင်ရဲ့ အပြင်ဝရန်တာကနေ အောက်ကို ကြည့်လိုက်ပြန်ရင်

လူတွေ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဥဒဟို သွားလာနေပြန်တယ်... ဒီကြားထဲ လေလေးက တိုက်ခ

တ်သွားပြန်တော့ သူတို့တွေရဲ့ ဆံပင်စလေးတွေ လှုပ်ခတ်သွားတာကို မြင်ရပြန်တယ်... အဲဒါ

လေးကိုလည်း တစ်မျိုးလေး ဖီလင်လာနေပြန်တယ်...။ အဲဒါက တိုက်ဆိုင်မှု မရှိပဲ လွမ်းဆွတ်

နေခြင်းပါ...(ယုံမလားတော့ တိဝူး)။ ကျွန်တော်တော့ ပြန်ခါနီးလေ ပြန်ချင်လေ၊ လွမ်းလေ ဖြ

စ်နေသလိုပါပဲ... အခုတလော အဲဒါကြောင့်လား မသိပါဘူး..အိပ်ယာထဲပဲ ခွေနေဖြစ်တယ်..။

လွမ်းလို့ကောင်းအောင် အလွမ်းတွေကို ပံပိုးပေးနေတာကလည်း အလွမ်းသီချင်းလေးတွေပါပဲ

...။ အဲဒီသီချင်းက ဘာလဲဆိုတော့ ဂီတနက်သန် ကိုစောညိန်းရဲ့ သီချင်းကို မန္တလေးသိန်း

ဇော် ပြန်ဆိုထားတဲ့ မိုးသက်လေနှင် သီချင်းလေးပါ...။ လွမ်းလွမ်းနဲ့ ဆွေးလို့ ကောင်းသလား

မမေးနဲ့... ဒီသီချင်းလေးနဲ့ ကျွန်တော် မိတ်ဆွေတွေလည်း လွမ်းသွားကြပါအုံးနော်...

အလွမ်းတွေ အကြောင်းရေးရင်း လွမ်းလာလို့ ထပ်ပြီးလွမ်းလိုက်အုံးမယ်ဗျာ...


အားလုံးကို လေးစားလျက်

ရာဇာ(ကျေးလက်သားလေး)

6.5.2011

7 comments:

ma yu said...

အရမ်းကြိုက်တဲ့သီချင်းလေး။ကျေးဇူး။ဖေ့စ်ဘွတ်မှာမင်းရာဇာဟုတ်လား။ ရှာကြည့်တော့ မော်လမြိုင်ကတဲ့။အဲဒါကျးလက်သားလေးဟုတ်လို့ လား။မြင်းခြံ
ကဆို။ဖေ့စ်ဘွတ်အကောင့်ပေးအုန်းနော်။

စံပယ်ချို said...

ပန်းချီကားလေးကသဘာဝကျနေရောနော်
စာသားလေးတွေကလဲ ကျွန်မတောင်အိမ်ကိုလွမ်းမိပါတယ်။

yar zar said...

ဟုတ်ကဲ့ပါ မမယုရေ...ကျွန်တော်လည်း အဲဒီသီချင်းလေးကိုကြိုက်တယ်ဗျ..
ကျွန်တော့်ဖေ့စ်ဘွတ် အကောင့်က Min Yarzar ပါ... ကျွန်တော်က မြင်း
ခြံကပါ..။ ပုံလေးက တောင်သမန်အင်းထဲက သစ်ပင်ပုံလေး တင်ထားတယ် အစ်မ.။ မော်လမြိုင် မဟုတ်ပါဘူး..

yar zar said...

မစံပါယ် လာလည်တာ ကျေးဇူးနော်..

အလင်းသစ် said...

ကိုရာဇာရေ..စာဖတ်ပြီး သီချင်းနားဆင်သွားပါတယ်။။။
မိုးလေးအုံ့လာလိုက်၊လေလေးတိုက်လာလိုက်ဆိုတော့
တစ်ခါခါတပြိုက်ပြိုက်ကျကျလာတဲ့ မိုးစက်တွေထဲ..အဟဲ
ရွှေပြည်လွမ်းတဲ့ ဒဏ်နဲ့တကယ်ကို ခံစားရခက်တယ်ဗျို့။။။

yar zar said...

လင်းသစ်ရေ လာလည်ပြီး ခံစားသွားတာ ကျေးဇူး အထူးပါဗျ..

Unknown said...

ကိုရာဇာ သီချင်းလေးကို ခံစားပီး စာလေးကို ဖက်လိုက်တယ်
အရမ်းကျေးဇူးတင်ပါတယ်.။

Post a Comment