Pages

ကျေးလက်သားလေး ဘလော့ဂ်ကို ရေးရတဲ့အကြောင်းအရင်းကတော့ ကျေးလက်ရဲ့ ဓလေ့ ၊ သဘာဝ အလှအပများကို သိစေချင်သော ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတင် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ဘလော့ဂ် ကို အလည်လာရောက်တဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Monday, May 9, 2011

မျက်ရည်ခံမှဲ့

(လူသားအားလုံး စံပယ်ပန်းလေးလို လန်းဆန်းမွှေးပျံ့နိုင်ကြပါစေ)

(က)
တိုက်ဆိုင်မှုတွေလား၊ တကယ်ဖြစ်စဉ်တွေလားဆိုတာ ကျုပ် စဉ်းစားနေခဲ့တယ်...။ ဒီတစ်ခါနဲ့
ဆိုရင် သုံးကြိမ်မြောက်ဖြစ်ပျက်ခဲ့ခြင်းဆိုတော့ တိုက်ဆိုင်မှု ဆိုတာထက် တကယ့်ဖြစ်စဉ်လို့ေ
တာင် ယုံကြည်ချင်နေပြီ...။ အရင်တုန်းကတော့ လူတွေ အစွဲကြီးလွန်းတယ်လို့ ကျုပ်ထင်မိခဲ့
တယ်.. အခုပုံတိုင်း ဆိုရင်တော့ လူတွေ ပြောတာ ဟုတ်နိုင်ခြေရှိနေပြန်တယ်...။ ကျုပ်အတွေ
းတို့ဖြင့် ချာချာလည်နေခဲ့လေသည်။

"၀င်းဆောင်" လို့ အမေခေါ်သံကြားမှ ကျုပ် အတွေးစတို့ပြတ်သွားလေသည်။
 ငါ့သား မင်းဘာတွေ စဉ်းစားနေတာလဲ အမေ့ကို ပြောပါအုံး...။
 အမေ ကျုပ် မလှဆန်းတို့အကြောင်း စဉ်းစားနေတာ...
 စဉ်းစားမနေပါနဲ့ ငါ့သားရယ် ကိုယ်နဲ့မဆိုင်ပါဘူး...
အမေက စကားကို ယတိပြတ် ပြောလိုက်ပေမယ့် ကျုပ်ကတော့ အတွေးတို့ဖြင့် ချာချာလည်ေ
နတုန်းပါပဲ..။ အမေ ပြောသလိုပဲ ကိုယ်နဲ့ မဆိုင်ပါဘူး ဆိုပြီး ကြိတ်မှိတ် အိပ်မယ်လို့ဆုံးဖြတ်ပြီ
း စောင်ကို ခေါင်းမြီး ခြုံလိုက်ပေမယ့်... အသုဘအိမ်က သီချင်းသံက တိုးလာနေဆဲ...။အိပ်မရ
မဲ့အတူတူ သီချင်းကို နားစွင့်ထောင်လိုက်ပါသည်...။

 ဘ၀သံသရာ ရှည်လျား ထွေပြား မနေမနား တစ်သွားထဲ သွားကြမှာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက်
ဆက်လက်ထွက်ခွါလာ...

ဦးသုခရဲ့ ဘ၀သံသရာသီချင်းက ကောင်းလွန်းလို့ သီချင်းထဲကို နစ်မြော သွားလေသည်။
......................................................................................................................
(ခ)
ကျုပ် သီချင်းထဲ နစ်မြောသွားတာဟာ ကြာကြာမခံလိုက် ။ မလှဆန်းအကြောင်းရောက်လာလို
က်၊ မလှဆန်းရဲ့ ယောက်ျား အခုကွယ်လွန်သူ ကိုခိုင် အကြောင်းရောက်လာလိုက် နဲ့ အတွေးထဲ
ရှုပ်ယှက်ခက်နေပါတော့သည်။

အဲဒီ အတွေးတွေနဲ့ပဲ ကျုပ် အိပ်လို့မပျော်တော့... ဒါနဲ့ပဲ ဆက်ပြီး  စဉ်းစားလိုက်ပါတော့သည်။
မလှဆန်းဟာ သူတို့ရွာ ထဲမှာတော့ အချောဆုံး စာရင်းဝင်ပေါ့...။ သူ့မျက်နှာပေါ်မှာ အထူးခြား
ဆုံးက မျက်ရည်စီးကျရာ လမ်းတစ်လျှောက်မှာ မှဲ့နက် တစ်လုံး ရှိနေခြင်းပါပဲ...။ မလှဆန်းဟာ
နဂို အသားအရည် ဖြူစင်သူဆိုတော့ အဲဒီမှဲ့က ပိုလို့တောင် ထင်မြင်ပြီး သူမရဲ့ အလှကို ပံ့ပိုးပေ
းနေသလိုပါပဲ...။  မလှဆန်းက ရုပ်ချော၊ ဥစ္စာပေါ ထဲမှာပါတော့ ကာလာသားတွေ ၀ိုင်းဝိုင်းလ
ည်နေပါတော့သည်။

အဲဒီလို ၀ိုင်းဝိုင်းလည်နေတဲ့ ကာလာသားတွေထဲကမှ တစ်ရွာသား သူဌေးသား မောင်မောင်သ
န့်ဆိုသူနှင့် လူငယ်တို့သဘာဝ ရည်ငံပြီး အိမ်ထောင်ကျသွား ကြလေသည်။ မောင်မောင်သန့်နဲ့
မလှဆန်းတို့ အိမ်ထောင်ရေးက အဆင်ပြေလှသလို၊သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာကြောင့် စီးပွါ
းရေးကလည်း တစ်ရှိန်ထိုး တက်လာပါတော့သည်။

အဆန်း ငါတို့ ကလေး ယူကြရအောင်ဟာ... ငါ ကလေးလိုချင်ပြီဟ.. ငါတို့ စီးပွားရေးကလည်း
အထူး ကောင်းမွန်နေတာပဲ...။
 ကျုပ်လည်း လိုချင်တာပါပဲ ကိုမောင်မောင်ရယ်... ကျုပ်တို့ တားဆေးလည်း မစား၊ တားဆေး
လည်း မထိုးပါဘူး.. တော် သိတဲ့ အတိုင်းပဲလေ...။

လင်မယား နှစ်ယောက် စီးပွားရေး ကောင်းမွန်ပေမယ့်လည်း သား၊ သမီး မရပြန်တော့ စိတ်မေ
ကာင်းဖြစ်နေကြရတာပေါ့...။ ဒီလို နဲ့ အိမ်ထောင်သက် သုံးနှစ် အရမှာတော့ မလှဆန်းတို့ ကံ
ကြမ္မာတွေက ပြောင်းလဲဖို့ ဖန်လာလေသည်။

 လှဆန်းရေ လှဆန်း ဟဲ့ အိမ်မှာ လူမရှိကြဘူးလား..
 ဒေါ်လေးမျှင် ရေးကြီး သုတ်ပြာနဲ့ ဘာတုန်းတော့...
 ဘာတုန်းတော့မနေနဲ့ ညည်းယောက်ျား ဆိုင်ကယ်မှောက်လို့ တဲ့...
 ဟုတ်ရဲ့လား ဒေါ်လေးမျှင်ရယ် သူသွားနေကျ လမ်းတွေပါ... သူပြောသွားသေးတယ် အမေ့
အိမ်မှာ သုံးရက်လောက် နေအုံးမယ်တဲ့.. ကျုပ်ကိုတောင် ခေါ်တာ.. ကျုပ်က အလုပ်တွေ ရှိ
သေးလို့ နေခဲ့တာ ဒေါ်လေးမျှင်ရဲ့...

မလှဆန်းတစ်ယောက် မယုံရဲ ယုံရဲဖြင့် သူ့ယောက်ခမ အိမ်ကို ရွာက ဆွေမျိုးသားချင်းတွေနဲ့လို
က်သွားလေသည်။ ဟို ရောက်တော့ တကယ်ပဲ ကိုမောင်မောင်သန့် တစ်ယောက် သေလုမျော
ပါး ဖြစ်နေပြီလေ...။ မလှဆန်းတို့ ရောက်ပြီး ခဏနေတော့ မလှဆန်း လက်ပေါ်မှာပဲ ဆုံးပါးသွ
ားလေသည်။ မလှဆန်း တစ်ယောက် အူပြတ်မတတ် ငိုကျွေးနေလေပြီ...။

မောင်မောင်သန့် ရဲ့ မိခင်နှင့် အစ်မ၊ နှမ တို့လည်း ၀ိုင်းပြီး အော်ဟစ် ဆူညံစွာ ငိုကျွေးနေကြလေ
သည်။ မောင်မောင်သန့် ရဲ့ အစ်မနှုတ်မှလည်း ...

 ငါ့မောင်ရေ မင်းကို အစ်မပြောပါတယ်.. သူ့ကို မယူပါနဲ့ သူ ဘယ်လောက်လှလှ၊ ချောချော၊သူ
မှာ မျက်ရည်ခံမှဲ့ကြီးနဲ့လို့ အမေတို့ အစ်မတို့ အတန်တန်တားတဲ့ ကြားက အခုတော့ မင်းနားမေ
ထာင်လို့ မင်းခံရပြီ... ဒီကောင်မက လင်သတ်မဟဲ့...
မောင်မောင်သန့် ရဲ့ အစ်မ ငိုကျွေးရင်း တက်သွားပါတော့သည်။ ဘာပဲပြောပြောလေ မျက်ရည်ခံ
မှဲ့ ကြောင့် အခုတော့ အပြစ်တွေ ဖြစ်ပြီး၊ သူ့ဟာသူ သေတာတောင် စွပ်စွဲ ခံနေရပြီလေ...
မလှဆန်း ဘ၀ သနားစရာပင်...။
......................................................................................................................
(ဂ)
မောင်မောင်သန့်  ရက်လည်ပြီး တစ်ပါတ်နေတော့ မလှဆန်းတို့ ရွာကို ပြန်ရောက်လာကြလေ
သည်။ သူမရဲ့ မျက်ရည်ခံ မှဲ့ အကြောင်းကလည်း တစ်ရွာလုံးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလို့...။

အစကတည်းက ထင်ပါတယ်အေ... ဒီမျက်ရည်ခံမှဲ့ကြီးပါနေမှတော့ တစ်ခုခု ဖြစ်မယ်လို့ထင်ထ
ားပြီးသား..
အဲဒီလို ပြောတဲ့သူတွေကလည်း အများစား...။ ဘာပဲပြောပြောလေ မလှဆန်း ၀ဋ်ကြွေးရှိသ၍
တော့ အပြောခံရပေဦးတော့မည်...။

ဒီလိုနဲ့ မလှဆန်း မုဆိုးမအဖြစ်နဲ့ နေလာလိုက်တာ နွေမိုးဆောင်းတို့ သုံးခါတောင် ပြောင်းသွား
ပြီလေ...။ အဲလိုနဲ့ သူမရဲ့ ကံကြမ္မာက တစ်စစ်ချိုး ပြောင်းလဲပြန်လေပြီ...။

မလှဆန်း ခင်ဗျားကို ကျုပ်ချစ်တယ်ဗျာ.. ကျုပ်ကို လက်ထပ်ခွင့်ပေးပါ...
မဖြစ်ပါဘူး ကိုနိုင်ရယ် ကျွန်မက မုဆိုးမ၊ မုဆိုးမ မှ ရိုးရိုးမုဆိုးမ မဟုတ်ဘူး.. အများက အပြော
ခံနေရတဲ့သူပါ...။ အဲဒါတွေ ရှင်သိပါတယ်...။
 အဲဒါတွေ သိပါတယ်.. အဲဒါတွေကို ကျုပ်မယုံဘူး မလှဆန်းရာ.. မလှဆန်းသာ ကျုပ်ကို ယုံကြ
ည်ပြီး လက်ထပ်ခွင့်ပေးပါ...။ ကျုပ် မလှဆန်းကို တစ်သက်လုံး ပေါင်းသင်းသွားမှာပါ...

ဒီလိုနဲ့ မလှဆန်းတို့ ညှိလာလိုက်တာ တော်တော်တောင်ကြာသွားပြီလေ...။ နောက်ဆုံးတော့
လည်း မလှဆန်း လက်ခံလိုက်လေသည်။ အဲဒီ အချိန်ကနေစပြီး သူတို့နှစ်ယောက်ဟာ ပုဆိုး
တန်းတင် အကြင်လင်မယား ဖြစ်သွားလေတော့သည်...။

ပတ်ဝန်းကျင်က လူတွေကတော့ ထုံးစံအတိုင်းပဲပေါ့.. အမျိုးမျိုးဝေဖန် ပြောဆိုကြလေသည်။
အဲဒီ စကားတွေကို ကိုနိုင်ကတော့ လုံးဝ ဂရုမစိုက်ခဲ့...။  အဲဒါတွေကို လုံးဝ အယုံအကြည်ရှိသူ
မဟုတ်.. အဲဒါကြောင့်လည်း မလှဆန်းကို လက်ထပ်ခဲ့တာပေါ့...။

ကိုနိုင်က မရခင်တုန်းကတော့ လူလိမ္မာလိုနဲ့ အခုတော့ သောက်စား မူးယစ်ပြီး မလှဆန်းကိုရန်
ရှာတတ်လာလေပြီ..။ ဘယ်လောက်ပဲ ရန်ရှာရှာ မလှဆန်းက ဘယ်တော့မှ စိတ်မပျက်ခဲ့ ကိုနို
င်ကို မိန်းမ၀တ္တရား ရှိတဲ့အတိုင်း ပြုစုပေးမြဲ..။ ဒီလိုနဲ့ ပေါင်းသင်းလာလိုက်ကြတာ.. အချိန်တွေ
တောင် တော်တော်ကုန်သွားပြီလေ...။ မလှဆန်းလည်း မိန်းမတို့သဘာဝ ကိုနိုင်ရဲ့ ကိုယ်ဝန်ေ
တာင် ဆောင်ထားရပြီလေ...။ ကိုနိုင်ကတော့ တစ်ရက် တစ်ရက် သောက်သောက် စားစားနဲ့
ပဲ အချိန်ကုန်နေလေသည်။
....................................................................................................................
(ဃ)
တစ်ရက် ကိုနိုင် မူးမူးနဲ့ အိမ်ကို ပြန်လာလေသည်။ အဲဒီ အချိန်မှာ မလှဆန်းကလည်း ကိုယ်ဝန်
အရင့်အမာကြီးနဲ့ ကုတင်ပေါ်မှာ ထိုင်နေလေသည်။
 လှဆန်း..ဟေ့..လှဆန်း ဘယ်သွားတုန်း ဒီမိန်းမ ငါခေါ်နေတာလေ...
 ဒီမယ် ရှိတယ်လေ ကိုနိုင်ရဲ့..
 ရှိတာကို ဘာလို့ငြိမ်နေတာလဲကွ..
ကိုနိုင်တစ်ယောက် အမူးသမားတို့ ထုံးစံအတိုင်း အရိပ်ကို ရန်သူလုပ်ပြီး ရစ်လေပြီ... နောက်ေ
တာ့ ဓါး တစ်ချောင်းဆွဲကာ မလှဆန်းဆီ    ပြေးသွားလေသည်။ မလှဆန်းလည်း ကြောင်ကြည့်
နေလေသည်။  နောက်တော့ မလှဆန်း မျက်လုံးလေး မှိတ်လိုက်ပါသည်...။ အဲဒီ အချိန်မှာပဲ စူ
းစူးဝါးဝါး အော်လိုက်သံကြောင့် မလှဆန်း မျက်လုံး ဖွင့်ကြည့်လိုက်လေသည်။

အဖြစ်အပျက်တို့က မြန်ဆန်လွန်းလှသည်ဟု မလှဆန်း တွေးမိလိုက်လေသည်။ ဘာကြောင့်လဲ
ဆိုတော့ ကိုနိုင်တစ်ယောက် ရင်ဝမှာ ဓါးတန်းလန်းနဲ့ သွေးအိုင်ထဲမှာ မှောက်ရက်ကြီး သေဆုံး
နေလို့ပေါ့..။
 ကိုနိုင် ဘယ်လိုဖြစ်တာလဲ ကိုနိုင်ရယ် အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှပါလားကိုနိုင်ရယ်
...။ ကျုပ်ဘယ်လို ဖြေရမလဲ ကိုနိုင်ရယ်.. ကျုပ်ကို သတ်ရင် ကျုပ် စိတ်ဆိုးမှာ မဟုတ်ပါဘူး..
အခုတော့ ကျုပ်ကို မသတ်ရပဲ တော်က သေရတယ်လို့....

မလှဆန်း ၀ရုန်းသုန်းကား အော်ဟစ်ငိုနေလေသည်။ မလှဆန်း ငိုသံကြားတော့ ရပ်ရွာထဲကလူ
တွေ ပြေးလာကြလေသည်။ အဲဒီ ပြေးလာတဲ့အထဲမှာ ၀င်းဆောင်လည်းပါလာလေသည်။
 ဘယ်လိုဖြစ်ကြတာလဲဟ ပြောကြပါအုံး..
ရွာလူကြီး ဦးဖိုးအောင် အော်မေးလိုက်လေသည်။ အားလုံးလည်း ငြိမ်သက်လို့ ဘယ်လိုဖြစ်လို့
ဓါးထိုးမိတယ်ဆိုတာ ဘယ်သူမှ မသိကြ..။ အဲတော့မှ ၀င်းဆောင်က ပြောပြလေသည်။

ကိုနိုင်မူးပြီး မလှဆန်းကို ရစ်တာပဲ.. နောက်တော့ ဓါးဆွဲပြီး မလှဆန်းဆီအရောက် ရှေ့က၀ါးလုံ
းကို တက်နင်းပြီး လဲသွားတော့တာပဲ.. အဲနောက်တော့ အခုလို ဖြစ်သွားတော့တာပဲဗျ...

 ဟ မင်းက ဘယ်လိုသိတာလဲ ၀င်းဆောင်ရ...
 ကျုပ် သူတို့ ဆူသံကြားလို့  အိမ်ကနေလှမ်းကြည့်မိလိုက်တာ..
အဲလိုပြောမှ ပတ်ဝန်းကျင်အိမ်က လူတွေလည်း ၀င်းဆောင် ပြောတာကို ၀ိုင်းပြီး ထောက်ခံကြ
လေတော့သည်။ နောက်တော့ စီစဉ်စရာ ရှိတာကို ရပ်ရွာက လူတွေ ၀ိုင်းပြီး စီစဉ်ပေးလေသည်.
..။ အသုဘအိမ်ဆိုတော့လည်း လူတွေက မပြတ်..
.....................................................................................................................
(င)
လူတစ်ယောက်ဆုံးပြီဆိုတော့ လူတွေလည်း မသာအိမ်ကို ရောက်လာကြပါသည်။ လူတွေက
မသာ နောက်ထားပြီး မျက်ရည်ခံမှဲ့ အကြောင်း ပြောကြပြန်လေပြီ...   မေ့မေ့ ပျောက်ပျောက်
ဖြစ်နေတဲ့ မျက်ရည်ခံမှဲ့ အကြောင်းက ပါလာပြန်လေပြီ...

အဲလိုတွေ ၀ိုင်းပြီး အပြစ်တင်ကျတော့ ကိုနိုင်ရဲ့ညီ ကိုခိုင်က ...
 မဟုတ်ပါဘူးဗျာ... သူ့ကုသိုလ်ကံနဲ့သူ ဖြစ်တာပါ.. အစ်မ လှဆန်းကို အဲလိုတွေ မပြောကြပါ
နဲ့ဗျ...။
ဘေးက လူတွေလည်း ကိုခိုင်ကို ၀ိုင်းပြီး ကြည့်နေကြလေသည်။ အဲလို ကြည့်နေတော့ ကိုခိုင်
အတွေးတစ်ခုဝင်ကာ..

 အားလုံး လူစုံနေတုန်း ကျုပ်ပြောစရာရှိတယ်ဗျာ...။ ကျုပ် အစ်ကို က အခု ဆုံးသွားပြီး ကျုပ်အ
စ်ကိုရဲ့ ရင်သွေး အစ်မ လှဆန်းဆီမှာ ကျန်ခဲ့တယ်.. အဲတော့ ကျုပ် အစ်ကို အစား ကျုပ် မလှဆ
န်းကို လက်ထပ်ပါရစေ... မလှဆန်းကလည်း ကျုပ်ကို နားလည်ခွင့်လွှတ်ပြီး လက်ထပ်ခွင့်ပြုစေခ
ချင်ပါတယ်...။

 ငါ ခွင့်မပြုနိုင်ဘူး.. ရှေ့က ယောက်ျားက အခုပဲသေ၊ အခုတောင် မြေမကျသေးဘူး နောက်ေ
ယာက်ျား ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး... ငါ့ကို ဘာမှ မပြောကျပါနဲ့...။
မလှဆန်း တစ်ယောက် မျက်ရည်မိုးတို့က မပြတ်တမ်း ရွာသွန်းဖြိုးနေလေပြီ...။

 ကိုခိုင် လှဆန်းပြောတာ မှန်တယ်...။ အခုသေ ၊ အခုယူ ဆိုတာ မသင့်တော်ဘူး...။ ကလေးကိ
စ္စကို နောက်မှ စဉ်းစားကြသေးတာပေါ့...။ အခု ငနိုင် မြေကျဖို့ လုပ်ကြရအောင်ကွာ...။
ရွာလူကြီး က ၀င်ပြောမှ အဆင်ပြေသွားလေသည်။

အဲဒီနောက်တော့ ကိုနိုင် ကိစ္စ တစ်ခန်းရပ်သွားလေတော့သည်။ ကိုခိုင်လည်း မလှဆန်းအိမ်က
မပြန်တော့...သူ့အိမ်မှာလည်း ဘယ်သူမှ မရှိတဲ့ အတူတူ ... ဒီအိမ်မှာပဲ.. ကိုယ်ဝန်သည် မလှ
ဆန်းကို ဂရုစိုက်ပြီး နေလေတော့သည်။

ရပ်ရွာ လူကြီးတွေရဲ့ တိုက်တွန်းမှု၊ ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှု၊ မကြာခင် လူ့လောကထဲသို့ေ
ရာက်လာတော့မဲ့ ကလေးအတွက် ၀ိုင်းဝန်း ပြောပြကြပြီး ကိုခိုင်ကို ယူဖို့ တိုက်တွန်းကျလေသ
ည်။ အဲလိုတွေ ပြောတော့ ကလေးအဖေနဲ့ ကိုခိုင်က ညီအစ်ကို အရင်း၊ ကလေးရဲ့ ဘဒွေး တော်
တာမို့ သူ လက်ခံဖို့ ဆုံးဖြတ်လိုက်လေတော့သည်။

အဲဒီနောက်တော့ သူတို့ လင်မယားအဖြစ် သို့ ကူးပြောင်း ရောက်ရှိသွားကြလေတော့သည်။ မျာ
းမကြာမှီမှာပဲ ကိုနိုင်ရဲ့ ရင်သွေးလေး မွေးဖွားလာလေတော့သည်။ ကိုခိုင်ဆိုတာ ချစ်လိုက်တဲ့ဖြ
စ်ခြင်း သူ့တူလေးကို လက်ထဲက မချ...။ ဘေးပတ်ဝန်းကျင်က လူတွေကလည်း သူတို့ကို ကြ
ည့်ပြီး ပျော်ရွှင် ကြည်နူးနေကြလေသည်။ သူတို့ ပြောနေကျ မျက်ရည်ခံမှဲ့ ဆိုတာကို မေ့ပျောက်
လို့ပင် နေကြလေတော့သည်။
....................................................................................................................
(စ)
ဝင်းဆောင် တစ်ယောက်တော့  အစကတည်းက အစွဲအလမ်း ၊ အယုံအကြည် မရှိသူဆိုတော့
မျက်ရည်ခံမှဲ့ အကြောင်းကို ပိုလို့တောင် မစဉ်းစားမိတော့...။ သူတင္မက တစ္ရြာလံုးက လူေ
တွလည်း ကိုခိုင်နဲ့ မလှဆန်း တို့ရဲ့ ပျော်ရွှင်ကျေနပ်ဖွယ်လေးကို မြင်ပြီး အရာအားလုံးမေ့ပျော
က်လို့ပင် နေကြပါတော့တယ်...။

အဲ..ဒီလိုနဲ့ တစ်ရက် မိုးတွေ သဲကြီး၊ မဲကြီး ရွာပြီး  လျှပ်စီးတွေကလည်း တ၀င်းဝင်းနဲ့ ကြောက်
လောက်အောင်ကို ရွာသွန်းဖြိုးနေပါတော့တယ်..။  အဲဒီ အချိန်မှာ ကိုခိုင်တို့ ကလေးက နေမေ
ကာင်းလို့ အသည်းအသန်ဖြစ်နေပါတယ်..။ မလှဆန်းလည်း မိုးဒီလောက်ရွာနေတာတောင် ချွေ
းတွေက ရွှဲလို့...။ ကိုခိုင်လည်း ပျာယာခတ်နေပြီး ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့လေ..။ အဲဒါနဲ့ မိုး
ထဲမှာ ပြေးပြီး ဆရာသွားခေါ်ပါတယ်...။ ကံဆိုးချင်တော့ လမ်းမှာ အချွန်တစ်ခု ထိုးမိလိုက်တာ
ကို လုံးဝမသိလိုက်ပါဘူး..။ ဆရာကို အပြေးခေါ်ပြီး   အိမ်ကို ပြန်ရောက်ပြီး ဆရာဆေးထိုးပေး
လိုက်မှ ကလေးက သက်သာသွားပါတယ်...။ နောက်နှစ်ရက်လောက်နေတော့ ကလေးက ပုံမှ
န်အတိုင်း ပြန်ဖြစ်သွားပါတယ်...။

ပုံမှန်မဖြစ်တာက ကိုခိုင်လေ...။ မိုးရွာထဲ ထိုးလိုက်တာက ဘာမှန်းမသိ.. အနာကို ဂရုမစိုက်ပေါ့
သေးသေးလုပ်နေတာ့ အနာက ရင်းပြီး ပိုးဝင်ကာ တစ်ရက်ထက် တစ်ရက် အစာက မ၀င်၊ အစ
ာမ၀င်တော့ လူက အားပြတ်ကာ.. ဘ၀ရဲ့ နောက်ဆုံးရက်ကို စောင့်နေလေပြီ... ကြာကြာမခံလို
က်ရ နောက်နေ့မနက်မှာ လူ့လောက က စွန့်ခွါသွားလေပြီ...။

အဲဒီအချိန်မှာတော့ ရွာသူ၊ ရွာသွား တို့ မျက်ရည်ခံမှည့် အကြောင်းကို မပြောတော့..။ သူတို့အ
တွက် ရိုးသွားတာ ဖြစ်နိုင်ပါတယ်...။
....................................................................................................................
(ဆ)
အဲဒီအချိန်မှာ အသုဘအိမ်က လူသံ၊ သီချင်းသံတွေကြောင့် ကျုပ် အတွေးစတို့လည်း ပြတ်သွာ
းလေပြီ.။ကျုပ် မျက်ရည်ခံမှည့်က ခိုက်တယ်ဆိုတာကို သုံးကြိမ်မြောက်ဆိုတော့ ယုံတဲ့ဘက်ကို
ပါနေလေပြီ..။ အဲဒီ ညက လုံးဝ အိပ်မပျော်ခဲ့...။ မနက်ရောက်တော့ ကိုခိုင် အသုဘကို ကူညီ
လုပ်ကိုင်ပေးပြီးသည်အထိ နေလိုက်ပါသည်။ အသုဘ ကိစ္စ မြေကျသွားမှ ကျုပ် ဘုန်းကြီးကျေ
ာင်းကို သွားလိုက်ပါသည်။ ကျောင်းကို ရောက်တော့ ဘုန်းကြီးနား ကပ်ကာ သိလိုသည်များကို
မေးလျှောက်လေတော့သည်။
 ဒကာလေး အဲဒါတွေက စွဲလန်းမှုတွေသာဖြစ်တယ်...။ သတ္တ၀ါရယ်လို့ ဖြစ်လာရင် သူ ပြုလုပ်
ခဲ့တဲ့ ကံအတိုင်း ခံကြရတာကြည့်ပဲ ဒကာလေး...။ ဒကားလေး မြဲမြဲ မှတ်ထားရမှာက..
ကောင်းတာလုပ်ရင်၊ ကောင်းကျိုးခံစားရမယ်
မကောင်းတာလုပ်ရင်၊ မကောင်းမှုကို ခံစားရမှာပဲ

လူရဲ့ အပေါ်ယံ အလွှာ၊ အရေအပြားကို ကြည့်ပြီး ဆုံးဖြတ်တာဟာ မသင့်တော်ပေဘူး..။ တက
ယ်တော့ သူတို့ လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် အတိုင်း ဖြစ်ကြရတာ ကြည့်ပါပဲ...။

ဘုန်းဘုန်းက အဲလို ဟောလိုက်မှ ကျုပ် အမြင်မှန်ကို ရသွားတော့တယ်ဗျာ...။
ကျုပ်ရဲ့ စိတ်ထဲကနေပြီးတော့လည်း ကွယ်လွန်သွားတဲ့လူတွေ၊ သတ္တ၀ါတွေ ရည်စူးပြီး အမျှအ
တန်းပေးဝေလိုက်ပါတော့သည်။

အဲဒီနောက်မှာတော့ မျက်ရည်ခံမှည့်ပါလည်း ဂရုမစိုက်တော့ပါဘူး.. ဘယ်မှဲ့ကြောင့် ဘာဖြစ်မ
ယ်၊ ကောင်းကျိုးရမယ်၊ ဆိုးကျိုးဖြစ်မယ်ဆိုပြီး ပူပန်မနေတော့ပါဘူး.. ကျုပ် ဘုန်းဘုန်းပြောတဲ့
အတိုင်း ကောင်းတာတွေကိုပဲ ရွေးပြီးလုပ်လိုက်ပါတော့တယ်...။ အဲဒီအတွက် ကျုပ် ကောင်း
ကျိုးတွေ ခံစားရမယ်ဆိုတာ ယုံကြည်လို့ နေပါတော့တယ်...။

ရာဇာ(ကျေးလက်သားလေး)
9.5.2011

8 comments:

Angelhlaing(May everybody be happy and healthy! said...

ညီမလေးလဲ ကြားဖူးတယ်အဲလိုမျိုး...မကြုံတော့ မကြုံဘူးသေးဘူး..
တစ်ကယ်တော့ ဘာမှမဟုတ်ပါဘူး...နော်..။

sayar said...

ကောင်းပါတယ်....အစွဲအလန်းမထားဖို့နှင့်..ကံကံ၏အကျိုးအတိုင်းသာ လက်ခံဖို့ ရေးထားတာတွေ့ရတယ်..။ အရေးသားလေးကောင်းလာပါတယ်...။ အားပေးပါတယ်..။ဆက်ရေးပါ..။

စံပယ်ချို said...

မလှဆန်းဆိုတဲ့အတိုင်းဆန်းဆန်းပြားပြားဖြစ်ခဲ့ရတဲ့ဘ၀ပေါ့နော်
ကြားဖူးတယ်....အပြင်လောကမှာတော့မကြုံဖူးဘူး။

တောက်ပကြယ်စင် said...

ကိုရာဇာရေ မောနင်းနော်...အဲဒီလို အဖြစ်မျိုး ခုမှပဲ ကြားဖူးတယ်။ တစ်ချို့သော ဘာမဟုတ်တဲ့ အသေးအဖွဲ ယုံကြည်မှုလေးတွေဟာ လူကို ဒုက္ခပေးတတ်ပါတယ်။ မြတ်စွာကိုယ်တော်တိုင်ပဲ ဟောခဲ့တယ်လေ။ သူဟောခဲ့တဲ့တရားကိုတောင်မှ ရှေးလူတွေယုံကြည်လာခဲ့လို့၊ တစ်ဆင့်စကားကြားရလို့စသည် လိုက်ပြီး ယုံကြည်တာမျိုး မဖြစ်စေပါနဲ့တဲ့။ ကိုယ်ကိုယ်တိုင် လေးလေးနက်နက် နားလည်ပြီးမှ လက်ခံဖို့၊ လိုက်နာဖို့ မိန့်တော်မူခဲ့တယ်။ တရားမဟုတ်ပေမယ့် တချို့သော အယူအဆလေးတွေမှာလည်း လူကို ဒုက္ခဖြစ်စေတတ်တယ်ကွယ့်။ ဒါကြောင့် မှန်ကန်တဲ့အဖြေတစ်ခုကို ရရှိဖို့ ပညာရှိတွေထံ မေးမြန်းတိုင်ပင် သင့်ပါတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

စော(အဝါရောင်မြေ) said...

မှဲ့ က ပြောင်းလဲမပေးနိုင်ပါဘူး။
သတ္တဝါတွေမှာ ကိုယ်ပြုသော ကံကသာ၊ ကိုယ့်နှင့် အတူပါတာမို့ ဘယ်သူမပြု မိမိမူ ပါပဲ

Unknown said...

ကျန်းမာပျော်ရွှင်ပါစေ။။

maymoe said...

စာရေးဆရာ ..

yar zar said...

လာရောက်လည်ပတ်သူ အားလုံးကို ကျေးလက်သားလေးက အထူးကျေးဇူးတင်ပါတယ်ဗျ...

Post a Comment