Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Friday, May 20, 2011

လတ်တလောဖြစ်ပေါ်နေသောစိတ်ဆန္ဒလေးများ (တဂ်ပို့)

အခုတလော ကျေးလက်သားလေးတို့  အလုပ်တွေ အရမ်းရှုပ်နေတယ်...။ စာတမ်းကိစ္စအတွက်
လုံးပန်းနေရတယ်...။ အဲဒါကြောင့် စာလည်း မရေးနိုင်၊ ဘလော့ဂ်တွေလည်း လိုက်လည်ပြီး စာ
မဖတ်နိုင် ဖြစ်နေတာပါ...။ အဲဒါကြောင့် စာဖတ်သူတွေရော၊ ဘလော့ဂ်ဂါ ညီအစ်ကို၊ မောင်နှမ
တွေကို ကျေးလက်သားလေးက တောင်းပန်ပါတယ်..။ အခုလည်း မအားတဲ့ကြားက အိမ်လည်
ခဏ ထွက်လိုက်တယ်...။ အဲဒီမှာ အလင်းသစ် က တဂ်ထားလို့.. မအားတဲ့ ကြားကပဲ ရေးလိုက်
တယ်နော်...။ တဂ်ပေးတဲ့ အလင်းသစ်ကို ကျေးဇူးတင်ပါတယ်ဗျ...။


(၁)အစားချင်ဆုံးသော အစားအစာ- အမေချက်ကျွေးတဲ့ အညာဟင်းလေးတွေ(အထူးသဖြင့် ချဉ်
    ပေါင်ရွက်ရယ်၊ မျှစ်ရယ်၊ ငရုတ်သီးစပ်စပ်နဲ့ ကြော်ထားတာ စားချင်တယ်။။)
(၂)နေ့တိုင်းစားဖြစ်တဲ့ အစားအစာ- ထမင်းနဲ့ဟင်း...။။။(အချက်မပျင်းဘူး နေ့တိုင်းချက်တယ်..
  .ချက်တင်ဟုတ်ဘူးနော် ထမင်းကိုပြောတာပါ:):)။။)
(၃)အလိုချင်ဆုံးရေမွှေး-ရေမွှေးက သိပ်မသုံးဖြစ်တော့ မလိုချင်ဘူးဗျ...။ လူ့စိတ်ဆိုတာလည်းအ
ခက်သားလား နောက်မှ ပြောင်းသွားရင်တော့ မသိဘူးပေါ့နော်..။။။
(၄)သုံးဖြစ်နေတဲ့ရေမွှေး- ရေမွှေး မသုံးဖြစ်ပါဘူး..NIVEA ROLL ON လောက်ပဲ သုံးဖြစ်ပါတယ်
....။
(၅)အလိုချင်ဆုံးမွေးနေ့လက်ဆောင်- ဘာလိုချင်တယ်ဆိုပြီး မရှိပါဘူး...။ အဲဒီ အတွက် ဘာ
လာလာပေါ့..ဟိဟိ..။။
(၆)အလိုချင်ဆုံးဖုန်း- iPhone 4G ( အဲဒါကလည်း latest မို့ပါ.. လူ့စိတ်ပဲလေ)
(၇)သုံးဖြစ်နေတဲ့ဖုန်း- လိုချင်တာကသာ အိုင်ဖုန်း တကယ်သုံးနေတာကြတော့ Nokia 5530 W
hite- blue van လေးပါ...။ (အဲဒီ ဖုန်းကိုလည်း ကြိုက်တယ်ဗျ..)
(၈)အရူးသွပ်ဆုံးအရာ- စာဖတ်ခြင်း( စာထဲများ စိတ်ဝင်စားသွားရင် ထမင်းမေ့၊ ဟင်းမေ့ပဲ ဟိဟိ)
(၉)အနီးစပ်ဆုံးဂီတ-  လက်ခုပ်တီးပြီး စီးချက်လိုက်တတ်တယ်... သီချင်း အေးအေး လေးတွေ
ပိုကြိုက်တယ်.. ဒါပေမဲ့ ကောင်းတဲ့ သီချင်းတိုင်း နားထောင်တယ်..
(၁၀)အလိုချင်ဆုံးစာအုပ်- မိတ္တဗလဋီကာ စာအုပ်ပါ။
(၁၁)အခုဖတ်ဖြစ်နေတဲ့စာအုပ်- စာအုပ်ရယ်လို့ သီးသီးသန့်သန့် မဖတ်ဖြစ်ပါဘူး.. အွန်လိုင်းပေါ်
က စာတွေပဲ အများဆုံး ဖတ်ဖြစ်နေပါတယ်..။
(၁၂)အကြားချင်ဆုံးစကား- လူသားတိုင်း ပျော်ရွှင် ကျန်းမာစွာနဲ့ နေနိုင်၊ ထိုင်နိုင် ကြတယ်၊ စိတ်
ဆင်းရဲမှု ကင်းတယ် ဆိုတဲ့ စကားလေး ကြားချင်မိတယ်..။
(၁၃)အဖြစ်ချင်ဆုံးဆန္ဒ- အခုချိန်ကစပြီး မသေခင် အချိန်အထိ စိတ်ချမ်းချမ်းသာသာနဲ့ ဘာသာ
၊ သာသနာ အတွက် အသုံးကျတဲ့ လူတစ်ယောက်ဖြစ်ချင်မိတယ်..။ အခုပဲ ပြေးပြီး မိဘနှစ်ပါးရဲ့
ဝတ်ကြီး၊ ၀တ်ငယ် ကို ပြုစုပေးချင်တယ်...။
(၁၄)အလိုချင်ဆုံးဆု- ဆု ဆိုတာ တောင်းကောင်းတယ်လို့တော့ ဆိုပါတယ်.. ဒါပေမယ့် ဆုမေ
တာင်းချင်ဘူး.. လိုချင်တာကို လက်တွေ့ အကောင်အထည်ဖော်ကြည့်လိုက်မယ်၊ ရတာ ၊ မရတ
ာက တစ်ပိုင်းပေါ့နော်..
(၁၅)အသွားချင်ဆုံးနေရာ-  ပျော်ရွှင်မှု၊ နွေးထွေးမှု တွေနဲ့ ဆီးကြိုနေတဲ့ အမေ့ရဲ့ အိမ်ကလေး။
ကျွန်တော်ရေးဖူးပါတယ်.. မိုးထိမြင့်တဲ့ တိုက်တွေပေါ်မှာ နေနေရပေမယ့်၊ အမေ့ရဲ့ အိမ်အိုလေး
ကို လွမ်းတယ်ဆိုတာလေ...။
(၁၆)သွားဖြစ်တဲ့နေရာတွေ-  အဆောင်၊ ကျောင်း၊ ဈေး၊ ဈေး၊ ကျောင်း၊ အဆောင် ဒါပါပဲ.. တစ်
ခါတစ်လေတော့ အလည်သွားဖြစ်တာပေါ့ဗျာ...
(၁၇)အကြည့်ချင်ဆုံးရုပ်ရှင်- တော အငွေ့အသက်လေးတွေ ပါတဲ့ ရုပ်ရှင်ကောင်းကောင်းကြည့်
ချင်တယ်..။ ဥပမာ- ကိုးဆယ်စသာလိမ့်မယ်၊ တောင်သမန်သစ္စာ  အဲလို ကားလေးတွေပေါ့..။
(၁၈)အပြောချင်ဆုံးစကား- လူအချင်းချင်း လှည့်ပတ်ကင်းကြပါ။ မနာလိုမှု၊ ၀န်တိုတာတွေလျှေ
ာ့ကြပါ... လူအချင်းချင်း အဆင့်အတန်းမခွဲပါနဲ့.. သေရင် ကိုယ့်နောက်မပါပါဘူး။ သေရင်ကိုယ့်
နောက်ပါမဲ့ အရာလေးတွေ လုပ်ကြပါလို့ ပြောချင်ပါတယ်..။ စေတနာ သန့်သန့်လေးပါနော်..
(၁၉)အယုံကြည်ဆုံးလူသား- အယုံကြည်ဆုံးက ဗုဒ္ဓမြတ်စွာ။။။ လူတွေဆိုရင်တော့ ကိုယ့်ကကျူ
း ကိုယ့်ဒူးကိုယ်တောင် မယုံရဘူးတဲ့ စကားပုံက ဆိုတယ်ဗျ...။
(၂၀)မယုံကြည်ဆုံးအရာ- အတင်းအဖျင်း၊ တစ်စိတ်ကို တစ်အိတ် လုပ်ပြောတဲ့ စကားတွေ..
(၂၁)အမုန်းဆုံးအရာ-  ပုထုဇဉ် လူသားဖြစ်တဲ့ အတွက် မုန်းစရာရှိရင် မုန်းမယ်၊ ချစ်စရာရှိရင်ချ
စ်မယ်.. အမုန်းဆုံးအရာဆိုတာကတော့ မရှိပါဘူး...။
(၂၂)အသောက်ဖြစ်ဆုံးအအေး-  သီးစုံဖျော်ရည်...။
(၂၃)လတ်တလော အထိတွေ့ဆုံးအရာ- ကီးဘုတ်နဲ့ မောက်စ်၊ စာအုပ်နဲ့ ဘောလ်ပင်။
(၂၄)မကောင်းတဲ့ ကျန်းမာရေး- ညည မျက်စိ ကြောင်တာကလွဲလို့ အားလုံး ကောင်းပါတယ်...။
(၂၅)အကောင်းဆုံးအဖော်- တရား၊ သီချင်းတွေနဲ့ စာပေ။(လင်းသစ်နဲ့ တူသွားတယ်)
(၂၆)လက်ရှိအကြိုက်ဆုံးသီချင်း- မောင့်ချစ်သူ ဗမာမလေး နဲ့ အောင်လရဲ့ တောင်းပန်ပါတယ်။
(၂၇)အကြောက်ဆုံးအလုပ်- မကောင်းမှုကို ပြုလုပ်ရမည့် အလုပ်။
(၂၈)တန်ဖိုးအထားဆုံးအရာ- တန်ဖိုးထားအပ်တဲ့ အရာမှန်သမျှ...
(၂၉)အကြောက်ဆုံးတိရိစ္ဆာန်- မြွေ။
(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ- အပြင်မှာတော့ ရွှေညာသားလေးနဲ့ပဲ တွေ့ဖြစ်တယ်။ အွန်
လိုင်းပေါ်ကတော့ ဘလော့ဂ်ဂါ ကိုထွဋ်၊ ကိုလတ်(အလင်းစက်များ)၊ ကိုခနွဲ၊ ဘသားချော...။
(၃၁)အပြင်သွားတိုင်းပါတဲ့ပစ္စည်း-ပက်စ်ပို့၊ကျောင်းသားကဒ်၊ အဆောင်ကဒ်၊မီသရိုကဒ်၊ဖုန်း၊
ပိုက်ဆံ။
(၃၂)သွားဖြစ်နေတဲ့နေရာတွေ- အဆောင်နဲ့ ကျောင်း။
(၃၃)စိတ်အညစ်ရဆုံးအချိန်- အိပ်ချိန်မှာ ဆူညံနေတဲ့အခါမျိုး..(နားအေး ပါးအေး နေရတာကြို
က်လို့ပါ..။)
(၃၄)အနေချင်ဆုံးနေရာ- အမေ့အိမ်(ရွာဆိုတော့ ဆူညံမှု ကင်းတယ်)
(၃၅)ကြားလိုက်မိတဲ့ဟာသလေးတစ်ခု- အဲဒါတော့ အခုတလော မကြားမိသေးပါဘူးဗျာ..
(၃၆)ပေးချင်တဲ့ သတင်းတစ်ခု- 6 လပိုင်း 16 ရက်နေ့ စာတမ်းဖတ်ရမယ်...။ 7 လပိုင်းကုန်ရင်
ကျေးလက်သားလေးတို့ မြန်မာပြည်ကို အပြီးပြန်ရတော့မယ်...
(၃၇)အပျော်ဆုံးဖြစ်မယ့်အချိန်- 7 လပိုင်းကုန်လို့ ပြန်ရတော့မဲ့ အချိန်...။

တဂ်ပို့စ်လေး ဖြေလိုက်ပါပြီနော်...။ အခု ဖြေလိုက်တာတွေက ကျေးလက်သားလေးရဲ့ ရင်ထဲက
လာတဲ့စကားတွေ ဆိုတာကို သိစေချင်ပါတယ်...။ တစ်စုံတစ်ရာ မှားယွင်းမှု၊ ချွတ်ချော်မှု လေး
တွေ ပါရင် ခွင့်လွှတ်ပါလို့.. အားလုံးကို ပြောချင်ပါတယ်နော်...။
ဆက်ပြီး တဂ်မယ်ဗျာ... ဖြေပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်နော်..
(1) အစ်မ အိုင်အိုရာ
(2)ကိုဘသားချော
(3)ကိုထွဋ်
(4)အစ်မဘေဘီ
(5)မောင်(စွယ်စုံကျမ်း)
(6)စံပယ်(တောင်ကြီး)

အားလုံးကိုလေးစားလျက်
ရာဇာ(ကျေးလက်သားလေး)

10 comments:

စံပယ်ချို said...

ရာဇာရေ...
စာရေးကောင်းချက်ကတော့တစ်ကယ်ပါပဲ
အမကြီးတို့ကိုပြန်သင်ပါဦးနော်
တစ်ကယ်ပြောနေတာ....ဒီထက်အောင်မြင်တိုးတက်ပါစေ။

မြစ်ကျိုးအင်း said...

အနေချင်ဆုံးနေရာ- အမေ့အိမ်

ခံစားချက်တူတယ်။

Angelhlaing(May everybody be happy and healthy! said...

(၃၆)ပေးချင်တဲ့ သတင်းတစ်ခု- 6 လပိုင်း 16 ရက်နေ့ စာတမ်းဖတ်ရမယ်...။ 7 လပိုင်းကုန်ရင်
ကျေးလက်သားလေးတို့ မြန်မာပြည်ကို အပြီးပြန်ရတော့မယ်...
(၃၇)အပျော်ဆုံးဖြစ်မယ့်အချိန်- 7 လပိုင်းကုန်လို့ ပြန်ရတော့မဲ့ အချိန်...။
ပြန်ရတော့မယ့် သူဆိုတော့ ဘာပဲပြောပြော ဝမ်းသာပါတယ်အကို...
နီးနေပြီပဲ...အင်းဘလော့ဂ်ထဲကနေပြိး တော့ လွမ်းနေရအုံးမှာပေါ့လေ..

အလင်းသစ် said...

အဟား..ပြန်ရတော့မယ် သူဆိုတော့ ပျော်နေတာများ..မနာလိုဘူး။။။
လင်းသစ်တို့တော့ ကိုယ်နဲ့နှစ်တူတွေ နောက်တစ်ခေါက် ပြန်ရောက်
လာကြပြီ..ကိုယ်က ခုမှစတက်တုန်းဆိုတော့..ဟီးးးးးးးးးးးးး...
အားကျသဗျာ။။။။။။။။။။။။။။။။ပြန်တော့မယ့်သူတွေကို။။။။။။။။

Baby taster said...

အမေ့အိမ် ရောက်ရတော့မဲ့လူဆိုတော့
ပျော်တာပေါ့နော်။ ကိုယ်တို့မှာတော့ အင်းးးးးးးးးးးးးးးးး

မောင်စေတနာ said...

အပျော်ဆုံးဖြစ်မယ့်အချိန်- 7 လပိုင်းကုန်လို့ ပြန်ရတော့မဲ့ အချိန်...

မြန်မာပြည်ကို ပြန်ရတော့မယ် ဆိုတော့ ပျော်တာပေါ့ဗျာ။
ကျွန်တော်တို့တော့ တော်တော်ကြာဦးမယ် ထင်တယ်။

အဆင်ပြေပါစေဗျာ။

seo said...

နယ်နယ် ကျနော် ကတော့ ပြန်တော့မယ့် အချိန်ပိုပြီးတော့ စောတယ်နော် ဟီးးး ခုတောင် ပျင်းနေပြီ ပြန်ဖို့ သက်သက်ကြီ်းကို တစ်လကျော်တောင် စောင့်ရဦှးမှာ စာတွေ လိုက်ဖတ်နေတာ နယ်နယ် ... နယ်နယ် စာလုပ်နေတယ်ဆိုလို့ နစ် ကနေတော့ မပြောတော့ဘူး ကျနော် က စကားပြောရင် ရှည်လို့ ဟီးးး နယ်နယ် နဲ့ တွေ့မှဘဲ ပြောတော့မယ် နယ်နယ် ခုတော့ အိပ်တော့မယ် နယ်နယ်ရေ ... အော်တစ်ခု ကျန်သေးတယ် အနေချင်ဆုံးနေရာ က ချစ်သူ့ရင်ခွင်ပေါ့ :))

ခနွဲ said...

ပထမဆုံး အချက်လေးကို ကျွန်တော်လည်း လိုချင်တယ်ဗျာ။ အဲဒီတစ်ချက်ကတော့ နယ်မြေဝေးကို ရောက်နေတဲ့သူတိုင်းရဲ့ ဆန္ဒထင်ပါရဲ့။ ကျွန်တော့် အမေ ချက်ကျွေးတဲ့ ချဉ်ပေါင်ရွက်ဟင်းကို လွမ်းလိုက်တာ။

မေသိမ့်သိမ့် ကျော် said...

၁)အစားချင်ဆုံးသော အစားအစာ- အမေချက်ကျွေးတဲ့ အညာဟင်းလေးတွေ(အထူးသဖြင့် ချဉ်
ပေါင်ရွက်ရယ်၊ မျှစ်ရယ်၊ ငရုတ်သီးစပ်စပ်နဲ့ ကြော်ထားတာ စားချင်တယ်။။)
(၁၅)အသွားချင်ဆုံးနေရာ- ပျော်ရွှင်မှု၊ နွေးထွေးမှု တွေနဲ့ ဆီးကြိုနေတဲ့ အမေ့ရဲ့ အိမ်ကလေး။
(၂၃)လတ်တလော အထိတွေ့ဆုံးအရာ- ကီးဘုတ်နဲ့ မောက်စ်၊ စာအုပ်နဲ့ ဘောလ်ပင်။
ဒါလေးတွေ တိုက်ဆိုင်နေတယ်။း)


ခင်မင်လေးစားလျက်

Iora said...

ကိုရာဇာလေး..
မအားလို့ ပါ။ ဖြေလိုက်ပါပြီ။
(၁၂)အကြားချင်ဆုံးစကား - အားလုံးကျန်းမာကြပါတယ်ဆိုတဲ့သတင်းစကား
(၁၃)အဖြစ်ချင်ဆုံးဆန္ဒ- အရာရာပံ့ပိုးပေးနိုင်သူ
(၁၅)အသွားချင်ဆုံးနေရာ- မြန်မာပြည်
(၂၈)တန်ဖိုးအထားဆုံးအရာ- မိဘမေတ္တာ

(၃၂)သွားဖြစ်နေတဲ့နေရာတွေ- ငှက်ကြည့်လို့ ကောင်းတဲ့နေရာတွေ
(၃၇)အပျော်ဆုံးဖြစ်မယ့်အချိန်- မောင်နှမတွေ၊ သူငယ်ချင်းတွေ နဲ့ ပြန်ဆုံမဲ့အချိန်

Post a Comment